tgindex
Khit Thit Media

Khit Thit Media

Статистика

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Последний пост
16:34
Последнее чтение
15 авг.
Постов за неделю
372
Всего постов
373
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
12 авг.
Подписчики
365 457
−1 763 за 5 дн.
Сутки
−790
−0,22%
Неделя
 
Месяц
 
Просмотров на пост
8 742
40 постов
Вовлечённость
2,4%
к подписчикам
Постов в день
53,1
всего 373
Упоминаний
21
каналов
Охват размещения
оценка
1/24сутки в ленте
6 052
1/48двое суток
6 935
1/72трое суток
7 480

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 16:3434991

    без подписи

  • 16:3434881

    မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁ ဦးသေဆုံး ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၁၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 16:3331251

    မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ၊ ဂျိုဟိုးတွင်လည်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၁၀၀ ဦး ရန်ကုန်သို့ ပြန်ပို့ခံရ ရန်ကုန်၊ ဩဂုတ် ၁၇ မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ကလန်တန်မြစ်ကမ်းတစ်လျှောက် တရားမဝင် လမ်းကြောင်းများမှ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ ၁၂ ရက်နှင့် ၁၄ ရက် နံနက်အစောပိုင်းတွင် မလေးရှား ရေကြောင်းထိန်းသိမ်းရေးအဖွဲ့သည် သတင်းပေးချက်အရ Kuala Besar ရွာအနီး ကလန်တန်မြစ်အတွင်း မီးမှိတ်မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် အမြန်ရေယာဉ်များကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ စက်လှေများမှာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့် ထွက်ပြေးသွားခဲ့သော်လည်း ကုန်းမြေရှိ စစ်ဆင်ရေးတပ်ဖွဲ့များက မြစ်ကမ်းပါးတစ်လျှောက် ပိတ်ဆို့ ရှာဖွေကာ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၁၂ ရက်နေ့ ပထမအကြိမ် ဖမ်းဆီးမှုတွင် ကိုတာဘာရူးမြို့ရှိ Pelangi Mall အနောက်ဘက် မြစ်ကမ်းပါး၌ အိန္ဒိယနိုင်ငံသား ၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁ ဦး စုစုပေါင်း ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဩဂုတ်လ ၁၄ ရက်နေ့ ဒုတိယအကြိမ် ဖမ်းဆီးမှုတွင် ပါဆီမတ်စ်ခရိုင်၊ တန်ဒေါင်ဒေသအနီးရှိ ကလန်တန်မြစ်ကမ်းပါး၌လည်း မြန်မာနိုင်ငံသား ၈ ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး) နှင့် အင်ဒိုနီးရှားနိုင်ငံသား ၈ ဦး စုစုပေါင်း ၁၆ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများအနက် တချို့မှာ နိုင်ငံကူးလက်မှတ် (Passport) ပါရှိသော်လည်း တရားဝင် ဝင်ရောက်သည့် မှတ်တမ်းမရှိခြင်းနှင့် ကျန်ရှိသူများမှာ မည်သည့် အထောက်အထားမျှ ပြသနိုင်ခြင်း မရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ဖမ်းဆီးရမိသူ ၂၀ ဦးလုံးကို စိစစ်စုံစမ်းနိုင်ရန် ကလန်တန်ပြည်နယ် ရေကြောင်းဆိုင်ရာ ဌာနချုပ်သို့ ခေါ်ဆောင်ထားပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် ဂျိုဟိုးပြည်နယ်ရှိ ပီကန်းနားနပ်စ် (Pekan Nenas) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် မြန်မာနိုင်ငံသား ၁၀၀ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၁၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ ဒုတိယပတ်အတွင်း ဆောင်ရွက်ခဲ့သည့် ယခုအစီအစဉ်တွင် နေရပ်ပြန်လည်ပို့ဆောင်ခံရသူ ၁၁၃ ဦးအနက် မြန်မာနိုင်ငံသား ၁၀၀ ဦးဖြင့် အရေအတွက် အများဆုံးပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံသား ၇ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃ ဦးနှင့် တရုတ်နိုင်ငံသား ၃ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ နေရပ်ပြန်ပို့ခံရသူများသည် တရားဝင် ဗီဇာ သို့မဟုတ် ဝင်ခွင့်ပါမစ် မရှိဘဲ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ နေထိုင်ခွင့် သက်တမ်းကျော်လွန်ခြင်း၊ ဗီဇာ၊ ပါမစ် စည်းကမ်းချက်များ ချိုးဖောက်ခြင်း စသည့် ပြစ်မှုများဖြင့် ဥပဒေအရ အရေးယူခံရခြင်းဖြစ်ကြောင်း၊ ထို့နောက် ၎င်းတို့သည် ပြစ်ဒဏ်များ အသီးသီးကျခံပြီး၍ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆီနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိချိန်တွင် ပြည်နှင်ဒဏ်ပေးခြင်းခံရသည့် မြန်မာနိုင်ငံသား ၁၀၀ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၁၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ စနစ်အတွင်း နာမည်ပျက်စာရင်း သွင်းထားပြီးဖြစ်ကာ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း မည်သည့်အကြောင်းပြချက်နှင့်မျှ မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် မရရှိနိုင်စေရန် ပိတ်ပင်လိုက်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

  • 15:264 112981

    без подписи

  • 15:264 145722

    ဗဟိုဘဏ်က တရားဝင်ရည်ညွှန်းနှုန်းကို ဒေါ်လာတစ်ဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဝန်းကျင်တွင် ထားရှိနေသော်လည်း ယင်းနှုန်းဖြင့် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်မှုမှာ အလွန်နည်းပါးကြောင်းသုံးသပ် ဖော်ပြထားသည်။ ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ဘဏ်နှင့် ငွေကြေးဆိုင်ရာ အကျပ်အတည်းများကြောင့် ပြည်သူများ၏ ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းခဲ့ပြီး ငွေထုတ်ယူမှုများကို ကန့်သတ် ထားခြင်း၊ ငွေပမာဏများပြားစွာ ထုတ်ယူလိုပါက ကြိုတင်အကြောင်းကြားရခြင်းများ ရှိခဲ့ကြောင်း သိရှီရသည်။ ပုဂ္ဂလိကဘဏ်များအနေဖြင့် ကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ငွေသားထုတ်ယူမှုများကို ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ထံသို့ အစီရင်ခံရပြီး ပုံမှန်ထက် များပြားသည့် ငွေထုတ်ယူမှုများသည် စုံစမ်းစစ်ဆေးခံရနိုင်ကြောင်း သိရှိရသည်။ တစ်ဖက်တွင် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် FATF ၏ ငွေကြေးခဝါချမှုအန္တရာယ် မြင့်မားသည့် နိုင်ငံစာရင်းတွင် ဆက်လက်ရှိနေခြင်းတို့ကြောင့် အနောက် နိုင်ငံများ၏ ဘဏ္ဍာရေးစနစ်နှင့် ဆက်ဆံရေးများ ထိခိုက်နေကြောင်း bne IntelliNews က ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ ဇွန်လထုတ်ပြန်ချက်အရလည်း မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးသည် ၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ဧပြီလတွင် ကုန်ဈေးနှုန်းများသည် ယခင်နှစ်အလား တူကာလထက် ၂၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရှိရသည်။ ယင်းအခြေအနေများအရ လက်ရှိတွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ၏ အပ်နှံငွေများကို စီးပွား ရေးလုပ်ငန်းများထံ ချေးငွေအဖြစ် ပိုမိုစီးဆင်းစေရန် ဖိအားပေးနေသော်လည်း တစ်ချိန်တည်းတွင် ဘဏ်များသည် အပ်ငွေရှင်များ၏ ယုံကြည်မှုကျဆင်းခြင်း၊ ငွေသားလည်ပတ်မှုအခက်အခဲ၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်မှ ပိုမိုခွဲထွက်လာရခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု အဆိုပါ သတင်းများအရ သိရသည်။

