- Последний пост
- 5 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 423
- 1/48двое суток
- 484
- 1/72трое суток
- 522
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🔰 Nonprogressive Verbs (⚡️Repost To Reread 30⚡️) Verb တွေထဲမှာမှ ဘယ်လို Verb လေးတွေဟာ +Ving ( Progressive/ Continuous Form ) သုံးလေ့မရှိဘူးဆိုတာလေးကိုမျှဝေပေးချင်ပါတယ်။ အဲဒီ Verb လေးတွေကိုတော့ “Non-Progressive Verb” သို့မဟုတ် “Stative Verb” လို့ခေါ်ပါတယ်။ The Essential of English by Ann Hogue ကို ကိုးကားပြောရရင် …. ◾ Certain verbs are generally not used in the progressive tenses. These verbs do not express actions. Instead, they express emotions, mental processes, the five senses, possession, and a few other nonaction meanings. These verbs are also called nonaction verbs or stative verbs. အလွယ်ဘာသာပြန် ယေဘုယျခြုံပြောရရင် အဲဒီ Non-progressive/ Stative verbs တွေဆိုတာ လှုပ်ရှားပြုမူဆောင်ရွက်ခြင်း (Action ) ကို မဖော်ပြဘဲ စိတ်ခံစားမှုတွေ ၊ စိတ်ထဲမှာသိရှိနားလည်ဖြစ်တည်နေတာတွေ ၊ အာရုံ ၅ ပါးခံစားရတာတွေ ၊ ပိုင်ဆိုင်မှုတွေ ကိုဖော်ပြတဲ့ Verb တွေဖြစ်ပါတယ်။ 🔷Stative verbs ◾ Emotions love , hate , like , dislike , fear, care mind, envy , miss 📕Eg: I love you. ☑️ I am loving you. ❎ Do you like music? ☑️ Are you liking music? ❎ ◾Mental processes know, think*, understand, believe, doubt, mean, realize, remember, forget 📕Eg: Do you understand?☑️ Are you understanding?❎ I remember my first day at my school. ◾The Senses feel*, hear, see*, smell*, sonud, taste* 📕Eg: I hear them talking. ◾ Possession own, possess, have*, belong 📕Eg: That book belongs to my friend. I have a pet dog. ◾Others be*, exist, consist of , include, seem, look*, need, want, prefer, cost, owe , agree, disagree 📕 Eg: You look happy today. I need you. It costs 100$. 🔸အပေါ်မှာရေးပြထားတဲ့ stative verb လေးတွေထဲက အချို့ verb လေးတွေရဲ့နားမှာ ခရေပွင့်လေးတွေ “ * “ပြထားတာကိုသတိထားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အဲဒီခရေပွင့်ပြထားတဲ့ verb လေးတွေကတော့ verbs with two meanings ( Non-Action meaning & Action meaning ) လေးတွေဖြစ်ပါတယ်။ ◾Think 📕I think you are right. ( Non-Action meaning) ( think = believe ) 📘I am thinking about my future. (Action meaning) ◾Feel 📕I feel sick./ I am feeling sick. (In informal speech, you can use feel in progressive tenses with nonaction meaning when talking about health.) နားလည်မယ်ထင်လို့ မြန်မာလိုမရေးပြတော့ဘူးနော်။ 📘She is feeling her baby's skin. (feeling = touching - Action meaning) သူက သူ့ကလေးကို စမ်းကြည့်/ထိကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာ။ ◾See 📕I see a bird. ( sense) 📘I see what you mean. (See = understand) နားလည်တယ်ဆိုတဲ့အနေနဲ့သုံးတာ။ I am seeing my doctor about my stomach. (consulting/ visiting/ making appointment ) ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ Action meaning ◾Smell 📕The flowers smell sweet. ( Non-Action/ Condition) 📘She is smelling the flowers. ( Action) ဒီမှာကျ smelling ကို kissing အနေနဲ့ သုံးတာ။ ပန်းကလေးတွေကို မွှေး/နမ်းနေတယ်ပေါ့။ ◾ Taste 📕 This soup tastes sour. (Non-Action/ Condition) 📘The cook is tasting the soup. (Action) ဒီစာကြောင်းမှာဆို ဟင်းရည်/စွပ်ပြုတ်ကို မြည်းကြည့်တယ်ပေါ့။ ◾Have 📕I have blue eyes. (Nonaction) ဒီစာကြောင်းမှာ have ဟာ characteristics, quality, appearance, possession တို့ကိုပြတာဖြစ်လို့ nonaction meaning 📘I am having my breakfast. ( Action) ဒီစာကြောင်းမှာတော့ having ဟာ eating ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဖြစ်တယ်။ ◾Be 📕She is rude. (She is a rude person. It is a permanent characteristic) သူရိုင်းတယ်။ မွေးရာပါကို နဂိုကကို ရိုင်းတာမျိုး။ အမြဲတမ်းရိုင်းပျတာမျိုး။ 📘She is being rude. (It is a temporary behaviour. Right now, she is acting rudely.) အခုလတ်လောအချိန်မှာ (စိတ်ဆိုးနေလို့ ဒေါသအလျောက် ရိုင်းမိတာမျိုး။) ◾Look 📕He looks sad. သူ၀မ်းနည်းနေပုံပဲ He is sad. လို့ဆိုလိုတာပါပဲ။ 📘He is looking at the picture. သူပန်းချီကားကိုကြည့်နေတယ်။ 📒They are looking in all places. ဒီစာကြောင်းမှာ looking ဟာ searching လို့ဆိုလိုပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ ဘယ် Verb တွေကတော့ “Non-progressive Verbs” တွေဖြစ် တယ်။ ဘယ် Verb တွေကိုတော့ဖြင့် “Progressive Tenses” မှာ မတူညီတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ဆိုတာကို တီးမိခေါက်မိရှိပြီထင်ပါတယ်။ Tr. Khin Myat Mon (ALoT)
“💥 Usage Tips - 50” Would/ Could/ Should/ Might + Have + Past Participle (အတိတ်မှာ ဖြစ်ချင်/ ဖြစ်နိုင်/ ဖြစ်သင့်ခဲ့တဲ့ အခါ) 1️⃣ WOULD HAVE + past participle (လက်တွေ့မဟုတ်/ အတိတ်ကစိတ်ကူးယဉ်အခြေအနေ) 🔹အတိတ်မှာ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့သော အခြေအနေများကိုပြောဆိုရာတွင်သုံးလေ့ရှိပါတယ်။ 📕I would have helped you, but I was busy. (ငါအလုပ်များနေလို့သာ မဟုတ်ရင် ငါမင်းကိုကူညီချင်ခဲ့တာပါ) 📕She would have passed the exam, but she didn’t study. (သူမသာ စာလုပ်ခဲ့မယ်ဆိုရင် သူမစာမေးပွဲအောင်ခဲ့လောက်မှာ) 📕We would have gone to the party, but it rained. (မိုးရွာခဲ့လို့သာ မဟုတ်ရင် ငါတို့ party ကိုသွားနေလောက်ပြီ) 🔑(မိမိ ဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုရည်ညွှန်းပြောဆိုချင်တဲ့အခါမှာ Would Have + past participleကိုသုံးလေ့ရှိပါတယ်) 2️⃣COULD HAVE + past participle (အတိတ်မှာ ဖြစ်ပျက်နိုင်ခြေရှိတဲ့အခြေအနေ) 🔹အတိတ်မှာ မဖြစ်ပျက်ခဲ့ပေမဲ့ ဖြစ်နိုင်ခဲ့လောက်မဲ့ အခြေအနေများကိုရည်ညွှန်းပြောဆိုရာမှာသုံးလေ့ရှိပါတယ်။ 📕I could have helped you, but I didn’t know. ငါသာသိခဲ့ရင် မင်းကိုကူညီပေးခဲ့မှာ 📕She could have won the race. (It was possible) (သူမ အပြေးပြိုင်ပွဲမှာ နိုင်ခါနီးလေးပါပဲ) 📕We could have taken a taxi. (ငါတို့ taxi စီးခဲ့လိုက်ရမှာ) 🔑( ဖြစ်ပျက်နိုင်ခြေအလားအလာရှိသော ဖြစ်ရပ်များကို ရည်ညွှန်းပြောဆိုရန်အတွက် COULD HAVE + past participleကိုသုံးလေ့ရှိပါတယ်) 3️⃣SHOULD HAVE + past participle ( အတိတ်မှာဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ခုအတွက် နောင်တရခြင်း ၊အပြစ်တင်ဝေဖန်ခြင်း ၊ အကြံဉာဏ်ပေးခြင်း) 🔹ပိုကောင်းသောအကြောင်းအရာ( သို့ )ဖြစ်ခဲ့သင့်သောအခြေအနေတစ်ခုက မဖြစ်ပျက်ခဲ့သောအခါမှာ သုံးလေ့ရှိပါတယ်။ 📕I should have studied more. (ငါ စာပိုကြိုးစားခဲ့သင့်တာ) 📕You should have told me earlier. (မင်းငါ့ကိုစောစော ပြောပြခဲ့သင့်တာ) 📕He shouldn’t have spoken like that. (သူဒီလို မပြောခဲ့သင့်ဘူး) 🔑 (ဖြစ်သင့်သောအကြောင်းအရာ သို့ ဖြစ်ခဲ့ရန် မျှော်လင့်ခဲ့သော အကြောင်းအရာများကို ရည်ညွှန်းပြောဆိုရာတွင် SHOULD HAVE+ past participleကို သုံးလေ့ရှိပါတယ်) 4️⃣တူညီသောအခြေအနေ နဲ့ ကွဲပြားသော အဓိပ္ပါယ် 🔹ဥပမာ :မင်းက ထီးယူဖို့မေ့ခဲ့တယ်ဆိုကြပါစို့ ••• ဒီလိုအခြေအနေမှာဆိုရင် 📕I would have taken an umbrella, but I forgot. ငါထီးယူခဲ့မလို့ဘဲ ဒါပေမဲ့ ငါယူလာဖို့မေ့ခဲ့တယ်။ 📕I could have taken an umbrella. (It was possible) (ငါထီးယူလာတော့မလို့ဘဲ) 📕I should have taken an umbrella. (It was a mistake) (ငါထီးယူခဲ့သင့်တာ) 5️⃣Negative Forms(အငြင်းသဘော) wouldn’t have → လက်တွေ့မကျတဲ့ အငြင်းသဘောဆောင်သော စိတ်ကူးယဉ်ရလဒ် 📕I wouldn’t have said that if I knew. (ငါသာသိခဲ့ရင် ငါအဲ့လိုပြောခဲ့မှာ မဟုတ်လောက်ဘူး။ ) couldn’t have → ဖြစ်ပျက်နိုင်ခြေမရှိတဲ့အရာ 📕She couldn’t have finished so fast. (သူမ မြန်မြန်ပြီးနိုင်လောက်မှာမဟုတ်ဘူး) shouldn’t have → နောင်တရခြင်း /အပြစ်တင်ခြင်း 📕You shouldn’t have lied. (မင်းအခုလို မလိမ်ခဲ့သင့်ဘူး။) 6️⃣It wouldn’t have been better (အငြင်းသဘောဆောင်သော စိတ်ကူးယဉ် ရလဒ်အနေနဲ့ အတိတ်မှာဖြစ်ပျက်ခဲ့သောအကြောင်းအရာတစ်ခုကို ပြောင်းလဲလုပ်ဆောင်ခဲ့ရင်တောင် ဘာမှထူးသွားမှာမဟုတ်တဲ့အခြေအနေတစ်ခုကိုဖော်ပြပြောဆိုရာမှာသုံးလေ့ရှိပါတယ်။) 🔹အကြောင်းအရာတစ်ခုကိုတခြားနည်းလမ်းနဲ့လုပ်ခဲ့မယ်ဆိုရင်တောင် အကျိုးဆက်ကဘာမှပြောင်းသွားမှာမှမဟုတ်တဲ့အခြေအနေတွေကိုဖော်ပြရာမှာသုံးလေ့ရှိပါတယ်။ 📕ကျွန်တော်တို့အစီစဉ်ကို မပြောင်းခဲ့လိုက်ရတဲ့အခါ…. → It wouldn’t have been better (if we had changed it). (ငါတို့အစီစဉ်ပြောင်းခဲ့ရင်တောင် ဘာမှထူးမသွားပါဘူး) 📕မင်းက စောစောမထွက်ခဲ့လိုက်ရတဲ့အခါ….. → It wouldn’t have been better to leave earlier. (မင်းစောစောသွားလည်း ဘာမှထူးမှာမဟုတ်ပါဘူး) ⭐️“any” ဆိုတဲ့စကားလုံးလေးက ဝါကျကို သဟဇာတပိုဖြစ်စေပြီး သဘာဝကျကျပြောဆိုတဲ့ပုံစံပိုပေါက်စေပါတယ်။ 📕It wouldn’t have been any better. ဘာမှထူးမသွားပါဘူးကွာ။ ပိုပြီးသဘာဝကျကျပြောချင်ရင်… 📕It wouldn’t have been better anyway. (ဒီထက်ကောင်းတဲ့နည်းတော့မရှိတော့ဘူး။) 📕It wouldn’t have been better even if we tried. (ငါတို့ကြိုးစားခဲ့ရင်တောင် ရလဒ်ကပြောင်းလဲသွားမှာမှမဟုတ်တာ) "Learning NEVER Leads to REGRET" Assist Tr.Wuttyi (AL🎓T)
“🌈Broadening your Vocabs (Week-8)” ဝေါဟာရတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ဒီတစ်ခါ ရွေးထားတဲ့ စကားလုံးတွေက 🔺Oxymoron လို့ခေါ်တဲ့ “ဆန့်ကျင်ဘက် ဝေါဟာရ” တွေကို ပေါင်းပြီး ပိုလှပတဲ့ လုံးတွဲ စကားလုံးတွေ ဖန်တီးထားတာပါ။ “Bittersweet” (ကြည်နူးသလို ရင်ထဲလည်းဆို့နင့်ရသော) Bitter - ခါးသက်သော နဲ့ sweet - ချိုမြိန်သော ဆန့်ကျင်ဘက် နာမဝိသေသန နှစ်ခုကို ပေါင်းစပ်ထားတဲ့ 🔸”Compound Adjectives”ပါ။ 📕 Seeing old photos gave her bittersweet memories. (ဓာတ်ပုံ အဟောင်းတွေမြင်ရတာ ကြည်နူးသလို လွမ်းဆွတ်ဝမ်းနည်းရ) 🔹ဒီလို ဆန့်ကျင်ဘက် ပေါင်းစပ်ထားတဲ့ ဝေါဟာရ တွေကို Oxymoron ( a combination of contradictory word) လို့ခေါ်ပြီး ပုံစံတူ အချို့လည်း ရှိနေပါသေးတယ်။ “Sweet sorrow” (နာကျင်ပေမယ့် ချိုမြိန်ရသော) 📕Leaving home for university can feel like sweet sorrow. (တက္ကသိုလ်သွားတက်ရတာ ဝမ်းသာရသလို အိမ်နဲ့ ခွဲရတဲ့ အတွက်လည်းဝမ်းနည်းစိတ်မကောင်းဖြစ်မိ) “Love-Hate Relationship” (ရန်ဖြစ်လိုက် ပြန်ချစ်လိုက်) 📕 They have a love-hate relationship. (သူတို့ ဆက်ဆံရေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့) “Living Dead” ( ရှင်လျက်နဲ့ သေနေရ) 📕 Since the breakup, she has felt like the living dead. (အချစ်ရေး ပြတ်စဲပြီးကတည်းက သူမဘဝ ရှင်လျက်နဲ့ သေနေသလို ခံစားနေရ) “Alone together” (လူချင်းနီးပြီး စိတ်ချင်းဝေး) 📕 The couple sat quietly, alone together. (စုံတွဲတစ်တွဲ အတွေးကိုယ်စီနဲ့ ဘာစကားမှ မဟဘဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြ) “Open Secret” (လူတိုင်းသိသော လျှို့ဝှက်ချက်) 📕 Their relationship was an open secret at school. (သူတို့နှစ်ယောက် ဆက်ဆံရေးက ကျောင်းမှာ ဖုံးလေ ပေါ်လေပဲ) “Same Difference” (ထူးမခြားနား ကွဲပြားမှု) 📕“He’s 17.” “No, he’s 18.” “Eh, same difference.” (သူက ၁၇ နှစ်၊ မဟုတ်ဘူး ၁၈။ အင်း သိပ်မကွာပါဘူး) “Deafening Silence” (အပ်ကျသံကြားရလောက်အောင်ကို တိတ်ဆိတ်/ တိတ်ဆိတ်လွန်းတော့ ခြောက်ခြားဖို့တောင်ကောင်း) 📕After the question, there was deafening silence in the room. (မေးခွန်း မေးပြီးတဲ့အခါ၊ အခန်းထဲ အပ်ကျသံကြားရလောက်အောင်ကို တိတ်ဆိတ်သွား) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
“💥 Usage Tips - 49” (Noun + Noun Structure) (နာမ်နှစ်ခု ပေါင်းစပ်ခြင်း) 🔲နာမ်နှစ်ခု ပေါင်းစပ်တဲ့ ဖွဲ့ထုံးမှာ ယေဘုယျ အနေနဲ့ နောက်ကနာမ်ရဲ့ အမျိုးအစားကို ဖော်ပြဖို့ ရှေ့က နာမ် က Adj: နာမဝိသေသန သဘော လုပ်ဆောင်လေ့ရှိပါတယ်။ ဒုတိယလိုက်တဲ့ နာမ်ကို အဓိက “main noun” လို့သတ်မှတ်လို့ရပါတယ်။ ဥပမာ … 📕 coffee cup → ကော်ဖီထည့်သောခွက် (ကော်ဖီခွက်) 📕 school bus → ကျောင်းကြိုပို့သောကား (ကျောင်းကား) 📕 phone case → ဖုန့်ထည့်သော အိတ် (ဖုန်းအိတ်) 📕 chicken soup → ကြက်သားနှင့်ချက်သော ဟင်းချို (ကြက်သားစွတ်ပြုတ်) 🔹Shoe shop (ဖိနပ်ဆိုင်) တို့ book store (စာအုပ်ဆိုင်) တို့မှာ Noun တွေကို Singular ပဲ သုံးကြပေမယ့် …. 🔹sports car (ပြိုင်ကား) တို့ clothes shop (အထည်ဆိုင်) တို့မှာတော့ Noun ကို Plural နဲ့ ပဲ သုံးကြပါတယ်။ 🔺Noun + Noun တွေကို တွဲရေး၊ ခွဲရေး၊ Hypen ခံရေးတာတွေလည်း ရှိပါတယ်။ 📒တွဲရေး (Single Word) bedroom (အိပ်ခန်း) football (ဘောလုံး) toothbrush (သွားပွတ်တံ) 📒ခွဲရေး (Separate) bus stop (ကားဂိတ်) ice cream (ရေခဲမုန့်) water bottle (ရေဗူး) 📒Hypen ခံရေး (Hyphenated) sister-in-law (ယောက်မ/ ခယ်မ/မရီး) X-ray machine (ဓာတ်ရောင်ခြည်စက်) 🔹သုံးခုဆက်ပြီး အရှည်ဆက် လို့ရတဲ့ Noun + Noun တွေလည်း ရှိပါတယ်။ 🚦school sports day (ကျောင်းအားကစားနေ့) 🚦computer game company (ကွန်ပျူတာဂိမ်း ကုမ္ပဏီ) 🚦kitchen window curtain (မီးဖိုချောင် ပြတင်းပေါက် ခန်းဆီး) 🚦summer holiday plans (နွေရာသီ အားလပ်ရက် အစီအစဉ်) 🪅ဒါတွေက Noun+Noun သဘောတရားကို ကွက်ကွက်ကွင်းကွင်း မြင်အောင် အလွယ်ကူဆုံး Vocabularies တွေနဲ့ ရှင်းပြခဲ့တာပါ။ 🔝Advanced Level မှာလည်း Noun+Noun ဝေါဟာရ တွေလည်း ရှိပါသေးတယ် . market research (စျေးကွက်သုတေသန) . risk management (အန္တရာယ် စီမံထိန်းချုပ်မှု) . machine learning (ဉာဏ်ရည်တုများဖြင့် စက်ကိုလိုက်လျောညီထွေ သင်ကြားစေခြင်း) . cloud computing ( cloud ပေါ်မှ ကွန်ပျူတာ ဝန်ဆောင်မှု ရယူ/ ပေးပို့ခြင်း) . language acquisition ( သဘာဝနည်းကျဘာသာစကား သင်ကြားစေမှု) . research methodology ( အနုစိတ် သုတေသန) . voter turnout (မဲပေးခွင့်ရှိသူများထဲ မဲပေးသူ ရာနှုန်း) . carbon footprint (ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ် လွှတ်မှု စုပေါင်းပမာဏ ) . gene expression (မျိုးစေ့ဗီဇ ဖော်ပြမှု) . tax evasion (အခွန်ရှောင်လွှဲမှု) . news outlet (သတင်းမီဒီယာ ပလက်ဖောင်း) . porvety alleviation (ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
без подписи
без подписи
без подписи
без подписи
без подписи
без подписи
