tgindex
Zalen

တိကျခိုင်မာတဲ့ သတင်းတွေနဲ့ ချင်းတိုင်းသားအားလုံးကို ပေါင်းကူးပေးမယ့် ချင်းမီဒီယာ

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
68
Всего постов
101
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
7 522
−23 за 6 дн.
Сутки
+6
+0,08%
Неделя
 
Месяц
 
Просмотров на пост
230
40 постов
Вовлечённость
3,1%
к подписчикам
Постов в день
9,7
всего 101
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
249
1/48двое суток
285
1/72трое суток
307

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဝဒေသက ခရစ်ယာန်ဘုရားကျောင်းတချို့ ပိတ်ထားရတာနဲ့ပတ်သက်ပြီး UWSA ပြောခွင့်ရသူ ရှင်းလင်း

  • ဝဒေသက ခရစ်ယာန်ဘုရားကျောင်းတချို့ ပိတ်ထားရတာနဲ့ပတ်သက်ပြီး UWSA ပြောခွင့်ရသူ ရှင်းလင်း ======= ဩဂုတ် ၁၅၊ ၂၀၂၆ Zalen “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ထိန်းချုပ်ထားတဲ့ ဝဒေသအတွင်း ခရစ်ယာန်ဘုရားကျောင်းတချို့ကို ယာယီပိတ်ထားတာဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်တာမဟုတ်ဘဲ အစွန်းရောက် ဘာသာရေးလှုပ်ရှားမှုတွေ ဝင်ရောက်လာတာနဲ့ ဆက်စပ် ပြီး စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ရှင်းပြထားပါတယ်။ အခုရက်ပိုင်းအတွင်း ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်းက ခရစ်ယာန်ဘုရားကျောင်းတွေ ယာယီပိတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဦးညီရန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလို ပြန်လည်ရှင်းလင်းထားတာဖြစ်ပါတယ်။ ဝဒေသအတွင်းမှာ စည်းကမ်းနဲ့အညီ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေပြဋ္ဌာန်းထားပြီး ဘာသာရေးကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်လို့ ဦးညီရန်းက ဆိုပါတယ်။ ဒါပေမယ့် တဖက်နိုင်ငံဘက်က သတိပေးလာမှုတွေနဲ့အတူ ဝဒေသအတွင်း အစွန်းရောက်ဘာသာရေး စည်းရုံးလှုံ့ဆော်သူတချို့ ဝင်ရောက်လာတာကို တွေ့ရှိရတာကြောင့် ဘုရားကျောင်းတချို့ကို ယာယီပိတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့တွေရဲ့ သွန်သင်မှုတွေထဲမှာ ဖျားနာတဲ့အခါ ဆေးသောက်စရာမလိုဘဲ ဘုရားက ကောင်းမွန်စေမယ်၊ အလုပ်လုပ်စရာမလိုဘူးဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက်မျိုးတွေ ပါဝင်တယ်လို့ UWSA ဘက်က ရှင်းပြထားပါတယ်။ ဒါ့အပြင် ဝပြည်ပြင်ပကနေ တရားမဝင်ဝင်ရောက်ပြီး ဘာသာရေးဟောပြောစည်းရုံးတာတွေကိုလည်း ခွင့်မပြုထားဘူးလို့ ဦးညီရန်းက ပြောပါတယ်။ တစ်ဖက်မှာတော့ ဝဒေသသတင်းတွေကို အဓိကဖော်ပြနေတဲ့ Wa News Land က ဩဂုတ် ၁၄ ရက်မှာ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်းအများအပြားကို UWSA ဘက်က ယာယီပိတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ Wa News Land ရဲ့ ဖော်ပြချက်အရ ဒေသအခေါ် “ယေရှုတရုတ်မ” လို့ ခေါ်တဲ့ ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်းအဖွဲ့တွေ ဝင်ရောက်လာတဲ့ သတင်းတွေကြောင့် ဘုရားကျောင်းတွေကို ယာယီပိတ်ထားတာဖြစ်ပြီး အဲဒီအဖွဲ့နဲ့ ဆက်နွယ်သူတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ပန်ဆန်းမှာ အသင်းတော် ၂၀ ကျော်ရှိပြီး အားလုံးကို ယာယီပိတ်ထားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကို ကိုးကားပြီး Wa News Land က ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးရင် ပြန်လည်ဖွင့်ပေးမယ်လို့လည်း သတင်းရင်းမြစ်က ပြောထားပါတယ်။ နားဝီးမြို့မှာလည်း ရှိသမျှ အသင်းတော် ၇ ခုလုံး ယာယီပိတ်ထားပြီး အဆိုပါအဖွဲ့နဲ့ ဆက်နွယ်တယ်လို့ ယူဆရသူတွေကို ဖမ်းဆီးထားတယ်လို့ Wa News Land က ဖော်ပြပါတယ်။ ဒါပေမယ့် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းရဲ့ ရှင်းလင်းချက်မှာတော့ ဝဒေသတစ်ခုလုံးက ခရစ်ယာန်ဘုရားကျောင်းတွေကို ပိတ်ထားတာမဟုတ်ဘဲ အစွန်းရောက်ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ ဘုရားကျောင်းတချို့ကိုသာ ယာယီပိတ်ထားတာလို့ ဆိုထားပါတယ်။ ဘုရားကျောင်းတွေကို ယာယီပိတ်ထားမှုဟာ မှန်ကန်ပြီး အစွန်းရောက်ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရင် ပြန်လည်ဖွင့်ပေးမယ်လို့လည်း ဦးညီရန်းက ပြောထားပါတယ်။ အခုလို ဘုရားကျောင်းတွေ ယာယီပိတ်ထားမှုနဲ့ ပတ်သက်ပြီး UWSA ဘက်က ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်လက်ခွင့်ပြုထားတယ်လို့ ပြောထားပေမယ့် လက်တွေ့မှာ ဘယ်ဘုရားကျောင်းတွေ ပိတ်ထားတယ်၊ ဘယ်အဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိတာကြောင့် အရေးယူထားတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်မံစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဝဒေသအတွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ပိတ်သိမ်းမှုနဲ့ ပတ်သက်ပြီး အရင်ကလည်း အလားတူ ဖြစ်ရပ်တွေရှိခဲ့ကြောင်း သတင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မိုင်နွေဦး

