Embassy of Japan in Myanmar
Статистика在ミャンマー日本国大使館 Telegram チャンネル にようこそ! Welcome to the official Telegram Channel of the Embassy of Japan in Myanmar.
- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 556
- 1/48двое суток
- 637
- 1/72трое суток
- 687
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
အိုကာယာမတက္ကသိုလ် (Global Network Project to Promote Study in Japan)၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့နှင့် သြဂုတ်လ ၂၉ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ဤဂျပန်ပညာရေးပွဲတော်သည် ဂျပန်နိုင်ငံတွင်ပညာသင်ယူခြင်းနှင့်ပတ်သက်သော သတင်းအချက် အလက်များကို ရရှိနိုင်မည့်အပြင် ဂျပန်တက္ကသိုလ်များ၊ ပညာတော်သင်ဆုအစီအစဥ်များနှင့် အခြားသက်ဆိုင်ရာသတင်းအချက်အလက်များကိုလည်း လေ့လာသိရှိနိုင်မည့် အဖိုးတန် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ လူကြီးမင်းတို့၏ စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်မှုကို အလေးအနက် ဖိတ်ခေါ်အပ်ပါသည်။ အထူးဝက်ဘ်ဆိုက် : https://www.okayama-u.ac.jp/user/myanmar/prepare2026.html စာရင်းသွင်းလျှောက်ထားရန်ဖောင် : https://forms.gle/UEvGn3NowhL81Eka7 Okayama University (Global Network Project to Promote Study in Japan), The Embassy of Japan in Myanmar and Myanmar Association of Japan Alumni (MAJA) will collaborate to host “Study in Japan Fair 2026 for Myanmar” on 28 and 29 August 2026. This event is an invaluable opportunity to learn more about studying in Japan, including details on Japanese universities, scholarship programs, and other relevant information. We look forward to your kind participation! Special Website: https://www.okayama-u.ac.jp/user/myanmar/prepare2026.html Registration Form: https://forms.gle/UEvGn3NowhL81Eka7
စာရင်းပေးသွင်းမှုများကို ဆက်လက်လက်ခံနေဆဲဖြစ်ပါသည်။ ပါဝင်တက်ရောက်ရန် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ Registration is still open! Don’t miss this great opportunity to join us.
🔔 Holiday Announcement (August)
без подписи
📣၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း 【လျှောက်လွှာဖောင်ပိတ်ရက် _ ဩဂုတ်လ ၂၁ရက် (သောကြာနေ့)】 📣【第27回日本語スピーチコンテスト参加者募集(〆切:8月21日(金))】 https://www.mm.emb-japan.go.jp/itpr_my/20260807_27thSpeechCon.html https://www.mm.emb-japan.go.jp/itpr_ja/20260807_27thSpeechCon.html
📣၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း 【လျှောက်လွှာဖောင်ပိတ်ရက် _ ဩဂုတ်လ ၂၁ရက် (သောကြာနေ့)】 📣【第27回日本語スピーチコンテスト参加者募集(〆切:8月21日(金))】 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး "၂၇ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသည်။ ပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် စကားပြော ပြိုင်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ကြရမည်ဖြစ်ပါသည်။ အသေးစိတ်ကို အောက်ပါ Homepage မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ ပြိုင်ပွဲဝင်အများအပြားက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။ https://www.mm.emb-japan.go.jp/itpr_my/20260807_27thSpeechCon.html 在ミャンマー日本国大使館は、国際交流基金ヤンゴン日本文化センター、ミャンマー元日本留学生協会(MAJA)と共催で、「第27回日本語スピーチコンテスト」を開催します。一次予選通過者が、10月31日(土)に開催されるスピーチコンテスト本選に出場することとなります。 詳細はホームページをご覧ください。 皆様の積極的なご参加を、心よりお待ちしております。 https://www.mm.emb-japan.go.jp/itpr_ja/20260807_27thSpeechCon.html
