tgindex
Botahtaung Scout Channel

Botahtaung Scout Channel

Статистика

BTH SC သည် BTH နဲ့ Downtown တဝိုက်မှ ခွေးလမ်းကြောင်းများ သိရှိနိုင်စေရန်၊ တော်လှန်ရေး အောင်နိုင်ရန်နဲ့ တော်လှန်ရေးအစုအဖွဲ့များ အထောက်အကူဖြစ်စေရန် မြေပြင်သတင်း၊ အချက်အလက်များ စုစည်းမျှဝေပေးလျက်ရှိပါသည်။ သတင်းပေးပို့ရန် @bo1000_informer

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
21
Всего постов
48
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
2 046
−4 за 3 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
92
40 постов
Вовлечённость
4,5%
к подписчикам
Постов в день
3,0
всего 48
Упоминаний
4
каналов
Охват размещения
оценка
1/24сутки в ленте
64
1/48двое суток
73
1/72трое суток
79

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 15 авг.8из MPANews

    စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အထွေထွေ စားဝတ်နေရေးစရိတ် ကျပ်တည်းမှုများ ရင်ဆိုင်နေရချိန်တွင် ရန်ကုန်မြို့၌ နေ့စဉ် အဓိက အားထားစီးနင်းနေရသည့် YBS လိုင်းကားများ၏ တရားဝင် ယာဉ်စီးခကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ လက်ရှိ ၂၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၃၀၀ ကျပ်သို့ လည်းကောင်း၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံနေသည့် နှုန်းထားကို ၆၀၀ ကျပ်သို့ လည်းကောင်း အသီးသီး တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12053/

  • ကျောက်တံတား - ဗိုလ်တထောင် * စခ SC ၁ စီး ပန်းဆိုးတန်းကနေ ကမ်းနားလမ်း ကျောက်လမ်းပေါ်တက် ဗိုလ်တထောင်ဘုရားဘက် ရှေ့ရှု * 9:14 AM (Delayed) #RSG သတင်းပို့ရန် @Bo1000_Informer

  • 15 авг.20из rsnweb

    🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု SSPP ပြော – DVB NDAA မိုင်းလားအဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေး – THN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ အာဆီယံ အထူးကိုယ်စားလှယ် မလိုအပ်ဟု စစ်ကော်မရှင်က အာဆီယံကို စိန်ခေါ် – MPA မြန်မာပြည်က ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်း – VOM အမေရိကန်ဖက်ဒရယ်တရားရုံးက မြန်မာအတွက် ယာယီနေထိုင်ခွင့် (TPS) ကို အပြီးသတ်ရပ်ဆိုင်း – BBC ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ၏ တောင်းဆိုမှုအပေါ် စစ်ကောင်စီက စိတ်ပျက်ဟု တုံ့ပြန် – KT နိပွန်ဖောင်ဒေးရှင်းက မစ္စတာ ဆာဆာကာဝါ နေပြည်‌တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ – THN အကြမ်းဖက် မင်းအောင်လှိုင် ရုရှားဩဇာခံ နိုင်ငံတချို့ထံသို့ ၇ ရက်ကြာ သွားရောက်ဦးမည် – KT ပဋိပက္ခ၊နေရပ်စွန့်ခွာနှင့် ရေဘေးသင့်ပြည်သူများအတွက် ယူရို ၁၀ သန်းခွဲ ဥရောပသမဂ္ဂ ကူ – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ မြန်မာနဲ့ ကုန်သွယ်မှု ဒေါ်လာ ၁၂ ဘီလီယံ ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ် ထုတ်ဖေါ်ပြောကြား – KT အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်လည်မြင့်တက်၊ ရွှေအရောင်း အဝယ် ယာယီရပ်ဆိုင်း – KT မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်မယူဘဲ MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူလုပ်ကာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း ချေးယူခဲ့သည့် ကုမ္ပဏီများနှင့် ဒါရိုက်တာများကို စစ်တပ်က အမည်ပျက်စာရင်းသွင်း – KT ———— ➕ အခြားထူးခြားသတင်းများ စစ်တပ် ဦးပိုင်ကုမ္ပဏီနှင့် MEC ပိုင် စက်ရုံများကို လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကျပ် အထူးနှုန်းဖြင့် ကောက်ခံပြီး ပုဂ္ဂလိကစက်မှုဇုန်များမှ စက်ရုံများကို မီတာခ တစ်ယူနစ် ၉၀၀ ကျပ် ကောက်ခံ – KT Smart Card ဖြင့် စက်သုံးဆီရောင်းချရေး ကနဦး စမ်းသပ်ရန် ပြင်ဆင်နေ – KT မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များကြောင့် လူဦးရေ ၁၂ သန်းခွဲ နီးပါး ဆာ လောင်မွတ်သိပ်နေဟု WFP သတိပေး – KT #RangoonScoutNetwork

