- Последний пост
- 6 июн. 2024 г.
- Последнее чтение
- ещё не заходили
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
|မင်္ဂလာပါခင်ဗျာ| 🟢Zodiac Signs ဟောစာတမ်းများ / Tarot Session များ / Private Discussion များ ဝန်ဆောင်မှုပေးနေသော Warlocks’ Kingdom မှဖြစ်ပါသည်🟢 မကြာခင်မှာ Telegram မှလည်း ဝန်ဆောင်မှုများစတင်တော့မှာဖြစ်ကြောင်း နှုတ်ခွန်းဆက်သလိုက်ရပါသည်🔴
Sweet pea လို့ခေါ်တဲ့ပန်းလေးတွေကတော့နာမည်အတိုင်း ပဲမျိုးနွယ်နဲ့အနည်းငယ်ဆက်စပ်မှု့ရှိနေပါတယ် Sweet peaပန်းလေးတွေက ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ကောင်းမွန်သောဆုတောင်းတွေအပြင် ကြင်နာမှု့နဲ့ချစ်ခင်ရင်းနှီးမှု့တို့ကို ကိုယ်စားပြုပါတယ် Sweet peaပန်းစည်းလေးကတော့ ခွဲခွာနှုတ်ဆက်ခြင်းလို့အဓိပ္ပါယ်ရပြီး ကောင်းမွန်တဲ့အချိန်လေးတွေပိုင်ဆိုင်ခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ ဆိုလိုပါတယ် Franceအယူအဆအရဆိုရင်တော့ sweet peaပန်းစည်းလေးတွေကို အိမ်ထောင်ရေးကံကောင်းဖို့အတွက် လက်ထပ်ရတော့မယ့်သူ ဒါမှမဟုတ် မင်္ဂလာဆောင်နေ့မှာသတို့သမီးကို လက်ဆောင်အဖြစ်ပေးကြပါတယ် Sweet peaပန်းလေးတွေကို 16ရာစုမှာ Southern Italy မှာစတင်ရှာဖွေတွေ့ရှိခဲ့ပြီး 18ရာစုမှာတော့ Sweet pea မျိုးစိတ်ကွဲတွေကို ဖန်တီးလာခဲ့ရင်းအရောင်အမျိုးအစားစုံလင်လှတဲ့ပန်းလေးတွေဖြစ်လာပါတယ်
April birth flower 🌸 April လမှာပွင့်လေ့ရှိတဲ့မွေးလပန်းလေးတွေကတော့ daisy နဲ့ sweet pea ပန်းလေးတွေဘဲဖြစ်ပါတယ် ဒေစီပန်းလေးတွေကိုအရောင်မျိုးစုံတွေ့ရတတ်ပြီး သူ့ရဲ့အဓိပ္ပါယ်ကတော့ရိုးသားမှု့၊ဖြူစင်မှု့နဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားကိုကိုယ်စားပြုပါတယ် Celtic ဒဏ္ဍာရီမှာ ၁၀နှစ်အောက်ကလေးလေးတွေသေသွားရင် မိဘတွေကိုအားပေးနှစ်သိမ့်တဲ့အနေနဲ့ သူတို့ယုံကြည်ကိုးကွယ်ရာနတ်ဘုရားတွေက ကလေးလေးရဲ့ဂူကို Daisyပန်းလေးတွေနဲ့လာဖုံးလွှမ်းပေးသွားမယ်ဆိုပြီး ယုံတမ်းပုံပြင်လည်းရှိပါတယ် Daisyပန်းလေးတွေကိုဆေးကုသရာမှာလည်းအသုံးပြုနိုင်ပြီး ချောင်းဆိုတာ၊လည်ချောင်းနာတာ၊ရင်ကျပ်တာ၊ အသက်ရှူလမ်းကြောင်း၊အဆုတ်နဲ့ဆက်စပ်နေတဲ့ရောဂါတွေကုသရာမှာအသုံးပြုကြပါတယ်