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်သံရုံး၏ တရားဝင် YouTube Channel တွင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် တင်ဆက်ပေးလျက်ရှိပါသည်။ Subscribe ပြုလုပ်ထား၍ အမြဲမပြတ် စောင့်မျှော်ကြည့်ရှု လေ့လာခြင်းဖြင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနားလည်သိရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ ယခုတစ်ခေါက်တွင် Chiyogami ဂျပန်ရိုးရာအလှစက္ကူများ အကြောင်းကို မိတ်ဆက်ပေးလိုပါသည်။ ဂျပန်၏ သဘာဝအလှတရားကို ဆန်းကြယ်ဝေဆာလှသော ဒီဇိုင်းများနှင့် အရောင်အသွေးများဖြင့် ပုံဖော်ထားသည့် Chiyogami ခေါ် ဂျပန်ရိုးရာအလှစက္ကူများ။ ဂျပန်ရိုးရာ လက်လုပ်စက္ကူများပေါ်တွင် ရေးဆွဲဖန်တီးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုကို အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုပေးပါ။ https://youtu.be/oJh3G6ggFmo
Embassy of Japan in Myanmar pinned «အိုကာယာမတက္ကသိုလ် (Global Network Project to Promote Study in Japan)၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ၂၀၂၆ ခုနှစ်…»
Embassy of Japan in Myanmar pinned a photo
အိုကာယာမတက္ကသိုလ် (Global Network Project to Promote Study in Japan)၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့နှင့် သြဂုတ်လ ၂၉ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ဤဂျပန်ပညာရေးပွဲတော်သည် ဂျပန်နိုင်ငံတွင်ပညာသင်ယူခြင်းနှင့်ပတ်သက်သော သတင်းအချက် အလက်များကို ရရှိနိုင်မည့်အပြင် ဂျပန်တက္ကသိုလ်များ၊ ပညာတော်သင်ဆုအစီအစဥ်များနှင့် အခြားသက်ဆိုင်ရာသတင်းအချက်အလက်များကိုလည်း လေ့လာသိရှိနိုင်မည့် အဖိုးတန် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ လူကြီးမင်းတို့၏ စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်မှုကို အလေးအနက် ဖိတ်ခေါ်အပ်ပါသည်။ အထူးဝက်ဘ်ဆိုက် : https://www.okayama-u.ac.jp/user/myanmar/prepare2026.html စာရင်းသွင်းလျှောက်ထားရန်ဖောင် : https://forms.gle/UEvGn3NowhL81Eka7 Okayama University (Global Network Project to Promote Study in Japan), The Embassy of Japan in Myanmar and Myanmar Association of Japan Alumni (MAJA) will collaborate to host “Study in Japan Fair 2026 for Myanmar” on 28 and 29 August 2026. This event is an invaluable opportunity to learn more about studying in Japan, including details on Japanese universities, scholarship programs, and other relevant information. We look forward to your kind participation! Special Website: https://www.okayama-u.ac.jp/user/myanmar/prepare2026.html Registration Form: https://forms.gle/UEvGn3NowhL81Eka7
без подписи
https://www.facebook.com/StudyinJapanOfficeYangon/posts/pfbid0rWtx2X9mqYqDsDDKFiRskDME98HBZwMCcFi5pvZx1oGuDRT9NTbGhR7mgTt8Vxal
🔔 Holiday Announcement (July)
【ပညာတော်သင်ဆွေးနွေးပွဲ】 【留学アドバイザーによる留学相談会】 ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ သြဂုတ်လ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် Toyo University က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်းရှိပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။ ○ နေ့ရက်နှင့်အချိန်။ ။ သြဂုတ်လ ၅ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၂နာရီ မှ ၄နာရီအထိ ○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom) ○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/tnwEK4XSxJprSRzd6 ○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, Toyo University-Prof. Ikuko OKAMOTO (Faculty of Global and Regional Studies, Graduate School of Global and Regional Studies) ○ မှတ်ချက်။ ။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ကျင်းပမည်ဖြစ်သဖြင့်၊ နောက်တစ်ကြိမ် ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲကို အောက်တိုဘာလတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。