  • 15:263 538721

    မင်းအောင်လှိုင်ခန့် ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ခင်နိုင်ဦးက ပြည်သူလူထု၏ အပ်နှံငွေများကို စီးပွားရေးလုပ်ငန်းများထံသို့ ငွေများထုတ်ချေးရန် ပုဂ္ဂလိကဘဏ်များကို ဖိအားပေး၊ စစ်အာဏာသိမ်းမှုနောက် မြန်မာဘဏ်များ အခြေအနေ ဆိုးရွားနေ ရန်ကုန်၊ ဩဂုတ် ၁၇ အကြမ်းဖက် မင်းအောင်လှိုင် ခန့်အပ်ထားသော ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ခင်နိုင်ဦးက ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များထံသို့ ချေးငွေအဖြစ် ပြန်လည်ထုတ်ချေးပေးရန် ၊ ဘဏ်များ၏ ရန်ပုံငွေများကို စီးပွားရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန် ဖိအားပေးလာကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ ဩဂုတ်လ ၁၅ ရက်နေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ခေါ်ယူပြီး ဗဟိုဘဏ်ဥက္ကဋ္ဌသစ်က စိုက် ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် MSME လုပ်ငန်းများသို့ လူထု၏အပ်နှံငွေများနှင့် ငွေကြေးရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံကြရန်၊ ထုတ်ချေးကြရန် ဖိအားပေးပြောဆိုလာခြင်းဖြစ်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များသည် ပြည်သူများထံမှ အပ်နှံငွေများကို လက်ခံပြီး စီးပွား ရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ခွဲဝေထုတ်ချေးပေးရသည့် လုပ်ငန်းဖြစ်သဖြင့် အပ်နှံငွေများကို နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရန် လိုအပ်ကြောင်း ပြောဆိုသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များအနေဖြင့် Financial Intermediary အဖြစ်သာ ရပ် တည်ခြင်းမဟုတ်ဘဲ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးတို့အတွက် အရေးပါသည့် မောင်းနှင်အားတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက အမိန့်ပေး ညွှန်ကြားသည်။ ထို့အပြင် ယခုဘဏ္ဍာရေးနှစ်မှစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် MSME လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များက ပိုမိုထိရောက်စွာ ရင်းနှီးမြှုပ်နှံခြင်းနှင့် ချေးငွေထုတ်ချေးခြင်းများ ပြုလုပ်နိုင်ရန် ဦးစားပေးကဏ္ဍတစ်ခုချင်းစီအလိုက် ဆောင်ရွက်ရမည့် နည်းလမ်း များကိုလည်း ဗဟိုဘဏ်က ဖိအားပေးပြောဆိုသွားသည်။ တစ်ဖက်တွင် စစ်ကောင်စီ၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်က ကျပ်ဘီလီယံ ၁၇၀ မတည်ထားပြီး ယင်းအနက် ကျပ်ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရန် ဆောင်ရွက်နေကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ အာမခံပစ္စည်း မပေးနိုင်သည့် MSME လုပ်ငန်းရှင်များအနေဖြင့် CGI စနစ်ဖြင့် ချေးငွေရယူလိုပါက ချေးငွေပမာဏကို ကျပ်သန်း ၅၀ အထိ တိုးမြှင့်ပေးပြီး ချေးငွေအာမခံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် MSME လုပ်ငန်းရှင်များ လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ မြန်ဆန်မှန်ကန်စွာ စိစစ်ထုတ်ချေးနိုင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး လုပ်ဆောင်နေကြောင်း စစ်တပ်က ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးလုပ်ငန်းများထံသို့ ငွေကြေးများ ထုတ်ချေးခြင်းဖြင့် စီးပွားရေးကို လည်ပတ်ရန် ကြိုးစားလာခြင်းဖြစ်သော်လည်း စီးပွားရေးနှေးကွေးမှု၏ အဓိက ပြဿနာမှာ သွင်းကုန်နှင့်ကုန်ကြမ်းများကို ပိတ်ပင်ထားခြင်းကြောင့်ဖြစ်ကြောင်း UMFCCI မှ အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။ "အခုဖြစ်နေတာက အရင်းအနှီးပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။ ပေါ်လစီပြဿနာဖြစ်နေတာ။ သွင်းကုန်တွေပိတ်ထားတယ်။ ကုန်ကြမ်းမရဘူး။ ဒေါ်လာစျေးကို ထိန်းချုပ်ထားတယ်။ စက်သုံးဆီတွေ လိုသလောက်မရဘူး။ လျှပ်စစ်မီးမရဘူး။ မြေငှားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့်နေတယ်။ ငွေကြေးဖောင်းပွမှုက တစ်နေ့တစ်ခြားတက်နေတယ်။ အရင်းအနှီးထုတ်ချေးရုံနဲ့ စီးပွားရေးက မပြေလည်နိုင်ဘူး" ဟု အဆိုပါ လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။ နိုင်ငံတကာ၏ အမြင်တွင်မူ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍသည် စစ်အုပ်ချုပ်မှုအောက်တွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း bne IntelliNews က ဩဂုတ်လ ၁၇ ရက်နေ့ သတင်းဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များမှ အပ်ငွေများ ထွက်ခွာလာခဲ့ပြီး ကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက တန်ဖိုး၏ လေးပုံသုံးပုံခန့် ဆုံးရှုံးခဲ့သည်ဟု ယင်းသတင်းကဆိုသည်။ စစ်အာဏာမသိမ်းမီက အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ အောက်သာ ရှိခဲ့သော် လည်း ၂၀၂၄ ခုနှစ်အလယ်ပိုင်းတွင် ပြင်ပဈေးကွက်ဒေါ်လာဈေးသည် ကျပ် ၆,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်ချိန်တွင် ကျပ် ၇,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ ဒေသဆိုင်ရာဌာနခွဲဒါရိုက်တာ Melinda Good က “စီးပွားရေးအခြေအနေ တည်ငြိမ်လာသည့် လက္ခဏာအချို့ ရှိနေသော်လည်း မြန်မာ့စီးပွားရေးသည် သိသာထင် ရှားသော ဖိအားများအောက်တွင် ဆက်လက်ရှိနေသည်” ဟု ပြောဆိုခဲ့သည်။

