tgindex
သစ်တောစိမ်း(Ferrea)

သစ်တောစိမ်း(Ferrea)

Статистика

သစ်တောရဲ့ ကမ္ဘာ ဆိုတာထက် readerတို့ရဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းမြေ့စေတဲ့ နေရာလေးတစ်ခုအဖြစ် ဖြစ်တည်ခွင့်ပေးတဲ့အတွက် ခင်ဗျားလေးတို့ ပါဝင်သူကိုကျေးဇူးတင်ကြောင်းပါရှင်

Последний пост
9 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
23
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
44
19 постов
Вовлечённость
191,3%
к подписчикам
Постов в день
0,0
всего 20
Упоминаний
5
каналов
Охват размещения
оценка
1/24сутки в ленте
38
1/48двое суток
43
1/72трое суток
46

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဖြစ်ရပ်မှန်တစ်ခုပြောပြမယ်ဆို ခင်ဗျားတို့နားထောင်ချင်လား။ ဆရာဝန်တစ်ယောက်က စိတ်ဖောက်နေတဲ့လူနာကို ရောဂါအကြောင်း အစ်အောက်မေးတယ်။ လူနာဟာ ပုံမှန်ပကတိလူလိုဘဲ ဆရာဝန်နဲ့စကားကောင်းကောင်းပြောနိုင်ခဲ့တယ် နောက်ဆုံး မေးခွန်းမမေးလိုက်ခင်အထိပေါ့။ ဆရာဝန်မေးတဲ့မေးခွန်းဟာ "ဆရာမင်းကို ပျောက်အောင်ကုနိုင်မှန်း မင်းယုံတယ်မလားတဲ့" လူနာက အကြောက်ကြောက်အလန့်လန့်နဲ့ ဆရာဝန်ကိုကြည့်တယ်။ လူနာဟာ ရန်သူကိုမဲသလိုလိုနဲ့ ခင်ဗျားကပါ ကျွန်တော့်ဆီကနေလုသွားမလို့လား ဒီ ကမ္ဘာမှာ ကျွန်တော်ကအပျော်ဆုံးလူဘဲ ကျွန်တော် ရူးတယ် ဒီရူးနေတဲ့ ကမ္ဘာမှာ ကျွန်တော်သူ့ကိုပိုင်ရတယ် ဆိုင်ရတယ်။ ကျွန်တော့်အတွက် ဒါဟာနတ်နန်းဘဲ လို့ ကမူးရှူးတိုးပြောရင်းပြောရင်း လူနာဟာ စိတ်ဖောက်ပြန်လာပြီး ချုံးပွဲချငိုချရင်း ဆရာဝန်ကို တောင်းပန်စကားဆိုတယ်။ ကျွန်တော်လူကောင်းမဖြစ်ချင်ဘူးဆရာ အဲ့ဒီ ကမ္ဘာမှာ သူမရှိဘူး။ ကျွန်တော်ရူးပေမယ့် ဒီကမ္ဘာ မှာတော့ သူကျွန်တော့်ကိုချစ်တယ်ဆရာ။ အခုလည်းကျွန်တော့်ဘေးနားမှာရှိတယ်လေဆရာ ဆရာမမြင်ဘူးလားဆိုပြီး ပြောသော်လည်း ဆရာဝန်ဟာ ကရုဏာ မျက်လုံးနဲ့ လူနာကို တွေတွေကြီးငေးကြည့်နေခဲ့တယ်။ —ချစ်လွန်းလို့ရူးတယ်ဆိုတာ ရှိပါတယ်အချစ်ရယ်။ သိပ်ပြီးအကဲမစမ်းပါနဲ့ကွာ။ အရူးထောင်က ထပ်တိုး လူနာတွေထဲကတစ်ယောက် ကိုယ်ဖြစ်လာမှာကို မင်းမမြင်ချင်ရင် ကိုယ့်ကိုထပ်ပြီး အကဲမစမ်း စမ်းနဲ့ချစ်ဆုံးရယ်။ —သစ်တောစိမ်း(Ferrea)

