- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 46
- Всего постов
- 66
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 8
- 1/48двое суток
- 9
- 1/72трое суток
- 9
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
ယူကရိန်းတပ်ဖွဲ့များ စုဝေးရာနေရာနှင့် စစ်လက်နက်ပစ္စည်းများကို ရုရှားရဲ့"Anvar" အထူးတပ်ဖွဲ့နှင့်တပ်ရင်းတို့က ဝင်ရောက်မီးရှို့ဖျက်ဆီး 14-8-2026 https://t.me/ShweMyoeTaw1/39136
ယူကရိန်းတပ်ဖွဲ့များ စုဝေးရာနေရာနှင့် စစ်လက်နက်ပစ္စည်းများကို ရုရှားရဲ့"Anvar" အထူးတပ်ဖွဲ့နှင့်တပ်ရင်းတို့က ဝင်ရောက်မီးရှို့ဖျက်ဆီး 14-8-2026 https://t.me/ShweMyoeTaw1/39136
၁၄-၈-၂၀၂၆ သားတစ်ယောက် ပျောက်သွားလို အပူသောကတွေနဲ့ လိုက်ရှာနေတဲ့ အသက်၅၀အရွယ် ဖခင်ကို အကြမ်းဖက် PDF အဖွဲက ၄ နှစ်ကျော်ကြာ အဓမ္မဖမ်းဆီးစေခိုင်းခဲ့မှုတွေ .. ယနေ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို အလင်းဝင်ရောက်အခမ်းအနားတွင် Union Politics News ကိုထူးမောင်မေးမြန်းချက်မှ သိရှိရမှုဖြစ်ပါတယ်။ Truth Waves 👇🏼👇🏼👇🏼 Tiktok / Telegram
၁၄-၈-၂၀၂၆ အမျိုးသမီးစစ်စစ် မဟုတ်တဲ့ ယောကျ်ားရှာ မိန်းခလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့အကြမ်းဖက် PDF တွေရဲ့ လုပ်ရပ်အကြောင်းကို ဒဲ့ပြောပြီ.. ယနေ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်အခမ်းအနားတွင် Union Politics News ကိုထူးမောင်မေးမြန်းချက်မှ သိရှိမှုဖြစ်ပါတယ်။ Truth Waves 👇🏼👇🏼👇🏼 Tiktok / Telegram
အမျိုးယုတ်ဆိုသည့် စကားကို ကြားတော့ မမြနှင်း ခေါင်းသည် ဆတ်ခနဲ ထောင်မတ်လို့ လာ၏။ ရင်ထဲမှာလည်း တဆစ်ဆစ် နာကျင်လို့လာသည်။ “အမျိုးယုတ်လို့တော့ မပြောပါနဲ့တော်” နာကျည်းချက်ကြောင့် ပြောထွက်လာသည့် မမြနှင်းစကားသံက တုန်ရင်နေခြင်းမရှိခဲ့။ “အမျိုးယုတ်မို့လို့ အမျိုးယုတ်လို့ ပြောတာပေါ့ဗျ၊ အမျိုးယုတ်လို့ မပြောရင် ဘယ်လို ပြောရမလဲ” ရွာအတွက် နာကျည်းနေသည့် ဦးထွန်းအုံကလည်း အလျော့မပေး။ ရှေ့တစ်လှမ်းတိုးလာ သည်။ မနေနိုင်တော့သည့် ဦးမောင်လေးက ဝင်ဟန့်ဖို့ရာ ပြင်ရ၏။ “တော်ပါတော့ဗျာ… ကိုယ့်တစ်ရွာတည်းသားချင်းတွေပဲ၊ ဒီလိုစကားနိုင်လုနေလို့ ဘာထူး လာမှာမို့လို့လဲ၊ မမြနှင်းလဲ ဘယ်တတ်နိုင်မှာလဲဗျ… သူ့သားက အိမ်ပြန်လာတာမှ မဟုတ်တာ” အကြီးကြီးအကျယ်ကျယ် မဖြစ်စေလိုသည့် ဦးမောင်လေး၏ စေတနာစကားက သက်ရောက် မှုရှိခဲ့ပါသည်။ ဦးထွန်းအုံက မမြနှင်းကို စိုက်ကြည့်နေရာကနေ တက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက် လိုက်ပြီး နောက်လှည့်သွားလေသည်။ မမြနှင်း၏ အသားတွေက တဆတ်ဆတ် တုန်နေလျက်ရှိ၏။ ဦးမောင်လေးက မမြနှင်းကို စိတ်လျော့ဖို့ နှစ်သိမ့်စကား ပြောဆိုနေရပါ၏။ မမြနှင်း၏ အိမ်နီးချင်း မိန်းမဖော်များကလည်း မျက်ရည်တစမ်းစမ်းနှင့် ရောက်လာကြရာ မမြနှင်းက အနီးဆုံးသူ၏ ရင်ခွင် ထဲ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့သည်။ “ဘယ့်နှယ်ဗျာ စားစရာမရှိရင် လက်ဝါးလေးဖြန့်ပြီး အရှက်မရှိ လာတောင်းကြ၊ ပြီးရင် ကျေးဇူးမသိတဲ့အပြင် ပြန်ပြန်ကိုက်သွားကြသေးတယ်၊ ခွေးလောက်မှ သစ္စာမရှိတဲ့ကောင်တွေ… တောက်” ကျောခိုင်းကာ လျှောက်လှမ်းသွားသည့် ဦးထွန်းအုံဆီမှ စကားသံများ လွင့်ပြန် ကျန်ရစ်ခဲ့လေ သည်။ “ကိုထွန်းအုံကြီး မကြောက်မလန့်နဲ့ ပြောထွက်တယ်တော်၊ ဟိုက သူ့သားကို ပြန်ပြောလိုက်မှ ဖြင့်… အမလေး ပြောရင်း ကြက်သီးတွေတောင် ထလာပြီ” အချင်းချင်း တီးတိုးပြောဆိုမှတ်ချက်ပြုသံများက မမြနှင်း နားထဲက ထွက်သွားသည်မရှိခဲ့။ ညဘက် အိပ်စက်ချိန်များတွင်ပင် ထိုစကားသံများကို မမြနှင်း ကြားနေရပြန်သည်။ ထိုအခါ မမြနှင်း ဆက်အိပ်၍ မရတော့။ မျက်ရည်တို့က အလိုလိုစီးကျလာခဲ့သည်။ မိုက်လိုက်သည့်သား။ လုပ်ရက် လိုက်သည့်သား။ ဘယ်ချိန်ရောက်မှ အမြင်မှန်ရလေမလဲ။ အတွေးများက မမြနှင်းကို အချိန်ပြည့် နှိပ်စက်လို့နေသည်။ “ငါနဲ့ အဆက်အသွယ်မှ မရှိတာ၊ ဒင်းကလဲ ငါ့ဆီမှ ပေါ်မလာတာ၊ ငါ ဘယ်လိုပြောဆိုဆုံးမလို့ ရမလဲ၊ ဘယ်လိုဖြောင့်ဖျလို့ရမလဲ၊ အားအားရှိ ငါ့ကိုပဲ လာအပြစ်တင်နေကြတယ်၊ အေးပေါ့လေ… ပြောကြမှာပေါ့၊ ငါမွေးထားတဲ့ သားကိုး၊ ငါက အမေကိုး၊ ငါ အသုံးမကျလို့ ဖြစ်တာ၊ ငါ မဆုံးမခဲ့လို့ ဖြစ်တာ၊ ခံဦးဟဲ့ မြနှင်း… သားသမီးမကောင်း မိဘခေါင်းတဲ့၊ ဝဋ်ကြွေးရှိသမျှ ခံဦးဟဲ့” အိပ်မပျော်သည့်ညများမှာ မမြနှင်းတစ်ယောက် တစ်ကိုယ်တည်း ညည်းညူ ငိုကြွေးတတ် လေသည်။ ထိုညများသည် တစ်ညလည်းမဟုတ်၊ နှစ်ညလည်းမဟုတ်။ ညများစွာ ဆက်လာသည့်အခါ ကျန်းမာရေးပင် ထိခိုက်လို့လာခဲ့လေသည်။ မမြနှင်း မကြာမကြာ နေထိုင်မကောင်းဖြစ်လာသည်။ အသက်အားဖြင့် လွန်စွာ မကြီးသေးသည့်တိုင် ဆေးဝါးများကို မှီဝဲလာရလေသည်။ သမီးငယ်က ဂရုတစိုက် ပြုစုသည်ဆိုသော်ငြား ညဘက်များတွင်တော့ နေ့ဘက်မှာ ပင်ပန်းမှုဒဏ်ကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရာ မမြနှင်း၏အိပ်မပျော်ညများကို သမီးငယ်က မသိလိုက်တာ များသည်။ မမြနှင်းသည်လည်း သမီးငယ် အိပ်ရေးမပျက်ရလေအောင် ကြိတ်၍သာ ပူဆွေးတတ်လေသည်။ “အမေ နေထိုင်ကောင်းရဲ့လား၊ အစားလဲ ကောင်းကောင်းမစားဘူး၊ ဆေးခန်းပြကြည့်မလား ဟင်” အပူရုပ်နှင့် ဟန်လုပ်နေရသည့် မမြနှင်းကို သမီးငယ်က ကြည့်ပြီး စိတ်ပူပန်စွာ မေးသည်။ သမီးငယ်ကို သနားမိသည့်တိုင် မမြနှင်းတစ်ယောက် အပူရုပ်ကို ကြိုးစားဖြေဖျောက်နိုင်စွမ်းမရှိခဲ့ပါ ချေ။ “ရပါတယ်အေ၊ အမေ ဘာမှမဖြစ်ပါဘူး” မမြနှင်း ပါးစပ်ကနေ ထိုကဲ့သို့ ပြောလိုက်ရပါသော်လည်း စိတ်ထဲမှာတော့ “သေသွားတော့လဲ နားအေးတာပေါ့”ဟု အောက်မေ့မိလေသည်။ သမီးငယ်ကတော့ ခေါင်းလေး တရမ်းရမ်းနှင့် သက်ပြင်း တစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်နေပါသည်။ သူကိုယ်တိုင်လည်း ထမင်းကို ဟုတ်တိပက်တိ စားသည်မရှိ။ သားကြီးနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်၏ အမျိုးမျိုးသောစကားများအပေါ် သမီးငယ် လည်း လိုက်လံခံစားနေဟန်တူသည်။ သမီးငယ်အတွက် အကာအကွယ်မပေးနိုင်သည့် သူ့ကိုယ်သူ မကျေမနပ်ဖြစ်မိရပြန်သည်။ သမီးအတွက် အားတင်းရမည်ဟု မမြနှင်း အောက်မေ့မိပြန်သည်။ နေရောင်ပျောက်ကာ လရောင်က အစားဝင်ရောက်လာသည့်တိုင် ထိုအလင်းရောင်ကို မမြနှင်း မခံစားမိပါတော့ချေ။ ဆက်ရန်... ကိုလူပျို (၁၄-၈-၂၀၂၆)
စိတ်ထောင်ချောက် (၉) ============== “မမြနှင်း… ခင်ဗျားသားကို ခင်ဗျား ကြည့်ပြောဖို့ကောင်းပြီ၊ ခင်ဗျားသားကြောင့် ကျုပ်တို့ တစ်ရွာလုံး ရွာပြင်တောင် မထွက်ရဲကြတော့ဘူး၊ ခင်ဗျားလဲ သိမှာပါ၊ ရွာပြင်ထွက်တာနဲ့ ဘယ်နားမှာ ဘာရှိလို့ ရှိမှန်းမသိကြဘူးလေ၊ ဟိုတစ်နေ့ကလဲ ကလေးတစ်ယောက် ရွာနားမှာတင် မိုင်းထိပြီး ရုပ်ပျက်ဆင်းပျက် ဆုံးသွားတယ်၊ ခင်ဗျားသားကို ကြည့်ပြောစမ်းပါဦးဗျာ… ကျုပ် မေတ္တာရပ်ခံ ပါတယ်” စွပ်စွပ်စွဲစွဲ ပြောဆိုလာသော စကားများကို မမြနှင်း တုံ့ပြန်ပြောဆိုနိုင်စွမ်းမရှိခဲ့။ စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်ပေမယ့် သားကြီး၏အဖွဲ့တွေ လက်ချက်မှန်း တစ်ရွာလုံးက သိနေလေတော့ မမြနှင်း ခုခံချေပနိုင်ခြေမရှိခဲ့ပြန်။ ခေါင်းငုံ့ကာ အပြောအဆိုခံနေရုံမှတစ်ပါး မမြနှင်း မစွမ်းသာခဲ့။ ပြောကြပါ၊ ကြိုက်သလိုသာ ပြောကြပါ။ မမြနှင်း ပါးပြင်မှာ မျက်ရည်တို့ အလိုလို စိုစွတ်လာခဲ့သည်။ “ဘယ့်နှယ်ဗျာ… ကိုယ့်ရွာမှာနေ၊ ကိုယ့်ရွာမှာကြီးပြီး ကိုယ့်ရွာကို ပြန်ဒုက္ခပေးနေရတယ်လို့၊ ကျုပ်တို့မှာ လက်နက်မရှိလို့ပေါ့ဗျာ၊ ကျုပ်တို့မှာသာ လက်နက်ရှိကြည့်… ဒီလို အမျိုးယုတ်တွေကို ရှင်းပစ်တာကြာပြီ…တောက်” ဆက်လက်ဖတ်ရှုရန်
14-8-2026 တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ကျား ၁၈ ဦး ၊ မ ၂ဦး ၊ သေနတ် ၇ လက်၊ကျည်အိမ် ၉ခု၊ ကျည်တောင့်၅၀၀နီးပါး စသည့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့တဲ့သတင်းအား တင်ဆက်မှု။ Truth Waves 👇👇👇 Tiktok/Telegram
