The United Show
СтатистикаWe provide latest, update,Man United news including Live shows on Youtube channel.
- Последний пост
- 16:21
- Последнее чтение
- ещё не заходили
- Постов за неделю
- 52
- Всего постов
- 1 209
- Тип
- открытый
- Язык
- английский
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 314
- 1/48двое суток
- 1 434
- 1/72трое суток
- 1 546
Медиана по постам, которые мы застали свежими и померили через сутки.
Посты
Transfer News ယူနိုက်တက်ရဲ့ တိုက်စစ်မှူးပစ်မှတ်တွေထဲမှာ အယ်လ်အာလီ တိုက်စစ်မှူး Ivan Toney နဲ့ ပဲလေစ့်တိုက်စစ်မှူး Mateta တို့ပါဝင်နေပြီး လေ့လာမှုတွေရှိနေပါတယ်။ နှစ်ယောက်လုံးဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး ကုန်ကျစရိတ်လည်းနည်းပါနိုင်ချေရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ တိုက်စစ်မှူး Zirkzee ထွက်ခွာမှသာ တိုက်စစ်မှူးသစ်ရှာဖွေမှုပြုလုပ်မှာဖြစ်ပါတယ်။ [via SullyTalkz] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://youtube.com/live/VM9uU8FOW8Q?feature=share
Transfer News by Fabrizio Romano စပိန်ဘက်က ထွက်လာတဲ့ ယူနိုက်တက် နဲ့ ဘာစီလိုနာကွင်းလယ်လူ Gavi တို့ သတင်းတွေဟာ မှန်ကန်မှုမရှိဘဲ ကစားသမားအနေနဲ့ ဘာစီလိုနာနဲ့စာချူပ်သစ်ချုပ်ဆိုဖို့ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ပစ်မှတ်ဟာ ဘယ်နောက်ခံလူနေရာဖြစ်ပြီး ပစ်မှတ်တချို့ကို အသင်းတွင်းမှာဆွေးနွေးနေပါတယ်။ ကွင်းလယ်အတွက်ကတော့ လက်မလွှတ်သင့်တဲ့အခွင့်အရေးမျိုးရမှသာ ထပ်မံခေါ်ယူနိုင်ပြီး Amdrey Santos တို့ Tielemans တို့ကကွင်းလယ်အတွက်လုံလောက်ပြီလို့ အသင်းကမှတ်ယူထားပါတယ်။ နောက်ကွယ်မှာ နည်းပြ Carrick ကိုယ်တိုင်က နောက်ထပ်ကစားသမား အနည်းဆုံးတစ်ယောက် (ဖြစ်နိုင်ရင် နှစ်ယောက်) ခေါ်ပေးဖို့ ယူနိုက်တက်အသင်းဘက်ကိုတောင်းဆိုထားပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင် Bruno Fernandes ကို ဂါလာတာစာရေးနဲ့ဥရောပအသင်းတွေကစိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ဟာ မေလကတည်းက စာချူပ်သစ်အတွက် ကစားသမားနဲ့ဆွေးနွေးနေပြီး အသင်းမှာဆက်ထားဖို့ဆန္ဒရှိပါတယ်။ [via Fabrizio Romano YouTube] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
Transfer News ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ Bruno Fernandes ကို ခေါ်ယူနိုင်ဖို့အပြင်းအထန်ကြိုးပမ်းနေပြီး လက်ရှိ ယူနိုက်တက်မှာ Fernandes ရနေတဲ့လစာရဲ့ နှစ်ဆ နဲ့ လေးနှစ်စာချုပ်ထိ ချုပ်ဆိုဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် Fernandes ကိုယ်တိုင်က ယူနိုက်တက်မှာပဲဆက်ရှိချင်နေသလို ယူနိုက်တက်နဲ့လည်း စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ [via The Athletic, Telegraph] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
Transfer News မန်ချက်စတာယူနိုက်တက်အသင်းဟာ ကလပ်ဘရုဂေး အသင်းရဲ့ ဘယ်နောက်ခံလူ Joaquin Seys ကိုလည်း သဘောကျမှုတွေရှိနေပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ ကလပ်ဘရုဂေးဘက်က Seys ကို လက်လွှတ်လိုခြင်းမရှိဘဲ စံချိန်တင်ကမ်းလှမ်းလာမှုမျိုးယူနိုက်တက်က လုပ်ခဲ့ရင်တောင် ငြင်းဆန်နိုင်ချေရှိပါတယ်။ [via tomaztaecke,HLN_BE] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://youtube.com/live/TRjbV9xqy_k?feature=share
Transfer News အပြောင်းအရွေ့ဈေးကွက်ပိတ်ခါနီးအချိန်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ Bruno Fernandes နဲ့ပတ်သက်ပြီးကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုအကုန်လုံးကိုပယ်ချသွားဖို့ရှိနေပါတယ်။ တူရကီကလပ် ဂါလာတာစာရေးအသင်းအနေနဲ့ Bruno အတွက် ယူရို သန်း 50 လောက်တန်ကြေးရှိတဲ့ကမ်းလှမ်းမှုမျိုး ကမ်းလှမ်းဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကတော့ လာကမ်းလှမ်းရင်လည်းငြင်းပယ်မှာမို့ အချိန်ကုန်တာပဲရှိမယ်လို့ သတ်မှတ်ထားကြပါတယ်။ [via Simon Stone] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
Transfer News ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား Marcus Rashford ရဲ့ ကိုယ်စားလှယ်တွေကိုဆက်သွယ်မှုတွေရှိနေသေးပါတယ်။ ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ တိုက်စစ်အခြေအနေတွေကို လေ့လာနေပြီး Rashford ကို ပြန်လည်ခေါ်ယူနိုင်တဲ့အခြေအနေမျိုးရှိနေပါသေးတယ်။ [via GraemeBailey] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://www.youtube.com/live/QhjA1kWtkUg?si=Z-_hsHp_TeEy3Lbi
Team News ယူနိုက်တက်ရဲ့ကွင်းလယ်နေရာမှာ Tielemans နဲ့ Andrey Santos တို့နှစ်ယောက်အတွဲရှိရုံနဲ့ ကွင်းလယ်ပြဿနာအားလုံးအဆင်ပြေသွားမယ့်ပုံစံမျိုးမဟုတ်ဘူးလို့ ဘောလုံးသုံးသပ်သူတချို့ကယူဆထားကြပါတယ်။ Mainoo ပါဝင်လာမှာဖြစ်သည့်တိုင်ယူနိုက်တက်အနေနဲ့ နောက်ထပ်ကွင်းလယ်ကို ထိန်းချုပ်ပေးနိုင်မယ့်ကွင်းလယ်လူတစ်ဦးလိုအပ်နေသေးပြီး Tielemans ကလည်း ဒီလိုနေရာတွေမှာအဆင်ပြေတယ်ဆိုပေမယ့် သူမပါနိုင်ခဲ့ရင် ပိုပြီးဒုက္ခရောက်နိုင်တယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။ [via NathSalt1] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
Transfer News ယူနိုက်တက်အနေနဲ့ နွေဈေးကွက်ထဲ ကစားသမားခေါ်ယူမှုအပြင် လူငယ်ကစားသမားတချို့ကို ရောင်းချမှုကိုလည်းပြုလုပ်မှာဖြစ်ပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ရာသီ ရှက်ဖီးလ်ဝက်နက်စ်ဒေးမှာ ကစားခဲ့တဲ့ Harry Amass ကိုလည်းရောင်းချဖို့ပြင်ဆင်နေပြီး အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ပေါင် 7 သန်းလောက်ရရှိနိုင်ဖို့မျှော်လင့်နေပါတယ်။ နောက်ထပ် Toby Collyer ကိုလည်း သင့်တော်တဲ့ပမာဏနဲ့ ကမ်းလှမ်းလာရင် ရောင်းချမယ့် ကစားသမားလို့ ယူနိုက်တက်ဘက်က သတ်မှတ်ထားပါတယ်။ [via ChrisWheeler_DM] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://youtube.com/live/vfbJLVaPQ40?feature=share
Player's Talk by Harry Maguire "ယူနိုက်တက်ကစားသမားတွေအနေနဲ့ကတော့ Rashford ကို အသင်းမှာဆက်ရှိတာမြင်ချင်ပါတယ်။ သူက အသင်းအတွက်တန်ဖိုးကြီးတဲ့ကစားသမားတစ်ယောက်ပါ။ သူက အသင်းကိုတိုးတက်စေနိုင်မှာပါ။ AC Milan နဲ့ပွဲမှာလည်း သူဝင်လာတဲ့ချိန် ပြိုင်ဘက်အသင်းရဲ့ Backline ကို ခြိမ်းခြောက်မှုတွေအများကြီးလုပ်နိုင်ခဲ့ပြီး ဂိုးသွင်းဖို့တောင်နီးစပ်ခဲ့ပါသေးတယ်။ ကျွန်တော်က Marcus နဲ့နှစ်ပေါင်းများစွာ ကစားဖူးတာကြောင့် ယူနိုက်တက်ထရိန်နင်မှာသူ့လို ကစားသမားရှိတာက အများကြီးအကျိုးရှိပါတယ်" [via The Athletic] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://www.youtube.com/live/sZL51V6Mrz0?si=ZlROEihlYzn9wV1H
Player News စနေနေ့မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက် ဟူးလ်စီးတီးနဲ့ပွဲစဉ်ကို ခံစစ်မှူး Lisansdro Martinez အနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဖို့ကြံ့ခိုင်မှုမရှိသေးဘူးလို့သိရပါတယ်။ ဒါကြောင့်မို့ သူ့နေရာမှာ ခံစစ်ကစားသမား Ayden Heaven က ဝင်ရောက်ကစားပြီး ခံစစ်ကိုဦးဆောင်လာနိုင်ပါတယ်။ [via lauriewhitwell] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
Team News ရာသီကြိုခြေစမ်းပွဲတွေပြီးနောက် ယူနိုက်တက်အနေနဲ့ Left-Back နေရာက ပြဿနာအရှိဆုံးနေရာတစ်ခုလို့ သတ်မှတ်ထားပြီး ကစားသမားခေါ်ယူဖို့အစီအစဉ်တွေကိုပြင်ဆင်နေပါတယ်။ အဓိကပစ်မှတ် Lewis Hall က ခေါ်ဖို့ခက်ခဲနေပြီဖြစ်သော်လည်း Left-Back နေရာက အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့အလိုအပ်ဆုံးနေရာလို့ တွေးထားပါယ်။ [via Tymarshall_MEN] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip
https://www.youtube.com/live/55rJw6KqhMc?si=c-uc4Y9YdDNmb2Pw
https://youtube.com/live/SR2Uqilp6d8?feature=share
без подписи
Photo News 2024 ခုနစ်နောက်ပိုင်း ပထမဆုံးအနေနဲ့ ယူနိုက်တက်အတွက် ပြန်ကစားပေးခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး Rashford [photo_credit] အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ၊ The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး #theunitedshow #football #manchesterunited #mmhclip