tgindex
Treasures For Kids English Language School

Treasures For Kids English Language School

Статистика

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတိုင်း English Language ကို သက်သာသော သင်တင်းကြေးနှင့် ထိရောက်တဲ့ သင်ကြားမှုတွေကို Qualified Teachers များဖြင့် သင်ယူနိုင်ရမည်။

Последний пост
14 авг.
Последнее чтение
14 авг.
Постов за неделю
4
Всего постов
23
Тип
открытый
Язык
my
Категория
Языки
В каталоге с
14 авг.
Подписчики
596
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
415
23 постов
Вовлечённость
69,6%
к подписчикам
Постов в день
0,6
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
66
1/48двое суток
75
1/72трое суток
81

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • ❝𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို အလွတ်ကျက်တာနဲ့ အသုံးချတတ်တာ ဘာကွာလဲ?❞ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာ လေ့လာတဲ့အခါ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 တွေ၊ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 တွေကို မှတ်သားထားတာက အရေးကြီးပါတယ်။ ဒါပေမယ့် အလွတ်ကျက်ထားရုံနဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို တကယ်အသုံးချတတ်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ဥပမာ “𝐈 𝐥𝐢𝐤𝐞 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐟𝐨𝐨𝐭𝐛𝐚𝐥𝐥.” ဆိုတဲ့ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 ကို အလွတ်ကျက်ထားတယ်ဆိုပါစို့။ စာထဲမှာတွေ့ရင် မှတ်မိပြီး ပြန်ဖြေနိုင်ပေမယ့် ကိုယ့်အကြောင်းကို ပြောတဲ့အခါမှာတော့ သင်ထားတဲ့ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 𝐏𝐚𝐭𝐭𝐞𝐫𝐧 ကို အသုံးပြုပြီး ကိုယ်တိုင်စဉ်းစားပြောဆိုနိုင်ဖို့လည်း လိုအပ်ပါတယ် 🗣️✨ “𝐈 𝐥𝐢𝐤𝐞 𝐝𝐫𝐚𝐰𝐢𝐧𝐠.” “𝐈 𝐥𝐢𝐤𝐞 𝐫𝐞𝐚𝐝𝐢𝐧𝐠 𝐛𝐨𝐨𝐤𝐬.” “𝐈 𝐥𝐢𝐤𝐞 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐛𝐚𝐝𝐦𝐢𝐧𝐭𝐨𝐧.” ဒီလိုမျိုး သိထားတဲ့ 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 နဲ့ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 𝐏𝐚𝐭𝐭𝐞𝐫𝐧 တွေကို အခြေအနေအလိုက် ပြောင်းလဲအသုံးချပြီး ကိုယ်တိုင်စဉ်းစား ပြောဆိုနိုင်လာပြီဆိုရင်တော့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို လက်တွေ့အသုံးချတတ်လာပြီ လို့ ပြောလို့ရပါတယ် 🌱 ဒါကြောင့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 လေ့လာတဲ့အခါ စာကို မှတ်သားထားရုံတင်မဟုတ်ဘဲ သင်ယူထားတာတွေကို  လက်တွေ့ပြန်လည်အသုံးချနိုင်အောင် လေ့ကျင့်ပေးဖို့လည်း အရေးကြီးပါတယ်။ 📚 𝐕𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲 အသစ်တွေကို 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 ထဲမှာ အသုံးပြုကြည့်တာ၊ 🗣️ သင်ထားတဲ့ 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞 𝐏𝐚𝐭𝐭𝐞𝐫𝐧 တွေနဲ့ ကိုယ်တိုင်ပြောကြည့်တာ၊ 👂 𝐄𝐧𝐠𝐥𝐢𝐬𝐡  𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ကို ပုံမှန်နားထောင်တာ၊ 📖 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကြောင်းလေးတွေကို ဖတ်ရှုလေ့ကျင့်တာတွေက 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို သဘာဝကျကျ အသုံးပြုနိုင်လာဖို့ အထောက်အကူဖြစ်စေပါတယ်။ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာဆိုတာ သိရုံနဲ့ မပြီးပါဘူး။ ကိုယ်သိထားတာတွေ လက်တွေ့အသုံးချနိုင်မှသာ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐤𝐢𝐥𝐥 က တကယ်တိုးတက်လာမှာပါ ✨ 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာကို ကျက်မှတ်ရုံတင်မဟုတ်ဘဲ နားလည်ပြီး ကိုယ်တိုင်အသုံးချတတ်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာစေချင်တယ်ဆိုရင် 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞𝐬 𝐅𝐨𝐫 𝐊𝐢𝐝𝐬 ရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 တွေနဲ့အတူ 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐉𝐨𝐮𝐫𝐧𝐞𝐲 ကို စတင်လိုက်ပါ 📚✨ 📩 အသေးစိတ်သိရှိလိုပါက 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞𝐬 𝐅𝐨𝐫 𝐊𝐢𝐝𝐬 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သလို 📍 လိပ်စာ – ၁၀၂/၁၊ မြင်သာ (၈) လမ်း၊ (၁၄/၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ 📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 – 𝟎𝟗-𝟕𝟕𝟑 𝟖𝟏𝟖 𝟔𝟒𝟒, 𝟎𝟗-𝟗𝟕𝟐 𝟑𝟎𝟗 𝟖𝟑𝟗 #TreasuresForKids #EnglishForKids #EnglishLanguage #EnglishLearning #LearnEnglish #LearnEnglishWithFun #EnglishVocabulary #EnglishSpeaking #EnglishJourney

