HTY Information
Статистикаလှိုင်သာယာမြို့တွင်း Update သတင်းများအား အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေသော HTY Information...🚩
- Последний пост
- 6 сент. 2022 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ရွှေပြည်သာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက် ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦး သေဆုံး HTY Information (စက်တင်ဘာလ ၆ ရက်) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ စက်တင် ဘာ ၆ ရက် ည (၇:၃၀)ဝန်းကျင်ခန့်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်ခံရမှုကြောင့်ထိမှန်ခဲ့သူမှာ ရာအိမ်မှူးဦးအောင်ထူး ဆိုသူဖြစ်ပြီး ကျည်ထိဒဏ်ရာသုံးချက်ဖြင့် အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ် လို့နီးစပ်သူတွေထံက သိရပါသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ စစ်ကား ၂ စီးဖြင့်ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့လည်းသိရှိရပါသည်။ #ရွှေပြည်သာ #ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပစ်ခက်မှု #HTY_Information
ကုန်ဈေးနှုန်းမြင့်တက်မှုတွေအတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့လိုက်ပီဖြစ်တယ်လို့ဆိုသော် မည်သည့်ဈေးနှုန်းမျှမကျ HTY Information (စက်တင်ဘာလ ၆ ရက်) ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင်း အဆိုပါ ဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး တာဝန်ခံ ဇော်မင်းထွန်းက ဆိုပါတယ်။ အဆိုပါ ထောက်ပံ့ငွေတွေကို အဓိကလိုအပ်တဲ့ စက်သုံးဆီ နဲ့ စားသုံးဆီ ကဏ္ဍတွေအပြင် လိုအပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ခဲ့တာလို့ ၎င်းကဆိုထားသော်လည်း မည်သိုမည်ပုံ ထောက်ပံ့လိုက်သည်မသိတာကြောင့် မည်သည့်ဈေးနှုန်းမျှသိသိသာသာကျဆင်းလာတာ မတွေ့ရတဲ့အပြင် ရန်ကုန်စက်သုံးဆီဈေးမှာတင် ၂၅၀၀ ဝန်းကျင် ရှိနေတာတွေ့ရပါတယ်။ သို့သော် စစ်ကောင်စီရဲ့ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းကတော့ ကုန်ဈေးနှုန်းမြင့်တက်နေတာ သက်သာဈေးဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဗဟိုဘဏ်ကတစ်ဆင့် အဓိကလိုအပ်လုပ်ငန်းတွေကို ထောက်ပံ့ပေးခဲ့ပြီး ဝယ်ယူတင်သွင်းသူတွေအနေနဲ့ ထိုက်သင့်တဲ့အမြတ်ကိုသာယူပြီး ပြန်လည်းရောင်းချရမှာဖြစ်တယ်လို့တော့ ဆိုထားပါသည်။ #စစ်ကောင်စီ #ဒေါ်လာသန်း၂၀၀ပလုံ #HTY_Information
ရွှေဈေးကျဖို့ ရွှေဒင်္ဂါးထုတ်ရောင်းနေသောစစ်ကောင်စီက ရွှေဒင်္ဂါးကို လက်ရှိအပြင်ပေါက်ဈေးအတိုင်းရောင်းချ HTY Information (စက်တင်ဘာလ ၅ ရက်) ပြည်တွင်းရွှေဈေးအဆမတန် မြင့်တက်နေမှုကြောင့် ရွှေဈေးကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ရွှေဒင်္ဂါးများ ထုတ် ယူရောင်းချနေသော်လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေ ညာထားသောဈေးနှုန်းမဟုတ်ပဲ လက်ရှိအပြင်ပေါက်ဈေး နဲ့ ရောင်းချနေတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အပြည့်အစုံ - https://www.hlaingtharyarinformation.com/posts/yawheekyapao-yawhedingataokyaawinnethawsitkawinsik-yawhedingako-letyahiapyinpaweteatoinyaawinkhya #ရွှေဒင်္ဂါး #စစ်ကောင်စီ #HTY_Information
မုံရွာမြဝတီဘဏ်ရှေ့က ခြံစောင့်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုကလာရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) Yangon Freedom Press (ဩဂုတ်လ ၃၀ ရက်) စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒီကနေ့ နေ့လည်တွင် တော်လှန်ရေးအင်အားစုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား (၃) ယောက်ကို သုတ်သင်နိုင်ခဲ့ကြောင်း မုံရွာပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ MPDFက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ပစ်ခတ်မှုအတွင်း ဆိုင်ကယ်စီးပြည်သူအချို့ ဖြတ်သန်းသွားလာတာကြောင့် ရဲဘော်တွေ အပစ်ရပ်ကာ ဆုတ်ခွာခဲ့ရပြီး လက်နက် ရယူနိုင်မယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာကနေ ရှောင်ရှားပြီး မြို့ပြရဲဘော်တွေကို ကူညီပေးဖို့ MPDFကမေတ္တာရပ်ခံထားပါတယ်။ ဒါပြင် ၎င်းတိုက်ခိုက်မှုကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)၊ မုံရွာခရိုင်အမှတ် (၁) တပ်ရင်း ၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) ၊ Monywa Hero Group (MHG) ၊ မုံရွာ နတ်ဆိုးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လဲ သိရှိရပါသည်။ #မုံရွာပစ်ခတ်မှု #MPDF #YangonFreedomPress