  • တစ်ခါတစ်လေမှာ မျက်စိမိတ် နားပိတ်နေတာက ကောင်းပေမဲ့ အလှတရားတွေကိုတော့ ခင်ဗျားတို့လက်လွှတ်ရတတ်တယ်။ ဥပမာပေးရရင် 1.သိပ်လှတဲ့နေထွက်ချိန် 2.သိပ်သာယာတဲ့မွန်းတည့်ချိန် 3.သိပ်ကို ယစ်မူးဖွယ်ကောင်းတဲ့ ညနေဆည်းဆာချိန် နောက်ဆုံးက... ကိုယ့်ကို မင်းမလိုအပ်တော့တဲ့အချိန်ပေါ့။ မင်းဘဝထဲ ကိုယ်မရှိတော့တဲ့အတွက် မင်းကိုယ်စား သိပ်ဝမ်းနည်းရပါတယ်ချစ်ဆုံးရယ်။ ကိုယ့်ကို မင်းလက်မခံတဲ့နေ့တွေဟာ အလှဆုံး အချိန်သုံးချိန်ကို မင်းမျက်ကွယ်ပြုတာထက် ပိုဆိုးမှန်း မင်းလိုလူကဘယ်နားလည်ပါ့မလဲ။ ကိုယ်မင်းကိုမနှိမ်ပါဘူးချစ်ဆုံး ဒါပေမယ့် ကိုယ့်ကဗျာကို မင်းနားမလည်မှပေါ့ ကျန်တဲ့စကားတွေကို မင်းဘယ်လို ပြောဆိုမယ်မှန်း တွေးရင်း ကိုယ်မင်းအတွက်ရင်မောမိတယ်..။ —သစ်တောစိမ်း(Ferrea)

  • မျက်ကွယ်မပြုလိုက်ပါနဲ့အချစ်ရယ် ကိုယ့်ကို မျက်ကွယ်မပြုလိုက်ပါနဲ့။ ဒီလူက ဒီကောင်ကလေ.. မင်းရှိမှ ပြည့်စုံတာ။ မတောင်းဆိုပါဘူး ဘာဆိုဘာမှ မတောင်းဆိုဖူးတဲ့ မဂျီကျဖူးတဲ့ကိုယ်ဟာ မင်းကိုတော့ လောဘကြီးမိတယ်လေ။ အစစအရာရာ ရောင့်ရဲနိုင်ပေမယ့် ကိုယ့်ရဲ့ ရောင့်ရဲနိုင်ခြင်းထဲမှာ မင်းမပါခဲ့ဘူး အချစ်ရဲ့။ သိပ်ချစ်လို့ အပိုင်ရချင်တာပါ။ သိပ်ချစ်မိလို့ အနားမှာ ထားထားချင်တာပါ။ ကိုယ့်လောက်ဘယ်သူက မင်းအပေါ် ချစ်ပေးနိုင်မှာတဲ့လဲ အရှုံးမပေးဘူးအချစ်ရယ်။ အရှုံးပေးရင် နှလုံးအေးတယ်ဆိုတဲ့ထဲမှာ မင်းကိုဆုံးရှုံးရတာ​ေတာ့မပါဘူး ချစ်ဆုံးရဲ့။ ဆိုးပါ။ ကြိုက်သလောက်ဆိုး။ ကိုယ့်မျက်ကွယ်ရာတော့ ထွက်မသွားပါနဲ့ချစ်ဆုံးရယ်... —သစ်တောစိမ်း(Ferrea)

  • သစ်တောရဲ့ချစ်ရသူ(၁) အဲ့ဒီလူကို စစတွေ့တော့ ပထမဆုံး ရေရွတ်မိသည့်စကားဟာ နွေးထွေးလိုက်တာ ဟူ၍ပင်။ သူ့သွင်ပြင်ဟာထွက်ခါစ ရှေ့ပြေးရောင်နီလို လန်းဆန်းသစ်ပျိုသည်။ သူ့ စကားသံဟာ ဝင်ခါနီးနေခြည်လို နွေးထွေးလွန်းလှသည်။ ချစ်သူဖြစ်သူကို အပြုံးတွေဖောဖောသီသီ ပေးတတ်တဲ့ အကျင့်ဟာလည်း နွေးလို့ထွေးလို့။ သစ်တောအတွက် ချစ်ရသူကို စကားတစ်ခွန်းဖြင့်တင်စားရသော် နွေးထွေးသောအဝါရောင်နေခြည်ကိုသာ မြင်မိနေသည်မှာ သစ်တောရဲ့အမြင်အာရုံမကောင်းဘူးဟု ဝိုင်းပြောကြဦးမည်လော။ —သစ်တောစိမ်း(Ferrea)

