tgindex
🍀 White Rays Divination 🍀

🍀 White Rays Divination 🍀

Статистика

Healer , Reader & Medium 🍀✨ Dm - @sulattaung901

Последний пост
14 авг.
Последнее чтение
14 авг.
Постов за неделю
8
Всего постов
23
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 298
−1 за 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
312
23 постов
Вовлечённость
13,6%
к подписчикам
Постов в день
1,1
всогО 23
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
195
1/48двое суток
223
1/72трое суток
241

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 🔮✨ မနက်ဖြန်မှာ ကျမတို့ဆီကို စွမ်းအင်တွေ တက်ကြွပြီး ဗဟုသုတအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ စိတ်ဝင်စားစရာ ရောက်လာဖို့ ရှိပါတယ်။ ⚡️ ဒါပေမဲ့ တစ်ဖက်မှာလည်း အလုပ်နဲ့ လူမှုရေး၊ ဒါမှမဟုတ် ငွေကြေးနဲ့ စိတ်အခြေအနေကြားမှာ တာဝန်တွေကို ဒွန်တွဲပြီး မျှတအောင် ထိန်းညှိနေရတာမျိုး ကြုံရနိုင်ပါတယ်။ 🌷 တစ်ခုခုဆို မစေ့စပ်ဘဲ ချက်ချင်း တုံ့ပြန်ချင်စိတ်၊ စိစစ်စုံစမ်းချင်စိတ်တွေ လွန်ကဲနေတတ်လို့ မလိုလားအပ်တဲ့ အကဲဆတ်မှုတွေနဲ့ စကားအခြေအတင် ဖြစ်တာမျိုးကိုတော့ သတိထား ရှောင်ရှားပေးပါ။ 🦋 မနက်ဖြန်အတွက် အကောင်းဆုံး ဆောင်ရန်ကတော့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဖို့ပါပဲ။ ⚡️ အခြေအနေတွေကို လိုက်လျောညီထွေဖြစ်အောင် ခပ်ပေါ့ပေါ့ပါးပါးလေး စီမံခန့်ခွဲပြီး တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အလောတကြီး မလုပ်ဘဲ သတင်းအချက်အလက် စုံလင်အောင် သေချာ လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်တာက အရာရာကို အသာစီးရစေပါလိမ့်မယ်။ 🍀 Lucky colour : လိမ္မော်ရောင် ၊ အဝါရောင် 🍀 Lucky Number : 2, 3 #tarotreading #whiteraysdiva #generalreading #15August2026

  • ☀️ မနက်ဖြန်မှာ လူမှုရေး၊ အလုပ်အကိုင်နဲ့ ပညာရေး နယ်ပယ်တွေမှာ စကားပြောဆိုရတာ အဆင်မပြေတာ၊ စိတ်တိုင်းမကျစရာ စကားမျိုး ကြားရတာ ဒါမှမဟုတ် အချစ်ရေးမှာ မျှော်လင့်ထားသလို ဖြစ်မလာဘဲ စိတ်ထိခိုက် ဝမ်းနည်းစရာလေးတွေ နည်းနည်း ကြုံရတတ်ပါတယ်။ ⚡️ ဒါပေမဲ့ ဝမ်းနည်းအားငယ်မသွားပါနဲ့။ သင့်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်စွာ ကျော်ဖြတ်နိုင်တဲ့ အတွင်းစိတ် ခွန်အားအပြည့်ရှိပါတယ်။ 🌷 ဒေါသနဲ့ ပြန်လည်တုံ့ပြန်တာ၊ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တာမျိုးတွေကို ရှောင်ပါ။ ကြုံလာသမျှ ပူလောင်မှုတွေကို မေတ္တာတရား၊ သည်းခံမှု၊ စိတ်အေးအေး ထားနိုင်မှုတို့နဲ့ပဲ ထိန်းချုပ်ပြီး ရင်ဆိုင်ပါ။ 🦋 ခံစားချက်နောက်ကို ပါမသွားဘဲ တည်ငြိမ်တဲ့ အသိပညာနဲ့အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် ဘာပြဿနာကမှ သင့်ကို မယိုင်နဲ့သွားစေဘဲ အကုန်အဆင်ပြေသွားပါလိမ့်မယ်။ 🍀 ကံကောင်းစေမယ့် အရောင် - အပြာရင့်ရောင်၊ ရွှေဝါရောင် 🍀 ကံကောင်းစေမယ့် ဂဏန်း - ၃၊ ၈ #generalreading #whiteraysdiva #tarotreading #14August2026

