tgindex
Bago Scout Network

Bago Scout Network

Статистика

BSNသည် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသော ပဲခူး‌ဒေသနှင့် အခြား‌ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းများအကြား သတင်းချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည်။ Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Последний пост
13 авг.
Последнее чтение
14 авг.
Постов за неделю
1
Всего постов
23
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
818
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
153
23 постов
Вовлечённость
18,7%
к подписчикам
Постов в день
0,1
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
43
1/48двое суток
49
1/72трое суток
53

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 13 авг.491из Karen_Information_Center

    ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရ သြဂုတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်/တပ်မဟာ (၃) နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင် တစ်လအတွင်း စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးကာ ၆ ဦး မတရား ဖမ်းဆီးခံခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၁၁)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၁၈)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၁)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသေဆုံးသူများတွင် အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြောင်းမဲ့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးကို စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ ခရိုင်လချုပ်စာရင်း၏ ဖော်ပြချက်အရ သိရသည်။ ၎င်းအပြင် ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် ပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့သေးသည်။ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။ စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

  • 5 авг.125из earorg

    ⚠️ တောင်ငူ တောင်ငူလေတပ်မှ Mi-35 Attack Helicopter (1)စီး အရှေ့အရပ်သို့ ပျံတက်။ 10:48, Aug 05 #EAR #SCIN

  • 3 авг.1423из dohpyay

    အုတ်ဖိုမှာ ဗုံးကြဲခံရလို့ တော်လှန်ရေးတပ်စခန်းပျက်စီး တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ ဩဂုတ် ၃၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲကို ဗုံးကြဲထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတစ်ချို့ ထိမှန်ပျက်စီးခဲ့သလို ဒဏ်ရာတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ သိရပါတယ်။ ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လည်ခန့်က အာဏာသိမ်းစစ်အစိုးရရဲ့ လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမှာ ကျေးရွာတွေကို ထိမှန်တာတွေရှိသလို သာယာဝတီခရိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ရဲ့ စခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PDF တွေနဲ့ နီးစပ်သူတစ်ဦးက ဒို့ပြည်ကို အတည်ပြုပြောပါတယ်။ "မနေ့ကကြဲသွားတဲ့ဖြစ်စဉ်ကတော့ ပကဖစခန်းကိုချသွားတယ်ဆိုတာလည်း မှန်ပါတယ်။ ရဲဘော်နှစ်ယောက်ထိခိုက်ဒဏ်ရာရတာလည်းမှန်ပါတယ်။ နေရာကိုတော့မပြောတော့ပါဘူး ထပ်လာပြီးကြဲမှာစိုးလို့ပါ" လို့ ဒို့ပြည်ရဲ့ သတင်းရင်းမြစ်က ယနေ့ ဩဂုတ်လ(၃) ရက်နေ့ နံနက် (၁၀) နာရီခန့်မှာ ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်- https://www.facebook.com/DohPyayNews/posts/pfbid02DGzFvYEtEDy6xHxYFeJ226vytNXNgi6npcaMYhF5KrBKBhFmXnzSixvUndfMtUNwl

  • 3 авг.126из dohpyay

    ဘုရားကြီးမှာ အဆင်မြင့်အမြန်ရထား(DEMU)နဲ့ တိုက်မိလို့ (၂) နှစ်အရွယ်ကလေးသေဆုံး ဩဂုတ် ၃၊ ၂၀၂၆။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ အတွင်း မန္တလေး-ရန်ကုန် ရထားလမ်းမှာ အသက်(၂) နှစ်အရွယ် ကလေးငယ်(၁) ဦးဟာ အဆင့်မြင့်အမြန်ရထား (DEMU) နဲ့ တိုက်မိတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၁) ရက်နေ့ ညနေ (၄) နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားမှာ တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကြီးမြို့ အမှတ်(၁) ရပ်ကွက်မှာ နေထိုင်တဲ့ မောင်သက်ဖြိုးပိုင် (၂) နှစ် ဟာ သေဆုံးခဲ့ရတယ်လို့ စစ်အစိုးရ ပဲခူးသတင်းစဉ်က ဖော်ပြထားပါတယ်။ တိုက်မိတဲ့ ရထားကတော့ မန္တလေး-ရန်ကုန် အမှတ်(၆) အစုန် (DEMU) ရထားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။ #ဒို့ပြည် #ပဲခူးတိုင်း #ဘုရားကြီးမြို့ #ပဲခူးမြို့နယ် #သတင်း #DEMU #အမြန်ရထား #ရထားလမ်း #မန္တလေး #ရန်ကုန် #Dohpyay #news #Bago #Myanmar #Thailand #media #Myanmarnews #updatenews #NewsMedia

  • 30 июл.15431из BraveWarriorsforMyanmar

    ၂။ အာဏာသိမ်းစစ်အုပ်စုသည် ယခုနှစ် မေလကုန်မှစ၍ မကွေးလေတပ်မှ Mi 35 ရဟတ်ယာဉ် နှင့် Gyrocopter များကို ညောင်ဦး လေဆိပ်သို့ ပြောင်းရွှေ့ထားပြီး ၎င်းမှတဆင့် ပခုက္ခူ၊ မြိုင်၊ ပေါက် ဝန်းကျင် မှ စ၍ ချင်းတောင် ကျောက်ထုဘက် ဒေသများအပြင် မြစ်ချေ မြို့ဝန်းကျင်အထိ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် Y8 နှင့် Y12 လေယာဉ် များလည်း မကြာခဏ ညောင်ဦးလေဆိပ်တွင် လာရောက်အခြေပြုသည်ကိုတွေ့ရသည်။ ၃။ နေ့စဉ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ gyrocopter ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများ နေ့စဉ် အသက်ဆုံးရှုံးနေရသဖြင့် BWM နှင့် မဟာမိတ်အဖွဲ့ တို့ က ညောင်ဦးလေဆိပ် ရှိ Mi35 ၊ ဆီလှောင်ကန် နှင့် gyrocopter များ ထားရာ သို့ ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့ များ နှင့် အတူ စည်းစည်းလုံးလုံးဖြင့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားပါမည်။ စည်းလုံးညီညွတ်စွာကြိုးစားကြဖို့ အားလုံးကိုလည်း တိုက်တွန်းလိုပါသည်။

  • 30 июл.13831из BraveWarriorsforMyanmar

    သတင်းထုတ်ပြန်ကြေညာချက် 🟰🟰🟰🟰🟰🟰🟰🟰🟰🟰 ညောင်ဦးလေဆိပ်ရှိ အာဏာသိမ်းစစ်အုပ်စု ၏ ရဟတ်ယာဉ် နှင့် gyrocopter များ ရပ်နားရာသို့ ၁၀၇ မမ များဖြင့် တိုက်ခိုက်ခြင်း 💢💢💢💢💢💢💢💢💢💢💢💢💢💢 ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် ၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့ နှင့် Infinity (အညာ) အဖွဲ့တို့သည် မဟာမိတ်များဖြစ်သော Justice Brothers Force၊ ဆားတောင်မိုးကြိုးအဖွဲ့၊ တောင်သာပလဖအဖွဲ့နှင့် ညောင်ဦးခရိုင် ရင်း ၅ တို့၏ အကူအညီဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် BWM ၏ Mission 57 အဖြစ် ညောင်ဦးလေဆိပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခတ်ရာ ၅ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။

  • 26 июл.15111из VOStelegram

    ◼️သဲကုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ရာ စကစ ၅ ဦးသေဆုံး ၂၅ ဇူလိုင် ||| နွေဦးအသံ |||‌ ပဲခူးဒေသ၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၂၄ ရက်၊ ညနေ ၅ နာရီခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သစ်နီတောရွာမှ ပန်းပင်ကုန်းရွာသို့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းကွင်းထဲမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားသလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နဲ့ ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြည်ခရိုင် (ပကဖ)က ထုတ်ပြန်ထားတာပါ။ ပန်းပင်ကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဲဒီရွာမှ ဒေသခံပြည်သူ ၅၀၀ နီးပါးဟာလည်း အနီးပတ်ဝန်းကျင် ကျေးရွာတွေသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။ Photo | ပုံဟောင်း ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

  • 26 июл.1212из dohpyay

    ကြို့ပင်ကောက်မှာ စစ်တပ်က ဒရုန်းဗုံးကြဲလို့ စစ်တပ်ဗိုလ်ကြီးမိသားစု နေအိမ်လည်းပျက်စီး ပြည်သူ(၂) ဦး အသတ်ခံရပြီး (၂) ဦးဖမ်းဆီးထား ဇူလိုင် ၂၆၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ထဲကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ကြို့ပင်ကောက်မြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို ဇူလိုင်လ ၈ ရက်နေ့ ကစတင်ပြီး စစ်တပ်က ယနေ့အချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး (၈) ရက်နေ့မှာပဲ ကျခတ္တန်းကြီးရွာကအသက် ၅၈ နှစ်အရွယ် ဦးကြည်စိုး ကို ပစ်သတ်ခဲ့သလို ဇူလိုင်လ (၁၉) ရက်နေ့ကလည်း မြို့ကိုင်းကျေးရွာကို မီးရှို့တာမှာ လေဖြတ်နေတဲ့ အသက် (၆၇) နှစ်အရွယ်ရှိ ဦးစိန်ရွှေပါ နေအိမ်နဲ့ မီးရှို့အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid028r7ynH4rU2Vp3Wk5exQevoktc8SFtfGiSMEUBxXFKSwaQS1dWCRnD67J9D3G6ojQl

  • 26 июл.10811из dohpyay

    "မျှစ်ချိုးကအပြန် ဝါးရုံပင်ရိပ်တရေးအိပ်ခဲ့သည်" ================================== (ဆောင်းပါး) ဇူလိုင် ၂၆၊ ၂၀၂၆ ပုသိမ်-မုံရွာအဝေးပြေးလမ်းပေါ် ကားကြီးများဖြတ်သွားတိုင်း မြေကြီးတို့တုန်ခါသွားကြသည်။ တစ်ပြိုင်တည်းဆိုသလို အာခေါင်ခြစ်အော်လိုက်သည့်အင်ဂျင်သံက ဝဲယာတောအုပ်တောင်ကုန်း တစ်ဝိုက်ပဲ့ တင်ထပ်သွားပြန်သည်။ ကားလမ်းဘေးတဲလေး၏ကြမ်းခင်းလေးလည်း အနည်းငယ်လှုပ်ခါသွားတတ်သည်။ တဲကလေးထဲတွင်တော့ နို့စို့အရွယ်ကလေးနှစ်ဦးနှင့်မိခင်တို့ ပျံ့ကျဲနေကြသည်။ ဖခင်ဖြစ်သူကတော့ တောတန်းအုပ်အုပ်လေးထဲ မျှစ်ချိုးထွက်သွားခဲ့ပြီဖြစ်သည်။ တစ်ခုသော ဝါခေါင်လ၏ကောင်းကင်သည် ပြိုလည်းမပြို၊ ပွင့်လည်းမပွင့်နှင့် စိတ်ကောက်နေသော မိန်းမပျိုတစ်ဦးလို သုံမှုန်လို့သာနေတော့သည်။ ဘယ်တောအုပ်ဆီကမှန်းမသိ ပုဇဉ်းရင်ကွဲတစ်ကောင်က စူးစူးဝါးဝါးအော်ဟစ်နေ၏။ ရေဝနေသာသစ်တောသစ်ပင်တို့က စိမ်းစိုစိုနှင့် အညွှန့်တလူလူထွက်ချေသည်။ ခြုံနွယ်တောပင်ဆူးခတ်တို့ဖြင့်တောလေး၏ အောက်ခြေက စိမ်းခတ်ရှုပ်ထွေးလို့ ဖြတ်သွားသူကို ပွေ့ဖတ်ချည်နှောင်တတ်သေးသည်။ အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid022FZKpLELPYuK8XQRC7mAQ4dNDyfBQ3H2AJ9C7C3kVm255HAaRMUpjcUrwBZnN8mol

  • 25 июл.981из Karen_Information_Center

    ညောင်လေးပင်ခရိုင်၊ စစ်ဘေးရှောင်များ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါ အဖြစ်များပြီး ဆေးဝါးလိုအပ်နေ ဇူလိုင် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ပြည်သူများ ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု ဒေသခံနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။ စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသည့် ဒေသခံများမှာ နေရာထိုင်ခင်းမလုံလောက်မှုအကြား မိုးရာသီ အမြဲစိုထိုင်းနေသော ပတ်ဝန်းကျင်ကြောင့် ယခင်နှစ်များထက် ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါများအပြင် အရေပြားယားယံခြင်းလည်း ပိုမိုအဖြစ်များလာသည်ဟု မုန်းမြို့နယ်အတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။ “ထွက်ပြေးတိမ်းရှောင်နေရတော့ နေရာထိုင်ခင်း အဆင်မပြေဘူး။ မိုးရာသီဆိုတော့ နေရာတွေက စိုစွတ်နေတယ်။ အဲဒါကြောင့် အရေပြားယားယံတာနဲ့ တုပ်ကွေးဖြစ်တာတွေ အရင်နှစ်ထက် ပိုများလာတယ်။ လူကြီးရော ကလေးပါ ဖြစ်ကြတယ်။ ဒါပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိတော့ မရှိသေးဘူး” ဟု မုန်းမြို့နယ်နေ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ ထို့အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေးဝန်ထမ်းများ၏ ကွင်းဆင်းကုသရေးလုပ်ငန်းများ အကန့်အသတ်ရှိနေသည်။ ယင်းကြောင့် ရောဂါပြင်းထန်သည့် လူနာများကို ဆေးရုံသို့ ပို့ဆောင်ရန် ကားအစားထိုး ဆိုင်ကယ်နှင့် လှေများဖြင့်သာ အသုံးပြုပို့ဆောင်နေရကြောင်း ၎င်းစစ်ဘေးရှောင်က ဖြည့်စွက်ပြောသည်။ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများအနေဖြင့် စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော်လည်း လူဦးရေများပြားသည့်အတွက် လိုအပ်ချက်နှင့်အကူအညီ မျှတမှုမရှိဘဲ ဆေးဝါးအပါအဝင် အစားအသောက်နှင့် အမိုးအကာလိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အလားတူ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ရွာတွင်းသို့ ပြန်လည်မနေထိုင်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်တိမ်းရှောင်နေရဆဲ ဖြစ်သည်။ ကေအဲန်ယူ၏ ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက‌ “ပရဲလိုချောင်း အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကတော့ အခုချိန်ထိ ရွာမှာ ပြန်နေလို့မရသေးပါဘူး။ စစ်ကြောင်းဝင်တာတွေကြောင့် တိမ်းရှောင်နေရတုန်းပါ။ ချောင်း အရှေ့ဖက်မှာလည်း လက်နက်ကြီးလှမ်းပစ်တာတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိနေတော့ ရွာထဲမှာကျန်ခဲ့တဲ့သူတွေလည်း စိုးရိမ်ထိတ်လန့်မှုနဲ့ သတိထားနေနေရတယ်” ဟု ကေအိုင်စီကို ပြောသည်။ အမိုးအကာမလုံလောက်သည့် နေရာများတွင် ခိုလှုံနေရသည့် ကျောက်ကြီးမြို့နယ်၊ စစ်ဘေးရှောင်များတွင်လည်း ယခုမိုးတွင်းကာလအတွင်း အရေပြားရောဂါ၊ ငှက်ဖျားနှင့် ရာသီတုပ်ကွေးရောဂါများ အဖြစ်များလာကြောင်း ပဒိုစောဝါးမူက ပြောသည်။ ထို့အတူ လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC)ထံ စုံစမ်းချက်အရ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် မိုးရာသီကာလ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအထိပါ အကူအညီလိုအပ်နေခြင်းရှိသည်။ ကေအဲန်ယူ၏ညောင်လေးပင်ခရိုင်တွင် စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာနယ်မြေရှိ ကျေးရွာများကို ပစ်မှတ်သဖွယ်ထား တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်များ ရှိကြောင်းလည်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။

  • 23 июл.140из PeopleSpring

    (သာယာဝတီအကျဉ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံံ - CJ)

  • 23 июл.107из PeopleSpring

    တောင်ငူထောင်က နိုင်ကျဥ်း ၁၀၀ကို သာယာဝတီထောင် ရွှေ့ပြောင်း ဇူလိုင်၂၃၊ ၂၀၂၆။ဟာနာဆန်/People's Spring တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။ တောင်ငူအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ခန့်ကို ထောင်အာဏာပိုင်တွေက တစ်ရက် ကြိုတင်ခေါ်ယူကာ ခြေကျင်းတွေခတ်ပြီး ဒီကနေ့ ဇူလိုင် ၂၃ ရက် မနက် ၃ နာရီခွဲခန့်မှာတော့ ၁၂ ဘီးကားနဲ့ သာယာဝတီထောင် ရုတ်တရက် ခေါ်ဆောင်သွားတာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။ ထောင်ပြောင်းချိန် အကျဉ်းသား ၁ဦးကို စောင် (၃) ထည်နဲ့ အင်္ကျီ (၁) စုံသာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထောင်ဝင်စာပစ္စည်းတွေကိုတော့ ထောင်အာဏာပိုင်​တွေက သိမ်းဆည်းလိုက်ကြောင်း PPNMက ထပ်မံ အသိပေးပါတယ်။ "ဒီတောင်ငူအကျဥ်းထောင်မှာ နေရာကျပ်တည်းတာ၊ အလုံအလောက်မရှိတာကြောင့် သာယာဝတီ​ထောင်ကိုပို့ဆောင်တာလို့ သိရပါတယ်"လို့ PPNM ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။ အကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို ခြေကျင်းခတ်တာ၊ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းတာနဲ့ မနနက်အစော ရုတ်တရက် ထောင်ပြောင်းရွှေ့တာတွေဟာ အကျဉ်းသားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ စနစ်တကျ ပြုလုပ်နေတာဖြစ်ကြောင်း PPNMက ဆိုပါတယ်။ ထောင်အပြောင်းအရွေ့ဖြစ်ပေါ်ပါက ထောင်ဝင်စာပို့ရမယ့် ပြင်ပက နိုင်ငံရေးအကျဥ်းသားတွေရဲ့မိသားစုဝင်တွေဟာ အခက်အခဲတွေများစွာ ရင်ဆိုင်ရလေ့ရှိကြောင်း နိုင်ကျဥ်းမိသားစုဝင်တချို့က ပြောပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့လိုက်တဲ့ သာယာဝတီအကျဥ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ကြီးတဲ့ထောင်ဖြစ်ပြီး ထောင်ပြောင်းလာတဲ့ နိုင်ကျဥ်းတွေဆိုရင် ထောင်ဘူးဝမှာတင် ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်လေ့ရှိတယ်လို့ သိရပါတယ်။ PPNM အနေနဲ့ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်နေမှုတွေကို ဆက်လက်စောင့်ကြည့် ဖော်ထုတ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။

  • 20 июл.1911из cjplatform

    ရေတာရှည်မှာ စစ်မှုထမ်းကြေး လစဉ်တောင်းခံပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူး တိုင်ကြားခံရ CJ Platform ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းကြေးကို လစဉ် တောင်းခံနေသလို၊ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတဲံ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဒေသခံပြည်သူတွေက စုပေါင်းတိုင်ကြားထားတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1772026-4/

  • *ရေတာရှည်မြို့နယ်/ စစ်တောင်းမြစ်ဝှမ်းဒေသ ၂၀၂၆ ခုနှစ် ဇူလိုင်လ(၇)ရက် မနေ့ မနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ နဂျပ်ကျေးရွာအုပ်စု၊ နဂျပ်အောက်ရွာရှိ ဂူတောင်ဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်အုပ်စုတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ Jet-Fighterဖြင့် နှစ်ကြိမ်တိုင်တိုင်သာသနိက အဆောက်အအုံများအပေါ် လာရောက်ကြဲချခဲ့ကြောင်းသိရသည်။ ဗုံးကြဲချမှုကြောင့် အသေအပျောက်မရှိသော်ငြားလည်း ဂူတောင်စေတီကုန်းနှင့် ဂူတောင်ဓမ္မာရုံ ကြေမွပျက်စီးခဲ့ပါသည်။ စစ်မိစ္ဆာတပ်မှဘုရားစေတီနှင့်ဘုန်းကြီးကျောင်းများအပြင် ဒေသခံပြည်သူလူထု၏ နေအိမ်နှင့် ဆေးရုံ၊ စာသင်ကျောင်းပါမကျန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ မိဘပြည်သူများအနေဖြင့် လေကြောင်းရန် အထူးဂရုပြုရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ #July07 #ပဲခူးတိုင်းတောင်ငူခရိုင် #ရေတာရှည်မြို့နယ် #စစ်တောင်းမြစ်ဝှမ်းဒေသ #နဂျပ်အောက်ရွာ #ဂူတောင်ဘုန်းကြီးကျောင်း #tsrnc

  • 7 июл.213из earorg

    ⚠️မှော်ဘီ မှော်ဘီလေတပ်မှ Jet Fighter (1)စီး အရှေ့အရပ်သို့ ပျံတက်။ 22:32, Jul 07 #EAR #SCIN

  • 7 июл.230из earorg

    ⚠️ဖြူး ဖြူးနယ်ဖြတ်၍ Y-12 Military Transport aircraft (1)စီး တောင် အရပ်သို့ ပျံသန်း။ 20:48 , Jul 07 #EAR #SCIN

  • ကွန်မြူနစ်တစ္ဆေ၊ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဒီမိုကရေစီ [ဆောင်းပါး] စာရေးသူ - ပဲခူးဖိုးတုတ် ကျနော်တို့ ဗမာ/မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီလိုချင်တယ်လို့ ဆိုကြတဲ့ ပြည်သူအများစုရဲ့ အခြေခံမျှော်မှန်းချက်ကတော့ ကိုယ့်အစိုးရကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့၊ ပြည်သူတွေ လူလိုနေထိုင်ခွင့်ရပြီး အစိုးရကလည်း ပြည်သူကို လူလိုတန်ဖိုးထားတဲ့ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီမျှော်မှန်းချက်ဟာ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံတန်ဖိုးတွေနဲ့လည်း ကိုက်ညီတယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ ဒီလိုမျှော်မှန်းချက်ဟာ ဗမာ/မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ တော်လှန်ရေးကို ထောက်ခံသူအများအပြားအတွက် ယနေ့ထိ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အိပ်မက်တစ်ခု (သို့မဟုတ်) မျှော်လင့်ချက်ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ Comment တွင် ဆက်ဖတ်နိုင်သည် ⤵️⤵️

  • 7 июл.163из dohpyay

    ဖြိုချခံရတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို ကျည်ဆံထုတ်ဖို့ ကပစ(၆) ကိုပို့နိုင်တယ်လို့ ဆို ဇူလိုင် ၇၊ ၂၀၂၆။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာ ရှိတဲ့ ကပစ(၆) ကို အမျိုးအမည်မသိတဲ့ ကြေးရုပ်တုအပိုင်းအစ တွေ ရောက်ရှိလာတယ်လို့ စက်ရုံစစ်သားတွေနဲ့ ကြေးအရောင်းအဝယ်လုပ်တဲ့ ဒိုင်တခုဆီက သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ပန်းတောင်းမြို့နယ်ထဲက စွန့်ပစ်ပစ္စည်းအဟောင်း အရောင်းအဝယ်လုပ်တဲ့ ဆိုင်တစ်ဆိုင်ကို အရက်မူးနေတဲ့ ကပစစစ်သားတစ်ဦးက လက်လို့ယူဆရတဲ့ ကြေးပစ္စည်းတခုကို လာရောက်ရောင်းချခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02NCxSLZZR6nNgMgTh8G367j7wmFqwboz4KtPotvixyrvobEmJiA4QxTQxyMzNQ23Fl

  • 7 июл.1551из tharrawaddydistrictpdf3802

    ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ် ကိုင်းပြင်ကြီး အညာတန်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေး ဂိတ် တိုက်ပွဲ (ရုပ်သံ) #အမျိုးသားညီညွတ်ရေးအစိုးရ #ကာကွယ်ရေးဝန်ကြီးဌာန #ပြည်သူ့ကာကွယ်ရေးတပ်မတော် #တောင်ပိုင်းတိုင်း #အမှတ်၂စစ်ဆင်ရေးနယ်မြေ #သာယာဝတီခရိုင်တပ်ရင်း၃၈၀၂ #တပ်ခွဲ၂

  • 7 июл.149из tharrawaddydistrictpdf3802

    သတင်းထုတ်ပြန်ချက် #အမျိုးသားညီညွတ်ရေးအစိုးရ #ကာကွယ်ရေးဝန်ကြီးဌာန #ပြည်သူ့ကာကွယ်ရေးတပ်မတော် #တောင်ပိုင်းတိုင်း #အမှတ်၂စစ်ဆင်ရေးနယ်မြေ #သာယာဝတီခရိုင်တပ်ရင်း၃၈၀၂ #တပ်ခွဲ၂