  • 2 авг.371из AdsBurma

    မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေ​ပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 သစ်တောစိမ်း(Ferrea) Knowledge Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series Job Seeker ရန်ကုန်အလုပ်အကိုင် Spv - Kim Total Ch - 12 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1

  • ဒီတစ်ကြိမ်ကော ဘာထောင်ချောက်တွေဆင်ဦးမှာလဲ အချစ်ကလေး။ ဒီတစ်ခါကော ထပ်ပြီး ပြိုလဲအောင် ဘာတွေကြံဖန်ဦးမလဲဟင်။ ဒီတစ်ခေါက်တော့... ဒီတစ်ခေါက်တော့ ချမ်းသာပေးပါ ဆိုပြီး မင်းရှိတဲ့အရပ်မျက်နှာမူ ကိုယ်ဒူးထောက်တောင်းပန်ပေးရမလား။ မင်းကိုယ့်ကို ထပ်ပြီးနာကျင်အောင် ခွင့်မပြုဖို့ ကိုယ်ဘယ်တောင်ကိုတက်ပြီး ဘယ်ဆေးဖော်ရမလဲကွယ်။ ကိုယ့်မှာ အသက်နဲ့ ခန္ဓာမြဲရုံတင် ကျေးဇူးတင်နေရတာ အချိန်ပိုင်း တောင် မရှိသေးဘူး ချစ်ဆုံးရဲ့။ ကိုယ်လူလိုသူလို ကိုယ့်ကိုယ်ကိုယ် ပိုင်တာ အချိန်ပိုင်းဘဲရှိသေးတယ်ချစ်ကလေးရယ်။ ဒါကို မင်းကဒီတစ်ခါ ထပ်ပြီး ဘာလိုချင်ပြန်တာလဲကွယ်။ ဘာလိုချင်ပြန်သလဲ... အသည်းနှလုံးနဲ့ မျက်ရည်တွေက မင်းအတွက် တန်ဖိုးမရှိလို့လားကွယ်။ တန်ဖိုးမရှိလို့များလားးးး....။ —သစ်တောစိမ်း(Ferrea)

  • နေနိုင်သွားတာ မဟုတ်ဘူးနော်..... နေပြလိုက်တာ သိပ်တော့ မခက်ပါဘူး..... လွမ်းလာတဲ့အခါတိုင်း.... မျက်စိကိုမှိတ်...... လက်ကို ကျစ်ကျစ်ပါအောင်..... တင်းထားတယ်.....။ ဒီတစ်ခါတော့..... မင်း ကြေညာတဲ့ စစ်ပွဲကို..... ကိုယ်လက်ခံတယ်.... crd:ဝေသာရီနွယ်

  • အမယ်...ထူးထူးဆန်းဆန်း ချစ်မိသွားပြန်ပြီ😔။ —သစ်တောစိမ်း(Ferrea)

