People's Spring
СтатистикаPeople's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။ Facebook >> https://www.facebook.com/LuduNwayOo Youtube >> https://www.youtube.com/@peoplespring Website >> https://www.ludunwayoo.com/
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 152
- Всего постов
- 153
- Тип
- открытый
- Язык
- my
- Категория
- Видео
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 195
- 1/48двое суток
- 1 369
- 1/72трое суток
- 1 477
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ပေါက်နဲ့မြိုင်ကိုစစ်ကြောင်းထိုးလာတဲ့စစ် တပ်အားတိုက်ခိုက်ရာ သေဆုံးသူ ၅၀ကျော်ရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရဟု မကွေး PDF ထုတ်ပြန် ■စစ်တပ်စစ်ကြောင်း ရေနံမှော်တွေနဲ့ပိုနီးလာဟုဒေသခံပြော ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People's Spring မကွေးတိုင်း၊ပေါက်နဲ့မြိုင်မြို့နယ်ကိုစစ် ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်တာကြောင့်သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီးလက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာ ကွယ်ရေးတပ်မတော်ကဒီကနေ့ထုတ်ပြန်ပါတယ်။ အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်း ကို မေလကစတင်ပြီး လက်တလောအချိန်အထိစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို "အညာတမာ" စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာမကွေးပြည်သူ့ကာကွယ်ရေးတပ် မတော်ကထုတ်ပြန်တာပါ။ "အညာတမာ"စစ်ဆင်ရေးအရပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့တော် လှန်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ စိုးမိုးဒေသတွေ ချဲ့ထွင်ရေးပါ၀င်တယ်လို့ အ သိပေးပါတယ်။ စစ်ကြောင်းဟာ ဇွန်လဆန်းပိုင်းမှာမြိုင်မြို့ နယ်က တွင်းမပျူစောထီးစခန်းကနေ ပေါက်မြို့နယ် ထောက်ရှာပင် ကျေးရွာ ၊ အဲဒီနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာ၀င်ရောက်ပြီး ကိုင်းတောမ - ဝက်ပုတ် - ဘောတုံ- ဘောင့်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း အစရှိတဲ့ ကျေးရွာလမ်းပိုင်းတွေကို အ သုံးပြုပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အ နည်းဆုံး ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။စစ်တပ်ရဲ့သေဆုံးမှုနဲ့ထိခိုက်မှုအရေအတွက်ကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တဲ့အပြင် လက်နက်(မဲ့) အလင်းဝင်ရောက်လာသူ ၄ဦးရှိပြီး သက်ဆိုင်ရာ မိဘတွေနဲ့ ချိတ်ဆက်ကာ နေရပ်အသီးသီးကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။ "မနေ့ကလည်း စစ်ကြောင်းတိုက်ခံရသေးတယ်။အခုတော့ ရွေ့လာတဲ့ စစ်ကြောင်းအရဆိုရေနံမှော်တွေဘက်ကိုပိုတိုးလာတယ်ပြောရမယ်။လေကြောင်းကလည်း နေ့စဉ်နီးပါး ဗုံးကြဲနေတယ်"လို့ မြိုင်မြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိ အညာတမာစစ်ဆင်ရေးမှာမကွေးပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ ၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ် ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊တိုင်းပကဖစစ်ကြောင်း(၄) နဲ့ MRG တပ်ဖွဲ့ တို့ပါ၀င်တယ်လို့ သိရပါတယ်။ ဒါ့အပြင်ကမ္မတပ်ပေါင်းစု ၊ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု တွေ နဲ့အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ် ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စနစ်တကျစုဖွဲ့တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ စစ်တပ်စစ်ကြောင်းက ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းကကျေးရွာပေါင်း ၁၁ရွာက ဒေသခံ နေအိမ် ၃၀၀ ၀န်းကျင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၄ ဦးကို ရက်စက်စွာသတ် ဖြတ်ခဲ့ပါတယ်။ စစ်တပ်စစ်ကြောင်းကို တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကနေ တိုက်ခိုက်နေပြီး အခုထက်ပိုတဲ့ စည်းလုံးညီညွှတ်စုဖွဲ့မှုတွေနဲ့ တော်လှန် ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မအကြမ်းဖက်လုပ်ငန်းတွေမှာ ပါ၀င်နေကြတဲ့လူငယ်လူရွယ်တွေအနေနဲ့ ရုန်းထွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ စစ်တပ်က ပေါက်နဲ့ မြိုင် ဒေသအစပ် က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို ဦးတည်စစ်ကြောင်းထိုးနေပြီး ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာလို့စစ်ရေးသတင်းရင်း မြစ်တွေကလည်း ကနဦးသုံးသပ်ထားပါတယ်။
ဓာတ်ပုံ - အလုံကြက်ခြေနီ
■ဆောင်းပါး မိုးရာသီ ရေဘေးကြားက ရန်ကုန် ဝမ်းရောဂါ ဘာကြောင့် ရုတ်တရက် ပျံ့နှံ့လာရသလဲ ? - သန္တာဖြူ ရေးသားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။ လတ်တလော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၈၀ ကျော် တက်ရောက်ကုသခဲ့ပြီး၊ ပြင်းထန်ကာလဝမ်းရောဂါပိုး တွေ့ရှိသူ ၉၃ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီအထဲက အသက် (၉၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ လသာမြို့နယ်၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဒီအခြေအနေဟာ သာမန်ကျန်းမာ ရေးပြဿနာ တစ်ခုထက် ပိုမိုကြီးမားတဲ့ လူထုကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ရမယ့် အဆင့်ကို ရောက်ရှိလာပါတယ်။ ဒီလိုရောဂါဆိုးကို ဘာကြောင့် မထိန်းချုပ်နိုင်ဘဲ ခေါင်းထောင်ထလာရသလဲဆိုတဲ့ အဓိက အကြောင်းရင်းကတော့အာဏာသိမ်းပြီးနောက်ပိုင်းအစစအရာရာယိုယွင်းပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာမြို့တော်စည်ပင်ရဲ့အမှိုက်သိမ်းစနစ်၊မြောင်းဖောက်စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်းစဉ်တွေဟာသိသိသာ သာ ယိုယွင်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မိုးရာသီ ရေကြီးရေလျှံမှု တွေကြောင့် အမှိုက်၊ မိလ္လာနဲ့ သောက်သုံးရေအရင်းအမြစ်တွေရောနှောညစ်ညမ်းလာပြီးတစ်မြို့လုံးဟာ ရောဂါပိုးမွှားပျံ့နှံ့လွယ်တဲ့အန္တရာယ်မြင့်မားတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ လမ်းဘေးစားသောက်ကုန်တွေ မသန့်ရှင်းတာထက်အခြေခံစည်ပင်စနစ် ပျက်စီးနေတာက ဒီပြဿနာရဲ့ မီးပွားကို ကောက်ရိုးမီးလို ကူးစက်စေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေအကျပ်အတည်းကြောင့် ဝင်ငွေများကျဆင်းလာပြီးကုန်ဈေးနှုန်းနဲ့ ဆေးဝါး ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ဒီလိုရောဂါအန္တရာယ်ကို ရင်ဆိုင်ရခြင်းကပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပါတယ်။ဒါ့အပြင်လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံ လိုအပ်ချက်တွေကိုပင် မနည်းရုန်း ကန်နေရချိန်မှာ ပြည်တွင်း အရည်အသွေးမီ ဆေးဝါးရှားပါးမှုနဲ့ ဆေးဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကြောင့် ပြည်သူ အများစုဟာ ရောဂါဖြစ်လာရင်တောင် ဆေးရုံဆေးခန်း စောစောမပြနိုင်ကြပါဘူး။ အခြေခံလူတန်းစားတွေဟာဆိုရင်လည်း ရော ဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန် လို အပ်တဲ့ သန့်ရှင်းသော အစားအသောက်နဲ့ သောက်သုံးရေကိုပင် ဝယ်ယူနိုင်ရန် ခက်ခဲနေကြသလို၊ ရောဂါ ဖြစ်ပွားလာပါကလည်း လို အပ်တဲ့ ဓာတ်ဆားနဲ့ ဆေးဝါးတွေကို အချိန်မီ မရရှိနိုင်ခြင်းကြောင့် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ ၂၀၂၄ ခုနှစ်ကလည်း ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူပေါင်း ၂,၂၀၀ ကျော် ဆေးရုံတက်ခဲ့ရပြီး ၁၅ ဦး သေဆုံးခဲ့ဖူးပါတယ်။အခုနှစ်မှာလည်း အလားတူ အခြေ အနေမျိုးမရောက်အောင် အထူးသတိထားကြဖို့ လိုအပ်နေပါတယ်။ဒီလိုအကျပ်အ တည်းများကြားမှာ မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ အခြေခံကျန်းမာရေးအသိနဲ့ သန့်ရှင်းရေးအလေ့အကျင့်တွေကိုအလေး ထားလိုက်နာကြရမှာ ဖြစ်ပါတယ်။ မည်သည့်ရေအမျိုးအစားဖြစ်စေ မဖြစ်မနေ ဆူပွက်အောင်ကျိုချက်ပြီးမှသောက်သုံးတာ၊ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် စနစ်တကျ ဆေးကြောတာ ၊ ယင်နားသော သို့မဟုတ် မသန့်ရှင်းနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်တာတို့ကို လိုက်နာသင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားပါကခန္ဓာ ကိုယ်ရေဓာတ်မခမ်းခြောက်စေဖို့ ၊ဓာတ်ဆားရေကိုအမြန်ဆုံးသောက်သုံးပြီးရောဂါ လက္ခ ဏာများ မသက်သာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သိုမဟုတ် ကျန်းမာရေးဝန်ထမ်းများထံအချိန်မီဆက်သွယ်ကုသမှုခံယူသင့်ပါတယ်။ ဘက်စုံယိုယွင်းပျက်စီးနေတဲ့ စနစ်အောက်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာနဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုကသာ ရောဂါအန္တရာယ်တွေကို လျှော့ချနိုင်မယ့် အရေးကြီးတဲ့ အားထားရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါအန္တရာယ်ကို ပေါ့ဆမထားဘဲ တဦးချင်းစီကသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအလေ့ အကျင့်တွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ။
ဗုံးကြဲခံရပြီးနောက်အပျက်အစီးတွေကိုတွေ့ရစဥ်။ဓါတ်ပုံ-ပေးပို့
မိုးမိတ်မြို့နယ်၊ရွှေတောရွာကို စစ်တပ်ဗုံးကြဲပြည်သူနှစ်ဦးဒဏ်ရာရ ဩဂုတ်-၁၄၊၂၀၂၆။ကတ်သရင်း/People's Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေ ကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ၁၄ရက် နေ့လယ် ၁၁နာရီ ၄၅မိနစ်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ "တံတားထိပ်နားနဲ့ ရွှေလုပ်ကွက်ဘက်ကိုကြဲတာ။ထိတဲ့ပြည်သူတွေက ရွှေလုပ်ကွက်မှာအလုပ်လုပ်ကြတဲ့ ပြည်သူ တွေထိတာ"လို့ ဒေသခံတဦးက ပြောပါတယ်။ ဗုံးကြဲတာကြောင့် အမျိုးသားတဦးလက်ကို ကျည်စထိမှန်ခဲ့သလို အမျိုးသမီးတဦးလည်း ခြေသလုံးကို ကျည်စထိမှန်ခဲ့ဒဏ်ရာရခဲ့တာလို့သိရပါတယ် ။ဒါပေမယ့် ဒဏ်ရာရသူတွေဟာအသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဒေသခံအချို့ကပြောပါတယ်။ "အဲဒီနေရာမှာ ပလောင်နဲ့ကချင်တပ်ရှိတာကို ကချင်တပ်ဘက်ကြဲသွားတယ်။မြေပြင်ကလည်းမိုးမိတ်ဘက်မှာစစ်ကြောင်းထိုးနေတာ ရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်တပ်ကမိုးမိတ်မြို့နယ်မှာ နယ်မြေစိုးမိုးမှုတိုးရအောင် စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ညောင်နီရွာကိုလည်း၂ ရက်ဆက် လေ ကြောင်း၊လက်နက်ကြီးပစ်ကူသုံးပြီးစစ်ကြောင်းထိုးတာကြောင့် KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိုက်ပွဲမှာ စစ်တပ်ကအရာရှိတွေအပါအဝင် စစ်သားတွေသေဆုံးထိခိုက်မှုတွေရှိခဲ့သလိုတော်လှန်ရေးတပ်တွေဘက်က SSPP တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။ ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ KIAထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ စစ်တပ်ရဲ့ကင်း ထောက်လေယာဉ်ပျံဝဲခဲ့ပါတယ်။ည ၇နာရီကျော်ခန့်ကစပြီး လေယာဉ်တစ်စီး ပတ်ပြီး ပျံနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့က အခြေခံပြည်သူတွေဟာ မြို့ တွင်းသွားလာရေးအတွက် YBS ကိုအဓိကအားထားအသုံးပြုနေရတာဖြစ်ပါတယ်။ ဓါတ်ပုံ-PS
