Essential English Grammar
Статистика- Последний пост
- 27 сент. 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
"ခွင့်ပြုပါတယ်" တစ်ခုခုလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးတယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ်မှာကို မတားထားဘူး ဆိုတာကို ပြောဖို့ allow, permit နဲ့ let တို့ကို သုံးလို့ရပါတယ်။ permit က formal ဖြစ်တဲ့ စကားလုံးပါ။ allow နဲ့ permit ကို အရင်ကြည့်ရအောင်။ 💟 allow နဲ့ permit ရဲ့နောက်မှာ object နဲ့ to-infinitive ပုဒ်စု လိုက်ပါတယ်။ ဥပမာ 🔸 He allowed me to take the course. သူက ကျွန်တော့်ကို သင်တန်းတက်ခွင့်ပြုတယ်။ 🔸 They do not permit the students to use calculators in exams. ကျောင်းသားတွေကို စာမေးပွဲတွေမှာ ဂဏန်းတွက်စက်သုံးခွင့် မပြုဘူး။ ဒီစကားလုံးတွေကို passive ပုံစံနဲ့ သုံးလည်း ရပါတယ်။ လူတွေကို လုပ်ခွင့်မပြုဘူး၊ people are not allowed / permitted to do something စသည်ဖြင့်ပေါ့။ ဥပမာ 🔹 Visitors are not allowed to take photographs in the museum. ဧည့်သည်တွေကို ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့် မပြုဘူး။ 🔹 Children are not permitted to use the swimming pool. ကလေးတွေကို ရေကူးကန်သုံးခွင့် မပြုထားဘူး။ တစ်စုံတစ်ခုကို လုပ်ခွင့်မပြုတာကိုလည်း ပြောလို့ ရပါတယ်။ something is not allowed / permitted စသည်ဖြင့်။ 🔸 Running is not allowed in the school. ကျောင်းထဲမှာ ပြေးတာကို ခွင့်မပြုဘူး။ 🔸 Picnics are not permitted in the park. ပန်းခြံထဲမှာ ပျော်ပွဲစားထွက်တာတွေကို ခွင့်မပြုဘူး။ let အကြောင်းကိုလည်း ကြည့်ရအောင်။ ♦️ let ရဲ့နောက်မှာ object နဲ့ infinitive လိုက်တယ်။ ဒါပေမဲ့ to မပါဘူးနော်။ ဥပမာ 🔹 I doubt my parents will let me go. ငါ့ရဲ့မိဘတွေက ငါ့ကို သွားခွင့်ပြုပါ့မလားလို့ သံသယဖြစ်မိတယ်။ let ကိုတော့ passive မှာ သုံးလေ့မရှိဘူး။ ဒါကြောင့် She was let go to the party. စသည်ဖြင့် ပြောလို့ မရဘူး။ ခွင့်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်ချင်းတူတာတောင် သုံးစွဲပုံတွေ မတူတာ သတိထားမိမယ်နော်။ နှိုင်းယှဉ်ကြည့်ရင် ဒီလိုပုံစံလေးတွေ တွေ့မယ်။ ✅ allow + object + to-infinitive ✅ permit + object + to-infinitive ✅ be allowed / permitted to do something (Passive) ✅ let + object + infinitive without to ခုပြောခဲ့တဲ့ စကားလုံးတွေကို enable ဆိုတဲ့ စကားလုံးနဲ့ မရောထွေးပါနဲ့။ enable ကို အင်္ဂလိပ်လို ရှင်းလင်းချက်လေး ကြည့်မယ်ဆိုရင် ♦️ To enable someone to do something means to give them the opportunity to do it. It does not mean to give them permission to do it. ♦️ တစ်စုံတစ်ယောက်ကို တစ်ခုခု လုပ်နိုင်စေတယ်ဆိုတာ သူတို့ကို အဲဒါလုပ်ဖို့ အခွင့်အရေး ပေးတယ်လို့ ဆိုလိုပါတယ်။ သူတို့ကို လုပ်ဖို့ ခွင့်ပြုချက်ပေးတယ်လို့ မဆိုလိုပါဘူးတဲ့။ ဥပမာ 🔸 Contraception enables people to plan their families. သန္ဓေတားတယ်ဆိုတာက လူတွေကို သူတို့ရဲ့ မိသားစုတွေ အစီအစဉ်ချနိုင်စေပါတယ်။ 🔹 The new test should enable doctors to detect the disease early. စမ်းသပ်မှုအသစ်က ဆရာဝန်တွေကို ရောဂါ စောစီးစွာ ရှာဖွေတွေ့ရှိစေနိုင်မှာပါ။ Ref: Collins Cobuild English Usage 🔸🔹🔸🔹
