Game Sharing Myanmar 2.0
СтатистикаTop Game Sharing Channelလေးကတင်တဲ့ဂိမ်းလေးတွေကိုပဲမျှဝေပေးသွားမှာဖြစ်ပါတယ်ချစ်ရတဲ့ပရိသက်လေးတို့ရေ
- Последний пост
- 9 мар.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
Sound of Horses Size- 757mb ကားတွေ၊ ဆိုင်ကယ်တွေချည်းပဲ မောင်းရတာ ရိုးအီသွားလို့ သဘာဝတရားနဲ့ တသားတည်းဖြစ်ပြီး လေညင်းလေးခံချင်တဲ့ Brother တို့အတွက် Sound of Horses ပါပဲ။ ဒီဂိမ်းမှာ Brother တို့က စက်ရုပ်တွေ၊ ကားတွေကြားမှာ ပိတ်လှောင်မနေတော့ဘူး။ အေးချမ်းတဲ့ Homeland ဆိုတဲ့ နေရာလေးကနေစပြီး ကိုယ်ပိုင်မြင်းကျောပေါ်ကနေ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရမယ့် မြင်းသူရဲကောင်းကြီးတွေ ဖြစ်သွားမှာပါ။ ကိုယ်စီးမယ့်မြင်းနဲ့ ကိုယ့်ရဲ့ကာရိုက်တာကိုလည်း စိတ်ကြိုက် ဖန်တီးလို့ရသေးတယ်။ Gameplay ပိုင်းကတော့ Story-Driven Adventure ကြီးလို့ ပြောရပါမယ်။ အစပိုင်း Episode 1: Homeland မှာတင် ၃ ရက်တိတိ အခမဲ့ စမ်းဆော့ကြည့်လို့ရမယ်ဆိုတော့ အရင်ဆုံး ဝင်ဖီးလ်ကြည့်ပြီးမှ ဆက်သွားလို့ရတာပေါ့။ ဂိမ်းထဲမှာ သာမန်ရွာလေးတွေ၊ မြက်ခင်းပြင်တွေမှာ လျှောက်လည်ရုံတင် မဟုတ်ဘဲ The Other Side ဆိုတဲ့ ပဟေဠိဆန်တဲ့ တစ်ဖက်ကမ္ဘာကြီးကိုပါ ကူးလူးသွားလာရမှာပါ။ Map အနေအထားကလည်း လျှို့ဝှက်ချက်တွေ အများကြီးနဲ့။ ထူးဆန်းတဲ့ NPC တွေနဲ့ စကားပြောမယ်၊ ကမ္ဘာသစ်က မြင်းယဉ်ကျေးမှုတွေကို လေ့လာမယ်၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်။ သတိထားရမှာက မြင်းဆိုတာ သက်ရှိသတ္တဝါဖြစ်တဲ့အတွက် ကားမောင်းသလို စတီယာရင်ချိုးတိုင်း ဇွတ်ကွေ့လို့မရဘူးနော်။ ဂရုတစိုက်နဲ့ သဟဇာတဖြစ်အောင် နေတတ်ဖို့တော့ လိုမယ်။ မဟုတ်ရင် မြင်းက စကားနားမထောင်ဘဲ ကန်ချလို့ ရွှံ့ထဲလူးသွားပါဦးမယ်။ နိဂုံးချုပ်ရရင်တော့... Sound of Horses ဟာ အေးအေးလူလူ Story ကောင်းကောင်းလေးခံစားရင်း အက်ရှင်စွန့်စားခန်း အသစ်အဆန်းကို မြည်းစမ်းချင်တဲ့သူတွေ၊ မြင်းစီးရတာ ဝါသနာပါသူတွေအတွက်တော့ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်။ နောက်ထပ် Episode အသစ်တွေလည်း ထပ်လာဖို့ရှိသေးတယ်ဆိုတော့ ရေရှည် ဖီးလ်လို့ရပြီလေ။ ကိုယ်ပိုင်မြင်းလေးနဲ့ ကမ္ဘာသစ်ကို စူးစမ်းဖို့ အဆင်သင့်ပဲလား? Game Link https://apkvision.org/games/adventure/sound-of-horses-132565/
без подписи
без подписи
ကားကို အဖြောင့်မမောင်းချင်ဘဲ ဘေးတိုက်ကြီးပဲ သွားချင်တဲ့၊ တာယာမီးခိုးနံ့မှ သင်းပျံ့တယ်လို့ ခံစားရတဲ့ Brother တို့အတွက် Hajwala Corsa 2 ဆိုတဲ့ ဂိမ်းလေး ရှိပါတယ် ဒီဂိမ်းမှာ Brother တို့က ရိုးရိုး Driver အဆင့်မဟုတ်တော့ဘူး၊ လမ်းမပေါ်မှာ ဖင်ယမ်းပြီး Tyre Burner ကြီး လုပ်မယ့် Drift King တွေ ဖြစ်လာမှာပါ။ 3D ရုပ်ထွက်အပြင် Physics ကလည်း အတော်လေး Realistic ဖြစ်တော့ ကွေ့လိုက်တိုင်း ကားဖင်ယမ်းသွားတာက အစစ်အတိုင်း ခံစားရမှာပါ။ ဒါပေမဲ့ သတိတော့ထားနော်၊ အရှိန်လွန်ပြီး ထိန်းမရရင်တော့ လမ်းဘေးက ဓာတ်တိုင်နဲ့ မိတ်ဆက်ပေးရလိမ့်မယ်။ ကားတွေကလည်း စုံမှစုံ၊ Handling တွေကလည်း တစ်စီးနဲ့တစ်စီး မတူတော့ ကိုယ့်လက်နဲ့ အဆင်ပြေမယ့် ကားကိုရွေး၊ ကိုယ့်စိတ်ကြိုက် ပုံစံသွင်းပြီး Street Racing လောကမှာ ဆရာကြီးလုပ်လို့ရတာပေါ့။ နောက်ပြီး ဒီကောင်က အော့ဖ်လိုင်းလည်း ဆော့လို့ရတော့ အင်တာနက်မရှိလို့ ပျင်းနေတဲ့အချိန်ဖြစ်ဖြစ်၊ ဒေတာကုန်လို့ အိမ်ကနှင်ချခံရမှာ ကြောက်နေရတဲ့ အချိန်ဖြစ်ဖြစ် အေးဆေး အဖော်ပြုပေးမယ့်ကောင်လေးပါ။ ပုံမှန် Update တွေလည်း လာနေတော့ Track အသစ်တွေ၊ ကားအသစ်တွေနဲ့ အမြဲလန်းနေမှာပါ။ ကဲ... လမ်းမပေါ်မှာ တာယာမီးပွင့်အောင် ရှပ်တိုက်ဖို့ စတီယာရင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အင်ဂျင်စက်နှိုးလိုက်ရအောင် Brother တို့ရေ! Size = 213 MB https://apkvision.org/games/racing/hajwala-corsa-2-racing-game-132413/
Youtubeမှာလဲအားပေးကြပါအုန်းနော်❤
без подписи
https://youtu.be/8rBjA6dBd1k?si=MzzaangHnri3Wk9k
Hajwala Darb လမ်းဖြောင့်အတိုင်း မောင်းရတာ ပျင်းဖို့ကောင်းတယ်၊ ကားဆိုတာ ဘေးတိုက်မောင်းမှ အသက်ဆိုတဲ့ Brother တွေအတွက် Hajwala Darb လာပါပြီ။ ဒီဂိမ်းထဲရောက်ရင်တော့ Brother တို့က သာမန် ယာဉ်မောင်းမဟုတ်တော့ဘူး။ လမ်းမပေါ်က ဒရစ်ဘုရင် (Drift King) တွေ ဖြစ်သွားမှာပါ။ ရေတစ်ခွက် ကားပေါ်တင်မောင်းရင်တောင် မဖိတ်အောင် မောင်းနိုင်တဲ့ Takumi လိုမျိုး စကေးကြမ်းပြရမယ့် အချိန်ပေါ့။ Gameplay ပိုင်းကတော့ လွတ်လပ်မှုရဲ့ အထွတ်အထိပ် လို့ ပြောရမယ်။ကားအစီးရေ ၁၀၀ ကျော်ကို Free ပေးထားတာဆိုတော့ ဒီနေ့ ဘာစီးရမလဲ ဆိုပြီး ခေါင်းခြောက်နေဦးမယ်။ သဲကန္တာရထဲမှာ ဖုန်တထောင်းထောင်းထအောင် မောင်းမလား၊ မြို့ထဲမှာပဲ ပတ်မောင်းပြီး ရှုပ်ပွနေအောင် လုပ်မလား၊ Professional Track တွေပေါ်မှာပဲ ဆရာကြီး ဖမ်းမလား... ကြိုက်တဲ့နေရာ ဝင်မွှေလို့ရတယ်။ Customization ကလည်း ရှယ်ပဲ။ အင်ဂျင်သံ ဟိန်းနေအောင် ပြင်မလား၊ ကားကို Sticker တွေကပ်ပြီး ရှိုးထုတ်မလား၊ တာယာကို ဘယ်လောက်ထိ လျှောချင်လဲဆိုတာကအစ စိတ်ကြိုက်ချိန်ညှိလို့ရတယ်။ Mechanic ဆရာကြီးတောင် လက်ဖျားခါသွားလောက်တယ်။ Mode တွေကလည်း စုံတယ်။ Mission တွေလိုက်လုပ်ပြီး ပိုက်ဆံရှာမလား၊ ဒါမှမဟုတ် Online ပေါ်တက်ပြီး သူများတွေကို ငါ့ကား မီးခိုးထွက်တာ မြင်လား ဆိုပြီး သွားကြွားမလား ရတယ်။ အချိန်ကန့်သတ်ချက်တွေ၊ စည်းကမ်းတွေ မရှိတော့ စိတ်ထွက်ပေါက်အနေနဲ့ မျက်စိစပါးမွှေးစူးတာ မြင်ရင် ဝင်တိုက်ပစ်လိုက်၊ တားမယ့်သူ မရှိဘူး။ နိဂုံးချုပ်ရရင်တော့... Hajwala Darb ဟာ Drifting ဝါသနာအိုးတွေ၊ ကားကို ရိုးရိုးမမောင်းချင်ဘဲ ဆန်းဆန်းပြားပြား မောင်းချင်သူတွေအတွက်တော့ ဖုန်းထဲမှာ မရှိမဖြစ် ဂိမ်းပါပဲ။ ကဲ... တာယာဖိုး ကုန်မှာ မပူရတော့ဘူးဆိုတော့ ကားတာယာ ပွတ်ဆွဲဖို့ အဆင်သင့်ဖြစ်ပြီလား? Size = 1.15 GB https://apkvision.org/games/racing/hajwala-darb-132497/
без подписи
без подписи
စုံထောက်ကြီး စတိုင်ဖမ်းချင်တဲ့ Brother တို့အတွက်တော့ ဒီနေ့မှာတော့Murder on Space Station 52 ကိုစမ်းဆော့ဖို့ အကြံပေးပါတယ်။ ဒီဂိမ်းက ကမ္ဘာပေါ်မှာ လူသတ်သမားလိုက်ရှာရတာ ရိုးသွားလို့ အာကာသစခန်းပေါ်တက်ပြီး မှုခင်းသွားစုံစမ်းရမယ့် ဂိမ်းပါပဲ။ ဇာတ်ကောင် Edward Locke နေရာကနေ ကစားရမှာဖြစ်ပြီး သာမန်လူသတ်သမားမဟုတ်ဘဲ ဘာစိတ်ကူးပေါက်ပြီး လူလိုက်သတ်နေမှန်းမသိတဲ့ Keychain Killer ကြီးကို လိုက်ဖမ်းရမှာပါ။ Gameplay ပိုင်းကတော့ ရှာမယ်၊ စစ်မယ်၊ ခေါင်းစားခံမယ်လို့ ပြောရမယ်။ အာကာသစခန်းထဲမှာ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ သက်သေအထောက်အထားတွေ လိုက်ကောက်ရမယ်။ မသင်္ကာတဲ့သူတွေကို ချောင်ပိတ်ပြီး အမှုစစ်ရမယ်။ ကိုယ့်ရဲ့ စုံထောက်ဦးနှောက်ကို သုံးပြီး ပဟေဠိတွေ ဖြေရမယ်ပေါ့။ ဒီဂိမ်းရဲ့ အသက်က နည်းနည်းတော့ ရယ်ရတယ် ဘာလို့လဲဆိုတော့... အပြင်မှာ လူသတ်သမားက သောင်းကျန်းနေပါတယ်ဆိုမှ ကိုယ်တော်ချောက ကိုယ့်အခန်းလေးကို အလှဆင်ဖို့ ပစ္စည်းတွေ လိုက်ရှာပြီး Room Decoration လုပ်နေလို့ ရသေးတာပဲ။ လူတွေတော့ သေချင်သေ၊ ငါ့အခန်းလေး လှဖို့နဲ့ ရှယ်လန်းနေဖို့က အဓိကပဲဆိုတဲ့ စတိုင်မျိုးပေါ့ ရုပ်ထွက်ပိုင်းကလည်း လက်ဆွဲပန်းချီ Hand-drawnပုံစံလေးတွေနဲ့ဆိုတော့ မျက်စိထဲမှာ တော်တော်လေး ဆန်းသစ်နေမှာပါ။ ဇာတ်ကောင်တိုင်းကို အသံသွင်းပေးထားသလို နောက်ခံတီးလုံးကလည်း Blues သံစဉ် ခပ်မိုက်မိုက်လေးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်ထဲက