  • တမူးကနေ ခမ်းပါတ်ကို ကယ်ရီဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားများ သွားလာခွင့်ကို အိန္ဒိယဘက်က ယာယီပိတ်ထား

  • တမူးကနေ ခမ်းပါတ်ကို ကယ်ရီဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားများ သွားလာခွင့်ကို အိန္ဒိယဘက်က ယာယီပိတ်ထား ===== ဩဂုတ် ၁၅၊၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူး-ခမ်းပါတ် လမ်းပိုင်းကို ဆိုင်ကယ် ကယ်ရီပြေးဆွဲနေတဲ့ ကယ်ရီသမားတွေ သွားလာခွင့်ကို အိန္ဒိယဘက်ကယာယီ ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ကနေ စပြီး တမူး- ခမ်းပါတ်ကို ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို အိန္ဒိယဘက်က အခုလို ယာယီပိတ်ထားတာဖြစ်ပါတယ်။ " ကယ်ရီသမားတွေက အခုလောလောဆယ် အိန္ဒိယ လမ်းဘက်ဘဲအားကိုးသွားနေကြရတာ။ အိန္ဒိယဘက်က ယာယီပိတ်ထားတာပါ။ မနက်ဖြန် အိန္ဒိယလွတ်လပ်ရေးနေ့ဆိုတော့ လုံခြုံရေးအရပိတ်တာပါ။ ၁၆ ရက်နေ့ထိ တော့ ပိတ်မယ်ကြားတာဘဲ နယ်စပ်ဂိတ်အားလုံးကို" လို့ ကယ်ရီသမားနဲ့ နီးစပ်သူတဦးက Zalen ကိုပြောပါတယ်။ အခုလို တမူး-ခမ်းပါတ်လမ်းကို ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမား တွေကိုယာယီပိတ်ထားတာက အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဘက်ကဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့မှာကျရောက်မယ့် အိန္ဒိယလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ အတွက် လုံခြုံရေးတင်းကြပ်ထားတဲ့ အနေနဲ့ယာယီပိတ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းကို ထိန်းချုပ်ထားပေမယ့် တမူးမြို့ထိ ခရီးသည်များနဲ့ ကုန်ပစ္စည်းများ တာရိုက် ရောက်ရှိနိုင်ခြင်းမရှိသေးဘဲ အိန္ဒိယလမ်းပိုင်းကနေ ဆိုင်ကယ်ရီမှ တဆင့် တပိုင်တနိုင် ပြေးဆွဲပို့ဆောင်နေကြရတာဖြစ်ပါတယ်။ သတင်း - DawWin ပုံအညွန်း - ဆိုင်ကယ် ကယ်ရီသမားတွေသွားလာနေတဲ့ အိန္ဒိယလမ်းပိုင်းတနေရာအားတွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