  • အချစ်ကိုဖွင့်ဆိုခြင်း။ တချို့ကပြောတယ်....မေ အချစ်ဆိုတာ စမ်းရေအေးလေးဘဲကွတဲ့။ ချစ်ခြင်း မေတ္တာတွေထပ်တူမကျတဲ့အခါ သူတို့တွေ အချစ်ကို စမ်းရေနဲ့ တင်စားကြပါဦးမလားး။ အို..မေရယ် မောင်ရဲ့အလင်းရောင်လေးရယ် အလင်းရောင်ဆိုတဲ့အတိုင်း မောင့်အတွေးတွေကို သန့်စင်ပေးတဲ့မေ။ အဲ့ဒီရင်ခွင်သေးသေးလေးဟာ မောင့်အတွက် နွေးထွေးပေးသလောက် မေ့နှုတ်ခမ်းပါးက စကားသံချိုလေးဟာ မောင့်စိတ်ကို ကြည်လင်အေးမြစေလိုက်တာ။ အို...မောင့်ချစ်သူမေရယ် မင်းကလေးဟာ စမ်းရေအေးဆိုတာထက်ပိုပါတယ်ကွယ်။ မင်းလေးဟာ အနှိုင်းမဲ့ပါဘဲ။ ရသအသွယ်သွယ်နဲ့ ကိုယ့်ဘဝကို ကာလာတွေ ဖြည့်ပေးတဲ့မေ။ မောင့်စုတ်ချက်ကို အသက်သွင်းပေးတဲ့မေ။ မောင့်ဘဝ စီးဆင်းရာလမ်းကြောင်းကို ပန်းကလေးတွေ ပျိုးပေးတဲ့မေ ချစ်တယ်မေရယ် မောင်မင်းကိုသိပ်ချစ်ရပါတယ်။ ဒီမှောင်မိုက်တဲ့ တောနက်မည်းကြီးထဲမှာ မောင့်ကို အမောပြေစေတဲ့မေ။ မောင့်ကိုနွေးထွေးစေတဲ့မေ။ မေရှိသရွေ့ပေါ့.. အချစ်ရှိသရွေ့ပေါ့ကွယ်။ နွေရာသီလား လာစမ်းကွယ်..မေ့ရယ်သံနဲ့ အဖော်ပြုမယ်။ မိုးရာသီလား မမှုကွယ်.. ကိုယ်ရဲ့မေရှိတဲ့အိမ်မှာ မေ့အရိပ်ကို ခိုနားမယ်။ အို..ဆောင်းရာသီလား စာမဖွဲ့ကွယ်.. မေ့ရင်ငွေ့ကိုလှုံလို့ နွေးပါ့မယ်္။ —သစ်တောစိမ်း(Ferrea)

  • အပြုံးတွေချိုတဲ့ချစ်သူ။ ချစ်ဦးသူရဲ့အပြုံးဟာ ရှေ့ပြေး ရောင်နီလိုဘဲ လန်းဆန်းသစ်ပျိုလို့။ ချစ်ဦးသူရဲ့ ရယ်သံဟာ ဝင်လုဆဲဆဲ ဝါကျင့်ကျင့် နေရောင်လိုဘဲ ေနွးလို့ထွေးလို့။ ချစ်ရသူရဲ့ ဆူပူသံဟာ အိပ်တန်းငှက်ကလေးရဲ့ တေးသံသာလိုဘဲ ချိုလို့မြလို့။ အို...ချစ်သူရယ်... ကိုယ့်အချစ်ရယ်... အမှောင်အတိလွှမ်းတဲ့ ကိုယ့်ဘဝတောအုပ်လေးကို ကြိုကြားကြိုကြားထဲကနေ မရမက ထိုးဖောက်လာတဲ့ ဝါဖန်ဖန် နေရောင်လေး။ ကိုယ့်ဘဝ တောမိုက်ညရဲ့ လင်းရောင်ခြည်လေး။ အို....အချစ်ကလေးရယ်... ခင်ဗျားလေးက ဘာလေးလည်းကွယ်။ ဟိုတဖြောက်ဒီတဖြောက်နဲ့ သစ်တောစိမ်းစိမ်းရဲ့ ရွက်ရင့်တွေကြားကနေ ထိုးဖောက်လာတဲ့ ကိုယ့်ရောင်ခြည်နွေးလေး။ အထီးကျန်နေတဲ့ ညှို့မှိုင်းမှိုင်းတောအုပ်ကို ထွေးပွေ့ပေးသူလေးး။ ကိုယ်မင်းကို ချစ်တယ်ကွယ်။ အပိုင်ပေးစရာမှာတော့ ဒီညို့မှိုင်းမှိုင်းတောအုပ်ကလွဲ ကိုယ့်မှာ ဘာမှမရှိဘူးကလေးရဲ့။ သစ်တောစိမ်းမှာ ခင်ဗျားလေးပျော်ပါစေ။ ပန်းပွင့်တွေကြားမှာ ခင်ဗျားရွှင်မြူးပါစေ။ ကိုယ့်သစ်တောစိမ်းမှာ စမ်းချောင်းလား ရေတံခွန်လား မင်းရွေးကွယ်။ ချစ်သူရယ်... သစ်တောတစ်လျှောက် ဖြတ်သန်းသွားတဲ့ ရေအေးအေးလေးတွေက မင်းအပိုင်ပါ။ သစ်တောစိမ်းစိမ်းအလယ်မှာ ကိုယ်နဲ့အတူ ရေမကစားချင်ဘူးလားဟင်...ချစ်ဆုံးလေး။ —သစ်တောစိမ်း (Ferrea)