  • Channel photo updated

  • Channel name was changed to «Treasures For Kids English Language School»

  • 🛑 သားသားမီးမီးတို့ကို စာလုံးတွေ အလွတ်ကျက်ခိုင်းတဲ့ အကျင့်ကို အခုပဲ ရပ်လိုက်ပါတော့ မေမေတို့ရေ! 🛑 "B-O-O-K Book... C-A-T Cat..." ဒီလို စာလုံးပေါင်းတွေကို အလွတ်ကျက်နေရတာ ကလေးတွေအတွက် ဘယ်လောက်တောင် ပျင်းစရာကောင်းပြီး စိတ်ဖိစီးစရာ ကောင်းလိုက်မလဲ? အလွတ်ကျက်တဲ့စနစ်ရဲ့ ဆိုးကျိုးက ကလေးကို စာအုပ်အသစ်တစ်အုပ် ပေးဖတ်လိုက်တဲ့အခါ သူတို့ ကျက်မထားတဲ့ စာလုံးအသစ်တွေကို လုံးဝ မဖတ်တတ်တော့တာပါပဲ။ ဒါဆို ကလေးတွေ အင်္ဂလိပ်စာကို ရေရေလည်လည် ဖတ်တတ်အောင် ဘယ်လိုလုပ်မလဲ? 🤔 တကယ်တော့ အင်္ဂလိပ်စာဖတ်ဖို့ဆိုတာ "အလွတ်ကျက်" ရတာမဟုတ်ပါဘူး၊ စာလုံးတွေရဲ့ "အသံထွက် လျှို့ဝှက်ကုဒ်" တွေကို ဖော်တတ်ဖို့ပဲ လိုတာပါ။ 🔐 ဒီလျှို့ဝှက်ချက်တွေကို ကလေးတွေ အပျော်ဆုံးနဲ့ အလွယ်ဆုံးနည်းနဲ့ သင်ယူနိုင်ဖို့... မေမေတို့ကြားမှာ နာမည်အကြီးဆုံး၊ ဖွင့်လိုက်တာနဲ့ ချက်ချင်းလူပြည့်သွားတတ်တဲ့ "Treasures for Kids" ရဲ့ Oxford Phonics အတန်းလေး ပြန်လာပါပြီ! 🎉 🌟 ဘာလို့ Treasures ရဲ့ Phonics က အအပ်အများဆုံးနဲ့ နာမည်အကြီးဆုံး ဖြစ်နေရတာလဲ? ✅ No More Memorizing A, B, C ကို ရိုးရိုးကြီး သင်တာမဟုတ်ဘဲ အသံထွက် တွေကို ပေါင်းစပ်ပြီး ကိုယ်တိုင် ဖတ်တတ်လာအောင် လေ့ကျင့်ပေးပါတယ်။ ✅ Phonics Magic မြင်ဖူး၊ ကျက်ဖူးတဲ့ စာလုံးတွေတင်မကဘူး... တစ်ခါမှ မမြင်ဖူးတဲ့ စာလုံးအသစ်တွေကိုပါ ကိုယ့်ဘာသာ ယုံကြည်မှုရှိရှိ အသံထွက်ဖတ်နိုင်တဲ့ မှော်ဆန်တဲ့ စွမ်းရည်ကို ရရှိသွားပါမယ်။ ✅ Fun & Engaging ကစားရင်း သင်၊ သင်ရင်း ကစားရတဲ့ Fun Activities တွေကြောင့် ကလေးက "ကျောင်းသွားချင်ပြီ မေမေ" လို့ ကိုယ်တိုင် ပူဆာလာတဲ့အထိ စာသင်ရတာကို နှစ်သက်သွားပါလိမ့်မယ်။ ⚠️ Attention Moms! Treasures ရဲ့ Phonics အတန်းဆိုတာ အမြဲတမ်း "အအပ်အများဆုံးနဲ့ လူပြည့်မြန်တဲ့" အတန်း‌လေး ဖြစ်လို့ ခဏလေး စဉ်းစားနေတဲ့အချိန်တွင်းမှာတင် Seat တွေ ပြည့်သွားတတ်ပါတယ်။ နောက်ကျသွားရင် နောက်ထပ် Batch အသစ်ကို အကြာကြီး စောင့်ရပါလိမ့်မယ်နော်။ ⏳ ဒီတော့ ကိုယ့်ကလေးရဲ့ အနာဂတ်အတွက် အကောင်းဆုံး အုတ်မြစ်ချပေးဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ။ စာလုံးပေါင်းကျက်တဲ့ ခေတ်ဟောင်းကို ကျောခိုင်းပြီး Treasures နဲ့အတူ Phonics ခရီးစဉ်ကို စတင်ဖို့... Message Box (သို့) ဖုန်းနံပါတ် ☎️ 09-773818644 (Viber) ☎️ 09-972309839, 09-699679010 ကို အခုပဲ ဆက်သွယ်ပြီး သားသားမီးမီးလေးတို့အတွက်နေရာလေးတစ်ခု အမြန်ဆုံး Reserve လုပ်ထားလိုက်တော့နော် မေမေတို့ရေ! 🏃‍♀️💨 📍 လိပ်စာ - ၁၀၂/၁ ၊ မြင်သာ ၈လမ်း၊ ၁၄/၁ ရပ်ကွက် ၊ စီမံကိန်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့။ #TreasuresForKids #BestPhonicsClass #NoMoreMemorizing #EarlyChildhoodEducation #PhonicsMagic #KidsLearning

