Witchy Candy
СтатистикаDo the universe a favor, and don’t hide your magic ✨🌎🌬️🌊🔥✨
- Последний пост
- 23 нояб. 2024 г.
- Последнее чтение
- ещё не заходили
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://youtu.be/9bXKF_KApmw?si=VM-LHdCX0lSgX2pR
https://youtu.be/fqEFHYU_aY8?si=B5JFiDQrBkJbMLti
https://youtu.be/HDOQEB4qxy8?si=lLUSOXXNgV476gdb
https://youtu.be/dQGgofUUa8Y?si=yF735PW4_6d80vLZ
https://youtu.be/NCm3-mbpy9M?si=7G8HYiSf9EiA7LOO
Gemini တို့နဲ့တွဲမယ်ဆိုရင် သိထားသင့်တဲ့အချက်များ ♥️✨ https://youtu.be/6UDbAjcN6Mc
https://youtu.be/Y8oI1gQ9Upo?si=iDXJ-bPPeKNAxrYq
https://youtu.be/KekCpOz9ELc?si=_FSvxneSEeVFlrro
https://youtu.be/ywusX2BnCBc?si=P0E2SqITiWfaoPWf
https://youtu.be/4lfsPgG_kag?si=yJDfXe7goOlEg_DA
https://youtu.be/hMLesX1r5wQ?si=OsTx_GbS1_NdmPlV
https://youtu.be/Y8oI1gQ9Upo?si=taMlgnzBdG4TPZH_
ဆောရီး … ကျမ ဒီရက်ထဲ ဘာမှမဟုတ်ဘဲနဲ့ကို အလုပ်ရှုပ်နေတာနဲ့ tg ကို မေ့မေ့နေတယ်။ အကယ်လို့ fb သုံးမရတဲ့သူများလည်း YouTube မှာ ဝင်ကြည့်နော်။ ကျမစာတွေရော video တွေရော တင်ပေးထားပါတယ်။
ကျက်သရေမင်္ဂလာအရှိဆုံး ကိစ္စတွေထဲမှာ၊ ကိုယ့်ကိုယ်ကို မြတ်နိုးခြင်းဟာလည်း တစ်ပါးအပါဝင်ဖြစ်ပါတယ်။ ညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ၊ လူတိုင်းဟာ အသက်တစ်ချောင်းစီနဲ့ ဘဝတစ်ခုစီပဲ ပါလာကြတာမို့၊ ကိုယ့်ဘဝလေးကို ကြင်နာပါ ယုယပါ စောင့်ရှောက်ပါ။ သူများတွေရဲ့ဘဝ၊ အလှ၊ အရည်အချင်းတွေကို သူတို့ဘာသာ စောင့်ရှောက်ပါစေ။ ကိုယ်က ဝေဖန်ကဲ့ရဲ့စရာမလိုပါဘူး။ ကိုယ့်ဘဝ၊ အလှ၊ အရည်အချင်းတွေကို ပြုစုပျိုးထောင်ပါ။ သူများက ဝေဖန်ကဲ့ရဲ့နေလည်း အဲဒါက သူတို့ကိုယ်သူတို့ တန်ဖိုးမထားလို့ အချိန်ဖြုန်းနေတာပါ။ ကိုယ်က လိုက်ခံစားပြီး အချိန်မဖြုန်းပါနဲ့။ ဘဝက ဖြတ်လမ်းသုံးရင် အမြင့်ကို အမြန်ရောက်ကောင်းရောက်ပေမယ့်၊ တကယ့်ခိုင်မာတဲ့ အုတ်မြစ်မပါရင် အလွယ်တကူပြန်ပြိုလဲတတ်ပါတယ်။ ဒါကြောင့် … နေ့စဉ်အကျင့်လေးတွေကို ပြင်ဆင်ပါ။ ဘာလုပ်လုပ် သုံးသပ်ပါ။ အချိန်တွေကို