  • 🙏 ဒီနေ့ လကွယ်ဥပုသ်နေ့ဆိုတော့ ခါတိုင်းထက် ‌ဘုရားဝေယျဝစ္စလေးတွေ အချိန်ပိုပေးနေရလို့ အဟောလေးတွေ နဲနဲ နောက်ကျပါမယ်ရှင် ✨ မေးချင်တဲ့ကလေးတွေက DM (@sulattaung901) မှာ လာပြီး မေးမြန်းပေးပါ 🍀

  • 🪻 မနက်ဖြန်မှာ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေ၊ အခွင့်အလမ်းသစ်တွေနဲ့ ပတ်သက်ပြီး စိတ်ကူးထဲမှာ တခမ်းတနား စီစဉ်နေမိပါလိမ့်မယ်။ 🌷 အလုပ်အကိုင်နဲ့ ပညာရေးမှာ ပန်းတိုင်အသစ်တွေ ရေးဆွဲဖို့ ကောင်းပေမဲ့ စိတ်ထဲမှာတော့ မရေရာမှုတွေ၊ စိုးရိမ်စိတ်နဲ့ ဝေခွဲမရတဲ့ ဝေဒနာတွေ ရောပြွန်းနေတတ်ပါတယ်။ 🦋 မြင်တွေ့ရတဲ့ အခြေအနေအချို့ဟာ ထင်ထားသလို မဟုတ်ဘဲ အမှန်တရားကို ကွယ်ပျောက်ထားတာမျိုး ရှိနိုင်တာမို့ အချစ်ရေးနဲ့ လူမှုရေးနယ်ပယ်မှာ သူတစ်ပါးရဲ့ စကား သို့မဟုတ် ကိုယ့်ရဲ့ သံသယစိတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ချက် မချမိဖို့ လိုပါတယ်။ ⚡️ မရေရာတဲ့ ကိစ္စတွေကို ဇွတ်အတတ် မဆုံးဖြတ်ဘဲ အချိန်နည်းနည်းပေးပြီး အေးအေးဆေးဆေး အခြေအနေကို စောင့်ကြည့်တာက အကောင်းဆုံးပါ။ 🍀 ကျန်းမာရေးအတွက် စိတ်လက်ကြည်လင်အောင် ထိန်းသိမ်းဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့ ဂရုစိုက်ပေးပါ။ 💗 စိတ်လှုပ်ရှားစရာနဲ့ စိုးရိမ်စရာတွေ ခဏဘေးဖယ်ထားနိုင်ရင်တော့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မိမိဖြစ်ချင်တဲ့ ဆန္ဒအချို့ ပြည့်ဝပြီး စိတ်ကျေနပ်မှု အပြည့်ရရှိမယ့် အခိုက်အတန့်တွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။ 🌟 ဆောင်ရန် - ကိုယ့်ရဲ့ Intuition ကို ယုံကြည်ပါ၊ စိတ်အေးချမ်းမှုကို ရှာဖွေပြီး လောလောဆယ် ရရှိထားတဲ့ အောင်မြင်မှုတွေကို ကျေးဇူးတင်ပါ။ 🌟 ရှောင်ရန် - မရေရာသေးတဲ့ ကိစ္စတွေမှာ လောဘကြီးပြီး စွန့်စားတာမျိုး၊ မမှန်ကန်တဲ့ ရာသီဥတု သို့မဟုတ် သတင်းအချက်အလက်တွေကို ယုံကြည်တာမျိုး ရှောင်ပါ။ 🍀 ကံကောင်းစေမယ့် အရောင် - Navy Blue၊ Yellow 🍀 ကံကောင်းစေမယ့် ဂဏန်း - ၂၊ ၉ #tarotreading #whiteraysdiva #generalreading #13August2026

  • 🍀 Education x client review 🌷✨ For personal Reading 👇 DM @sulattaung901 ❗️အဟောလေးတွေ ခနနေစဟောပေးပါမယ်ရှင် 💗✨