  • Gen Z လူငယ်တွေ ပထမဆုံးချိန်းတွေ့ဖို့တောင် ငွေကြေးအခက်အခဲကြုံနေရ

  • Gen Z လူငယ်တွေ ပထမဆုံးချိန်းတွေ့ဖို့တောင် ငွေကြေးအခက်အခဲကြုံနေရ ===== ဩဂုတ် ၁၄၊၂၀၂၆ Zalen အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နေထိုင်တဲ့ Gen Z လူငယ်တွေဟာ အိမ်ငှားခ၊ စားစရိတ်နဲ့ အလုပ်အကိုင်အခက်အခဲတွေကြားမှာ ချစ်သူရှာဖို့၊ ချိန်းတွေ့ဖို့တောင် ငွေကြေးအခက်အခဲတွေ ကြုံနေရ​ကြောင်း နယူးယောက်တိုင်မ်းသတင်းများအရသိရှိရပါတယ်။ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား Hein Htet Oo ကတော့ နယူးယောက်မှာ ဘွဲ့လွန်ပညာသင်ကြားနေချိန်အတွင်း အိမ်ငှားခနဲ့ စားစရိတ်တွေကို ဖြေရှင်းနိုင်ဖို့ အလုပ်လုပ်နေရပြီး မြန်မာနိုင်ငံကနေ ရောက်ရှိလာပြီးနောက် ခိုလှုံခွင့်လျှောက်ထားရာမှာလည်း ဥပဒေရေးရာအကူအညီအတွက် ဒေါ်လာ ၇,၀၀၀ သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။ မိဘတွေက အသက် ၂၀ ကျော်အရွယ်မှာ တွေ့ဆုံခဲ့ကြတာကြောင့် ဖုန်းပြောတိုင်း “အသက် ၃၀ နီးနေပြီ၊ ဘာလို့ချစ်သူမရှိသေးတာလဲ၊ ဘယ်တော့ မြေးတွေမြင်ရမလဲ” ဆိုပြီး မေးလေ့ရှိပေမယ့် သူ့အတွက်တော့ လက်ရှိဘဝမှာ ချစ်သူထားတာနဲ့ မိသားစုတည်ထောင်တာတွေက စဉ်းစားနိုင်တဲ့အရာတွေ မဟုတ်သေးဘူးလို့ ပြောပါတယ်။ “တစ်ခါတလေ ကိုယ်လုပ်နေတာ မှန်ရဲ့လား၊ ကိုယ့်ဘဝကို တကယ်ပဲ ကိုယ်ပိုင်ရှင်သန်နေရဲ့လားဆိုပြီး စဉ်းစားမိတယ်။ ဒါပေမယ့် ချစ်သူထားတာ၊ မိသားစုတည်ထောင်တာတွေက အခုဖြေရှင်းရမယ့် ပြဿနာတွေအများကြီးကြားမှာ စာရင်းထဲတောင် ထည့်စဉ်းစားလို့မရဘူး” လို့ Hein Htet Oo က ပြောပါတယ်။ ဆက်ဆံရေးနဲ့ အိမ်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ယနေ့ခေတ် လူငယ်တွေဟာ အရင်မျိုးဆက်တွေထက် ချိန်းတွေ့မှုနည်းလာပြီး “romance recession” လို့ ခေါ်ဆိုနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ Brigham Young University ရဲ့ Wheatley Institute နဲ့ Institute for Family Studies တို့ရဲ့ သုတေသနအရ အသက် ၂၂ နှစ်ကနေ ၃၅ နှစ်အတွင်း လက်မထပ်ရသေးတဲ့ လူငယ်တွေရဲ့ ထက်ဝက်ကျော်က ငွေကြေးမလုံလောက်တာဟာ ချိန်းတွေ့ဖို့အတွက် အကြီးမားဆုံးအတားအဆီးဖြစ်တယ်လို့ ဖြေဆိုထားပါတယ်။ အထူးသဖြင့် နယူးယောက်လို နေထိုင်စရိတ်ကြီးတဲ့မြို့မှာ ဒေါ်လာ ၁၃၀ ဝန်းကျင်ကုန်ကျတဲ့ ညစာ၊ ကော့တေးတစ်ခွက် ဒေါ်လာ ၂၀ နဲ့ ရုပ်ရှင်လက်မှတ် ဒေါ်လာ ၂၈ လောက်အထိ ကုန်ကျတာတွေကြောင့် ချိန်းတွေ့မှုတစ်ကြိမ်ကတည်းက ငွေကြေးအတော်လေးကုန်ကျနိုင်ပါတယ်။ Complex မီဒီယာကုမ္ပဏီရဲ့ အစီအစဉ်တင်ဆက်သူ Jillian Hardeman-Webb ကလည်း နယူးယောက်မြို့တော်ဝန် Zohran Mamdani ကို “နယူးယောက်မှာ အခုလိုအခြေအနေမျိုးနဲ့ လူတွေ ဘယ်လိုချစ်သူရှာကြမလဲ” လို့ မေးမြန်းခဲ့ပါတယ်။ မြို့တော်ဝန် Mamdani ကတော့ “ဒီမြို့မှာ နေထိုင်ရတာ အရမ်းဈေးကြီးတယ်။ ချစ်ဖို့ဆိုရင် ပိုတောင်ဈေးကြီးတယ်” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ BMO Financial Group ရဲ့ စစ်တမ်းတစ်ခုအရ အမေရိကန် Gen Z လူငယ်တွေရဲ့ ချိန်းတွေ့မှုတစ်ကြိမ်အတွက် သယ်ယူပို့ဆောင်ရေးနဲ့ ပြင်ဆင်စရိတ်အပါအဝင် ပျမ်းမျှဒေါ်လာ ၂၀၀ ကျော် ကုန်ကျနေပါတယ်။ အသက် ၂၇ နှစ်အရွယ် Grace Sakellariou ကတော့ အိမ်ထောင်ပြုပြီး ကလေးယူချင်ပေမယ့် လက်ရှိကုန်ကျစရိတ်တွေကြောင့် အဲဒီအရာတွေဟာ လက်လှမ်းမမီသလို ခံစားနေရတယ်လို့ ပြောပါတယ်။ “အိမ်ထောင်ပြုပြီး ကလေးယူချင်တာတော့ သေချာပါတယ်။ ဒါပေမယ့် အဲဒါတွေက မဖြစ်နိုင်သလို ခံစားနေရတယ်။ မင်္ဂလာဆောင်စရိတ်ကိုတောင် ဘယ်လိုပေးရမလဲ မစဉ်းစားနိုင်သေးဘူး” လို့ သူမက ဆိုပါတယ်။ နယူးယောက်မှာ ငွေကုန်ကြေးကျသက်သာတဲ့ ချိန်းတွေ့မှုတွေ လုပ်နိုင်တဲ့ နေရာတွေရှိပေမယ့် လူမှုကွန်ရက်တွေကလည်း လူငယ်တွေအပေါ် ဖိအားတစ်မျိုး ဖြစ်လာနေပါတယ်။ TikTok မှာ ကော်ဖီသောက်ဖို့ ချိန်းတာဟာ အားမထုတ်တဲ့ပုံစံဖြစ်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေရှိသလို Instagram မှာလည်း အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀,၀၀၀ မရှိတဲ့ အမျိုးသားတွေ မချိန်းတွေ့သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း လူငယ်တွေဟာ ချစ်သူရှာဖို့ စိတ်မဝင်စားတာမဟုတ်ဘဲ နေထိုင်စရိတ်မြင့်တက်လာတာကြောင့် ချိန်းတွေ့မှုကို လျှော့ချလိုက်ရတာဖြစ်တယ်လို့ လေ့လာချက်တွေက ဖော်ပြပါတယ်။ အိမ်ထောင်ရှိပြီး ရေရှည်တွဲနေသူတွေတောင် ကုန်ကျစရိတ်မြင့်တက်လာမှုဒဏ်ကို ခံနေရပါတယ်။ Software engineer အဖြစ် အလုပ်လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် Daniel Rosen က သူနဲ့သူ့ချစ်သူဟာ တစ်ကြိမ်ညစာစားရင် ဒေါ်လာ ၁၅၀ ကျော်ကုန်လာတာကြောင့် အပြင်ထွက်စားတာကို အရင်ကထက် အများကြီးလျှော့ချလိုက်ရတယ်လို့ ပြောပါတယ်။ “အိမ်မှာ ကိုယ်တိုင်ချက်စားလို့ရတဲ့အချိန် ဒေါ်လာ ၁၅၀ ကျော်ကုန်တာကို မတတ်နိုင်တော့ဘူး။ အခုဆို ကောင်းကောင်းမွန်မွန် date night လုပ်တာ တစ်လတစ်ကြိမ်တောင် မဖြစ်တော့ဘူး” လို့ Daniel Rosen က ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လူငယ်တွေအတွက် ချစ်သူရှာဖို့နဲ့ မိသားစုတည်ထောင်ဖို့ဟာ ကိုယ်ရေးကိုယ်တာဆန္ဒတစ်ခုတည်းနဲ့ မပြီးတော့ဘဲ နေထိုင်စရိတ်နဲ့ စီးပွားရေးအခြေအနေတွေနဲ့ပါ တိုက်ရိုက်ဆက်စပ်လာနေပါတယ်။ သုတေသီတွေကတော့ လူငယ်တွေ ချိန်းတွေ့မှုနဲ့ အိမ်ထောင်ပြုမှု လျော့နည်းလာတာဟာ လူမှုရေးအပြောင်းအလဲတစ်ခုသာမက နေထိုင်စရိတ်နဲ့ စီးပွားရေးဖိအားတွေနဲ့ပါ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ Vessy Source: The New York Times၊ BMO

  • တီးတိန်မြို့မှာ ၆ နှစ်စာ မီတာခ အတင်းအဓမ္မ ကောက်ခံနေလို့ စစ်ရှောင်တွေ အခက်ကြုံနေရ

  • တီးတိန်မြို့မှာ ၆ နှစ်စာ မီတာခ အတင်းအဓမ္မ ကောက်ခံနေလို့ စစ်ရှောင်တွေ အခက်ကြုံနေရ ======== ဩဂုတ် ၁၄၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီက ၆ နှစ်စာ လျှပ်စစ်မီတာခတွေကို တပြိုင်နက်တည်း အတင်းအဓမ္မ ပြန်ကောက်နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ငွေကြေးကျပ်တည်းပြီး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တီးတိန်မှာ စစ်တပ်အာဏာသိမ်းပြီးတည်းက မီတာခ မကောက်ခဲ့ဘဲ အခု ၂၀၂၆ ခုနှစ် ဇွန်လကျမှ ပြန်တောင်းလာတာပါ။ အဲဒီလို တောင်းတဲ့အခါမှာလည်း လွန်ခဲ့တဲ့ ၆ နှစ်စာ အတွက်ပါ တပါတည်း ပေးခိုင်းနေတာမို့လို့ တချို့အိမ်တွေမှာ ကျပ် ၃ သိန်းနီးပါးအထိ ကျသင့်နေတယ်လို့ သိရပါတယ်။ စစ်ရေးအခြေအနေတွေကြောင့် အိမ်မှာ ပုံမှန်မနေနိုင်ဘဲ စစ်ဘေးရှောင်နေရတဲ့အပြင် လွန်ခဲ့တဲ့ ကာလတွေတုန်းကလည်း မီးက ပုံမှန်ရတာမဟုတ်ဘဲ ၂ ရက်မှ ၁ ကြိမ်လောက်ပဲ ရခဲ့တာပါ။ အဲဒီလို မီး သိပ်မသုံးခဲ့ရတဲ့ ကာလတွေအတွက်ပါ မီတာခ ပြန်တွက်ကောက်နေတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်မှုတွေ ရှိလာပါတယ်။ " တီးတိန်မှာက မဟာဓာတ်အားလိုင်းက ရတာမဟုတ်ဘူး။ ဇလွီချောင်းက ရေအားလျှပ်စစ်ကို သုံးရတာ၊ မီးကလည်း အားကောင်းတာ မဟုတ်ပါဘူး။ နှစ်ရက် တခါ၊ သုံးရက် တခါမှ မီးအလှည့်ရတာ၊ မရတာလည်း ကြာပါပြီ။ အခုက ၆ နှစ်စာ တွက်ပြီးတောင်းတာ၊ သုံးရရင် တော်သေးတယ်၊ သုံးလည်း မသုံးရတာ၊ အခုလို တခါတည်း အကုန်ပေးခိုင်းတော့ မလွယ်ဘူးလေ။ " လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် စစ်ကောင်စီလက်အောက်ခံ EPC ရုံးက အဲဒီမီတာခတွေကို လာမယ့် ဩဂုတ် ၂၁ ရက် နောက်ဆုံးထား ပေးရမယ်လို့ အကြောင်းကြားထားပါတယ်။ သတ်မှတ်ရက်ထက် ကျော်သွားရင် မီတာပုံးတွေ ဖြုတ်သွားမှာဖြစ်သလို မီးလည်း ဖြတ်ပစ်မယ်လို့ သတိပေး ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ခုလို မီတာခ အတင်းတောင်းတာ၊ မီးဖြတ်မယ်လို့ ခြိမ်းခြောက်တာတွေကြောင့် ပိုပြီး အခက်တွေ့နေရလို့ ဆိုပါတယ်။ ခရိုင်အဆင့်မြို့ဖြစ်တဲ့ တီးတိန်ဟာ မဟာဓာတ်အားလိုင်း မရသေးဘဲ မြို့အနီးမှာရှိတဲ့ ဇလွီးချောင်း ရေအားလျှပ်စစ်ကရတဲ့ မီးကိုပဲ အားထားသုံးစွဲနေရတာဖြစ်ပါတယ်။ ဓာတ်ပုံ- လူမှုကွန်ယက် (ပုံဟောင်း) Helen