Average weather in April ☀️ နွေရာသီကိုဝင်ရောက်လာပြီဖြစ်တဲ့ April လကတော့အပူချိန်မြင့်မားပါတယ် တစ်ချို့နေရာတွေမှာတော့ မပူလွန်းမအေးလွန်းတဲ့နွေးဦးကာလဖြစ်ပါတယ် နေရောင်ခြည်ကောင်းစွာရရှိတဲ့ကာလဖြစ်သလို Ozoneလွှာပျက်စီးမှု့ကြောင့်အလွယ်တကူ ခရမ်းလွန်ရောင်ခြည်သင့်နိုင်တဲ့ကာလဆိုရင်လည်းမမှားပါဘူး ပန်းလေးတွေများစွာဖူးပွင့်ကြလေ့ရှိပြီး လိပ်ပြာ၊ပျားအစရှိတဲ့ပိုးကောင်လေးတွေပျော်မြူးကြတဲ့လဘဲဖြစ်ပါတယ် နေရောင်ခြည်ရရှိပေမယ့် မြေကြီးတွေခြောက်သွေ့လာတကြောင့်ငလျင်လှိုင်းတွေဖြစ်နိုင်ပြီး မြေကျွံတာတွေလည်းဖြစ်နိုင်ပါတယ် ရာသီဥတုသာယာတယ်လို့ဆိုနိုင်ပေမယ့် မမြင်နိုင်တဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်တဲ့လပါ အရေပြားsensitiveဖြစ်တတ်တဲ့သူတွေအနေနဲ့လည်းဂရုစိုက်သင့်ပြီး နေရထိုင်ရသက်သာစေတဲ့ချည်သားအင်္ကျီလေးတွေကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်
April Aries ♈ Mars ဂြိုလ်စိုးမိုးတဲ့ Aries ရာသီခွင်ဖွားတွေကတော့ စိတ်ဓါတ်ပြင်းထန်ပြီး စိတ်အားထက်သန်ကြပါတယ် သူတို့တွေကဦးစီးဦးဆောင်နိုင်စွမ်းလည်းရှိကြပြီး ခေါင်းဆောင်နေရာကိုအရယူလိုစိတ်ရှိကြပါတယ် Fire signဖြစ်တဲ့အလျောက် စိတ်မြန်လက်မြန်လည်းရှိကြပြီး စိတ်ဓါတ်ကြံ့ခိုင်သူတွေလည်းဖြစ်ပါတယ် သူတို့ကတက်တက်ကြွကြွရှိကြပြီး စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အတွက်ကြောင့် သူတို့လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေကိုဘယ်သူကမှမတားဆီးနိုင်သလို သူတို့လိုချင်တဲ့ပန်းတိုင်၊ဘဝပုံစံကိုအရောက်လှမ်းနိုင်ဖို့အတွက် ခွန်အားတွေဖြစ်စေနိုင်ပါတယ်
April Taurus ♉ Taurus ရာသီခွင်ဖွားတွေကတော့ Venus ဂြိုလ်ကစိုးမိုးတဲ့အတွက်ကြောင့် အာရုံခံစားမှု့အားကောင်းပြီးစိတ်ကူးယဥ်ဆန်ကြပါတယ် အလှအပရေးရာကိစ္စတွေကိုလည်းစိတ်ဝင်စားကြပြီး သူတို့ရဲ့စိတ်ခံစားချက်ကတော့အနည်းငယ်sensitiveဖြစ်ကြပါတယ် သူတို့စိတ်ကိုခန့်မှန်းလို့မရဘဲ အခုတစ်မျိုး၊တော်ကြာတစ်မျိုးဖြစ်တတ်တဲ့သူတွေပါ အချစ်ရေးနဲ့ငွေးရေးကြေးရေးမှာတော့ကံကောင်းနိုင်တယ်လို့ယူဆနိုင်ပါတယ် သူတို့တွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်းပျော်ရွှင်နေအောင်ဂရုစိုက်တတ်ပြီး စည်းစည်းလုံးလုံးနေထိုင်ဖို့အတွက်လည်းအမြဲသတိပေးနေတတ်ပါတယ်
April's Planets April လအစပိုင်းကိုတော့ Mars ဂြိုလ်ကစိုးမိုးပြီး ကျန်တဲ့လဝက်ကိုတော့ Venus ဂြိုလ်ကစိုးမိုးထားပါတယ် ဒီနှစ်Aprilလတုန်းက Jupiter,Venus,Mars,Saturn ဂြိုလ်လေးလုံးကတစ်တန်းတည်းတန်းသွားတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ် April လအစမှာမွေးဖွားကြတဲ့ Aries ရာသီခွင်ဖွားတွေကတော့ Mars ဂြိုလ်ရဲ့စိုးမိုးမှု့ကိုခံရပြီး လလယ်လောက်မှာမွေးဖွားကြတဲ့သူအများစုကတော့ Ariesနဲ့Taurus ရာသီခွင်ဖွား၂ခုလုံးက Marsဂြိုလ်အပြင်Venusဂြိုလ်ရဲ့လွှမ်းမိုးခြင်းပါခံရပါတယ် လကုန်ပိုင်းမှာမွေးဖွားကြတဲ့Taurusရာသီခွင်ဖွားတွေကတော့ Venus ဂြိုလ်ရဲ့စိုးမိုးခြင်းကိုခံရပါတယ် Mars ဂြိုလ်ကတော့နေနဲ့စတုတ္ထအနီးဆုံးဂြိုလ်ဖြစ်ပြီး Mars ဂြိုလ်မှာလနှစ်လုံးရှိပါတယ် ဖုန်ထူထပ်ပြီးပါးလွှာတဲ့လေထုအပြင် အလွန်အေးမြတဲ့သဲကန္တာရတွေရှိတဲ့ဂြိုလ်ဖြစ်ပါတယ် Venusဂြိုလ်က နေနဲ့ဒုတိယအနီးဆုံးဂြိုလ်ဖြစ်ပြီး ကမ္ဘာဂြိုလ်နဲ့အနီးဆုံးဂြိုလ်ဆိုရင်လည်းမမှားပါဘူး Venusဂြိုလ်ကိုကမ္ဘာဂြိုလ်ရဲ့အမွှာလို့လည်းပြောလို့ရနိုင်ပါတယ် အရွယ်အစားရောသိပ်သည်းဆပါတူနေလို့ပါ
Western William Shakespeare, Queen ElizabethII, Emma Watson, Emma Thompson, Robert Downey Jr. David Oyelowo, Dennis Quaid, Paul Rudd, Michael Fassbender, James McAvoy, Channing Tatum, Pharrell Williams, Adrien Brody, Russell Crowe, Robin Wright, Kristen Stewart, Mandy Moore, Jennifer Esposito, Carmen Electra, Gal Gadot, Kelly Clarkson, Kate Hudson, Jennifer Garner, Allison Williams, Hillary Scott, John Cena, Travis Scott, Lil Nas X, Lizzo, Amber Heard, Jessica Alba, Gigi Hadid
K-POP Jay(ENHYPEN), MinGyu(Seventeen), Jeno(NCT), SeHun(EXO), JinHo/HongSeok(Pentagon), DaeSung(Big Bang), WooYoung(2PM), New/SunWoo(The Boyz), SungGyu(Infinite), HyunSuk/Haroto(Treasure), Tag(Golden Child), SeungSik/Subin(Viction), RyuJin(ITZY), ChaeYoung(Twice), Wheein(Mamamoo), Karina(Aespa), Nancy(Momoland), Yoon(StayC), Jiheon(Fromis_9), Jinni/JiWoo(NMIXX), Kim ChaeHyun(Kep1er), SuYeon(Weki Weki) Drama Stars Yang Kyung-won, Jung Hae-in, Kim Jee-wook, Gong Hyo-jin, Shin Min-ah, Kim Jung-hyun, Kim Won-hae, Soe Ye-ji, Kim Kap-soo, Kim Da-mi, Shin Hyun-been, Yoo Yeon-seok, Lee Do-hyun, Yoo Ji-tae, Heo Joon-ho, Kim Yong-ji, Kim Tae-woo, Wang Bit-na, Yoon Hyun-Min, Lee Si-Young, Lee Joon-gi, Ahn Hyo-seop, Lee Da-Hae, Im Soo-Hyang, Kim Ji-seok, Kim Hee-ae, Song Kang, Jo Byung-gyu, Kim Hyun-joo, Kim Tae-ri, Jung In-sun, Seo Ji-hun, Yoon Chan-young, Sung Dong-il, Byun Yo-han, Jung Hye-sung