  • Meteoblue (ICON Global Model) မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အသစ်ဆုံး ထုတ်ပြန်ချက် မိုးရေချိန်ပြမြေပုံများ (Accumulated Precipitation Maps)၊ ထိုင်းမိုးလေဝသဌာန (TMD) ၏ မြေပြင်မိုးလေဝသပြမြေပုံ (Surface Weather Chart at 00 UTC) နှင့် ဂြိုဟ်တုဓာတ်ပုံ (12:00) တို့အရ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးရေချိန် ခန့်မှန်းချက်နှင့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းဆန်းစစ်ချက်များကို တင်ပြပေးလိုက်ပါသည်။ ၁။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်ဇယား (mm) 📌 ခန့်မှန်းချက်များကို ၁၆၈ နာရီ စုစုပေါင်းမိုးရေချိန် အများဆုံးကျရောက်နိုင်သည့် ဒေသမှ အနည်းဆုံးကျရောက်နိုင်သည့် ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်။ ===== ၂။ မိုးရေချိန် အနည်း/အများ သုံးသပ်ချက် (Precipitation Intensity Analysis) - ဩဂုတ်လ ၁၄ ရက်နေ့ထုတ် ICON မော်ဒယ်၏ မြေပုံများအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း/အနောက်မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဆက်လက်ဝင်ရောက်လျှက်ရှိသော လေဖိအားနည်းရပ်ဝန်းစနစ် (မုန်တိုင်းငယ်) နှင့် အနောက်တောင်မုတ်သုံလေတို့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နှင့် တောင်ပိုင်း ကမ်းရိုးတန်းများတွင် မိုးအရှိန် အလွန်ပြင်းထန်နေပါသည်။ 📌 မိုးအလွန်များမည့် ခရမ်းရင့်/နီညိုရောင်ဇုန် (ရခိုင်နှင့် တနင်္သာရီ) - ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီတိုင်းတို့တွင် ၁၆၈ နာရီ (၇ ရက်) အတွင်း စုစုပေါင်းမိုးရေချိန် ၄၀၀ mm မှ ၄၅၀ mm အထက် အထိ ရှိနိုင်သည့် စံချိန်တင် မိုးအလွန်များမည့် ဇုန် ထင်ရှားစွာတွေ့နေရပါသည်။ 📌 မိုးအသင့်အတင့်မှ များမည့်ဇုန် (စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ မွန်၊ ကရင်၊ ရှမ်းမြောက်၊ ပဲခူးအရှေ့၊ ဧရာဝတီ) - စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်တို့တွင် မုတ်သုံမြောင်တန်း ဆက်လက်အထိုင်ချထားသဖြင့် နေရာစိပ်စိပ်မိုးရွာနိုင်၊ နေရာကွက်၍သည်းထန်နိုင်မည်ဖြစ်သလို၊ ဧရာဝတီတိုင်းနှင့် မုတ္တမကွေ့အစပ် ပဲခူးတိုင်းအရှေ့ပိုင်းတို့တွင်လည်း မိုးအသင့်အတင့်မှ ပိုမိုရွာသွန်းမည်ဖြစ်သည်။ 📌 မိုးနည်း/မိုးကွယ်ဇုန် (မကွေး၊ မန္တလေး၊ နေပြည်တော်၊ ကယား) - မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့သည် ရခိုင်ရိုးမ၏ မိုးကွယ်ရပ်ဝန်း (Rain Shadow Effect) အောက်တွင် ကျရောက်နေဆဲဖြစ်သဖြင့် ၇ ရက် စုစုပေါင်း မိုးရေချိန် ၅၀ mm အောက်၌သာ ရှိပြီး မိုးကျဲနေမည် ဖြစ်သည်။ ====== ၃။ ထိုင်းမိုးလေဝသပြမြေပုံ (Weather Chart) နှင့် ဂြိုဟ်တုပုံရိုက်ချက် အခြေပြု မိုးလေဝသဆန်းစစ်ချက် Surface Weather Chart (00 UTC) ဆန်းစစ်ချက် - 📌 Monsoon Trough (မုတ်သုံမြောင်တန်း) သည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ အထက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့ကို ဆက်သွယ်လျက် 1000 hPa – 1004 hPa အနိမ့်ဖိအားဆဲလ် (L) များဖြင့် တန်းဆွဲထားကြောင်း တွေ့ရပါသည်။ 📌 Low Pressure Area (LPA) - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း/အနောက်မြောက်ပိုင်းတွင် အနိမ့်ဖိအားဇုန် (၁၀၀၀ hPa) ထင်ရှားစွာ တည်ရှိနေပြီး အဆိုပါစနစ်သည် မြန်မာနိုင်ငံ အနောက်ဘက်နှင့် ကမ်းရိုးတန်းများဆီသို့ ပင်လယ်စိုစွတ်လေထုများကို အရှိန်ပြင်းပြင်း ဆွဲတင်ပေးနေပါသည်။ Satellite Image (ဂြိုဟ်တုပုံ) ဆန်းစစ်ချက်: 📌 မိုးတိမ်ထု သိပ်သည်းမှု - ဂြိုဟ်တုဓာတ်ပုံအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/ဗဟိုချက်တို့မှ တက်လာသော မုတ်သုံတိမ်တိုက်ကြီးများ (Convective Clouds) သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီတိုင်းနှင့် မွန်/ကရင် ပြည်နယ်များအတွင်းသို့ အရှိန်ပြင်းပြင်း တိုက်ရိုက်တိုးဝင်နေ သည်ကို တွေ့ရှိရသည်။ ==== ၄။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေကြီးမှုနှင့် တိုင်းဒေသကြီးအလိုက် ဘေးအန္တရာယ် သုံးသပ်ချက် (က) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် သီးသန့် ရေကြီးမှု ခန့်မှန်းသုံးသပ်ချက် - 📌 လက်ရှိအခြေအနေနှင့် မိုးရေချိန်: လေးမျက်နှာမြို့နယ်သည် ငဝန်မြစ်ဝှမ်းအတွင်း တည်ရှိပြီး၊ လာမည့် ၇၂ နာရီအတွင်း မိုးရေချိန် 35 mm မှ 60 mm နှင့် ၁၆၈ နာရီအတွင်း 100 mm မှ 160 mm ဝန်းကျင် ရွာသွန်းနိုင်ခြေ ရှိပါသည်။ 📌 အထက်မြစ်ရေဆင်းမှုနှင့် စိုးရိမ်ရသည့်အချက် - လေးမျက်နှာမြို့နယ် ရေကြီးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဒေသတွင်း မိုးရွာသွန်းမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ မြစ်ဖျားပိုင်း (ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း) ၌ စံချိန်တင် မိုးကြီးခဲ့မှုကြောင့် စီးဆင်းလာသော ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်လာပြီး ငဝန်မြစ်အတွင်းသို့ ရေလှိုင်းအဟုန်ပြင်းစွာ ခွဲထွက်စီးဆင်းလာခြင်း (Upstream River Flood Wave) ကြောင့် ဖြစ်သည်။ 📌 ရှေ့ဆက်ဖြစ်ပေါ်နိုင်ခြေ ခန့်မှန်းချက် - လာမည့် ဩဂုတ် ၃ ရက်မှ ၅ ရက်အတွင်း အထက်မြစ်ရေကြီးမှုလှိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ အပြည့်အဝ ဆင်းလာမည်ဖြစ်သည့်အပြင်၊ ဘင်္ဂလားပင်လယ်အော်မှ လေဖိအာနည်းရပ်ဝန်းကြောင့် ရခိုင်ရိုးမ အရှေ့ဘက်စောင်းနှင့် လေးမျက်နှာအထက်ပိုင်း (ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း) တို့တွင် မိုးအသင့်အတင့်မှ များ ဆက်လက်ရွာသွန်းမည်ဖြစ်သည်။ ထို့ကြောင့် လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လာမည့် ၃ ရက်မှ ၇ ရက်အတွင်း ရေပြန်ကျရန် မလွယ်ကူသေးဘဲ ရေလွှမ်းမိုးမှုအခြေအနေ ဆက်လက်ရှိနေနိုင်ပါသည်။ (ခ) အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေး သတိပေးချက် 📌 ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - မိုးအလွန်သည်းထန်စွာ စံချိန်တင် ရွာသွန်းမည်ဖြစ်သဖြင့် တောင်ကျရေလျှံခြင်း၊ ချောင်းရေရုတ်တရက်တက်ခြင်း၊ မြို့နယ်အလိုက် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ (Severe Flash Floods & Landslides) အလွန်စိုးရိမ်ရသည်။ 📌 စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် - ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ မြစ်ရေကြီးမှုဖြစ်စဉ် (Major River Flooding) ဆက်လက်ဖြစ်ပေါ်နေမည်။ 📌 မြန်မာနိုင်ငံအလယ်ပိုင်း (မကွေး၊ မန္တလေး၊ စစ်ကိုင်းအောက်ပိုင်း) - ဒေသတွင်း မိုးရွာသွန်းမှု နည်းသော်လည်း အထက်မြစ်ရေကြီးမှုလှိုင်း (Upstream Flood Wave) ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနှင့် မကွေး မြို့နယ်များရှိ ဧရာဝတီမြစ်ကမ်းနား ဒေသများတွင် ရေဘေးအန္တရာယ် သတိပြုရန် လိုအပ်ပါသည်။