  • ✨ မနက်ဖြန်ဟာ သင့်ရဲ့ စွမ်းအင်တွေ ပြန်လည်လန်းဆန်းပြီး စိတ်ကူးသစ်၊ အခွင့်အလမ်းသစ်တွေ စတင်ဖို့ အရှိန်အဟုန်ကောင်းနေတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ⚡️ စိတ်ထဲမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ စိတ်ကူးယဉ်ထားတဲ့ အစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ⚡️ အလုပ်အကိုင်နဲ့ ပညာရေးမှာဆိုရင်လည်း အခွင့်အလမ်းကောင်းတွေ၊ သင်ယူစရာ အသစ်တွေကို စိတ်ဓာတ်တက်ကြွစွာနဲ့ စတင်နိုင်မှာဖြစ်သလို မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်မယ့် စွမ်းအားတွေ ရှိနေပါလိမ့်မယ်။ 💗 အချစ်ရေးနဲ့ လူမှုရေးမှာတော့ နွေးထွေးမှု၊ ဂရုစိုက်မှုနဲ့အတူ ပံ့ပိုးပေးမယ့် စွမ်းအင်တွေ ပြည့်နှက်နေပါတယ်။ 🌷nအပျိုလူလွတ်တွေအတွက် စိတ်လှုပ်ရှားစရာ ရိုမန်းတစ်ဆန်တဲ့ ဆက်ဆံရေး သို့မဟုတ် သင့်ကို ချစ်ခင်မြတ်နိုးမယ့်သူနဲ့ ဆုံတွေ့ရနိုင်သလို၊ အိမ်ထောင်ရှင် သို့မဟုတ် ချစ်သူရှိသူတွေအတွက်လည်း အပြန်အလှန် ဂရုစိုက် စာနာပေးနိုင်မယ့် အချိန်ကောင်းပါ။ 🍀 ငွေကြေးနဲ့ ပစ္စည်းဥစ္စာပိုင်းမှာ စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး တည်ငြိမ်မှုရရှိလာမယ့်အပြင် သင့်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကိုလည်း သေချာ ဂရုစိုက်စောင့်ရှောက်နိုင်ပါလိမ့်မယ်။ ❗️ရှောင်ရန် - မနက်ဖြန်မှာ စိတ်ကူးယဉ်ဆန်လွန်းတာ၊ စိတ်ခံစားချက်နောက်ကိုချည်း လိုက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ လောဘတကြီး ချလိုက်တာမျိုးတွေကိုတော့ သတိထား ရှောင်ကြဉ်ပေးပါ။ 🦋 ဆောင်ရန် - ရရှိလာတဲ့ အခွင့်အလမ်းနဲ့ စိတ်ကူးတွေကို သေချာ ဆုပ်ကိုင်ပြီး အေးအေးဆေးဆေးနဲ့ လက်တွေ့ကျကျ စနစ်တကျ အကောင်အထည်ဖော်ပါ။ မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကသူများကိုပါ မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးပါ။ 🍀 Lucky Color: စိမ်းပြာရောင် ၊ ရွှေရောင် 🔢 Lucky Number: ၁၊ ၄ #generalreading #whiteraysdiva #tarotreading #12August2026

  • ✨မနက်ဖြန်ဟာ သင့်စိတ်ထဲမှာ စိတ်ကူးသစ်တွေ၊ စွမ်းအင်သစ်တွေ ဝှက်ခနဲ ထွက်ပေါ်လာပြီး တစ်ခုခုကို စိတ်အားထက်သန်စွာ စတင်ချင်စိတ်တွေ ပြည့်နှက်နေမယ့်နေ့တစ်နေ့ပါ။ 🌷 ဘဝရဲ့ အပိုင်းကဏ္ဍပေါင်းစုံမှာ လမ်းကြောင်းသစ်တစ်ခုကို လှမ်းတက်ဖို့ အခွင့်အရေးကောင်းတွေ ကြုံရနိုင်ပေမဲ့ အလျင်စလို စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိဖို့တော့ လိုပါလိမ့်မယ်။ 🦋 သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ကူးစိတ်သန်းတွေကို သေချာစနစ်တကျ ပြင်ဆင်ပြီး အစီအစဉ်တကျ၊ စိတ်ရှည်လက်ရှည် ပုံမှန်ခြေလှမ်းလေးတွေနဲ့ တဖြည်းဖြည်း ချဉ်းကပ်သွားတာကပဲ အမှားအယွင်းမရှိဘေးကင်းစေမှာပါ။ 🍀 တစ်ဆင့်ပြီးတစ်ဆင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားနိုင်ရင်တော့ သင့်ရဲ့ ကြိုးစားမှုတိုင်းဟာ နောက်ဆုံးမှာ အလွန်တောက်ပတဲ့ အောင်မြင်မှု၊ ရှင်းလင်းပြတ်သားတဲ့ ရလဒ်ကောင်းတွေနဲ့အတူ စိတ်ချမ်းသာစရာ အပြည့်အဝ ဆောင်ကြဉ်းပေးလာမှာ ဖြစ်ပါတယ်။ 🌷 ဆောင်ရန် - ရရှိလာတဲ့ အခွင့်အရေးသစ်တွေနဲ့ စိတ်ကူးတွေကို စနစ်တကျ သေချာပြင်ဆင်ပြီးမှ ပုံမှန်စိစစ်လုပ်ဆောင်ပါ။ ❗️ရှောင်ရန် - စိတ်မြန်လက်မြန် အလျင်စလို ဆုံးဖြတ်တာနဲ့ ရလဒ်ကို ချက်ချင်းလိုချင်တဲ့ စိတ်လောမှုတွေကို ရှောင်ကြဉ်ပါ။ 🍀 Lucky Color: ဝါဂွမ်းရောင် ၊ အဝါရောင် 🍀 Lucky Number: 1 #tarotreading #whiteraysdiva #generalreading #11August2026