Personality traits of people born in April April bornတွေကစွန့်စားရတာတွေကိုသဘောကျပြီး စိတ်လှုပ်ရှားစေတဲ့အရာတွေကိုသဘောကျကြပါတယ် များသောအားဖြင့် ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ ဦးနှောက်ထက်နှလုံးသားကိုအသုံးပြုလေ့ရှိကြသူတွေပါ သူတို့ကတခြားသူတွေရဲ့ယုံကြည်မှု့ကိုလည်းအလွယ်တကူရရှိနိုင်တဲ့သူတွေဘဲဖြစ်ပါတယ် တစ်ခုခုလုပ်ဖို့ဆိုရင် တက်တက်ကြွကြွရှိကြပြီး စိတ်အားထက်သန်မှု့ရှိကြတဲ့သူတွေဘဲဖြစ်ကြပါတယ် တီထွင်ဖန်တီးနိုင်စွမ်းအားမြင့်မားကြတဲ့သူတွေဖြစ်ကြပြီး အနုပညာစိတ်ရှိတဲ့သူတွေလည်းဖြစ်ပါတယ် လွတ်လွတ်လပ်လပ်နေရတာကိုသဘောကျပြီး သူတို့ကိုချုပ်ချယ်တာကိုလည်းသဘောမကျကြပါဘူး အချိန်မတိကျတာ၊နောက်ကျတာ၊အချိန်ဆွဲတာတွေကိုလည်း မကြိုက်ကြပါဘူး ပေါင်းရသင်းရလွယ်တဲ့သူတွေဖြစ်ပြီး ခင်မင်ရင်းနှီးဖွယ်ကောင်းတဲ့သူတွေပါ ရိုးသားဖြောင့်မတ်ကြတဲ့သူတွေဖြစ်ကြပြီး အလိမ်အညာတွေကိုမပြောတတ်ကြပါဘူး ကိုယ်လက်လှုပ်ရှားနေရတာကိုသဘောကျသလို ကျန်းမာရေးလိုက်စားပြီး အားကစားလုပ်ရတာကိုလည်းနှစ်သက်ကြပါတယ်
Warlock Team အနေနဲ့ Telegram မှာလည်း ပြန်လည် Active ဖြစ်ပါတော့မည် ခင်ဗျာ❤️
без подписи
ယနေ့☀️Thursday (27.1.2022) ☀️လက်ဆောင်စာတမ်း
ယနေ့☀️Thursday (27.1.2022) ☀️လက်ဆောင်စာတမ်း
https://www.facebook.com/100401525726360/posts/141739824925863/?d=n ⭐️🌟Lucky wallpaper ပုံလေးတွေ နဲ့ဆိုင်တဲ့ ဆောင်ရန်ရှောင်ရန် ယတြာလေးတွေကိုသိလိုရင် အပေါ်က link မှာ သိနိုင်ပါတယ်ခဗျ❤️
без подписи
без подписи
без подписи
Warlocks’ Pictures 🌷January 24 - January 27 🌷 🎁3 ရက်တာအတွက် အစစအရာရာ ကံကောင်းစေဖို့ Wallpaper ထားဖို့ မေတ္တာဖြင့်စီစဉ်ပေးထားတဲ့ “Warlocks’ Pictures “ လေးများ မေတ္တာလက်ဆောင်ပါ🎁 Take a deep breath and Pick Your Picture 🔅
မင်္ဂလာပါ Warlmilies တို့ခင်ဗျား🌟 နိုင်ငံ၏ လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများအရ Telegram Channel လေးကို ပိုပြီး Active ဖြစ်အောင် warlock တို့ကြိုးစားပါမည်❤️ Channel Subscription လုပ်ပေးထားသူတစ်ဦးတစ်ယောက်ခြင်းဆီကို ကူညီပေးနိုင်မည့် Astrological and soul attachments များအကြောင်း ကြိုးစားတင်ဆက်ပေးပါတော့မည်ခင်ဗျာ❤️ အားလုံးပဲကောင်းသောညပါ