tgindex
Последний пост
16:16
Последнее чтение
15 авг.
Постов за неделю
88
Всего постов
160
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
16 308
−61 за 4 дн.
Сутки
−22
−0,13%
Неделя
 
Месяц
 
Просмотров на пост
877
40 постов
Вовлечённость
5,4%
к подписчикам
Постов в день
12,6
всего 160
Упоминаний
1
каналов
Охват размещения
по 9 постам
1/24сутки в ленте
847
1/48двое суток
970
1/72трое суток
1 046

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • 16:162197

    လဝက ဒု-ဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု -ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ယနေ့ ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လစ်လပ်သွားခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရခန့်အပ်တာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

  • 16:152115

    ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လဝက ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန် ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့၍ လစ်လပ်သွားသော ဒု-ဝန်ကြီးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

  • 12:0860413

    ဂါဇာငြိမ်းချမ်းရေးအတွက် သမ္မတထရမ့်၏ ကိုယ်စားလှယ်များ ဆွေးနွေးနေ Banner Image ဂျန်ဇက် (NP News) - သြဂုတ် ၁၇ အစ္စရေးနိုင်ငံက ဂါဇာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသော်လည်း၊ အမေရိကန်သမ္မတ၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ရှေ့သို့တိုးမြှင့်နိုင်ရန် ရည်ရွယ်ကာ ဒေါ်နယ်ထရမ့်၏ ကိုယ်စားလှယ်များသည် သြဂုတ်လ (၁၆) ရက်က တူရကီနိုင်ငံကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း သံတမန်ရေးရာ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ထရမ့်၏ ကိုယ်စားလှယ်နှင့် သမက်ဖြစ်သူ ဂျာရက် ကုရှ်နာ နှင့် ဂါဇာဒေသဆိုင်ရာ ထမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကိုယ်စားလှယ် နစ်ကိုလိုင်း မလာဒီနော့ဗ်တို့ပြုလုပ်ခဲ့သည့်အစည်းအဝေးအချို့သို့ ဟားမတ်စ်အဖွဲ့တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု အဆိုပါ သံတမန်က ဆိုသည်။ ငမ္မတထရမ့်၏ နောက်ဆုံးထွက် ဂါဇာငြိမ်းချမ်းရေး လမ်းပြမြေပုံသည် "လက်ခံနိုင်စရာမရှိ" ကြောင်း ပြောကြားခဲ့သူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် သမ္မတထရမ့်၏ ကိုယ်စားလှယ်များဖြစ်သည့်ကုရှ်နာနှင့် မလာဒီနော့ဗ်တို့တွေ့ဆုံရန် အချိန်ဇယားဆွဲထားကြောင်း အစ္စရေး အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ​ ဂါဇာဒေသရှိ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဝင်များ ကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများ ရပ်တန့်ရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်အပေါ် အစ္စရေးက စိုးရိမ်ပူပန်နေကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။ ဟားမက်စ်အုပ်စုသည်၎င်းတို့၏ စစ်ရေးအင်အားကို ပြန်လည်တည်ဆောက်နေသည်ဟု၄င်းက ဆိုသည်။ သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဂါဇာဒေသအတွင်း စစ်ရေးလုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။ ယင်းအစီအစဉ်အရ အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ ဆုတ်ခွာသွားသည်နှင့်အမျှ ဟားမတ်စ်များ လက်နက်စွန့်လွှတ်ရန်နှင့် ပါလက်စတိုင်း အရပ်ဘက် အုပ်ချုပ်ရေးအသစ်တစ်ခုအောက်တွင် ဂါဇာဒေသကို ပြန်လည်တည်ဆောက်ရန် စီစဉ်ထားသည်။ အစ္စရေးသည် ယခုလအစောပိုင်းက ဂါဇာဒေသတွင်း တိုက်ခိုက်မှုများကို လျှော့ချခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။

  • 12:035849

    ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြု၍ အင်အား(၃)အဆင့်ရှိ ငလျင်လှုပ်ခတ် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြု၍ အင်အား (၃)အဆင့်ရှိသော ငလျင်တစ်ခု ယနေ့ သြဂုတ် ၁၇ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မဂ္ဂနီကျူ့(၃)အဆင့်ရှိအင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၁၀ နာရီ ၄၁ မိနစ် ၄ စက္ကန့်က ဇမ္ဗူသီရိမြို့ နယ်၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

  • 09:2781725

    သံတွဲ အပါအဝင် ဂွ ၊ အမ်း ၊ ပလက်ဝ ရှိ AA စခန်း အတိအကျနေရာများအား ဗုံးကြဲရာ AA သူပုန် ၂၇ ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရ။ - AA သူပုန်နဲ့ အကြမ်းဖက်အားပေးတွေကတော့ အရပ်သားပါလို့ ဖျင်ပိတ်ငြင်းပါလိမ့်မယ်။ တိုက်ပွဲသတင်းစုံ