စုံထောက်ကြီးတစ်ယောက်လို အလိုလို ဖီးလ်တက်လာမှာ အသေအချာပါပဲ။ Murder on Space Station 52 ဟာ မှုခင်းကားတွေ ကြိုက်တဲ့သူတွေ၊ ခေါင်းသုံးရတာ ဝါသနာပါပြီး ရှာလော့ဟုမ်း ဒါမှမ မဟုတ် ကိုနန် ဝင်စားချင်တဲ့ Brother တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဆေးတစ်ခွက်ပါပဲ။ playstore မှာဆိုဝယ်ဆော့ရမယ့်ဂိမ်းတစ်ခုဖြစ်တာကြောင့် မဆော့ရတေးဘူးဆိုရင် ဆော့ကြည့်ထိုက်တဲ့ဂိမ်းထဲပါပါတယ် Size = 1.13 GB Gamelink👇👇👇 https://apkvision.org/games/adventure/murder-on-space-station-52-131910/
без подписи
без подписи
без подписи
I Am Bird လူဖြစ်ရတာ ပင်ပန်းပြီး စိတ်ညစ်စရာတွေ များနေတဲ့ Brother တို့အတွက် ဘဝခဏတာအမောတွေပြေချင်တယ်ဆိုရင်တော့ I Am Bird ကိုဆော့ကြည့်ကြပါ ဒီဂိမ်းမှာတော့ Super Hero ဇတ်ကောင်တစ်နေရာကနေ ဆော့ရမှာမဟုတ်ဘဲ မြို့ပြကြီးရဲ့ ကောင်းကင်ယံကို စိုးမိုးမယ့် ခို ကြီး ဖြစ်သွားမှာပါ။ ရိုးရိုးခို မဟုတ်ဘူးနော်၊ လမ်းသွားလမ်းလာတွေကို ဒုက္ခပေးမယ့် ခိုသူခိုး ကြီးပေါ့။ Gameplay ပိုင်းကတော့ လွတ်လပ်မယ်၊ မွှေမယ်၊ နှောက်မယ်လို့ ပြောရမယ်။မြို့ပြရဲ့ ခေါင်မိုးတွေ၊ လမ်းမတွေဟာ ကိုယ့်ရဲ့ ကစားကွင်းပါပဲ။ လမ်းလျှောက်နေတဲ့ လူတွေဆီက မုန့်တွေကို ဓားပြတိုက်မလား၊ ရည်းစားစကားပြောနေတဲ့ စုံတွဲကြားထဲ ဝင်မွှေမလား... ဒါမှမဟုတ် အောက်ကလူတွေ လန့်သွားအောင် ခေါင်းပေါ် 💩 ပါချပြီး Surprise လုပ်မလား... ကြိုက်သလို မွှေလို့ရတယ်။ ဒီဂိမ်းရဲ့ အသက်ကတော့ အောက်က လူတွေ ရဲ့ Reaction တွေပါပဲ။ ကိုယ်က သွားစနောက်လိုက်ရင် သူတို့ လန့်သွားတာ၊ ဒေါသထွက်ပြီး အော်တာဟစ်တာတွေကအစ အူတက်နေရမှာ။ Physics တွေကလည်း ရှယ်မိုက်တော့ ပျံရတာ၊ နားရတာ၊ လူတွေကို ဝင်တိုက်ရတာကအစ အစစ်အတိုင်းပဲ ခံစားရမယ်။ ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်မူတည်ပြီး မြို့ထဲမှာ ဖရိုဖရဲတွေ ဖြစ်ကုန်မှာပါ။ I Am Bird ဟာ စိတ်ဖိစီးမှုများပြီး ပေါက်ကွဲချင်နေသူတွေ၊ သူများကို စနောက်ရတာ ဝါသနာပါတဲ့ Brother တွေအတွက်တော့ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဆေးတစ်ခွက်ပါပဲ။ ကဲ... တောင်ပံဖြန့်ပြီး မြို့ကြီးကို မွှေနှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား? လူတွေကို ဒုက္ခပေးပြီး အူတက်ဖို့ Ready ဆိုရင်တော့ ဆော့ကြည့်လိုက်ပါအုန်းနော်။ Size = 517 MB Link 👇👇👇 https://apkvision.org/games/role-playing/i-am-bird-131816/
без подписи