tgindex
ᴄɪɢᴀʀᴇᴛᴛᴇఌ︎

ᴄɪɢᴀʀᴇᴛᴛᴇఌ︎

Статистика

27.11.2023

Последний пост
14 авг.
Последнее чтение
14 авг.
Постов за неделю
2
Всего постов
21
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
152
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
56
21 постов
Вовлечённость
36,8%
к подписчикам
Постов в день
0,3
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
7
1/48двое суток
8
1/72трое суток
8

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • 11 авг.1241из aodjdko

    ဘယ်နေ့ရက်ပဲကိုယ့်ဆီလာလာ anniversary ဘာညာ အထူးတလည်မရှိလည်း ကိုယ့်ဆီ နှင်းတီပန်းတစ်ပွင့်တော့ အမြဲတမ်းပါလာတတ်တဲ့ ရည်းစားလေးက သူ့မွေးနေ့မှာတောင် ကိုယ့်အပေါ်တာဝန်ကျေရှာတယ်💋

  • 11.11 နီးစပ်ဖို့ နည်းလမ်းတွေအများကြီးထဲကမှ ဝေးကြမဲ့ နည်းလမ်းတစ်ခုထဲကိုပဲရွေးချယ်သွားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်

  • 3 авг.314из aodjdko

    ဒီခရီး ဒီဖိနပ်နဲ့မသင့်တော်လို့ ချွတ်ထားခဲ့တာပဲ ငါနားလည်ပါတယ် ဒါပေမဲ့ " နွေး"ရေ ဒီဖိနပ်နဲ့လျှောက်လာခဲ့တဲ့ခရီးလမ်းကိုတော့ တစ်ခါတရံ သတိရစေချင်တယ်။ ဇေး

  • "ငိုတဲ့ ကလေး နို့ပိုစို့ရတယ်တဲ့ " ကျနော်မငိုတတ်ခဲ့ဘူး မမ၊ မတောင်းဆိုတတ်ခဲ့ဘူး။ သိတတ်ခဲ့လွန်းလို့ ကျနော့်မေတ္တာတွေ ဈေးပေါသွားခဲ့ရသလား၊ ကျနော်မငိုပါဘူးမမ ငိုတယ်ဆိုတာကလည်း ချော့တဲ့လူ ရှိအုံးမှ ကိုး ကျနော့်မှာ ကိုယ့်ဒဏ်ရာကိုယ်တောင် နာပါတယ်မပြောတတ်ခဲ့တဲ့အဖြစ်။‌ -ဇေး

  • "သူ့လက်ဖဝါးလေး ဆုပ်ကိုင်ထားချင်တယ် " ဒီလောက်ပါပဲ ဘုရားသခင်က ပိုကောင်းတဲ့အရာတွေ ပေးမယ်ဆိုရင်တောင် ဒီဆုတောင်းလေးပဲ ပြည့်ချင်ပါတယ် ။ -ခန့်သွယ် မြတ်လေးပန်-၁

  • မင်းဆီကနေ ဘယ်လောက်ပဲဝေးဝေးပြေးနေပေမဲ့ ငါမလွတ်မြောက်နိုင်တော့ဘူးအချစ်ရေ ဒီအရပ် ဒီမြို့ ဒီလမ်းမတွေပေါ်မှာ အမှတ်တရတွေဟာ မှန်ကွဲစလို တစ်စစီပြန့်ကျဲလို့ ငါ့နှလုံးသားမှာ ထိုးစိုက်နေခဲ့ကြတယ်။ အင်းလျားကိုပြန်ရောက်ဖြစ်တိုင်း မင်းပုံရိပ်တွေက ငါမျက်ဝန်းတွေတည်း တရိပ်ရိပ်စီးဝင်လို့ ငါ့မှာ မျက်ရည်တွေ တာကျိုးသလို မရှူနိုင်မကယ်နိုင်။ -ဇေး

  • 23 июл.463из aodjdko

    ကျွန်တော်က အပေအတေပါ။ သက်ထားရေ မင်းထားခဲ့တည်းက ဘဝက ဘယ်လိုမှမလှနိုင်တော့တာ အခုချိန်ထိပဲ ဆေးလိပ်တွေပိုသောက်ဖြစ်တယ် ဆံပင်ရှည်ဘုတ်သိုက်နဲ့ ငါက မင်းရှိတုန်းကနဲ့ လားလားမှမဆိုင်။ မင်းနဲ့ချစ်ခဲ့တဲ့ လူရည်သန့်သန့်နဲ့ကောင်လေးက အတိတ်က မိုးရေတွေကြားတည်းသေဆုံးသွားခဲ့ရပြီ မင်းရှိတဲ့မြို့ကနေအပြန် ဘတ်စ်ကား စီးမဲ့အစား ဆေးလိပ်တစ်လိပ်လက်ကြားညှပ်လို့ မင်းအငွေ့အသက်နဲ့အမှတ်တရတွေကို ငေးမောရင်း တစ်လှမ်းချင်း လှမ်းဖို့တောင်အနိုင်အနိုင်ပြန်လာခဲ့ရတယ်။