  • 💰 Abundance ~ Cash Flow Wallpaper 💚

  • ✨ မနက်ဖြန်မှာ စိတ်မောစရာတွေ၊ ဖိအားအချို့ကြောင့် အရာရာကို သံသယဝင်မိတာ၊ ကိုယ့်ကိုကိုယ် ကာကွယ်ချင်စိတ်နဲ့ စိတ်တံခါး ပိတ်ထားချင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ 🍀 အလုပ်၊ ငွေကြေး၊ အချစ်ရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ပိုင်ဆိုင်ထားတာတွေကို အဆုံးရှုံးမခံချင်တဲ့ စိုးရိမ်စိတ်ကြောင့် တင်းကြပ်ထားမိတာ၊ ဒါမှမဟုတ် တာဝန်တွေကို တစ်ယောက်တည်း ဒိုင်ခံ ထမ်းထားရလို့ စိတ်ညစ်ရတာမျိုး ကြုံရနိုင်ပါတယ်။ ⚡️ ဒါကြောင့် အရာရာကို အတင်းဆုပ်ကိုင်ချုပ်ကိုင်ထားတာ၊ စိတ်လိုလက်ရ မရှိဘဲ တင်းမာနေတာမျိုးတွေကို ရှောင်ကြဉ်ပေးပါ။ 🌷 မနက်ဖြန်အတွက် အကောင်းဆုံး ဆောင်ရန်ကတော့ ကိုယ့်ကိုကိုယ် နွေးနွေးထွေးထွေး ဂရုစိုက်ပေးပြီး စိတ်ကိုလျော့ ထားပေးဖို့ပါ။ 🌷 စိတ်ဖိအားတွေကို ခဏလွှတ်ချလိုက်ပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ အလှတရားကို ယုံကြည်ပါ။ 🌷 ကိုယ့်အပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာပါ မေတ္တာနဲ့ အေးချမ်းစွာ တုံ့ပြန်လိုက်တဲ့အခါ မလိုလားအပ်တဲ့ တင်းမာမှုတွေ ပြေပျောက်ပြီး လိုချင်တဲ့ အဆင်ပြေမှုနဲ့ ပြည့်စုံခြင်းတွေက သဘာဝအတိုင်း စီးဆင်းဝင်လာပါလိမ့်မယ်။ 🍀 ကံကောင်းစေမယ့် အရောင် - အစိမ်းရောင်၊ ပန်းရောင် 🔢 ကံကောင်းစေမယ့် ဂဏန်း - ၃၊ ၄၊ ၉ #generalreading #whiteraysdiva #tarotreading #10August2026

  • 🍀 မနက်ဖြန်ဟာ သင့်အတွက် အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေ၊ အစီအစဉ်အသစ်တွေနဲ့ စိတ်ဓာတ်တက်ကြွစွာ ခြေလှမ်းသစ်စတင်ချင်တဲ့ နေ့တစ်နေ့ ဖြစ်နေပါလိမ့်မယ်။ ⚡️ အသစ်အဆန်းတွေကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ချင်စိတ်၊ ခရီးစဉ်အသစ် သို့မဟုတ် လမ်းကြောင်းအသစ်တစ်ခုဆီ တက်ကြွစွာ လှမ်းဝင်ချင်တဲ့ စွမ်းအင်တွေ ပြည့်နှက်နေပါလိမ့်မယ်။ 🦋 ဒါပေမဲ့ ဒီလို ရင်ခုန်စိတ်လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ စိတ်ပျက်ဝမ်းနည်းစရာ သတင်း သို့မဟုတ် နှလုံးသားကို ထိခိုက်စေမယ့် စကားမျိုး ကြားရတာ၊ ယုံကြည်ရသူတွေထံမှ စိတ်ဓာတ်ကျစရာ ကြုံရတာမျိုး ပုန်းကွယ်နေတာကြောင့် သတိထားဖို့ လိုပါမယ်။ 💗 အချစ်ရေး၊ လူမှုရေးနဲ့ အလုပ်အကိုင်နယ်ပယ်တွေမှာ အားလုံး အဆင်ပြေ လှပနေလိမ့်မယ်လို့ အလွန်အမင်း မျှော်လင့်ချက်ကြီးကြီး ထားမိရင် မလိုလားအပ်တဲ့ စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ 🌷 လမ်းကြောင်းအသစ်ကို လျှောက်လှမ်းတဲ့အခါမှာ သတိလက်လွတ် မဖြစ်ဘဲ သေချာစဉ်းစား သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။ ❗️သူတပါးရဲ့ စကားတွေ၊ ဝေဖန်မှုတွေကို အလွန်အမင်း စိတ်ထဲမထားပါနဲ့။ ⚡️ စိတ်ခံစားချက်နောက်ကို လုံးလုံးလျားလျား မလိုက်ဘဲ ဦးနှောက်နဲ့ ယှဉ်ပြီး ဆုံးဖြတ်တာက သင့်ကို အကောင်းဆုံး အကာအကွယ် ပေးပါလိမ့်မယ်။ 🍀 စိတ်ဒဏ်ရာအသေးစားလေးတွေ ရှိလာခဲ့ရင်လည်း ဒါဟာ ပိုမိုရင့်ကျက်တဲ့ အနာဂတ်ဆီသွားဖို့ သင်ခန်းစာတစ်ခုပဲလို့ သဘောထားပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်ပါ။ 🎨 Lucky colour - အဝါရောင် ၊ အပြာရင့်ရောင် 🔢 Lucky Number - ၃၊ ၀ #tarotreading #whiteraysdiva #generalreading #9August2026