ကိုယ့်အတွက် ပိုသုံးကြည့်ပါ။ လူဖြစ်ရတဲ့ခဏလေးမှာ ကိုယ့်က်ုယ်ကို မေတ္တာပေးပါ။ သူများကိုပေးတဲ့အချစ်တွေက အလဟဿဖြစ်တတ်ပေမယ့်၊ ကိုယ့်နှလုံးသားလေးကလည်း ကိုယ့်ဆီက မေတ္တာငတ်နေကြောင်း သတိရပါ။ ကိုယ့်ကိုယ်ကိုပေးတဲ့ မေတ္တာက ဘယ်တော့မှ အလဟဿမဖြစ်ပါဘူး။ အားလုံးပဲ ကြည်လင်တောက်ပစွာနဲ့ ကျန်းမာချမ်းသာကြပါစေ။ ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်ကြပါစေ ♥️✨🧜🏻♀️ Witchy Candy 🍭
ချစ်လို့အကြံပေးရရင် ဘဝမှာ တစ်ခုခုကိုစွဲမြဲပြီး ပုံသေမှတ်မထားနဲ့။ ပြဿနာတွေကိုလည်း ဒီအတိုင်းပဲ၊ အကြာကြီးလို့တွေးပြီး နစ်မြုပ်မနေနဲ့။ ပျော်ရွှင်မှုတွေမှာလည်း ဒီအတိုင်းပဲ ထာဝရလို့ထင်ပြီး မျောလွင့်မနေနဲ့။ အတွဲတစ်တွဲဟာ ချစ်ခါစထက် အချိန်တစ်ခုအရောက်မှာ ရင်းနှီးလာတာနဲ့အမျှ အဆင်မပြေတာတွေကို တစ်ခုပြီးတစ်ခုဖြတ်ကျော်ရင်း ပိုချစ်လာနိုင်သလို၊ အဆင်ပြေနေသလိုလို ကျော်ဖြတ်ရင်း သွေးအေးလာတတ်ကြတာ သဘာဝပဲ။ အရေးမကြီးပါဘူးထင်ရင်း အရေးကြီးလာတဲ့အခိုက်အတန့်တွေရှိသလို၊ အရေးတကြီး ဖြေရှင်းအားစိုက်ထုတ်နေပြီးမှ ဘာမှမဟုတ်ပါလားလို့ သေးနုပ်နေတာမျိုးတွေလည်း ဘဝမှာ အများကြီးပဲ။ ကျမမှာလည်း လူထဲကလူတွေအတိုင်း အခက်အခဲတွေလည်း ကြုံရတယ်၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး အရာရာပဲ။ နေမကောင်းရင် ဆေးသောက်ရတယ်။ အတိုက်အခိုက်အပြိုင်အဆိုင်တွေရှိတယ်။ အလုပ်အတွက် စီမံခန့်ခွဲရတာတွေရှိတယ်။ ဒါပေမဲ့ … သတိလေးကပ်ပြီး .. ဘာမဆို တွေးတောလုပ်ကိုင်လာတဲ့အခါ၊ ကြုံလာတဲ့အရာတွေကို ..အစွန်းတစ်ဖက်ဖက်ကို မပို့ဘဲ၊ အလည်တည့်တည့်က ရှုမြင်တတ်လာတဲ့အခါ၊ ကျမက နေရတာ တအားကြီးမပိတ်လှောင်တော့ဘူး။ အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာရှိတယ်။ ပျော်တာ/ငိုတာ/လွမ်းတာ/ချစ်တာ အရာရာဟာ သူ့အကန့်အသတ်ကို နားလည်ထားရင် ဘဝဟာ အများကြီးမမောပန်းတော့ဘူး။ ကျမအသက် ၂၉အထိ အများကြီး မောပန်းခဲ့ပြီးပြီ။ အလုပ်တွေလည်း အများကြီးလုပ်တယ်။ ငွေရှာတယ်။ အချစ်အတွက် အချိန်တွေစတေးတယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့အလုပ်ကလွဲရင် အကုန်လုပ်ဖြစ်တယ်။ အခု ၃နှစ်ရှိပြီ စိတ်လေး အေးချမ်းတယ်။ မနက်ဆို အိပ်ရေးဝပြီး ပြတင်းပေါက်ကနေ ရှုခင်းလေးတွေကြည့်ရတာကို တန်ဖိုးထားတတ်လာတယ်။ ပြောင်းလဲသွားတဲ့ အရာရာကို လက်ခံဖို့ အမြဲအသင့်ပြင်တတ်လာတယ်။ အရင်က ချစ်လား လို့ တတွတ်တွတ်မေးတတ်တာကနေ၊ ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောတတ်လာတယ်။ တစ်ခါတစ်လေ အစွန်းသေးသေးလေးတွေကနေ အလည်ဘက်လေးကို ဖြည်းဖြည်းချင်း ရွှေ့ကြည့်တဲ့အခါ၊ ဘဝဟာ ပိုပျော်စရာကောင်းလာတာ တွေ့လိမ့်မယ်။ အားလုံးပဲ … ရွေ့လျားပြောင်းလဲနေတဲ့ နေ့ရက်တိုင်းရဲ့ ပစ္စုပ္ပန်မှာ စိတ်အေးချမ်းနိုင်သောသူများ ဖြစ်ကြပါစေ ♥️✨🧜🏻♀️ Witchy Candy 🍭
https://youtu.be/Kxx9l8Xztl0?si=M96waFhjMJyAxu-p
မှော်ပညာ (Modern Witchcraft)နဲ့ ပတ်သက်ပြီး အမြင်ရှင်းစေချင်လို့ video/Post တွေ တင်ခဲ့တာ ဒါဘယ်နှကြိမ်မြောက်မှန်းတောင် မသိတော့ပါဘူး။ ဒါပေမဲ့ အခုထိမသိသေးတဲ့သူတွေအတွက် ထပ်ရှင်းပြပါမယ်။ မှော်ပညာဟာ အောက်လမ်းပညာမဟုတ်ပါဘူး။ Witch ဆိုတဲ့ စုန်း/ကဝေလို့ ကြားရင် လူတွေက မကောင်းတဲ့အမြင်နဲ့ တွဲမြင်တတ်ကြပါတယ်။ တကယ်ရော မကောင်းတဲ့အရာတွေမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့နဲ့ မဆိုင်ပါဘူးရှင်။ Modern Witchcraft ဟာ ဒီစက်ြာဝဠာကြီးထဲက သဘာဝတရားတွေရဲ့ energy တွေနဲ့ ချိတ်ဆက်ပြီး၊ နာမ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်ပြောင်းလဲစေတဲ့ အကောင်းဘက်ကို ဦးတည်သော ပညာရပ်များကို ဖန်တီးခြင်းဖြစ်ပါတယ်။ Witchcraft တွေရဲ့ အဓိက အကျိုးအာနိသင်ဟာ ဒါကို ကိုင်တွယ်တဲ့ Witch ရဲ့ energy နဲ့ နားလည်လွယ်အောင်ပြောရင် စိတ်စွမ်းအား၊ မေတ္တာ၊ စေတနာ၊ ဥာဏ်ပညာတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ကျမတို့ရဲ့ သဘာဝတရားကြီးဟာ ညီညွတ်မျှတတဲ့ အဆိုးအကောင်းတွေကို အရာရာတိုင်းကို ပေးအပ်ထားပါတယ်။ ဘယ်အရာမဆို အကောင်းရှိသလို အဆိုးရှိပါတယ်။ ရာသီခွင်တွေ၊ ပန်းတွေ၊ အပင်တွေ၊ ကျောက်တွေ အစရှိသဖြင့် အရာရာဟာ သူ့အတိုင်းအတာနဲ့သူ အဆိုးအကောင်းရှိပါတယ်။ ပန်းသီးလေးတစ်လုံးကိုပဲ မကောင်းတဲ့ energy နဲ့ နေထိုင်တဲ့ Witch တစ်ယောက်ဆီမှာဆို ေ-သစေနိုင်တဲ့အရာအဖြစ်ပြောင်းလဲသွားသလို၊ ကောင်းမွန်တဲ့ Energy နဲ့နေထိုင်ရင် ကလေးမရနိုင်သူတွေအတွက်သုံးတဲ့ Ritual, ချစ်ခြင်းမေတ္တာတွေ နွေးထွေးနီးကပ်စေတဲ့ Ritual တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ Modern Witchcraft ဟာ လွယ်လားမေးရင် လုပ်နည်းတွေက လေ့လာလို့ ဘယ်သူမဆို ရပါတယ်။ ဘာကခက်တာလဲမေးရင် အကျင့်နဲ့ စိတ်ရင်းက ခက်တာပါ။ အကျင့်ပိုင်းကိုပြောရရင် စာရိတ္တကျင့်ရော၊ အလေ့အကျင့်ရော လိုပါတယ်။ ကျမဆို ပြောမှားဆိုမှား ပြုမူမှားမဖြစ်ဖို့၊ အမြဲအကြည်ဓာတ်ရဖို့ ခေါင်းက အမြဲကြည်လင်ပြီး energy health ဖြစ်နေဖို့၊ အရက်၊ ဆေးလိပ်၊ မူးယစ်ေ-သစာ ဘာမှမသုံးစွဲပါဘူး။ နေရာတိုင်းမှာ ကြုံသလိုမဟောပါဘူး။ energy မသန့်တဲ့နေရာမျိုးတွေကို ရှောင်ပါတယ်။ လူတစ်ယောက်ရဲ့ desire အစစ်အမှန်နဲ့မေးတာကိုပဲ ကျမ ဟောပါတယ်။ ပေါ့တီးပေါ့ပျက် အပျော်လိုလို၊ ဝရုန်းသုန်းကား မရေမရာဖြစ်နေတာတွေဆို ဘယ်လောက်ရရ ကျမ မဟောပါဘူး။ ချဲနံပါတ် နှစ်လုံးထီ၊ ဘောလုံးပွဲအပါအဝင် မည်သည့်လောင်းကစားကိစ္စကိုမှ မလုပ်ပေးပါဘူး။ သူတစ်ပါး အသိုက်အမြုံပြ်ုကွဲစေဖို့/စီးပွါးပျက်စေဖို့/အသက်အန္တရာယ်ထိခိုက်စေဖို့ ကိစ္စတွေကို လုံးဝမလုပ်ပေးပါဘူး။ ပညာရေး၊ ကျန်းမာရေးကိစ္စတွေဆို အထူးအရေးပေးပြီး ကူညီပါတယ်။ Ritual တွေကို ပေးတဲ့အခါ ကိုယ်တိုင်ရဲ့ Energy ကောင်းနေဖို့က နံပါတ် တစ်ပါ။ ကျမနဲ့ အဟောယူဖူးသူတွေ WC မှာ မိသားစုလို အများကြီးပါပဲ။ ယနေ့အထိ သေ/ကြေ/ကွဲ/ပျက် ဘာမှမလုပ်ပေးခဲ့တဲ့အတွက် လူတွေဆီကအပူကိုနင်းပြီး ခြောက်စား/ဟောက်စားတဲ့ အနိမ့်စားအောက်ပညာရပ်တွေနဲ့ လားလားမျှ မဆိုင်ကြောင်း ထပ်ရှင်းပြတာဖြစ်ပါတယ်။ တကယ်တော့ ကျမရေးတဲ့စာတွေဖတ်နေရုံနဲ့ ကျမရေးနေတဲ့ မှော်ပညာတွေဟာ ဘယ်ကိုဦးတည်လဲဆိုတာ သိသာနေပါတယ်။ သို့သောလည်း ဆိုရေးရှိက ဆိုအပ်လှသဘောနဲ့ ထပ်ပြီးရှင်းပြရတာ ဖြစ်ပါတယ်။ Pin Post များလည်း ဖတ်ရင် သိနိုင်ပါတယ်။ မောတယ် …..။ Yoga လေးလုပ်လိုက်အုံးမယ်နော်။ အားလုံးလည်း … စိတ်ရောကိုယ်ပါ အေးမြငြိမ်းချမ်းသော တနင်္ဂနွေနေ့လေးဖြစ်ကြပါစေ ♥️✨🧜🏻♀️ Witchy Candy 🍭
без подписи
без подписи