ရန်ကုန် YBSကားခ ၅၀ ရာခိုင်နှုန်းထပ်တက် ■စစ်တပ်အာဏာသိမ်းပြီး ဒုတိယအကြိမ်ဈေးတက်တာဖြစ်၊အာဏာမသိမ်းခင် YBS ကားခ ၂၀၀ ကျပ်မှ ၆၀၀ ကျပ်ဖြစ်လာ ■အခြေခံပြည်သူတွေ ဝန်ထုပ်ဝန်ပိုးပိုဖြစ်လာ သြဂုတ်-၁၄၊၂၀၂၆။တာရာ၊ရောင်နီ/People's Spring ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက် တင်ဘာလကစတင်ပြီး အရင်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာကြောင့်ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။ လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "ကားခတွေစျေးတတ်မယ်ဆိုတော့အဆင်မပြေဘူးလေ။ရတဲ့လစာက ၅ သိန်း။လမ်းစရိတ်ပဲရှိတယ်။ဘယ်လိုလုပ်မလဲ။အလုပ်လုပ်ချင်စိတ်တောင်မရှိတော့ဘူး" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။ YBSစီနင်းသူအချို့ဟာအလုပ်ကိုသွားဖို့အ တွက်အဆင်ဆင့်စီးရတာတွေရှိတာကြောင့် ကားခတင်များစွာပိုကုန်လာမှာဖြစ်တယ်လို့ ပြည်သူအချို့ကပြောပါတယ်။ ယာဉ်စီးခကို တိုးလိုက်တာက နေ့စဉ်ခရီးသွားလာနေရတဲ့ ပြည်သူတွေအတွက် ကုန်ကျ စရိတ်ပိုကုန်ကျလာသလို အကြွေပြဿနာလည်း ပိုကြုံလာရနိုင်တယ်လို့ ခရီးသွားတွေက ရင်ဖွင့်ထားကြပါတယ်။ "၄၀၀တောင် ၅၀၀ပေးစီးနေရတာ ၆၀၀ သာဆို ၁၀၀၀တန်ပေးရင်ပြန်မရလောက်တော့ဘူး" လို့ YBS စီးသူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၁ ရက်စတက်မယ့် ယာဉ်စီးခ ၄၀၀ ကနေ ၆၀၀ ၊ ၂၀၀ ကနေ ၃၀၀တိုးမြှင့်လိုက်တာက ဈေးမတက်ခင်ကထက်ငါးဆယ်ရာခိုင်နှုန်း ဈေးတတ်သွားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းဒုတိယအကြိမ်ဈေးတတ်တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကYBS ယာဉ်စီးခတွေက ၂၀၀ ကျပ် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပိုင်းမှာ ၄၀၀ ကျပ်အထိ ဈေးတတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းတိုးမြှင့်ကောက်ခံရတာက YBS ယာဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ယာဉ်တွေပြင် ဆင်ရာမှာ ကုန်ကျစရိတ်တိုးမြင့်တာကြောင့်လို့ စစ်အုပ်စုကဆိုပါတယ်။ "ယာဥ်အပိုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေကိုတော့မစီစစ်ဘဲလျစ်လျူရှု့ထားပီး ခဗျားတို့ဝင်ငွေထွက်ငွေမမျှတတာကိုကျတော့ပြည်သူတွေစီကပဲ အဖြေရှာတတ်ကြတာလား.. အမြတ်ကြီးစား လူလည်ကျ ဂုတ်သွေးစုပ် ခေါင်းပုံဖြတ်နေကြတဲ့ ဝိသ မလောဘသားတွေကလွဲပီးကျန်တဲ့ပြည်သူအားလုံးက ဘက်ပေါင်းစုံက လည်နင်းခံနေရတာဗျ...တော်တော်တရားကျတဲ့လောကကြီးပဲနော်." လို့ ခရီးသည်တစ်ဦးကလည်း ရင်ဖွင့်ထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေရှားပါးကာ ငွေဖောင်းပွပြီးအထွေထွေစာရိတ်တွေကြီးမြှင့်တာကြောင့်ပြည်သူအများစုက အခြေခံစားဝတ်နေရေးအတွက်ကိုတောင်ရုန်းကန်နေကြရတာဖြစ်ပါတယ် ။ ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အ သုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။ YRTC ရဲ့လက်အောက်မှာ ယာဉ်စီးရေ ၅၃၉၉ စီးရှိတဲ့အနက် နေ့စဉ်ပြေးဆွဲတဲ့ ယာဉ်အစီးရေ ၃၃၀၀ ခန့် ရှိပြီး YPS ကတ်ကိုတော့ ယာဉ်စီးရေ (၁၉ဝ၄) မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
(လေးမျက်နှာမြို့နယ်ရေကြီးနေစဥ်/ရေကြည် နဲ့သာပေါင်းမြို့နယ်မှာသြဂုတ်၁၂ရက်တိုက်ပွဲမှာ စစ်တပ်ထံက AA သိမ်းဆည်းရရှိတဲ့လက် နက်ခဲယမ်းတွေနဲ့စစ်သားအလောင်းတွေ/ ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်ဆန်းပိုင်းက AA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဥ်။ ဓါတ်ပုံ-AA Info desk ၊CJ