  • без подписи

  • ကလေးကို မူကြိုထားချင်ပေမယ့် ကျောင်းပတ်ဝန်းကျင်နဲ့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတဲ့ မေမေတို့အတွက်...🌹 Treasures for Kids Preschool (မူကြိုကျောင်း) လေးကနေ အထူးအစီအစဉ်လေးတစ်ခု လုပ်ပေးလိုက်ပြီနော် 📣 ကိုယ့်ရင်သွေးလေး ပထမဆုံး ကျောင်းစတက်ရမယ့်အချိန်ဆိုတော့ မေမေတို့အနေနဲ့ ရင်ခုန်တာရော၊ စိုးရိမ်ပူပန်တာရော ဒွန်တွဲနေမှာ အသေအချာပါပဲ။💁‍♀️ ဆရာမတွေက သေချာဂရုစိုက်ပါ့မလား...?👩‍🏫 ကလေးကရော ကျောင်းမှာပျော်ရွှင်ပါ့မလား...?🤩 သူငယ်ချင်းအသစ်တွေနဲ့ရော အဆင်ပြေပါ့မလား...?🧒🏻 ဒီလိုမျိုး မေမေတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အပြည့်အဝ နားလည်တဲ့အတွက် Treasures for Kids Preschool မှာ သားသားမီးမီးတို့အတွက် အခမဲ့ (၁) ပတ်တိတိ တက်ရောက်နိုင်မယ့်  မူကြို Free Trial Class လေးကို အထူးစီစဉ်ပေးလိုက်ပါပြီရှင် 🎉 ဒီ (၁) ပတ်စာ အခမဲ့တက်ရောက်ခွင့်လေးမှာဆိုရင် ✅ ကလေးတွေက ကျောင်းပတ်ဝန်းကျင်သစ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ကျောင်းတက်ရတာကို သဘောကျလာစေဖို့ ✅ ကလေးက မူကြိုကျောင်းပတ်၀န်းကျင်နဲ့ ဘယ်လောက်ရင်းနှီးပြီး ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်လဲဆိုတာကို ကိုယ်တိုင်သိရှိနိုင်ဖို့ ✅ အတွေ့အကြုံရှိတဲ့ ဆရာမလေးတွေက ကလေးတစ်ယောက်ချင်းစီအပေါ် ဘယ်လောက်တောင် နွေးနွေးထွေးထွေး ဂရုစိုက်ပေးမလဲဆိုတာကို မေမေတို့ကိုယ်တိုင် စိတ်ချယုံကြည်သွားတဲ့အထိ လေ့လာအကဲခတ်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးလေးပဲ ဖြစ်ပါတယ်။ Treasures for Kids Preschool ဟာ သားသားမီးမီးတို့ရဲ့ ဒုတိယအိမ်လေးလို နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားတာမို့ မေမေတို့ ယုံယုံကြည်ကြည်နဲ့ အပ်နှံနိုင်ပါတယ်ရှင်။💁‍♀️🌹 (၁) ပတ်တိတိ Free တက်ရောက်ခွင့်ရမယ့် အခွင့်အရေးလေးမို့ လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော် မေမေတို့ရေ 🏃‍♀️🏃‍♀️ ကလေးတစ်ယောက်ချင်းစီကို သေချာအချိန်ပေး ဂရုစိုက်နိုင်ဖို့အတွက် လူဦးရေကန့်သတ်ထားလို့ မြန်မြန်လေး Booking တင်ထားမှ စိတ်ချရမယ်နော် ⏳ 📲 Free Trial လေးအတွက် စာရင်းသွင်းရန် Comment မှာ "မူကြို Free Trial" လို့မန့်ခဲ့ပြီး Page Messenger ကနေတစ်ဆင့်လာရောက်စာရင်းသွင်းလို့ရနေပါပြီရှင့်။ မေမေတို့ရဲ့ အသည်းကျော်လေးတွေကို Treasures for Kids Preschool မှ နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင် 💖 📥 09-773818644 (Viber), 09-972309839, 09-699679010 ကို ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 📍 လိပ်စာ - ၁၀၂/၁ ၊မြင်သာ ၈လမ်း၊ ၁၄ /၁ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့။

  • без подписи

  • ကလေးတစ်ယောက် တိုးတက်ဖို့ဆိုတာ ဆရာမရဲ့ အနီးကပ်ဂရုစိုက်မှုက အရေးအကြီးဆုံးပါပဲ💡 မေမေတို့ရေ... သားသားမီးမီးတို့ အင်္ဂလိပ်စာသင်တဲ့အခါ စာသင်ခန်းထဲမှာ လူအရမ်းများလို့ ကိုယ့်ကလေးကို သေချာဂရုစိုက်ပါ့မလား၊ စာတွေကော လိုက်နိုင်ပါ့မလားဆိုပြီး စိတ်ပူနေရဆဲပဲလား?🥺🥺 Treasures for Kids က မေမေတို့ရဲ့ ဒီစိုးရိမ်မှုတွေကို အပြည့်အဝနားလည်ပါတယ်။💁‍♀️💁‍♀️ ဒါကြောင့် ကလေးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆရာမတွေက သေချာသိပြီး ထိထိရောက်ရောက် ပဲ့ပြင်သင်ကြားပေးနိုင်ဖို့ အတန်းတိုင်းကို လူဦးရေ အထူးကန့်သတ် ထားပါတယ်ရှင့်။✨✨ ✅ Online Class ဆိုရင် - တစ်တန်းကို ကျောင်းသား (၆) ယောက်တိတိပဲ လက်ခံပါတယ်။ ✅ အပြင်အတန်း (Campus Class) ဆိုရင် - တစ်တန်းကို ကျောင်းသား (၁၀) ယောက်သာ ကန့်သတ်ထားလို့ ကလေးတိုင်းက ဆရာမနဲ့ အနီးကပ်ထိတွေ့ခွင့် ရမှာ အသေအချာပါပဲ။ သားသားမီးမီးတို့အတွက် လိုအပ်တဲ့ အပိုင်းကို သီးသန့်ရွေးချယ်တက်ရောက်နိုင်ဖို့ အတန်းလေးတွေကိုလည်း စနစ်တကျ ခွဲပေးထားပါတယ်။ 🔠 အသံထွက်မှန်ကန်ပီသတဲ့ သားသားမီးမီးလေးတွေဖြစ်လာဖို့ အတွက်...Phonics Class 🗣️ အထစ်အငေါ့မရှိဘဲ ယုံကြည်မှုရှိရှိ ရဲရဲ၀င့်၀င့်ပြောနိုင်ဆိုနိုင်ဖို့အတွက်...Speakingသီးသန့်Class 📝 သဒ္ဒါပိုင်းအခြေခံခိုင်မာတဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့အတွက်... Grammar Class 🌟 English စာမှာ ဘတ်စုံထူးချွန်တဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့အတွက်... 4 Skills Class 📅 ကျောင်းချိန်၊ ကျူရှင်ချိန်တွေနဲ့ မတိုက်အောင် စနေ၊ တနင်္ဂနွေ ရက်တွေအပြင် ကြားရက်လေးတွေကိုပါ သေချာစီစဉ်ပေးထားလို့ အချိန်ဇယားအတွက်လည်း ပူစရာမလိုတော့ဘူးနော်။ လူများတဲ့ အတန်းတွေကြားမှာ ကလေးတွေ မျောမသွားရအောင်... လူနည်းနည်းနဲ့ အနီးကပ်ထိထိရောက်ရောက် သင်ကြားပေးတဲ့ Treasures for Kids မှာ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာအခြေခံကို ယုံကြည်စိတ်ချစွာ တည်ဆောက်ပေးလိုက်ပါ။ ကျောင်းသားဦးရေ အကန့်အသတ်နဲ့မို့ အတန်းချိန်နဲ့ အသေးစိတ်ကို Page Messenger (Chat Box) ကနေ အခုပဲ လာရောက်မေးမြန်း စာရင်းသွင်းနိုင်ပါတယ်ရှင့်။ 💬👇 📥 09-773818644 (Viber), 09-972309839, 09-699679010 ကို ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။ 📍 လိပ်စာ - ၁၀၂/၁ ၊မြင်သာ ၈လမ်း၊ ၁၄ /၁ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့။

  • без подписи

  • без подписи

  • Treasures for Kids မှာ TikTok account လေးရှိတယ်ဆိုတာကို မသိ‌ကြသေးတဲ့ မေမေတို့အတွက်...💁‍♀️💁‍♀️ Treasures for Kids ရဲ့ TikTok account လေးကို Follow လုပ်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။🤗🤗💖💖 Treasures for Kids ရဲ့ TikTok account လေးမှာဆိုရင်တော့ ✅ကလေးတို့အတွက် သင်ခန်းစာ Video လေးတွေ ✅သားသားမီးမီးတို့စိတ်၀င်စားစေမယ့်အကြောင်းအရာတွေ ✅လစဉ် ဖွင့်လှစ်သင်ကြားမယ့် အတန်းလေးတွေအကြောင်း ကို ပုံမှန်တင်ပေးသွားမှာပါရှင့်။ Treasures for Kids ရဲ့ TikTok account လေးကိုတော့ treasures.for.kids ဆိုပြီးတော့ TikTok Search bar မှာ ရိုက်ရှာလို့ရပါတယ်။ TikTok account link👇👇 https://www.tiktok.com/@treasures.for.kids?_r=1&_t=ZS-91t8NhkvPkL သားသားမီးမီးတို့အတွက် အကျိုးရှိစေမယ့်အသစ်အသစ်သော အကြောင်းအရာတွေကို အမြဲတင်ဆက်ပေးသွားမှာမလို့ Treasures for Kids ရဲ့ TikTok account လေးကို Follow လုပ်ပေးကြဖို့ မမေ့နဲ့နော်။

  • без подписи

  • တီချယ်စွဲမထားဘဲ လိုက်လျောညီထွေဖြစ်တဲ့ သားသားမီးမီးလေးတွေဖြစ်ဖို့...👶👶 ကလေးတို့ရဲ့ သဘာ၀အရ သင်တန်းမှာဆုံတဲ့ အမြဲမြင်တွေ့နေကျ တီချယ်ကို နှစ်သက်ပြီး "ငါ့တီချယ်မဟုတ်ရင် စာမသင်ချင်တော့ဘူး" ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။👶👩‍🏫 Treasures ဘက်မှလည်း တီချယ်အပြောင်းအလဲ လေးတွေရှိနိုင်တာမလို့ တီချယ်အစွဲမထားဖို့အရေးကြီးတဲ့အကြောင်းအရာလေးတွေကို မေမေတို့နဲ့ သားသားမီးမီးလေးတို့ နားလည်အောင် ရှင်းပြပေးချင်ပါတယ်ရှင့်။💌💌 ဘာကြောင့် တီချယ်အစွဲမထားသင့်တာလဲ?