  • (၁) နိဒါန်း လက်ရှိအချိန်မှာ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၌ (၁) ကာလဝမ်းရောဂါ (Cholera) နှင့် (၂) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များနေပြီး လူနာများစွာကို လက်ခံကုသပေးနေရပါသည်။ ဤရောဂါများသည် အဓိကအားဖြင့် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေများမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်ပါသည်။ ရောဂါပိုးရှိသော လူနာ၏ ဝမ်းမှတစ်ဆင့် ရေ၊ အစားအစာ၊ ယင်ကောင်နှင့် ညစ်ပေသော လက်များမှတစ်ဆင့် အခြားသူများထံသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့တတ်ပါသည်။ (၂) ကာလဝမ်းရောဂါ ကာလဝမ်းရောဂါသည် Vibrio cholerae ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါများထက် များစွာ ပိုမိုပြင်းထန်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်နှင့် ဆားဓာတ်များကို နာရီပိုင်းအတွင်း အလွန်လျင်မြန်စွာ ဆုံးရှုံးစေပါသည်။ အချိန်မီ ရေဓာတ်ပြန်လည်မဖြည့်တင်းနိုင်ပါက သွေးပေါင်ချိန်ထိုးကျသွားပြီး ရှော့ခ်ရကာ (Shock) အသက်ဆုံးရှုံးနိုင်သည့်အထိ အန္တရာယ်ရှိသော ပြင်းထန်ဝမ်းရောဂါ ဖြစ်ပါသည်။ (၃) ကာလဝမ်းရောဂါဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်သည့် အဓိက လက္ခဏာများမှာ-  ဗိုက်မနာဘဲ ဝမ်းသွားခြင်း။ သာမန်ဝမ်းရောဂါများကဲ့သို့ ဝမ်းဗိုက်ရစ်နာခြင်း၊ အောင့်ခြင်းမျိုး မရှိဘဲ ရုတ်တရက် ဝမ်းသွားတတ်ပါသည်။  ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း။ အနံ့အလွန်ဆိုးရွားပြီး အရောင်အဆင်းမရှိသော၊ ဆန်ဆေးရည်ကဲ့သို့ ဖြူနောက်နောက် ဝမ်းအရည်များ အဆက်မပြတ် သွားခြင်းသည် ကာလဝမ်းရောဂါ၏ အထင်ရှားဆုံး လက္ခဏာဖြစ်သည်။  အခြားလက္ခဏာများအနေဖြင့် အန်ခြင်း၊ ပျို့ခြင်းနှင့် ဓာတ်ဆားဓာတ် အလွန်အမင်း ဆုံးရှုံးမှုကြောင့် ခြေသလုံးကြွက်သားများ ပြင်းထန်စွာ ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ (၄) ကာလဝမ်းရောဂါလက္ခဏာများခံစားနေရလျှင် အသက်မီဖို့ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုအပ်ပုံ အထက်ဖော်ပြပါ ဗိုက်မနာဘဲ ဆန်ဆေးရေကဲ့သို့ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်းစသည့် ကာလဝမ်းရောဂါ လက္ခဏာများ ပြသလာပါက လူနာအသက်မီဖို့အတွက် အချိန်ဆွဲမနေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ရန် အလွန်အရေးကြီးပါသည်။ လမ်းခရီးတွင်လည်း ဓာတ်ဆားရည်ကို တိုက်ကျွေးသွားရပါမည်။ ဆေးရုံတွင် လိုအပ်သော အကြောဆေးရည် (IV Fluids) နှင့် ပဋိဇီဝဆေးများကို အချိန်မီ သွင်းယူကုသခြင်းဖြင့်သာ အသက်အန္တရာယ်ကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ (၅)သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အိမ်တွင် ဓာတ်ဆားရည်သောက်၍ ကုသနိုင်သော်လည်း အောက်ပါအခြေအနေများ ကြုံတွေ့လာရပါက ဆေးရုံ/ဆေးခန်းသို့ မပျက်မကွက် သွားရောက်ပြသရပါမည်- ရေနှင့် ဓာတ်ဆားရည် လုံးဝမသောက်နိုင်တော့ဘဲ အဆက်မပြတ် အန်နေလျှင်။  ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ (ဥပမာ - မျက်တွင်းဟောက်ပွက်ဖြစ်ခြင်း၊ အာခေါင် ခြောက်သွေ့ခြင်း၊ ဆီးနည်းသွားခြင်း၊ ဆီးလုံးဝမသွားတော့ခြင်း၊ အရေပြားတွန့်သွားခြင်း) ပြင်းထန်လာလျှင်။  လူနာသည် အလွန်အမင်း မှိန်းသွားလျှင် (သို့မဟုတ်) သတိလစ်ချင်သလို ဖြစ်လာလျှင်။  ဝမ်းထဲတွင် သွေး (သို့မဟုတ်) ပြည်များ ပါလာလျှင်။  အပြင်းဖျားလာလျှင်။  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ဝမ်းသွားခြင်းသည် ပို၍အန္တရာယ်ရှိသဖြင့် ပိုမိုမြန်ဆန်စွာ ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။ (၆) ကာလဝမ်းရောဂါ အပါအဝင် ဝမ်းရောဂါမဖြစ်အောင် ကာကွယ်နည်းများ သောက်ရေကို ဆူပွက်အောင် အနည်းဆုံး (၁) မိနစ်ခန့် ကျိုချက်သောက်ပါ။ ယုံကြည်ရသော ရေသန့် သို့မဟုတ် ကလိုရင်းဆေးခတ်ထားသောရေကိုသာ သုံးပါ။ ယင်နားစာများ၊ လမ်းဘေးစာများကို လုံးဝရှောင်ပါ။ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေးရှိစဉ် စားသောက်ပါ။ အစားအစာများကို ယင်လုံအောင် အမြဲ ဖုံးအုပ်ထားပါ။ အိမ်သာတက်ပြီးတိုင်း၊ အစားအစာ မကိုင်တွယ်မီ၊ မစားသောက်မီနှင့် ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ ယင်လုံအိမ်သာကိုသာ စနစ်တကျ အသုံးပြုပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

  • လသာ * ရခ ကားဂျစ်ကား ၁ စီး​​ ​နောက်ခန်း ၁ ကောင်၊ ကား​ခေါင်းမှာနီပြာမီးဖွင့်ပြီး ပြည်လမ်းမှ ဒလတံတား​ပေါ်တက်သွား * 9:13 PM သတင်းပေးပို့ရန် @Bo1000_Informer