“💥 Usage Tips - 48” (….Want …… Wanted…) ⭐️အရင် အတိတ် က လိုချင်ခဲ့တာ၊ အခုထိလည်း လိုချင်နေတုန်း လို့ ပြောချင်တဲ့ အခါ… 🔹“Has/Have + Wanted (past participle)” 📕I have wanted to be a teacher for many years. (ဆရာမ တစ်ယောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဖြစ်ချင်ခဲ့တာ/ အခုထိလည်း ဖြစ်ချင်တုန်း) 📕She has wanted a new phone since last year. (မနှစ်ကတည်းက ဖုန်းအသစ်တစ်လုံးလိုချင်နေတာ / အခုထိလည်း လိုချင်နေတုန်း) 📕We have wanted to visit Yangon for a long time. (ရန်ကုန်ကို သွားလည်ချင်တာကြပြီ/ အခုထိလည်း လည်ချင်နေတုန်း) ⭐️အတိတ်ကတော့ လိုချင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ မလိုချင်တော့တဲ့ရင်… 🔹 “Had + Wanted (past participle)” 📕I had wanted to be a doctor, but I changed my mind. (ဆရာဝန်ဖြစ်ချင်ခဲ့တာ၊ အခုတော့ စိတ်ပြောင်းသွားပြီ) 📕She had wanted to call you, but she forgot. (မင်းကို သူက ဖုန်းခေါ် မလို့၊ မေ့သွားတာ) ပိုရှင်းလင်းအောင် နှိုင်းယှဉ်ပြရရင်…. ➡️I have wanted this job for years. (ဒီအလုပ်ကို လိုချင်ခဲ့ ကြာပြီ၊ အခုထိလည်း လိုချင်နေတုန်း) ➡️I had wanted that job, but I found a better one. (ဒီအလုပ်ကို လိုချင်ခဲ့တာ၊ အခုတော့ ပိုကောင်းတဲ့ အလုပ်ကို တွေ့သွားပြီ) ⭐️လေးနက်စေဖို့ “Ever” နဲ့ “Never” နဲ့လည်း တွဲဖက်သုံးလို့ရပါသေးတယ် .. ဒါပေမယ့် …. “Never” ကို ဝါကျတိုင်းမှာ သုံးလို့သင့်လျော်ပေမယ့်၊ “Ever” ကိုတော့ မေးခွန်းဝါကျ တွေမှာပဲ Wanted နဲ့ တွဲသုံးသင့်ပါတယ်။ 🟰EVER ဥပမာ … 📕 Have you ever wanted to live in another country? (တခြားနိုင်ငံမှာ အမြဲအခြေချ နေချင်ခဲ့တာ မဟုတ်လား) 📕Has she ever wanted to become a teacher? (သူမက အမြဲ ဆရာမဖြစ်ချင်ခဲ့တာမလား) 🟰NEVER ဥပမာ … 📕 I have never wanted to study abroad. (ဘယ်တုန်းကမှ နိုင်ငံခြားမှာ စာသွားမသင်ချင်ခဲ့ဘူး) 📕Have you never wanted to travel? (လုံးဝကို ခရီးမထွက်ချင်တာလား <တအံ့တဩ>) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
Ideal 🆚 Idol 🆚 Idle (Part2️⃣) “Idle” ကို “Adj or Verb“ အနေနဲ့ပါ 🟰“မလှုပ်မရှား မတက်ကြွတာ၊ အသုံးမကျတာ၊ အလုပ်မရှိတာ၊ အချည်းနှီး ဖြစ်တာ၊ အချိန်ဖြုန်းတာ၊ ချောင်ခိုတာ၊ ပျင်းရိတာ၊ အလဟဿ ဖြစ်တာ၊ တန်ဖိုး မရှိတာ၊ အခြေအမြစ်မရှိတာ” တွေအကြောင်းကို ပြောလေ့ရှိပါတယ်။ 📕He is idle. (သူ့မှာ လေးပင်ထိုင်းမှိုင်းနေတာပဲ) 📕The workers were idle. (အလုပ်သမားတွေ ပျင်းရိ အချောင်ခိုနေကြတယ်) ⭐️အသုံးများတာကတော့ ‘idle’ ကို အောက်က Verb တွေနဲ့ တွဲသုံးကြတာပါ။ 🔹 Sit / Stand / Lie 📕He sat idle all afternoon. (တနေ့ခင်းလုံး အလုပ်မရှိထိုင်နေခဲ့) 📕The machines stood idle. (စက်က ရပ်နေတာ) 📕The boats lay idle in the harbor. (လှေတွေ ဆိပ်ကမ်းမှာ ဒီအတိုင်း ကပ်ထားကြ) 🔹 Leave / Keep 📕The company left the machines idle. (ကုမ္ပဏီက စက်တွေကို ရပ်ထားခဲ့) 📕Don’t keep your brain idle. (ဦးနှောက်ကို မတွေးမခေါ်ဘဲ အလကားမထားနဲ့) 📕The land was left idle for years. (မြေတွေကို နှစ်ပေါင်းများစွာ ဘာမှမလုပ်ဘဲ ပစ်ထားတာ) 🔹 Remain / Stay 📕The shop remained idle during lockdown. (ကန့်သတ်ထိန်းချုပ်ထားတဲ့ အချိန်မှာ စျေးဆိုင်တွေ ရောင်းမကောင်း) 📕He stayed idle instead of helping. (ဘာမှမကူဘဲ အားအားနေနေတယ်) 🔹 Go 📕The system goes idle after 10 minutes. (၁၀ မိနစ်ကြာပြီး စနစ်ကျသွားတယ်) 📕The engine went idle. (အင်ဂျင် ရပ်သွားတယ်) ⚠️QUICk nOTe by AL🎓T
Ideal 🆚 Idol 🆚 Idle (Part1️⃣) အကောင်းဆုံး၊ စံနမူနာ၊ အကြိုက်တကာ့အကြိုက်ဆုံး၊ အသည်းကျော်၊ အသည်းစွဲ စတာတွေကို ပြောချင်တဲ့အခါ “Ideal / Idol” ကိုရောထွေးတတ်ကြပါတယ်။ 🌟Ideal ဟာ အားလုံးရဲ့ “စံ” ဖြစ်ပေမယ့်၊ မိမိရဲ့ “စံ” (သို့) “idol” ဖြစ်ချင်မှ ဖြစ်မှာပါ။ ဥပမာ🟰 📕She is the ideal teacher. (စံနမူပြထိုက်တဲ့ ဆရာမ) 📕This weather is ideal for walking. (လမ်းထွက်လျှောက်ဖို့ အကောင်းဆုံး ရာသီဥတု) 📕Honesty is his highest ideal. (ရိုးဂုဏ်ဟာ သူ့ရဲ့ အမြင့်ဆုံး စံတန်ဖိုး) အခုပြောတဲ့ Ideal တွေဟာ အားလုံးနဲ့ နှိုင်းယှဉ်ပြီး သတ်မှတ်ထားတဲ့ “စံ” တန်ဖိုးပါ။ ⭐️ “Idol” ကတော့ မိမိ စိတ်ခံစားချက်အရ အားကျရတာ၊ မြတ်နိုးရတာ၊ မော်ကြည့်ရတာ (admire - love & look up to) မျိုးပါ။ ဥပမာ🟰 📕He is my pop idol. (ပေါ့ဂီတမှာ သူ့ကို အခိုက်ဆုံး) 📕She is my teaching idol. (စာသင်တဲ့နေရာမှာ သူမကို အတုယူရတာ) 📕My football idol is Rolnaldo. (ရော်နယ်ဒို က ငါ့ရဲ့ ဘောလုံးအိုင်ဒေါကြီး) 📕 BTS are idols to many teenagers. (BTS ဟာ ဆယ်ကျော်သက် တော်တော်များများအတွက်တော့ အိုင်ဒေါပဲ) …ဒါဆိုရင် ကိုယ့်ရဲ့ Idol ဟာ လူတိုင်းအတွက် “Ideal Person” ဖြစ်ချင်မှ ဖြစ်မှာပါ။ ✨Ideal ကို “Noun” & “Adj” တွေ အနေနဲ့လည်း သုံးလို့ရပါသေးတယ်။ 📙Freedom is an important ideal. (လွတ်မြောက်ရေးက အခရာကျတဲ့ရည်မှန်းချက်) 📙This is the ideal solution. (ဒါ စံထားရမယ့် အဖြေပဲ) TO BE CONTINUED … ⚠️QUICk nOTe by AL🎓T
