tgindex
The Whale Studio

The Whale Studio

Статистика

E-book, Ai image promptနဲ့ ကမ္ဘာကျော်စာအုပ်ကောင်းတွေကို မျှဝေပေးနေတဲ့အပြင် content creation knowledge တွေကိုလည်းမျှဝေပေးနေပါတယ်။✨

Последний пост
19 июл.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
29
Тип
открытый
Язык
my
Категория
Книги
В каталоге с
13 авг.
Подписчики
318
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
59
29 постов
Вовлечённость
18,6%
к подписчикам
Постов в день
0,0
всего 29
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • အနှစ်ချုပ်ရရင်... Marketing ကAction (အရောင်း) ကိုချက်ချင်းဖြစ်စေပါတယ်။ ဒါပေမဲ့ Branding ကတော့ Loyalty (ရေရှည်သစ္စာရှိမှု) ကိုတည်ဆောက်ပေးပါတယ်။ အုတ်မြစ်ဖြစ်တဲ့ Brand Image ခိုင်မာမှသာ Campaign တွေဖန်တီးပြီး Marketing လုပ်တဲ့အခါ ပိုပြီး ခရီးရောက်မှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ လုပ်ငန်းမှာရော လက်ရှိ Marketing ကို ပိုအားစိုက်ဖြစ်နေလား? Branding ကို ပိုတည်ဆောက်ဖြစ်နေလား? Comment မှာဆွေးနွေးသွားကြပါဦး🥰👇 #Whalecreation #contentwriting #marketing #Branding #content

  • Branding နဲ့ Marketing မတူတဲ့အချက် (တစ်မိနစ်ထဲနဲ့ပြောပြမယ်) Marketing က "ကျွန်တော့်ဆီက ဝယ်ပါ" လို့ ပြောတာဖြစ်ပြီး၊ Branding ကတော့ "ဘာလို့ ကျွန်တော့်ဆီက ဝယ်သင့်တာလဲ" ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ကို ပေးတာပါ။ ဒီအချက်တစ်ချက်ကို ထိထိမိမိ နားလည်သွားဖို့ ရိုးရှင်းတဲ့ ဥပမာလေးတစ်ခုနဲ့ ကြည့်ရအောင် - Marketing: မိတ်ဆွေက ကောင်မလေးတစ်ယောက်ကို သဘောကျလို့ "ကျွန်တော်က လူကောင်းတစ်ယောက်ပါ၊ ကျွန်တော်နဲ့ တွဲရအောင်" လို့ သွားပြောတာနဲ့ တူပါတယ်။ ဒါဟာ ကိုယ့်ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို လူတွေသိအောင် တိုက်ရိုက် ကြေညာခြင်း (Promotion) ဖြစ်ပါတယ်။ Branding: မိတ်‌ဆွေဘာမှ သွားပြောစရာမလိုဘဲ မိတ်ဆွေရဲ့ နေထိုင်ပုံ၊ အပြောအဆို၊စိတ်နေသဘောထားတွေကြောင့် အဲဒီကောင်မလေးက မိတ်ဆွေကို "သူက တကယ့်လူကောင်းပဲ" လို့ သူ့ဘာသာ ယုံကြည်လက်ခံသွားတာမျိုးပါ။ ဒါဟာ သုံးစွဲသူတွေရဲ့ ရင်ထဲမှာ အလိုလိုဖြစ်တည်လာတဲ့ ယုံကြည်မှုနဲ့ ခံစားချက် (Identity & Trust) ဖြစ်ပါတယ်။

  • без подписи

  • YouTube မှာ Gemini AIကိုတွဲသုံးလို့ရနေပါပြီနော်🔥 သုံးစမ်းကြည့်ကြပါ။ #whalecreation

  • без подписи

  • နောက်ဖွေးချောင်ပစ္စည်း ရောင်းတဲ့ဆိုင်လေးအတွက် content လေးရေးပေးဖြစ်ခဲ့တာပါ။🍳🥘 သူက Whale Creationရဲ့ July လpromotionလေးနဲ့ content တွေကိုအပ်သွားတာပါ။✨ Project လိုက်အပ်သွားထဲကမှ itemတစ်မျိုးရဲ့ content လေးကို လာပြပေးတာပါ။ Whale Creation မှာ July လလျှော့ဈေး promotionလေးရှိပါတယ်နော်🤩✨ တစ်လမှတစ်ခါလုပ်ပေးတဲ့ #package လေးလည်းရှိပါတယ်။ ဈေးနှုန်းချိုသာစွာနဲ့ content အစုံကို All in oneအနေနဲ့ ရမှာဖြစ်တဲ့အပြင် မေတ္တာလက်ဆောင်တွေလည်း ပေးသွားမှာဖြစ်ပါတယ်။🥰✨ Quality Contentတွေနဲ့ marketingလုပ်ဖို့ လျှော့ ဈေးရှိတုန်းအမြန်လာလိုက်တော့နော်🤗 #whalecreation #contentwriting #ContentCreation #contentmarketing

  • Social Media design 🔥 #whalecreation

  • 📌 Content Calendar ရှိရင် Marketing ဘယ်လောက်လွယ်မလဲ? Marketing လုပ်တဲ့သူတော်တော်များများက Content Calendar ရှိတဲ့အခါ Marketing ကပိုပြီးစနစ်တကျဖြစ်လာပါတယ်။ ✔️ Post တင်တာ Consistency ရှိလာတယ်။ ✔️ Audience က Page ကိုပိုယုံကြည်လာတယ်။ ✔️ Promotion တင်ရမယ့်အချိန်ကို ကြိုစီစဉ်နိုင်တယ်။ ✔️ Design, Copy, Offer တွေကတစ်ခုနဲ့တစ်ခု အဆက်အစပ်မိလာတယ်။ ✔️ Marketing Flow ကပိုချောမွေ့လာတယ်။ အတိုချုပ်ပြောရရင် Content Calendar က Marketing ကို “လွယ်” သွားစေတာမဟုတ်ဘူး။ Marketing ကို “စနစ်တကျ” ဖြစ်သွားစေတာမျိုးပါ။ Marketing ဆိုတာနေ့တိုင်းရောင်းနေတာမဟုတ်ပါဘူး။ လူတွေကို သတိရစေတယ် → ယုံကြည်စေတယ် → နောက်ဆုံးမှာ ဝယ်ချင်စေတယ် ဆိုတဲ့ Process တစ်ခုပါ။ - Consistency မရှိရင်လူတွေက မိတ်ဆွေကိုမှတ်မိမှာမဟုတ်ပါဘူး။ - မမှတ်မိရင် ယုံကြည်မှုမဖြစ်ဘူး။ - ယုံကြည်မှုမရှိရင် ရောင်းရဖို့ခက်ပါတယ်။ ဒါကြောင့် Brand ကြီးတွေက “ဘာတင်မလဲ” ထက် “ဘယ်အချိန်မှာ ဘာတင်မလဲ” ကိုပိုအလေးထားကြတာပါ။ အောင်မြင်တဲ့ စီးပွားရေးတိုင်းရဲ့ နောက်ကွယ်မှာ Marketing and Consistency ကထောက်တိုင်အ‌နေနဲ့အမြဲရှိပါတယ်။ #whalecreation #contentmarketing

