tgindex
Последний пост
11 июл.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
6 152
−11 за 3 дн.
Сутки
−10
−0,16%
Неделя
 
Месяц
 
Просмотров на пост
1 045
20 постов
Вовлечённость
17,0%
к подписчикам
Постов в день
0,0
всего 20
Упоминаний
3
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး သင့်ကိုဘယ်သူမှအောင်မြင်မှုကိုမပေးပါဘူး ကိုယ်လုပ်ရင်ကိုယ်ရမယ် ဘယ်သူ့ဆီကမှကူညီမှုကိုမမျှော်လင့်ပါနဲ့ တစ်ယောက်ထဲဆိုလဲတစ်ယောက်ထဲဖြစ်အောင်လုပ် ကိုယ့်အားကိုယ်ကိုးပါသေချာပေါက်အောင်မြင်ပါလိမ့်မယ်

  • 🔥 Argentina 🇦🇷 vs Egypt 🇪🇬 LIVE NOW ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ အာဂျင်တီးနား 🇦🇷 နဲ့ အီဂျစ် 🇪🇬 တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲကို အခုပဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။ ⚽️ ⭐️ အာဂျင်တီးနားက လူငယ်ကြယ်ပွင့်တွေရဲ့ လှုပ်ရှားမှုတွေနဲ့အတူ မက်ဆီကို မြင်တွေ့ရမယ့်ပွဲ။ 💪 အီဂျစ်ကလည်း အံ့အားသင့်စရာရလဒ်ဖန်တီးဖို့ အပြည့်အဝ ပြင်ဆင်လာတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို မျှော်လင့်နိုင်ပါတယ်။ 📺 HD Quality 📱 ဖုန်းနဲ့လည်း အဆင်ပြေ 👇 တိုက်ရိုက်ကြည့်ရန် 🔗 https://track.nextworm.com/oD1eMg 📢 ဘယ်အသင်းနိုင်မယ်လို့ ထင်လဲ? Comment မှာ ခန့်မှန်းခဲ့ကြပါဦး။ ⚽️🔥

  • ပတ်ဝန်းကျင်ရဲ့ လွှမ်းမှိးမှုကိုမခံပါနဲ့၊ မင်းဘေးနားလူတွေက မင်းရဲ့ဘဝကို အဆုံးအဖြတ်ပေးတာမျိုး မဖြစ်စေနဲ့။ “ Life is a choice ” ပဲ မင်းရွေးချယ်ရမဲ့လမ်းက မင်းစိတ်ထဲက တစ်ကယ်သွားချင်နေတဲ့လမ်းကိုတော့ မင်းမသေခင်မှာ လျောက်ဖူးသင့်တယ်မလား။ ကိုယ့်ကိုယ်ကို အာရုံစိုက်ဖို လိုပါတယ်၊ တွေ့သမျှနဲ့ နှိင်းယှဉ်နေရင်တော့ သိမ်ငယ်စိတ်က အမြဲဝင်နေမှာပဲ။ “ကျွန်တော်တို ဘဝမှာဆုတွေကြီးပဲတောင်းနေလိုလည်း မပြည့်ပါဘူး၊ကိုယ်တိုင် ကြိုရစားမှုတာမရှိရင် ဘယ်လောက်ပဲဆုတောင်းတောင်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး….” 💎