8月の相談会は東洋大学の紹介セッションがあります。ご興味のある方はぜひご参加ください! 参加希望の方は以下の予約フォームリンクよりお申し込みください。 ○日時: 2026年8月5日(水)14時~16時 ○開催形式: オンライン(Zoom) ○予約フォームリンク: https://forms.gle/tnwEK4XSxJprSRzd6 ○アドバイザー: MAJA、OJEIC ○ゲスト: 東洋大学 岡本郁子教授(国際学部国際地域学科、国際学研究科国際地域学専攻) ○その他: 2026年8月28日~8月29日に、「2026年度ミャンマー向け日本留学フェア (Study in Japan Fair 2026 for Myanmar)を開催しますので、次回の留学相談会は10月開催となります。
【ပညာတော်သင်ဆွေးနွေးပွဲ】 【留学アドバイザーによる留学相談会】
●Calling Entries for JENESYS2026 “ASEAN - Japan Sports (RUGBY) x SDGs Exchange for Youths”. The Embassy of Japan in Myanmar is currently calling 6 participants for JENESYS2026 “ASEAN-Japan Sports (RUGBY) x SDGs Exchange for Youths”. High school students who are interested in Sustainable Development Goals (SDGs) and Rugby are welcomed to apply. (※Those who do not have Rugby experience can also apply.) 【Date】 October 27, 2026 – November 3, 2026 ※Online Pre-Exchange Program: 20 October 2026 (TUESDAY) 【Place】 Tokyo and Local Cities in Japan 【Target】 Myanmar High School Students 【Language】 English(Burmese interpretation is available) 【Application Deadline】 31 JULY 2026 (FRIDAY) ※Selected persons will be contacted via email. ☟Click here for Qualifications for participants and Application Form☟ https://forms.gle/2zgEi7Qvdmy8vKDT6
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်သံရုံး၏ တရားဝင် YouTube Channel တွင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် တင်ဆက်ပေးလျက်ရှိပါသည်။ Subscribe ပြုလုပ်ထား၍ အမြဲမပြတ် စောင့်မျှော်ကြည့်ရှု လေ့လာခြင်းဖြင့် ဂျပန်နိုင်ငံအကြောင်းကို ပိုမိုနားလည်သိရှိနိုင်မည်ဟု မျှော်လင့်ပါသည်။ ဂျပန်နိုင်ငံ၏ Anime နှင့် Manga များသည် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစား လူကြိုက်များလျက်ရှိပြီး ဇာတ်ကောင်တစ်ဦးချင်းစီ၏ ဝတ်စားဆင်ယင်မှုနှင့် ဆံပင်ပုံစံများကို တုပဆင်ယင်ကာ သရုပ်ဖော်ပြသခြင်းကို Cosplay ဟုခေါ်ပါသည်။ ဂျပန်နိုင်ငံတွင် လူငယ်အများအပြားက Cosplay သရုပ်ဖော်ပြသခြင်းကို အလွန်ပင်နှစ်ခြိုက်သဘောကျ လျက်ရှိပြီး အများစုမှာ အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်ကြပါသည်။ ဗီဒီယိုကို အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုပေးပါ။ https://youtu.be/8-ps5W8TdnM#japa #Japaneseculture #cosplay
From June 6 to 7, a ceremony and the Mandalay Japan Festival were held to commemorate the 10th anniversary of the founding of Myanmar-Japan Alliance Business Association (MABA). Mr. YOSHITAKE Shogo, Chargé d’affaires ad interim, attended the ceremony and the Mandalay Japan Festival. He celebrated the 10th anniversary of MABA, expressed his respect for its activities and achievements, and conveyed his hope for its continued growth and success. He attended the ceremony and the Mandalay Japan Festival. Through events like this, we hope that the people of Mandalay will experience Japan more closely and make our ties even stronger. In addition, the opening ceremony of the Japan Foundation’s overseas touring exhibition “Tokyo Before/After,” which takes place from June 6 to 27, was held on June 6 at the Jefferson Center Mandalay of the United States of America, and Mr. YOSHITAKE Shogo attended the ceremony. We hope this exhibition will provide an opportunity for visitors to deepen their understanding of Tokyo’s transformation as a city and the cultural connection between Japan and the United States of America. Moving forward, we will seize opportunities like this to cooperate betweenJapan and the United States of America and actively promote cultural exchange in Myanmar. The two top photos : the MABA 10th Anniversary Event The two bottom photos : the “Tokyo Before/After” Exhibition @JCM #MABA10thAnniversary #tokyobeforeafter
(English version is below.) 📢မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် နှင့် “Tokyo Before/After” ဂျပန်ဓာတ်ပုံအနုပညာပြပွဲအခမ်းအနား သို့ တက်ရောက်ခြင်း 📢Attendance at the MABA 10th Anniversary Event and the Opening Ceremony of the “Tokyo Before/After” Exhibition ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ မှ ၇ရက်နေ့အထိ မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ် အခမ်းအနားနှင့် မန္တလေးမြို့ ဂျပန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo သည် အထိမ်းအမှတ်အခမ်းအနားနှင့် မန္တလေးမြို့ဂျပန်ပွဲတော်သို့ တက်ရောက်ခဲ့ပြီး၊ မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA)၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲအတွက် ဂုဏ်ပြုအမှာစကားပြောကြားကာ ၎င်း၏လှုပ်ရှားဆောင်ရွက်မှုများနှင့် ထူးချွန်သောရလဒ်များအပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုတိုးတက်အောင်မြင်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဤအထိမ်းအမှတ်ပွဲတော်မှတစ်ဆင့် မန္တလေးမြို့သူမြို့သားများအတွက် ဂျပန်နိင်ငံနှင့် ပိုမိုရင်းနှီးနီးကပ်သလို ခံစားရစေပြီး၊ ဂျပန်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးသည် ပိုမိုခိုင်မာကောင်းမွန်လာမည်ဟု မျှော်လင့်လျက်ရှိပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့မှစတင်ကာ ၂၇ ရက်နေ့အထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) က ကြီးမှုးကျင်းပသည့် "Tokyo Before/After" အမည်ရှိသော ဂျပန်ဓာတ်ပုံအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ထိုနေ့ ဇွန်လ ၆ ရက်နေ့၌ပင် မန္တလေးမြို့ရှိ အမေရိကန် Jefferson Center တွင် ကျင်းပခဲ့ပြီး၊ ဂျပန်သံရုံး၏ သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo တက်ရောက်ခဲ့ပါသည်။ ၎င်းအနုပညာပြပွဲသည် လာရောက်ကြည့်ရှု့သူများအတွက် Tokyo မြို့၏ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာပုံနှင့် ဂျပန်-အမေရိကန် နှစ်နိုင်ငံ၏ ယဥ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများအပေါ် နားလည်မှု ပိုမိုနက်ရှိုင်းစေနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်လာစေရန် မျှော်လင့်ပါသည်။ နောင်အနာဂတ်တွင်လည်း ဤကဲ့သို့သော အခွင့်အလမ်းများကိုအသုံးချ၍ ဂျပန်-အမေရိကန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံအတွင်း ယဥ်ကျေးမှုနှီးနှောဖလှယ်ရေးလုပ်ငန်းစဉ်များကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားပါမည်။ အပေါ်ဓာတ်ပုံ ၂ပုံ - မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် အောက်ဓာတ်ပုံ ၂ပုံ -- TOKYO Before/After ဂျပန်ဓာတ်ပုံအနုပညာပြပွဲအခမ်းအနား @JCM
без подписи