  • без подписи

  • မဏိပူရ်မှာ တန်ခူလ်း နာဂကျေးရွာတရွာ တိုက်ခိုက်ခံရပြီး ရွာသားနှစ်ဦးသေဆုံး ======= ဩဂုတ် ၁၄၊ ၂၀၂၆ Zalen မဏိပူရ်ပြည်နယ်၊ Tamenglong ခရိုင်အတွင်းရှိ တန်ခူလ်းနာဂ ကျေးရွာတရွာ တိုက်ခံရပြီး ရွာသား၂ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းများအရသိရပါတယ်။ အဆိုပါ တန်ခူလ်းနာဂ ကျေးရွာဖြစ်တဲ့ Langka (Niulong) Liangmai နာဂကျေးရွာကို ဒီနေ့မနက် ၇နာရီခွဲခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့် ရွာသား ၂ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။ ယင်းတိုက်ခိုက်ခံရတဲ့ တန်ခူလ်းနာဂကျေးရွာဟာ Tamenglong ခရိုင်အတွင်းရှိ Imphal - Tamenglong (IT) လမ်းမပေါ်တွင်တည်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အခုလို တန်ခူလ်းနာဂ ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ အမည်မသိနက်နက်ကိုင်အဖွဲ့ဟာ ကူကီးလက်နက်ကိုင်များဖြစ်ကြတယ်လို့ တန်ခူလ်းနာဂ အဖွဲ့က စွပ်စွဲထားပေမယ့် အသေးစိတ်ကိုမသိရသေးပါ။ ဒါ့အပြင် Kangpokpi ခရိုင်အတွင်းရှိ တန်ခူလ်းနာဂ ကျေးရွာတခုကိုလည်း အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အဲဒီဒေသတွင်းသတင်းက ဆိုပါတယ်။ Langka ကျေးရွာဟာ ယခင်ကလည်း အဲဒီဒေသမှာ လက်နက်ကိုင်ပဋိပက္ခများ ရှိခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လ အတွင်းကလည်း အဆိုပါကျေးရွာ တိုက်ခိုက်ခံရလို့ လက်နက် ကိုင်နှစ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ တဘက်မှာ ဩဂုတ်လ ၁၀ရက်နေ့က NSCN-IM တန်းခူလ်းနာဂ လက်နက်ကိုင်များက Khailenjang ကူကီးကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KSO Sadar Hills အဖွဲ့က စွပ်စွဲပစ်တင် ရှုတ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကူကီးလူမျိုးစုများနဲ့ နာဂလူမျိုးစု နှစ်စုကြား ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခဟာ နှစ်ဘက်ပြေလည်မှုမရရှိဘဲ ယနေ့ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ သတင်း - Yongpithong ဓာတ်ပုံ - လူမှုကွန်ယက် ကိုးကား - ဒေတွင်းသတင်းများ

  • အန္တရာယ်ရှိတဲ့ ပေါက်ကွဲလက်နက်ပစ္စည်းက ဘယ်လိုအသွင်သဏ္ဍာန်ရှိလဲ

  • без подписи

  • без подписи

  • ဂွမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံး

  • ဂွမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံး === သြဂုတ် ၁၄၊ ၂၀၂၆ Zalen ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ကိုင်းခုံကျေးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ဦး သေဆုံးသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မနေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေ နေထိုင်ရာ မြို့ရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ အသုံးပြုပြီး ညအချိန်တွေမှာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ဩဂုတ် ၁၃ ရက်နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၁ ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သားတွေ နေထိုင်ရာကို စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့တာပါ။ အဲဒီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၈) ဦးမှာ နေရာမှာပင် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသွားခဲ့ကြရပြီး နေအိမ်တွေနဲ့ ပစ္စည်းဥစ္စာတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ပြင် အဲဒွ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ပြည်သူပိုင် နေအိမ် (၅) လုံးနဲ့ သုံးဘီးဆိုင်ကယ် (၁) စီးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ အခြားသော အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ဆုံးရှုံးမှုအခြေအနေတွေကိုလည်း သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းလျက်ရှိနေပါတယ်။ အလားတူ မနေ့ ဩဂုတ် ၁၃ ရက်နေ့၊ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးပါတယ်။ သတင်း-ဆလိုင်း #ဂွမြို့နယ်#စစ်ကောင်စီလေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #Zalen

  • တပ်ရင်းနဲ့ ကင်းကွာနေတဲ့ ရဲဘော်များ ပြန်လည်တာဝန်ထမ်းဆောင်ရန် တမူးခရိုင် အမှတ်(၂) တပ်ရင်းမှ အသိပေး

  • တပ်ရင်းနဲ့ ကင်းကွာနေတဲ့ ရဲဘော်များ ပြန်လည်တာဝန်ထမ်းဆောင်ရန် တမူးခရိုင် အမှတ်(၂) တပ်ရင်းမှ အသိပေး === ဩဂုတ် ၁၄၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်၊ တမူးခရိုင်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနဲ့ ကင်းကွာနေတဲ့ ရဲဘော်များ တပ်ရင်းများကို ပြန်လည် တာဝန်ထမ်းဆောင်ရန် တမူးခရိုင်အမှတ်(၂) တပ်ရင်းမှ ဩဂုတ်လ ၁၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁) စစ်ဒေသဌာနချုပ် တမူးခရိုင် အမှတ်(၂) တပ်ရင်းတွင် ခွင့်လွန်ရဲဘော်များနဲ့ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနဲ့ ကင်းကွာနေပြီး တာဝန်ထမ်းဆောင်ရန်ပျက်ကွက်နေကြတဲ့ ရဲဘော်များအားလုံးသိစေရန် အခုလိုထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို ခွင့်လွန်ရဲဘော်များနဲ့ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနဲ့ ကင်းကွာနေပြီး တာဝန်ထမ်းဆောင်ရန်ပျက်ကွက်နေကြတဲ့ ရဲဘော်များအားလုံးအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တပ်ရင်းမှာ ရောက်ရှိကြောင်း သတင်းပို့ကာ တာဝန်ထမ်းဆောင်ရမယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။ ရဲဘော်များအနေနဲ့ တပ်ရင်းကို ပြန်လည်သတင်းပို့ တာဝန်ထန်းဆောင်ခြင်းမရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဥပဒေအတိုင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ အလားတူ တမူးခရိုင်အမှတ်(၆) တပ်ရင်းတွင် ခွင့်ရက်ကျော်လွန်နေတဲ့ ရဲဘော်များနဲ့ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနဲ့ ကင်းကွာ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေတဲ့ ရဲဘော်များကိုလည်း ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိခင်တပ်ရင်းကို ပြန်လည်သတင်းပို့ တာဝန်ထန်းဆောင်ရမယ်လို့ ဩဂုတ်လ ၁၃ ရက်နေ့က တမူးခရိုင်အမှတ်(၆) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၁၁ရက်နေ့ကလည်း တမူးခရိုင် အမှတ်(၁) တပ်ရင်းမှ ခွင့်လွန်ရဲဘော်များနဲ့ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းနဲ့ ကင်ကွာနေပြီး တာဝန်ထမ်းဆောင်ရန် ပျက်ကွပ်နေတဲ့ ရဲဘော်များအားလုံးကိုလည်း ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တပ်ရင်းကို ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင်ရန် အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - နွေ

  • без подписи

  • ရုရှားရေနံတင်သင်္ဘောက စိမ့်ထွက်တဲ့ရေနံ အိုမန်ကမ်းခြေအထိ ရောက်လာပြီး ကမ်းရိုးတန်း ၄၀ ကီလိုမီတာ ထိခိုက်