  • 🌷 မနေ့က ကျန်တဲ့သူတွေ ဒီနေ့ ဆက်ဟောပေးပါမယ် 💗✨ 🌷 ဒီနေ့က 8.8 Lion portal gate နေ့ဆိုတော့ မနေ့ကကျန်တဲ့သူတွေနဲ့ ဒီနေ့လာမေးတဲ့သူတွေကို အဆောင်wallpaper customised တစ်ခုစီ free ပေးပါမယ်ရှင် 💗 🍀 DM @Sulattaung901 🍀

  • ✨ မနက်ဖြန်ဟာ စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အပြည့်အဝ စိုက်ထုတ်ရမယ့် နေ့တစ်နေ့ပါ။ 💗 အလုပ်အကိုင်နဲ့ ပညာရေးမှာ ကိုယ်စတင်ထားတဲ့ ကိစ္စတွေကို စိတ်ပါဝင်စားစွာနဲ့ အသေးစိတ်အထိ သေချာဂရုစိုက် လုပ်ဆောင်သွားတာက အကောင်းဆုံး ရလဒ်နဲ့ အသိအမှတ်ပြုမှုတွေကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။ 🍀 အချစ်ရေးနဲ့ လူမှုရေးမှာတော့ နွေးထွေးတဲ့ စကားသံတွေ၊ စိတ်လှုပ်ရှားစရာ ကမ်းလှမ်းချက် ဒါမှမဟုတ် စိတ်ချမ်းသာစရာ သတင်းစကားလေးတွေ ရရှိလာနိုင်ပါတယ်။ 🦋 ခံစားချက်တွေကို အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်ပြီး မေတ္တာရှေ့ထား ဆက်ဆံနိုင်တာက ကိုယ့်ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုနဲ့ အားသာချက် ဖြစ်လာပါလိမ့်မယ်။ ⚡️ တစ်ပါးသူရဲ့ စကားကြောင့် စိတ်တိုဒေါသထွက်တာ၊ အလျင်စလို တုံ့ပြန်တာမျိုးတွေကို ရှောင်ရှားပြီး၊ ကိုယ့်ရဲ့ ပန်းတိုင်နဲ့ လုပ်စရာရှိတာပေါ်မှာပဲ စိတ်စိုက်ထားဖို့ အကြံပြုချင်ပါတယ်။ 🌷 ကျန်းမာရေးအတွက် ပင်ပန်းနွမ်းနယ်မှုမဖြစ်အောင် အလုပ်နဲ့ အနားယူချိန်ကို မျှတအောင် ယူပေးပါ။ စိတ်ရှည်မှု၊ စိတ်စေတနာကောင်းတို့နဲ့ စွဲစွဲမြဲမြဲ ကြိုးစားသမျှဟာ မကြာမီ အသီးအပွင့်ကောင်းတွေ သီးပွင့်လာတော့မှာပါ။ 🎨 ကံကောင်းစေမယ့် အရောင် - ပန်းရောင်၊ ရွှေဝါရောင် 🔢 ကံကောင်းစေမယ့် ဂဏန်း - ၈၊ ၁၁ #generalreading #whiteraysdiva #tarotreading #8August2026