🤔🤔 ✅ကလေးတို့ရဲ့စိတ်အခြေအနေဟာ စာသင်ယူလေ့လာမှုအပေါ်သက်ရောက်မှုရှိနိုင်လို့ပါ။🌹 ( ဥပမာ - တီချယ်ပြောင်းသွားရင် စာသင်ချင်စိတ်ပါပျောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ) ✅လိုက်လျောညီထွေဖြစ်ဖို့🌹 ကလေးတို့ဘ၀မှာ အခြေအနေအမျိုးမျိုး/ အပြောင်းအလဲအမျိုးမျိုးတွေနဲ့ တွေ့ဆုံကြုံကြိုက်လာတဲ့အခါ လိုက်လျောညီထွေပြုမူနေထိုင်တတ်ဖို့ လေ့ကျင့်သင်ကြားပေးရာရောက်ပါတယ်။ ✅မတူညီတဲ့အတွေ့ကြုံကောင်းအသစ်တွေရနိုင်ဖို့🌹 ဆရာမတစ်ယောက်တည်း အပေါ်မဟုတ်ဘဲ တစ်ခြားဆရာမတွေဆီက မတူညီတဲ့ အသစ်သစ်သော ‌သင်ယူမှုအသစ်တွေလည်းရနိုင်ပါတယ်။ မေမေတို့ရဲ့အခန်းကဏ္ဍ 🌟 မေမေတို့အနေနဲ့ ကလေးတို့ကို ဘယ်လိုနားလည်အောင်ရှင်းပြလို့ရမလဲ?❓❓ 🔴ကလေးကို ပညာသင်ယူမှုရဲ့အဓိက အဓိပ္ပါယ်ကို နားလည်အောင်ဖြေးဖြေးချင်းရှင်းပြပါ။ 🔴တီချယ်တစ်ယောက်တည်းကိုမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ် သင်တန်းတစ်ခုလုံးအပေါ် ချစ်ခင်နှစ်သက်လာအောင် အားပေးပြောကြားပေးပါ။ 👩‍🏫" တီချယ်ဆိုတာက သားကို စာတွေတတ်မြောက်အောင်သင်ကြားပေးတာမှန်တယ်၊ ဒါပေမယ့် အဓိက သင်ယူရတဲ့သူက သားကိုယ်တိုင်ပဲဖြစ်တယ်။ အဲ့တာကြောင့် ဘယ်သူပဲသင်သင် အဓိက က သားသင်ယူတတ်မြောက်ဖို့ပဲ " စသဖြင့်အားပေးစကားပြောပေးလို့ရပါတယ်။🥰🥰 ဒါကြောင့် မေမေတို့ဘက်မှလည်း 🌹"တီချယ်အစွဲကနေ သင်ယူမှုအစွဲဆီ ကူးပြောင်းဖို့"🌹 ကလေးတို့ကိုနားလည်အောင်ရှင်းပြပြီး တစ်ထောင့်တစ်နေရာမှ ပါ၀င်ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