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ရန်ကုန် အင်းယားကန်ထဲ လူတဦးခုန်ချ၍သေကြောင်းကြံ ရက်ပိုင်းတွင်းသေကြောင်းကြံမှုဆက်တိုက်ဖြစ်ပေါ်နေ HTY Information ( ဩဂုတ်လ ၂၉ ရက်) ရန်ကုန်မြို့တိုင်း ကမာရွတ်မြို့နယ်၊ အင်းယားကန်ထဲသို့ ဒီကနေ့ ဩဂုတ်လ ၂၉ ရက် မွန်းလွဲ (၂:၀၀) ဝန်းကျင်က လူတဦး သေကြောင်းကြံ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတိတပ်ဖွဲ့မှသိရပါသည်။ ခုန်ချသွားသူဟာ အသက် ၄၀ ကျော်ခန့်ရှိပြီး အမျိုးသား တစ်ဦး ဖြစ်တယ်လို့သိရကာ ကယ်ဆယ်ရေးအဖွဲ့တွေရှာနေကြတယ်လို့လည်း ဆိုပါတယ်။ ဒါပြင် ယမန်နေ့ကလည်း ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေးတံ တားပေါ်မှ အသက် (၃) နှစ်အရွယ်ကလေးနှင့် မိခင်ဖြစ်သူတို့ ခုန်ချသတ်သေမှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့တိုင်းရှာဖွေနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၂၅) ကလည်း ရန်ကုန်၊ ကမ္ဘာအေးလူကူးခုံးကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုပြု လုပ်ခဲ့သေးသည်။ ဆက်လက်ပြီး ဩဂုတ်လ ၂၆ ရက်နေ့တွင်းလည်း စစ် ကိုင်းတိုင်း၊ တမူးမြို့နယ် CDM ကျောင်းဆရာမတစ်ဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးသည်။ #အင်းယားကန်ထဲ #လူတဦးခုန်ချမှု #HTY_Information
видео или голосовое, без подписи
ဩဂုတ်လ ၂၅ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာမှတစ် ဆင့် ဒူဘိုင်းတွင်ဒုက္ခရောက်နေကြောင်းအကူအညီတောင်း ခံခဲ့သော မြန်မာအမျိုးသမီးငယ် ၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် ဒူဘိုင်းရှိ မြန်မာလူမှု့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေဟု မြန်မာသံရုံးကထုတ်ပြန်ထားပါသည်။ (သြဂုတ်လ ၂၉ ရက်) #YangonFreedomPress
Another Airplane ✈️ Another Sunny Place 🌇 I'm lucky I know … But, I wanna go Home 🏡
❗️လှိုင်သာယာ၊ အမှတ် ၁၆ ရပ်ကွက်၊ မင်းတပ်လမ်းတွင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေသည်ဟု သိရသည်။ စစ်သား ၁၀ ယောက်ခန့်နှင့် ရပ်ကျေးများပါပြီး၊ အိမ်/အဆောင်များ တွင်နေထိုင်သူများကို သန်းကောင်စာရင်း/ဧည့်စာရင်းများနှင့်တိုက်ကာ စစ်ဆေးသည်ဟုလည်း သိရသည်။ ဩဂုတ်လ ၂၇ ရက် #ဧည့်စာရင်း #HTY_Information
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ကန်ဒေါ်လာ ၁ သန်းကျော် သုံးစွဲထားပြီး နိုင်ငံအနှံ Drone ဖြင့်တိုက်ခိုက်မှုရာနဲ့ချီပြုလုပ်ပြီးကြောင်း Federal Wings ထုတ်ပြန် Yangon Freedom Press (ဩဂုတ်လ ၂၇ ရက်) Drone Project နှင့် Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကုန်ကျခဲ့ပြီ ဖြစ်တယ်လို့ Federal Wings က ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပြင် ဒရုန်းတပ်ဖွဲ့တွေ နိုင်ငံအနှံ့ဖြန့်ကျက်ထားပြီးဖြစ်သလို တိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီပြီး ပြုလုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်း စစ်ဆင်ရေးတွေဆက် လုပ်ဆောင်ဖို့အတွက် ဒရုန်းတပ်ဖွဲ့တွေ ထိုက်သင့်သလောက် အင်အားရှိသော် လည်း နေ့စဥ် ဗုံးကြဲချနိုင်ဖို့ ငွေကြေး အကူအညီ လိုအပ်နေတယ်လို့ Federal Wings က ဆိုထားပါတယ်။ #ဓာတ်ပုံ_FederalWings #YangonFreedomPress
Breaking-လှိုင်သာယာမြို့နယ်ရွှေလင်ပန်း (၂၃)ရပ်ကွက် ခရေ (၅)လမ်းနှင့် (၆) လမ်းကြားရှိ လမ်းသွယ်တစ်ခုတွင် ဒီကနေ့ ည (၇:၀၀) ဝန်းကျင်အချိန်ခန့်က လူငယ် (၃) ဦး စစ်ကား ၃ စီးဖြင့် ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီး (၁)ဦး လွတ်မြောက်ကာ (၂)ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ အဆိုပါ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အကြောင်းအရင်း အသေးစိတ်မသိရှိရသေးပေမဲ့ လွတ် မြောက်သူ (၁) ဦးရှိနေတဲ့အတွက် လမ်းအတွင်း ကြိမ်း မောင်းသွားတယ်လို့သိရှိရပါသည်။ (ဩဂုတ်လ ၂၇ ရက်) #HTY_Information
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи