Anyone Can Cook by MayYu
описание
လူတိုင်းအလွယ်တကူ ချက်နိုင်တယ် 🧑🍳👩🍳
490
подписчиков
Охват к подписчикам
88,0%
ERR
Реакции к просмотрам
0,42%
36 на 20 постов
Пересылки к просмотрам
0,09%
8
Постов в день
0,0
всего 20
Где отзываются чаще
доля реакций к просмотрам- 27 авг. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ ဆိတ်သားကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးလေးများတုံးထားပေးပါ။ ထို့နောက် ချင်း လက်တဆစ်ခန့်နှင့် ကြက်သွန်ဖြူတို့ကိုထောင်းပြီး ဆား၊ Nutrifood Turmeric Powder နနွင်းမှုန့်၊ ခရုဆီအနည်းငယ်တို့ဖြင့် ဆိတ်သားကိုနယ်ပြီး အချိန်ခဏလောက် နှပ်ထားပေးပါ။ ကြက်သွန်နီကို အခွံခွာပြီး အကွင်းလိုက်လှီးထားပေးပါ။ ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီး အကွင်းလိုက်လေးလှီးထားပေးပါ။ ပူစီနံအရွက်လေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။ ငရုတ်သီးစိမ်း အပွတောင့်အရှည်ကိုလည်း ရေစင်အောင်ဆေးကာ ခပ်စောင်းစောင်းလေးတွေလှီးထားပေးပါ။ ကြက်သွန်ဖြူနီတို့ကို Nutrifood Chilli Powder ငရုတ်သီးမှုန့်ထည့်ကာ ထောင်းထားပေးပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲသို့ Asia Winner နေကြာဆီထည့်ကာ ဆီအပူပေးထားပါ။ ဆီပူလာပြီဆိုပါက စောစောက နှပ်ထားတဲ့ ဆိတ်သားများကို ထည့်ပြီး မကျက်တကျက်လေးကြော်ပေးပါ။ ကြော်ပြီးသားဆိတ်သားများကို ဆယ်ယူပြီး ဇကာတခုထဲသို့ထည့်ကာ ဆီစစ်ပေးထားပါ။ ထို့နောက် ထောင်းထားသော ကြက်သွန်ဖြူနီတို့ကိုထည့်ကာ ဆီသတ်ပေးထားပါ။ ဆီသတ်နံ့လေးမွှေးလာပြီဆိုရင်တော့ အကွင်းလိုက်လှီးထားသော ကြက်သွန်နီတို့အားထည့်ပေးပါ။ ကြက်သွန်နီတွေနွမ်းလာပြီဆိုရင်တော့ ခရမ်းချဉ်သီးများကိုထည့်ပေးပါ။ ထို့နောက်မှာတော့ ဆီစစ်ထားတဲ့ ဆိတ်သားကြော်များကိုထည့်ပေးပါ။ အဲ့ဒီနောက် ဆား၊သကြား၊အချိုမှုန့်၊ငံပြာရည်နဲ့ Nutrifood Curry Powder ဟင်းခတ်မှုန့်အနည်းငယ်တို့ကိုထည့်ပြီး သေသေချာချာလေးနှံ့အောင်မွှေပေးကာ အိုးအဖုံးကိုအုပ်ထားပေးပါ။ အချိန် ၅မိနစ်လောက်အကြာမှာတော့ အိုးအဖုံးကိုဖွင့်၍ လှီးထားသော ငရုတ်သီးစိမ်း အပွတောင့်အရှည်များနဲ့ ပူစီနံတို့ကိုထည့်ပြီး မွှေပေးပါ။ အဲ့ဒီနောက် အပေါ့အငန်ကို မြည်းစမ်းကာ မိမိစိတ်ကြိုက်ပြုပြင်ပြီးရင်တော့ ပူစီနံအနံ့လေးသင်းပျံ့ကာ ချိုချဉ်ပြုံးအရသာလေးကို ခံစားရမဲ့ ဆိတ်ကပတ်လေးကို ရရှိပြီပဲဖြစ်ပါတယ်နော်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်1,61%
- 20 авг. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ ပုစွန်ကို အခွံခွာ ကျောခွဲကာ ချေးထုတ်ပြီး အမြီးလေးချန်၍ သန့်စင်စွာဆေးကြောထားပါ။ မှိုတွေကို ရေဆေပြီး မိမိလိုချင်သော ပုံစံလေးတွေ လှီးထားပေးပါ။ သံပုရာသီးများကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ထားပေးပါ။ စပါးလင်များကိုလည်းရေဆေးပြီး ပါးပါးလှီပေးထားပါ။ အဲ့ဒီနောက် ခရမ်းချဉ်သီးများကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပေးပါ။ နံနံပင်များကို ရေဆေးပြီး မထူမပါးအရွယ်အစားလေးတွေ လှီးပေးထားပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် အိုးတင်ပြီး ရေထည့်ကာ တည်ထားပေးပါ။ ရေနွေးဆူလာပြီဆိုရင်တော့ တုံယမ်းအနှစ်ထုပ်(သို့မဟုတ်)အခဲကို မိမိသုံးဆောင်လိုသောပမာဏအတိုင်း ချိန်ဆ၍ ထည့်ပေးပါ။ အဲ့ဒီနောက် လှီးထားသော စပါးလင်များနဲ့ပုစွန်များကိုထည့်ပြီး ဟင်းရည်များဆူတဲ့အထိ တည်ထားပေးပါ။ ဟင်းရည်များဆူလာရင်တော့ မှိုများထည့်ကာ ထပ်မံပြီး ဆူလာတဲ့အထိ တည်ထားပေးပါ။ ထို့နောက် ခရမ်းချဉ်သီးများကိုထည့်ပြီး အချိန်ခဏလောက်ထပ်မံတည်ထားပေးပါ။ ဟင်းရည်များဆူပွက်လာပြီဆိုရင်တော့ ငံပြာရည်၊ သံပုရာရည်နဲ့ Nutrifood Curry Powder ဟင်းခတ်မှုန့်အနည်းငယ်တို့ကိုထည့်ပြီး မွှေပေးကာ မိမိစိတ်ကြိုက်အပေါ့အငန်အရသာတို့ကို လိုသလိုပြင်ဆင်ပေးပါ။ မိမိစိတ်ကြိုက်အရသာ ရပြီဆိုရင်တော့ တည်ခင်းလိုသည့် ပန်းကန်ထဲသို့ထည့်၍ နံနံပင်၊ ရှောက်ရွက်တို့ကို အုပ်ကာ ချဉ်ငံစပ်အရသာတို့ဖြင့် ပြီးပြည့်စုံတဲ့ တုံယမ်းဟင်းရည်ကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်1,13%
- 10 сент. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ ကြက်သားအသားချည်း (၂၅) ကျပ်သားကို ရေသန့်စင်အောင်ဆေးပြီး ဆား၊ သကြား၊ ငံပြာရည်၊ Nutrifood Curry Powder ဟင်းခတ်မှုန့်အနည်းငယ်တို့ဖြင့် နှံ့နေအောင်နယ်ပြီး နှပ်ထားပေးပါ။ ကြက်သွန်ဖြူများကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မညက်တညက်လေးထောင်းထားပေးပါ။ ငရုတ်သီးစိမ်းများကိုလည်း အညှာချွေကာ ရေစင်အောင်ဆေးပြီး မညက်တညက်လေးထောင်းထားပေးပါ။ ကြက်သွန်မြိတ်နဲ့ နံနံပင်များကိုလည်း ရေစင်အောင်ဆေးကာ အရွယ်တော်လေးတွေလှီးဖြတ်ထားပေးပါ။ ထို့နောက် ဒယ်အိုးထဲသို့ Asia Winner နေကြာဆီအနည်းငယ်ထည့်ပြီး ဆီအပူပေးထားပါ။ ဆီပူလာရင်တော့ Nutrifood Crushed Red Chilli ငရုတ်အကြမ်းမှုန့် အနည်းငယ်ထည့်ကာ အနည်းငယ်လောက်မွှေပြီး မီးဖိုပေါ်မှ ပြန်ချပေးထားပါ။ အဲ့ဒီနောက်မှာတော့ နှပ်ထားတဲ့ ကြက်သားတွေကို ချင်းအနည်းငယ်နဲ့ရောပြီး ကျက်နေအောင် ပြုတ်ပေးထားပါ။ ကြက်သားပြုတ် ကျက်ပြီဆိုရင်တော့ ကြက်သားဖတ်များကို ဆယ်ယူပြီး အအေးခံပေးထားပါ။ ကြက်သားပြုတ်များ အေးလာပြီဆိုရင်တော့ အသားမျှင်လေးများရအောင် မျှင်ထားပေးပါ။ ကြက်သားမျှင်ပြီးရင်တော့ နယ်လို့ကောင်းမဲ့ ဇလုံတခုထဲသို့ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ငံပြာရည်၊ Nutrifood Crushed Red Chilli ငရုတ်အကြမ်းမှုန့်ဆီချက်၊ အချိုမှုန့်အနည်ငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။ အရသာခပ်ကဲကဲနဲ့ လိုချင်တဲ့ ချဉ်ငန်စပ်အရသာကို ရပြီဆိုရင်တော့ တည်ခင်းမည့် ပန်းကန်ထဲသို့ထည့်ကာ အပေါ်မှ ကြက်သွန်မြိတ်၊ နံနံပင်တို့ဖြင့် အလှဆင်ပြီး ကြက်သွန်ဖြူကြော်လေးဖြူးပြီး ငရုတ်ကောင်းလေးနည်းနည်းခပ်ကာ ထမင်းဖြူပူပူပူနွေးနွေးလေးနဲ့ လိုက်ဖက်မဲ့ ကြက်သားချဉ်စပ်သုပ်လေးကို ရရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,80%
- 27 авг. 2024 г.ဆိတ်ကပတ် ဒီနေ့မှာတော့ ပူစီနံနံ့သင်းသင်းလေးနဲ့ ချိုချိုချဉ်ချဉ်အရသာလေးကို ခံစားရမဲ့ ဆိတ်ကပတ်ပြုလုပ်နည်းလေးကို ပြောပြပေးသွားမှာဖြစ်လို့ အိမ်မှာ အလွယ်တကူလေး လုပ်စားကြည့်ကြရအောင်နော်။ 😋 ပါဝင်ပစ္စည်းများ • ဆိတ်သား • ကြက်သွန်ဖြူ • ကြက်သွန်နီ • ချင်း • ပူစီနံ • ခရမ်းချဉ်သီး • ငရုတ်သီးစိမ်းအပွတောင့်အရှည် • ငံပြာရည် • ခရုဆီ • ဆား • သကြား • အချိုမှုန့် • Asia Winner နေကြာဆီ • Nutrifood Curry Powder ဟင်းခတ်မှုန့် • Nutrifood Turmeric Powder နနွင်းမှုန့် • Nutrifood Chilli Powder ငရုတ်သီးမှုန့် NutriFood အမှုန့်များအား မှာယူချင်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ Asia Winner Distribution 09 783868387 09 977400663 09 977400669 sales@asia-winner.com www.asia-winner.com #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,73%
- 10 сент. 2024 г.ကြက်သားချဉ်စပ်သုပ် ဒီနေ့မှာတော့ ရိုးရိုးရှင်းရှင်းနဲ့ပဲ ထမင်းစားမြိန်နိုင်တဲ့ ကြက်သားသုပ်လေးကို ချဉ်ချဉ်စပ်စပ်လေး သုပ်စားကြည့်ကြရအောင်နော်။ 😋 ပါဝင်ပစ္စည်းများ • ကြက်သားအသားချည်း (၂၅)ကျပ်သား • ချင်း • ကြက်သွန်ဖြူ • ငရုတ်သီးစိမ်း • ငရုတ်ကောင်း • ကြက်သွန်မြိတ် • နံနံပင် • သံပုရာသီး • ကြက်သွန်ဖြူကြော် • သကြား • အချိုမှုန့် • ငံပြာရည် • Asia Winner နေကြာဆီ • Nutrifood Crushed Red Chilli ငရုတ်အကြမ်းမှုန့် • Nutrifood Curry Powder ဟင်းခတ်မှုန့် NutriFood အမှုန့်များအား မှာယူချင်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ Asia Winner Distribution 09 783868387 09 977400663 09 977400669 sales@asia-winner.com www.asia-winner.com #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,60%
- 23 авг. 2024 г.နန်းကြီးသုပ်အတွက် ကြက်သားဟင်းချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ ကြက်သားများကို ရေစင်အောင်ဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင် တုံးထားပေးပါ။ ထို့နောက် ဆား၊ သကြား၊ အချိုမှုန့်၊ ပဲငံပြာရည်အပျစ်အနည်းငယ်တို့ဖြင့် သမအောင်ရောနယ်ပြီး နှပ်ထားပေးပါ။ နန်းကြီးဖတ်နဲ့နယ်စားမှာဖြစ်လို့ အနှစ်များများလေးရအောင် ကြက်သွန်နီများများနဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးတို့အား ရောပြီး ကြေညက်အောင်ထောင်းထားပေးပါ။ အကုန်အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲသို့ Asia Winner နေကြာဆီထည့်ကာ ဆီပူပေးထားပါ။ ဆီပူလာပြီဆိုရင်တော့ စောစောက ထောင်းထားသော အနှစ်များကို ဆီသတ်ပေးပါ။ ဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ ငံပြာရည်လေးနည်းနည်းလောက်ထည့်ကာ ဆီသတ်ပေးပါ။ အဲ့ဒီနောက်မှာတော့ နယ်ပြီးနှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး သေချာလေးနှံ့အောင်မွှေပေးပါ။ ထိုနောက်ရေအနည်းငယ်ထည့်ပြီး ဆီပြန်ကာ ကြက်သားနူးလာသည်အထိ အဖုံးအုပ်၍တည်ထားပေးပါ။ ဆီပြန်လာပြီး ကြက်သားနူးလာပြီဆိုရင်တော့ ဟင်းအနှစ်များများနဲ့ အရသာရှိတဲ့ ကြက်သားဆီပြန်ဟင်းတခွက်ကိုရရှိပါပြီ။ နန်းကြီးသုပ်မဟုတ်ပဲ ထမင်းနဲ့စားမယ်ဆိုလဲ အဆင်ပြေပါတယ်နော်။ #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,60%
- 26 июл. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးဆုံး Red Ruby တံဆိပ် ကုလားပဲ ၃၀၀ဂရမ်ကို သုံးထားတာဖြစ်တဲ့အတွက် သဲတွေဖုန်တွေစစ်စရာမလိုတာကြောင့် ရေဖြင့် (၃)ကြိမ်ခန့် ဆေးပေးထားလိုက်ပါ။(သဲတွေဖုန်တွေမစစ်ထားသော အခြားကုလားပဲများကို အသုံးပြုမည်ဆိုပါက ဇကာချပြီး သဲတွေဖုန်တွေစစ်ပေးထားဖို့ လိုပါလိမ့်မည်။) ထို့နောက် တည်မည့်အိုးထဲသို့ ရေအနည်းငယ်ထည့်ကာ ကုလားပဲထည့်ပြီး နာရီဝက်ခန့်ကြာသည်အထိ နူးလာအောင်ပြုတ်ထားပေးပါ။ ကုလားပဲများ နူးလာပြီဆိုပါက ပန်းကန်တစ်ခုထဲသို့ဆယ်ပြီး အအေးခံထားပေးပါ။ အဲ့ဒီနောက်မှာတော့ ဂျင်း၊ ကြက်သွန်ဖြူတို့ကို Nutrifood ငရုတ်သီးမှုန့် အနည်းငယ်ခန့်ထည့်ပြီး ထောင်းထားပေးပါ။ ပြီးနောက် ဒယ်အိုးထဲသို့ Asia Winner နေကြာဆီ အနည်းငယ်ထည့်ပြီး ဆီကျက်လာပါက စောစောကထောင်းထားသော Nutrifood ငရုတ်သီးမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပေးပါ။ ဆီသတ်အနံ့လေးမွှေးလာပါက ပြုတ်ထားသော ကုလားပဲများကိုထည့်ပြီးမွှေပေးပါ။ ထို့နောက် ဆီပြန်လာပြီဆိုပါက ဆား၊ အချိုမှုန့်နှင့် မဆလာအနည်းငယ်တို့ကိုထည့်ပြီး ရေအနည်းငယ်လောက်ထပ်ထည့်ကာ သမအောင်မွှေပေးထားပါ။ အချိန်ခဏအကြာမှာတော့ အရသာမြည်းစမ်းကြည့်ပြီး မိမိစိတ်ကြိုက် အရသာအနေအထားရလာပြီဆိုရင်တော့ အညာဒေသရဲ့ အရံဟင်းလေးတစ်ခုဖြစ်တဲ့ ကုလားပဲနှပ်လေးကို ရရှိနိုင်ပြီပဲဖြစ်ပါတယ်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #redruby #လူတိုင်းချက်နိုင်တယ်0,59%
- 23 авг. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ ဆီချက် ချက်ရန်အတွက် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့အား အခွံခွာ၊ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပေးပါ။ ဂေါ်ဖီထုပ်အားရေဆေးပြီး ပါးပါးလေးတွလှီးထားပေးပါ။ ပဲပင်ပေါက်များအား ရေဆေးပြီး ရေနွေးဖျောပေးကာ ရေစစ်ထားပေးပါ။ ပဲသီးနဲ့ ကြက်သွန်မြိတ်တို့ကိုလဲ ရေဆေးပြီး ခပ်ပါးပါးလေးလှီးထားပေးပါ။ သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပေးပါ။ ထို့နောက် ဒယ်အိုးထဲသို့ Asia Winner နေကြာဆီထည့်ကာ ဆီပူပေးထားပါ။ ဆီပူလာရင်တော့ Nutrifood Turmeric Powder နနွင်းမှုန့်အနည်းငယ်ခပ်ပြီး လှီးထားသော ကြက်သွန်ဖြူနီတို့ကို့ ထည့်၍ ဆီသတ်ပေးပါ။ ကြက်သွန်တွေ ရွှေအိုရောင်သန်းလာပြီဆိုရင်တော့ ကြက်သွန်ဆီချက်ရပါပြီ။ ကြက်သားဟင်းလဲရပြီ လိုအပ်တဲ့ အရာတွေလဲ ပြည့်စုံပြီဆိုရင်တော့ နန်းကြီးသုပ်ကို စတင်နယ်လိုရပါပြီ။ နန်းကြီးသုပ်နယ်ရန်အတွက် နယ်လို့ကောင်းမဲ့ ဇလုံခပ်ကြီးကြီးတခုထဲသို့ နန်းကြီးဖတ်၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ပဲသီး၊ ကြက်သွန်နီ၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ Nutrifood Roasted Bean Flour ပဲအကျက်မှုန့်၊ ဆီချက်၊ ကြက်သားဟင်းတို့နဲ့အတူ သံပုရာသီးစိတ်လေးတွေကို ညှစ်ထည့်ပြီး သေသေချာချာလေးနှံ့အောင်နယ်ပေးပါ။ ပြီးရင်တော့ တည်ခင်းလိုတဲ့ ပန်းကန်ထဲသို့ထည့်ပြီး ကြက်ဥပြုတ်အခြမ်းလေးထည့်၊ ငါးဖယ်ကြော်လေးညှပ်ထည့်ပြီး နံနံပင်လေးအုပ်ကာ တန်ဆာဆင်လိုက်ရင်တော့ အရသာရှိရှိသုံးဆောင်နိုင်တဲ့ နန်းကြီးသုပ်လေးကို ရရှိနိုင်ပါပြီနော်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,43%
- 6 авг. 2024 г.ချက်ပြုတ်နည်းအဆင့်ဆင့် ပထမဦးစွာ အာလူးများကို အိုးတစ်လုံးထဲသို့ထည့်ပြီး ရေထည့်ကာ နူးအိနေအောင် ပြုတ်ထားပေးပါ။ အာလူးပြုတ်နေစဉ်အတွင်းမှာ ကြက်သားကို ကြိတ်စက်ထဲသို့ထည့်၍ အသားများကို ကြိတ်ထားပေးပါ။ အသားကြိတ်ပြီးပါက အသားများကို Nutrifood Curry Powder ဟင်းခတ်မှုန့် အနည်းငယ်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ အချိုမှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး နှပ်ထားပေးပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံခွာပြီး ဂျင်းလက်တဆစ်ခန့်ထည့်ကာ မညက်တညက်လေး ထောင်းထားပေးပါ။ အဲ့နောက်မှာတော့ ဒယ်အိုးထဲသို့ Asia Winner နေကြာဆီအနည်းငယ်ထည့်၍ အပူပေးထားပါ။ ဆီပူလာပြီဆိုရင်တော့ Nutrifood Turmeric Powder နနွင်းမှုန့် အနည်းငယ်ခပ်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့အား ထည့်၍ ဆီသတ်ထားပေးပါ။ ဆီသတ်အနံ့လေးမွှေးလာပြီဆိုရင်တော့ နှပ်ထားသော အသားများကို ထည့်ပြီး မွှေပေးပါ။ ထို့နောက် Nutrifood Cumin Powder ဇီယာမှုန့် အနည်းငယ်ထည့်၍ အသားများကို ခြောက်တဲ့အထိ ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ အသားဆီသတ်ပြီးရင်တော့ ဇကာတစ်ခုထဲသို့ထည့်၍ ဆီစစ်ပေးထားပါ။ ထိုအချိန် ပြုတ်ထားတဲ့ အာလူးတွေလဲ ရပြီဆိုတော့ အာလူးတွေကို အအေးခံကာ အခွံခွာ၍ စေးပိုင်လာတဲ့အထိ ထောင်းထားပေးပါ။ ထို့နောက် တန်ပူရာအမှုန့်များကို ပန်းကန်တခုထဲသို့ထည့်ပြီး ကြက်ဥများကိုလဲ ပန်းကန်တခုထဲ သို့ထည့်ကာ သေချာမွှေထားပေးပါ။ ထောင်းထားသော အာလူးများကို နည်းနည်းစီဖဲ့ယူပြီး ခပ်ပြားပြားလေးတွေဖြစ်အောင်လုပ်ကာ ဆီသတ်ထားသော အသားများကို အဆာသွပ်၍ မလုံးမပြား ပုံစံလေးပြုလုပ်ပြီး မွှေထားသော ကြက်ဥထဲသို့စိမ်၍ တန်ပူရာမှုန့်လေးများကပ်ကာ ပန်းကန်တခုထဲသို့ တန်းစီပြီးထည့်ထားပေးပါ။ ထိုနောက် ကြော်မည့် အိုးထဲသို့ Asia Winner နေကြာဆီထည့်ကာ ဆီဆူလာတဲ့အထိ မီးအပူပေးထားပါ။ ဆီများဆူလာပြီဆိုရင်တော့ တန်ပူရာမှုန့်ကပ်ထားပြီးသားဖြစ်တဲ့ အာလူးဆုပ်လေးများကို ထည့်ကာ ကြော်ပေးပါ။ အာလူးအကျက်ညီစေဖို့အတွက်လဲ အထက်အောက်လေးလှန်ကာ သေချာလေးကြော်ပေးပြီး ရွှေညိုရောင်သန်းလာပြီဆိုရင်တော့ အနံ့လေးလဲမွှေး စားလို့လဲကောင်းတဲ့ ကြက်သားအာလူးကတ်သလိတ်ကို ရရှိပြီပဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်သလို မန်ကျည်းချဉ်နဲ့ဖြစ်စေ ငရုတ်ဆီနဲ့ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ ဟင်းချက်နည်းများ အပတ်စဉ်တင်ပြသွားမည်ဖြစ်သောကြောင့် Channel လေးကို Join လုပ်ထားကြပါနော်။ 😍 #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,43%
- 30 июл. 2024 г.ကြာဇံချက် ခုတလော မိုးက အဆက်မပြတ်ရွာနေတော့ မိုးအေးအေးလေးမှာ ပူပူနွေးနွေးလေး ရှုးရှုးရှဲရှဲသုံးဆောင်နိုင်ဖို့အတွက် ကြာဇံချက်လေးကို အိမ်မှာပဲ အလွယ်တကူ ချက်စားကြည့်ကြရအောင်နော်။ 😋 ပါဝင်ပစ္စည်းများ • ပဲကြာဆံ ၁၀ ကျပ်သား • ငံပြာရည် အနည်းငယ်ခန့် • ကြွက်နားရွက်မှိုခြောက် ၈ပွင့် • ပဲလိပ်ခြောက် အနည်းငယ်ခန့် • ကြက်သွန်နီ ၂ လုံး • ငုံးဥ ၁၅ လုံး • ကြက်သားနှင့် ကြက်ရိုး အနည်းငယ်ခန့် • ခရမ်းချဉ်သီး ၂လုံး • Asia Winner နေကြာဆီ ဟင်းစားဇွန်း ၂ဇွန်း • ဆား အနည်းငယ်ခန့် • Nutrifood Curry Powder ဟင်းခတ်မှုန့် အနည်းငယ်ခန့် • Nutrifood Chilli Powder ငရုတ်သီးမှုန့် အနည်းငယ်ခန့် NutriFood အမှုန့်များအား မှာယူချင်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ Asia Winner Distribution 09 783868387 09 977400663 09 977400669 sales@asia-winner.com www.asia-winner.com #anyonecancookbymayyu #AsiaWinner #nutrifood #လူတိုင်းချက်နိုင်တယ်0,34%