без подписи
без подписи
без подписи
အင်္ဂလိပ်မဆန်တဲ့ အင်္ဂလိပ်စကားများ
💓 သင်္ကြန်အကြောင်း ပြောရအောင် 💓 သင်္ကြန်အကြောင်း ပြောပါ၊ ရေးပါဆိုရင် သင်္ကြန်အကြောင်းသိဖို့နဲ့ ဝေါဟာရတွေ သိထားဖို့လိုပါတယ်။ သင်္ကြန်အကြောင်းကို ပြောလို့၊ ရေးလို့ကောင်းအောင် အစဉ်အတိုင်း စဉ်းစားကြည့်မယ်။ အဓိပ္ပာယ် ----------- 📅 သင်္ကြန် = ပြောင်းလဲခြင်း (change) သက္ကတ ဘာသာစကား (Sanskrit)က လာပါတယ်။ ✒ Thingyan is a word derived from Sanskrit, that means change and accordingly, the Thingyan Festival marks the changing of the old year to the new. သင်္ကြန်ဆိုတာ သက္ကတဘာသာစကားက ဆင်းသက်လာပြီး ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းခြင်းကို အမှတ်အသားပြုပါတယ်။ ကျရောက်သည့်လ၊ ကြာချိန်ကာလ --------------------------------------- 📅 မြန်မာပြက္ခဒိန်မှာ ပထမလတဲ့ဖြစ်တဲ့ တန်ခူးလ (Dagu, the first month of the Myanmar calendar) 📅 ဧပြီလ (April) 📅 သုံးရက်သို့မဟုတ် လေးရက်ကြာ (last for three or four days) ✏ သင်္ကြန်အကြို = Thingyan Eve ✏ သင်္ကြန်အကျ = Thingyan Commencement Day ✏ သင်္ကြန်အကြတ် = Thingyan Intermediate Day ✏ သင်္ကြန်အတက် = Thingyan Final Day ✏ နှစ်ဆန်းတစ်ရက် = the Myanmar New Year Day ရည်ရွယ်ချက် --------------- (1) နှစ်ဟောင်းက အပြစ်၊ အညစ်အကြေးတွေကို ဆေးကြောပစ်တဲ့သင်္ကေတအနေနဲ့ (as a symbol of washing away the impurities or sins of the old year) (2) နွေလလယ်ရဲ့ အပူဒဏ်က သက်သာရာရဖို့ (to get relief from the midsummer heat) (3) ပျော်ဖို့ (to have fun) သင်္ကြန်ကာလအတွင်း လုပ်ဆောင်ချက် ------------------------------------------ ✏ ရေပက်/ရေလောင်း (throw or pour water) ✏ ရေပက်ခံ (receive water-throwing) ✒ Some people go round the town in cars to receive water throwing. တချို့သူတွေက ကားနဲ့ မြို့ထဲလှည့်လည်ပြီး ရေပက်ခံထွက်ကြတယ်။ ✏ ရေပက်ခံရတဲ့အခါ စိတ်မဆိုး ✒ People take no offence when they are doused, knowing that water-throwing is a deep-rooted custom. ရေပက်တယ်ဆိုတာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ဓလေ့ထုံးစံဆိုတာ သိကြတော့ လူတွေက ရေပက်ခံရတဲ့အခါ စိတ်မဆိုးဘူး။ ✏ ဥပုသ်စောင့် = observe/keep Sabbath ✏ တရားနာ = listen to sermons ✏ တရားထိုင် = sit in meditation ✏ ပုတီးစိပ် = tell beads ✏ စတုဒိသာကျွေး = feed people from the four points of the compass ✒ The custom of feeding-people-from-the-four-points-of-the compass s a deep-rooted tradition of Thingyan. စတုဒိသာကျွေးတဲ့ ဓလေ့ဟာ သင်္ကြန်ရဲ့ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ထုံးတမ်းအစဉ်အလာပါပဲ။ နေရာများ/လူများ/အခမ်းအနားများစသည် --------------------------------------------- ✏ ရေပက်မဏ္ဍပ်များ = water-throwing pandals ✏ ရေကစားပျော်မြူးသူများ = revellers ✒ There are pandals everywhere and revellers are entertained with songs and dances. နေရာတိုင်းမှာ မဏ္ဍပ်တွေရှိပြီး ရေကစားပျော်မြူးသူများကို သီချင်းတွေ၊ အကတွေနဲ့ ဖျော်ဖြေတယ်။ ✏ ဂီတအဖွဲ့များ = music troops ✏ ရှင်ပြုပွဲ = novitiation ceremony ✏ ပဉ္စင်းခံပွဲ = ordination ceremony ✒ The prices of foodstuffs and offerings go up around Thingyan as many novitiation and ordination ceremonies are held then. သင်္ကြန်ပတ်ဝန်းကျင်တွင် ရှင်ပြုပွဲနှင့် ပဉ္စင်းခံပွဲများကျင်းပကြသည့်အတွက် အစားအသောက်ပစ္စည်းများ စျေးတက်သည်။ ✏ ဘုန်းကြီးကျောင်း = monastery ✏ တရားစခန်း = meditation centre ✏ သံချပ် = Thangyats or rhymed couplets ယုံကြည်ချက်ဆိုင်ရာ ---------------------- ✏ သိကြားမင်း = Indra, a superior kind of god ✒ It is believed that the Thagyamin (Indra) comes down to the earth from Tawadeintha, his celestrial abode, once a year. သိကြားမင်းဟာ သူ့ရဲ့တာဝတိံသာနတ်ဘုံကနေ ကမ္ဘာမြေကို တစ်နှစ်တစ်ခါ ဆင်းသက်လာတယ်လို့ ယုံကြည်ကြတယ်။ ✒ He makes the descent on Thingyan Commencement Day and the ascent on Thingyan Final Day. သူဟာ သင်္ကြန်အကျနေ့မှာ ဆင်းလာပြီး သင်္ကြန်အတက်နေ့မှာ ပြန်တက်သွားတယ်။ ရာသီပန်း ---------- ✏ ပိတောက် = gumkino flowers အနှစ်ချုပ် ----------- ✏ အခြေခံအချက် - ဘာသာရေးပွဲတော် (religious festival) ✏ အဓိကအင်္ဂါရပ် = ရေလောင်းခြင်း (water-throwing) ✒ Although Thingyan is a religious festival basically, its main feature is water-throwing. သင်္ကြန်သည် အခြေခံအားဖြင့် ဘာသာရေးပွဲတော်ဖြစ်သော်လည်း ၄င်း၏အဓိကအင်္ဂါရပ်မှာ ရေလောင်းခြင်းဖြစ်သည်။ References (1) ချက်ချင်းတတ် အင်္ဂလိပ်ဝါကျအလှပဒေသာ (ဘဝသစ် ဦးအောင်ကျော်) (2) ပွဲတော်ပဒေသာ (စိုင်းအောင်ဝင်း) (3) Presenting Myanmar (Maung Kyaa Nyo)
без подписи
Great Writing စာအုပ်တွဲတွေက Foundation ပါ ထည့်ရေမယ်ဆိုရင် စုစုပေါင်း ခြောက်အုပ်ရှိပါတယ်။ လေ့ကျင့်ခန်းများများနဲ့ အခြေခံကစပြီး လေ့လာလို့ရတဲ့ စာအုပ်တွေမို့ အချိန်ယူပြီး သေချာသင်ပေးတာ၊ လေ့ကျင့်တာဆိုရင် အကျိုးရှိပါတယ်။ တော်တော်များများ သိကြတဲ့ စာအုပ်ပါ။ ခု နောက်ဆုံးထွက် 5th edition စာအုပ်တွေကို လွယ်လွယ်ကူကူ Download ယူနိုင်အောင် Telegram ကနေ တင်ပေးထားပါတယ်။ Foundation https://t.me/essentialSayaSithuHtet/1000 1 https://t.me/essentialSayaSithuHtet/1001 2 https://t.me/essentialSayaSithuHtet/1002 3 https://t.me/essentialSayaSithuHtet/1003 4 https://t.me/essentialSayaSithuHtet/1004 5 https://t.me/essentialSayaSithuHtet/1005