ဝတီတိုင်းခရီးစဉ်မှာပဲ ငွေကြေးတွေလှူဒါန်းပြကြပါတယ်။အာဏာရှင်ကိုဖားယားကြတဲ့ဒီပွဲမှာ အလှူငွေကျပ် ၂၃ ဒသမ၃၂၄ ဘီလီယံ ( ကျပ်သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော်) ရရှိခဲ့ပါတယ်။ ဘေးသင့်ပြည်သူတွေကို ပြန် လည်ထောက်ပံ့တဲ့သတင်းကတော့ ပွင့်လင်းမြင်သာမှုရှိမနေပါဘူး။ အရပ်ဖက်ကူညီရေးအဖွဲ့တွေကလှူဒါန်းတဲ့ စားသောက်ကုန်နဲ့ငွေကြေးတွေလက်ခံရရှိပေမယ့် စစ်ကောင်စီကထောက်ပံ့တာကတော့ ကျပ် ၄၀၀၀နဲ့ ဆန်းတစ်ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀သား တစ်ဗူးသာရဖူးတယ်လို့ လေးမျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။ ဒီရေဘေးမှာလေးမျက်နှာ၊ဟင်္သာတ၊ရေကြည် ၊ ငသိုင်းချောင်းနဲ့ ကျုံပျော်မြို့နယ်တွေက ကျေးရွာပေါင်း ၂၀၀ နီးပါး ရေလွှမ်းမိုးနေပြီး လူဦးရေ လေးသောင်းကျော် ဘေးသင့်နေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အမှန်တကယ်မှာတော့ နေအိမ်နဲ့ ခြံဝင်းတွေရေမြုပ်ပြီး အိမ်တွေထဲမှာဖြစ်သလိုနေရတဲ့ လူဦးရေသိန်းချီရှိနေပါတယ်။စစ်အုပ်စုကတော့ ပျက်စီးဆုံးရှုံးမှုကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ အထိအခိုက်နည်းပါးသယောင် ဝါဒဖြန့်နေပါတယ်။ရေဘေးကြောင့်သေဆုံးသူအရေအတွက်ကိုတောင် စစ်အုပ်စုက အတည်မပြုနိုင်ဘူးဖြစ်နေပါတယ်။ လူနှစ်ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ပျောက်ဆုံးနေသူအနည်းဆုံး ခြောက်ဦးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ပျောက် ဆုံးနေသူတွေထဲက လူငယ်တစ်ဦးရဲ့ရုပ်အ လောင်းကိုသြဂုတ်လ ၁၃ ရက်နေ့မှာဒေသခံတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ရေဘေးကြောင့်သေဆုံးသူစာရင်းမှာတော့ အဆိုပါလူငယ်ပါဝင်မနေပါဘူး။ ●ဘုံပျောက်သွားတဲ့ နတ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဖန်တီးတဲ့ ရေဘေးကြောင့်ဒေသခံတွေအပြင်တနယ်လုံးရဲ့ ကိုးကွယ်ခံနာမည်ကြီး နတ်တစ်ပါးလည်း ဘုံပျောက်သွားပါတယ်။ စိုက်ပျိုးရေး၊မွေးမြူ ရေးနဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ကူညီမစတယ်ဆိုပြီး ယုံကြည်မှုနဲ့အတူ မြစ်ဝ ကျွန်းပေါ်ဒေသမှာ ဘုံပျံနတ်နန်းနဲ့တကွ ကျ ကျနန အပူဇော်ခံနေရတဲ့ ရေငန်ပိုင်ဦးရှင်ကြီးနတ်ရဲ့ နတ်နန်းတွေဟာရေဘေးမှာမျောပါ သွားပါတော့တယ်။ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေ လက်ရှိ လာရောက်ခိုလှုံနေတဲ့ ဟင်္သာတမြို့နယ်၊တလုတ္ထော်တိုက်နယ်ဟာ ရေငန်ပိုင်ဦးရှင်ကြီးနတ်ကို ပူဇော်တဲ့ပွဲ နှစ်စဉ်ခြိမ့်ခြိမ့်သဲသဲပြုလုပ်တဲ့နေရာဖြစ်ပါတယ်။အခုတော့ ပွဲတော်နေရာဟာ ရေဘေးကယ်ဆယ်ရေးစခန်းဖြစ်နေပြီး ရေငန်ပိုင်ဦးရှင်ကြီးနတ်နန်းတွေလည်း ပျက် စီးသွားခဲ့ပါပြီ။ အိမ်တွေ၊ဘာသာရေးအဆောက်အအုံတွေ၊ စပါးခင်းတွေအပြင် နတ်နန်းတွေပါ ပျက်စီးခဲ့ပေမယ့် သြဂုတ်လယ်ပိုင်းရာသီဥတုအခြေ အနေအရလေးမျက်နှာရေဘေးကမရပ်တန့်သေးပါဘူး။တာကျိုးပေါက်ကိုမပိတ်ဆို့နိုင်သေးသလို မြစ်ရေတွေလည်းထပ်တက်လာတဲ့အတွက် ရေဘေး ပိုဆိုးလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိသြဂုတ်လလယ်မှာ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာစိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေပါတယ်။ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ရေဟာ လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်က ဟင်္သာတနဲ့ ဇလွန်မြို့မှာ စိုး ရိမ်ရေမှတ်ကိုကျော်လွန်နေပါတယ်။ လေးမျက်နှာမြို့နဲ့တဝိုက်မှာလည်း တိုက်ပွဲတွေပိုမိုပြင်းထန်နေပါတယ်။ လက်နက်ကြီးပစ်ခတ်သံတွေ၊ ဂျက် လေယာဉ်ပျံသန်းသံ တွေနဲ့ ဗုံးကြဲတဲ့ပေါက်ကွဲသံတွေကို ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကြားနေရတယ်လို့ အရပ်ဖက်ကူညီရေးအဖွဲ့တွေကပြောပါတယ်။ အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့နယ် နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်က