  • без подписи

  • ကလေးတို့အတွက် အင်္ဂလိပ်စကားပြော သီးသန့်သင်တန်း🗣️🗣️ Treasures for Kids အင်္ဂလိပ်ကျောင်းလေးမှ နိုင်၀င်ဘာလအတွက် English Speaking သီးသန့်အတန်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။🌹🌹 မေမေတို့သိကြတဲ့အတိုင်း တီချယ်တို့ကျောင်းရဲ့သင်ကြားမှုက စာကျက်ခိုင်းတာမျိုး မဟုတ်ပါဘူး။❌❌ ကလေးတို့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်မှုရှိရှိ ပြောရဲဆိုရဲအောင် အင်္ဂလိပ်စားပြောလေ့ကျင့်ပေးတာပါ။✅✅ ဒီအတန်းလေးမှာ သားသားမီးမီးလေးတို့ ဘာတွေသင်ယူရမလဲ?❓❓ ✅ နေ့စဉ်သုံး အင်္ဂလိပ်စကားပြော အခြေခံများ ✅ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ မိတ်ဆက်တတ်စေရန် ✅ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်သွယ်ပြောဆိုတတ်စေရန် ✅ ကလေးတို့ရဲ့ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို မြင့်တက်စေမယ့် ဂိမ်းကစားနည်းများ ဘာကြောင့် Speaking သီးသန့်အတန်းလေးကိုတက်ရောက်သင့်တာလဲ?🤔🤔 🔍 အင်္ဂလိပ် ဘာသာစကားဆိုတာ ယနေ့ခေတ်မှာ မဖြစ်မနေတတ်ထားရမယ့် ဘာသာစကားတစ်ခုဖြစ်လာနေပါပြီ။ 🔑 ကလေးတို့ဘ၀ အောင်မြင်တိုးတက်ဖို့အတွက် အင်္ဂလိပ်စာက သော့ချက်ပါ။ 🗣️ ဒီသော့ချက်ကို အသုံးချနိုင်ဖို့အတွက် "ရဲရင့်စွာစကားပြောနိုင်ခြင်း" က ပထမအဆင့်ပဲဖြစ်ပါတယ်။ English Speaking Class Details 🔴 ဒီအတန်းလေးကတော့အပတ်စဉ် Saturday နဲ့ Sunday နှစ်ရက် မှာ တစ်ရက်ကို တစ်နာရီ သင်ကြားပေးမှာဖြစ်ပြီး 🔴 အာရုံစူးစိုက်မှုအပြည့်နဲ့ သင်ခန်းစာများကို Focus လုပ်နိုင်ရန်အတွက် တစ်တန်းကို ကျောင်းသား ၆ ယောက်သာလက်ခံမှာပဲဖြစ်ပါတယ်။💁💁 🔴 မေမေတွေအမေးများတဲ့ English Speaking Class လေးဟာ Level 3 ခုရှိမှာဖြစ်ပြီး 🔴 Level 1 ခုစီကို အချိန် 6 လခန့်ကြာမြင့်မှာပဲဖြစ်ပါတယ်။ 🔴 Saturday နဲ့ Sunday နှစ်ရက်ကို မနက် 9:00AM မှ ညနေ 5:00PM အတွင်း နှစ်သက်ရာ တစ်ချိန် Zoom (application) လေးမှတစ်ဆင့်၀င် Join ပေးရုံပါပဲနော်။ အသေးစိတ် စုံစမ်းလိုပါက Page's Messenger မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်သလို ☎️ 09-773818644 (viber) ☎️ 09-972309839 မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းလို့ ရနေပါပြီ...💙 📌📌လိပ်စာ - ရွှေပြည်စိုးလမ်း၊ BMMC နှင့် ရွှေကံကော် Tea House လမ်းကြား၊ မိုးဆွေမှတ်တိုင်၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