"Preparatory it" တချို့ကျောင်းသားတွေက ဝါကျအစမှာတွေ့တဲ့ စကားလုံးတွေကို Subject လို့ပဲ ပုံသေမှတ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဝါကျတစ်ခုက ဘာအကြောင်းကို အဓိက ပြောချင်တာလဲ။ အဲဒီအကြောင်းအရာက Subject ပါ။ “မင်းနဲ့စကားပြောရတာ ကောင်းတယ်” ဆိုပြီး ပြောတယ်ဆိုပါတော့။ ဘယ်အကြောင်းအရာကို ပြောချင်တာလဲ။ “မင်းနဲ့ စကားပြောရတာ” ပေါ့။ အင်္ဂလိပ်လို to talk to you လို့ ရေးနိုင်တယ်။ “ကောင်းတယ်” ဆိုတာကတော့ is good လို့ ပြောမယ်။ ဒါဆိုရင် To talk to you is good. လို့ ရေးနိုင်မလား။ ရေးရင်တော့ မှားတယ်လို့မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း ဝါကျတစ်ကြောင်းရဲ့ Subject က infinitive ပုံစံဖြစ်နေရင် (ဆိုလိုတာက to + verb တစ်ခုရဲ့ အခြေခံပုံစံဖြစ်နေရင်) အဲဒါကို ဝါကျရဲ့ရှေ့မှာ ထားလေ့မရှိပါဘူး။ ဒါဆိုရင် ဘာလုပ်သလဲ။ preparatory subject နဲ့ စပြီး infinitive ကို နောက်မှာထားလေ့ရှိပါတယ်။ (preparatory ဆိုတာက “အကြိုဖြစ်သော” လို့ ဆိုလိုပါတယ်။) Preparatory it က be+adjective/ noun ပုံစံတွေနဲ့ အတွေ့ရများပါတယ်။ It’s nice to talk to you. မင်းနဲ့စကားပြောရတာ ကောင်းတယ်။ (ဒီလိုပြောတာက To talk to you is nice. လို့ပြောတာထက် ပိုပြီး သဘာဝကျတယ်) နောက်ထပ်ဝါကျတွေကို လေ့လာကြည့်ပါဦး။ It was stupid of you to leave the door unlocked. မင်း တံခါးကို သော့မခတ်ဘဲထားခဲ့တာ မိုက်တာပဲ။ It’s important to book in advance. ကြိုပြီး နေရာမှာထားဖို့ အရေးကြီးတယ်။ It’s my ambition to run a three-hour marathon. သုံးနာရီကြာတဲ့ မာရသွန်ပြိုင်ပွဲမှာ ဝင်ပြေးဖို့က ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပဲ။ It upsets me to hear people arguing all the time. လူတွေ တစ်ချိန်လုံး ငြင်းခုံနေတာကို ကြားရတာ ငါစိတ်မချမ်းသာဘူး။ Preparatory subject နဲ့ for+object+infinitive ပုံစံလည်း ဖြစ်နိုင်ပါတယ်။။ It will suit me best for you to arrive at about ten o’clock. မင်းဆယ်နာရီလောက် ရောက်လာတာ ငါ့အတွက်အဆင်အပြေဆုံးဖြစ်လိမ့်မယ်။ It’s essential for the papers to be ready before Thursday. ကြာသပတေးနေ့မတိုင်ခင် စာရွက်စာတမ်းတွေ အဆင်သင့်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တယ်။ ဒီတစ်ခါ ဝါကျတစ်ကြောင်းကို ကြည့်ပါဦး။ It’s probable that we’ll be late. တို့ နောက်ကျနိုင်တယ်။ (တို့နောက်ကျမှာ ဖြစ်နိုင်တယ်) ဒီဝါကျမှာလည်း preparatory it ကို သုံးထားတယ်။ ဒါပေမဲ့ subject က to+infinitive မဟုတ်တော့ဘူး။ that we’ll be late တို့နောက်ကျမှာ ဆိုတဲ့ ပုဒ်စု (clause) ဖြစ်နေတယ်။ ဒီတော့ နောက်ထပ် အသုံးလေးတစ်ခု မှတ်ပါဦး။ ဝါကျတစ်ခုရဲ့ subject ကိုယ်တိုင်က clause ဖြစ်နေရင် preparatory it ကို သုံးပါတယ်။ ဥပမာ ဝါကျလေးတွေ ကြည့်ပါ။ It doesn’t interest me what you think. မင်းတွေးတာ ငါစိတ်မဝင်စားဘူး။ It’s surprising how many unhappy marriages there are. မပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝတွေအများကြီးရှိတာ အံ့သြစရာပဲ။ It’s exciting when a baby starts talking. ကလေးတစ်ယောက် စပြီး စကားပြောတတ်တဲ့အခါ စိတ်လှုပ်ရှားစရာပါ။ Ref: Practical English Usage