14-8-2026 ယနေ့ဩဂုတ် ၁၄ ရက်နေ့မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို PDF ကျား ၁၈ ဦး ၊ မ ၂ဦး စုစုပေါင်း ၂၀ ဦး ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့တယ်လို သိရပါတယ်။ Truth Waves
14-8-2026 ယနေ့ဩဂုတ် ၁၄ ရက်နေ့မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို PDF ကျား ၁၈ ဦး ၊ မ ၂ဦး စုစုပေါင်း ၂၀ ဦး ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့တယ်လို သိရပါတယ်။ Truth Waves
ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲမေးခွန်းနမူနာပုံစံများအား လေ့လာနိုင်ကြောင်း အသိပေးခြင်း စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲအတွက် မေးခွန်းနမူနာပုံစံများအား Myawady Webportal (www.myawady.net.mm/cadets)နှင့် Myanmar National Portal(https://bit.ly/4hQEmg3) တို့တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။
ယူကရိန်းရဲ့ ခြေလျင်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို ရုရှားတပ်ဖွဲ့စစ်ကြောင်းများက တန်ပြန်တိုက်ခိုက်ဖျက်ဆီးနေလျက်ရှိ ၁၄-၈-၂၀၂၆ ရုရှားရဲ့ "Center" (ဗဟို)တပ်ဖွဲ့စု စစ်ကြောင်းများသည် ယူကရိန်းတွင် ယခင်သိမ်းပိုက်ရရှိထားတဲ့ Красноармейск (Pokrovsk) မြို့၏ အလွန် Гришино (Hryshyno)၊ Новоалександровка (Novooleksandrivka)၊ Родинское (Rodynske) နှင့် Дорожное (Dorozhne) ဒေသများ၌ ယူကရိန်းရဲ့ ခြေလျင်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို တန်ပြန်ထိုးစစ်ဆင် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ထိုးစစ်ဆင်ဖျက်ဆီးနိုင်ရန် ရုရှားရဲ့ဒရုန်း (BPLA) တပ်ဖွဲ့များက တက်ကြွစွာ ကူညီပံ့ပိုးပေးနေပြီး ပစ်မှတ်များ တိုက်ရိုက်ပျက်က်ဆီးသွားသည့် မှတ်တမ်းများလည်း ရုပ်သံသတင်းများတွင် တွေ့ရှိနေရပါသည်။ SMT
USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava တို့သည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံ၍ နှစ်ပါတီအကြား သဘောတူညီချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် USDP နှင့် Belaya Rus ပါတီတို့အကြား ရရှိထားသည့် နှစ်ပါတီသဘောတူညီချက်နှင့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ Truth Waves TikTok ၊ Telegram
ရောမမြို့အနီး ခဲယမ်းမီးကျောက်စက်ရုံမှာ ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား အီတလီနိုင်ငံ၊ Colleferro မြို့ရှိ KNDS Ammo Italy (ယခင် Simmel Difesa စက်ရုံ) ကာကွယ်ရေးလုပ်ငန်းစက်ရုံမှာ ပြင်းထန်တဲ့ မီးလောင်မှုနဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်လို့ Corriere della Sera သတင်းစာက ဖော်ပြပါတယ်။ ဒီစက်ရုံဟာ ခဲယမ်းအကြီးစားတွေနဲ့ ဒုံးပျံလောင်စာတွေ ထုတ်လုပ်တဲ့ နေရာဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှု ကနဦးသတင်းတွေအရ လူသေဆုံးဒဏ်ရာရမှု မရှိပါဘူး။ စက်ရုံဟာ နွေရာသီအားလပ်ရက်ကြောင့် ပိတ်ထားတာကြောင့် အဆိုးဆုံးအခြေအနေကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ဖြစ်စဉ်အဆင့်ဆင့် ပထမ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်တွေ၊ ရဲတွေ ရောက်လာချိန်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုက ဗုံးမှုန့်ဖိစက်ရုံ မှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ ပျက်စီးမှုအတိုင်းအတာ မီးက စက်ရုံတစ်ခုလုံးကို မကူးစက်ဘဲ ထုတ်လုပ်ရေးနဲ့ သိုလှောင်ရေးနေရာ တစ်စိတ်တစ်ပိုင်းကိုသာ လောင်ကျွမ်းခဲ့ပေမယ့် အနီးအနားက သစ်တောဧရိယာကိုပါ ကူးစက်ခဲ့ပါတယ်။ မီးသတ်ယာဉ် ၁၀ စီးနဲ့ ရဟတ်ယာဉ်တစ်စင်း သုံးပြီး ငြှိမ်းသတ်နေပါတယ်။ စုံစမ်းစစ်ဆေးမှု ဖြစ်ရပ်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပေမယ့် ကနဦးအချက်တွေအရ မတော်တဆမှု လို့ ယူဆရပါတယ်။ #News
без подписи
သြဂုတ် ၁၄ သောကြာ မနက် USDP ပြည်ထောင်စုနယ်မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - အမေရိကန်က ဟော်မုဇ် ကို ၎င်းတို့ကထိမ်းချုပ်ထားကြောင်းပြောပြီး အီရန်ကမူ မိမိတို့လက်အောက်မှာသာရှိကြောင်းပြောသည်၊ ဤအတောအတွင်း အီရန်ဆိပ်ကမ်းသို့ ကပ်ရန် လာသော ပနားမားအလံတင် ကုန်သင်္ဘော ၁ စီးကို ကန် ရဟတ်ယာဥ် က ပစ်ခတ်ခဲ့သည်။ အိမ်ဖြူတော်ပြောခွင့်ရ ကာရိုလိုင်းလဗစ် အလုပ်မှနုတ်ထွက်သည်။ တရုပ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဝါဒီ ဝန်ကြီးချုပ်ဟောင်း ဇူယုံကျီ ( ၉၇ နှစ်) ကွယ်လွန်သည် ၊ ၎င်းလက်ထက်၌ တရုပ်ပြည်သည် ဖွံ့ဖြိုးမှု့အရှိန် ရရှိခဲ့သည်။ လာအို အမျိုးသားလွှတ်တော်ဥက္ကဌ ဒေါက်တာ ဆေးဆွန်ဟွန်း ကွယ်လွန်သည်။ ထိုင်းနိုင်ငံ နခွန်ရပ်ချာစီမာ ခရိုင် ဒန်ခွံသက် မြို့ စျေးရောင်းပွဲတော်အတွင်း ဆိုင်ကယ်ခိုးရန်ကြိုးပမ်းသူ ၁ ဦးဖမ်းမိ ၊ လွတ်သွားသူက လူမိုက်များခေါ်၍ သေနပ်နှင့်ပစ်ရာ ၆ ဦးဒဏ်ရာရသည်။ တရုပ်ပြည်တွင်းဖြစ် C - 919 ခရီးသည်တင်လေယာဥ် ၊ ပြည်ပခရီးစဥ် စတင်ပြေးဆွဲမှု့အဖြစ် ဘေဂျင်း မှ အူလန်ဘာဂျာ သို့ ရောက်ရှိသည်။ အမေရိကန် တက္ကဆပ်ပြည်နယ်တွင် အပါချီ တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီး လေ့ကျင့်စဥ်ပျက်ကျ ၊ လေယာဥ်မှုး ၂ ဦးစလုံးသေသည်။ ကန် - တောင်ကိုးရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်မှု့ မစမှီ မြောက်ကိုးရီးယား ဒုံးကျည် စမ်းသပ်သည်။ အငြင်းပွားနေသော ကူရိုင်းကျွန်းစုသို့ သမ္မတ ပူတင် သွားရောက်လည်ပါတ်မှု့ ပြစ်တင်ရှုံ့ချကြောင်း ဂျပန် ဝန်ကြီးချုပ်ကပြောသည်။ မလေးရှားအော်ပရာဇီ မြန်မာ ၃၃ ဦးဖမ်းမိသည်။ ပြည်တွင်းထူးခြားသတင်းမှာ - သရက် - မင်းတုန်း လမ်းပိုင်း ပုစဥ်းနားရွာအနီး မိမိတပ်စု တစ်စု ချီတက်စဥ် PDF မိုင်းဆွဲ ထွက်ပြေးသည်။ စစ်ကိုင်း ရဲတပ်ရင်း ၁၆ ကို အဝေးမှ PDF တို့ လက်လုပ်စိန်ပြောင်းဖြင့်ပစ်ခတ်ရာ ထိခိုက်မှု့မရှိပါ ။ လှိုင်သာယာ ဂါးမင်း အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ် ၁ လကြာညှိနှိုင်း ၊ ပြေလည်မှု့ရ၍ အလုပ်ပြန်ဆင်းသည် ။ ပြင်ဦးလွင် အောင်ဇေယျလမ်းပေါ် ခရီးသည်ရပ်စောင့်နေသော EXPRESS ယာဥ်ပေါ် သစ်ကိုင်းကျိုး ဓါတ်ကြိုးပြတ်ကျရာမှ ဓါတ်လိုက်၍ ၁ ဦးသေ ၊ ၂ ဦးသတိလစ် ဆေးရုံရောက်သည်။ ပြည်သူ့ စစ်မှု့ထမ်း တာဝန်ကြေပြီးသူများအနက် အင်အား ၁၀၀၀ ကျော် အမြဲတမ်းစစ်မှု့ထမ်းသို့ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အင်အား ၃၀၀၀ ကျော် ဝင်ရောက်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် - ဌာနချုပ်ပါတီညီလာခံအကြို ပျဥ်းမနားမြို့နယ်ပါတီ စုံညီအစည်းအဝေးပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး နှင့် မြို့နယ်ပါတီ ဥက္ကဌ ၊ ပါတီကော်မတီဝင်များ ၊ ရပ်ကျေး စည်းမှုးများ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုနယ်မြေ USDP ဥက္ကဌ ဦးလှဆွေ ၊ ပျဥ်းမနား နှင့် လယ်ဝေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးခင်မောင်ဌေး ၊ ဦးဝင်းဌေးတို့သည် မနက်ပိုင်းတွင် မြို့တော်ဝန် ဦးကံမြင့်သန်း နှင့်အတူ နေပြည်တော်ကောင်စီရုံးဝင်း ဇဗ္ဗူသီရိခန်းမ၌ပြုလုပ်သော ကျောင်းကျန်းမာရေး လှုပ်ရှားမှု့အခန်းအနားကိုတက်ရောက်ခဲ့သည်၊ နေ့လယ်ပိုင်းတွင် သုခစိုးဟိုတယ်၌ပြုလုပ်သော ပညာ့ပန်းတိုင် ကိုယ်ပိုင်ကျောင်း ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု့အခန်းအနားကို တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ဟော်ရီဇင်လိပ်ဗျူး ဟိုတယ်၌ပြုလုပ်သည့် ဘိုင်လိုရုလွှတ်တော်ဥက္ကဌအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ပါတီအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။ ယနေ့မနက်ခင်း နေပြည်တော်တွင် ထူးခြားဖြစ်စဥ်မရှိကြောင်း တင်ပြအပ်ပါသည်။
без подписи
без подписи
без подписи
без подписи