  • ရုရှားရေနံတင်သင်္ဘောက စိမ့်ထွက်တဲ့ရေနံ အိုမန်ကမ်းခြေအထိ ရောက်လာပြီး ကမ်းရိုးတန်း ၄၀ ကီလိုမီတာ ထိခိုက် ======= ဩဂုတ် ၁၄၊၂၀၂၆ Zalen အိုမန်နိုင်ငံကမ်းလွန်မှာ ဇွန်လကတည်းက ရေနံစိမ့်ထွက်နေတဲ့ Caroline Bezengi ရေနံတင်သင်္ဘောကနေ ထွက်လာတဲ့ ရေနံတွေဟာ အခု အိုမန်နိုင်ငံရဲ့ ကမ်းခြေအထိ ရောက်လာပြီလို့ အိုမန်ပတ်ဝန်းကျင်အာဏာပိုင်တွေက ပြောပါတယ်။ ရေနံတွေဟာ အိုမန်နိုင်ငံအလယ်ပိုင်းက Ras Madrakah ကမ်းခြေအထိ ရောက်လာပြီး ကမ်းရိုးတန်း ၄၀ ကီလိုမီတာအထိ ထိခိုက်နေတယ်လို့ Environment Authority က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ အိုမန်ကမ်းရိုးတန်းကနေ ၁၅ ကီလိုမီတာလောက်ပဲ ဝေးတဲ့ Masirah ကျွန်း တောင်ဘက်ကမ်းခြေကိုလည်း ရေနံတွေ မကြာခင် ရောက်လာနိုင်ပြီး ကမ်းရိုးတန်း ၁၀ ကနေ ၂၀ ကီလိုမီတာအထိ ထိခိုက်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အခု ရေနံစိမ့်ထွက်မှုဟာ စတုရန်းကီလိုမီတာ ၄၀၀ နီးပါး ရှိနေပြီး ပင်လယ်လိပ်တွေနဲ့ အခြားရေနေသတ္တဝါတွေ နေထိုင်တဲ့ Hallaniyat ကျွန်းစု အနီးမှာ ရေနံတွေ အများဆုံး စုနေပါတယ်။ အိုမန်အာဏာပိုင်တွေကတော့ ရေနံတွေ ထပ်ပြီးမပြန့်အောင် ကျွမ်းကျင်သူအဖွဲ့တွေကို စေလွှတ်ပြီး စောင့်ကြည့်တာနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်လွယ်တဲ့ နေရာတွေကို ဦးစားပေးပြီး ကာကွယ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် Greenpeace အပါအဝင် သဘာဝပတ်ဝန်းကျင်အဖွဲ့တွေကတော့ ရေနံစိမ့်ထွက်တဲ့ ပမာဏဟာ အိုမန်အာဏာပိုင်တွေ ထုတ်ပြန်ထားတာထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။ အရေးပေါ် ထိန်းချုပ်မှုတွေ မလုပ်နိုင်ရင် ကမ်းရိုးတန်းနဲ့ ပင်လယ်ထဲက သဘာဝပတ်ဝန်းကျင်တွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ Caroline Bezengi သင်္ဘောဟာ ဇွန်လ ၈ ရက်က Al Hallaniyat ကျွန်းစု အနီးမှာ ပျက်စီးရပ်တန့်ခဲ့တာပါ။ အဲဒီအချိန်မှာ သင်္ဘောအမှုထမ်းတွေက သင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ သတင်းပေးခဲ့ပေမယ့် ဘာကြောင့် ပျက်စီးခဲ့တာလဲဆိုတာကိုတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။ အနောက်နိုင်ငံအစိုးရတွေကတော့ ဒီသင်္ဘောဟာ ရုရှားရေနံတွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုနေတဲ့ ရုရှား Shadow Fleet လို့ ခေါ်တဲ့ သင်္ဘောအုပ်စုထဲက တစ်စင်းဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ၂၀၀၁ ခုနှစ်မှာ တည်ဆောက်ထားတဲ့ ဒီသင်္ဘောပေါ်မှာ ရေနံစိမ်း စည်ပေါင်း ၈ သိန်းလောက် ရှိနိုင်ပါတယ်။ ဒီပမာဏဟာ တော်တော်ကြီးတဲ့ ရေနံဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံ Louisiana State University က ရေနံယိုစိမ့်မှုဆိုင်ရာ ကျွမ်းကျင်သူ Christopher D’Elia က Al Jazeera ကို ပြောပါတယ်။ Greenpeace ကလည်း အရေးပေါ် ထိန်းချုပ်ဆောင်ရွက်မှုတွေ မလုပ်နိုင်ရင် ဒီဖြစ်စဉ်ဟာ ဒေသတွင်းကမ်းရိုးတန်းနဲ့ ပင်လယ်ဂေဟစနစ်အတွက် ကြီးမားတဲ့ ရေနံဘေးအန္တရာယ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ Vessy Source: Al Jazeera