✍️ခေတ်သစ်ယောမင်းကြီး
Статистика🎈မြန်မာ့အရေး၊ ကမ္ဘာ့အရေးနှင့် ကဏ္ဍပေါင်းစုံ သတင်းစုံ🎈
- Последний пост
- 18 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 151
- 1/48двое суток
- 173
- 1/72трое суток
- 186
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
❝မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ဘာတွေ လိုအပ်သလဲ❞ မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက်သည် နှစ်စဉ်တိုးလာနေသော်လည်း ထုတ်လုပ်နိုင်စွမ်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးကွန်ရက်နှင့် ရင်းနှီးမြှုပ်နှံမှုအကန့်အသတ်များကြောင့် လျှပ်စစ်မလုံလောက်မှုကို ဆက်လက်ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေတို၊ အလယ်အလတ်နှင့် ရေရှည်မဟာဗျူဟာများကို ပေါင်းစပ်အကောင်အထည်ဖော်ရန် လိုအပ်လာသည်။ ဤနေရာတွင် Download လုပ်၍ အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ #Myanmarpoliticalanalysisteam
❝မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် ဘာတွေ လိုအပ်သလဲ❞ မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက်သည် နှစ်စဉ်တိုးလာနေသော်လည်း ထုတ်လုပ်နိုင်စွမ်း၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးကွန်ရက်နှင့် ရင်းနှီးမြှုပ်နှံမှုအကန့်အသတ်များကြောင့် လျှပ်စစ်မလုံလောက်မှုကို ဆက်လက်ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေတို၊ အလယ်အလတ်နှင့် ရေရှည်မဟာဗျူဟာများကို ပေါင်းစပ်အကောင်အထည်ဖော်ရန် လိုအပ်လာသည်။ Coming soon 🔜 #Myanmarpoliticalanalysisteam
❝ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက အရှေ့တောင်အာရဲ့ ကုန်သွယ်ရေး စင်္ကြံ ဖြစ်လာနိုင်သလား❞ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် (Dawei SEZ) စီမံကိန်းသည် ပထဝီနိုင်ငံရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းအရ အရှေ့တောင်အာရှ၏ အလားအလာအရှိဆုံး "မဟာဗျူဟာမြောက် ကုန်သွယ်ရေးစင်္ကြံ (Strategic Trade Corridor)" ဖြစ်လာနိုင်သည့် အခြေခံအချက်အလက်များ ရှိနေသည်။ ၎င်းသည် အိန္ဒိယသမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်) နှင့် ပစိဖိတ်သမုဒ္ဒရာ (တောင်တရုတ်ပင်လယ်) ကို ကုန်းလမ်းမှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် Mekong-India Economic Corridor (MIEC) ၏ အဓိက အသက်သွေးကြောဖြစ်သည်။ သို့သော် စိန်ခေါ်မှုအနေဖြင့် ထိုင်းနိုင်ငံကိုယ်တိုင်ကလည်း မလက္ကာကို ကျော်လွှားရန် ၎င်းတို့၏ ကိုယ်ပိုင် ကုန်းမြေတံတား(Kra Landbridge) စီမံကိန်းကို တွန်းအားပေးနေသဖြင့် ထားဝယ်၏ အရေးပါမှု အပေါ် ယှဉ်ပြိုင်မှု ရှိလာနိုင်သည်ကိုလည်း မဖြစ်မနေတွက်ချက်ရမည် ဖြစ်သည်။ အပြည့်အစုံကို ဤနေရာတွင် 👆👆👆Download လုပ်၍ ဖတ်ရှု နိုင်ပါသည်။ #Myanmarpoliticalanalysisteam
❝ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက အရှေ့တောင်အာရဲ့ ကုန်သွယ်ရေး စင်္ကြံ ဖြစ်လာနိုင်သလား❞ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် (Dawei SEZ) စီမံကိန်းသည် ပထဝီနိုင်ငံရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းအရ အရှေ့တောင်အာရှ၏ အလားအလာအရှိဆုံး "မဟာဗျူဟာမြောက် ကုန်သွယ်ရေးစင်္ကြံ (Strategic Trade Corridor)" ဖြစ်လာနိုင်သည့် အခြေခံအချက်အလက်များ ရှိနေသည်။ ၎င်းသည် အိန္ဒိယသမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်) နှင့် ပစိဖိတ်သမုဒ္ဒရာ (တောင်တရုတ်ပင်လယ်) ကို ကုန်းလမ်းမှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် Mekong-India Economic Corridor (MIEC) ၏ အဓိက အသက်သွေးကြောဖြစ်သည်။ Coming soon... https://t.me/myanmarpoliticalanalysisteam
без подписи
без подписи
без подписи
❝လာအိုချစ်ကြည်ရေးခရီးစဉ်၏ သက်ရောက်မှု❞ သမ္မတကြီး၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို Strategic Partnership အဆင့်သို့ မြှင့်တင်ရန် သဘောတူညီခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ဗီယင်ကျန်းနှင့် နေပြည်တော်တို့ကို ညီအစ်မ မြို့တော်များအဖြစ်သတ်မှတ်ရေး၊ မဲခေါင်ရေအားလျှပ်စစ် ဖြစ်နိုင်ခြေလေ့လာရေး အပါအဝင် သဘောတူ ညီချက်များစွာ ရရှိခဲ့သည်။ ခရီးစဉ်၏ သက်ရောက်မှုအနေဖြင့် အာဆီယံအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ စွမ်းအင်လုံခြုံရေး မြှင့်တင်ရေးနှင့် မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ နိုင်ခြေရှိခြင်းတို့တွင်လည်း များစွာ သက်ရောက်မှုရှိစေခဲ့သည်ဟု သုံးသပ်နိုင်သည်။ အထင်ရှားဆုံးသော သဘောတူညီချက်မှာ မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်ဆည် ဖြစ်နိုင်ခြေလေ့လာရေး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက် (Joint Development Agreement) ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ် နိုင်မည့် ဆည်တစ်ခု ဆောက်လုပ်ရန် ဖြစ်နိုင်ခြေကို ၃၄ လကြာ လေ့လာကြမည်ဖြစ်သည်။ အပြည့်အစုံအား 👇👇👇ဤနေရာမှတစ်ဆင့် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။ https://t.me/myanmarpoliticalanalysisteam/131
без подписи
без подписи
без подписи
без подписи
"NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး ဘာကြောင့် ကျရှုံးရလဲ" NUG မှ ဦးဆောင်သော အလှူငွေ ကမ်းပိန်း များအပြင် နယ်စပ်ဒေသအခြေပြုသော ထင်ရှားကျော်ကြားသူတစ်ချို့၊ Cele တစ်ချို့ စသဖြင့် အမျိုးမျိုး သော ခေါင်းစဉ်များနှင့် ထောက်ပံ့မှုရှာဖွေခြင်းသည် ပြန့်ကျဲသော ကွန်ရက်များ ဖြစ်ပေါ်စေသည်သာမက အဆိုပါ အကြောင်းအရာကို မူတည်၍ တော်လှန်ရေး ဘက်တော်သားအချင်းချင်းပင် အမြတ်ကြီးစား သည့် လုပ်ရပ်များလည်း ပေါ်ပေါက်ခဲ့ကြသည်ကို တွေ့ရသည်။ ခြုံငုံသုံးသပ်ရလျှင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသော နွေဦးတော်လှန် ရေးသည် နိုင်ငံရေးဦးဆောင်မှု ကင်းမဲ့ခြင်း၊ စစ်ရေးအရ အမိန့်ပေးစနစ် (Chain of Command) မရှိဘဲ စစ်ဘုရင်ဝါဒ ကျင့်သုံးခြင်း၊ အချင်းချင်း ဖမ်းဆီးသတ်ဖြတ် လက်နက်ဖြုတ်ခြင်းနှင့် ဘဏ္ဍာရေး အလွဲသုံးစားမှုများကြောင့် ရလဒ်အနေဖြင့် ၎င်းတို့ကြွေးကြော်သောအာဏာရှင်ကို တွန်းလှန်ခြင်းထက် ပြည်သူလူထုအပေါ် ဒုက္ခပေးသည့် လက်နက်ကိုင် အစုအဖွဲ့များအဖြစ်သို့ ကူးပြောင်းသွားကာ၊ လက်ရှိအချိန်တွင် တော်လှန်ရေးသည် အောင်ပွဲနှင့် ဝေးကွာ၍ ကျရှုံးခြင်း အကြောင်းတရားများဆီသို့ မလွဲမသွေ ဆိုက်ရောက်နေရခြင်း ဖြစ်ပါကြောင်း #Myanmarpoliticalanalysisteam
"လာအိုချစ်ကြည်ရေး ခရီးစဉ်၏ သက်ရောက်မှု" ၂၀၂၆ ခုနှစ်အတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များပြီးနောက်၊ ဇွန်လလယ်ပိုင်းတွင် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်နှင့်အတူ ဇူလိုင်လဆန်း (၃-၅) ရက်တွင် သွားရောက်ခဲ့သည့် လာအိုနိုင်ငံတော်ခရီးစဉ် (State Visit) သည် ဒေသတွင်းနိုင်ငံရေးအရ အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ယခုခရီးစဉ်သည် မြန်မာ-လာအို သံတမန်ဆက်ဆံရေး (၇၀) ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုရုံသာမက၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်ဖြစ်သောကြောင့် နှစ်နိုင်ငံ၏ ဆက်ဆံရေးအပြင် နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများအတွက်ပါ ဘက်စုံသက်ရောက်မှုများရှိလာခဲ့သည်။ Coming soon 🔜 #Myanmarpoliticalanalysisteam
без подписи
Demu မော်လမြိုင်စရောက်ပီ.... 🚆 ရန်ကုန်–မော်လမြိုင် DEMU အမြန်ရထား စတင်ပြေးဆွဲပါပီ၊ 📅 ဒီနေ့ ဇူလိုင် ၁ ရက်ကနေ စတင်ပြေးဆွဲနေပြီဖြစ်ပြီး ရန်ကုန်–မော်လမြိုင် ခရီးစဉ်ကို ယခင် ၈ နာရီခွဲခန့် ကြာမြင့်ရာမှ ယခု ၆ နာရီခန့် ဘဲကြာပါတော့မယ်၊ - တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနှင့် ပေါင်ဘူတာများမှာ ရပ်ပါမယ်၊ 💺 လက်မှတ်ခက အထက်တန်း – ၂၂,၀၀၀ ကျပ်• ပထမတန်း – ၁၆,၀၀၀ ကျပ်၊ 🎫 ORTP စနစ်ဖြင့် ရထားလက်မှတ်များကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ပါတယ်၊ ဘာလိုသေးလဲ၊ နောက်ထပ် demuခရီးက ဘယ်လဲ " ပြည် "," ပုဂံ" လား???? ခေတ်သစ်ယောမင်းကြီး
MSMEs လက်ဖက်ရည် စကားဝိုင်း ဇွန် ၃၀ ရက်မှာ ကျင်းပမယ်တဲ့၊ - မြန်မာနိုင်ငံမှာ ပျောက်နေတာ ကြာပြီဖြစ်တဲ့ လက်ဖက်ရည်စကားဝိုင်း၊ msme ကနေစပါပြီ၊ အစိုးရပေါ်လစီအရ အာဂျင်တာအရ ပြောတဲ့ စကားဝိုင်းတော့ မဖြစ်စေချင်ဘူး၊ လတ်တလော မြေပြင်မှာ တကယ်ဖြစ်နေတာတွေ နည်းပညာလိုအပ်ချက်တွေ၊ ခရီးသွားတွေရဲ့ အခက်အခဲတွေ၊ အေဂျင်စီတွေရဲ့ ၀န်ဆောင်မှုတွေ အားလုံးဆွေးနွေးပြီးတော့ ဒီစကားဝိုင်းတွေကနေ နိုင်ငံခရီးသွားလုပ်ငန်း ပြန်ဦးမော့စေမယ့် အဖြေတစ်ခု ရလာခဲ့ရင် နောင်ထပ်လုပ်မယ့် ကဏ္ဍတွေအတွက်ပါ အားယူပြီးသား ဖြစ်မှာပါ၊ ခေတ်သစ်ယောမင်းကြီး
"NUG ဦးဆောင်သော နွေဦးတော်လှန်ရေး ဘာကြောင့် ကျရှုံးရသလဲ" NUG ဦးဆောင်သော တော်လှန်ရေးယန္တရား၏ အားနည်းချက်များ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ၎င်း၏ရည်မှန်းချက်များ အပြည့်အဝမအောင်မြင်ရခြင်း အကြောင်းအရင်းများကို (၁) အဖွဲ့အစည်းဆိုင်ရာ ကန့်သတ်ချက်၊ (၂) မဟာမိတ် တည်ဆောက်မှု၊ (၃) ပထဝီနိုင်ငံရေး (၄) အရင်းအမြစ် စီမံခန့်ခွဲမှု(၅) ကိုယ်ကျိုးအတ္တအတွက် အတွင်းလိုက် ချစားမှုနှင့် (၆) ခေါင်းဆောင်မှု ကင်းမဲ့ခြင်း ဟူသော ကဏ္ဍကြီး ၆ ရပ်ဖြင့် ဆန်းစစ်သွားမည် ဖြစ်သည်။ Coming soon 🔜 #myanmarpoliticalanalysisteam
"ပြည်သူ့စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုအပေါ် သုံးသပ်ချက်" ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း၍ စစ်မှုထမ်းများခေါ်ယူခြင်းကြောင့် နေရာအနှံ့အပြားတွင် စစ်ပြင်ဆင်နေရသည့် တပ်မတော်အတွက် ကာကွယ်ရေးအင်အား ပြန်လည် တောင့်တင်း လာခဲ့သော်လည်း အောက်ခြေဗျူရိုကရေစီယန္တရား၏ အလွဲအသုံးစားပြုမှုများကြောင့် အဓမ္မဖမ်းဆီးခဲ့ရခြင်း၊ အခကြေးငွေယူ၍ လူစားထိုးတိမ်းရှောင်ခြင်းနှင့် ကြောက်ရွံ့စိတ်ကြောင့် လူငယ်မျိုးဆက်များ ပြည်ပသို့ ထွက်ခွာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဦးနှောက်ယိုစီးမှု (Brain Drain) အန္တရာယ်များကို ရင်ဆိုင်နေရလျက်ရှိသည်။ ဤအစီရင်ခံစာသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံရေးအမြင်တစ်ဖက်တည်းမှ သုံးသပ်ခြင်း မဟုတ်ဘဲ ဥပဒေ၏ ရည်ရွယ်ချက်၊ လက်တွေ့အကောင်အထည်ဖော်မှု၊ သက်ရောက်မှုများနှင့် ရေရှည်မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် ရွေးချယ်စရာများကို အထောက်အထားအခြေပြု (Evidence-based) နှင့် မူဝါဒအခြေပြု (Policy-oriented) ရှုထောင့်မှ ဆန်းစစ်တင်ပြရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 👆👆👆ဤနေရာတွင် Download လုပ်၍ အပြည့်အစုံ ဖတ်ရှု နိုင်ပါသည်။ #myanmarpoliticalanalysisteam
"စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုအပေါ် လွှမ်းခြုံသုံးသပ်ချက်" ဤအစီရင်ခံစာသည် ဥပဒေစတင်သက်ရောက်ပြီးနောက် ၂၀၂၆ ခုနှစ်အထိ ဖြတ်သန်းလာသော ကာလအတွင်း ပေါ်ထွက်လာသည့် ဘက်စုံသက်ရောက်မှုများကို သုတေသနပြု သုံးသပ်ထားခြင်း ဖြစ်သည်။ Coming soon 🔜 #myanmarpoliticalanalysisteam