- Последний пост
- 28 окт.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Lotion Time #Classy #Luxury_Lotion
Clay Mask Time
Hyperpigmentation (အမဲစက်၊ အမာရွတ်၊ တင်းတိတ်) အတွက် တစ်ခုတည်းသော အဖြေ [REVIEW] ViHo White Glassy The Ultimate Ampoule Cream သားဖြိုး ViHo ရဲ့ The Ultimate Ampoule Cream ကို သုံးဖြစ်တာက သူ့ Ingredients တွေကြောင့်ဖြစ်တယ်။ သူ့ထဲမှာ Brightening Agent တွေ မြိုင်မြိုင်ဆိုင်ဆိုင်ထည့်သွင်းထားတာကိုတွေ့ရတယ်။ Tranexamic Acid (5%), Alpha Arbutin(2%), Glutathione, Niacinamide (5%), Ascorbic Acid နဲ့ Collagen ကို အဓိက ထားထည့်သွင်းထားတဲ့ အတွက် မကြည်မှာ၊ မဖြူမှာ၊ အမဲစက် နဲ့ အမာရွတ် မသက်သာမှာ မပူနဲ့တော့…။ Hydration အတွက် Hyaluronic Acid (8)မျိုးကို ဆိုဒ်အမျိုးမျိုးနဲ့ ထည့်သွင်းထားတာမို့ Hydration အတွက်လည်း ပူစရာမလိုဘူး။ နောက်တစ်ခုက Skin Barrier အတွက် Ceramide ပါထည့်သွင်းပေးထားသေးတယ်။ နေလောင်ဒဏ်ကြောင့် ညိုမဲ ပျက်စီးခြင်းတွေကို အမြန်ဆုံးသက်သာစေပြီး အသားအရေကိုပြန်လည် ကြည်လင်စေတဲ့ Bifida နဲ့ Lactobacillus Ferment တွေလည်း ထည့်သွင်းထားသေးတယ်။ Ferment Lysate ထည့်သွင်းထားတဲ့အတွက် Fungal Acne သမားတွေအတွက်တော့ မသင့်တော်ဘူး။ Ingredients တွေကို ကြည့်ပြီး သားဖြိုးလို့ Sensitive Skin အတွက် အဆင်ပြေနိုင်ပါ့မလားပေါ့။ သားဖြိုးလေ ViHo ရဲ့ Formulation ကို ဒီတစ်ခေါက် မချီးကျူးပဲမနေနိုင်ဘူး။ Oil & Moisture ကို Balance ဖြစ်စေပြီး Irritation မဖြစ်အောင် သေချာလေး အချိန်ယူပြီးမှ ထုတ်ထားတဲ့ ViHo ရဲ့ စေတနာကို မြင်မိတယ်။ သူ့ Texture က Ampoule Cream ဆိုတဲ့အတွက် Gel Texture လေး။ လိမ်းလိုက်ရင် အေးပြီး အသားထဲစိမ့်ဝင်သွားပြီး စိုစို Glow လေးကျန်ခဲ့တာကိုတွေ့ရတယ်။ ✅ Day & Night သုံးလို့ရတယ်။ သားဖြိုးကတော့ ညဖက်မှာ နည်းနည်း များများလေး လိမ်းဖြစ်ပြီး နေ့ဖက်မှာ ခပ်ပါးပါးပဲလိမ်းပြီး Sunscreen သေချာလိုက်ဖြစ်တယ်။ Intensive Whitening Ampoule Cream ဖြစ်တာမို့ Result က ၁ပတ်ကျော်ကျော်လောက်နဲ့ စသိသာတဲ့ ရလဒ်ကိုတွေ့ရတယ်။ အသားအရေ သိသိသာသာကြည်လာပြီး မျက်နှာ အသားအရေက Smooth ဖြစ်သွားတာကိုတွေ့ရတယ်။ ဝက်ခြံအမာရွတ်တွေ (၂)ပါတ်အတွင်းမှာ မရှိသလောက်နီးပါပျောက်သွားတာကို တွေ့ရတယ်။ အမဲစက်ကတော့ ၁လ အတွင်းမှာ အရောင်သိသိသာသာ မှိန်လာတာကိုတွေ့ရတယ်။ သားဖြိုး သုံးတာ ၁ဗူးကုန်တော့မယ် အမဲစက် လုံး၀ အရှင်းတော့ မပျောက်သေးဘူး။ တင်းတိတ်သမားတွေကိုလည်း သုံးကြည့်စေချင်တယ်။ သူ့ဗူးမှာ Wrinkles Repairing လို့ရေးထားပေမယ့် တစ်ဗူးနီးပါး ကုန်တဲ့အထိတော့ အရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့ သိသာသွားတာတော့ မတွေ့ရသေးဘူး။ အချိန်တစ်ခု အထိတော့လိုအပ်မယ်ထင်တယ်။ ဒါပေမယ့် အသားအရေကတော့ သိသိသာသာ Soft & Smooth ဖြစ်သွားတာကို တွေ့ရတယ်။ သားဖြိုး မကြိုက်တာ တစ်ခုရှိတယ်။ အဲ့ဒါက “အနံ့” စစ လိမ်းလိမ်းခြင်းမှာ ရလိုက်တဲ့ Citurs လိုလို အနံ့က နှာခေါင်းထဲစူးခနဲ့ ဝင်သွားတာကို မကြိုက်ဘူး။ ဒါပေမယ့် သူ့ အနံ့က ခနပဲ ပျောက်သွားတဲ့အတွက် လှချင်တော့လည်း အသက်အောင့်ပြီး လိမ်းလိုက်တာ ခုဆို အဲ့အနံ့နဲ့ ယဉ်နေသလောက်ဖြစ်နေပြီ။ ✅ All Skin Type သုံးလို့ လုံး၀ အဆင်ပြေတယ်။ ဝက်ခြံနဲ့ အဆီဖု သမားတွေသုံးလို့ရတယ်။ ❗️သားဖြိုး ဒီနေရာမှာ သတိပေးချင်တာက သူ့ကို လိမ်းရင် လည်ပင်းပါသေချာလိမ်းပေးဖို့ပါပဲ။ မဟုတ်ရင် မျက်နှာ နဲ့ လည်ပင်း ရန်ဖြစ်သလိုဖြစ်နေလိမ့်မယ်။ Where to buy: ViHo စျေးနှုန်းကတော့ 30ml ကို 63,500 Ks ဝန်းကျင်းမို့ Budget ဖြစ်တဲ့ထဲမှာမပါပေမယ့် Result ကောင်းတာမို့ တန်တယ်လို့ပြောလို့ရတယ်...။ သားဖြိုး Review လေးကတော့ ဒီလောက်ပါပဲဗျ။ 🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼 နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️ #ViHo #AmpouleCream #brightening #treasurebytharphyoe
без подписи
без подписи
без подписи
без подписи
без подписи
🍏 ရေးမယ် ရေးမယ် နဲ့ တစ်ဗူးကုန်မှ ရေးဖြစ်တဲ့ Psyche’ Fiber Detox သားဖြိုးက အထိုင်များတဲ့ သူတစ်ယောက်ဖြစ် ဝမ်းချုပ်ပြီး ခါး နဲ့ ဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူတယ်။ သားဖြိုး Psyche’ Fiber Detox သောက်ပြီး ညဖက် ညစာမစားတဲ့အခါ သားဖြိုး ပုံမှန်ဝတ်နေကျ ဘောင်းဘီတွေ ချောင်လာပြီး မတော်လို့ပစ်ထားတဲ့ ဘောင်းဘီတွေ ပြန်ဝတ်လို့ရခဲ့အတွက် ဒီ Review လေးကို ရေးဖြစ်ခဲ့တာပါ...