  • 18 июн.1 050259

    ကျနော့်ရဲ့ အသက် ၂၀ အရွယ် Version ကို အကြံပေးလို့ရမယ်ဆိုရင် လုပ်ရမှာကရှင်းပါတယ် - ကိုယ့်ရည်မှန်းချက်တွေ လူထင်ကြီးအောင် လိုက်မကြေညာနဲ့ - small win လေးတွေချမပြနဲ့ - ဘယ်လောက်ဝင်ငွေရှိလဲ မပြောနဲ့ - ငြင်းတတ်ဖို့သင်ယူ - ရေရှည်သွားနိုင်မယ့်သူတွေနဲ့လက်တွဲ - ကိုယ့်အတွက်အချိန်ပိုထွက်လာ့မယ့် ပစ္စည်း၊ လူ ၊ knowledge တွေမှာရင်းနှီးမြှုပ်နှံ - သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သိအောင်လုပ် - ပြိုင်ဘက်လို့စိတ်မှာထင်ရင် အဲ့လူရဲ့ ကောင်းကွက်တွေကို မြင်အောင်ရှာပြီးသင်ယူ - လူတွေချီးကျူးတာရော ကဲ့ရဲ့တာရောကို လိုက် feel နေမယ့်အစား သင်ခန်းစာယူ - Tutorial ထက် Trainer , Coach , Mentor က ထိရောက်မှုပိုရှိတယ်ဆိုတာမှတ်ထား - ကုန်သွားမှာထက် ရလာမယ့် အကျိုးကျေးဇူးကို မြင်အောင်ကြည့် - လူတိုင်းကိုယ်ရော ကိုယ့်ကိုယ်ကိုရော အလွယ်မယုံနဲ့ အယုံမလွယ်နဲ့ - စုဖို့ထက် ရင်းနှီးမြှုပ်နှံဖို့ ငွေကိုအလုပ်လုပ်ခိုင်းဖို့ သင်ယူ - သူများကိုမပြောင်းလဲခင် ကိုယ့်ကိုယ်ကိုပြောင်းလဲ - သူများကို မကဲ့ရဲ့ခင် ကိုယ့်ကိုယ်ကိုပြန်စစ် - သူများအမှားကို ဒေါသဖြစ်တာလောက် တုံးအတာမရှိဘူး - မိဘတွေက အမြဲအသက်မရှင်နိုင်ဘူး - တာဝန်ဆိုတာ တာဝန်ယူတတ်တဲ့သူအတွက်ပဲ တာဝန်ရှိတာ မယူတတ်သူတွေကိုရှင်းမပြနဲ့ - ဦးဆောင်ချင်ရင် ရှေ့ကနေလုပ်ပြ - မှားရင် ဝန်ခံ တောင်းပန်ပြီး နောက်မဖြစ်အောင်နေ - ရည်းစားများတာပြဿနာမဟုတ်ဘူး ဘဝလက်တွဲဖော်မရှိတာပြဿနာ - လုံလောက်ပြီလို့မထင်သ၍ ဘယ်တော့မှမလုံလောက်ဘူး - ပရမ်းပတာဖြစ်တာကောင်းတယ် အနဲဆုံး ဖြန့်ထားရင် ဘာတွေရှိလဲပိုမြင်ရတယ် အဲ့တော့မှ သေချာအကန့်ခွဲပြီး ပြန်စီလို့ရတာ - ဒုက္ခမရှိရင် မတိုးတက်ဘူး အဲ့တော့ ခံနိုင်တဲ့ ဒုက္ခအမြဲလိုက်ရှာ - ပြဿနာအဟောင်းတွေက စာအုပ်အဟောင်းတွေထဲမှာ အဖြေရှိတယ် - ကိုယ်မလုပ်လို့ မဖြစ်လာတာတွေအတွက် ဘယ်တော့မှ ဝမ်းမနည်းနဲ့ - ရွေးချယ်မှုက အမြဲလုပ်နေရမှာမို့ ရွေးတော့မယ်ဆို ရေရှည်အကျိူးဆက်ကိုကြည့် - မိန်းမပေါတယ် မယားရှားတယ် - မဖြစ်နိုင်ဘူးထင်ရင် အနဲဆုံးတော့စမ်းလုပ်ကြည့် ပြီးမှ တကယ်ဖြစ်နိုင်မဖြစ်နိုင်သတ်မှတ် - တရားအမျိုးအစားအများကြီးရှိတယ် အမှန်တရားနောက်ကိုပဲအမြဲလိုက်