  • Today is my birthday🤍🎂

  • ကျနော်က ခရီးလွန်နေတဲ့တိမ်ပါ အခုထိတော့ အိမ်ပြန်မရောက်သေးဘူး လို့ ကျနော်ပြန်ပြောလိုက်တယ်။ ပြီးတော့... အဝေးကြီးဆိုတာ အနီးနားမှာဘယ်သူမှမရှိတော့တာကို ပြောတာမဟုတ်လား လို့ မေးလိုက်တယ်။ ကျနော်တို့က အခုဆို အဝေးကြီးမှာရောက်နေတဲ့ လူတွေပဲမဟုတ်လား။ စစ်ငြိမ်း

  • "ခင်"အသုံးမလိုတော့တဲ့ကမ္ဘာတစ်ခု မေတ္တာမရောက် အလင်းမပေါက်လို့ ပန်းတွေလည်းမပွင့်နိုင်ပါဘူး"ခင်"။ -ဇေး

  • 9 июл.591из aodjdko

    မဖြစ်နိုင်တဲ့အရာတွေအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့တယ် ဒီအရပ်မှာပန်းတွေမပွင့်နိုင်မှန်းသိရက်နဲ့ ဒေစီတွေပျိုးခဲ့တယ်။ -ဇေး

  • без подписи

  • လက်ကလေးတစ်စုံ လွှတ်ပေးလိုက်နိုင်ရင်တောင် မှတ်ဉာဏ်နဲ့ အမှတ်တရတွေကိုတော့ ငါတို့ မလွှတ်ချနိုင်ခဲ့ဘူး ။ ▪️ဂန္ဓမာ

  • ဒီဘဝမှာ ငါ့ကိုပဲ အမြဲတမ်းချစ်မယ့် လူတစ်ယောက်နဲ့ ကြုံကောင်းပါရဲ့၊ ငါကလည်း ငါ့နာကျင်မှုနဲ့ငါ မျက်နှာလွှဲ ခဲပစ်နိုင်ပါရဲ့ ... -သွယ်မြိတ်

  • 5 июл.652из aodjdko

    အချိန်တွေ ၊တိမ်တွေနဲ့ ရာသီဉတုဟာပြောင်းလဲလွယ်တယ်။ မင်းက ငါ ခေတ်ပျက်ကြီးထဲမှာ ရှာတွေ့ခဲ့တဲ့ clover ရွက်ကလေးတစ်ရွက်ပဲ။ အနာတရတွေနဲ့ငါက မင်းကိုမှ တမြတ်တနိုး ပွန်းပဲ့မှာစိုးရတယ်။ -ဇေး

  • ခေတ်သစ်ပြဇာတ် ဂီတာတစ်လက်နဲ့ လမ်းဘေးအုတ်ခုံပေါ် သီချင်းညည်းတာဟာ မှောင်ရိပ်ခိုမှု့ဖြစ်ပြီး လမ်းမီးတိုင်တွေမလင်းတော့တာဟာ တိုင်းပြည်ဘဏ္ဍာချွေတာခြင်းဖြစ်တယ်။ သစ်တစ်ပင်ခုတ်ချင်းဟာ ပြစ်မှု့မြှောက်ပြီး တစ်တောလုံးပြောင်သွားတာဟာ တိုင်းပြည်ကို လုပ်ကျွေးတာဖြစ်တယ်။ လမ်းမပေါ် တက်ခွက်တစ်လုံးနဲ့ လိုက်တောင်းတာဟာ အရှက်မရှိမှု့ဖြစ်ပြီး ဦးထုပ်မဆောင်းလို့ ဆိုင်ကယ်သိမ်းသွားတာဟာ တိုင်းပြည်ရဲ့အဓမ္မစည်းကမ်းဖြစ်တယ်။ Wyတစ်လုံးလက်၀ယ်တွေ့ရှိခြင်းဟာ ထောင်3နှစ်ဖြစ်ပြီး 12ဘီးအပြည့်တင်ဆောင်ချင်းဟာ ပိုင်ရှင်မဲ့ဖြစ်လေတယ်။ ကာယချိန် မြက်နှုတ်ခိုင်းပြီး မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတော့ ငါတို့ကောင်တွေ အရင်ထရယ်တာပဲ ရှင်းထုတ်ပြစ်လိုက်တဲ့ ခြုံတွေကြား ၀ါသနာတွေပါသွားတာ သူတို့မသိဘူး။ လက်၀ါးချင်းရိုက်တဲ့ ဥပဒေတွေ နှုတ်ထွက်သမျှ အမိန့်အာဏာတွေ လက်မှတ်တစ်ခုတည်းနဲ့ စာချုပ်တွေ ကိုယ်ထင်ရာကိုယ်လုပ်ကျတဲ့ ပညာရေးစနစ်ကြီးတွေ ကိုယ်လွတ်ရုန်းပြေးတောင် ခြေရာတွေဟာ အချုပ်ကျမဲ့ တိုင်းပြည် ဘုရားတွေပေါပြီး တရားတွေ ပျောက်နေတဲ့တိုင်းပြည် ခေတ်သစ်ပြဇာတ်ကြီး စတင်ဖွင့်ပါပြီ နောက်ဆုံးက ကြည့်ကြည့် ရှေ့ဆုံးကြည့်ကြည့် အနာဂတ်တွေစတင်ပျောက်ကွယ်ပါတော့မည်။ -ရွက်လှေ