။ သားဖြိုး အနေနဲ့ ပထမဆုံးရေးဘူးတဲ့ Fiber Review ပေါ့။ Psyche’ Fiber Detox ကိုဘာလို့ကြိုက်လည်းဆိုရင် သူက တခြား Fiber တွေလို သားဖြိုးအတွက်တော့ ဗိုက်ရစ်နာခြင်းမရှိသလို ဝမ်းသွားတဲ့ အခါ ဝမ်းလျောသလိုမျိုး ဆက်တိုက်ဝမ်းသွားနေတာမျိုးလည်း မရှိလို့ဖြစ်ပါတယ်။ သားဖြိုးက ညဖက် အိပ်ရာဝင်သောက်ဖြစ်တယ်။ ပုံမှန်အတိုင်း မနက်မိုးလင်းမှ ဝမ်းသွားတယ်။ တခြား Fiber တွေဆို ညဖက်သောက်ရင်း အချိန်ခါ မဟုတ်တွေ ဗိုက်ထနာပြီး ဝမ်းသွားတဲ့အတွက် အိပ်ရေးအရမ်းပျက်တယ်လေ။ သူ့မှာ အဲ့လို လုံးဝ မရှိဘူး။ Psyche’ Fiber Detox က ပန်းသီးစိမ်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အတွက်ကြောင့် Fiber ကြွယ်၀တာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို Detox လုပ်ပေးပြီး ဝမ်းမှန်စေတယ်။ နောက်တစ်ခုက သူ့အရသာက ပန်းသီးအရသာလေးဖြစ်ပြီး အဝင်လုံး၀မစိုးဘူး။ သောက်ပြီး လေထတာ ပျို့တတ်တာမျိုး လုံး၀မရှိဘူး။ Fiber က ဝမ်းမှန်ပြီး အဆီကျတဲ့အပြင် အသားအရေကိုလည်း ကြည်လင်စေတယ်။ အကယ်လို့ကိုယ်က Collagen, Gluta လိုမျိုး Supplement တွေသောက်နေတဲ့သူဆိုရင် အူလမ်းကြောင်းက သန့်စင်နေတော့ သောက်လိုက်တဲ့ Supplement တွေရဲ့ အာနိသင်ကို အပြည့်အ၀စုတ်ယူနိုင်တဲ့အတွက် ပိုပြီးထိရောက်တယ်။ Psyche’ Fiber Detox က 250g ပါဝင်ပြီး ၄၅ရက်စာ သောက်လို့ရတယ်။ သားဖြိုးက ဘယ်လိုသောက်လဲဆိုရင် စစသောက်တဲ့ ပထမ တစ်ပတ်ကို ရက်ဆက်သောက်ပြီး နောက်ရက်တွေမှာတော့ ၁ရက်ခြားသောက်ဖြစ်တယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ နဲ့ နို့တိုက်မိခင်တွေ၊ အစာအိမ် နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေနဲ့ ကျောက်ကပ် ဝေဒနာရှင်တွေ လုံး၀(လုံး၀) မသောက်သင့်ပါဘူးနော်...။ ဒီတော့ သားဖြိုးလိုမျိုး ဝမ်းမမှန်တဲ့သူတွေ နဲ့ အဆီကျ ဗိုက်ချပ်ချင်တဲ့သူတွေအနေနဲ့ Fiber လေးသောက်ကြည့်ချင်တယ်ဆိုရင် Psyche Fiber Detox ကို သားဖြိုးရဲ့ Review ကိုဖတ်ပြီး ရွေးချယ်လိုက်ပါနော်။ သားဖြိုးတော့ တစ်ဗူးကုန်ပြီမို့ နောက်တစ်ဗူးထပ်မှာလိုက်ဦးမယ်..။ Where to buy: https://www.facebook.com/Psychesupplement?mibextid=LQQJ4d 🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼 နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️
без подписи
без подписи
без подписи
ကြိုက်သလောက်ဖွာ ကြိုက်သလောက်ခြောက် Yoon Skin Hair Serum နဲ့ဆို ကိစ္စပျက် သားဖြိုးလို ဆံပင်ဆံသား ဖွာလန်ကြဲပြီး နေတိုင်း ခေါင်းလျှော် Blow Dry လုပ်လို ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံသားက ခုဆို တော်တော်လေး သက်သာနေပါပြီ။ သားဖြိုးက ခေါင်းနေ့တိုင်းလျှော်တဲ့သူပါ။ တစ်နေ့ကို (၂)ကြိမ်ထိ လျှော်တဲ့နေ့တွေလည်းရှိပါတယ်။ ခေါင်းလျှော်ပြီးတိုင်း Dryer သုံးလေ့ရှိပြီး နေ့တိုင်း Wax & Hair Spray နဲ့ ပုံသွင်းလေ့ရှိတယ်။ အဲ့လိုတွေကြောင့် သားဖြိုး ဆံပင်တွေကျွတ်ပြီး ဆံသားက ခြောက်သွေ့ ဖွာလန်ကြဲတော့တာပဲ။ ခုတလော သားဖြိုး ပေါင်းဆေး ပျော့ဆေးမသုံးဖြစ်တာကြာနေပေမယ့် ဆံသားက အရင်ကလောက် မပျက်စီးဘူး။ မဖွာတော့ဘူး။ အဖြေရှာကြည့်တော့ Yoon Skin Hair Serum ကြောင့်ဖြစ်နေတယ်လေ။ နေ့တဒူဝ သုံးနေပြီး Review ပေးဖို့ မေ့နေတာ 😄 သားဖြိုး Yoon Skin ရဲ့ Hair Serum ကို ခေါင်းလျှော်ပြီး ရေမစို မခြောက်မှာ လိမ်းပြီး Dryer မှုတ်တယ်။ ရေခြောက်သွားရင် နောက်တစ်ကြိမ်ထပ်လိမ်းတယ်။ ပြီးမှ Wax & Spray နဲ့ ပုံသွင်းဖြစ်တယ်။ ပြောရမယ်ဆို သားဖြိုးတို့ မျက်နှာကို မိတ်ကပ်မလိမ်းခင် Skincare အရင်လုပ်သလိုမျိုးပေါ့ 😊 သူ့ Texture က ခပ်ကျဲကျဲကိုမှ Serum Type ဖြစ်တာမို့ ဘယ်လောက်လိမ်းလိမ်း စေးကပ်မှုမရှိတာကို ကြိုက်တယ်။ သူ့အနံ့ သင်းသင်းလေးကိုလည်း ကြိုက်တယ်။ ဆံသားက တစ်ရက်နဲ့ တစ်ရက် ပိုမို ကျန်းမာလာပြီး မဖွာတော့တာ မခြောက်တော့တာကလည်း လိမ်လို့မရတာမို့ အကြိုက်ဆုံးပဲ။ Yoon Skin က Local Brand ဖြစ်ပြီး Hair Serum ကတော့ Korea Made ပါ။ သားဖြိုးလိုမျိုး အကြောင်း အမျိုးမျိုးက ဆံသား ပျက်စီး ခြောက်သွေ့ ဖွာလန်ကြဲနေတယ်ဆိုရင်တော့ သုံးကြည့်ဖို့ လုံးဝ(လုံးဝ) တိုက်တွန်းချင်ပါတယ်။ သုံးကို သုံးကြည့်သင့်တဲ့ Hair Serum ပါ။ Yoon Skin Page မှာ ဝယ်နိုင်ပါတယ်။ #honestreview #hairserum #yoonskin #treasurebytharphyoe
без подписи
без подписи
💚 About Me @ Be Clean Relief Sun Essence Ex သူ့ကိုလိမ်းတဲ့နေ့တွေဆို သားဖြိုးကတော့ Moisturizer Step ကို Skip လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ သူက Moisture ဓာတ်ကို ကောင်းကောင်းပေးနိုင်တဲ့ Sunscreen ဖြစ်လို့ပါ။ သူ့ Texture က Water Sun လောက်တော့ မကျဲပေမယ့် အရမ်း အပျစ်ကြီးလည်း မဟုတ်ဘူး။ သူလည်း Lightweight ဖြစ်တဲ့ Sunscreen ဖြစ်တယ်။ Relief Sun ဖြစ်တဲ့အတွက် Healing & Calming အားတော်တော်ကောင်းတဲ့ Sunscreen လို့ပြောလို့ရတယ်ဗျ။ သားဖြိုး ဝက်ခြံ ဖုအကြီးကြီးတွေ ပေါက်တဲ့အခါ ဒီ Relief Sun Essence လေးကိုပဲသုံးဖြစ်တယ်။ ဝက်ခြံကြောင့် ယောင်တာတွေကို သက်သာစေပြီး ဝက်ခြံတွေကိုလည်း ချပ်သွားတာကိုတွေ့ရတယ်။ သူ့ထဲမှာ နှစ်ရှည်ဆေးပင် တစ်မျိုးဖြစ်တဲ့ Bacopa Monnier Extract ပါဝင်တာကိုတွေ့ရတယ်။ သားဖြိုး လေ့လာကြည့်သလောက် သူ့က နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးသလို နေလောင်ဒဏ်ကြောင့် အသားအရည်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးတယ်။ Skin Barrier ကိုလည်း ပိုမိုကျန်းမာစေတယ်။ Dehydrated ဖြစ်ပြီး ဝက်ခြံ နဲ့ အဆီဖု တွေထွက်လာတဲ့အခါ သူ့ကိုသာသုံးကြည့် အသားအရေက စိုပြီး ပြန်ကျန်းမာလာမယ်။ အဆီဖုတွေ သက်သာလာလိမ့်မယ်။ သားဖြိုး အနေနဲ့ကတော့ All Skin Type သုံးလို့ရတဲ့ Sunscreen လို့ပြောချင်ပါတယ်။ ကိုယ်က ဘာ Sunscreen လိမ်းလိမ်း အဆီဖု နဲ့ ဝက်ခြံ ထွက်တယ်ဆိုတဲ့သူတွေကို About Me ရဲ့ Be Clean Relief Sun Essence Ex လေးကို သုံးကြည့်ဖို့ Highly Recommend ပါနော်..။ စျေးနှုန်းက 50ml ကို 38,000 Ks ဝန်းကျင်ရှိပါမယ်ဗျ။
без подписи
🩵 About Me @ Be Clean Water Sun Lightweight ဖြစ်တဲ့ Sunscreen တောင် သူ့လောက် Lightweight ဖြစ်မှာမဟုတ်ပါဘူးနော်။ တော်တော်လေးပေါ့ပါးပြီး လိမ်းထားလို့ လိမ်းထားမှန်းမသိအောင်ပါပဲ။ သားဖြိုးတို့လို့ အဆီအရမ်းပြန်တဲ့ အသားအရေသမားတွေနဲ့ Skincare အထပ်ထပ်လိမ်းပြီးမှ မိတ်ကပ်လိမ်းလေ့ရှိတဲ့သူတွေအတွက်ဆို လုံး၀(လုံး၀) အဆင်ပြေစေတဲ့ Sunscreen ဖြစ်ပါတယ်။ သူက တမာပန်း၊ တမာရွက် နဲ့ ထုတ်ထားတဲ့ Sunscreen ဖြစ်တယ်။ တမာက ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ Bacteria တွေကို သေစေပြီး သူတို့ ရန်ကနေလည်း ကာကွယ်ပေးနိုင်တယ်။ နောက်ပြီး အသားအရေကို ကြည်စေ၊ အမဲစက် နဲ့ အမာရွတ်တွေကို သိသိသာသာသက်သာစေတဲ့ Tumeric (မြန်မာလို နနွင်း)လည်းပါဝင်တယ်။ Skin Barrier ကို ပိုမိုကောင်းမွန်စေတဲ့ Ceramide လည်းပါဝင်တဲ့အပြင် အဆီဖုနဲ့ ဝက်ခြံတွေကိုသက်သာစေတဲ့ Rosemary ပါထည့်သွင်းထားသေးတယ်ဗျ။ သူက Sweat Resistant ဖြစ်တဲ့ Sunscreen ဖြစ်တာမို့ တော်ရုံ ချွေးထွက်ရုံနဲ့တာ့ Sunscreen အာနိသင် လုံး၀ ပျက်သွားမှာမဟုတ်တဲ့အတွက် အားကစားလုပ်တဲ့ အချိန်လိမ်းလည်း အဆင်ပြေစေပါတယ်။ Texture က နို့ရည် Texture ဖြစ်တယ်။ စိမ့်ဝင်မှုအားတော်တော်လေးကောင်းပြီး လိမ်းထားမှန်း မသိအောင်ပေါ့ပါးတာကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကို သုံးကြည့်ဖို့ Recommend လုပ်ပါတယ်။ All Skin Type သုံးလို့ ရတယ်ဆိုပေမယ့် Super Dry Skin တွေဆိုရင်တော့ Moisturizer လိမ်းပြီးမှာ သူ့ကိုထပ်လိမ်းစေချင်ပါတယ်။ စျေးနှုန်းက 50ml ကို 36,500 Ks ဝန်းကျင်ရှိပါမယ်ဗျ။