  • ဘေးနားကလူတွေနဲ့ ပြောတဲ့ စကားတွေကို ဂရုစိုက်ပြီး ပြန်နားထောင်ကြည့်လိုက်ရင် ဘဝထဲမှာ ဘာအရာတွေ အရေးကြီးနေသလဲဆိုတာ မြင်လာနိုင်တယ် အတင်းအဖျင်းကိုပဲ အဓိကပြောတဲ့ လူတွေနဲ့ ပေါင်းသင်းနေရင် အတင်းပြောတာက "စကားပြောတယ်" လို့ ထင်လာတတ်တယ် ဆင်ခြေပြုံတဲ့လူတွေနဲ့ ပေါင်းသင်းနေရင် ဆင်ခြေတွေက "အမှန်တရား" ဖြစ်လာတတ်တယ် အချိန်နောက်ကျတဲ့ လူတွေနဲ့ ပေါင်းသင်းနေရင် နောက်ကျတာက "ပုံစံတစ်ခု" ဖြစ်လာတတ်တယ် စာဖတ်တဲ့ လူတွေ၊ စူးစူးစမ်းစမ်း လေ့လာတဲ့လူတွေနဲ့ ပေါင်းသင်းနေရင် လေ့လာတာက ဖိအား မဟုတ်တော့ဘဲ နေ့စဉ်ဘဝပုံစံ ဖြစ်လာတတ်တယ် ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူတဲ့ လူတွေနဲ့ ပေါင်းသင်းနေရင် တာဝန်ယူတာက ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘဲ ဂုဏ်သိက္ခာ ဖြစ်လာတတ်တယ် ဒီတော့ဘေးမှာဘယ်သူတွေထားလဲ သိပ်အရေးကြီးတယ်

  • 7 июн.1 002176

    အသက် ၂၀ မှာ ငါ အသက် ၄၀ ရောက်ရင် ဘာတွေလိုချင်လဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး သေချာချရေးကြည့်တဲ့အခါ ဒါတွေရခဲ့တယ် ၁. အိမ်မှာတင် အေးဆေးလုပ်လို့ရတဲ့အလုပ် ၂. အေးဆေးနားလို့ရမယ့် စနေ တနင်္ဂနွေ ၃. Passive income ကရတဲ့ငွေနဲ့ ခရီးထွက်မယ် shopping ထွက်မယ် ၄. ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရှိမယ် ၅. Alarm မလိုပဲထလို့ရမယ် ၆. မနက်ခင်းကို အေးအေးချမ်းချမ်းနိုးပြီး coffee လေးအေးဆေးဖျော်သောက်မယ် ၇. နားအေးတဲ့ ပတ်ဝန်းကျင်မှာနေမယ် ၈. နားမပူတဲ့ အိမ်သူအိမ်သားတွေနဲ့ ၉. ရှင်းရှင်းလင်းလင်းရှိတဲ့အခန်း ၁၀. ကိုယ့်ကိုနားလည်နိုင်တဲ့သူငယ်ချင်း တွေနဲ့ ရယ်မောစကားပြောမယ် ၁၁. မလုပ်ချင်တာတွေကိုငြင်းနိုင်စွမ်းရှိမယ် ၁၂. နာကျင်မှုမရှိတဲ့ ခန္ဓာကိုယ်ရှိမယ် ၁၃. အမြဲတမ်းအပိုရှိနေတဲ့ ငွေကြေးရှိမယ် ၁၄. ဈေးမကြည့်ပဲဝယ်နိုင်တဲ့အခြေအနေရှိမယ် ၁၅. ရှေ့ရေးအတွက် တွေးမပူချင်ဘူး ၁၆. စာဖတ်ဖို့အတွက် အချိန်ရှိမယ် ၁၇. ကိုယ်သိတာတွေကို ပြန်ပြောပြရင် နားထောင်ချင်တဲ့သူတွေရှိမယ် ၁၈. ကိုယ်မေးချင်တာတွေကို မေးလို့ရမယ့် မိဘ ဆရာတွေရှိမယ် ၁၉. Brand မဟုတ်တောင် ကိုယ့်အတွက် သေချာချုပ်ပေးထားတဲ့ အဝတ်တွေဝတ်မယ် ၂၀. ကိုယ့်ဘဝနောက်ဆုံးချိန်ထိ အတူရှိနေပေးမယ့် ဘဝလက်တွဲဖော်ရှိမယ် ဒါတွေရဖို့ ၄၀ အထိမစောင့်ခဲ့ရဖူး သဘောပေါက်လာတာက ကိုယ်လိုချင်တာကိုယ်သိရင် ရဖို့ဆိုတာသိပ်မကြာတတ်ဘူး အရေးကြီးတာကိုယ်လိုချင်တာ ကိုယ်သေချာသိဖို့ပဲ

  • 29 апр.1 354204

    ဘယ်သူ့ရဲ့ အမြင်ကိုမှ လိုက်ပြောင်းလဲပေးဖို မကြိုးစားပါနဲ့၊ လူတိုင်းစိတ်ကျေနပ်အောင်လည်း လိုက်ရှင်းပြမနေနဲ့။ ငါတိုဘဝမှာ အချိန်တွေက အဲ့လောက်ထိ အပိုမရှိပါဘူး။ ကိုယ့်ရဲ့တာဝန်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်လုပ်ဖိုနဲ့ ကိုယ့်ဘဝကို ပိုကောင်းအောင် ရှင်သန်ဖိုပဲ... ဒါဆိုရင် လုံလောက်ပါပြီ။ 💎

  • 27 апр.1 380123

    တခြားသူတွေရဲ့ ဘဝမှာ အရာရာ အဆင်ပြေချောမွေ့နေတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို မထင်လိုက်ပါနဲ့။ လူတိုင်းမှာ ကိုယ်စီပြဿနာတွေ ကိုယ်စီအားနည်းချက်တွေ ရှိကြတာပဲလေ။ သူတိုဆီမှာ မြင်နေရတဲ့ အောင်မြင်မှုတွေက သင့်ရဲ့ ချိုယွင်းချက်တွေ မဟုတ်ပါဘူး။ သူတိုက သူတိုလမ်းကို လျှောက်နေသလို သင်ကလည်း သင့်ခြေလှမ်းနဲ့သင် ရှေ့ဆက်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပဲ အကောင်းဆုံး ချစ်ပေးလိုက်ပါ။ 💎

  • 18 апр.1 380182

    လူအများစုအတွက် အလုပ်က ဘဝပဲ။ ဘာကြောင့်လဲဆိုတော့ ဘဝရပိတည်ဖို့ငွေလိုတယ်။ ငွေရဖို့ အလုပ်လိုတယ်။ အလုပ်အတွက် ရုံးတက်၊ ရုံးဆင်း၊ ကာယ၊ ဥာဏ၊ မိတ္တ၊ လုံ့လဝိရိယတွေလိုတယ်။ မွေးကတည်းက မိဘချမ်းသာ၊ နိုင်ငံခြားကျောင်းထား၊ အလုပ်မလုပ်လဲဘာမှမဖြစ်တဲ့ မိသားစုထဲမပါရင်တော့ တော်တော်များများအတွက် အလုပ်က ဘဝရဲ့အရေးကြီး အစိတ်အပိုင်းပဲ။ ကိုယ်ဘာအလုပ်လုပ်မယ်၊ ဘယ်လိုလုပ်မယ်၊ ဘယ်မှာလုပ်မယ်၊ ဘယ်သူတွေကိုရောင်းမယ်၊ ဘယ်သူတွေကိုအလုပ်ခန့်မယ်၊ ဘယ်သူတွေနဲ့လက်တွဲလုပ်မယ်၊ ဘယ်သူတွေနဲ့မလုပ်ဘူး။ ဒါတွေက conscious choice သေချာရွေးချယ်မှုမလုပ်ထားရင် ဗရမ်းဗဒါဘဝဖြစ်နေမှာ။ ဒါကြောင့် ကိုယ့်ကိုကိုယ်စီမံဖို့ Personal development (ကျွန်တော်တို့ဆီမှာတော့ Self-help ကို တက်ကျမ်းလို့ခေါ်တယ်။) Professional development အသက်မွေးမှုပညာ။ Business Development စီးပွါးရေးတိုးတက်မှု။ အသက်ရှင်ပြီးအသက်ဝင်ဖို့ Spiritual development လိုတယ်။ အရာရာကတော့ အခြေခံ အချိန်စီမံခန့်ခွဲမှု၊ အာရုံ၊ စိတ်ခံစားချက်၊ အမူအကျင့် စီမံခန့်ခွဲမှုကစတင်တယ်။

  • 14 апр.1 131114

    အချိန်ချမ်းသာမှုအရေးကြီးတယ် အလုပ်ကတော့ လူတိုင်းလုပ်နေရမှာပဲ ဒါပေမယ့် ဘဝမှာ အလုပ်အတွက် ၇၅% သောအချိန်တွေပေးနေရပြီဆိုရင် ကျန်တဲ့ ငွေကြေး ဥစ္စာချမ်းသာမှုက ရှိသာရှိတာ သိပ်တော့ enjoy ရမှာမဟုတ်ဘူး ငွေလဲဝင်ပြီး ဝင်တဲ့ငွေကိုသုံးဖို အချိန်လုံလုံလောက်လောက်ရှိဖိုလဲလိုတယ်

  • 13 апр.1 1309

    ဘဝအတွက် ဘာ goal ထားရမလဲ သေချာမသိရင် ကိုယ်တိုင်က အသုံးကျပြီး အများအတွက် အသုံးတည့်တဲ့ သူဖြစ်အောင်သာ goal ထားလိုက် ဒါဆို ကိုယ့်အတွက်ရော အများအတွက်ပါ အကျိုးရှိတယ်

  • 13 апр.1 051103

    မိဘလုပ်မယ်ဆိုရင် ကိုယ့်သားသမီးက ကိုယ့်အပိုင် ကိုယ့်စကားနားထောင်ပြီး လိမ္မာဖို ကံကောင်းရင် ၁၄ နှစ်လောက်ပဲအချိန်ရှိမယ် အဲ့ဒါပြီးသွားရင် သူတိုအတွက်ကိုယ်က ကားမောင်းပိုရတဲ့ taxi သမား နေစရာပေးထားတဲ့ hotel ဝန်ထမ်းလောက်သာသာပဲရှိမယ် ကံဆိုးရင် သားသမီးက အကြွေးရှင်လို သူ့ရရမှာတွေရဖိုပဲ အမြဲကြည့်နေလိမ့်မယ် သေလောက်အောင်ချစ်ပေးလဲ သူတိုသေလောက်အောင်ချစ်တဲ့ သူနောက်ပါသွားဦးမှာ ဒီတော့ ငယ်တုန်းမှာပဲ အပြည့်အဝချစ်ပြီး အချိန်တွေအတူကုန်ဆုံးပါ