  • အနားကလူတွေနေရာမှာ ပန်းတွေအစားထိုးပစ်လိုက်မယ် ဒီလိုဆို စိတ်ချမ်းသာရမယ်ထင်တာပဲ "လူတွေနည်းနည်း ပန်းတွေများများ" ပေါ့ ။ -ကြည်အေး

  • 23 июн.653из aodjdko

    "အချစ်ရေ ငါဟာ ငရဲမှာ" ငါဟာငရဲမှာအချစ်ရေ အသက်ဘေးကြုံရချိန်မှာတောင်ဘုရားစာ အစားမင်းနာမကိုပဲ တမိတဲ့ငါဟာငရဲမှာ၊ မနက်ခင်းစောစောမှာ မင်းအသံ ကိုကြားရမှ အေးချမ်းတဲ့ငါ့ရဲ့တစ်နေ့တာ၊မင်းမျက်နှာလေးမြင်ရမှာချမ်းမြေ့တဲ့ ငါ့စိတ်နှလုံး ဘယ်လိုပြင်လို့ မုန်းရမလဲ။ မင်းရဲ့လမ်းခွဲဖို့စကားလုံး‌တွေဟာ နွေလယ်ခေါင်ခေါင်မှာ ငါ့ခေါင်းပေါ်တည့်တည့် မိုးကြိုးပြစ်ချလိုက်သလို ငါ့နှလုံးသားပေါ် ဆေးလိပ်မီးနဲ့ ဖိချလိုက်သလို ပူလောင်နာကျင်ရတယ်။ မမုန်းပါနဲ့မမေ့ပါနဲ့ တခြားသူကိုလည်းမချစ်လိုက်ပါနဲ့ ငါ့လို ပြောတိုင်းယုံတဲ့ကောင်ကရှားပြီ၊ညနက်သန်းခေါင် ကယောင်ကတန်းနဲ့မင်းနာမကို ထထယောင်တဲ့ငါ့ကို အခန်းတံခါးဝကငါ့စိတ်ဝိညာဉ်က လှောင်ရယ်ပြတယ်။ သတိရစိတ်က ဖုံးဖိမနိုင်လို့ မင်းရှိမဲ့အရပ်ကို တဝဲလည်လည်လုပ်နေမိတဲ့ငါ့ကိုတွေ့ရင် ပြုံးပြပါ။ "ကမ္ဘာဟာ ရန်ကုန်လောက်ပဲကျယ်ရင်ကောင်းမယ်"လို့မင်းပြောခဲ့တဲ့စကား၊အခုတော့လည်း ရန်ကုန်ဟာအကျယ်ကြီးပါပဲလား အချစ်ရေ။ မတော်တဆ ဆိုပြီး မင်းငါ့ကိုဝင်တိုက်ခဲ့တုန်းက ငါ့နှလုံးသားပါ ပါသွားခဲ့တာကို မင်းနဲ့ဝေးမှ ငါသိလိုက်ရတယ်၊ဖြစ်နိုင်ရင် နောက်တစ်ကြိမ်ပြန်တိုက်မိချင်တယ်၊ အဲ့ဒီအခါကျ မင်းမျက်မှန်လေးငါဖွက်ထားမယ်။ ကမ္ဘာဟာလည်နေတာတဲ့ ငါယုံစားခဲ့တယ်၊ မင်းကို ကမ်းနားလမ်းမှာစောင့်နေခဲ့တယ်၊ ဇင်ယော်တွေလှောင်တယ် လေပြေတွေရယ်တယ်၊ ငါလည်းရယ်ခဲ့ပါတယ်၊နာပါတယ်လို့အော်နေလို့ကော မင်းက ကြားနိုင်မှာတဲ့လား။ ယောင်္ကျားတစ်ယောက်ရဲ့နှလုံးသားမျက်ရည်တွေနဲ့ မာနတွေကို ချ‌ခင်းပေးလိုက်တယ်၊ငါမလိုက်နိုင်‌တော့တဲ့ မင်းရဲ့လမ်းခရီးဖြောင့်ဖြူးပါစေပျော်ရွှင်ပါစေ၊ငါကတော့ ငရဲမှာပေါ့။ -‌ဇေး

  • 22 июн.613из aodjdko

    Oh dear, Stay with me for the rest of my life..