နေရာ ၅ ခုမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်ကြောင်းတွေ တပ်လန်ကျဆုတ်ခွာထွက်ပြေးသွားကြပါတယ် ။အဲဒီတိုက်ပွဲတွေမှာလက်နက်ခဲယမ်းနဲ့ အလောင်းတွေ သိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်တော်က(AA)က သြဂုတ် ၁၃ ညမှာအသိပေး ပါတယ်။စစ်တပ်က AA နဲ့တိုက်ရတဲ့စစ်မြေ ပြင်တွေတိုင်းအကြိမ်ကြိမ်ရှေ့တိုးဖို့ကြိုး စားရင်း တပ်ပျက်တာ ၊တပ်လန်ကျတာနဲ့အကြိမ်ကြိမ်ဆုတ်ပြေးနေရတာဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်မှာရေကြီးနေပေမယ့်စစ်တပ်က AA သိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်ရဖို့ လေကြောင်း၊လက်နက်ကြီး၊မြေပြင်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပေမယ့် AAနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးဒဏ်ရာရသူများပြီးတပ်လန်ဆုတ်ခွာပြေးရတာပါ။ ဧရာဝတီတိုင်းအတွင်း ရေဘေးနဲ့ စစ်ဘေးကြားမှာနောက်ထပ်ပဟေဠိဆန်တဲ့ ရေကာ တာကျိုးပေါက်မှုမျိုး ထပ်မကြုံဖို့ စစ်အုပ်စုကို မျက်ခြေမပြတ်စောင့်ကြည့်ကြဖို့လိုပါတယ်။ ။
စဉ်တပ်ပြီးကယ်တင်ရှင်အဖြစ်ပုံဖော်နေတယ် လို့ ဆိုပါတယ်။ မြေပြင်တ်ိုက်ပွဲတွေအထိနာနေတာနဲ့ နိုင်ငံတကာဖိအားတွေ ပိုများလာချိန်မှာ လေးမျက်နှာရေဘေးကို ဖန်တီးတာလို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။ စစ်အုပ်စုကတော့ အကျယ် ပေ ၃၀၀ ခန့်အထိ တာကျိုးသွားတာကိုတောင်တာကျိုးတယ်လို့ မထုတ်ပြန်ပါဘူး။ " တာရေကျော်တာ" ၊ " ရေဖြတ်စီးဆင်းတာ" လို့ပဲ ထုတ်ပြန်ပြီး စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်းသူတို့ရဲ့အမှားကိုယုတ္တိမရှိတဲ့အသုံးအနှုန်းတွေနဲ့ ဖာထေးနေပါတယ်။ ●မုသာဝါဒ စစ်အုပ်စု လေးမျက်နှာရေဘေးကိုအရေးပေါ်ကယ် ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေနဲ့ မြေပြင်အခြေအနေတွေဟာ တက်တက်စင်အောင်လွဲနေပါတယ်။မြင့်ရာကနိမ့်ရာကို စီးဆင်းတဲ့ရေဟာ ထုံးစံအတိုင်း ဝာာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို အရှိန်းပြင်းပြင်းဝင်ရောက်လာပါတယ်။ ရေစဝင်တဲ့ လေးမျက်နှာမြို့နယ်ကတစ်ဆင့်အိုင်သပြု၊ကျုံပျော်၊ ရေ ကြည်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်ပြီးဝင်ပါတယ်။ ရေဝင်လာမယ့်လမ်းကြောင်းကို ဒေသခံတွေသိနိုင်ဖို့ကိုစစ်တပ်လက်အောက် ခံဧရာဝတီတိုင်းအစိုးရက ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ ဧရာဝတီတိုင်းဟာ စပါးကျီဒေသဖြစ်တဲ့အလျှောက်စပါးခင်းဧကသိန်းချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ သာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလဟောဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ရက်အတွင်းရေပြန်ကျရင်ဒေသတွင်းစပါး ခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရေဘေးအရေးပေါ်အခြေအနေမှာပဲ အခုလိုထုတ်ပြန်လာတာပါ။ လက်တွေ့မှာတော့ တာကျိုးပြီး လဝက်အထိကြာလာပေမယ့် ရေတွေစီးဝင်နေဆဲဖြစ်သလို ရေဝပ်ဧရိ ယာလည်း ကျယ်ပြန့်လာပါတယ်။ ဇူလိုင်လ ၃၀ရက်အထိ တမျှော်တခေါ်စပါးခင်းတွေနဲ့ စိမ်းညို့နေတဲ့ မြေပြန့်လွင်ပြင်ဟာ ပင်လယ်ပြင်လို ရေလွှမ်းနေပါတယ်။ ယခင်က နွားလှည်းနဲ့ ထွန်စက်တွေ ဖြတ်သွားနေခဲ့တဲ့ လယ်ကွင်းတွေပေါ်မှာ အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကယ်ဆယ်ထောက်ပံ့ရေးစက်လှေတွေ မောင်းနှင်နေကြပါတယ်။ ရေလွတ်အောင် ဖောက်လုပ်ထားပါတယ်ဆိုတဲ့ဒေသတွင်းအဝေးပြေးလမ်းမတွေနဲ့ မြို့လယ်ခေါင်မှာတောင်ရေတွေက လူရင်စို့အထိ မြုပ်နေဆဲပါပဲ။ ရေမြုပ်တဲ့စပါးခင်းတွေဟာ ပုပ်စော်နံနေပါတယ်။ပျက်စီးသွားပြီလို့ ဒေသ ခံတွေက ဝမ်းနည်းစွာနဲ့ပြောပါတယ်။ "စပါးခင်းတွေပေါ် စက်လှေတွေဖြတ်မောင်းနေတာ အရမ်းဝမ်းနည်းတာပဲ။ အိမ်ရေမြုပ်သွားတာက ရေပြန်ကျရင် ပြန်နေလို့ရသေးတယ်။ လယ်ကွင်းတွေမြုပ်ကုန်တော့ ကုန်းကောက်စရာမရှိတော့ဘူး"လို့ ရေကြည်မြို့ နယ်က လယ်သမားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်က ကယ်ဆယ် ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဩဂုတ် လ ၅ရက်နေ့က ပုသိမ်မြို့ကိုရောက်လာတဲ့ စစ်အုပ်စုရဲ့ ဒုတိယသမ္မတက ရေဘေးဖြစ် ဖြစ်ချင်း ကယ်ဆယ်ရေးတွေအပြည့်အဝလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ပြောပါတယ်။ သူအဲ့ဒီလို ပြောနေချိန်မှာပဲလေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာလမ်းဆုံမှာ ရေဘေးသင့်ပြည်သူတွေကိုထမင်းထုပ်လိုက်ဝေတဲ့လူငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။ မြေပြင်အခြေအနေကိုလုံးဝမလေ့လာဘဲ အဲကွန်းခန်းထဲကနေ အုပ်ချုပ်ချင်နေတဲ့ စစ်အုပ်စုရဲ့စရိုက်ကို ဒေသခံတွေရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ပြန်လည်တည်ဆောင်ရေးအတွက် မျှော်လင့် ချက်မဲ့သွားပါတယ်။ ဩဂုတ်လ ၈ရက်နေ့က အာဏာသိမ်းခေါင်း ဆောင်ရဲ့ခရီးစဉ်မှာလည်း စစ်အုပ်စုရဲ့တိုင်းအစိုးရဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ ပြောပြန်ပါတယ်။သူချီကျုးတဲ့ တိုင်အစိုးရဟာ လနဲ့ချီကြာမယ့်ရေဘေးကို ၁၄ရက်အတွင်းရေပြန်ကျရင် စပါးတွေမပျက်စီးနိုင်ဘူးလို့ထုတ်ပြန်ခဲ့တဲ့ ချာတူးလန်အစိုးရအဖွဲ့ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးမယ်လို့လည်း ပြောသွားပေမယ့် အာမခံချက်တစုံတရာ မပေးပါဘူး။ ရေပြန်လည်ကျဆင်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကြိုးစားအားထုတ်မှုနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှာလို့ ပြောသွားပါတယ်။သူတ်ို့ပြောဆိုတဲ့ မိန့်ခွန်းကိုဖတ်ကြည့်ရင် ဒီရေဘေးဂာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ချောချောမွေ့မွေ့ကိုင်တွယ်နိုင်ခဲ့တယ်လို့ တွေ့ရပါလိမ့်မယ်။ မြေပြင်မှာတော့ ဒေသခံတွေဟာ အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေကြပါပြီ။ရှေ့ နောက်မညီတဲ့ပြောဆိုချက်တွေနဲ့အတူ စစ်ကောင်စီထုတ်တဲ့ သတင်းစာကိုသာ ဖတ်မိတဲ့ ဘေးသင့်ဒေသမှာရှိသူတွေဟာအာဏာသိမ်းခေါင်းဆောင်ကို ငါနဲ့တုပ်ပြီး ကျိန်ဆဲနေကြတာပါ။ စစ်အုပ်စုနဲ့ပူးပေါင်းပြီး အကျိုးစီးပွားရှာနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရေဘေးအရေးပေါ်အခြေအနေမှာ ကူညီထောက်ပံ့မှုတွေမတွေ့ခဲ့ဘဲ ရေဘေးသင့်ပြီး ကိုးရက်ကြာမှ ရောက်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ဧရာ
■ဆောင်းပါး ဦးရှင်ကြီး၊ ရခိုင်ရိုးမ နဲ့ ငဝန်မြစ်တို့သာ သိမဲ့ ရေဘေးလုပ်ကြံမှု ရွှေပြည်စိုး/People's Spring နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။ ရေဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေကြတဲ့ စက်လှေတွေရဲ့ အင်ဂျင်သံနဲ့ လေကို ထိုးခွင်းပျံသန်းနေတဲ့ဂျက်ဖိုက်တာအသံဟာ ရောထွေးနေခဲ့ပါတယ်။ လေယာဉ်တွေဟာ ဘေးသင့်သူတွေကိုကယ်ဆယ်ရေးလုပ်ဖို့ ပျံသန်းလာတာမဟုတ်ပါဘူး။ ကြည့်နေရင်းမှာပဲ ရေမြုပ်လာတဲ့ လေးမျက်နှာမြို့ပေါ်ကိုကျော်ပြီးရွာတွေကို ဗုံးကြဲချသွားပါတယ်။ ပြီးတော့ ရေဘေးကြောင့် ကမ္ဘာပျက်နေတဲ့ မြို့ပေါ်ကနေ ဖြတ်ပြန်သွားပါတယ်။ ဒီဖြစ်စဉ်ဟာဇူလိုင်လကုန် နဲ့ သြဂုတ်လဆန်းကာလမှာ ဖြစ်ပွားခဲ့တာပါ။ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်ဘီလူးရဲ့ အစွယ်ကို တလောကလုံးမြင်အောင် ထပ်ဖြဲပြလိုက်တာက ငဝန်မြစ်ဆ်ိုတဲ့ မထင်မရှားမြစ်တစ်စင်းပဲဖြစ်ပါတယ်။ ●သံသယမြစ်နဲ့ ပဟေဠိရေကာတာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ဟာငဝန်မြစ်ဘေးမှာ ရှိပြီးမြို့နဲ့မြစ်ကို မြေသားရေကာတာနဲ့ ခြားထားပါတယ်။ငဝန်မြစ်ဟာ ဧရာဝတီမြစ်နဲ့ဆက်စပ်နေသလိုဘင်္ဂလားပင်လယ် အော်ထဲလည်း စီးဆင်းပါတယ်။ ဇူလိုင်လတတိယလပတ်ကစပြီး ငဝန်မြစ်ရေဟာ မိုးရာသီကာလ ပုံမှန်အတိုင်း မြင့်တက်နေခဲ့ပါတယ်။ ဇူလိုင်လ၃၀ရက်နေ့ညမှာတော့ ငဝန်မြစ်ကမ်းဘေးကမြစ်ကျိုးကျေးရွာရဲ့တာမိုင်(၂၅ / ၃) အနီးအလျားပေ၅၀ခန့် ကျ်ိုးကျသွားပါတယ်။ရေတွေဟာ တာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို ဒလဟော စီးဝင်ခဲ့ပါတယ်။ နောက်နေ့မှာတော့ တာကျိုးပေါက်ဟာပေ ၂၀၀ ကျော်အထိကျယ်သွားပြီး ၃၆နှစ်အတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်ခဲ့ရပါတယ်။လေးမျက်နှာမြို့နယ်အပြင်ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေလွှမ်းခဲ့ပါတယ်။ တာကျိုးကျတဲ့ညနဲ့ နောက်ထပ် ၂ရက်အ တွင်းအခြေအနေဟာ အရေးပေါ်ဖြစ်ခဲ့ပါတယ်။နာရီပိုင်းအတွင်း တရိပ်ရိပ်တက်လာတဲ့ရေကြောင့် ဒေသခံတွေဟာ ရေလွတ်ရာကို ရှာဖွေခဲ့ကြရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုစောင့်ဆိုင်းခဲ့ကြရပါတယ်။အဲဒီအချိန်မှာပဲ လေးမျက်နှာမြို့နယ်ထဲကို ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ဖြတ်ပျံပြီး ရခိုင်ရိုးမအခြေက ရွာတွေကို ဗုံးကြဲခဲ့တာပါ။ ရေဘေးကြောင့် ထိခိုက်သေဆုံးသူထက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူကပိုများခဲ့ပါတယ်။ရက်ပိုင်းအတွင်းအရပ် သားသုံးဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့ပါတယ်။ ငဝန်မြစ်ရေကာတာကျိုးကျတာက သွေးရိုး သားရိုးမဟုတ်ဘူးလို့ဒေသခံတွေကယုံကြည် နေပါတယ်။ " ရေကာတာကို မအလ ချိုးချတာ"၊ " ဂျပုက တိုက်ပွဲအခြေအနေမကောင်းလို့ ရေဘေးဖြစ်အောင်လုပ်တာ" စသဖြင့် ဒေသခံတွေ တီးတိုးပြောဆိုနေကြပါတယ်။ ဒီနေရာမှာလေးမျက်နှာမြို့ရဲ့လက်ရှိ မြေပြင်အခြေအနေ၊ပထဝီဝင် အနေအထားနဲ့ ဒေသတွင်း နိုင်ငံရေးရာသီဥတုကိုအကြမ်းဖျင်းရှင်းပြပါမယ်။ လေးမျက်နှာမြို့နယ်ဟာ ရခိုင်ရိုးမ နဲ့လည်းဆက်စပ်နေပြီး ပုသိမ်-မုံရွာလမ်းလည်းဖြတ်သွားပါတယ်။၂၀၂၄ ဒီဇင်ဘာလမှာ ဂွမြို့ကို အာရက္ခတပ်တော်(AA) သိမ်းယူပြီးတဲ့နောက် ပိုင်း ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝ တီတိုင်းထဲကရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့တွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ် တပ်စွဲထားတဲ့ရွာတချို့ကိုAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။လေးမျက်နှာမြို့နယ်ဟာ တခြားမြို့တွေလိုပဲ အာဏာသိမ်းစစ်တပ်အထိနာနေတဲ့ စစ်ရေးဧရိယာဖြစ်ပါတယ်။ ငဝန်မြစ်ရေဂါတာကျိုးမကျခင် တစ်လခန့်မှာ ယခင်တိုက်ပွဲတွေထက်ပိုပြင်းထန်ခဲ့ပြီး စစ် တပ်က လေကြောင်းပစ်ကူနဲ့ အသည်းအ သန်ခုခံနေရတာပါ။ဒါ့ကြောင့် AAရဲ့ထိုးစစ် ကို ဟန့်တားနိုင်ဖို့ ငဝန်မြစ်ရေကာတာကို စစ်အုပ်စုက တမင်ချိုးချခဲ့တယ်လို့ ဒေသခံ အ များစုကယုံကြည်နေကြပါတယ်။ "ရေက သာမန်ပဲရှိသေးတာပါ။ထူးထူးကဲကဲတက်နေတာမဟုတ်သေးဘူး။နောက်ပြီးတော့ ဒါက ဒီနှစ်ရဲ့ပထမဆုံးမြစ်ရေတက်တာ။ပုံမှန်အခြေအနေမှာ တာကျိုးရိုးထုံးစံမရှိဘူး" လို့ လေးမျက်နှာမြို့ပေါ်မှာနေထိုင်သူတဦးကသုံးသပ်ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းကတော့ ဒီရေဘေးဟာ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးတာလို့ သတင်းမီဒီယာတွေကတစ်ဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်။တာခြေအနီး ရေတိုက်စားပြီးပေါက်နေတာကိုဒေသခံတွေက တွေ့လို့ တာဝန်ရှိသူတွေကို အချိန်မီအကြောင်းကြားပေမယ့် မြို့ပေါ်ကနေသွားရင် ၅မိနစ်အတွင်း ရောက်တဲ့နေရာမှာ ရှိတဲ့အဆိုပါနေရာကို ဌာနဆိုင်ရာတွေကလုံလောက်တဲ့ကြိုတင်ကာကွယ်ရေး မလုပ်ခဲ့ဘူးလို့ ဦးဇော်မင်းသိန်းက ပြောပါတယ်။ တမင်လုပ်တာကို သဘာဝဘေးအဖြစ် ခေါင်း
без подписи
без подписи
без подписи