  • ဥပမာ - "Quantum Physics အကြောင်းကို နားလည်လွယ်တဲ့ ဥပမာတွေနဲ့ ရှင်းပြပေးပါ" လို့ မေးမြန်းခြင်းက ရှုပ်ထွေးတဲ့သဘောတရားတွေကို အချိန်တိုအတွင်း နားလည်စေပါတယ်။ ၂။ သင်ယူမှုအစီအစဉ် (Study Plan) ရေးဆွဲခိုင်းပါ။ သင်ယူချင်တဲ့ ဘာသာရပ်တစ်ခု ရှိနေပေမဲ့ ဘယ်ကစရမှန်းမသိရင် Gemini ကို တာဝန်ပေးလိုက်ပါ။ ဥပမာ - "ငါ Video Editing ကို ၂ ပတ်အတွင်း အခြေခံကနေ စပြီးလေ့လာချင်တယ်။ နေ့စဉ် ဘာတွေလေ့လာရမလဲဆိုတဲ့ Study Schedule တစ်ခု ရေးဆွဲပေးပါ" လို့ ခိုင်းစေလိုက်ရုံပါပဲ။ ၃။ အချက်အလက်များကို အနှစ်ချုပ်ခြင်း။ (Summarization) စာအုပ်တစ်အုပ် ဒါမှမဟုတ် ဆောင်းပါးရှည်ကြီးတွေကို ဖတ်ဖို့ အချိန်မရှိဘူးဆိုရင် Gemini က သင့်အတွက် အနှစ်ချုပ်ပေးပါလိမ့်မယ်။ ကျောင်းသားများအတွက် - သင်ခန်းစာ PDF ဖိုင်ကို တင်ပြီး "ဒီသင်ခန်းစာထဲက အရေးကြီးတဲ့ အချက် ၅ ချက်ကို ထုတ်နှုတ်ပေးပါ" လို့ ခိုင်းပါ။ Content Creator များအတွက် - ခေတ်စားနေတဲ့ Topic တစ်ခုနဲ့ ပတ်သက်တဲ့ Article တွေကို ပေးပြီး "ဒီအကြောင်းအရာရဲ့ အဓိက Message ကို ချရေးပေးပါ" လို့ ပြောလိုက်ပါ။ ၄။ Q&A နဲ့ Quiz များ ပြုလုပ်ခြင်း။ ကိုယ့်ကိုယ်ကို စမ်းသပ်ခြင်းဟာ မှတ်ဉာဏ်အတွက် အကောင်းဆုံးပါပဲ။ "ဒီနေ့ ငါဖတ်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငါ့ကို မေးခွန်း ၅ ခုလောက် မေးပေးပါ။ ငါဖြေပြီးရင် အမှားအမှန် စစ်ပေးပါ" လို့ ပြောပြီး အပြန်အလှန် လေ့ကျင့်နိုင်ပါတယ်။ ကျောင်းသားများနှင့် Content Creator များအတွက် အကြံပြုချက်။ Gemini ကို သုံးတဲ့အခါ "Context" (နောက်ခံအကြောင်းအရာ) ပေးဖို့ မမေ့ပါနဲ့။ အမှားPrompt: "စာရေးနည်း ရှင်းပြပါ" အမှန်Prompt: "ငါက နည်းပညာအကြောင်း ရေးတဲ့ Content Creator တစ်ယောက်ပါ။ ငါ့ရဲ့စာတွေကို ပိုပြီးဖတ်လို့ကောင်းအောင်၊ Engagement ပိုတက်အောင် ရေးနိုင်မယ့် အချက် ၃ ချက်ကို ရှင်းပြပေးပါ" ဒီလိုမျိုး တိကျတဲ့ မေးခွန်းတွေ မေးလေလေ၊ Gemini က မိတ်ဆွေအတွက် အရည်အသွေးရှိတဲ့ အဖြေတွေကို ပေးလေလေ ဖြစ်ပါတယ်။ သင်ယူတယ်ဆိုတာ စာအုပ်ထဲက စာတွေကို အလွတ်ကျက်နေရုံ မဟုတ်ပါဘူး။ အချက်အလက်တွေကို ဘယ်လိုအသုံးချမလဲဆိုတာကို နားလည်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ Gemini ကို မိတ်ဆွေရဲ့ အကောင်းဆုံး လက်ထောက်အဖြစ် သုံးပြီး သင်ယူမှုလမ်းကြောင်းမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ။ ဒီ Content ကမိတ်‌ဆွေအတွက် အထောက်အကူပြုရဲ့လား? #whalecreation

  • နေ့စဉ်informationတွေအရမ်းများတဲ့ ဒီဘက်ခေတ်မှာ အချိန်တိုအတွင်းနားလည်လွယ်ပြီး စာရအောင်Gemini နဲ့ စာသင်နည်းကိုမျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေဟာ စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ကျောင်းသား တစ်ယောက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် Content တွေဖန်တီးနေတဲ့ Content Creator တစ်ယောက်ပဲဖြစ်ဖြစ်...။ မိတ်ဆွေယူမှုဆိုတာ နေ့စဉ်လုပ်ရမယ့် အလုပ်တစ်ခုပါပဲ။ ဒါပေမဲ့ သတင်းအချက်အလက်တွေ များပြားလွန်းတဲ့ ဒီခေတ်ကြီးမှာ ဘယ်လိုမျိုး အချိန်တိုအတွင်း ထိရောက်စွာ သင်ယူမလဲဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါပြီ။ ဒီနေရာမှာ Gemini ဟာ မိတ်ဆွေအတွက် အကောင်းဆုံးသော "AI Study Buddy" ဖြစ်လာပါလိမ့်မယ်။ Gemini ကို မိတ်ဆွေရဲ့ ကိုယ်ပိုင်ဆရာတစ်ယောက်လို ဘယ်လိုအသုံးပြုမလဲဆိုတာကို ဒီနည်းလမ်းတွေကို အောက်ပါအတိုင်းစမ်းကြည့်လိုက်ပါ။👇 ၁။ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ရိုးရှင်းအောင် ရှင်းပြခိုင်းပါ။ ကျောင်းစာပဲဖြစ်ဖြစ်၊ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်တစ်ခုခုပဲဖြစ်ဖြစ် နားမလည်တဲ့အခါ "Explain like I'm 5" (အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်ကို ရှင်းပြသလိုမျိုး ရှင်းပြပေးပါ) ဆိုတဲ့ Prompt ကိုသုံးပါ။

  • Good Night 💤ပါ။ မနက်ဖြန်ကျရင် အားလုံးအတွက် အသိပညာဗဟုတသုအသစ်တွေနဲ့ Aiကိုစနစ်တကျသုံးနည်းလေးကို လာမျှဝေပေးပါမယ်။✨ #whalecreation

  • 5️⃣Sensitive Data တွေ ထည့်သုံးခြင်း။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို aiကိုမပြောပါနဲ့။ 6️⃣Brand Voice / Audience ကို မစဉ်းစားဘဲ Generate လုပ်ခြင်း။ Ai ကိုကိုယ့်ရဲ့လုပ်ငန်းအကြောင်း၊ Brand storyကို ပြောပြပြီး လုပ်ခိုင်းပါ။ ဒါမှသာပိုတိကျတဲ့ အ‌ဖြေနဲ့ရလဒ်တွေကိုရမှာပါ။ 7️⃣AI ကို Tool အစားလူစားထိုးအဖြစ် သတ်မှတ်ခြင်း။ Aiကို assistants အဖြစ်အသုံးပြုလို့ရမယ် လူတစ်ယောက်လိုတော့ သဘောမထားပါနဲ့။ အရမ်းလည်းမယုံကြည်ပါနဲ့။ ပြန်စစ်ဆေးတာ၊ သင်ပြတာတွေလုပ်ပါ ။ အဓိကမှတ်ထားရမှာတစ်ခုက AIက Assistant ဖြစ်ပါတယ်။ Decision Maker မဟုတ်ပါဘူး။ #whalecreation

  • AI Tools သုံးတဲ့အခါမလုပ်သင့်တဲ့အရာ ၇ ခု။ Aiကို အသုံးပြုတဲ့အခါမှာတောင် နည်းစနစ်နဲ့ စည်းကမ်းချက်တွေရှိတယ်လို့ ပြောရင်လက်ခံမှာလား? မိတ်ဆွေအနေနဲ့ Aiကို နေ့စဉ်ဘာအတွက် အသုံးပြုနေသလဲ? ဘာအတွက်ပဲသုံးသုံးပါ ဒီအချက်တွေကိုတော့လိုက်နာပါ။👇 1️⃣ AI ကို 100% မျက်စိမှိတ်ယုံကြည်ခြင်း။ Aiတွေကို ၁၀၀% ယုံကြည်လို့မရပါဘူး။ လွယ်လွယ်ပြောရရင် တစ်ခါတစ်လေaiတွေက ကလေးတွေနဲ့တူပါတယ်။ ကိုယ့်ရဲ့အချက်လက်တွေကို မထိန်းသိမ်းနိုင်ပါဘူး။ ပေါက်ကြားတာတွေဖြစ်တတ်ပါတယ်။ ကိုယ်ကပြောမိတယ်ဆိုရင်‌တော့ ဘူး၁၀၀ကိုပိတ်လို့ရမယ် aiကိုသွားပိတ်လို့မရတဲ့ဖြစ်စဉ်တွေဖြစ်သွားပါလိမ့်မယ်။ 2️⃣ Fact Check မလုပ်ဘဲ အသုံးပြုခြင်း။ Ai ပြောသမျှယုံကြည်ခြင်း။ aiပြောသမျှမယုံပါနဲ့ သူပြောပြီးရင် ကိုယ်ကတခြားနေရာ (သို့) ai ၄-၅ခုကိုထပ်မံမေးကြည့်ပါ။ 3️⃣ကိုယ်ပိုင်အတွေးမထည့်ဘဲ Copy-Paste လုပ်ခြင်း ဘယ်တော့မှမလုပ်ရမယ့် အရာပဲဖြစ်ပါတယ်။🙅 4️⃣Prompt မရှင်းဘဲ Result ကောင်းမယ်ထင်ခြင်း။

  • ဒီထဲမှာ ရှိတဲ့content creator တွေကို တစ်ချက်လောက်မေးချင်ပါတယ်။ ဒီမေးခွန်းကို အမှန်တိုင်းဖြေကြမယ်လို့ယုံကြည်ပါတယ်။ အကယ်၍ မိတ်ဆွေတို့စီကို client တစ်ယောက်လာမယ်။ project အပ်မယ်။ ဟုတ်ပြီ။ မိတ်ဆွေအနေနဲ့ အဲ့projectကို ဘယ်လိုနည်းလမ်းနဲ့ createလုပ်မလဲ? ဥပမာ - - Ai - Only Own ideas - Ai+Human ဘယ်လိုမျိုးလုပ်မှာလဲ? တစ်ချက်လောက်ဖြေပေးခဲ့ပါ။🥰👇 #whalecreation

  • AI နဲ့ Content တစ်ပတ်စာကို ၁ နာရီအတွင်း ဘယ်လိုစီစဉ်လဲ? ပထမဆုံးအနေနဲ့ audience ရဲ့ပြဿနာ ၇ခုကို content Headline ၇ခုလိုပြင်ဆင်ရပါမယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ideaနဲ့ထုတ်ထားတဲ့ headline တွေကို Aiနဲ့ပူးပေါင်းပြီးတော့ engagement, viewတက်စေမယ့် Content တွေကိုဖန်တီးရပါမယ်။ ကိုယ့်ရဲ့contentတိုင်းမှာ attention Hook, value first, ပေးနိုင်ရပါမယ်။ Image အတွက် prompt ရေးပြီးပဲထုတ်ထုတ်၊ Canva + chatGPT နဲ့ပဲထုတ်ထုတ်ရပါပြီ။ Aiနဲ့ပူးပေါင်းပြီးလုပ်ဆောင်တာက ကိုယ့်ရဲ့လုပ်ငန်းကို 2ဆမြန်ဆန်ပြီး quality ပိုကောင်းစေပါတယ်။ ကိုယ့်အနေနဲ့ တစ်ပတ်စာcontent ၇ပုဒ်လုံးကိုအပြီးသတ်ပြီးသွားရင် Facebook မှာဆိုရင် business suit မှာschedule လုပ်ပြီး တစ်ပတ်စာကိုကြိုတင်ထားလို့ရပါတယ်။ "AI က Content ကို အစားထိုးတာမဟုတ်ပါဘူး။ Workflow မြန်အောင်လုပ်ပေးနေတာပါ" ☺️  #Whalecreation

  • Ai video နဲ့ monetization ရှာချင်တယ်။ ၀င်ငွေတစ်ခုရချင်တယ်။ Ai pro, plusတွေကလည်းမ၀ယ်နိုင်ရင် free aiတွေကနေ ဒါမျိုးvideoလေးတွေထုတ်ပြီး စမ်းကြည့်နော်။ Idea ကောင်းရင်ကောင်းသလို မိုက်မှာပါ။ မင်မင်ကတော့ အကြမ်းထည်ပေါ့✨ #whalecreation #admin

  • အခုနောက်ပိုင်း content creation လောကထဲမှာ freelance content creator အသေးစားလေးတွေအရမ်းများလာပါတယ်။ ဒါပေမယ့် သူတို့မှာကောင်းမွန်တဲ့ community and Network တော့မရှိကြတာများပါတယ်။ ဒါကြောင့် Whale Creationက content creator အားလုံးအတွက် အချိတ်အဆက်မိပြီး ကောင်းမွန်တဲ့…

  • ဘ၀ကို နေ့စဉ်ရက်ဆက် ကြိုးစားနေတဲ့ လူတိုင်းအတွက် အတွေးအမြင်နဲ့ ဘ၀ကိုပြောင်းလဲပေးမယ့် စာအုပ်ကောင်းလေးတွေပါ။✨🤗 #whalecreation

  • без подписи

  • без подписи