  • 5 апр.1 1511811

    လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် — ဒီအချက် ၃ ခု ကြည့်ပါ။ လူတွေက ကိုယ့်ကို ပြတဲ့ version နဲ့ တကယ့် version မတူဘူး။ အထူးသဖြင့် အစပိုင်းမှာ။ လူတိုင်း highlight reel ပြတယ်။ အကောင်းဆုံး ပုံစံကို တင်ပြတယ်။ ဒါ လိမ်တာ မဟုတ်ဘူး — လူ့သဘာဝ။ ဒါပေမယ့် ကိုယ်က ဒါကို စစ်မှန်တဲ့ ပုံစံလို့ ယူဆလိုက်ရင် နောက်မှ “ဒီလူက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီး အံ့အားသင့်ရတယ်။ စိတ်ပျက်ရတယ်။ Business partner ဖြစ်ဖြစ်။ ဝန်ထမ်းသစ် ဖြစ်ဖြစ်။ ချစ်သူ ဖြစ်ဖြစ်။ Pattern တူတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို ဘယ်လို ဖတ်မလဲ။ ၁။ ဖိစီးမှုအောက်မှာ ဘယ်လို တုန့်ပြန်သလဲ ကြည့်ပါ။ လူတစ်ယောက်ရဲ့ တကယ့်စရိုက်က အရာရာ အဆင်ပြေနေတဲ့အခါ မပေါ်ဘူး။ ဖိအားပေးလိုက်မှ ပေါ်တယ်။ Plan ပျက်သွားတဲ့အခါ ဘယ်လို react လုပ်သလဲ။ မျှော်လင့်ချက် မဖြည့်ဆည်းနိုင်တဲ့အခါ ဘယ်လို ပြောသလဲ။ အချိန်မရှိ၊ ပိုက်ဆံမရှိ၊ အိပ်ရေးမဝတဲ့အခါ ဘယ်သူ ဖြစ်သွားသလဲ။ Comfort zone ထဲမှာ လူတိုင်း ကောင်းတယ်။ ဖိစီးမှုအောက်မှာ ဘယ်သူလဲ ဆိုတာ — ဒါ တကယ့် သူ။ ၂။ သူ့အထက်လူနဲ့ သူ့အောက်လူကို ဘယ်လို ဆက်ဆံသလဲ ကြည့်ပါ။ ဒါ အရေးကြီးဆုံး test တစ်ခု။ ကိုယ့်ရှေ့မှာ ယဥ်ကျေးတယ်။ ပြုံးပြတယ်။ လေးစားတယ်။ ဒါပေမယ့် စားပွဲထိုးကို ဘယ်လို ပြောသလဲ။ ဝန်ထမ်းကို ဘယ်လို ဆက်ဆံသလဲ။ အကူအညီ မလိုတဲ့သူကို ဘယ်လို သဘောထားသလဲ။ အထက်လူရှေ့မှာ ယဥ်ကျေးပြီး အောက်လူကို မထီမဲ့မြင် လုပ်တဲ့သူ — ဒါ ယဥ်ကျေးတာ မဟုတ်ဘူး။ ဒါ strategy။ တကယ် ကောင်းတဲ့ စရိုက်က ဘယ်သူ့ရှေ့မှာ ဖြစ်ဖြစ် တူညီတယ်။ ၃။ စကားနဲ့ လုပ်ရပ် ကိုက်ညီမှု ရှိမရှိ ကြည့်ပါ။ “ငါ ဒီလို လူမျိုး” လို့ ပြောတာ တစ်မျိုး။ တကယ် လုပ်တာ တစ်မျိုး။ “ငါ loyalty ကို တန်ဖိုးထားတယ်” ပြောတယ်။ ဒါပေမယ့် အကျိုးအမြတ် ပိုရတဲ့ဘက် ချက်ခြင်း ပြောင်းတယ်။ “ငါ honest ပဲ” ပြောတယ်။ ဒါပေမယ့် အသေးအမွှား ဟိုလိမ် ဒီလိမ် လုပ်တယ်။ “ငါ သင့်အတွက် ရှိတယ်” ပြောတယ်။ ဒါပေမယ့် ကိုယ် တကယ်လိုတဲ့အခါ ပျောက်သွားတယ်။ စကားကို နားမထောင်ပါနဲ့။ Pattern ကို ကြည့်ပါ။ တစ်ကြိမ် ဖြစ်ရင် အမှားဖြစ်နိုင်တယ်။ ထပ်ခါထပ်ခါ ဖြစ်ရင် — ဒါ စရိုက်။ လူတစ်ယောက်ကို ဖတ်တတ်ဖို့ ကိုယ့်ခံစားချက်နဲ့ ဖတ်တာ ရပ်ရမယ်။ သူ့ pattern နဲ့ ဖတ်ရမယ်။ ခံစားချက်နဲ့ ဖတ်ရင် — ကိုယ်မြင်ချင်တာ မြင်ရတယ်။ Pattern နဲ့ ဖတ်ရင် — တကယ်ဖြစ်နေတာ မြင်ရတယ်။ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် — ဒီအချက် ၃ ခု ကြည့်ပါ။