  • 08:37843111

    ထိုင်းနိုင်ငံတွင် မှန်ချပ်ပိမှုကြောင့် မြန်မာလုပ်သား ၂ ဦး သေဆုံး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟕》  ထိုင်းနိုင်ငံ၊ ကဘီမြိုနယ် အောက်နမ်းရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခုတွင် မှန်ချပ်များ ပိမိမှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းဖော်ပြမှုများအရ သိရသည်။ သေဆုံးသူများမှာ ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်ကြသည့် ပဲခူးမြို ဥဿရံရပ်ကွက်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုအောင်လင်းသူနှင့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြိုနယ် နတ်ရေကန်ကျေးရွာတွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကိုရဲသူဟိန်းတိုဖြစ်ကြသည်ဟုဆိုသည်။ ၎င်းတိုနှစ်ဦးသည် ရေသန့်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသော်လည်း ဩဂုတ် ၁၅ ရက် ညနေပိုင်းတွင် အခြားအလုပ်တစ်ခုသို ကူညီရန် သွားရောက်၍ မှန်ချပ်များကို ကရိန်းဖြင့် ရွှေ့ပြောင်းတင်စဥ် ကရိန်းကြိုးပြတ်ကျရာမှ မှန်ချပ်များပိမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အခင်းဖြစ်စဥ်နှင့်ပတ်သက်၍ သေဆုံးသူလုပ်သားများ၏ မိသားစုဝင်များ နစ်နာကြေးရရှိရန် အလုပ်ရှင်နှင့် ညှိနှိင်းဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

  • 06:2093922

    အံမယ်.. အမေရိကားရောက် နီပိတ်တွေက သူခိုး ကျော်မိုးထွန်း ဘက်ကနေပြီး သူခိုးကို UN မှာ ပြန်ခန့်အပ်ဖို လမ်းလျှောက်ဆန္ဒပြကြမယ်တဲ့.. - လုပ်ရဲရင် လုပ်လိုက်လေ Trump ကတော့ နီပိတ်၊ နီပိန်းမရွေးဘူး အကုန်လုံးကို ပြည်နှင်ဒဏ်ပေးလိမ့်မယ်။ KT August 17

  • 06:2091223

    မြန်မာနိုင်ငံရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာချိန်၌ ထိုင်းနိုင်ငံကလည်း အဓိက ပါဝင်သူအဖြစ် နေရာယူရန် ပြင်ဆင်လျက်ရှိသည်။ - မလက္ကာ ရေလက်ကြားအပေါ် အမှီပြုနေရမှု လျှော့ချရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ်အတွက် ထိုင်းနိုင်ငံ၏ ပါဝင်မှုသည် ထားဝယ် စီမံကိန်းအား ပိုမို ဖြစ်မြောက်နိုင်ချေ ရှိစေမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မော်စကိုမြိုတွင် ပြောကြားခဲ့သည်။

  • 06:1982113

    ICJ တရားသူကြီးများဟာ စနစ်အရ၊ ဥပဒေအရတော့ မှန်မှန်ကန်ကန် ဆောင်ရွက်ရမယ့်တာဝန်ရှိပြီး အများအားဖြင့် အဲ့ဒီအတိုင်း ဆောင်ရွက်ကြပါတယ်။ - ICJ တရားသူကြီးများဟာ မိမိတိုနိုင်ငံကို ကိုယ်စားပြုတာမဟုတ်ဘဲ၊ ကိုယ်ပိုင်သဘောထား၊ ဥပဒေအမြင်အပေါ်အခြေခံပြီး ဆုံးဖြတ်ရပါတယ်။ ငွေရေးကြေးရေး၊ နိုင်ငံရေးညှိနှိင်းမှု မဖြစ်စေရန် ကတိဝင်ထားရပါတယ်။ - အင်အားကြီးမားလှသော အမေရိကန်ပြည်ထောင်စုကဲ့သို နိုင်ငံမျိုးပင်လျှင် ဥပဒေအထက်တွင် မရှိကြောင်းနှင့် ICJ ၏ တရားစီရင်ရေးသည် အင်အားထက် အမှန်တရားကိုသာ ဦးထိပ်ထားကြောင်း ပြသခဲ့သည့် သမိုင်းဝင်အမှုတစ်ခု ရှိခဲ့ပါသည်။ - ၎င်းမှာ "နီကာရာဂွါ နှင့် အမေရိကန်ပြည်ထောင်စု အမှု (Nicaragua v. United States, 1986)" ပင် ဖြစ်သည်။ ဤအမှုသည် "တရားမျှတမှုသည် နိုင်ငံ၏ အရွယ်အစား သိုမဟုတ် စစ်အင်အားအပေါ်တွင် မမူတည်ကြောင်း" ကမ္ဘာကို သက်သေပြခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။

  • 06:1867314

    မြန်မာနိုင်ငံက အသိအမှတ်ပြုထားခြင်းမရှိ ပူးပေါင်းထားခြင်းမရှိတဲ့ IMM ရဲ့ ပြောဆိုချက်တွေဟာ ဘောင်မဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်... မှိုင်းဝေ

  • 06:1666313

    သူခိုး ကျော်မိုးထွန်း ကိစ္စ KT August 14

  • 06:1643020

    IIMM ဆိုတာ ဘာလဲ၊ ဘယ်လိုပေါ်ပေါက်လာတာလဲ? ■ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နေရာမှာ ၂၀၁၈ ခုနှစ်ကစပြီး IIMM ကို အစားထိုး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ မြန်မာအစိုးရအဆက်ဆက်ကို ဖိအားပေးရန် ဖြစ်ပါတယ်။     ဘယ်လို ဖွဲ့စည်းလည်ပတ်နေသလဲ? ■ IIMM ကို အမေရိကန်နဲ့ ဂျပန် နိုင်ငံသားနှစ်ဦးက ဦးဆောင်ပြီး ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ နည်းပညာရှင်များ အပါအဝင် ဝန်ထမ်း (၅၀) ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂပုံမှန်ရန်ပုံငွေအပြင် အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ သက်တမ်းအကန့်အသတ်မရှိ ရပ်တည်နေပါတယ်။ (သို့သော် ၂၀၂၆ ဇူလိုင်လထုတ်ပြန်ချက်အရ ဘဏ္ဍာရေး အခက်အခဲတချို့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်)။     IIMM အပေါ် မြန်မာနိုင်ငံ၏ သဘောထားနှင့် ရှုမြင်သုံးသပ်ချက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် IIMM ကို လုံးဝ (လုံးဝ) အသိအမှတ်မပြုသလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ - ■ တစ်ဖက်သတ်ဆန်ခြင်း: IIMM ရဲ့ အစီရင်ခံစာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ တစ်ဆင့်ခံကြားသိရမှု (Hearsay) တွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လုပ်ကြံထွက်ဆိုချက်တွေကိုသာ အဓိက အခြေခံထားတယ်လို့ မြန်မာဘက်က ရှုမြင်ပါတယ်။   ■ အဖြစ်မှန်ကို လျစ်လျူရှုခြင်း: ARSA အကြမ်းဖက်အဖွဲ့ရဲ့ စနစ်တကျ ကြိုတင်စီစဉ်တိုက်ခိုက်မှုတွေလို အရင်းခံအကြောင်းတရားတွေကို ချန်လှပ်ထားခဲ့ပါတယ်။   ■ အလှူရှင်အလိုကျဖြစ်နေခြင်း: IIMM ဟာ စောင့်ကြည့်ကြပ်မတ်မယ့် ယန္တရားမရှိဘဲ လွတ်လပ်ခွင့်ကို အကြောင်းပြကာ အမှန်တရားထက် ရန်ပုံငွေပေးတဲ့ အလှူရှင်နိုင်ငံတွေရဲ့ အလိုကျသာ ဆောင်ရွက်နေတယ်လို့ သုံးသပ်ထားပါတယ်။   ဩဂုတ်လ ၁၁ ရက်နေ့မှာလည်း IIMM က နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး "အရပ်သားတွေကို တိုက်ခိုက်နေတယ်" လို့ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် ဂျီနီဗာမြို့ရှိ မြန်မာအဖွဲ့ရုံးကနေတစ်ဆင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ကန့်ကွက်တုံ့ပြန်လွှာကို တရားဝင် ပြန်လည်ပေးပို့ထားပါတယ်။ =============== ဆိုချင်တာကတော့ IIMM အဖွဲ့ဆိုတာ မြေပြင်အဖြစ်မှန်များကို လျစ်လျူရှုပြီး အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေကို အခြေခံပြီး မြန်မာနိုင်ငံကို ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမှန်တရားကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းဖို့ထက် သူတို့ရပ်တည်နိုင်ရေး ဒေါ်လာပေးနေတဲ့ နိုင်ငံတွေရဲ့အလိုကျတိုင်း မြန်မာနိုင်ငံအပေါ် ပုံဖျက်တိုက်ခိုက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်ဖိအားပေးနေတဲ့ IIMM လို အဖွဲ့မျိုးကို UN နဲ့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်တုံ့ပြန်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။ KT August 14

  • 04:5573015

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ (၁၇-၈-၂၀၂၆)နေ့တွင် ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

  • 04:3972713

    ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တိုရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲအစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက် ပိုပြီး ထိတ်လန့်မသွားစေဘဲ ငလျင်အကြောင်း ပိုမိုနားလည်လာစေဖို၊ သတိထားမိလာစေဖိုနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ကြဖိုအတွက် ဖြစ်ပါတယ်။ အပြင်းထန်ဆုံး ငလျင်ကတော့ ဒေသစံတော်ချိန် ဇွန်လ ၈ ရက်နေ့က ဖိလစ်ပိုင်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ဖြစ်ပြီး၊ နောက်ဆုံးလှုပ်ခတ်ခဲ့တာကတော့ ဩဂုတ်လ ၁၅ ရက်နေ့ မနက် ၄:၅၈ နာရီမှာ အင်ဒိုနီးရှားနိုင်ငံ ဖလိုရက်စ် (Flores) ကျွန်းအနီးမှာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။ KT August 17

  • 04:3963014

    (အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း) ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက် ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတိုတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи