PAN
Статистикаတိကျမှန်ကန် PAN Viber 📬 09772979725 Email 💌 positiveanglenews.pans @PAN Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 135
- Всего постов
- 488
- Тип
- открытый
- Язык
- my
- Категория
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 2 116
- 1/48двое суток
- 2 424
- 1/72трое суток
- 2 614
Медиана по постам, которые мы застали свежими и померили через сутки.
Посты
မြန်မာ–ဘယ်လာရုစ် လွှတ်တော်ချင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး (လွှတ်တော်) ဩဂုတ် ၁၅ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား လွှတ်တော်ချင်း ဆက်ဆံရေးများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးများ ပိုမိုခိုင်မာလာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံအကြား ယုံကြည်နားလည်မှုနှင့် အပြန်အလှန်လေးစားမှုများအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ–ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ Tel3gram - t.me/positiveanglenews #PAN
မြန်မာ–ဘယ်လာရုစ် လွှတ်တော်ချင်းဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး (လွှတ်တော်) ဩဂုတ် ၁၅
без подписи
без подписи
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ... မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ ..... ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ ..... လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ... အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြပါစေ... ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ.... 🙏🙏🙏
ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ အစည်းအဝေးတက်ရောက်ဖို့ တပ်ချုပ်သစ် ထိုင်းကို သွားမယ်/ https://t.me/positiveanglenews #PAN
(ပြည်တွင်း) ဩဂုတ် ၁၄ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို အခုလာမယ့်ရက်ပိုင်းမှာ သွားဖို့ရှိနေပါတယ်။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ အစည်းအဝေး (9th High Level Committee Meeting) ကို လာမယ့် ဩဂုတ်လ ၁၉ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ ထိုင်းနိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ထိုအစည်းအဝေးဟာ မြန်မာ-ထိုင်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား လုံခြုံရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ အစည်းအဝေးတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေ တက်ရောက်ရတဲ့ အစည်းအဝေးတစ်ရပ်လည်း ဖြစ်ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တရားဥပဒေ စိုးမိုးရေး၊ စုပေါင်းလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတို့ကို မြှင့်တင်ဖို့၊ တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှု (Online Scams)တွေကို ပူးပေါင်းနှိမ်နင်းဖို့၊ နှစ်နိုင်ငံ နယ်စပ်အနီး သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပါက ကူညီကယ်ဆယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဖို့စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ သတင်းအချက်အလက် ဖလှယ်ရေး၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးနဲ့ အဆင့်လိုက် ဆက်ဆံရေးတွေ ပိုမိုခိုင်မာစေဖို့၊ နှစ်နိုင်ငံ တပ်မတော်သားတွေအကြား နားလည်မှုနဲ့ ရင်းနှီးမှု ပိုမိုရရှိစေဖို့ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့စတဲ့ အချက်တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၈)ကြိမ်မြောက် အဆင့်မြင့်ကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ၂၁ ရက်နေ့ထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေက Jasmine Ngapali Resort မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ပြီး ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် (၉)ကြိမ်မြောက် အဆင့်မြင့်ကော်မတီ အစည်းအဝေးမှာတော့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး နယ်စပ်ဖြတ်ကျော် ပြစ်မှုတွေ၊ တားဆီးရေး၊ အွန်လိုင်း ငွေကြေးလိမ်လည်မှု (Online Scams)၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ကုန်ကူးမှုများကို ပူးပေါင်းနှိမ်နင်းရေး နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု (Haze Pollution)၊ တောမီးကာကွယ်ရေးနဲ့ မြစ်ရေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး စစ်ဘက်ဆိုင်ရာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးစတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ ဩဂုတ်လ ၆ ရက်နေ့က ၇ ရက်အထိ နှစ်ရက်တာ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် ၁၂ ရက်ခန့်အကြာမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထိုင်းနိုင်ငံကို အစည်းအဝေးသွားရောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းလက်ခံရယူခဲ့ပြီးနောက် ပြည်ပကို သွားရောက်မယ့် ပထမဆုံးခရီးစဉ်လည်း ဖြစ်နေပါတယ်။ Telegram -t.me/positiveanglenews #PAN
ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ အစည်းအဝေးတက်ရောက်ဖို့ တပ်ချုပ်သစ် ထိုင်းကို သွားမယ်
без подписи
без подписи
без подписи
ဘားအံတွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်၍ ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ထပ်မံဖွင့်လှစ် (ပြည်တွင်း) ဩဂုတ်၁၄ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ဖြစ်သည့် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ၈၄၁ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများရှိ ရေဘေးသင့်ပြည်သူများ ဘေးကင်းရာသို့ ပြောင်းရွှေ့နိုင်ရန် ရွှေယဉ်မျှော်ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုတို့ကို ထပ်မံဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဘားအံမြို့ရှိ မိုးလုံလေလုံအားကစားရုံ၊ လေသာဘုန်းတော်ကြီးကျောင်း၊ ရွှေယဉ်မျှော်ဘုရားနှင့် အ-ထ-က (၃) ကျောင်းအားကစားရုံတို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး ယနေ့ နေ့လယ် ၁၂ နာရီအထိ အိမ်ထောင်စု ၃၃၅ စု၊ ကျား ၇၅၃ ဦး၊ မ ၈၂၈ ဦး၊ စုစုပေါင်း လူဦးရေ ၁,၅၈၁ ဦးအား ယာယီပြောင်းရွှေ့နေရာချထားပေးထားကြောင်း သိရသည်။ Telegram.... https://t.me/positiveanglenews #PAN
ပခုက္ကူတွင် ရေဘေးသင့်ပြည်သူ ၂၀၀၀ကျော်အား ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများ ဆောင်ရွက် (ပြည်တွင်း) ဩဂုတ် ၁၄ ပခုက္ကူမြိုးနယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ရေးဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေးရေးနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဩဂုတ် ၁၃ ရက်မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ပစ္စည်းများကို အမှတ်(၁၀)ရပ်ကွက်ရှိ ကျောက်စေတီဘုရားဝင်း ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၌ ပေးအပ်ခဲ့ပြီး အမှတ်(၁)နှင့် အမှတ်(၁၀)ရပ်ကွက်တို့မှ ရေဘေးသင့်အိမ်ထောင်စု ၁၆၀စု၊ လူဦးရေ ၆၄၄ဦးတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်၄ပြည်၊ဆီ ၂၅ ကျပ်သား၊ကြက်ဉ၁၀နှင့် ခေါက်ဆွဲခြောက် ငါးထုပ်စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အမှတ်(၁၊၉၊၁၀၊၁၃၊၁၄)ရပ်ကွက်များအပြင် ကျေးရွာအုပ်စုအချို့၌ ရေဝင်ရောက်မှုများရှိနေပြီး ကယ်ဆယ်ရေးစခန်းများတွင် ရေးဘေးသင့် အိမ်ထောင်စု ၄၉၃ စု၊ လူဉီးရေ ၂၀၄၉ဦးကို နေရာချထားပေးထားကြောင်း သိရသည်။ အဆိုပါ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ထောက်ပံ့ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ Telegram.... https://t.me/positiveanglenews #PAN
без подписи
လျှပ်စစ်လွှတ်ထားသော ဓာတ်ကြိုးခိုးယူသူ ဓာတ်လိုက်သေဆုံး (မှုခင်း) ဩဂုတ် ၁၄ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊စက်မှုဇုန်(၁၆)လမ်းတွင် ဩဂုတ်၁၃ ရက်နေ့ နံနက်အစောပိုင်းက ဓာတ်ကြိုးဖြုတ်ယူနေသည့် အသက် ၃၁နှစ်အရွယ်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ဦးစိုးလင်းပိုင်ဖြစ်ပြီး ဓာတ်တိုင်မှတွဲလောင်းကျနေသည့် ဓာတ်ကြိုးကို ခိုးယူနေစဉ် အပေါ်ဘက်က ကြေးနန်းကြိုးများပါလိုက်ကျလာကာ ကြိုးများပူ၍ လျှပ်စစ်ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၅နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကူညီရေးအဖွဲ့ဝင်များ ရောက်ရှိချိန်တွင် သေဆုံးသူ၏လက်ထဲ၌ ဓာတ်ကြိုးကို ကိုင်ထားသည့်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဦးစိုးလင်းပိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ပြီး မော်လမြိုင်မြို့ စက်မှုဇုန်အတွင်း... သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/08/14/လျှပ်စစ်လွှတ်ထားသော-ဓာတ/ Telegram.... https://t.me/positiveanglenews #PAN
ကုသိုလ်ဖြစ်နှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဆိုင်ရာ ဥပဒေများ မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေး (လွှတ်တော်) ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုသိုလ်ဖြစ်ဆေးရုံနှင့် ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများနှင့် သက်ဆိုင်သည့် ဥပဒေနှင့် စပ်လျဉ်းသည့်လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ဩဂုတ် ၁၃ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအချိန်အထိ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀ လမ်းနှင့် ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မိုရ်စိုးအပါအဝင် စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ဒုညွှန်ချုပ် ဒေါက်တာမြင့်မိုရ်စိုးက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခွင့်ရှိသည့် ကုသိုလ်ဖြစ်ဆေးရုံနှင့် ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများနှင့် သက်ဆိုင်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဆိုပါဆေးရုံနှင့် ဆေးခန်းများဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ Telegram.... https://t.me/positiveanglenews #PAN
без подписи