tgindex
ဂမ္ဘီရဗေဒင်

ဂမ္ဘီရဗေဒင်

Статистика

မဟာဘုတ်တိုင်ထူပြီး မြန်မာ့ရိုးရှာဗေဒင်မေးကြမယ်

Последний пост
10 авг.
Последнее чтение
15 авг.
Постов за неделю
8
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 493
−5 за 3 дн.
Сутки
−4
−0,27%
Неделя
 
Месяц
 
Просмотров на пост
78
20 постов
Вовлечённость
5,2%
к подписчикам
Постов в день
1,1
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
42
1/48двое суток
48
1/72трое суток
51

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ စနေ သားသမီး ယခုကာလအတွင်း ဘာပဲလုပ်လုပ် သတိပြုရမည်။ အလောတကြီး အရေးတကြီးမလုပ်ပါနဲ့။ ဆုံးဖြက်ချက်များ လွယ်လွယ်မချမှတ်ပါနဲ့။ဘာပဲလုပ်လုပ် စနစ်တကျဖြင့် တိကျ ပြတ်သားစွာ လုပ်ကိုင်ပါ။မိမိကိုယ်ကို ယုံကြည်မူ့ထားပါ အားလျော့စိတ်လျော့တာတွေ မလုပ်ပါနဲ့ မိမိလုပ်ဆောင်မည့် ကိစ္စများကိုလည်း စိတ်ရှည်စွာဖြင့် လုပ်ကိုင်ပါ။ ဘယ်လိုအခက်အခဲ အဆင်မပြေမူ့တွေပဲရှိရှိ မကြာခင် အဆင်ပြေသွားပါလိမ့်မည်။ ကူညီပေးမယ့်သူတွေလည်း ရှိလာနိုင်တာကြောင့် အပြောင်းအလည်းတွေ ဖြစ်လာဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ အတွေ့အကြုံ နှင့်အသိပညာ ပေါင်းစပ်၍ ကြိုးစားပါ။ယခုရက်သတ္တပတ်အတွင်း အခက်အခဲတစ်ခုကြုံရမည်။ယခင်က ကြုံခဲ့ဖူးသော မပြီးပြက်သေးသော ကိစ္စတစ်ခုကို တစ်ဖန်ဖြေရှင်းရတတ်သည်။အလုပ်တွင် သူတစ်ပါးရဲ့ တိုက်ခိုက်ခြင်း ခံရမည်။လောင်းကစားကိစ္စများ မလုပ်ပါနဲ့ဦး။ ခရီးသွားရန်ကိစ္စများ အခြားကိစ္စတခုကြောင့် မသွားဖြစ်ပဲ ရှိနေတတ်သည်။ ပညာရေးကိစ္စတွေကတော့ အခက်အခဲအနည်းငယ်ကြုံရလိမ့်မည်။မိမိရဲ့ကံထက် ဉာဏ်ကိုသာဦးစားပေးပါ။ကျန်းမာရေးကတော့ ခေါင်းမကြည်ခြင်း၊မျက်ရိုးကိုက်ခြင်း၊ဦးခေါင်တွင် မတော်တဆ ထိခိုက်ဒဏ်ရရခြင်း ဖြစ်မည်။အချစ်ရေးကိစ္စတွေမှာ ရွေးချယ်ရခက် စဥ်းစားခက်အခြေနေဖြစ်တတ်သည်။အိမ်ထောင်ရေးလည်း သာယာမူ့နည်းပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၄၊၅၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ လိမ္မော်ရောင်ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ ဘယာကြော် ၉ခု ကပ်လှူပါ။ ယပ်အဖြူ ၉လက် လှူပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ သောကြာ သားသမီး လက်တလောတွင် လုပ်ငန်းသစ်၊စီးပွားသစ်များ စတင်လုပ်ကိုင်ခြင်း၊လုပ်ငန်းတိုးချဲ့ခြင်း၊ဆိုင်သစ် စတင်ဖွင့်လှစ်ခြင်းများ ရက်သတ္တပါတ်အတွင်း မပြုလုပ်သင့်သေးပါ။လောင်းကစားနဲ့ပက်သက်သောလုပ်ငန်းများ၊အချေးအငှားများနဲ့အာမခံကိစ္စများလည်း ​ရှောင်ပါ။ငွေကြေးဆုံးရူံးခြင်းနဲ့ငွေကြေးရှာဖွေရခက်ခဲခြင်း ဖြစ်တတ်သည်။အဝတ်အထည်လုပ်ငန်းများ၊ကျန်းမာရေးဆေးဝါး လုပ်ငန်းများ၊စပ်တူရှယ်ယာလုပ်ငန်းများ ကောင်းမွန်ပါလိမ့်မည်။ ခရီးထွက်ရန် စီစဥ်ထားသည်များ အခက်အခဲကြုံရပြီးမှ သွားရတတ်သည်။ဘာပဲလုပ်လုပ် ​နှောင့်နှေးမူ့ အဆင်မပြေမူ့တွေများနေရတတ်သည်။၅ဂဏန်းပါသော ငွေကြေးဆုံးရူံးရတတ်သည်။အခုကာလအတွင်း စိတ်ထင်ရာတယူသန်လုပ်ကိုင်ခြင်း လောဘကြီးခြင်း ဆင်ခြင်ပြီး စိတ်ရှည်ခြင်း၊ကံထက် မိမိဥာဏ်ကိုအားကိုအားထားခြင်း၊ မိမိဖြစ်ချင်သော ဆန္ဒများကိုသာ ဦးတည် ကြိုးစားလျင် အဆင်​ပြေလာပါလိမ့်မည်။အမျိုးသမီးတစ်ဦး၏ အကူညီဖြင့် အဆင်ပြေတတ်ပါသည်။ ပညာရေးအနေနဲ့ ယခုကာလမကောင်းသေးပါ။အခြားသော အခက်အခဲတွေကြောင့် ပညာရေးကိုထိခိုက်စေတတ်ပါသည်။ကျန်းမာရေးမှာ လက်ယာခြေထောက်ထိခိုက်ဒဏ်ရာရတတ်ပါသည်။အချစ်ရေးကိစ္စတွေကတော့ တစ်ဦးနဲ့တစ်ဦးကြား နားလည်မူ့လွဲ၍ ဆန့်ကျင်ဘက်ဖြစ်နေတက်သော အချိန်ဖြစ်သည်။အထီးကျန်သလို ခံစားရတတ်သည်။အိမ်ထောင်ရေး အနည်းငယ်ညံ့ပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၂၊၅၊၈ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် အပြာနု ရောင်ဖြစ်သည်။ ယတြာ - မိမိနေ့တွင် နေအိမ်ဘုရားမှာ အလင်းတိုင် ၉တိုင် ပူဇော်ပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ ကြာသပတေး သားသမီး အလုပ်အကိုင်အသစ် သို့မဟုတ် ရာထူးတိုးတာမျိုး ကြုံရတတ်ပါသည်။ ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်တွေ၊ ဖန်တီးမှုပိုင်းဆိုင်ရာ အလုပ်တွေမှာ အောင်မြင်မှုရရှိတတ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမူ့တွေ ရှိနေပါက မကြာခင် အေးချမ်းမူ့ ပျော်ရွင်မူ့တွေ ရရှိပါလိမ့်မည်။၁၀ရက်အတွင်း ၁လအတွင်းမှာ ရည်မှန်းထားသည့် ရည်ရွယ်ချက်အောင်မြင်လိမ့်မည်။ကြည်နူးစရာ သတင်းစကားကြားရခြင်း လက်ဆောင်ပစ္စည်းရရှိခြင်းကြုံရမည်။လိုအပ်သောနေရာတချို့ကို ကူညီထောက်ပံံ့နိုင်လိမ့်မည်။အလုပ်အကိုင်နဲ့ပက်သက်ပြီး မိမိလုပ်ကိုင်ထားသော လုပ်ငန်းတချို့အောင်မြင်လာလိမ့်မည်။ကျန်းမာရေးဆေးဝါးလုပ်ငန်း၊ရေလုပ်ငန်း၊အနုပညာလုပ်ငန်း၊စာပေလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်း ၊ အလှအပလုပ်ငန်း နှင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေတိုးတက်မည်။လာဘ်လာဘနဲ့ရွှေထည် ဝင်မည်။စိတ်နှလုံး အေးချမ်းလိမ့်မည်။လိုချင်ဖြစ်ချင်သော ဆန္ဒတချို့ပြည့်ဝလာမည်။ တပါတ်တာအတွင်း ထီကံလည်း ကောင်းနေတာကြောင့် ထီကံစမ်းပေးပါ။ ချစ်ခင်ရင်းနှီးရသူတချို့နဲ့ ဆုံတွေ့ရမည်။အရောင်းဝယ်လုပ်ငန်းများ ရောင်းပန်းပွင့်လာလိမ့်မည်။ပညာရေးကိစ္စတွေကတော့ မိမိမျှော်မှန်းထားသလောက် အောင်မြင်မူ့ရရှိမည်။စိတ်ချမ်းသာရမည်။ကျန်းမာရေးလည်း ကောင်းမွန်ပါသည်။အချစ်ရေးမှာတော့ အချစ်သစ် ပျော်ရွင်မူ့သစ်တွေနဲ့ကြုံရပါလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။သားသမီးရခြင်း၊မွေးဖွားရခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ ၁၊၂၊၄ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ ငွေရောင်ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ ကောက်ညင်းပေါင်းတပွဲ ၊ ကော်ဖီတခွက် လှူပေးပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ ဗုဒ္ဓဟူး သားသမီး စိတ်ကူးရည်ရွယ်ချက်များရှိပေမယ့် လက်တွေ့လုပ်ဆောင်ရန် တွေဝေနေတတ်သည်။ အလုပ်ကိစ္စတစ်ခု ဆက်လုပ်ရမှာလိုလို မလုပ်ရမှာလိုလိုနဲ့ ချီတုံချတုံ မဝံ့မရဲ ဖြစ်နေတတ်သည်။ယခုကာလဟာ စိတ်ရှည်ပြီး ဝိရိယ ရှိသင့်သော ကာလဖြစ်သည်။အလုပ်ကိစ္စ ပညာရေးကိစ္စများတွင် အခွင့်လမ်း အခွင့်ရေးများ ရရှိတတ်တာကြောင့် မိမိရဲ့ ကြိုးစားအားထုတ်မူ့ ရှိနေဖို့လိုအပ်သည်။ ၄ဂဏန်းပါသော ငွေကြေးဝင်မည်။အိုးအိမ်ခြံမြေကိစ္စများ အဆင်ပြေလိမ့်မည်။ ဘဏ်လုပ်ငန်း ၊ ချေးငွေကိစ္စများ ၊ ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေမည်။ အိုးအိမ်နေရာကိစ္စများ အဆင်ပြေမည် နေရာသစ်ပြောင်းရွေ့နေထိုင်ရခြင်း လုပ်ကိုင်ရခြင်း ဖြစ်မည်။ နိုင်ငံရပ်ခြား လုပ်ငန်းကိစ္စများ ကောင်းမွန်မည်။ အလုပ်နေရာ အပြောင်းအလည်းဖြစ်ခြင်းများ ကြုံရမည်။ အမွေကိစ္စ စကားပြောရမည်။အရောင်းဝယ်ကိစ္စ တစ်ခုဖြစ်မည်။ လုပ်ငန်းမှ အကျိုးမြတ်ပေါ်မည်။ပညာရေးကိစ္စတွေမှာ ထူးချွန်အောင်မြင်တတ်သည်။ပညာရေးနဲ့ပက်သက်သော စိတ်ချမ်းသာမူ့တစ်ခုရမည်။ကျန်းမာရေးကိစ္စများ ကောင်းမွန်ပါသည်။ အချစ်ရေးမှာ နှလုံးသားထက် ဦးနှောက်နဲ့ဆုံးဖြက်မှ ကောင်းမွန်ပါလိမ့်မည်။ချစ်သူအပေါ် သဝန်တိုစိတ်တွေကြောင့် ပူပန်နေရတတ်သည်။အိမ်ထောင်ရေးမှာ အနည်းငယ်စိတ်ပင်ပန်းရတတ်သည်။ ကံကောင်းစေသော ဂဏန်းများမှာ ၁၊၄၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ ကြက်သွေးရောင် ဖြစ်ပါသည်။ ယတြာ -မိမိနေ့တွင် နေအိမ်ဘုရားမှာ လ္ဘက်ရည် ၁ခွက် ပေါင်မုန့်၁လုံး ကပ်လှူ၍ ကံကောင်းခြင်းကိုရယူနိုင်ပါသည်။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ အင်္ဂါ သားသမီး လူမူ့ရေးနဲ့လုပ်ငန်းပိုင်းတွေမှာ စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိစ္စများနဲ့ကြုံနေရတတ်သည် ။မိမိကမှန်ကန်နေသော်လည်း မကောင်းပြောခံရ မကောင်းမြင်ခံရတတ်သည်။တတ်နိုင်သမျှ ကြားဝင်ကူညီခြင်းများ ဆင်ခြင်ပါ။ စိတ်ဓာတ်ကျခြင်း၊ စိတ်မပျော်ခြင်းများ ဖြစ်ပေါ်တတ်သည်။ မလိုအပ်သော အတွေးများ၊ စိုးရိမ်ပူပန်းများကို လျော့ချရမည်။လက်ရှိမှာအခက်အခဲတွေ ကြုံနေရပါက တယောက်တည်း စိတ်ဓာတ်ကျနေတာမျိုးမဟုတ်ပဲ မိတ်ဆွေတွေ ဆရာသမားတွေစီက အကူညီအကြံဉာဏ်ကောင်းများ ရယူ ဖြေရှင်းလိုက်ပါ။ ရေလုပ်ငန်း၊အိုးအိမ်မြေနေရာလုပ်ငန်း၊စိုက်ပျိုးရေးဆေးဝါးလုပ်ငန်းများ အကျိုးပေးအဆင်ပြေလိမ့်မည်။ငွေကြေးအလောင်းအစားများ သတိပြုပါ။အပြောင်းအရွေ့ကိစ္စများ ကောင်းမွန်သည်။ နေရာသစ် အလုပ်သစ် ဝန်းကျင်သစ်တွေမှာ အဆင်ပြေတတ်သည်။ ပညာရေးကိစ္စမှာ အခြားကဏ္ဍတွေကြောင့် စိတ်အနှောင့်ယှက်ဖြစ်တတ်သည်။ကျန်းမာရေး မျက်စိ၊လက်မောင်း စသည့်နေရာများတွင် ဝေဒနါဖြစ်ပေါ်တတ်သည်။အချစ်ရေးကိစ္စတွေကတော့ ဒီအချိန်မကောင်းသေးပါ။ချစ်သူနဲ့နားလည်မူ့လွဲ သဘောထားကွဲလွဲတတ်သည် နှစ်ဖက်မျှတအောင် တွေးပါ ။အိမ်ထောင်ရေးလည်း အနည်းငယ်ညံ့တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၄၊၆၊၈ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် နံ့သာရောင်၊အစိမ်းနုရောင် ရောင်ဖြစ်သည်။ ယတြာ - မိမိနေ့တွင် ငါး၈ကောင်လွှတ်၍ ဆုတောင်းပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ တနင်္လာ သားသမီး တနင်္လာသားသမီး ရက်သတ္တပါတ်အတွင်း ထူးထူးခြားခြား ကံကောင်းနေလိမ့်မည်။မိမိလိုချင် ဖြစ်ချင်သော အရာများ အလွယ်တကူလုပ်ဆောင်နိုင်မည် ရယူနိုင်မည်။ စိတ်ကူးနဲ့စိတ်ခံစားချက်များကို လက်တွေ့အကောင်ထည်ဖော်နိုင်မည်။ခရီးရပ်ဝေး ထွက်ရခြင်း၊အဝေးမှ အံ့သြစရာကောင်းသော သတင်းစကား ကြားရခြင်းများ ဖြစ်ပေါ်မည်။တန်ဘိုးရှိ အကျိုးရှိ လက်ဆောင်ပစ္စည်း နေအိမ်သို့ ရောက်မည်။နေအိမ်အနီး(သို့)နေအိမ်တွင်ဖြစ်စေ ကလေးမွေးဖွားခြင်း၊ စေ့စပ်ပွဲ သို့မဟုတ် အိမ်ထောင်ပြုခြင်း၊ ပရောဂျက်အသစ်တစ်ခုကမ်းလှမ်းခြင်း စသည်များ ဖြစ်ပေါ်တက်သည်။၄င်းအချက်များထဲမှ တခုခုဖြစ်လာပါက ထီထိုးပါ ကံစမ်းပါ ချဲ၊ထီ၊ကံစမ်းမဲများ ပေါက်လိမ့်မည်။ရေလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းမည်။တယ်လီဖုန်း အသစ်ဝင်မည်။ မိတ်ဆွေကောင်းတစ်ဦးရရှိမည် ပတ်သက်ရမည်။ငွေကြေးအလုံးအရင်း ဝင်မည်။ပညာရေးကိစ္စများတွင် စိတ်ငြိမ်စွာ ဖြေဆိုပါ။အောင်မြင်မူ့ရရှိပါလိမ့်မည်။ကျန်းမာရေးအနေနဲ့ ကောင်းမွန်ပါသည်။မေတ္တာရေးမှာ စန်းကောင်းပါလိမ့်မည်။မိမိမျှော်လင့်ထားသူရဲ့ ကောင်းသောတုံ့ပြန်မူ့ရရှိပါလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊၅၊၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အပြာရောင် ဖြစ်ပါသည်။ ယတြာ - ငါးများကို အစာကျွေးကုသိုလ်ပြု ဆုတောင်းပါလေ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ အထိ တနင်္ဂနွေသားသမီး ယခုကာလဟာ ယုံကြည်မူ့နှင့် လုပ်နိုင်စွမ်း ပြည့်ဝနေပါလိမ့်မည်။ ဆောင်ရွက်ထားသော ကိစ္စများထဲမှ အောင်မြင်မူ့တချို့ ရရှိမည်။ အရေးကြီးကိစ္စနဲ့ ခရီးတစ်ခုထွက်ရမည်။အလုပ်၌ အလျင်စလို ပြုလုပ်တာများ ယခုကာလသတိပြုပါ။အောက်လက်ငယ်သား (သို့) မိမိရင်းနှီးရသူတစ်ဦးနဲ့ ကတောက်ကဆဖြစ်မည်။ စိတ်ဖိအား တွန်းအား မခံချင်စိတ်များ ဖြစ်ပေါ်မည်။အလုပ်များတတ်သောကာလဖြစ်ပြီး မိမိကိုယ်ကိုအားမလိုအားမရဖြစ်နေတတ်သည်။အရောင်းဝယ်သမားများ အပြိုင်အဆိုင်ဖြစ်ခြင်း အတိုက်အခံဖြစ်ခြင်း ကြုံ မည်။ အုပ်ချုပ်သူ အကြီးအကဲတချို့ကြောင့် စိတ်ပင်ပန်းရလိမ့်မည်။နေအိမ်သို့ ဧည့်သည်​ရောက်မည် ၄င်းကြောင့်စိတ်ညစ်ရတတ်သည်။ပညာရေးကိစ္စတွေကတော့ ပင်ပန်းမူ့ရှိစေတတ်သောကာလဖြစ်ပြီး မိမိရဲ့အားထုတ်မူ့ပေါ် သက်ရောက်နေတဲ့ကာလပါ။ကျန်းမာရေးကတာ့ မတော်တဆ ခြေ လက် ထိခိုက်မိတတ်သည်။အချစ်ရေးကံကတော့ အနှောင့်အယှက်တချို့ကြောင့် စိတ်ထိခိုက်မူ့ စိုးရိမ်ပူပန်မူ့များနေရတတ်သည်။အိမ်ထောင်ရေး အနည်းငယ်ညံ့တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၃၊၆၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ မိုးပြာ ရောင်ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ လိမ္မော်ရည်အေးအေး ၂ခွက် လှူပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • ⚡ ရက်သားသမီးများအတွက် တစ်ပါတ်တာ ကံကြမ္မာဟောစာတမ်း ☸️☸️ 1️⃣0️⃣ 🔠🔠🔠 2️⃣6️⃣ 1️⃣7️⃣ 🔠🔠🔠 2️⃣6️⃣ by ဆရာထက်မြတ်အောင် (မြန်မာရိုးရာ ဗေဒင်ပညာ) #ဂမဘီရဗေဒင်

  • 🔢 ရက်သားသမီးအတွက် တစ်လစာ အထူးဟောကိန်း ယခုတစ်လတာအတွင်း ကံဇာတာကောင်းမွန်ပြီး ရည်ရွယ်ချက်များ အဆင်ပြေတတ်သော နေ့နံများ တနင်္ဂနွေ ဗုဒ္ဓဟူး တနင်္လာ အင်္ဂါ ၈လပိုင်းကာလမှာ မိမိဆန္ဒ ရည်ရွယ်ချက်များ လုပ်ဆောင်ခွင့်ရရှိပြီး အဆင်ပြေမည်။ ကံဇာတာကောင်းမွန်ပြီး အောင်မြင်မူ့ရပါလိမ့်မည်။ Htet Myat Aung(မြန်မာ့ရိုးရာ ဗေဒင်ပညာ)

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ စနေ သားသမီး ယခုကာလအတွင်း ရွေးချယ်ရခက် ဆုံးဖြက်ရခက်သောကိစ္စများ၊ စိတ်၂ခွဖြစ်စေသော ကိစ္စရပ်များ ကြုံတွေ့နေရတတ်သည်။ မိမိနဲ့ အဆင်မပြေ မအပ်စပ်သော နေရာ၊မိတ်ဆွေ၊ဝန်းကျင်တို့တွင် ပက်သက်နေထိုင်ရတတ်သည်။ ယခုကာလအတွင်း မည်သည့်ကိစ္စတွေမှ ကြားဝင်ပါခြင်း ​ရှောင်ကြဥ်ရမည်။ မိမိရှေ့မှာပင် တရားမမျှတသော ကိစ္စရပ်များ ၂ခါ ကြုံတတ်၏ ။ ဘယ်ကိစ္စမဆို စိတ်ချမ်းသာဖို့ တခါတရံ မသိချင်ယောင်၊မမြင်ချင်ယောင်ဆောင်နေခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မည်။ မိမိက ဖြေရှင်းပေးရမယ့်ကိစ္စများတွင်လည်း မျှတမူ့ရှိရန်လိုအပ်ပေသည်။ အရောင်းအဝယ်ကိစ္စများ အလျင်စလိုမပြုရ။ အရေးကြီးသော ဆုံးဖြက်ချက်များ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုး ကိစ္စများတွင်လည်း သတိပြု၍ လုပ်ဆောင်ပါ။ မိခင်(သို့) အမျိုးသမီးတဦး၏ ကူညီမစခြင်း ခံရမည်။ ရေလုပ်ငန်းများတွင် အကျိုးမြတ်ကောင်းရတတ်၏ ။ ပညာရေးကိစ္စနဲ့ပက်သက်ပြီး အနည်းငယ်စိတ်ပင်ပန်းရမည်။ကျန်းမာရေးကတော့ မျက်စိမှာ ဥပဒ်ဖြစ်တတ်သည်။အချစ်ရေးကိစ္စတွေကတော့ ရွေးချယ်ရခက်တတ်သလို၊အထီးကျန်မူ့ ဝမ်းနည်းမူ့တို့လည်း ကြုံရတတ်သည်။အိမ်ထောင်ရေး မကောင်းသေးပါ။ ကံကောင်းစေသော ဂဏန်းများမှာ ၂၊၄၊၆ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင် အဝါဖျော့ဖျော့၊ခဲရောင် ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ ကြံရည်(သို့) ကြံညွှန့် ၂ညွှန့် လှူဒါန်းပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ သောကြာ သားသမီး လုပ်ငန်းသစ်များ တိုးချဲ့ရမည်။ ကြုံတွေ့နေရသော အခက်အခဲများ ကျော်လွှားနိုင်မည်။ ရပ်ဝေးမှ စီးပွားရေး ဆက်သွယ်မူ့များ အကျိုးတူပူးပေါင်းမူ့များဖြစ်လာမည်။မိတ်ဆွေတစ်ဦး၏လိမ်လည်လှည့်ဖြားမူ့ကိုခံရမည်။ငွေပေးငွေယူသတိထားပါ။ ယခုကာလအတွင်း အခွင့်အလမ်းသစ်များ ရရှိမည်။ အခွင့်အလမ်းများအပေါ် သတိဖြင့်လုပ်ကိုင်ပါ။ဆိုင်ခန်းအသစ်ရခြင်း၊တိုးချဲ့ခြင်းပြုရမည်။ရာထူးတိုးခြင်း၊လစာတိုးခြင်း၊ အလုပ်နေရာကောင်းများ ရရှိလာမည်။ အလုပ်နေရာပြောင်းရွှေ့ရခြင်း၊အိမ်နေရာပြောင်းရခြင်း၊အိမ်ပြင်ရခြင်း ဖြစ်မည်။ အကြွေးရစရာ ရှိက ပြန်ရမည်။အလုပ်ရှာနေသူများ မကြာခင် အလုပ်ရမည်။ခရီးတစ်ခုသွားရလိမ့်မည်။ မမျော်လင့်ပဲ ပြဿနာတခုကို ရင်ဆိုင်ဖြေရှင်း ရလိမ့်မည်။နေအိမ်သို့ ရွှေထည်ပစ္စည်းတစ်ခုဝင်မည်။ပညာရေးကိစ္စများတွင် အောင်မြင်စွာ ဖြေဆိုနိုင်မည်။ကျန်းမာရေးကတော့ လက်တစ်ဘက်နာရန်ရှိသည်။သွေးပေါင်တက်၊ကျ ခေါင်းမူးဖြစ်တတ်သည်။အချစ်ရေးကိစ္စတွေကတော့ ကောင်းမွန်ပါသည်။ မပြေမလည်ရှိနေသူများ မကြာခင်ပြေလည်သွားပါလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသော ဂဏန်းများမှာ ၁၊၂၊၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဖြူ၊နီညို ရောင် ဖြစ်ပါသည်။ ယတြာ - နေအိမ်ဘုရားမှာ မုန့်ဟင်းခါးတစ်ပွဲ ကပ်လှူပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ ကြာသပတေး သားသမီး ဆိုင်ခန်းရှာဖွေနေသူများရရှိလိမ့်မည်။ ကိုယ်ပိုင်လုပ်ငန်း၌ ရန်အနည်းငယ်ပေါ်မည်။သူတပါးကိစ္စများကို ကြားဝင်အာမခံခြင်း ဆင်ခြင်ပါ။ သူတပါးရဲ့အမှုကိစ္စများကိုလည်းလိုက်လံဆောင်ရွက်ရတတ်သည်။ မိမိဖြေရှင်းပေးသမျှကိစ္စများမှာလည်း အဆင်ပြေသွားတတ်ပါသည်။ အမှု့ကိစ္စ ၊ ဖြေရှင်းစရာ ကိစ္စများ ရှိပါက မိမိက အနိုင်ရမည်။ လေးစား ချီးကျူး မူ့ခံရမည်။ အမွေအတွက်၊မြေအတွက် စကားပြောရလိမ့်မည်။ စာချုပ်စာတမ်းကိစ္စများ ဆောင်ရွက်ရတတ်သည်။ လုပ်သမျှကိုင်သမျှ အနည်းငယ်အလွဲလွဲ အချော်ချော်ဖြစ်လိမ့်မည် သတိပြုလုပ်ကိုင်ပါက အဆင်ပြေတတ်ပါသည်။ယခုရက်သတ္တပါတ်တာဟာ စိတ်ပိုင်းဆိုင်ရာရဲ့ ပေးစွမ်းနိုင်သော အောင်မြင်မူ့ကိုရတတ်သည်။မည်သည့်အခက်ခဲ ကြုံကြုံ စိတ်ဓာတ်မကျပဲ စိတ်ရဲ့စွမ်းအားဖြင့် ဖြက်ကျော်နိုင်လိမ့်မည်။ အရောင်းအဝယ်ကိစ္စများ ကောင်းမွန်လာနိုင်သည်။ ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းတစ်ခုခုဝင်မည်။ ယခုကာလအတွင်း တွင်းထွက်ပစ္စည်းများ အကျိုးပေးမည် ။သူတစ်ပါးရဲ့ မဟုတ်မမှန်စွပ်စွဲခြင်းကို ခံရလိမ့်မည်။အမျိုးသမီးမိတ်ဆွေတဦးဦးစီမှ ကူညီမူ့ရရှိလာပါလိမ့်မည်။ပညာရေးကိစ္စမှာ ခက်ခဲသော စာမေးပွဲတွေကို အောင်မြင်စွာဖြင့် ဖြေ ဆိုနိုင်မည်။ ကြိုးစားသမျှတွေလက်တွေ့ အသုံးချပါ။ အောင်မြင်ပါလိမ့်မည်။ ကျန်းမာရေးအနေနဲ့ကတော့ ကြီးမားတဲ့အညံ့ မရှိပါ။ သွားနဲ့ပတ်သက်ခြင်း၊ အစားမှားခြင်း၊ ​​ခြေလတ်ထိခိုက်မိ၍ သွေးထွက်သံယိုဖြစ်ခြင်းများ ဖြစ်တတ်သည်။အချစ်ရေးကိစ္စမှာ ချစ်သူအတွက် အနည်းငယ် စိတ်ပင်ပန်းရတတ်သည်။တခါတရံ ကတောက်ကဆလေး ဖြစ်တတ်ပါသည်။အိမ်ထောင်ရေးကတော့ သာယာပါသည်။ ကံကောင်းသော ဂဏန်းများမှာ ၂၊၃၊၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဖြူရောင် ဖြစ်ပါသည်။ ယတြာ-နေအိမ်ဘုရားမှာ စံပယ်ပန်း ၈ကုံးလှူပါ။ ကြီးကဲသော အမျိုးသမီးတစ်ဦးဦးကို ကုသိုလ်ပြုပေးပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ ဗုဒ္ဓဟူး သားသမီး ခရီးသွားရခြင်း ၊ အလုပ်နေရာ ပြောင်းရွေ့ရခြင်း နိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေခြင်း ၊ နိုင်ငံရပ်ခြား ခရီးများ သွားရခြင်း ကြုံရမည်။ ရည်ရွယ်ချက်များ အကောင်ထည်ဖော်နိုင်သောကာလဖြစ်သည်။ မိမိမှာရှိသည့် အခက်ခဲများလည်း မကြာခင်ပြေလည်သွားနိုင်သည်။အလုပ်ကိုင်စီးပွားရေးနဲ့ပတ်သက်သောကိစ္စများတွင် အစစအရာရာကောင်းသောကာလတစ်ခုဖြစ်သည်။ အမျိုးသမီးများထံမှကူညီကောင်းများရရှိပါလိမ့်မည်။အကြီးကဲများရဲ့ မစခြင်းခံရမည်။ဆေးဝါးပစ္စည်း ရမည်။ အနုပညာနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေမည်။ ထီကံစမ်းမဲပေါက်ခြင်း(သို့)ဝမ်းသာစရာကိစ္စတစ်ခုကြုံမည်။မိတ်ဆွေသစ်ရရှိမည်။တနလ်ာသားသမီး တစ်ဦးဦးနဲ့ ပြဿနာဖြစ်တတ်သည်။ပညာရေးတွင် ကျန်းမာရေးအနှောက်အယှက်များ ရှိလာနိုင်သည်။ သို့သော် အဆင်ပြေသွားပါလိမ့်မည်။ကျန်းမာရေး စိုရိမ်စရာမရှိပါ။သို့သော် အိမ်သူအိမ်သားတစ်ဦးဦးကျန်းမာရေးညံ့လိမ့်မည်။အချစ်ရေးမှာ စန်းကောင်းမည်။ချစ်သူမရှိသူများ ချစ်သူရလိမ့်မည်။အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊၄၊၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းနု ရောင် ဖြစ်ပါသည်။ ယတြာ-နေအိမ်ဘုရားမှာ အလင်းတိုင်၂တိုင်ပူဇော်၍ ဆုတောင်းပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ အင်္ဂါသားသမီး ရေရှည်လုပ်ကိုင်မည့် လုပ်ငန်းများကို စတင်ခြင်း လေ့လာသင်ယူခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်သင့်သည်။ ရာထူးတိုးကိစ္စ၊ အင်တာဗျူးကိစ္စများ ​ပြုလုပ်ရမည် စိတ်ရှည်စွာဖြင့် ကြိုးစားလုပ်ဆောင်ပါ အဆုံးသတ်ရလဒ်ကောင်းမည်။ ကောင်းနိုးရာရာ လုပ်ငန်းများ လိုက်၍လုပ်ဆောင်နေတာထက် အလုပ်တစ်ခုကိုသာ စိတ်ရှည်စွာဖြင့် ကြိုးစားလုပ်ကိုင်သင့်သည်။ စိတ်ရှည် သည်းခံခြင်းရဲ့ အကျိုးကို ဝမ်းမြောက်စွာ ရရှိပါလိမ့်မည်။ ပျင်းရိခြင်း စိတ်ကူးယဥ်ခြင်း ဝိရိယအားနည်းတတ်သူတွေကတော့ ယခုကာလ လွဲချော်မူ့တွေရှိနေပါလိမ့်မည်။ မိတ်ဆွေတချို့ရဲ့ ဝေဖန်မူ့ခံရတတ်သည် မိမိယုံကြည်ရာကိုသာ အာရုံထားပါ ။၇ဂဏန်း ငွေကြေးဝင်လိမ့်မည်။စောင့်ဆိုင်းရသည့် ကြွေးမှီးတချို့ရရှိမည်။ အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း ခံစားလွယ်ခြင်း တခါတရံ ဖြစ်နေတတ်သည်။ ပညာရေးကိစ္စများ ကောင်းမွန်ပါသည်။ မိမိရဲ့ကြိုးစားမူ့အလျောက် အောင်မြင်မူ့တွေရရှိလိမ့်မည်။ကျန်းမာရေးမှာ လက်နာခြင်း၊ခေါင်မကြည်ခြင်း ဖြစ်တတ်သည်။အချစ်ရေးကိစ္စတွေကတော့ မိမိမျှော်လင့်စောင့်ဆိုင်းနေသူရဲ့ ကောင်းမွန်သော တုံ့ပြန်မူ့ကို ရရှိမည်။ ယခုကာလဟာ တဇွတ်ထိုးဆန်​တာတွေ ဆင်ခြင်ပါ သင့်ချစ်သူအပေါ် စိတ်ရှည်သင့်သော ကာလဖြစ်သည်။ အိမ်ထောင်ရေးကတော့ သာယာပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၃၊၅၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။ ယတြာ- နေအိမ်ဘုရားမှာ သစ်သီး ၇မျိုး ကပ်လှူပေးပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ တနင်္လာ သားသမီး ပြည်တွင်းပြည်ပ ခရီးများသွားရနိုင်သည်။ လုပ်ငန်းသစ် အတွေ့အကြုံသစ်များလုပ်ကိုင်ရမည်။ စိုးရိမ်မှုများရှိနေတတ်သာကြောင့် မလုပ်ရဲမကိုင်ရဲဖြစ်နေတတ်သည်။ အလုပ်အကိုင်ဝန်ထမ်းများ ရာထူးတိုးလစာတိုးမည်။ အလုပ်ရှာနေသူများ မကြားခင် အလုပ်ရရှိလိမ့်မည်။ အကြီးအကဲများ၏ ကူညီမစမှုများရရှိမည်။လုပ်ငန်းသစ်၊ အကြံသစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။ နှစ်ဦးစပ်တူလုပ်ငန်းများ အကျိုးပေးလိမ့်မည်။ မထင်မှတ်ပဲ ရတနာပစ္စည်း သို့ ငွေဝင်တတ်သည်။ စက်ပစ္စည်း ဝင်မည်။ ၇ဂဏန်းငွေကြေး ထွက်မည်။ မိမိမျှော်မှန်းထားတဲ့ ကိစ္စများ ဆောင်ရွက်နိုင်မည်။ စိတ်ကူးရည်ရွယ်ထားသော ခရီးများ ၊ အပျော်အပါး ပွဲလမ်းသဘင်များ၊ ကောင်းမွန်သော အခမ်းအနားများသို့ သွားရောက်ရတတ်သည်။မိမိရဲ့အိမ်အနီးနား(သို့မဟုတ်) ဆွေမျိုးထဲမှသားယောကျာ်းလေးမွေးဖွားတတ်သည် ။ပညာရေးကံ အထူးကောင်းသောကာလဖြစ်သည်။ မိမိရည်မှန်းချက်များအောင်မြင်မည်။ကျန်းမာရေး အညံ့မရှိပါ။အချစ်ရေးကတော့ ချစ်သူနှစ်ဦးကြား ပျော်ရွှင်ချမ်းမြေ့လိမ့်မည်။အဆင်မပြေဖြစ်နေသူများ မကြာခင်ပြေလည်လိမ့်မည်။အိမ်ထောင်ရေးလည်း ကောင်းမွန်ပါသည်။ သားသမီးရတနာ လိုချင်သူများ သားယောက်ကျား ရတတ်သည်။ ကံကောင်းစေသောဂဏန်းများမှာ ၁၊၇၊၉ ဂဏန်းများဖြစ်သည်။ကံကောင်းစေသောအရောင်မှာ အဝါရောင် ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ နေကြာစေ့ ကပ်လှူပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ အထိ တနင်္ဂနွေသားသမီး အလုပ်အကိုင်အင်တာဗျူးဖြေဆိုထားသူများ ရလဒ်ကောင်းကြုံမည်။အလုပ်အကိုင် တိုးတက်မည်။ အလုပ်သစ်တစ်ခု စတင်ရမည်။နေအိမ်အနီးနား ကောင်းသောအကြောင်းအရာကိစ္စတစ်ခုကြုံမည်။ထိုသို့ကြုံရပါက မိမိအတွက်လာဘ်ရမည်။ကြွေးမှီးများ မကြာခင်ပြန်လည်ရတတ်သည်။ ရည်ရွယ်ထားသောကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ စာချုပ်စာတမ်းကိစ္စ ၊ အမွေကိစ္စ ပြုလုပ်ရမည်။ မိတ်ဆွေဟန်ဆောင်သူများနဲ့ဆုံရမည်။ထူးခြားသောပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံ ဒါမှမဟုတ် ဧည့်စိမ်းရောက်မည်။ယောက်ကျားလျာ၊မိန်းမလျာဖြစ်နေရင် လက်မခံသင့်ပါ။နေအိမ်ပြုပြင်ရခြင်း ဆေးသုတ်ခြင်းပြုရမည်။ပညာရေးမှာ ဆရာသမားရဲ့ကူညီမစခြင်းခံရမည်။ အတတ်ပညာ အသိပညာတစ်ခုရရှိမည်။ကျန်းမာရေးမှာ ဦးခေါင်း၊မျက်စိ၊ဝမ်းဗိုက် အနည်းငယ်ဒုက္ခပေးမည်။အချစ်ရေး ကံကောင်းမည်။ချစ်သူမရှိပါက ချစ်သူရမည်။အိမ်ထောင်ရေးမှာ သားသမီး တစ်ဦးဦးကြောင့်စိတ်ညစ်ရတတ်သည်။ ကံကောင်းစေသောဂဏန်းများမှာ ၂၊၅၊၀ ဂဏန်းများဖြစ်သည်။ကံကောင်းစေသောအရောင်မှာ အပြာရောင်ဖြစ်ပါသည်။ ယတြာ - နေအိမ်ဘုရားတွင် ထောပက်သီး လှူလိုက်ပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • 💘 ရက်သားသမီးများအတွက် တစ်ပါတ်တာ ကံကြမ္မာဟောစာတမ်း ☸️☸️ 3️⃣ 🔠🔠🔠 2️⃣6️⃣ 9️⃣ 🔠🔠🔠 2️⃣6️⃣ by ဆရာထက်မြတ်အောင် (မြန်မာရိုးရာ ဗေဒင်ပညာ) #ဂမဘီရဗေဒင်

  • 🇽🇰 ရက်သားသမီးအတွက် တစ်လစာ အထူးဟောကိန်း ယခုတစ်လတာအတွင်း အာမခံကိစ္စများ ၊ ဆေးဝါးကံများ ကောင်းမွန်သော နေ့နံများ ဗုဒ္ဓဟူး တနင်္ဂနွေ ကြာသပတေး အင်္ဂါ တာဝန်ယူဆောင်ရွက်ထားသော လုပ်ငန်းများ အောင်မြင်မည်။ ဆေးဝါးလုပ်ငန်းများနှင့် ကျန်းမာရေးကိစ္စများ အဆင်ပြေမည်။ Htet Myat Aung(မြန်မာ့ရိုးရာ ဗေဒင်ပညာ)

  • တပါတ်တာဟောစာတမ်း 🥲🥲 🥲🥲🥲 🥲🥲🥲🥲 🤩 🤩🤩🤩 🤩🤩🤩🤩 အထိ စနေ သားသမီး အလုပ်နှင့်ပက်သက်ပြီး ခရီးတစ်ခုထွက်ရခြင်း၊နေရာအပြောင်းအလဲ အလုပ်အပြောင်းလဲ ဖြစ်ခြင်း ကြုံရမည်။ယခုကာလဟာ ဘာရယ်လို့ ရေရေရာရာမရှိပဲ အလုပ်များအချိန်ကုန်နေတတ်သည်။ကိစ္စတချို့မှာလည်း နှစ်ခု နှစ်ခါ ပြန်ပြန်လုပ်နေရတတ်သည်။ရပ်ဝေးမှ မိတ်ဆွေတစ်ချို့နေအိမ်သို့ ရောက်လာမည်။ပျော်ရွင်ဖွယ် သတင်းကောင်းတခုကြားရမည်။ ထွက်ထားသောငွေကြေးများ ပြန်ဝင်ခြင်း၊ အကြွေးမှ်ိီးများ ပြန်ရခြင်း ကြုံရမည်။ရေလမ်းခရီး မသွားရ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အနုပညာလုပ်ငန်း၊ ငွေကြေးအလဲအလှယ်လုပ်ငန်း၊ အဝတ်အထည်၊ အလှအပလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများအကျိုးပေးအဆင်ပြေမည်။တစ်စုံတယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည် ။အိုးအိမ်ခြံမြေ ကိစ္စ၊ နေရာထိုင်ခင်းကိစ္စ စကား​ပြောရမည်။ အရောင်းအဝယ် စာချုပ်စာတမ်း ကိစ္စများ ပြုလုပ်ရဖွယ်ရှိသည်။ ပညာရေးကိစ္စတွေကတော့ အခက်အခဲအနည်းငယ်ကြုံရတတ်ပေမယ့် အဆင်ပြေသွားပါလိမ့်မည်။ကျန်မာရေးလည်း ကောင်းမွန်ပါသည်။အချစ်ရေးကိစ္စတွေကတော့ အဆက်သွယ်ပြက်နေသူတစ်ယောက်မှ ဆက်သွယ်လာတတ်ပါသည်။ အိမ်ထောင်ရေးကံ အနည်းငယ်ညံ့ပါသည်။ ကံကောင်းစေသော ဂဏန်းများမှာ ၂၊၈၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ အုတ်ကျိုးရောင်၊အနီရောင် ဖြစ်သည်။ ယတြာ - သံဃာတော်များအား သစ်သီး ကပ်လှူ၍ ဆုတောင်းပါလေ ကံကောင်းခြင်းကို ပိုမိုရရှိနိုင်ပါသည်။ Htet Myat Aung(မြန်မာ့ရိုးရာ ဗေဒင်ပညာ) 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်

  • တပါတ်တာဟောစာတမ်း 🥲🥲 🥲🥲🥲 🥲🥲🥲🥲 🤩 🤩🤩🤩 🤩🤩🤩🤩 အထိ သောကြာ သားသမီး စိတ်ကြည်နူးစရာများ၊ စိတ်ခွန်အားဖြစ်စေသော စကားများ ကြားသိရမည်။ မိတ်ဆွေဟောင်းများနဲ့ ပြန်လည်ဆုံတွေ့ရခြင်း မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိခြင်းများ ဖြစ်လိမ့်မည်။ အလုပ်နေရာဟောင်းများမှ ပြန်လည်၍ ဆက်သွယ်လာတက်ပါသည်။ အလုပ်ပြောင်းလဲ လိုသူများအတွက် ကောင်းသော ပြောင်းလဲခြင်းမျိုး ဖြစ်ပါလိမ့်မည်။ နေရာထိုင်းခင်း ကိစ္စများ စီမံရမည်။အမှတ်တရပစ္စည်းများ လက်ဆောင်ပစ္စည်းများရရှိလိမ့်မည်။၆ဂဏန်းပါသော ငွေကြေးဝင်မည်။ပန်းအိုး၊ပန်းစီး နေအိမ်သို့ ရောက်လာပါက ၁အစ ၄အဆုံး ၁အစ ၆အဆုံး ဂဏန်းများ ထီထိုးပေးပါ။ ကလေးသူငယ်များကို စားစရာလေးများ ကျွေးပါ မုန့်ဖိုး တတ်နိုင်သလောက်ပေးပါ။ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပန်းဥယျာဥ်လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ထမ်းလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အလှဆင်အလှပြင်လုပ်ငန်းများ၊ အဝတ်အထည်လုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ နဲ့ အကျိုးပေးအဆင်ပြေတက်သည်။ ပညာရေးစာမေးပွဲကိစ္စများတွင် စိတ်တွေဝေမူ့တွေ ဖယ်ရှားပစ်ပါ။ မှတ်ဉာဏ်အား ကောင်းလာမည်။ အောင်မြင်မူ့သတင်းကောင်းများကြားရမည်။ကျန်းမာရေးအနေဖြင့် အအေးမိခြင်း၊ နှာစေးခြင်း ဖြစ်တက်သည်။အချစ်ရေးကိစ္စတွင် ချစ်သူစီက လက်ဆောင်ပစ္စည်းရတက်သည်။အချစ်ဟောင်းများစီကလည်း အဆက်သွယ်ပြန်ရတက်ပါသည်။အိမ်ထောင်သည်များ သားသမီးရတနာ ရတက်သည်။အိမ်ထောင်ရေး သာယာပါလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ ၁၊၄၊၆ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ ဝါကျင့်ကျင့်ရောင်၊အပြာရင့်ရောင် ဖြစ်သည်။ ယတြာ - နေအိမ်ဘုရားမှာ အဖြူရောင်ပန်း ၆ပွင့် လှူဒါန်းပါ။ 📱 https://t.me/traditionbaydin Htet Myat Aung (မြန်မာ့ရိုးရာဗေဒင် ) #ဂမဘ ရဗေဒင်