ကိုယ့်ရဲ့အိမ်မှာ ငွေကြေး/ဥာဏ်ပညာကို မွေးဖွားပေးတဲ့နေရာဖြစ်တဲ့ စာကြည့်စားပွဲတို့ စာအုပ်စင်တို့၊ အလုပ်စားပွဲတို့ကို အရှေ့/အရှေ့တောင်/တောင်အရပ်မှာထားတာ ပိုကောင်းပါတယ်။ ပြီးတဲ့အခါ ကိုယ့်ရဲ့ စားပွဲပေါ်မှာ ပန်းရောင်ဆား/ပင်လယ်ဆားကို ခွက်လေးတစ်ခွက်မှာထည့်ပြီး၊ စားပွဲပေါ်တင်ထားလို့ရပါတယ်။ ကျမလည်း အဲလိုပဲထားပါတယ်။ ပန်းရောင်ဆားက အိမ်တစ်အိမ်မှာရှိတဲ့ မကောင်းတဲ့ energy တွေကိုဖယ်ပေးပြီး၊ အကြည်ဓာတ်ကို ထောက်ကူတဲ့နေရာမှာ အရမ်းအသုံးတည့်ပါတယ်။ အရင်ရက်က Mother and Himalayan က ထုတ်တဲ့ ဆားမီးအိမ်လေးကို မမလဲ့ဝါက မေတ္တာနဲ့ ပို့ပေးလို့ လက်ခံရရှိခဲ့ပါတယ်။ ကျမလို Energy Healer တစ်ယောက်အတွက်တော့ ရွှေငွေထက် အဖိုးတန်တဲ့ လက်ဆောင်လေးပါပဲ။ သူက ကျမတို့လို ဖုန်းတွေ ကွန်ပျူတာတွေနဲ့ အထိအတွေ့များတဲ့သူတွေအတွက် ရေဒီယိုသတ္တုကြွလို့ဖြစ်တတ်တဲ့ ပြဿနာတွေကို ခြေဖျက်ပေးနိုင်တာကိုး။ ပြီးတော့ ပန်းရောင်ဆားက ပေ ၂၀ပတ်လည်မှာရှိတဲ့ စိုထိုင်းစတွေကိုလည်း စုပ်ယူပေးတယ်။ အထူးသဖြင့် .. ကျမက ပန်းနာရင်ကြပ်ရှိတော့ ဒီဆားမီးအိမ်လေးက တော်တော်လေး အကျိုးရှိပါတယ်။ မနက်အိပ်ယာထရင် ပေါ့ပါးကြည်လင်နေတာပဲ။ ကိုယ့်ကိုယ်ကို ချူချာတယ်ထင်ရင် ပန်းရောင်ဆားခွက်လေးဖြစ်ဖြစ်၊ ဆားမီးအိမ်လေးဖြစ်ဖြစ် သုံးကြည့်ပါ။ သူက ပင်ကိုယ်အခံမှာ Negative energy များနေရင်တောင် တဖြည်းဖြည်း စိတ်အေး ကြည်လင်လာပါတယ်။ ထုံးစံအတိုင်းပါပဲ ကျမက ကိုယ်အဆင်ပြေတဲ့အခါ မျှဝေတာသက်သက်ပါ။ ပိုင်ရှင်အစ်မကလည်း မေတ္တာတွေအများကြီးနဲ့ ဂရုတစိုက် ပို့ပေးတာရယ်၊ တကယ်လည်း အကျိုးရှိတာလေး ဖြစ်နေတာရယ်ကြောင့်ပါရှင်။ အပေါ်မှာ ပြောခဲ့သလိုပဲ .. ကိုယ့်စာကြည့်စားပွဲ၊ အလုပ်စားပွဲ၊ ငွေသိမ်းကောင်တာလေးတွေကို စနစ်တကျ နေရာချကြည့်ပါ။ အရပ်မျက်နှာ မသိရင် မနက်ခင်းမှာ နေထွက်တဲ့အရပ်ကို ကြည့်ပါ။ အဲ့ဒါအရှေ့ပါ။ အရှေ့ကို မျက်နှာမူလိုက်ရင်၊ ကိုယ့်ရဲ့ ညာဘက်အခြမ်းက တောင်အရပ်ဖြစ်ပါတယ်။ ဒါဆို အရပ်မျက်နှာလည်း သိကြပြီထင်ပါတယ်ရှင်။ ပုံလေးကတော့ .. WC Family တို့အတွက် စာတွေ၊ Ritual တွေ၊ အဟောတွေ အများကြီး မွေးဖွားခဲ့တဲ့ ကျမရဲ့ စာကြည့်စားပွဲလေးပဲ ဖြစ်ပါတယ်ရှင်။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းအေးမြပြီး ငွေကြေးဥစ္စာများ ဆထက်တန်ပိုး တိုးပွါးကြပါစေ ♥️✨🧜🏻♀️ Witchy Candy 🍭 Edited- မြင်သာအောင် ကျမအခန်းထဲထားတဲ့ပုံစံနဲ့ ပြပေးထားပါတယ်ရှင်။