  • без подписи

  • ၄ နှစ်၀န်းကျင်ဆိုတာ ဘာသာစကားစတင်သင်ကြားဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။👶👶 အဲ့တာကြောင့် ၄ နှစ်၀န်းကျင်သားသားမီးမီးလေးတို့အတွက် Treasures for Kids မှာ Speaking Class လေးကိုစတင်ဖွင့်လှစ်လိုက်ပါပြီ။🗣️🗣️ ဒီအတန်းလေးရဲ့ ထူးခြားချက်က သားသားမီးမီးလေးတို့အတွက် Speaking ကိုဦးစားပေးသင်ကြားပေးမယ့်အပြင် စကားပြောဖို့အတွက် အခြေခံအကျဆုံး Basic Phonics ကိုပါတွဲပြီးသင်ကြားပေးမှာပါ။👩‍🏫👩‍🏫 အတန်းတက်ရောက်မယ့် သားသားမီးမီးလေးတွေတစ်ယောက်ချင်းစီတိုင်းကို ဂရုတစိုက်သင်ကြားနိုင်ဖို့၊ သားသားမီးမီးလေးတို့ စကားပြောအခွင့်အရေး များများရနိုင်ဖို့အတွက် တစ်တန်းကို ကျောင်းသား (၅) ယောက်သာလက်ခံသင်ကြားပေးမှာပါရှင့်။💯💯 ဒီအတန်းလေးက ၄ နှစ်၀န်းကျင်သားသားမီးမီးလေးတို့အတွက် သီးသန့် ဒီဇိုင်းဆွဲထားတဲ့အတန်းလေးမလို့ Activities လေးတွေနဲ့ Fun Learning ပုံစံ ပျော်ပျော်ရွှင်ရွှင်သင်ကြားပေးမှာပါ။📚🎉🥳 Class Timetable အသေးစိတ်ကိုတော့ Messenger မှတစ်ဆင့်မေးမြန်နိုင်ပြီး Flexible ဖြစ်တဲ့အတန်းချိန်လေးတွေမလို့ သားသားမီးမီးတို့အဆင်ပြေတဲ့အချိန်လေးတွေတက်ရောက်နိုင်ပါတယ်ရှင့်။⏰🗓️ အသေးစိတ် စုံစမ်းလိုပါက Page's Messenger မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်သလို ☎️ 09-773818644 (viber) ☎️ 09-972309839 မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းလို့ ရနေပါပြီ...💙 📌📌လိပ်စာ - ရွှေပြည်စိုးလမ်း၊ BMMC နှင့် ရွှေကံကော် Tea House လမ်းကြား၊ မိုးဆွေမှတ်တိုင်၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။