  • 13 авг.98из mmweather

    Ventusky ၏ ICON မော်ဒယ်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်မှ စတင်၍ ဩဂုတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ (၅ ရက်တာ) မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်တိုးပွားလာမည့် စုစုပေါင်း မိုးရေချိန် (Precipitation Accumulation) မြေပုံများအပေါ် အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဆန်းစစ်ချက်အား အောက်ပါအတိုင်း စနစ်တကျ ပြုစုတင်ပြထားပါသည် - (ဩဂုတ်လ ၁၃ ရက် - နေ့လည် ၁၂:၃၀ နာရီ update) ========= ၁။ ပြည်နယ်/တိုင်းအလိုက် မိုးရေချိန် ရရှိနိုင်မှု ဆန်းစစ်ချက် ဇယား (Sorting by Rainfall Amount) 📌မြေပုံပါ ကာလာညွှန်းကိန်းများနှင့် Grid Data များအရ ၅ ရက်တာ ခန့်မှန်းမိုးရေချိန် အနည်းဆုံးမှ အများဆုံးသို့ (Ascending Order) စနစ်တကျ ခွဲခြားစီစဉ်ထားသော ဇယားဖြစ်ပါသည်။ (ပုံတွင် ကြည့်ပါ) ၂။ နေ့ရက်အလိုက် မိုးရွာသွန်းမှု တိုးတက်ပြောင်းလဲသည့်အခြေအနေ (Temporal Evolution) 📌ဩဂုတ် ၁၃ - ၁၄ ရက် (ကာလဦး) - "VENTUSKY ICON-MODEL ALL_REGION 13-14 rain total map.jpg" အရ ပထမ ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ကချင်၊ စစ်ကိုင်းအထက်ပိုင်းတို့တွင် အဝါရောင်မှ လိမ္မော်ရောင်ဇုန်များ (မိုးရေချိန် ၃၀ ~ ၇၀ mm) အဖြစ် စတင်တိုးပွားလာသည်။ 📌ဩဂုတ် ၁၅ - ၁၆ ရက် (ကာလလယ်) - "13-15" မှ "13-16 rain total map.jpg" သို့ ကူးပြောင်းချိန်တွင် မုတ်သုံလေစီးကြောင်း ပိုမိုပြင်းထန်လာပြီး ရခိုင်၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် မိုးရေချိန် ၁၂၀ mm မှ ၁၇၀ mm အထိ လျှင်မြန်စွာ ခုန်တက်သွားကာ ခရမ်းရင့်ရောင်ဇုန်များ လွှမ်းမိုးလာသည်။ 📌ဩဂုတ် ၁၇ - ၁၈ ရက် (၅ ရက်မြောက် Peak အဆင့်) - ၅ ရက်မြောက်ပြည့်ချိန် ("VENTUSKY ICON-MODEL ALL_REGION 13-18 rain total map.jpg" မြေပုံအရ) ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတို့၌ ၂၅၀ mm မှ ၂၉၅ mm ကျော်၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် ၁၈၀ mm မှ ၂၂၅ mm အထိ မိုးရေချိန်စုစုပေါင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ၃။ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) နှင့် သဘာဝဘေးအခြေအနေ သုံးသပ်ချက် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-Marked LPA) ၏ အရှိန်ကြောင့် မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ တိုက်ရိုက်ပြင်းထန်စွာ တိုးဝင်လျက်ရှိပြီး အောက်ပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေများကို ခန့်မှန်းရရှိပါသည် - 📌ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး (ကမ်းရိုးတန်းရေကြီးဘေးနှင့် လှိုင်းလေပြင်းဘေး) 💡သုံးသပ်ချက် - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်း၏ တိုက်ရိုက် သက်ရောက်မှုကြောင့် မိုးရေချိန် ၁၉၀ mm မှ ၂၉၅ mm ကျော် အထိ အများဆုံး ကျရောက်မည်ဖြစ်သည်။ 💡ဘေးအန္တရာယ် - မြေနိမ့်ပိုင်း ရေလွှမ်းမိုးမှုများနှင့်အတူ ပင်လယ်ပြင်တွင် မုတ်သုံလေပြင်းကြောင့် လှိုင်းအလွန်ကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးကမ်းဝေး ရေကြောင်းသွားလာမှုများ အထူးသတိပြုရန် လိုအပ်ပါသည်။ 📌စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (တောင်ကျရေနှင့် မြစ်ရေလျှံဘေး) 💡သုံးသပ်ချက် - မုတ်သုံတိမ်တိုက်ကြီးများ တောင်တန်းဒေသ မြေမျက်နှာပြင်တွင် ပိတ်မိကာ ၅ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၄၅ ~ ၂၂၅ mm အထိ သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် လားရှိုး လမ်းကြောင်းတစ်လျှောက်တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ် ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ/တည်ရှိနေနိုင်ပြီး လျှပ်တစ်ပြက်တောင်ကျရေကျခြင်း (Flash Floods) များ ဖြစ်ပွားနိုင်ပါသည်။ 📌ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း/အနောက်ပိုင်း) နှင့် ကရင်/မွန်ပြည်နယ် (မြစ်ရေလျှံနှင့် ရေဝပ်ဘေး) 💡သုံးသပ်ချက် - ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တွင် ၉၅ ~ ၁၄၅ mm ကျရောက်နိုင်ပြီး၊ အနောက်ပိုင်း (ဧရာဝတီမြစ်ဝှမ်း) တွင် ၅၅ ~ ၉၅ mm ခန့် ရရှိနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ဖြူး၊ ကျောက်တံခါးနှင့် ပဲခူးမြို့ဝန်းကျင်တွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေမျက်နှာပြင် မြင့်တက်ကာ စိုက်ပျိုးရေးကွင်းများနှင့် မြေနိမ့်ပိုင်းများအတွင်း မြစ်ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 📌ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် (မြေပြိုခြင်းဘေး) 💡သုံးသပ်ချက် - မုတ်သုံတိမ်တိုက်များ ဖြတ်သန်းရာ ကုန်းမြင့်ဇုန်များဖြစ်ပြီး ၅ ရက်အတွင်း ၁၁၅ ~ ၁၈၀ mm အထိ မိုးရရှိနိုင်ပါသည်။ 💡ဘေးအန္တရာယ် - ဟားခါး၊ ဖလမ်းနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် တောင်စောင်းလမ်းများတွင် မြေသားရေဝပ်မှု လွန်ကဲပြီး မြေပြိုခြင်း (Slope Failure) ၊ ကျောက်တုံးပြိုကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ 📌မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) (မိုးကွယ်ဒေသ) 💡သုံးသပ်ချက် - ရခိုင်ရိုးမ ကာဆီးထားမှုကြောင့် ၅ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၆၀ mm အောက် သာရှိမည်။ 💡ဘေးအန္တရာယ် - ရေကြီးရေလျှံမှု ဘေးအန္တရာယ် မရှိနိုင်ဘဲ၊ မိုးထစ်ချုန်းရွာစဉ် ဖြစ်ပေါ်တတ်သည့် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းခေတ္တတိုက်ခတ်ခြင်းတို့ကိုသာ သတိပြုရန် လိုအပ်ပါသည်။ ၄။ ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် (Risk Mitigation Message) 💡မိုးရေချိန်ပြမြေပုံများအရ ခရမ်းရောင်နှင့် အညိုရောင်ဇုန် (မိုးရေချိန် ၁၅၀ mm အထက်) ကျရောက်သော စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နှင့် တနင်္သာရီဒေသများရှိ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ကျရေနှင့် မြေပြိုမှု သတိပေးချက်များကို စောစီးစွာ ထုတ်ပြန်ထားသင့်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။ 💡MMWeather website တွင် တင်ပေးထားသော ၄ ရက် ကြိုတင်ခန့်မှန်း weather widget များ (ပြည်နယ်တိုင်း ၁၅ ခုမှ မြို့/မြို့နယ်ပေါင်း ၃၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များနှင့် ကြည့်နည်းကို တင်ပေးထားပါသည်) ကြည့်ရန် - https://www.mmweather.org/divisional-cities-weather

  • 13 авг.831из khitthitnews

    ရန်ကုန်မြို့လယ်ခေါင်တွင် ကာလဝမ်းရောဂါပိုး ကူးစက်မှုဖြစ်ပွားပြီး အသက် ၉၂ နှစ်အရွယ်လူနာတစ်ဦး သေဆုံး၊ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၅၄ ဦးရှိကာ ရန်ကုန်တိုင်းတစ်တိုင်းလုံး လမ်းဘေးဆိုင်များ ဩဂုတ် ၁၃ မှ ၁၈ ရက်အထိ အရေးပေါ်ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၃ ရန်ကုန်မြို့လယ်ရှိ လသာ၊ လမ်းမတော်၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေပြီး အသက် ၉၂ နှစ်အရွယ် အမျိုးသားလူနာတစ်ဦး သေဆုံးခဲ့ကာ ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၅၄ ဦးရှိနေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့ အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် လူနာ ၁၈၂ ဦး ရောက်ရှိလာခဲ့ပြီး ယင်းအနက် ရောဂါသက်သာလာသဖြင့် လူနာ ၈ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကာ အသက် ၉၂ နှစ်အရွယ် အမျိုးသားလူနာတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာများအနက် ပြင်းထန်ကာလ ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိထားသူ ၅၄ ဦးရှိကြောင်း သိရသည်။ လသာမြို့နယ်တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၆ ဦး တွေ့ရှိထားပြီး လူနာများမှာ သက် သာလာသော်လည်း စိုးရိမ်သူများရှိနေကြောင်း၊ လမ်းမတော်မြို့နယ်တွင်လည်း ကာလဝမ်းရောဂါပိုးကူးစက်မှုများ တွေ့ရှိထားသည်ဟု သိရသည်။ ကာလဝမ်းရောဂါ ရောဂါဖြစ်ပွားနေသည့် လသာ၊ လမ်းမတော်၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ အစားအသောက်နှင့် သောက်သုံးရေများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင်လည်း ဝမ်းပျက်ဝမ်းလျှော လူနာများရောက်ရှိနေကြောင်း သိရှိရသည်။ ကာလဝမ်းရောဂါပိုးကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးတစ်တိုင်းလုံးရှိ လမ်းဘေးတွင် အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသည့် ဆိုင်များအားလုံးကို ဩဂုတ်လ ၁၃ ရက်မှ ၁၈ ရက်အထိ အရေးပေါ် ယာယီပိတ်ထားရန် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ပိတ်ပင်မှုသည် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ လမ်းဘေးဆိုင်များအပေါ် သက် ရောက်မည်ဖြစ်ပြီး အစားအသောက်နှင့် သောက်သုံးရေများမှတစ်ဆင့် ကာလဝမ်းရောဂါပိုး ကူးစက်ပြန့်ပွားနိုင်မှုကို ထိန်းချုပ်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ညပိုင်း လမ်းဘေးဆိုင်များ ၅ ရက်ပိတ်ထားရန် လိုက်လံ ကြေညာနေစဉ်။ ဝမ်းပျက်ဝမ်းလျှော လူနာလာပို့သည့် လူနာတင်ယာဉ်နှင့် ရန်ကုန်ဆေးရုံကြီး။

  • ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်နှင့်ကျန်းမာရေးဌာနက ယာယီ ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်က သန့်ရှင်းရေး ဂရုပြုကြရန်နှင့် လတ်တလော လမ်းဘေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသပြည်သူများနှင့်ပရဟိတလူနာတင်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့ လယ်ခေါင်ရှိ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ Down Town ပြင်ပရှိ အင်းစိန်နှင့်မရမ်းကုန်းမြို့နယ်တို့တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျော လူနာများ အများအပြားတွေ့ရှိလာရကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျောအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ပြီး လက်ခံ ကုသပေးလျက်ရှိကြောင်း ရေချမ်းဖြူ ပရဟိတလူနာတင်ယာဉ်အဖွဲ့ထံမှ သိရှိရသည်။ "ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆေးရုံပို့ရတာများလာတယ်။ ကပ်ရောဂါပုံစံမျိုးတော့မဟုတ်ဘူး။ ဒီရက်ပိုင်းမိုးများတာနဲ့ ယင်နားစာတွေ၊ လမ်းဘေးစာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ အထက်လှန်အောက်လျှောပေါ့။ ဝမ်းသွားတယ်။ အန်တယ်။ အဲဒီလူနာတွေ များလာတာ" ဟု အဆိုပါပရဟိတအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။ လတ်တလော စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ဝမ်းပျက်ဝမ်းလျှောနှင့် ပတ် သက်၍ ရန်ကုန်တိုင်းအတွင်း ပိုစတာနှင့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များကို သန့်ရှင်းရေး အထူးဂရုပြုကြရန်နှင့် တချို့သော အလွန်ညစ်ပတ်သည့် လမ်းဘေးဆိုင်များကို ယာယီပိတ်သိမ်းခိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ "လမ်းဘေး ခေါက်ဆွဲသုတ် ၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး ဆိုင်တွေ ရက်ပိုင်း ခဏ ပိတ်ဖို့တော့ လာပြောတယ်။ ကျန်းမာရေးဘက်က လိုက်စစ်ပြီးမှ ပြန်ဖွင့်ခိုင်းမယ်ပြောတယ်။ ဝမ်းပျက်ဝမ်းလျှော လူနာတွေတွေ့ရလို့ ပြောတယ်" ဟု အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီး လက်သုတ်စုံရောင်းချသော ပျံကျစျေးသည်တစ်ဦးက ရှင်းပြသည်။ လတ်တလော လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၀ ဦးထက်မနည်းတွေ့ရှိထားရပြီး ရောဂါဇစ်မြစ်များကို လသာမြို့နယ် စည်ပင်နှင့် မြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သတိပေးထားသည်။ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်း မာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ရန်ကုန်တွင် ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားခဲ့၍ ကျန်းမာရေးဌာနက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်။

  • လက်ရှိ ရေကြီးတတ်တဲ့ ကာလ (မိုးလယ်ကာလ - ဇူလိုင် ၁ ရက် မှ ဩဂုတ် ၃၁ ရက်) ကို ကျော်ဖြတ်ပြီးတဲ့အခါ ၂၀၂၆-၂၇ ခုနှစ်ရဲ့ အကြီးမားဆုံး ရာသီဥတုပြောင်းလဲမှုကို ဆက်လက်ရင်ဆိုင်ကြရဘို့ ရှိနေပါတယ်။ ဒီအကြောင်းကို အသေးစိတ်လေ့လာထားပြီး တင်ပေးသင့်တဲ့အချိန်မဟုတ်ပေမဲ့ လစဉ်ထွက်နေတဲ့ update များကြောင့် အများသိရအောင် တင်ပေးလိုက်တာဖြစ်ပါတယ်။ 📌 သိလို/လေ့လာလိုသူများ ဆက်လက်ဖတ်ရှုနိုင်ပြီး စိတ်မဝင်စားသူများ၊ လေ့လာရန်မလိုအပ်ဟု ယူဆသူများ ကျော်သွားနိုင်ပါတယ်။ ============ NOAA Climate Prediction Center (CPC) ၏ Global Tropics Hazards Outlook (AUG 19 - SEP 01, 2026) နှင့် ENSO Recent Evolution (10 AUG 2026 update) တို့မှ ထုတ်ပြန်ချက်များအရ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အသေးစိတ် သုံးသပ်ချက်များ - ဩဂုတ်လ ၁၂ ရက် ၊ နံနက် ၁၀:၄၅ နာရီ - UPDATE ===========   ၁။ MJO (Madden-Julian Oscillation) နှင့် ENSO ဖြစ်ပေါ်ပြောင်းလဲမှု သုံးသပ်ချက် MJO (Madden-Julian Oscillation) အခြေအနေ 📌 လက်ရှိ အားကောင်းမှုနှင့် သွားလာမှု - MJO မိုးတိမ်စုသည် Maritime Continent မှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း (Western Pacific - Phase 6) သို့ ရောက်ရှိ အားကောင်းလျက်ရှိသည်။ 📌 El Niño နှင့် Interference - MJO ၏ အားကောင်းသော Convective Envelope (မိုးတိမ်ဖြစ်ထွန်းမှုဇုန်) သည် El Niño ၏ Background State (အခြေခံဖြစ်တည်မှု) နှင့် Constructive Interference (အချင်းချင်း ပေါင်းစပ်အားဖြည့်ခြင်း) ဖြစ်ပေါ်နေသဖြင့် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် convection (မိုးတိမ်ဖြစ်ထွန်းမှု) ကို ပိုမိုအားကောင်းစေသည်။ 📌 ခန့်မှန်းချက် (Aug 19 - Sep 01) - အချို့ မော်ဒယ်များ (GEFS, ECMWF) အရ MJO သည် Phase 6 တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ အောက်တိုဘာ/စက်တင်ဘာ လဆန်းပိုင်း (Week 3 အကုန်) တွင် Phase 7 (ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း/အလယ်ပိုင်း) သို့ ကူးပြောင်းမည်။   ENSO (El Niño-Southern Oscillation) အခြေအနေ 📌 El Niño Advisory စတင်ထုတ်ပြန်ထားခြင်း - အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန် (SST) များ စံချိန်ထက် ထင်ရှားစွာ မြင့်တက်နေသည်။ 📌 Relative Oceanic Niño Index (RONI) - May-July 2026 ၏ RONI တန်ဖိုးမှာ  သို့ ရောက်ရှိနေပြီး အပတ်စဉ် သီးသန့် အညွှန်းကိန်းများဖြစ်သော Niño 3.4 တွင် + ၁.၈°C နှင့် Niño 1+2 တွင် + ၃.၃°C အထိ မြင့်တက်နေသည်။ 📌 အောက်ခြေ ရေပူလွှာ (Upper-Ocean Heat Content) - Subsurface အပူချိန် မူမမှန် မြင့်တက်မှု (Positive Subsurface Anomalies) သည် အီကွေတာအနီး ပစိဖိတ်အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် အနက် မီတာ ၁၀၀-၁၅၀ အထိ ပိုမိုအားကောင်း စုစည်းနေသည်။   ၂။ ၂၀၂၆-၂၇ ခုနှစ် El Niño ဖြစ်ပေါ်မှု ပြင်းထန်နိုင်မည့် အခြေအနေ (El Niño Strength & Duration) - NOAA CPC ၏ Probabilistic Strength Outlook နှင့် CFS.v2 Dynamic Models တို့အရ ၂၀၂၆-၂၇ ခုနှစ် အယ်လ်နီညိုသည် အလွန်အားကောင်းသည့် အယ်လ်နီညို (Very Strong El Niño) အဆင့်သို့ ရောက်ရှိနိုင်ခြေ အလွန်မြင့်မားသည်။ ⚠️ ဖြစ်ပွားနိုင်ခြေ (Probability) - ၂၀၂၆ ခုနှစ် ဆောင်းဦး/ဆောင်းရာသီမှ ၂၀၂၇ ခုနှစ် နွေဦးပေါက်ရာသီ (Early Spring 2027) အထိ El Niño ဆက်လက် တည်ရှိနေနိုင်ခြေ ၉၇% အထိ ရှိသည်။ ⚠️ ပြင်းအား ခန့်မှန်းချက် (Strength Probabilities) - ၂၀၂၆ အောက်တိုဘာ - ဒီဇင်ဘာ (OND 2026) ကာလအတွင်း RONI Index  သို့ရောက်ရှိသည့် "Very Strong El Niño" ဖြစ်နိုင်ခြေ ၈၁% အထိ ရှိသည်။ Strong El Niño (+ ၁.၅°C မှ +၂.၀°C) ဖြစ်နိုင်ခြေအပါအဝင် စုစုပေါင်း Strong / Very Strong El Niño ဖြစ်နိုင်ခြေမှာ ၉၉% နီးပါး ရှိသည်။ ⚠️ အနှစ်ချုပ် သုံးသပ်ချက် - ၂၀၂၆-၂၇ ခုနှစ် El Niño သည် ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ နှင့် ၂၀၂၃-၂၄ စူပါအယ်လ်နီညို ဖြစ်စဉ်များနှင့် တူညီသော အလွန်အားကောင်းသည့် စူပါအယ်လ်နီညို (Super El Niño / Very Strong El Niño) ဖြစ်စဉ်တစ်ခု ဖြစ်လာမည်။   ၃။ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှုများ - Global Tropics Hazards Outlook (AUG 19 - SEP 01) ၏ ခန့်မှန်းမြေပုံများနှင့် လေထုဖြစ်စဉ်များအရ အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည် - [MJO Phase 6-7 + Strong El Niño Base State] [အိန္ဒိယသမုဒ္ဒရာ & Maritime] | [ပစိဖိတ် & တောင်တရုတ်ပင်လယ်] - Suppressed Convection (မိုးနည်း) - Enhanced Convection (မိုးများ) - Indian Ocean Dipole Negative - - Tropical Cyclogenesis (မုန်တိုင်း) ဆန်သော အခြေအနေများ - Typhoon/TC ဖြစ်ပွားနိုင်ခြေ မြင့် မိုးရေချိန် အခြေအနေ (Rainfall Patterns) 📌💡 အိန္ဒိယသမုဒ္ဒရာ၊ Maritime Continent နှင့် မြန်မာနိုင်ငံ - MJO မိုးတိမ်စုများ ပစိဖိတ်ဘက်သို့ ထွက်ခွာသွားခြင်း၊ Anomalous Velocity Potential Divergence/Convergence ပြောင်းလဲခြင်းနှင့် El Niño အကျိုးဆက်များကြောင့် အိန္ဒိယသမုဒ္ဒရာ၊ အင်ဒိုနီးရှားနှင့် မလေးရှားအပါအဝင် Maritime Continent ဒေသတစ်ခုလုံးတွင် ပုံမှန်အောက် ၅၀% မှ ၈၀% အထိ မိုးရေချိန်နည်းပါးမည် (Below-Average Rainfall Probability >50% မှ >80%)။ 📌💡 မြန်မာနိုင်ငံအပါအဝင် တောင်အာရှ/အရှေ့တောင်အာရှ ဒေသများ - မုတ်သုံလေ အားလျော့နည်းနိုင်ပြီး Aug 19 မှ Sep 01 ကာလအတွင်း ပုံမှန်အောက် မိုးရေချိန် လျော့နည်းနိုင်သည့် အခြေအနေ သို့ ဦးတည်နေသည်။ သို့သော် ဒေသတွင်း မုတ်သုံလေလှိုင်းများကြောင့် အချိန်တိုအတွင်း မိုးထစ်ချုန်းရွာခြင်းများ အနည်းငယ်ရှိနိုင်သော်လည်း ရာသီဥတုအရ လချုပ်မိုးရေချိန်ရရှိနိုင်မည့်အခြေအနေ လျော့နည်းနိုင်သည်။   အပူချိန် အခြေအနေ (Temperature) 📌 အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်) တို့တွင် မိုးတိမ်ဖုံးလွှမ်းမှု နည်းပါးခြင်းနှင့် El Niño အပူလှိုင်း သက်ရောက်မှုများကြောင့် ပုံမှန်ထက် အပူချိန် မြင့်မားနိုင်ခြေ (Above-Normal Temperature) ပိုမိုမြင့်မားသည်။   ဂ။ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ (Tropical Cyclone / TC Activity) 📌 အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း (ဘင်္ဂလားပင်လယ်အိတ်နှင့် အာရေဗျပင်လယ်) - AUG 19 မှ SEP 01 ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ ၂၀% အောက်သာ ရှိသည် (TC Risk is Low < 20%) ။ MJO Convective Phase သည် ပစိဖိတ်သို့ ရောက်ရှိနေခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်း မုန်တိုင်းဖြစ်ထွန်းမှုကိုအားပေးသည့် လေထုမတည်ငြိမ်မှု နည်းပါးသည်။ တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ပိုင်း - 📌 ပစိဖိတ်အနောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ် (South China Sea) တို့တွင်မူ MJO Phase 6-7 + El Niño အားဖြည့်မှုကြောင့် မုန်တိုင်းဖြစ်နိုင်ခြေ ၄၀% မှ ၆၀% ထိ (Week 2) နှင့် ၂၀% မှ ၄၀% ထိ (Week 3) အထိ မြင့်တက်နေသည်။ 📌 မြန်မာနိုင်ငံအတွက် သတိပြုရန် - တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်းအကြွင်းအကျန် လှိုင်းများ (Remnant Lows) သည် ဗီယက်နမ်၊ လာအို၊ ထိုင်းတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ဒေသကွက်ကျား မိုးကြီးမှုများ ဆောင်ကျဉ်းလာပေးနိုင်သည့် မုတ်သုံလေနိမ့်လှိုင်းများ (Monsoon Troughs) အဖြစ် ရောက်ရှိလာနိုင်မှုကိုမူ ဆက်လက်၍စောင့်ကြည့်ရန် လိုအပ်သည်။   ၄။ ရေရှည် အနှစ်ချုပ် သုံးသပ်ချက် 💡 တိုတောင်းသော အနာဂတ် (ဩဂုတ်နှောင်းပိုင်း - စက်တင်ဘာလဆန်း) - မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းကြီးများ ဖြစ်ပေါ်နိုင်ခြေ နည်းပါးနေမည်ဖြစ်သည်။ 💡 ရေရှည်ခန့်မှန်းချက် (၂၀၂၆ နှောင်းပိုင်း - ၂၀၂၇ နွေဦး) - ပြင်းထန်သော စူပါအယ်လ်နီညို (Very Strong El Niño) ကြောင့် မြန်မာနိုင်ငံတွင် မုတ်သုံဆုတ်ခွာချိန် စောခြင်း၊ ဆောင်းရာသီနှင့် ပွင့်လင်းရာသီများတွင် ပုံမှန်ထက် ပူပြင်းခြောက်သွေ့ခြင်း၊ “၂၀၂၇ နွေရာသီတွင် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်တတ်သော အယ်လ်နီညိုအပူလှိုင်းနှင့် ရေရှားပါးမှုများ” ကို ရင်ဆိုင်ရနိုင်သဖြင့် အစီအမံများချမှတ်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည် ဖြစ်သည်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ရန်ကုန်တွင် YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့်အဖွဲ့က စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လွတ်မြောက်အောင် လုပ်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးအတွက် အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ သိန်းရာချီအထိ လိမ်လည်ရယူ ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့် အဖွဲ့ဝင် ဇော်မင်းတို့က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များကို ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၅၀ မှစတင်၍ သိန်းရာချီအထိ တောင်းခံလိမ်လည်ရယူနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များနှင့် သန်လျင်ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင် ၂၁ ရက်က ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ ၁၆ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတွင် နေထိုင်သည့် ဦးတင်အေးနှင့် ဒေါ်ခင်ကြွယ်တို့၏ သားဖြစ်သူ ဇော်ဇော်ထွန်း(ခ) ဖိုးခွားသည် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ဇော်ဇော်ထွန်း ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့် အဖွဲ့ဝင် ဇော်မင်းတို့ထံ ဆက်သွယ်ခဲ့ကြောင်း၊ ဇော်နိုင်ထွန်းနှင့် ဇော်မင်းတို့က ငွေကျပ် သိန်း ၅၀ ပေးပါက ဇော်ဇော်ထွန်းကို ပြန်လည်လွတ် မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေတောင်းခံခဲ့ကြောင်း သိရသည်။ သို့သော် ငွေကြေးပေးအပ်ခဲ့ပြီးနောက် ဇော်ဇော်ထွန်းမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသည့်အပြင် ပေးအပ်ထားသည့် ငွေကြေးများကိုလည်း ပြန်လည်ရရှိခြင်းမရှိသဖြင့် ဇော်နိုင်ထွန်းနှင့် ဇော်မင်းတို့က လိမ်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များဘက်က ပြောဆိုထားသည်။ ထို့အပြင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ မိသားစုတစ်စုချင်းစီ၏ ငွေကြေးအခြေအနေအပေါ်မူတည်၍ ငွေကျပ် သိန်း ၅၀ မှ သိန်းရာဂဏန်းအထိ တောင်းခံရယူနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဇော်နိုင်ထွန်းသည် ရန်ကုန်တိုင်း YMBA ဥက္ကဋ္ဌ ဗိုလ်မှူး သန့်စင်ထံ ငွေပေးရမည်ဟုဆိုကာ ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘများထံမှ ငွေတောင်းခံနေခြင်းဖြစ်ပြီး YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ရာထူးနှင့် ဆက်စပ်သည့် အာဏာအရှိန်အဝါကို အသုံးပြု၍ ဒေသခံများအပေါ် ခြိမ်းခြောက်အာဏာပြမှုများလည်း ရှိနေကြောင်း သန်လျင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် ဇော်နိုင်ထွန်းတွင် YMBA အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ရှိသည်ဟုဆိုကာ ယင်းသေနတ်ကို အာဏာအရှိန်အဝါအဖြစ် အသုံးပြု၍ သန်လျင်ဒေသတွင် ဒေသခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အကြွေးတောင်းခံမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။ "အဲဒီဇော်နိုင်ထွန်းက ရန်ကုန်တိုင်း YMBA ဥက္ကဋ္ဌ ဗိုလ်မှူး သန့်စင်ကို ပေးရမယ်ဆိုပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်တွေရဲ့ မိဘတွေဆီက ငွေကျပ် သိန်း ၅၀ ကစလို့ မိသားစု အခြေအနေ လိုက်ပြီး ငွေတွေတောင်းတယ်။ ပြီးတော့ အာဏာပါဝါပြပြီး ငွေလိမ်တယ်။ သူ့တို့နောက် ရန်ကုန်တိုင်း သန်လျင်တိုင်းအမတ် ဦးရန်မျိုးအောင်ရှိတယ်ပေါ့။ သူ့မှာ စစ်တပ်က ထုတ် ပေးထားတဲ့ သေနတ်လည်းရှိတယ်" ဟု သန်လျင်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်တိုင်းအတွင်း ယခုဩဂုတ်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုများပြားလာနေကြောင်း စုံစမ်းသိရှိရသည်။ ဓာတ်ပုံ- ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လွတ်မြောက်အောင် လုပ်ပေးမည်ဟုဆိုကာ ငွေကြေးများ လိမ်လည်တောင်းယူနေသော YMBA သန်လျင်ခရိုင် ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့်အဖွဲ့သားများ။

  • без подписи

  • без подписи

  • без подписи

  • ရန်ကုန်မြို့လယ်ခေါင် ၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်ကို သိန်း ၄၅၀၀၊ ရွှေ ၆၀ ကျပ်သားဖြင့် ပြန်ပေးဆွဲမှုတွင် နယ်မြေခံရဲ ၂ ဦးပါဝင်နေသဖြင့် တရားခံများနှင့်အတူ ဖမ်းဆီးအရေးယူ စစ်ဆေးမှုများ လုပ်ဆောင်နေ ရန်ကုန်၊ ဩဂုတ် ၁၁ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးကို ပြန်ပေးဆွဲ၍ ငွေကျပ်သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား တောင်းခံခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ရဲ ၂ ဦး အပါအဝင် တရားခံ ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးအရေးယူမှုများ ပြုလုပ်နေကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ ဩဂုတ် ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ) ဆူပရာမန်းနီးသည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် ရွှေဘုံသာလမ်း၊ အိမ်အမှတ်(၃၆)ရှေ့အရောက်တွင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယင်းနေ့ ည ၈ နာရီခန့်တွင် ပြန်ပေးဆွဲသူများက ဦးအောင်မြင့်ကိုင်ဆောင်သည့် ဖုန်းမှတစ်ဆင့် ၎င်း၏မိသားစုထံ ဆက်သွယ်ခဲ့ပြီး ဦးအောင်မြင့်ကို အသက်ရှင်လျက် ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း ၄,၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့များထံ အကြောင်းကြားခြင်း မပြုလုပ်ရန်နှင့် အကြောင်းကြားပါက ဦးအောင်မြင့်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပြန်ပေးဆွဲမှုတွင် ပါဝင်သည်ဟုဆိုသော မူဒူးဂါး(ခ) ဝင်းကိုအောင်နှင့် ဂင်ဒို(ခ) လင်းလင်းတို့ကို တာမွေမြို့နယ်၊ စက်စန်းဟိုတယ်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းနောက် နံနက် ၅ နာရီခန့်တွင် မျိုးမင်းဦး(ခ) မျိုးကြီးနှင့် အောင်သူ(ခ) အောင်သူဦးတို့ကို သာကေတမြို့နယ်၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် ဓားတစ်ချောင်း၊ လှံစွပ်တစ်ချောင်းနှင့် လက်ထိပ်တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို ဖမ်းဆီးရမိပြီးနောက် အနီးဝန်းကျင်တွင် ဆက်လက်ရှာဖွေခဲ့ရာ ပြန်ပေးဆွဲခံထားရသည့် ဦးအောင်မြင့်ကို အနီးရှိ အိမ်ပျက်တစ်လုံးအတွင်းမှ အသက်ရှင်လျက် ပြန်လည်တွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် မောင်ငယ်ကို ဒေါပုံမြို့နယ်၊ စံပြ ၁လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုသော ကျော်သူရ၊ အောင်ထက်မိုးနှင့် ကျော်သက်တို့ကို နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် Taxi ယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ ကျော်ကိုကိုလွင်ကိုလည်း ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက်၊ အောင်မေတ္တာအလယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ "အဲဒီပြန်ပေးဆွဲမှုမှာပါဝင်တဲ့ တရားခံ ၉ ဦးမှာ ၂ ဦးက ရဲတွေပါ။ နယ်မြေခံ ရဲတွေ။ အဲဒါကိုတော့ သူတို့ စုံခုံဖွဲ့ပြီး ရဲစည်းကမ်း၊ ရဲတရားရုံးနဲ့ အရေးယူမယ်လို့​ ပြောတယ်။ ပြီးတော့ အရပ်ဘက်တရားရုံးမှာလည်း ထပ်ပြီး အရေးယူမယ်လို့ ပြောတယ်" ဟု ရွှေဘုံသာလမ်းမှ အမှုအခင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။ ပြန်ပေးဆွဲ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သော တရားခံများမှာလည်း စိန်ရွှေဆိုင်ပိုင်ရှင်နှင့် ဆက်စပ်မှု ရှိနေသော အသိုင်းအ၀ိုင်းအတွင်းမှ ဖြစ်ပြီး သိကျွမ်းသူများဖြစ်ကြောင်း သိရှိရသည်။

  • Ventusky ၏ ICON မော်ဒယ်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်မှ စတင်၍ ဩဂုတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ (၇ ရက်တာ) မြန်မာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ဖြစ်ပေါ်တိုးပွားလာမည့် မိုးရေချိန် (Precipitation Accumulation) မြေပုံများအပေါ် အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဆန်းစစ်ချက်အား အောက်ပါအတိုင်း စနစ်တကျ ပြုစုတင်ပြအပ်ပါသည် - (ဩဂုတ်လ ၁၁ ရက် နေ့လည် ၁၂၀၀ နာရီ UPDATE) ========== ၁။ ပြည်နယ်/တိုင်းအလိုက် မိုးရေချိန် ရရှိနိုင်မှု ဆန်းစစ်ချက် ဇယား (Sorting by Rainfall Amount) မြေပုံပါ ကာလာကုဒ် အရောင်ညွှန်းကိန်းများနှင့် Grid Data များအရ ၇ ရက်တာ ခန့်မှန်းမိုးရေချိန် အနည်းဆုံးမှ အများဆုံးသို့ (Ascending Order) စနစ်တကျ ခွဲခြားစီစဉ်ထားသော မိုးရေချိန်အစီရင်ခံစာ ဇယားဖြစ်ပါသည်။ ၂။ နေ့ရက်အလိုက် မိုးရွာသွန်းမှု တိုးတက်ပြောင်းလဲမှု (Temporal Evolution) 📌 ဩဂုတ် ၁၁ - ၁၂ ရက် (ကာလဦး) - ပထမ ၂၄ မှ ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ ကချင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် အဝါရောင်မှ လိမ္မော်/ခရမ်းရောင်ဖျော့ဇုန်များ (မိုးရေချိန် ၃၅ ~ ၈၀ mm) အဖြစ် မိုးရေချိန်ရရှိမှု စတင်အားကောင်းလာသည်။ 📌 ဩဂုတ် ၁၃ - ၁၅ ရက် (ကာလလယ်) - မုတ်သုံလေစီးကြောင်း ပိုမိုပြင်းထန်လာပြီး ရခိုင်၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် မိုးရေချိန် ၁၃၀ mm မှ ၁၈၀ mm အထိ လျှင်မြန်စွာ ခုန်တက်သွားကာ ခရမ်းရင့်ရောင်ဇုန်များ ဖုံးလွှမ်းလာသည်။ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း မိုးစိပ်စိပ်ဖြင့် မိုးရေချိန် တိုးတက်လာနိုင်သည်။ 📌 ဩဂုတ် ၁၆ - ၁၈ ရက် (ကာလနှောင်း Peak အဆင့်) - ၇ ရက်မြောက်ပြည့်ချိန် (ဩဂုတ် ၁၈ ရက် မြေပုံ) အရ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတို့၌ ၃၀၀ mm နီးပါး၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ရှမ်းမြောက်ပိုင်းတို့တွင် ၁၉၀ mm မှ ၂၃၅ mm အထိ မိုးရေချိန်စုစုပေါင်း အမြင့်ဆုံးအဆင့်သို့ တည်ငြိမ်စွာ ရောက်ရှိသွားသည်။   ၃။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအခြေအနေ သုံးသပ်ခန့်မှန်းချက် က။ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (တောင်ကျရေနှင့် မြစ်ရေလျှံဘေး) 📌 မိုးလေဝသအခြေအနေ - မြေမျက်နှာပြင် အဟန့်အတားကြောင့် မုတ်သုံတိမ်တိုက်များ ပိတ်မိကာ ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၄၅ ~ ၂၃၅ mm အထိ သည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ခရမ်းရင့်ရောင်ဇုန်အတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် လားရှိုး၊ သီပေါ လမ်းကြောင်းတစ်လျှောက်တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် နမ္မတူမြစ် ရေမျက်နှာပြင်များ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ/တည်ရှိနေနိုင်ပြီး လျှပ်တစ်ပြက်တောင်ကျရေကျခြင်း (Flash Floods) များ အထူးသတိပြုရန် လိုအပ်ပါသည်။   ခ။ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း/အနောက်ပိုင်း) နှင့် ကရင်/မွန်ပြည်နယ် (မြစ်ရေလျှံနှင့် ရေဝပ်ဘေး) 📌 မိုးလေဝသအခြေအနေ - ပဲခူးတိုင်းအရှေ့ပိုင်း (စစ်တောင်းမြစ်ဝှမ်း) တွင် ၁၀၅ ~ ၁၅၅ mm ကျရောက်နိုင်ပြီး၊ အနောက်ပိုင်း (ဧရာဝတီမြစ်ဝှမ်း) တွင် ၆၅ ~ ၁၀၅ mm ခန့် ရရှိနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ပဲခူးတိုင်းအရှေ့ပိုင်းရှိ တောင်ငူ၊ ဖြူး၊ ကျောက်တံခါးနှင့် ပဲခူးမြို့ဝန်းကျင်တွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေမျက်နှာပြင် မြင့်တက်ကာ စိုက်ပျိုးရေးကွင်းများနှင့် မြေနိမ့်ပိုင်းများအတွင်း မြစ်ရေလျှံခြင်း၊ အနောက်ပိုင်းတွင် ရေနုတ်မြောင်းစနစ် အားနည်းပါက မိုးစပါးပျိုးခင်းများ ရေဝပ်ဆိုးရွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။   ဂ။ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး (ကမ်းရိုးတန်းရေကြီးဘေးနှင့် လှိုင်းလေပြင်းဘေး) 📌 မိုးလေဝသအခြေအနေ - အနောက်တောင်မုတ်သုံလေ တိုက်ရိုက်တိုးဝင်နေသဖြင့် ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၁၈၅ mm မှ ၃၀၅ mm ကျော် အထိ အများဆုံး ကျရောက်မည်ဖြစ်သည်။ 📌 သဘာဝဘေးသုံးသပ်ချက် - သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ မြိတ်နှင့် ကော့သောင်း အနီးတစ်ဝိုက် မြေနိမ့်ပိုင်းများတွင် ကုန်းတွင်းရေလျှံမှုများနှင့်အတူ ပင်လယ်ဒီရေတက်ချိန်နှင့် ကြုံဆုံပါက မြို့ပြရေကြီးမှုများ ဖြစ်ပွားနိုင်သည်။ ပင်လယ်ပြင်တွင် မုတ်သုံလေပြင်းကြောင့် လှိုင်းအလွန်ကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာမှုများ သတိပြုရန် လိုအပ်သည်။   ဃ။ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် (မြေပြိုခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ဘေး) 📌 မိုးလေဝသအခြေအနေ - မုတ်သုံတိမ်တိုက်များ ဖြတ်သန်းရာ ကုန်းမြင့်ဇုန်များဖြစ်ပြီး ၇ ရက်အတွင်း ၁၂၅ ~ ၁၉၀ mm အထိ မိုးရရှိနိုင်ပါသည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ဟားခါး၊ ဖလမ်း ဒေသများနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် တောင်စောင်းလမ်းများတွင် မြေသားရေဝပ်မှု လွန်ကဲပြီး မြေပြိုခြင်း (Slope Failure) ၊ ကျောက်တုံးပြိုကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများ ကြုံတွေ့ရနိုင်သည်။   င။ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) (မိုးအရိပ်ဒေသ - ဘေးအန္တရာယ်နည်းပါး) 📌 မိုးလေဝသအခြေအနေ - ရခိုင်ရိုးမတောင်တန်း ကာဆီးထားမှု (Rain Shadow Effect) ကြောင့် ၇ ရက်အတွင်း စုစုပေါင်းမိုးရေချိန် ၆၅ mm အောက် သာရှိပြီး မြေပုံတွင် အစိမ်းဖျော့မှ ဝါစိမ်းရောင်ဇုန်အဖြစ် မိုးအားနည်းနေမည်။ 📌 သဘာဝဘေးသုံးသပ်ချက် - ရေကြီးရေလျှံမှု ဘေးအန္တရာယ် ကြီးကြီးမားမား မရှိနိုင်ဘဲ၊ မိုးထစ်ချုန်းရွာစဉ် ဖြစ်ပေါ်တတ်သည့် မိုးကြိုးပစ်ခြင်း (Lightning) နှင့် လေပြင်းခေတ္တတိုက်ခတ်ခြင်းတို့ကိုသာ သတိပြုရန် လိုအပ်ပါသည်။   ၄။ ကြိုတင်ပြင်ဆင်ရန် အကြံပြုချက် (Risk Mitigation Message) 📌 မိုးရေချိန်ပြမြေပုံများအရ ခရမ်းရောင်နှင့် အညိုရောင်ဇုန် (မိုးရေချိန် ၁၅၀ mm အထက်) ကျရောက်သော စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ရခိုင်နှင့် တနင်္သာရီဒေသများရှိ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ကျရေနှင့် မြေပြိုမှု သတိပေးချက်များကို စောစီးစွာ ထုတ်ပြန်ထားသင့်ပါကြောင်း ဆန်းစစ်တင်ပြအပ်ပါသည်။