  • တကယ်အများကြီးသိတဲ့သူတွေက ငါသိတာနဲသေးတယ်လိုတွေးတယ် ဒီတော့ ဘာမှမပြောဘူး ငြိမ်နေတာမျာတယ် တကယ်အများကြီးမသိတဲ့သူတွေက ငါအကုန်သိပြီးပြီလိုတွေးတယ် ဒီတော့​ တွေ့ရာအကုန်လိုက်ပြောတယ် တကယ် ခံရတာကတော့ သိသလိုလိုမသိသလိုလိုလူတွေပဲ 😁

  • 1 апр.1 0742

    без подписи

  • 1 апр.1 18712

    ထိုင်းထီပေါက်စဉ် ( ဒီနေ့ ထိုင်းထီထွက်ပြီ ) ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့ ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် Scan လည်းဖတ်လိုရသလို ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။ For Android - https://mm.nextworm.com/archives/672 For IOS - https://mm.nextworm.com/archives/673

  • တစ်နေတာကိုယ်လုပ်လိုက်တဲ့ ကောင်းမှုဆိုးမှုအားလုံးက ကိုယ်တစ်ချိန်ကိုယ်ရလာမယ့် Future version အတွက် ထောက်ခံမဲပေးနေတာနဲ့တူတူပဲ ကောင်းမှုများများလုပ်ရင် ကောင်းတဲ့မဲများများရတော့ ကောင်းတဲ့ future version ရမယ် ဆိုးမှုများများလုပ်ရင် ဆိုးမှုမဲများများရတော့ ဆိုးတဲ့ future version ရမယ် Life Is Simple 👌🏻

  • ကလေးတွေက ကိုယ့်ချီမယ်ဆိုငို ခွေးတွေက ကိုယ့်တွေ့ရင်ဟောင် ကြောင်ဆို ကိုင်တာနဲ့ထွက်ပြေးရင် အတွင်းစိတ်ကဖြူနေတယ် အေးချမ်းနေတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး လောဘဒေါသမောဟများပြီး သီလသမာဓိနည်းနေရင် သန့်စင်တဲ့ soul လေးတွေက အရင်သိကြတယ်

  • 29 мар.1 090152

    သူများကို စပ်စုတဲ့သူပေါတယ် ကိုယ့်ကိုယ်ကို စပ်စုတဲ့သူရှားတယ် ကိုယ့်အကြောင်းကိုယ်ပိုသိတဲ့အခါ လိုချင်တာတွေက တိကျသေချာလာတယ် လောကကို အမှန်မြင်လာတယ် အကြောင်းအကျိုးရဲ့ ဆက်စပ်မှုကိုနားလည်လာတယ် သူများထက် ကိုယ့်အကြောင်းကိုယ်ပိုပြီး စပ်စုဖိုအချိန်ပေးပါမိတ်ဆွေ

  • 19 мар.1 281144

    ဘဝမှာဘယ်skill ကို ဦးစားပေးပြီး develop လုပ်ရမလဲမေးရင် လုပ်စရာတွေရှိနေတာတွေကို ဘယ်လိုစိတ်အခြေအနေ ခံစားချက်ပဲရှိရှိ ပြီးအောင်လုပ်တဲ့ skill ကို ဦးစားပေး develop လုပ်ရမယ်ဗျ💪🏻 Professional နဲ့ Amateur က အဲ့နေရာမှာ ကွာသွားတော့တာပဲ 😎