  • ❗️ Urgent fees မပေးရပဲ ဒီည အဟောရချင်တဲ့ကလေးတွေ Dm ကိုလာပါရှင် @sulattaung901

  • 🍀 General Reading 🍀 မနက်ဖြန်ဟာ သင့်အတွက် သာမန်ရက်တစ်ရက်ထက်စာရင် စိတ်လှုပ်ရှားစရာ ရွေးချယ်မှုတွေ၊ အစပြုမှုအသစ်တွေနဲ့အတူ ကာကွယ်မှုအချို့လည်း လိုအပ်မယ့် ရက်တစ်ရက်ဖြစ်ပါတယ်။ 🌷 အလုပ်အကိုင်နဲ့ မိတ်ဆွေအပေါင်းအသင်းကြားမှာ မပြတ်သားတဲ့ လှည့်ကွက်တွေ၊ သတင်းအချက်အလက် မပြည့်စုံဘဲ ကွယ်ရာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအချို့ ကြုံရနိုင်တာမို့ ဘယ်သူ့ကိုမဆို ရာနှုန်းပြည့် လွယ်လွယ်နဲ့ ယုံကြည်လိုက်ဖို့ မသင့်ပါဘူး။ 🌷 မိမိရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် အရေးကြီးတဲ့ အစီအစဉ်တွေကို လောလောဆယ် လျှို့ဝှက်ထားတာ ပိုစိတ်ချရပါလိမ့်မယ်။ 💫 အချစ်ရေးမှာတော့ နှလုံးသားချင်း ထပ်တူကျမယ့် ချိတ်ဆက်မှုတွေ၊ ခိုင်မာတဲ့ ရွေးချယ်မှုပြုလုပ်ရမယ့် အခွင့်အရေးတွေ ရောက်ရှိလာနိုင်ပါတယ်။ 🌟 ဒီအတိုင်းပဲ လမ်းဟောင်းအတိုင်း သွားမလား၊ လမ်းသစ်ဖောက်မလား ဆိုတဲ့ လမ်းဆုံလမ်းခွမှာ သတ္တိရှိရှိ ခြေလှမ်းသစ်စတင်ဖို့ တွန်းအားတွေ ရလာပါလိမ့်မယ်။ 💫 စိုးရိမ်စိတ်တွေကို ခဏဘေးဖယ်ပြီး အသစ်အဆန်းတွေကို စိန်ခေါ်ကြည့်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပေမဲ့ စိတ်လိုက်မာန်ပါ လျှောက်လုပ်တာမျိုးတော့ ရှောင်ရပါမယ်။ 🌈 ကျန်းမာရေးအတွက်ကတော့ ခြေထောက်၊ ခြေဆစ်နဲ့ ပတ်သက်တဲ့ ထိခိုက်ဒဏ်ရာ သေးသေးမွှားမွှားလေးတွေ မဖြစ်အောင် သတိထား သွားလာပေးပါ။ ရှောင်ရန် 👇 🍒 သူတစ်ပါးစကားကို ကမ်းကုန်ယုံပြီး လျှို့ဝှက်ချက်တွေ ထုတ်ပြောခြင်း၊ စိတ်လိုက်မာန်ပါ မဆင်မခြင် ဆုံးဖြတ်ခြင်းနဲ့ ပတ်ဝန်းကျင်က မရိုးသားသူတွေကို အလွယ်တကူ ယုံကြည်မိခြင်းတို့ကို အထူးရှောင်ပါ။ ဆောင်ရန် 👇 🍒 မိမိရဲ့ စိတ်နဲ့ intuition ကို ယုံကြည်ပါ၊ ဆုံးဖြတ်ချက်တစ်ခုခု ချခါနီးရင် အရာရာကို သေချာချင့်ချိန်ပြီးမှ ရဲရဲဝံ့ဝံ့ အစပြုပါ။ 🫧 Lucky Color: အဝါနုရောင်၊ မိုးပြာရောင် 🫧 Lucky Number: 0, 6 #generalreading #whiteraysdiva #tarotreading #7August2026

  • ❗️အဟော မရသေးတာ၊ နောက်ကျနေတာမျိုးရှိရင် ကျမဆီ စာလာပို့ပေးပါရှင် 🦋✨ ⚡️ DM @sulattaung901 ⚡️

  • 🌟 မနက်ဖြန်ဟာ သင့်စိတ်ထဲမှာ မျှော်လင့်ချက်အသစ်တွေ၊ အိပ်မက်အသစ်တွေနဲ့ ရှေ့ဆက်ဖို့ ခွန်အားတွေ ပြည့်နေမယ့် နေ့တစ်နေ့ပါ။ ❗️ဒါပေမဲ့ တစ်ဖက်မှာလည်း စိတ်ထဲ မရေမရာဖြစ်တာ၊ စိုးရိမ်စိတ်လွန်ကဲတာနဲ့ ရင်ထဲက ဝေခွဲမရတဲ့ သံသယတွေက သင့်ကို တွန်းထုတ်နေတတ်ပါတယ်။ ⚡️ အထူးသဖြင့် အလုပ်အကိုင်နဲ့ ငွေကြေးမှာ လက်ရှိရထားတဲ့ ရလဒ် ဒါမှမဟုတ် ပိုင်ဆိုင်မှုကို မဆုံးရှုံးချင်လို့ အရမ်းဆုပ်ကိုင်ထားမိတာမျိုး၊ 💗 လူမှုရေးနဲ့ အချစ်ရေးမှာ အမှန်တကယ် မဟုတ်သေးတဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေကို ကြောက်ပြီး နောက်ဆုတ်နေမိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ✨ ဆောင်ရန်/ရှောင်ရန် 🌷 ဆောင်ရန် - ကိုယ့်ရဲ့ ပင်ကိုယ် Intuition ကို ယုံကြည်ပါ။ အတွင်းစိတ်ရဲ့ လမ်းပြမှုကို နားထောင်ပြီး အနာဂတ်အတွက် ကောင်းမွန်တဲ့ မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားပါ။ 🌷 ရှောင်ရန် - ဘာမဟုတ်တာလေးနဲ့ ပူပန်သောကရောက်တာ၊ အပြောင်းအလဲတွေကို ကြောက်ပြီး အရာရာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတာနဲ့ မသေချာတဲ့ ကောလာဟလတွေကို ယုံကြည်ပြီး ဆုံးဖြတ်ချက်အလောတကြီး ချတာမျိုးတွေကို အထူးရှောင်ကြဉ်ပါ။ 🍀 Lucky colour - အပြာရောင် ၊ ငွေရောင် 🍀 Lucky Number - ၁၇၊ ၁၈၊ ၄ #tarotreading #whiteraysdiva #generalreading #6August2026

  • 😭💗 ကျမချစ်ချစ်တွေက မန့်ထားကြတာ အများကြီးပဲ 😞 ကျမလည်း အကုန်လုံးကိုဟောပေးချင်ပေမယ့် အများကြီးဟောဖို့ energy မနိုင်လို့ပါနော် 🥺 🍀 အဲ့တာကြောင့် ပြောထားတဲ့အတိုင်း ဦးဆုံးသုံးယောက်ကို ရွေးပြီး ဟောပေးပါမယ်ရှင် 💗 မရလိုက်တဲ့ကလေးတွေကလည်း အရမ်းတွေစိတ်ဆိုးပြီး ဒေါသ မထွက်ကြပါနဲ့နော်။ နားလည်ခွင့်လွှတ်ပေးပါရှင်

  • 💗 ဒီနေ့ည August General Reading Package လေး (၃)ဦး free ဟောပေးပါမယ် 1. Birth chart + cards reading မို့ ကိုယ့်ရဲ့ မွေးနေ့၊မွေးရက်၊မွေးချိန်၊နေရာ သိရပါမယ်။ 2.အချစ်ရေးမှာ ရည်းစားရှိ/မရှိ လက်ရှိအခြေအနေ ပြောပြရပါမယ်။ 3.ပညာရေး ဘာတက်နေလဲ၊ ဘာတွေသင်နေလဲ၊လက်ရှိခြေနေ 4.စီးပွားရေး/အလုပ်အကိုင် ဘာအလုပ်လုပ်နေပါသလဲ၊လက်ရှိ ငွေကြေး ခြေနေ 👇 ဒါတွေကို cmt မှာ မန့်ပေးခဲ့ပါ။ 🌷 အချက်အလက်ပြည့်စုံတဲ့ ပထမဆုံးသုံးယောက်ကို ဟောပေးပါမယ်။