  • ကဗျာရေးချင်စိတ်မရှိဘူး။ ကဗျာတွေကို ခဏဘေးထားပြီး ဘဝရဲ့အလှဆုံး အခိုက်အတန့်လို့ပြော​ြကတဲ့ ချစ်သူနဲ့အတူရှိချိန်ကို အချိန်ပေးချင်တယ်။ ကဗျာရေးပြီး လွမ်းတော့မယ့်အစား အပြေးကလေးသွားပြီး မျက်နှာလေးကို ပြေးတွေ့လိုက်ချင်တယ်။ ကဗျာဖတ်ပြီးချစ်မယ့်အစား ဆိုင်ကယ်ကို လီဗာကုန်တင်ရင်း ချစ်သူရှိရာမြို့ကို အပြေးသွားလိုက်ချင်တယ်။ ကဗျာရဲ့အနက်ကို ခံစား​ေတ့ာမယ့်အစား ချစ်သူရဲ့ရင်ခွင်မှာ ခေါင်းကလေးဝှက်ပြီး ကြောင်တစ်ကောင်လိုမျိုး ခွေ့နေချင်တယ်။ ကဗျာရေးချင်စိတ် မရှိတော့တဲ့အခါတိုင်း ချစ်ရသူကိုအပြေးကလေး သွားဖက်ပြီး အားအင်အပြည့်နဲ့ အိမ်ပြန်လမ်းကို ဆက်ချင်တယ်။ —သစ်တောစိမ်း(Ferrea)

  • ပင်လယ်ပြာပြာ ပန်းဝေဆာတဲ့ သဲသောင်ပြင်မှာ မိသားစုနှင့်အတူ ခရီးထွက်ချင်သူ။ ပင်လယ်ပြာပြာ ဝေရီရီတဲ့ လှိုင်းသံတွေကြား သူငယ်ချင်းတွေနှင့်အတူ ရယ်သံများဖုန်းလွှမ်းစေချင်သူ။ ပင်လယ်ပြာပြာ လှိုင်းသံသာတဲ့ ကမ်းစပ်နားတစ်ခွင်မှာ ချစ်ရသူနှင့်အတူ ဘဝအချိန်ဖြုန်းချင်သူ။ ပင်လယ်ပြာပြာ ပန်းဝေဆာပြီး ရာသီသာတဲ့ ကမ်းစပ်မှလာ နှစ်သိမ့်သံနှင့် အနာသင့် ပြည်သူကို ဆေးကုပေးချင်သူ။ —သစ်တောစိမ်း(Ferrea)

  • သစ်တောစိမ်း(Ferrea) pinned a photo

  • မှတ်မှတ်ရရဘဲ အဲ့ဒီနေ့မှာ သေချာသိသွားတာတစ်ခုက ကျွန်တော်သူ့ကို အရူးအမူး ဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံတဲ့နေ့ အဲ့ဒီနေ့ဟာ ကျွန်တော် သူ့ဆီ အရိပ်တောင် ယောင်လို့မှမပြတော့ဘူးဆိုပြီး စိတ်ဆုံးဖြတ်တဲ့နေ့။ ကျောင်းပြေးG12ကျောင်းသူဟာ နေမကောင်းယောင်ဆောင်ပြီး ဆေးထိုးအပ် တစ်ချောင်း အဖတ်တင်သွားတာကလွဲရင် အဲ့ဒီနေ့ဟာ အရာရာ အရှုံးတွေကြီး။ "ငါသူ့ကို သိပ်ချစ်နေပါလား"လို့ သေသေချာချာ လက်ခံရင်း နေရောင်အောက်မှာ သားသမီးဇောကြောင့် ညှိုးငယ်နေတဲ့ ဖေနဲ့မေရဲ့ မျက်နှာကိုငေးရင်း မုတာဝါဒ ကျူးလွန်ထားသူမို့ မျက်နှာလည်းမပြဝံ့။ G12လား ကိုကိုလားလို့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း ကျွန်တော်အဲ့နေ့က ရှုံးပွဲချငိုချအသံတိတ်ငိုချရင်း ဆေးခန်းကိုနောက်တစ်ခါ ထပ်မသွားဖြစ်ဖို့ ထပ်ပြီးတော့ ဟန်ဆောင်နေမကောင်းတွေမဖြစ်ဖို့ သတိကပ်လိုက်ရတာ တော်ရုံစိတ်နဲ့မဟုတ်ခဲ့ဘူးကိုကို။ ကိုကိုသိမှာမဟုတ်ပေမဲ့ အဲ့ဒီတုန်းက ကျွန်တော့်အတွက် ကိုကိုက အရာရာဘဲ ဒါပေမယ့် ကိုကိုရယ် ကျွန်တော့် ကမ္ဘာမှာ နေမထွက်နိုင်ရင်တောင် လသာအောင်တော့ ကျွန်တော်ကြိုးစားရဦးမယ်လေ။ —သစ်တောစိမ်း(Ferrea)

  • ချစ်လားလို့ နောက်ဆုံးတစ်ခေါက်အနေနဲ့ လာမမေးပါနဲ့။ ပြန်မချစ်တော့ဘူးလို့ တင်းခံထားသမျှ စိတ်တွေ ပြန်လှည့်မကြည့်တော့ဘူးလို့ အဖတ်ဆယ်ယူထားတဲ့မာနတွေဟာ မနေ့တနေ့ကမှ မဟုတ်ဘူးကိုကို။ လေးနှစ်။ ဒီလေးနှစ်တာကို ဖျားလိုက်နာလိုက် လွမ်းလိုက် မုန်းလိုက် ပြန်မချစ်တော့ဘူးလို့ ကြွေးကြော်လိုက် သတင်းလေးကြားလိုက်တာနဲ့ အပြေးလေး နားစွင့်လိုက် နာမည်လေးကြားလိုက်တာနဲ့ မနေနိုင် မထိုင်နိုင်အောင် ခြေဖျားလက်ဖျားတွေအေးလာလိုက်တာ။ မလွယ်ကူခဲ့ဘူးကိုကို။ ကိုကို့ကို မေ့ဖို့တင်းခံထားတဲ့ စိတ်တွေဟာ လွယ်လွယ်မဟုတ်ခဲ့လို့ အရိပ်ဘဲဖြစ်ဖြစ် ရနံ့နဲ့ဘဲ ဖြစ်ဖြစ် အသံနဲ့ဘဲ ဖြစ်ဖြစ် ပေါ်မလာပါနဲ့တော့ကိုကို။ ချစ်သေးပေမယ့် ကိုကို့ကို သိပ်ပြီးတော့ချစ်သေးပေမယ့် ကိုကို့ရဲ့ ရွေးချယ်မှုက အမြဲတမ်း ကျွန်တော်မဟုတ်တဲ့အတွက် ကျွန်တော်ကိုကို့ကို သိပ်မုန်းတယ်။ —သစ်တောစိမ်း(Ferrea) ​

  • တောင်းပန်ပါတယ်ဆိုတဲ့ကော်ဟာ ကွဲသွားတဲ့ နှလုံးသားကို ပြန်မဆက်နိုင်ဘူးကိုကို။ ကိုကို့ဆီရောက်မယ်အထင်နဲ့ ရွက်လွှင့်ခဲ့တဲ့ လှေဟာ လမ်းတစ်ဝက်မှာဘဲ ဦးတည်ရာ ပျောက်သွားခဲ့ရတယ်။ မုန်တိုင်းတွေလည်းကြမ်းသလောက် ပင်လယ်ရေလှိုင်းတွေလည်း သစ်တောကို မညှာခဲ့ဘူးကိုကို။ ကိုကို့ကိုပြောခဲ့သလိုပေါ့ကိုကိုရယ် သစ်တော ကိုကို့ဆီလာခဲ့ပါတယ်။ ကိုကိုနဲ့ဆုံချင်ပေမယ့် ကိုကိုနဲ့ ထပ်ပြီးရီချင်မောချင်ပေမယ့် သစ်တော ဒီဘက်ကမ်းကို ဘေးကင်းကင်းနဲ့ ပြန်ရောက်တာဘဲ ကျေးဇူးတင်မိနေတာ။ ပင်လယ်မုန်တိုင်းက သိပ်ကြောက်ဖို့ကောင်းတယ် ကိုကို။ သေချာတာတော့ သစ်တော ပင်လယ်ထဲကို ထပ်မထွက်တော့ဘူးကိုကို။ ဝေးရမယ်ဆိုလဲ သစ်တောတို့ ဝေးကြရုံပေါ့။ —သစ်တောစိမ်း(Ferrea)

  • မိုးသံဖြောက်ဖြောက်ဟာ အလွမ်းရှိန်ကိုမြင့်စေတယ်။ မိုးကိုမကြိုက်ပေမယ့် အတိတ်ခြေရာကို လိုက်မိတိုင်း ဒီမိုးဟာ အဓိကတရားခံ။ မိုးသဲသဲကြားမှာ ဖိနပ်ပြတ်ခဲ့တဲ့ကိုယ်ဟာ အလွဲလွဲအချော်အချော်နဲ့ အိမ်ပြန်လမ်းကိုဆက်ဖို့ အားယူနေတယ်။ အားယူနေတုန်း "ဖိနပ်ပြတ်နေတာလား ညီမ"ဆိုတဲ့ စကားသံဟာ အခုထိ ရင်ထဲနွေးဆဲ။ သန်ခေါင်ယံမှာရေးတဲ့ကဗျာကို ချစ်ဆုံးလေး ဖတ်ပြီးရင်တော့ မျက်စိရှေ့မှာရှိတာတောင် ကိုယ့်ကို လွမ်းတုန်းဘဲလား ဆိုပြီး ဆူတော့မှာဘဲ။ —သစ်တောစိမ်း(Ferrea)

  • နေသာလိုက် မိုးအုံ့လိုက်နဲ့ မူမမှန်တဲ့ဥတုကြောင့် မင်း ဖျားနာမှာကို မလိုလားဘူး။ ကြင်နာလိုက် တွန်းထုတ်လိုက်နဲ့ ပုံမှန်မဟုတ်တဲ့ မင်းအပြုအမူတွေကြောင့် ကိုယ်ဖျားနာမှာကို မင်းမစိုးရိမ်ပေမယ့် မိုးသံဖြောက်ခနဲကြားတိုင်း မင်းဆီကို ထီးနဲ့အပြေးလာချင်တဲ့အထိ ကိုယ်မင်းကို အရေးတယူရှိတာပါ ချစ်ဆုံးရယ်။ —သစ်တောစိမ်း(Ferrea)

  • ထိမခိုက်စေချင်တာပါအချစ်ရယ်။ ကိုယ်ပျော်ဖို့ထက် မင်းမငိုရဖို့ကို ဦးစားပေးမှန်းသိရက်နဲ့ ကိုယ့်ကို ဘာလို့မယုံရတာလဲကွယ် မင်းဝင်လာရင် အဆင်သင့်စောင့်ကြိုဖို့ စံပယ်နဲ့ကံ့ကော်တောင် ပြိုင်တူပွင့်နေကြပြီ။ သူတို့ကအချိန်တန်ရင် ငြိုးသွားနိုင်ပေမယ့် အချစ်ကိုယ့်ဘဝထဲကိုလှမ်းလာမဲ့ အချိန်ကို စောင့်ဖို့ကတော့ မကုန်ဆုံးနိုင်ပါဘူးချစ်သူရယ်။ —သစ်တောစိမ်း(Ferrea)

  • 18 июл.644из AdsBurma

    မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေ​ပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 သစ်တောစိမ်း(Ferrea) Knowledge Youth's Area (Music and Knowlegde) Ascend Society Bright Learn,Live and Hope MotiMate Series/Movie Kim The Series K-Drama Job Seeker ရန်ကုန်အလုပ်အကိုင် Spv - Kim Total Ch - 13 Total Type - 7 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1