- 31 июл. 2024 г.Company Direct ပါ။ (No agent Fees) အလုပ်တကယ်လိုချင်သူသာ လျှောက်ထားရန် ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ သန်လျင် တွင်ရှိသော May Yu Convenience Store နှင့် တောင်ဒဂုံမြို့နယ်တွင်တည်ရှိသော May Yu Coldstore နှင့် Asia Winner စက်ရုံတွင် ရေရှည်လက်တွဲ၍ တာ၀န်ထမ်းဆောင်ရန် အောက်ပါ position များအား လျောက်ထားနိုင်ပါသည်။ (နီးစပ်ရာ Ferry လမ်းကြောင်းရှိသည်။ JD များအား ဖုန်းဆက်မေးမြန်းနိုင်ပါသည်။ နေထိုင်ဖို့ အဆောင်လည်းရှိပါသည်။ Convenience store ဆိုင်အတွက်တော့ နီးစပ်ရာနေထိုင်သူအား ဦးစားပေးခေါ်ပါမည်။) 1 Documentation (Export (M/F) - 3 posts (English - Intermediate Level, good communication skill, Experience not require) 2 Mechanical / Electrical (M) - 3 posts အတွေ့အကြုံအနည်းဆုံး ၂နှစ် 3 Accountant / Cashier (M/F) - 5 posts 4 Driver (M) - 3 posts 5 Workers / အလုပ်သမား - (M/F) - 50 posts အသက် ၁၈ - ၃၅ အတွင်း စိတ်ပါဝင်စားသူ မည်သူမဆို - ကိုယ်ရေးရာဇဝင် (CV) - မှတ်ပုံတင်မိတ္တူ - သန်းခေါင်စာရင်းမိတ္တူ - ရပ်ကွက်ထောက်ခံစာ - ရဲစခန်းထောက်ခံစာ - ပတ်စပို့ ဓါတ်ပုံ (၂) ပုံနှင့်အတူ Ph / viber no – 09977680552 Email - job@asia-winner.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ #MayY #jobopportunity0,26%
- 15 апр. 2025 г.ကျန်းမာရေးနှင့်ညီညွတ်သော အိမ်လုပ် ဟမ်းမစ် + ဖုတ်ထားသော ပီတာချစ်ပ်များ ဒီဟမ်မက်စ်ပြုလုပ်နည်းကို ကျွန်မ နှစ်ပေါင်းများစွာ အမြဲပြုလုပ်လေ့ရှိပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ အချိုးအစားက အကောင်းဆုံးဖြစ်ပြီး၊ လုပ်ရတာ အလွန်လွယ်ကူကာ မိနစ် ၁၀ အတွင်း အသင့်ပြင်ဆင်နိုင်ပါတယ်။ ဟမ်မက်စ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ - တာဟီနီ (သင်္ဘောသီးမှုန့်နှင့် ဆီဖျော်ရည်) - အထူးသန့်စင်သော သံလွင်ဆီ (Extra Virgin Olive Oil) - ကုလားပဲ (အခြောက်လှန်းပြီး ရေစိမ်ထားသော သို့မဟုတ် စည်သွပ်ဘူးမှ ကုလားပဲ) - လတ်ဆတ်သော သံပုရာရည် - ကြက်သွန်ဖြူလေးညှပ် - ဇီယာမှုန့် (Ground Cumin) - လိုသလောက် ဆား - လိုသလောက် ငရုတ်သီးမှုန့် (သို့) ပက်ပရီကာ (Paprika) ဟမ်မက်စ်ပြုလုပ်ရန် လိုအပ်သော ကိရိယာများ - ပုံမှန်အရွယ်အစားရှိသော အစားအစာပြုလုပ်စက် (Food Processor) (ခွက်တစ်လုံးစာ ပမာဏ ၇ ခွက်စာ ဆန့်သည့် အရွယ်)။ ၎င်းတွင် ချွန်ထက်သော သံမဏိဓားသွား တပ်ဆင်ထားရပါမည်။ ဓားသွားမှိန်နေပါက ကောင်းစွာအဆင်ပြေမှုရှိမည်မဟုတ်ပါ။ မှတ်ချက်များ - တာဟီနီ သည် သင်္ဘောသီးမှုန့်နှင့် သံလွင်ဆီကို ဖျော်စပ်ထားသော ပစ္စည်းဖြစ်ပြီး၊ ဈေးမှာဝယ်နိုင်သလို အိမ်တွင်လည်း လုပ်နိုင်ပါတယ်။ - ကုလားပဲကို ညအချိန် ရေစိမ်ထားပြီး ပျော့အိသည်အထိ ပြုတ်ပါ။ စည်သွပ်ဘူးမှ ကုလားပဲသုံးပါက ရေဆေးပြီးမှ သုံးပါ။ - သံလွင်ဆီကို အရသာနှင့် အနံ့ပြေပျော့စေရန် အသုံးပြုပါသည်။ အိမ်လုပ် ဟမ်မက်စ် ပြုလုပ်နည်း 1. ပါဝင်ပစ္စည်းများ ရောမွှေခြင်း - အစားအစာပြုလုပ်စက် (Food Processor) ထဲသို့ အောက်ပါပါဝင်ပစ္စည်းများကို ထည့်ပါ။ - ကုလားပဲ (ပြုတ်ထားသော သို့မဟုတ် စည်သွပ်ဘူးမှ) - ကုလားပဲအရည် ၂ ဇွန်း - တာဟီနီ - သံပုရာရည် - သံလွင်ဆီ - ကြက်သွန်ဖြူလေးညှပ် - ဇီယာမှုန့် - လိုသလောက် ဆားထည့်ပါ (ဥပမာ - လက်ဖက်ရည်ဇွန်း တစ်ဝက်)။ 2. ရောမွှေပါ - စက်ကို မိနစ် ၅ ကြာ ဖွင့်၍ အနှစ်များကို ညက်ညာစွာ ရောမွှေပါ။ - ရောနှောနေစဉ် တစ်ကြိမ်ခန့် စက်ကိုရပ်ပြီး ဘေးဘက်ကပ်နေသော အနှစ်များကို ခြစ်ထုတ်ကာ ပြန်လည်ရောမွှေပါ။ - အရောအစပ်သည် ပျစ်နေပါက ကုလားပဲအရည် အနည်းငယ်ထပ်ထည့်၍ လိုအပ်သလို ပျစ်ချွေးချပါ။ 3. အပြင်အဆင်နှင့် သိမ်းဆည်းနည်း - ပြင်ဆင်ပြီးသော ဟမ်မက်စ်ကို ပန်းကန်ပြားတွင် ထည့်ပါ။ - အပေါ်မှ သံလွင်ဆီအနည်းငယ်လောင်းချကာ ပက်ပရီကာ (သို့) ငရုတ်သီးမှုန့် ဖြူးပါ။ - ကျန်ရှိသော ဟမ်မက်စ်ကို **ရေခဲသေတ္တာ**တွင် သိမ်းဆည်းပါ။ --- မှတ်ချက် - အအေးခံပြီးနောက် ဟမ်မက်စ်သည် ပိုပျစ်လာပါမည်။ လိုအပ်ပါက စားသုံးမည့်အခါ ကုလားပဲအရည် ထပ်ထည့်၍ ပျစ်ချွေးချနိုင်ပါသည်။ - လတ်လတ်ဆတ်ဆတ် စားသုံးရန် အကောင်းဆုံးဖြစ်ပြီး၊ ၃-၄ ရက်အတွင်း ကုန်အောင် စားပါ။ ဖုတ်ပြီးပီတာချပ်များ ပြုလုပ်နည်း ဒီဟမ်မက်စ်နဲ့ တွဲစားရန် ကျွန်မအကြိုက်ဆုံးမှာ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ပီတာချပ်များ ပါ။ ပြုလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 1. မီးဖိုကို အပူကြိုတင်ပါ - မီးဖိုကို ၃၇၅ ဒီဂရီ ဖာရင်ဟိုက် (၁၉၀ ဒီဂရီ စင်တီဂရိတ်)အထိ အပူကြိုတင်ပါ။ 2. ပီတာမုန့်ကို ပြင်ဆင်ပါ - ပီတာမုန့် ၄ ချပ်ကို သံလွင်ဆီ (စုစုပေါင်း ၁/၄ ခွက်ခန့်) ဖြင့် သုတ်လိမ်းပါ။ - ပီတာမုန့်များကို တစ်ထပ်ပြီးတစ်ထပ် စုပြီး ပီဇာဖြတ်သလို ထက်ခြမ်းဖြတ်ပါ (တြိဂံပုံစံ)။ 3. ဖုတ်ပါ - ဖြတ်ထားသော ပီတာချပ်များကို ၁၈ × ၁၃ လက်မ (၄၆ × ၃၃ စင်တီမီတာ) ဖြစ်သော ဖုတ်မှောက်တင်မှုန့်တွင်ပြန့်အောင်ထည့်ပါ။ - မီးဖိုတွင် တစ်ဖက်လျှင် ၄-၆ မိနစ် ဖုတ်ပါ။ အဝါရောင်သန်းလာပြီး ကြွပ်ရွဲ့လာသည်အထိ ဖုတ်ပါ။ 4. သိမ်းဆည်းပါ - အေးသွားပါက လေလုံတဲ့ဘူး (သို့) ဖန်ဗူးတွင် သိမ်းပါ။ --- ဟမ်မက်စ်ကို ဘယ်လောက်ကြာကြာ သိမ်းထားနိုင်လဲ? - ရေခဲသေတ္တာတွင် လေလုံဘူးဖြင့်သိမ်းပါက ၁ ပတ်အထိ ခံပါတယ်။ --- ဟမ်မက်စ်ကို ရေခဲသေတ္တာထဲ ထည့်အပ်လား? - ဟုတ်ပါတယ်။ အိမ်လုပ်ဟမ်မက်စ်ကို ၄ လအထိ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ - ပျော်လာပါက သေချာမွှေပေးပါ။ အရည်နှင့်အနှစ် ကွဲနေတတ်သောကြောင့်ဖြစ်ပါသည်။ #anyonecancookbymayyu https://www.facebook.com/share/p/1HSjyTYytk/?mibextid=wwXIfr0,26%