  • 14:026 3252

    без подписи

  • 14:026 3242

    без подписи

  • 14:026 3642

    без подписи

  • 14:026 2521722

    без подписи

  • 14:026 2751873

    မြောင်မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဩဂုတ် ၁၇ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တစ်ခုတွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း Myaung Ogre Column (MOC) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်အကွာရှိ အလှပြင်ဆိုင်တစ်ခု၌ ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို Myaung Ogre Column (MOC) မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုအတွင်း “စနိုက်ပါဇော်ကြီး” သည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းအသုံးပြုသည့် ဆိုင်ကယ်၊ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း MOC တာဝန်ရှိသူက ဆိုသည်။ “စနိုက်ပါအမြဲကိုင်တတ်တဲ့ စစ်ကြောင်းမှူးလို့ပဲ သိရပါတယ်။ နာမည် စနိုက်ပါဇော်ကြီးလို့ အများက ခေါ်ပါတယ်။ လက်နက်တော့ မရလိုက်ဘူး။ သူက ခေါင်းလျှော်လာတာဆိုတော့။ သူတို့စခန်းနဲ့ကလည်း မီတာ ၁၀၀ လောက်ပဲ ဝေးတာ၊ ကျွန်တော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းကင်း ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု MOC တာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြောင်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သား အင်အားအများအပြား ထွက်လာကာ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို ရဲစခန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။ ထို့အပြင် အဆိုပါအလှပြင်ဆိုင်မှ မိသားစုဝင်များကိုလည်း စစ်ကောင်စီတပ်သားများက မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း MOC ထံမှ သိရသည်။ Myaung Ogre Column မှ တာဝန်ရှိသူက ပြည်သူများအနေဖြင့် တော်လှန်ရေးအပေါ် သွေးမအေးဘဲ တတ်နိုင်သည့်ဘက်မှ ဆက်လက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောဆိုထားသည်။

  • 13:027 1341

    без подписи

  • 13:027 0341

    без подписи

  • 13:027 0731

    без подписи

  • 13:027 0301

    без подписи