  • 🍀 မနက်ဖြန်ဟာ စွမ်းအင်သစ်တွေ၊ အခွင့်အလမ်းသစ်တွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်ရဲ့ အရည်အချင်းနဲ့ ပိုင်ဆိုင်ထားတာတွေကို ယုံကြည်မှုအပြည့်နဲ့ စမတ်ကျကျ ထုတ်သုံးရမယ့် ရက်တစ်ရက်ပါ။ ⚡️ အလုပ်နဲ့ ငွေကြေးပိုင်းမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး ပင်ပန်းခဲ့သမျှရဲ့ အသီးအပွင့်တွေကို စိတ်တိုင်းကျ ခံစားရနိုင်သလို၊ မလိုလားအပ်တော့တဲ့ မူဝါဒဟောင်းတွေ၊ လုပ်နည်းလုပ်ဟောင်းတွေကို ရဲရဲဝံ့ဝံ့ ပိတ်သိမ်းပြီး လမ်းကြောင်းသစ် စတင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ 💗 အချစ်ရေးနဲ့ လူမှုရေးမှာလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုအပေါ် အပြည့်အဝ အခြေခံပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်သက်မှုတွေနဲ့ လေးလံနေတဲ့ စိတ်ဒဏ်ရာတွေကို အပြီးသတ် စွန့်လွှတ်လိုက်တာက ကိုယ့်အတွက် အကောင်းဆုံး သက်သာရာ ဖြစ်စေပါလိမ့်မယ်။ ❗️မနက်ဖြန်မှာ အဓိက ဆောင်ရမယ့်အရာက ကိုယ့်စွမ်းအားကို ယုံကြည်ပြီး ပြောင်းလဲခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံဖို့ဖြစ်ပြီး၊ ရှောင်ရမှာကတော့ သက်တောင့်သက်သာရှိလွန်းလို့ မလိုအပ်ဘဲ အတိတ်က ပုံစံဟောင်းတွေကို ဖက်တွယ်ထားတာမျိုးပဲ ဖြစ်ပါတယ်။ 🦋 ကျန်းမာရေးအတွက်လည်း အလေ့အကျင့်ဟောင်းတွေကို စွန့်လွှတ်ပြီး စွမ်းအင်သစ် သွင်းယူဖို့ စိတ်ရောကိုယ်ပါ ပြင်ဆင်ထားပါ။ ✨ ကံကောင်းစေမယ့် အရောင် - Gold ၊ yellow ✨ ကံကောင်းစေမယ့် ဂဏန်း - ၁ ၊ ၉ #generalreading #whiteraysdiva #tarotreading #5august2026

  • 🌸✨ မနက်ဖြန်မှာ သင့်ရဲ့ ပင်ကိုယ်သိစိတ်နဲ့ ခံစားချက်က အရမ်းစူးရှနေမှာမို့ ပြင်ပက အသံတွေထက် မိမိကိုယ်ပိုင် သုံးသပ်ချက်ကိုပဲ ပိုပြီး ယုံကြည်ပေးပါ။ 🍀 အထူးသဖြင့် အလုပ်အကိုင်နဲ့ လူမှုရေးနယ်ပယ်မှာ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေအတွက် စိတ်ကူးသစ်တွေ ပေါ်ထွက်လာနိုင်ပြီး ခရီးဝေး၊ ဒါမှမဟုတ် အခွင့်အလမ်းသစ်တွေအတွက် စိတ်ကူးပုံဖော် မျှော်လင့်နေရတာမျိုး ကြုံရပါလိမ့်မယ်။ 🌷 သတင်းကောင်းတစ်ခုကတော့ မနက်ဖြန်မှာ ငွေကြေးဆိုင်ရာ အခွင့်အလမ်းကောင်း ဒါမှမဟုတ် ရလဒ်ကောင်းတစ်ခု လက်တွေ့ကျကျ စတင်ဝင်ရောက်လာနိုင်ခြေ ရှိနေတာပါပဲ။ 🌹 အချစ်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက် အလိုက်သင့်လေး စောင့်ကြည့်ရင်း နားလည်မှုယူရမယ့် အချိန်ဖြစ်ပြီး၊ ကျန်းမာရေးအတွက် ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင် ခန္ဓာကိုယ်ရဲ့ တောင်းဆိုချက်ကို သေချာနားထောင်ပေးဖို့ လိုပါမယ်။ 🌟 မနက်ဖြန်အတွက် အဓိက ရှောင်ရန်လေးကတော့ စိတ်လောပြီး ဆုံးဖြတ်ချက် ချတာမျိုးနဲ့ စိတ်ကူးယဉ်ရုံတင် ရပ်တန့်နေတာမျိုးကို ရှောင်ရပါမယ်။ ✨ ဆောင်ရန်ကတော့ ရရှိလာမယ့် အခွင့်အလမ်းသေးသေးလေးတွေကိုမှ လွတ်မသွားအောင် သေချာဆုပ်ကိုင်ပြီး လက်တွေ့ကျကျ စတင်အကောင်အထည်ဖော်သွားဖို့ ဖြစ်ပါတယ်။ 🪸 Lucky colour : Deep Purple ၊ Green 🪸 Lucky Number : 1,2,3 #tarotreading #whiteraysdiva #generalreading #4august2026