без подписи
✅ ဝက်ခြံနဲ့ အဆီဖု သမားတွေ နွေ၊ မိုး၊ ဆောင်း စိတ်ချ လက်ချသုံးလို့ရမယ့် Sunscreen (၂)မျိုး သားဖြိုးတို့လို အဆီဖုနဲ့ ဝက်ခြံ သမားတွေက Skincare ရွေးချယ်တဲ့အခါ အရွေးမမှားအောင် သေချာလေးရွေးချယ်ရပါတယ်။ Sunscreen ရွေးချယ်တာလည်း အတူတူပါပဲဲ။ သားဖြိုးလို Skincare အကြောင်း သေချာလေ့လာထားတဲ့သူတစ်ယောက်တောင် Sunscreenအရွေးမှားပြီး အဆီဖု သေးသေးလေးတွေနဲ့ ဝက်ခြံတွေထွက်လာလို့ …။ သားဖြိုးလိုမျိုး အရွေးအမှားရအောင် သားဖြိုး သေချာသုံးကြည့်ပြီးမှ တော်တော်လေး အဆင်ပြေတဲ့ Sunscreen (၂)မျိုး အကြောင်းကို ပြောပြချင်ပါတယ်။ 🩵 About Me @ Be Clean Water Sun 💚 About Me @ Be Clean Relief Sun Essence Ex သားဖြိုး (၂)မျိုး စလုံးကိုသေသေချာချာလေးသုံးကြည့်ပြီးပါပြီ။ Whitecast လုံး၀မကျန်တဲ့အတွက် မပြာဘူး၊ မဖြူဘူး။ Water Base Sunscreen ဖြစ်တဲ့အတွက်ကြောင့် လုံး၀ မစေးကပ်သလို သူ့လိမ်းပြီး အဆီပြန်သလို ပြောင်ထွက်နေတာ လုံး၀ မရှိပါဘူး။ မိတ်ကပ် နဲ့ တွဲလိမ်းရင်လည်း မိတ်ကပ်မပျက်ဘူး။ မကွက်ဘူး။ မိတ်ကပ်သားက တစ်နေကုန် ကြည်ပြီး Glow တာကိုတွေ့ရတယ်။ (၂)မျိုးလုံးက SPF50+ PA++++ ဖြစ်ပြီး နေရောင်ခြည်ဒဏ်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ Sunscreen တွေပဲဖြစ်ပါတယ်။ သားဖြိုး သွားခဲ့တဲ့ ခရီးတွေမှာ ဒီ (၂)မျိုးကို တစ်လှည့်စီလိမ်းလေ့ရှိပြီး ခရီးကပြန်လာတဲ့အခါ အသားအရေက နေလောင်တာ၊ ပျက်စီးတာ မရှိသလောက်ဖြစ်သလို သူ့ကိုလိမ်းလို့ ချွေးပေါက်ပိတ်တာ၊ အဆီဖု နဲ့ ဝက်ခြံ ထွက်တာလည်း လုံး၀(လုံး၀)မရှိခဲ့ပါဘူး။ ဖု မထွက်တဲ့အပြင် ဖုတွေကိုပါ သက်သာလာတာကိုလည်း တွေ့ရတာမို့ တစ်မျိုးခြင်းစီရဲ့ Details Review လေးကို ပုံလေးတွေ အောက်မှာ ဖတ်ပေးနော်...။ သားဖြိုး Review လေးကိုဖတ်ကြည့်ပြီး လိုအပ်လို့ဝယ်ချင်တယ်ဆိုရင်တော့ MediAnswer Myanmar မှာ ဝယ်လို့ရပါတယ်။ သားဖြိုး ရဲ့ Review လေးကို အစ-အဆုံးဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျ။ နောက် Blog တွေမှာ ပြန်တွေ့မယ်နော် …။ #aboutme #MediAnswer #sunscreen #treasurebytharphyoe