♥ တစ်စုံတစ်ခုက တခြားတစ်ခုကို ဖုံးအုပ်ပြီး ထိနေတယ်ဆိုရင် over သုံးရတယ်။ above မသုံးရဘူး။ She put a quilt OVER the bed. သူက အိပ်ရာပေါ်ကို အိပ်ရာဖုံး ထားခဲ့တယ်။ ♥ တစ်စုံတစ်ခုထက် ပိုမြင့်တဲ့နေရာကနေ ရေပြင်ညီလှုပ်ရှားမှုအတိုင်း သွားတာမျိုးကို ပြောဖို့အတွက်လည်း over သုံးလေ့ရှိပါတယ်။ I saw the helicopter fly out OVER the water, near the fishing boat. ရဟတ်ယာဉ်ကြီး ငါးဖမ်းလှေအနားကနေ ရေအပေါ်ပျံသွားတာ ကျွန်တော်တွေ့ခဲ့တယ်။ ♥ Below က above ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ under ကတော့ over ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ below နဲ့ under ကွာခြားပုံက above နဲ့ over ကွာသလိုပါပဲ။ It’s hard to believe that there is a railway line BELOW/ UNDER the building. ဒီအဆောက်အဦးရဲ့ အောက်မှာ မီးရထားလမ်းရှိတယ်ဆိုတာ ယုံဖို့ ခက်တယ်။ (နိမ့်တဲ့နေရာမှာ ရှိနေတာ) Her head was BELOW the level of the table and nobody noticed her. သူ့ရဲ့ခေါင်းက စားပွဲရဲ့အမြင့်အောက်မှာ ရှိနေတယ်။ ဘယ်သူမှ သူ့ကို သတိမထားမိခဲ့ဘူး။ (တိုက်ရိုက်အောက်ရောက်နေတာ မဟုတ်) She hid the presents UNDER a blanket. သူက လက်ဆောင်တွေကို စောင်အောက်မှာ ဝှက်ခဲ့တယ်။ (စောင်ကလက်ဆောင်ကို ဖုံးထားပြီး ထိလည်း ထိနေတယ်) Esther ran UNDER the bridge. အက်စ်သာက တံတားအောက်မှာ ပြေးခဲ့တယ်။ (ပိုနိမ့်တဲ့နေရာကနေ ရေပြင်ညီအတိုင်း လှုပ်ရှားနေတာ) ♥ Underneath ကို under အစား နေရာပြတဲ့ ဝိဘတ်အဖြစ်သုံးနိုင်တယ်။ beneath ကိုတော့ တစ်ခါတစ်ရံမှာ under တို့ below တို့ကို ပိုပြီးထည်ထည်ဝါဝါရှိအောင် အစားထိုးသုံးတယ်။ ♥ တစ်စုံတစ်ခုက နေရာတစ်ခုရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိတာကိုအလေးပေးပြောချင်ရင် throughout ကို သုံးနိုင်ပါတယ်။ The flower is found THROUGHOUT the island. ဒီပန်းကို ကျွန်းအနှံ့မှာ တွေ့ရတယ်။ The same laws apply THROUGHOUT Europe. ဥရောပတစ်ခွင်မှာ ဒီဥပဒေတစ်ခုတည်းပဲ ကျင့်သုံးတယ်။ စည်သူထက် Ref: Advanced Grammar in Use (Martin Hewings)
“PREPOSITIONS OF POSITION AND MOVEMENT” တည်နေရာတို့၊ လှုပ်ရှားမှုတို့ အကြောင်းပြောပြတဲ့ preposition တွေ အကြောင်း ကြည့်ကြမယ်။ စိတ်ဝင်စားစရာကောင်းသလို အသုံးလည်းဝင်တာပေါ့။ ကဲ..စစချင်း ဒီနှစ်ခုကို ကြည့်ရအောင်။ “across, over” across နဲ့ over ကို “တခြားတစ်ဖက်မှာရှိတဲ့ နေရာ”၊ ဒါမှမဟုတ် “လမ်း၊ တံတား၊ မြစ်၊ နယ်စပ် စတာတွေရဲ့ တခြားတစ်ဖက်ကို သွားခြင်း” ကို ပြဖို့ သုံးသတဲ့။ ဒီအတိုင်း ပြောပြရုံနဲ့ ဘယ်သဘောပေါက်ပါ့မလဲ။ ဒါကြောင့် ဥပမာလေးတွေ ကြည့်ပါ။ Mike lives in the house ACROSS/ OVER the road from ours. မိုက်ခ်က တို့အိမ်ရဲ့လမ်းတစ်ဖက်က အိမ်မှာနေတယ်။ The truck came towards them ACROSS/ OVER the bridge. ကုန်တင်ကားကြီးက တံတားပေါ်ကဖြတ်ပြီး သူတို့ဆီလာတယ်။ Once she was ACROSS/ OVER the border, she knew she would be safe. နယ်စပ်တစ်ဖက်မှာရှိရင် သူလုံခြုံမယ်ဆိုတာ သိတယ်။ အခုပြောခဲ့တာက နှစ်ခုစလုံးရဲ့ ယေဘုယျသုံးစွဲပုံတွေပေါ့။ သီးသန့်သုံးစွဲပုံတွေလည်းရှိသေးတယ်။ နှိုင်းယှဉ်ကြည့်ကြမယ်။ ♥ မြင့်တဲ့တစ်စုံတစ်ခုရဲ့ တစ်ဖက်ကို ရောက်တာကို ပြောချင်ရင် over သုံးရတယ်။ ဥပမာ- He jumped OVER the fence into the garden. သူက ခြံစည်းရိုးကိုကျော်ပြီး ဥယျာဉ်ထဲ ခုန်ချတယ်။ (တစ်ဖက်ကနေ တခြားတစ်ဖက်ကို သွားတာပါပဲ။ ဒါပေမဲ့ ခြံစည်းရိုးဆိုတာ အမြင့်မဟုတ်လား။ အဲဒီလို မြင့်တဲ့တစ်ခုခုကို ကျော်ပြီး တခြားတစ်ဖက်ကို သွားတာကို across သုံးမှာထက် over သုံးတာ ပိုသင့်တော်တယ်) ♥ ပြန့်တဲ့ မျက်နှာပြင်မျိုး၊ ဒါမှမဟုတ် တိုင်းပြည်လို၊ ပင်လယ်လို နေရာမျိုးအကြောင်းကို ပြောမယ်ဆိုရင်တော့ across ကို ပိုသုံးပါတယ်။ The figures moved rapidly ACROSS the screen. ဖန်သားပြင်ကို ဖြတ်ပြီး ရုပ်ပုံတွေ လျင်မြန်စွာလှုပ်ရှားနေတယ်။ (ပြန့်တဲ့ မျက်နှာပြင် အကြောင်းပြောတာမို့ over မသုံးဘဲ across သုံးတာ) The programme was broadcast ACROSS Australia. ဒီအစီအစဉ်ကို သြစတေးလျမှာ ထုတ်လွှင့်ခဲ့တယ်။ (တိုင်းပြည်အကြောင်း ပြောတာမို့) ♥ “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးမှာ”၊ ဒါမှမဟုတ် “နေရာတစ်ခုရဲ့ အစိတ်အပိုင်းအားလုံးသို့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် all over သုံးပါတယ်။ all across မသုံးပါဘူး။ လေးနက်စေချင်တဲ့အခါမှာတော့ right across သုံးတတ်ပါတယ်။ The disease has now spread ALL OVER the world. (or..(right) across the world) ဒီရောဂါက တစ်ကမ္ဘာလုံးကို အခုပြန့်နှံ့သွားတယ်။ ဒီတစ်ခါမှာတော့ နောက်ထပ် preposition နှစ်ခုကို နှိုင်းယှဉ်ပြောရအောင်။ Along, through ♥ လမ်း၊ မြစ် စတာတွေရဲ့ လမ်းကြောင်းအတိုင်း လိုက်သွားတာကို ပြောဖို့ along သုံးပါတယ်။ They walked ALONG the footpath until they came to a small village. ရွာလေးတစ်ရွာကို ရောက်တဲ့အထိ သူတို့လူသွားလမ်းလေးအတိုင်း လျှောက်ခဲ့တယ်။ ♥ ဘေးနားဝန်းကျင်တစ်ခုလုံးမှာ အရာဝတ္ထုတို့ရှိတဲ့ သုံးဘက်မြင်နေရာမှာ လှုပ်ရှားမှုအကြောင်း အလေးပေးပြောချင်ရင် through သုံးရတယ်။ (We use through to emphasize that we are talking about movement in a three dimensional space, with things all around.) He pushed his way THROUGH a crowd of people to get to her. သူမဆီကိုရောက်ဖို့ သူက လူအုပ်ကြီးကိုဖြတ်ပြီး တိုးဝှေ့သွားခဲ့ရတယ်။ တစ်ခုပြောစရာရှိတယ်။ ဘေးမှာအရာဝတ္ထုတွေရှိတဲ့ တစ်ခုခုအတွင်းကို ပြောတာတော့ ဟုတ်ပါပြီ။ ဒါဆိုရင် in နဲ့ ဘာကွာမလဲပေါ့။ ဒီလိုပါ။ through က နေရာတစ်ခုရဲ့ တစ်ဖက်၊ ဒါမှမဟုတ် အစွန်းတစ်ခုကနေ တခြားတစ်ခုကို ရွှေ့ရှားမှုကို ရည်ညွှန်းပါတယ်။ She walked THROUGH the forest to get to her grandmother’s house. သူက အဘွားအိမ်ကို ရောက်ဖို့ သစ်တောကို ဖြတ်ပြီးလမ်းလျှောက်ခဲ့တယ်။ ဒီစာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။ She spent a lot of her free time walking IN the forest. သူက သစ်တောထဲမှာ လမ်းလျှောက်ပြီး သူ့ရဲ့အားလုပ်ချိန်အများအပြားကို ကုန်ဆုံးစေခဲ့တယ်။ ဒီအချက်တွေ နားလည်ပြီဆိုရင် နောက်ထပ် preposition တွေအများကြီး အကြောင်းပြောရအောင်။ Above, over; below, under; beneath, underneath; throughout ♥ Above နဲ့ over နှစ်ခုစလုံးကို အရာဝတ္ထုတစ်ခုက တခြားတစ်ခုထက် ပိုမြင့်တဲ့နေရာမှာ ရှိနေတဲ့အကြောင်းကို ပြောဖို့ သုံးတယ်။ Above/ Over the door was a sign saying, “Mind your head’. တံခါးပေါ်မှာ “ခေါင်းသတိထားပါ” လို့ ပြောထားတဲ့ သင်္ကေတရှိတယ်။ ♥ အရာဝတ္ထုတစ်ခုက တခြားအရာအပေါ်ကို တိုက်ရိုက်ရောက်မနေတဲ့အခါမှာ above ကို ပိုသုံးပါတယ်။ The lived in a village in the mountains ABOVE the lake. သူတို့က ကန်အပေါ်က တောင်တန်းတွေကြားထဲမှာရှိတဲ့ ရွာမှာနေတယ်။ (အပေါ်မှာ တိုက်ရိုက်ကြီး ရှိနေတာ ဘယ်ဟုတ်ပါ့မလဲ) The bird hovered just few metres ABOVE/ OVER the lake. ငှက်က ကန်အပေါ်ဘက် မီတာအနည်းငယ်အကွာကနေ ဝဲပျံခဲ့တယ်။ (ဒါကတော့ ကန်အပေါ်မှာ တိုက်ရိုက်ကို ပျံနေတာ)
Loving vs lovely ============ Loving နဲ့ lovely က ရောတတ်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီတော့ မမှားရအောင် ကွဲကွဲပြားပြား မှတ်ကြပါမယ်။ Loving က မြန်မာလိုဆိုရင် “ချစ်ခင်သော၊ ကြင်နာသော” လို့ အဓိပ္ပာယ်ရတယ်။ အင်္ဂလိပ်လို မှတ်ထားချင်ရင်တော့ feeling or showing love and care for somebody/something လို့ မှတ်ထားနိုင်ပါတယ်။ ဥပမာ - the confidence he had gained from having a warm and loving family နွေးထွေးပြီး ချစ်ခင်ကြင်နာတဲ့မိသားစုရှိတာကနေ သူ ရထားတဲ့ မိမိကိုယ်မိမိ ယုံကြည်မှု What that child needs is plenty of loving care. ဒီကလေးလိုတာက ချစ်ခင်ဂရုစိုက်မှုတွေ အများကြီး ဖြစ်ပါတယ်။ Lovely ကျတော့ “လှသော။ ချစ်စရာကောင်းသော။ နှစ်သက်ဖွယ်ဖြစ်သော” စတဲ့ အဓိပ္ပာယ်တွေ ရပါတယ်။ beautiful, attractive, very pleasant စသည်ဖြင့် အင်္ဂလိပ်လို မှတ်ထားနိုင်ပါတယ်။ ဥပမာဝါကျတွေကို ကြည့်လိုက်ပါ။ She looked particularly lovely that night. အဲဒီညက သူက အထူးလှနေတယ်။ He has a lovely voice. သူ့မှာ နှစ်သက်ဖွယ်အသံရှိတယ်။ You’ve got lovely eyes. မင်းမှာ ချစ်စရာ မျက်လုံးလေးတွေ ရှိတယ်။ We travelled through some lovely countryside. တို့က နှစ်သက်စရာ ကျေးလက်ဒေသကို ဖြတ်ပြီး ခရီးသွားခဲ့တယ်။ She’s got an absolutely lovely face. သူ့မှာ အလွန်ကို ချစ်စရာကောင်းတဲ့ မျက်နှာလေး ရှိတယ်။ References: OALD, Longman, English-Myanmar Dictionary
без подписи
Can I + Verb? ကို သုံးစွဲပြီး စကားပြောပုံလေး လေ့လာကြည့်ပါဦး။ https://youtu.be/gt6sIs_dx5Y
အင်္ဂလိပ်စာအုပ်တွေကိုဖတ်ရင်း အကျိုးရှိနိုင်မယ့် အချက်အလက်တွေကို ထုတ်နှုတ်ပြထားပါတယ်။ ဒီ Playlist ကို နှိပ်ပြီး video တစ်ခုချင်းစီကို ကြည့်ရှုလို့ ရပါတယ်ခင်ဗျာ။ Life-changing Books: https://www.youtube.com/playlist?list=PLLutYsv1-KzbRyUfXFlDBXmzyr4pTMcZJ
"Lesson 32" စဉ်းစားနေတယ်၊ စိတ်ကူးကြည့်နေတယ် လို့ ပြောချင်ရင် I'm thinking of လို့ ပြောနိုင်ပါတယ်။ လေ့လာကြည့်ပါဦး။ https://youtu.be/UK-ptudki90
"Lesson 31" I'm sorry to + (Verb) "စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်" စသည်ဖြင့် စာနာသနားတဲ့၊ နောင်တရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ စကားကို လေ့လာကြည့်ပါဦး။ https://youtu.be/KiYl7T8uoxQ
Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။ Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။ Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။ ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။ ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။ ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။ ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။ ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။ t.me/SayaSithuHtetEssentialEnglish
без подписи
"Go ဆိုတိုင်း သွားတာလား" go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက “သွားသည်” လို့ ပြောကြလိမ့်မယ်။ မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။ 🔸 Leaves go brown in autumn. သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။ ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ “ဖြစ်လာသည်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။ ♦️ We use go to mean ‘become’ before some adjectives. တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။ go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။ ပထမတစ်ချက်ကို အရင်ကြည့်မယ်။ (1) အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် “ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပာယ်ရမယ်။ 🔸 Leaves go brown in autumn. ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အညိုရောင် ဖြစ်လာတယ်။ (အညိုရောင် ပြောင်းလာတယ်) 🔸 People go red, pale or white with anger; blue with cold; green with seasickness. လူတွေက ဒေါသနဲ့ (မျက်နှာ) နီရဲလာ/ ဖျော့တော့လာ/ ဖြူလာတတ်တယ်။ အအေးဒဏ်နဲ့ ပြာလာတတ်တယ်။ လှိုင်းမူးတဲ့ဒဏ်နဲ့ စိမ်းလာတတ်တယ်။ 🔸 If you faint, everything goes black. သင်သတိလစ်သွားတဲ့အခါ အရာရာ အမှောင်ကျသွားတယ်။ ခုလိုဝါကျတွေမှာ go ကို သုံးတယ်ဆိုပေမဲ့ ခံ့ခံ့ညားညားရေးတဲ့ ပုံစံနဲ့ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ go အစား turn ကိုသုံးတယ်။ နောက်ထပ် အချက် တစ်ခုကို အင်္ဂလိပ်လို အရင် မှတ်ကြမယ်။ (2) We use go with some other adjectives to talk about things changing for the worse. အဆိုးဘက်ကို ပြောင်းသွားတဲ့ အရာတွေအကြောင်းကို ပြောဖို့တခြား Adjectives တချို့နဲ့ go ကို သုံးတယ်။ 🔸 Her father's going deaf. သူ့အဖေက နားလေးလာတယ်။ 🔸 If anything goes wrong, you can call our emergency hotline free of charge. တစ်ခုခု အမှားအယွင်းဖြစ်ရင် ကျွန်တော်တို့ရဲ့ အရေးပေါ်ဖုန်းလိုင်းကို အခမဲ့ ခေါ်နိုင်ပါတယ်။ Reference: Basic English Usage (Michael Swan) https://dictionary.cambridge.org/dictionary/english/go