“🎙️Guide to Better Speech” Part4️⃣ 🗣️တစ်ခုခုနဲ့ အသားကျ နေပြီလို့ပြောချင်တဲ့အခါ .. (..be used to..) 🔸I’m used to the cool weather. (ရာသီဥတု အေးတာလောက်တော့ အေးဆေးဖြစ်နေပြီ) 🔸They are used to the noise from the construction site. (ဆောက်လုပ်ရေးက ဆူသံတွေနဲ့ နားယဉ်နေပြီ) 🔸She is used to working long hours. (အလုပ်ချိန်အကြာကြီး လုပ်ရတာ အသားကျ နေပြီ) 🗣️တစ်ခုခု လုပ်ကို လုပ်ရတော့မည့်အခါ (..have got to..) ◽️I’ve got to go now. (အခုသွားမှ ရတော့မယ်) ◽️You’ve got to see this movie! (ဒီရုပ်ရှင် ကြည့်ကိုကြည့်ရမှာ) ◽️We’ve got to finish the report by Monday. (တနင်္လာနေ့မှာ အပြီးသတ်မှရမယ်) 🗣️တစ်ယောက်ယောက်ကို အပြင်ခေါ်ပြီး ကျွေးမွေးချင်တဲ့အခါ(take someone out to ..) ▪️She wants to take you out to dinner. (အပြင်မှာ ညစာလိုက်ကျွေးချင်လို့) 🗣️တစ်ခုခုကို ရူးရူးမူးမူး စိတ်ဝင်စားတဲ့အခါ (..be into something..) 🔹I'm really into jazz. (ဂျက်ဇ်ကို အရူးအမူးပဲ) 🔹She's really into yoga. (ယောဂကျင့်တာ စွဲနေပြီ) 🗣️သည်းမခံနိုင်တော့တဲ့အခါ (..put up with…) ♦️I don't know how she puts up with him. (သူ့ကို ဘယ်လိုများ သည်းခံနေလဲမသိတော့ဘူး) ♦️I'm not going to put up with their smoking any longer. (သူတို့ ဆေးလိပ်သောက်တာကို ဆက်ပြီးသည်းမခံနိုင်တော့ဘူး) 🗣️ရွှေ့ဆိုင်းစရာကိစ္စတွေ ရှိတဲ့အခါ (..put off…) ♟️I’ll put off doing the laundry tomorrow. (မနက်ဖြန်ကျမှ လျှော်စရာရှိတာ လျှော်တော့မယ်) ♟️I must talk to her about this. I can’t put off any longer. (ဒီအကြောင်းကို ပြောမှရတော့မယ်၊ ဆက်ပြီး မစောင့်နိုင်တော့ဘူး) 🗣️ဆုံတွေ့စရာကိစ္စရှိတဲ့အခါ (.. meet up ..) 🧊Let's meet up again later for a drink. (တစ်ခုခုသောက်ရင်းနဲ့ နောက်ဆုံကျမယ်လေ) 🧊I'll meet up with you later. (နောက်မှ ဆုံကြမယ်) 🗣️အဆိုးထဲက အကောင်း သင်ခန်းစာ ရတဲ့အခါ(.. sadder but wiser ..) 🍥Sadder but wiser, she decided not to lend money to that friend again. (အဆိုးထဲက အကောင်းပဲ၊ သူ့ကို နောက် ဘယ်တော့မှ ပိုက်ဆံမချေး တော့ဘူး) 🍥After the job lost, he was certainly sadder but wiser, and now he's investing. (အလုပ်ပြုတ်တာကနေ သင်ခန်းစာရလို့ အခုတော့ သူ စပြီး ရင်းနှီးမြှုပ်နှံနေပြီ) 🗣️ကိုယ့် ထင်မြင်ချက်ကို လာမေးတဲ့အခါ (.. If you ask me ..) 🍕If you ask me, he shouldn't have bought that car. (ငါ့ကို လာမေးရင်တော့ ဒီကားကို သူမဝယ်သင့်ဘူးပဲ) 🍕If you ask me, we need to change our strategy. (ငါ့ကိုမေးရင်တော့ တို့တွေဗျူဟာအသစ်ခင်းဖို့ လိုနေပြီ) 🗣️ဖြေသူမကြိုက် နိုင်လောက်တဲ့ မေးခွန်းများ မေးချင်တဲ့အခါ (.. if you don’t mind ..) 🌑How old are you, if you don't mind me asking? (စိတ်မရှိရင် မင်းအသက်ဘယ်လောက်လဲ ပြောပြပါလား) 🌑I'm going to close the window, if you don't mind. (ပြတင်းပေါက်ပိတ်မလို့၊ ရတယ်မဟုတ်လား) 🌑I don’t mind, just go ahead. (ငါဘာမှ မဖြစ်ဘူး၊ ဆက်သာလုပ်) 🗣️ဆန္ဒရှိမှလုပ်ပါလို့ ယဉ်ယဉ်ကျေးကျေး ပြောချင်တဲ့အခါ(…Only if you want to..) 🪶We can go for a walk after dinner, only if you want to. (မင်းစိတ်ပါရင်၊ ညစာစားပြီး လမ်းလျှောက်ထွက်ရအောင်) 🪶We can talk about it later, only if you want to. (အဆင်ပြေရင် ဒီအကြောင်းနောက်မှ ပြောရအောင်) 🗣️နားမလည်ဘူးလို့ ပြောချင်တဲ့အခါ (..I don’t get it..) 🧢Everyone was laughing at the joke, but I didn’t get it. (အားလုံးကသာ ရယ်နေကြတာ၊ ဒီဟာသကို ငါနားမလည်ဘူး) 🧢She explained the math problem, but I still don’t get it. (သူမကတော့ ဒီ ပုစ္ဆာကို ရှင်းပြပါတယ်၊ ငါကသာ နားမလည်သေးတာ) 🗣️စိတ်မပြောင်းဘဲ စွဲစွဲမြဲမြဲလုပ်နေမယ်/ စိတ်အပြောင်းအလဲမရှိ/ မခွဲမခွါနေဖို့လို့ ပြောချင်တဲ့အခါ (…stick with) 🌙If you stick with your studies, you’ll improve. (စာသာ တစိုက်မတ်မတ်လေ့လာ တိုးတက်လာလိမ့်မယ်) 🌙I’ll stick with water instead of soda. (ဆိုဒါအစား ရေပဲသောက်တော့မယ်) 🌙Stick with me, and I’ll show you the way. (ငါနဲ့ လူမကွဲစေနဲ့ လမ်းပြပေးမယ်) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
▪️▪️▪️လွယ်လွယ်နဲ့ရဖို့ အကြိမ်များစွာ ကျွန်တော်တို့ ဆုတောင်းတတ်ကြပေမဲ့ ပြည့်ဖို့ တော့ မလွယ်ကူပါဘူး။ တကယ် ဆုတောင်းရမှာက အတွင်းပိုင်းထိ အဆုံးမရှိ နက်ရှိုင်းစွာ ထိုးဖောက်နေတဲ့ အမြစ်တွေနဲ့ တူဖို့ပဲ။ ဒါမှမိုး ရွာရွာ၊ လေ တိုက်တိုက် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားနိုင်တော့မယ် မဟုတ်ပါလား။ ♦️Originated from “Philip Gulley” ♦️Rendered into Myanmar by “Aung Minn Htwe” ♦️Presented by AL🎓T Part 1️⃣ https://www.facebook.com/share/p/1Hk3NBVt8F/?mibextid=wwXIfr https://t.me/ALoT_English/4040
🔝Next Level Reading🔺 (Week-9) Reading ဟာ ဘာနဲ့တူလဲဆိုတော့ ကိုယ်အမြဲလေ့လာခဲ့သမျှ ဘာသာစကားရဲ့ နားလည်မှုရေချိန်ကို လေ့ကျင့်တာနဲ့လည်း တူပါတယ်။ ဒါကြောင့် Reading လုပ်တဲ့အခါ အောက်က Tips တွေ အတိုင်း လိုက်နာကြည့်ပါလို့ အကြံပြုပါတယ်။ AL🎓T Admin Team (🎯Reading Tips > 🔸မြန်မာဘာသာပြန်နှင့် အရင် ယှဉ်တွဲမဖတ်ဘဲ မူရင်း အင်္ဂလိပ်စာသက်သက်ကို အနည်းဆုံး (၃) ခေါက် (အသံထွက်) ဖတ်ကြည့်ပါ။ 🔸နားမလည်သော ဝေါဟာရများကို မြန်မာပြန် (သို့) အဘိဓာန် အရင်မကြည့်ဘဲ ရှေ့နောက် ဆက်စပ်ပြီး အဓိပ္ပာယ် ပြန်ကြည့်ပါ။ 🔸နောက်ဆုံးမှ စံပြန်ဆိုချက်နှင့် မိမိ ထင်မြင် ယူဆထားသည်ကို နှိုင်းယှဉ်ပြီး ပြင်ဆင်ပါ။ 🔻🔻🔻🔻🔻🔻🔻🔻🔻 “🌴Growing Roots” (ရှင်သန်ခြင်း အမြစ်များ) Part2️⃣ 🎋Every now and again, I walk by his house and look at the trees that I'd watched him plant some twenty-five years ago. They're granite strong now. Big and robust. Those trees wake up in the morning and beat their chests and drink their coffee black. ▪️▪️▪️အခုတခါ သူ့အိမ်ဘက်ကိုပြန်လျှောက်လာပြီးအပင်တွေကို ကြည့်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ့်ငါးနှစ်လောက်က သူ စိုက်ပျိုးခဲ့တဲ့အပင်တွေ အခုတော့ အံ့မခန်း ကြံ့ခိုင်ကြီးထွား နေပြီ။ တောင့်တင်း ခိုင်မာနေပြီ။ ဒီအပင်တွေ အကြောက်တရားမရှိ လက်ခမောင်းခတ် ရင်ကော့ခေါင်းမော့နေလေပြီ။ 🎋I planted a couple of trees a few years back. Carried water to them for a solid summer. Sprayed them. Prayed over them. The whole nine yards. Two years of coddling has resulted in trees that expect to be waited on hand and foot. Whenever a cold wind in, they tremble and chatter their branches. Sissy trees. ▪️▪️▪️လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အပင်လေးနှစ်ပင် ကျွန်တော် စိုက်ပျိုးထားခဲ့တယ်။ နွေ ရာသီလုံးလုံးဖြစ်နေတာမို့ ရေလောင်းတယ် ရေဖြန်းတယ်။ ကြီးထွားလာဖို့ ဆုတောင်းတယ်။ လက်လှမ်းမှီရာ ရသမျှ အကုန်လုပ်တယ်။ နှစ် နှစ်တာ ဂရုစိုက် ယုယလွန်းတဲ့ ရလဒ်ကို မျက်မှောက်တွေ့ရဖို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ဆောင်းလေ ဝင်လာတော့ သစ်ကိုင်းတွေ တုန်ခါလှုပ်ရမ်း ပြီး ယိမ်းနွဲ့ကုန်ရော။ 🎋Funny thing about those trees of Dr. Gibbs's. Adversity and deprivation seemed to benefit them in ways comfort and ease never could. ▪️▪️▪️ဒေါက်တာ ဂစ်ဘ်ရဲ့ အပင်တွေ သိပ်ထူးဆန်းတယ်။ ချောမွေ့ပြီး အနေချောင် ရင် မရနိုင်တဲ့ ခံနိုင်ရည်ရှိမှုအကျိုးကို ဘေးအန္တရာယ်၊ အခက်အခဲ၊ ချို့တဲ့မှုတွေ က ထုဆစ်ခဲ့တဲ့ ပုံပါပဲ။ 🎋Every night before I go to bed, I check on my two sons. I stand over them and watch their little bodies, the rising and falling of life within. I often pray for them. Mostly I pray that their lives will be easy. "Lord, spare them from hardship." But lately I've been thinking that it's time to change my prayer. ▪️▪️▪️အိပ်ရာမဝင်ခင် ညတိုင်း သားနှစ်ယောက်ရဲ့ နောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစားမိတယ်။ ဘဝရဲ့ အတက်အကျတိုင်းမှာ သူတို့ရှေ့ကနေ ရပ်တည်ပြီး ကာကွယ်ပေးချင်တယ်။ သူတို့အတွက် အမြဲ ဆုတောင်းပေးမိတယ်။ သူတို့ဘဝ ခရီးလမ်း အစဉ် သာယာ ဖြောင့်ဖြူးစေချင်တယ်။ “ အို ဘုရားသခင် ဆင်းရဲဒုက္ခတွေမှ ကျွန်တော့်သားတွေကို ကင်းလွတ်ခွင့်ပြုပါ” ဒါပေမဲ့ မကြာပါဘူး .. ကျွန်တော့်ရဲ့ ဆုတောင်းစကားတွေ ပြောင်းလဲချိန်တန်ပြီဆိုပြီး တွေးတောနေမိတော့တယ်။ 🎋This change has to do with the inevitability of cold winds that hit us at the core. I know my children are going to encounter hardship, and my praying they won't is naive. There's always a cold wind blowing somewhere. ▪️▪️▪️ရှောင်လွှဲမရတဲ့ လောကဓံတွေ ကိုယ့်အရှိုက်ကိုလာထိုးကြမှာဆိုတော့ ဆုတောင်းကိုလည်း ပြောင်းရမှာပါ။ ကျွန်တော့်သားတွေ ဆင်းရဲဒုက္ခနဲ့ ပက်ပင်းကြုံတွေ့ရမည်ကို သိနေတယ်။ ဆုဆိုတာ တောင်းတိုင်းပြည့်တာမှ မဟုတ်တာ။ လောကဓံဆိုတာ ထင်းခွေမကြုံ ရေခပ်တော့ကြုံရမှာပဲ။ 🎋So I'm changing my eventide prayer. Because life is “tough, whether we want it to be or not. Instead, I'm going to pray that my sons' roots grow deep, so they can draw strength from the hidden sources of the eternal God. ▪️▪️▪️ကျွန်တော့် ဆုတောင်းနေကျပုံစံတွေ ပြောင်းလဲလိုက်တယ်။ “ ငါတို့ လိုချင်ချင် မလိုချင်ချင် ဘဝလမ်းခရီးက ကြမ်းမှာပဲ။ သားတွေကို နက်ရှိုင်းစွာ ထိုးဖောက်နေတဲ့ အမြစ်တွေနဲ့ တူ စေဖို့ ပဲ ဆုတောင်းတော့မယ်။ ဒါမှ ထာဝရ ဘုရားသခင် ဖုံးကွယ်ထားတဲ့ နေ အစွမ်းအစကို ဆွဲထုတ်ယူငင်နိုင်မှာပေါ့“ 🎋Too many times we pray for ease, but that's a prayer seldom met. What we need to do is pray for roots that reach deep into the Eternal, so when the rains fall and the winds blow, we won’t be swept asunder.
без подписи
🍀 ဥပမာ - There is an assembly hall in my school. လို့ တကြောင်းရေးလိုက်ပြီးရင် အဲဒီ assembly hall မှာ ဘာတွေရှိလဲ ၊ ဘာတွေမြင်နိုင်လဲ ၊ ဘာတွေလုပ်လို့ရလဲ စသဖြင့် ဆက်တွေးမှလည်း ဆက်ပြီးရေးစရာက ရှိလာမှာပါ။ အတွေးဆိုတာရှိမှ အရေးဆိုတာဖြစ်လာနိုင်တာပါ။ 🍀 Library စာကြည့်တိုက် ဆိုရင်ရော စာကြည့်တိုက်ထဲမှာ ဘာတွေရှိလဲ ၊ ဘာတွေလုပ်လို့ရလဲ စသဖြင့် ဆက်စပ်ပြီး တွေးရ ရေးရပါတယ်။ 🍀 နမူနာပေးထားတဲ့ " Star School " ထဲမှာ မပါတဲ့ အခြားအကြောင်းအရာတွေလည်း တွေးပြီးရေးလို့ရတယ်။ ဥပမာ - There are about 30 teachers in my school. The teachers in my school are kind and good at teaching. စသဖြင့်။ ✍️ The students in my school are obedient, kind , helpful, polite and friendly. ✍️ Students play football in the playground. ✍️ Teachers and students buy food and eat lunch at canteen in lunchtime. စသဖြင့်။ 🍀 Reading ထဲမှာပါတဲ့ အကြောင်းအရာကို ကိုယ့်နိုင်ငံ ကိုယ့်အတွေ့အကြုံနဲ့ ကိုက်ညီဆီလျော်အောင်လည်း ပြင်ရေးလို့ရတယ်။ "" The studio school is a special school for actors and singers. "" ဆိုတဲ့ စာကြောင်းမျိုးကို " My / Our school is a special school for hardworking and ambitious students. " ကိုယ်နားလည်ပြီး လိုက်လျောညီထွေဖြစ်မယ့် အတွေးအရေးနဲ့ ဆီလျော်အောင်ရေးလို့ရတယ်။ 🍀 My school is famous for good teachers and clever students. အဲလို အတွေးလေးတွေ ထပ်ထည့်ရေးလို့ရတယ်။ 🍀 ဒီနေရာမှာ ကလေးရဲ့ Vocabulary range အတိုင်းအတာရ ကလေးသိပြီးသားဖြစ်တဲ့ သုံးနိူင်တဲ့ ဝေါဟာရကိုသုံးပြီး ရေးခိုင်းရတာပေါ့။ 🍀 Vocabulary များများသိ level မြင့်တဲ့ကလေးဆို good teachers အစား highly-qualified , well-educated , well-experienced တို့ စသဖြင့် clever students အစား outstanding students လို့ ရေးလို့ရနိုင်တာပေါ့။ 🍀 Reading ကနေ Writing ကို ဆက်စပ်တယ်ဆိုတာ သင်တဲ့ဆရာ ဆရာမကိုယ်တိုင်ရော သင်ယူတဲ့ ကလေးကိုယ်တိုင်ကရော အဲသလို ဆက်စပ်ပြီးတွေးချင်စိတ် ရေးချင်စိတ်ရှိမှပါ။ စာသင်သူကိုယ်တိုင်မှာကိုက အဲသလို အတွေး စိတ်နေသဘောထားမရှိရင် ဘယ်စာအုပ်ကို ကိုင်သင်သင် စာအုပ်ထဲ ပါတဲ့ စာအုပ်ထဲပေးထားတဲ့ recourses ပါသရွေ့ပဲ သုံးပြီး ဒီအတိုင်းပြီးသွားမှာပါပဲ။ 🍀 စာသင်တဲ့အခါ Resources တွေက အရေးပါပေမယ့် သင်ကြားသူနဲ့ သင်ယူသူတို့ရဲ့ သဘောထားနဲ့ ကြိုးစားအားထုတ်မှု လေ့ကျင့်မှုက အရေးပိုကြီးပါတယ်။ 🍀 ဒါ့ကြောင့် Writing ဆိုတာ Reading များများလုပ်မှ ၊ ပြီးရင် စာသင်သူကိုယ်တိုင် အတွေး +!အရေး သင်ကြားခြင်းကို တကယ်စိတ်ထဲထည့်ထားပြီး သင်ယူသူကလည်း စိတ်ပါလက်ပါရှိမှ။ သင်ပေးတဲ့သူကလည်း တာ၀န်နဲ့၀တ္တရားအရ သင်ယူသူဖက်ကလည်း တာ၀န်နဲ့၀တ္တရားအရဆိုရင် စာအုပ်ထဲပါတဲ့ resources ကုန်ရင် ရပ်သွားမှာပါပဲ။ 🍀 သူများတွေးပေးထား ရေးပေးထားတဲ့ Resources ဆိုတဲ့ စာအုပ်တွေက ငွေရှိရင် ၀ယ်လို့ရတယ်။ ကူးယူလို့ရတယ်။ ကိုယ်တိုင် တွေးထားတဲ့ အတွေးတွေ စိတ်ကူးတွေရှိမှ Reading & Writing Process မှာ ရေရှည်အလုပ်ဖြစ်တာပါ။ 🍀 ဒါ့ကြောင့် Writing ကောင်းချင်ရင် Reading များများလုပ်ရမယ်လို့ ပြောကြတာပါ။ Reading လို့ ပြောခြင်းဟာ စာကို ဖတ်တတ်တယ် ဖတ်နိုင်တယ်ဆိုပြီး ဖတ်တာမျိုးကို မဆိုလိုပါဘူး။ Reading with thinking ကို ပြောတာပါ။ Thinking is linking. ပါ။ Thinking is the very link between reading and writing. 🌻 Khin Myat Mon 🌻
🌈 Connecting Reading & Writing 🌈 🙏 ပညာရပ်ဆိုင်ရာဆောင်းပါးမဟုတ်ဘဲ အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူနေဆဲဖြစ်တဲ့ သာမန် စာသင်ကြားသူတယောက်ရဲ့ လေ့လာသင်ယူခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ကြားရေးအတွေ့အကြုံတို့ကို ဆန်းစစ်ပြီး မျှဝေထားတဲ့ ပို့စ်တခုဖြစ်ကြောင်း ပြောပါရစေ။ 🍀 Reading & Writing နဲ့ ပတ်သက် ဆက်စပ်ပြီး နမူနာအနေနဲ့ မပြောခင် Reading နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောရရင် -- Reading process မှာ အဆင့် ၃ ဆင့် ရှိပါတယ်။ 1. Pre-reading ( Before reading ) 2. While-reading ( During reading ) 3. Post-reading ( After reading ) 🍀 ပို့စ်ရဲ့ ရည်ရွယ်ချက်က Reading ကနေ Writing ကို ဘယ်လို ဆက်စပ်ပြီး သွားသလဲဆိုတာကို အဓိက ပြောချင်တာမို့ Reading Process ရဲ့ အဆင့် ၃ ဆင့်ကို အသေးစိတ်မရေးပြတော့ပါဘူး။ အကြမ်းဖျဉ်းပြောရရင် 🍀 Reading တခုမလုပ်ခင် Reading ကို သင်ကြားပေးသူအနေနဲ့ ဒီ Reading နဲ့ ပတ်သက်ပြီး စာသင်သားတွေရဲ့ Background / Prior knowledge နဂိုရှိပြီးသားအသိ ဘာလေးတွေရှိထားလဲဆိုတာကို brainstorming လုပ်ပြီး ဆန်းစစ်စေနိုင်တယ်။ 🍀 Reading ထဲမှာပါတဲ့ key vocabularies လေးတွေကို ကြိုပြီး ပြောပြ သိစေတာမျိုးလုပ်နိုင်တယ်။ 🍀 တခါတရံ ရုပ်ပုံကိုပြပြီး ဖတ်မယ့် အကြောင်းအရာက ဘာအကြောင်းအရာဖြစ်မလဲ ခန့်မှန်းခိုင်းပြီး စာဖတ်ချင်စိတ်ကိုနှိုးဆွပေးတာမျိုးလုပ်လို့ရတယ်။ 🍀 Pre-reading task အနေနဲ့ မေးခွန်းလေးတွေကိုဖြေခိုင်း ဆွေးနွေးခိုင်းတာမျိုးအပါအ၀င်ပေါ့။ ❣️ဥပမာအနေနဲ့ Starters Level ဖြစ်တဲ့ Oxford Primary Skills Reading & Writing Level 2 စာအုပ်ထဲ Unit 1 က Star School ဆိုတဲ့ Reading လေးကို နမူနာပြောရရင် -- 🍀 "" School "" ဆိုတာနဲ့ ပတ်သက်သမျှ ( သူတို့ သိသမျှ စဉ်းစားလို့ရသမျှ မြင်ဖူး ကြားဖူးသမျှ Vocabulary လေးတွေကို ပြောပြခိုင်းတာမျိုး ၊ ပေးထားတဲ့ key vocabularies လေးတွေနဲ့ ပတ်သက်ပြီး မေးတာ ဆွေးနွေးတာမျိုး 🍀 နောက် School ကျောင်းနဲ့ ပက်သက်သမျှ သူတို့ရဲ့ အတွေ့အကြုံ ခံစားချက် ( ဘာတွေ ကြိုက်တယ် မကြိုက်ဘူး ) စသဖြင့်လည်း ဆွေးနွေးစေတာမျိုး။ 🍀 ဒီလိုတွေလုပ်တဲ့အခါ စာသင်သားတိုင်းက တက်ကြွနေတာ ပါ၀င်ချင်တာတော့မဟုတ်ပါဘူး။ ဒီလိုမေးမြန်းဆွေးနွေးတာဟာ စာသင်တာရဲ့ အစိတ်အပိုင်းတွေလို့ မယူဆဘဲ အပျော်လုပ်နေတယ် ၊ စာသင်သူ ဆရာ / ဆရာမက အချိန်ဖြုန်းနေတယ်လို့ ယူဆတဲ့ မိဘတွေနဲ့ ၊ မေးခွန်းတွေမေးရင် မကြည်မသာနဲ့ စိတ်ပျက်သလိုအကြည့်တွေနဲ့ စိတ်မပါသလိုဖြစ်နေတဲ့ ကလေးတွေလည်း ရှိတတ်ပါတယ်။ ဒါမျိုးကြုံရမှာပါပဲ။ ကြုံတဲ့ခါ စာသင်ပေးတဲ့သူအနေနဲ့ စိတ်မပျက်ဘဲ ( တခါတလေ မသိချင်ယောင်ဆောင်ပြီး ) ကိုယ်လုပ်သင့်တာ လုပ်ပေးနိူင်တာကို လုပ်ပေး / သင်ပေးရတာပါပဲ။ 🍀 Reading & Writing ဆက်စပ်မှုအကြောင်းကို ဆက်ပြောရရင် စောစောက " Star School " ဆိုတဲ့ အကြောင်းအရာလေးကို ကလေးတွေအနေနဲ့ While reading ဖတ်နေစဉ်အတွင်းမှာ အသံထွက်ဖတ်စေခြင်းကြောင့် အသံထွက် pronunciation မှန် / မမှန် စစ်ဆေးပေးနိုင်တယ်။ မှားနေရင် ပြင်ပေးလို့ရတယ်။ စာဖတ်တာ Reading လုပ်တာ အင်မတန်အားနည်းလို့ စာဖတ်တာ နှေးလွန်း လေးလွန်းတဲ့ကလေးကို အသံထွက်ပြီးပုံမှန် မဖြစ်မနေစာဖတ်စေတဲ့အခါ တဖြည်းဖြည်း Reading Fluency တိုးတက်လာတယ်။ 🍀 Reading Text ရဲ့ Audio ကို Listening လုပ်ရင်း Listening Practice လည်းလုပ်ဖြစ်တယ်။ 🍀 Reading လုပ်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်သမျှကို အပြန်အလှန် မေးမြန်းဆွေးနွေးရင်းနဲ့ Speaking Practice ပါ တခါတည်း ( မသိမသာ ) လေ့ကျင့်ဖြစ်သွားတယ်။ 🍀 Reading, Writing, Listening and Speaking အားလုံးဟာ တခုနဲ့ တခု ချိတ်ဆက်နေကြတာပါ။ သီးခြားစီမဟုတ်ပါဘူး။ 🍀 Reading လုပ်ပြီးတဲ့အခါ Reading လုပ်ထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး Writing ပြန်ရေးတဲ့အခါ ဖတ်ထားတဲ့အကြောင်းအရာထဲက အတွေး + အရေးအပြင် ကိုယ်တိုင်ဖတ်ဖူးတဲ့ အခြားပုံစံတူ အကြောင်းအရာထဲက အတွေး + အရေးနဲ့ ကိုယ်တိုင်မြင်ဖူး ကြုံဖူးတဲ့ ကိုယ့်စိတ်ထဲစဉ်းစားလို့ရတဲ့ အတွေး + အရေး အားလုံးကို ပေါင်းစပ်ပြီး ဘယ်လိုလေး Thinking လုပ်လို့ရကြောင်း ဥပမာပြောပြပေး လမ်းကြောင်းပေးရင်း Reading ကနေ Writing ကို ဘယ်လိုဆက်သွားလို့ရတယ်ဆိုတာ ပြပေးလို့ရတယ်။ 🍀 အပေါ်က နမူနာ - " Star School " ကို ကလေးတွေဖတ်ပြီးတဲ့အခါ သူတို့ကျောင်းမှာရော Assembly Hall , Canteen, Library, music room တွေရှိလား ၊ မရှိဘူးလား။ အဲဒါတွေမဟုတ်ဘဲ / အဲဒါတွေအပြင် သူတို့ကျောင်းတွေမှာ ဘာတွေရှိလဲ။ ဥပမာ -- playground, garden , laboratory စသဖြင့်။ 🍀 နောက်တခုက စာရေးတဲ့အခါ Writing လုပ်တယ်ဆိုတဲ့နေရာမှာ စာရေးခြင်းအပေါ်မှာ စေတနာထည့် စိတ်သေချာထည့်ပြီး ဘယ်လိုလေးရေးမယ်ဆိုတဲ့ စိတ်နေသဘောထားလေးရှိမှလည်း Writing က ကောင်းတာပါ။ တာ၀န်နဲ့၀တ္တရားအရ ရေးတာမျိုးဆို တုံးတိတိပဲဖြစ်နေမှာပါ။
♦️Rendered into Myanmar by “Aung Minn Htwe” ♦️Presented by AL🎓T