RSN WEB
Статистикаရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။ သတင်းပေးပို့ရန် - 📬 @Inform_RSN
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 5
- Всего постов
- 26
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 846
- 1/48двое суток
- 969
- 1/72трое суток
- 1 045
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု SSPP ပြော – DVB NDAA မိုင်းလားအဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေး – THN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ အာဆီယံ အထူးကိုယ်စားလှယ် မလိုအပ်ဟု စစ်ကော်မရှင်က အာဆီယံကို စိန်ခေါ် – MPA မြန်မာပြည်က ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်း – VOM အမေရိကန်ဖက်ဒရယ်တရားရုံးက မြန်မာအတွက် ယာယီနေထိုင်ခွင့် (TPS) ကို အပြီးသတ်ရပ်ဆိုင်း – BBC ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ၏ တောင်းဆိုမှုအပေါ် စစ်ကောင်စီက စိတ်ပျက်ဟု တုံ့ပြန် – KT နိပွန်ဖောင်ဒေးရှင်းက မစ္စတာ ဆာဆာကာဝါ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ – THN အကြမ်းဖက် မင်းအောင်လှိုင် ရုရှားဩဇာခံ နိုင်ငံတချို့ထံသို့ ၇ ရက်ကြာ သွားရောက်ဦးမည် – KT ပဋိပက္ခ၊နေရပ်စွန့်ခွာနှင့် ရေဘေးသင့်ပြည်သူများအတွက် ယူရို ၁၀ သန်းခွဲ ဥရောပသမဂ္ဂ ကူ – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ မြန်မာနဲ့ ကုန်သွယ်မှု ဒေါ်လာ ၁၂ ဘီလီယံ ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ် ထုတ်ဖေါ်ပြောကြား – KT အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်လည်မြင့်တက်၊ ရွှေအရောင်း အဝယ် ယာယီရပ်ဆိုင်း – KT မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်မယူဘဲ MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူလုပ်ကာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း ချေးယူခဲ့သည့် ကုမ္ပဏီများနှင့် ဒါရိုက်တာများကို စစ်တပ်က အမည်ပျက်စာရင်းသွင်း – KT ———— ➕ အခြားထူးခြားသတင်းများ စစ်တပ် ဦးပိုင်ကုမ္ပဏီနှင့် MEC ပိုင် စက်ရုံများကို လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကျပ် အထူးနှုန်းဖြင့် ကောက်ခံပြီး ပုဂ္ဂလိကစက်မှုဇုန်များမှ စက်ရုံများကို မီတာခ တစ်ယူနစ် ၉၀၀ ကျပ် ကောက်ခံ – KT Smart Card ဖြင့် စက်သုံးဆီရောင်းချရေး ကနဦး စမ်းသပ်ရန် ပြင်ဆင်နေ – KT မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များကြောင့် လူဦးရေ ၁၂ သန်းခွဲ နီးပါး ဆာ လောင်မွတ်သိပ်နေဟု WFP သတိပေး – KT #RangoonScoutNetwork
🔴 စမ်းချောင်း၊ မြေနီကုန်းမြောက် ဧည့်စစ် ယနေ့ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မပိုလမ်းထဲ စစ်ကားရဲကား ၅ စီးခန့်ဖြင့် အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – Scout Yangon 14 Aug 2026 #RangoonScoutNetwork
🔴 သင်္ဃန်းကျွန်း၊ ဗိုလ်ကံညွန့်ရပ်ကွက်ထဲ ဧည့်စစ်သွား ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ည ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူရာဇ်လမ်း နှင့် ဘဏ်ရိပ်သာဝင်းထဲ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်ပြီး ဧည့်စာရင်း ရက်ကျော်နေသူတချို့ကို ဖမ်းခေါ်သွားကြောင်း ကနဦးသတင်းရရှိသည်။ 12 Aug 2026 #RangoonScoutNetwork
▪️ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းမြင့်နေ ယခုရက်သတ္တပတ်ထဲ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြကြောင်း သိရှိရသည်။ မြို့လယ်ခေါင် လသာ နှင့် လမ်းမတော်မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြပြီး ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူနာများ ပြည့်နေသည်။ ထို့ပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ရောဂါဖြစ်သူများ ရှိနေပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေးရုံများတွင် လူနာအများအပြား ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ စည်ပင်က လမ်းဘေးဆိုင်တချို့ကို ယာယီပိတ်သိမ်းခိုင်းလိုက်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ Source: MPA, Khit Thit, BBC 12 Aug 2026 #RangoonScoutNetwork
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၅ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ စမ်းချောင်း၊ ဗိုလ်တထောင်၊ အင်းစိန်နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။ · Facebook ပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ လမ်းဘေးဆိုင်ထဲ ထိုင်နေစဉ် အရက်/ဘီယာ သောက်လို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၅ ဦး တို့ဖြစ်သည်။ ———— ▪️၈၈၈၈ နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ ပြုလုပ် · ဩဂုတ်လ ၈ ရက် (၈၈၈၈ အရေးတော်ပုံကြီး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့) တွင် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့၌ '#8888' ဘန်နာစာတန်းကိုင်ဆောင်၍ "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုပ်ရှားခဲ့ကြသည်။ · ထို့ပြင် Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Linn Yaung Ni Youth Organization (LYNYO) တို့ ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့မှလည်း ရန်ကုန်မြို့တနေရာ ကုန်းကျော်တံတားဘေး ကွန်ကရစ်နံရံပေါ်Projector ဖြင့် တော်လှန်ရေးစာသားနှင့် ပုံရိပ်များထိုးပြခဲ့ပြီး လှုပ်ရှားခဲ့ကြကြောင်း ဩဂုတ်လ ၇ နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ———— ▪️စစ်တပ် တိုက်လေယာဉ် ပျက်ကျ · ဩဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီ ၁၆ မိနစ်တွင် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် ၁ စီး စမ်းသပ်ပျံသန်းနေစဉ် မှော်ဘီမြို့၊ ညောင်နှစ်ပင်ကျေးရွာအနီး၌ ငှက်တကောင်နှင့် ထိခိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျသွားခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ လေယာဉ်မှူးများ Eject လုပ် ခုန်ထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ · ၎င်းပျက်ကျခဲ့သည့် တိုက်လေယာဉ်မှာ FTC-2000G ၊ လေယာဉ်အမှတ် ၁၄၀၇ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထဲ အသစ်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း MDSI က သတင်းထုတ်ပြန်ထားသည်။ နံနက်လင်းအားကြီးချိန် ပျံသန်းမှုများမှာ လေကြောင်းဗုံးကြဲဖို့အတွက်သာဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်းစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့်နေ့တွင် လူဦးရေမပြည့်၍ ပုံမှန်ထက်နောက်ကျပြီးမှ ဖွင့်ခဲ့ကြကြောင်း Khit Thit မှ ဖော်ပြထားသည်။ ———— ▪️ဆွီဒင်သံရုံး ပိတ်သိမ်း · ဩဂုတ်လ ၇ ရက်နေ့မှစပြီး လှိုင်မြို့နယ်ရှိ ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲမှ ကြေညာခဲ့သည်။ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲ facebook အကောင့်ကိုပါ ပိတ်သိမ်းမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးမှတဆင့်သာ လုပ်တော့မည်ဟုဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလထဲ ဖင်လန်သံရုံး ပိတ်သိမ်းခဲ့ပြီး ယခု ဆွီဒင်သံရုံးထပ်မံ ပိတ်သိမ်းခြင်းဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ဒိန်းမတ်သံရုံးပါ ပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ထားသည်။ 10 Aug 2026 #RangoonScoutNetwork #YGN_weekly
без подписи
▪️၈၈၈၈ နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ ပြုလုပ် ယနေ့ ဩဂုတ်လ ၈ ရက် (၈၈၈၈ အရေးတော်ပုံကြီး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့) တွင် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့၌ '#8888' ဘန်နာစာတန်းကိုင်ဆောင်၍ "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုပ်ရှားခဲ့ကြသည်။ ထို့ပြင် Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Linn Yaung Ni Youth Organization (LYNYO) တို့ ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့မှလည်း ရန်ကုန်မြို့တနေရာ ကုန်းကျော်တံတားဘေး ကွန်ကရစ်နံရံပေါ်Projector ဖြင့် တော်လှန်ရေးစာသားနှင့် ပုံရိပ်များထိုးပြခဲ့ပြီး လှုပ်ရှားခဲ့ကြကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 08 Aug 2026 #RangoonScoutNetwork
без подписи
ရန်ကုန်တိုင်း သပိတ်လှုပ်ရှားမှုများ (ဇူလိုင်လ ၂၀၂၆) •••••••••••••••®••••••••••••••• ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အထိမ်းအမှတ်အဖြစ် တော်လှန်ရေးလူငယ်များစုပေါင်း၍ "၇.၇.၆၂ မမေ့ကြနဲ့" ၊ 7-7-62 DON’T FORGET ဟူသော စာတမ်းပါ တီရှပ်များကို ဝတ်ဆင်ကာ ဇူလိုင်လ ၇ ရက်နေ့တွင် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ 08 Aug 2026 #strike #RangoonScoutNetwork
🟠 မြောက်ဥက္ကလာ၊ က ရပ်ကွက် အစစ်အဆေးသတိ ယနေ့ည ၁၀ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ က ရပ်ကွက်ထဲ အကြမ်းဖက်စစ်သား အင်အားအများ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ အစစ်အဆေးဝင်နိုင်ချေရှိသည်။ 07 Aug 2026 #RangoonScoutNetwork
🆕 DAILY HIGHLIGHTS (25 JUN - 6 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံခွင့်ပြုဟု ဓာတ်ပုံမှတ်တမ်းထွက်လာ – MPA SCEF နှင့် ULA/AA ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ခေါင်းဆောင်ပိုင်းတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေး – MPA ခွဲမထွက်ရ ဟု စစ်ကောင်စီ ပြော၊ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ ပြော – MKN အိန္ဒိယတွင် စစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် CNO/CNDF ဥက္ကဋ္ဌကို ရာထူးမှ ဖယ်ရှား – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း လုပ်သား၊ ပတ်ဝန်းကျင်နှင့် နည်းပညာ စာချုပ် ၃ ခု လက်မှတ်ရေးထိုး – MPA ဘီလာရုစ်က မြန်မာအကြမ်းဖက်စစ်တပ်နှင့် စစ်ရေးပူးပေါင်းမှု ပိုမိုတိုးချဲ့လိုဟု ထုတ်ဖော်ပြောဆို – KT အီသီယိုးပီးယား တွေ့ဆုံဆွေးနွေးပွဲကို လေ့လာရန် မြန်မာစစ်အာဏာရှင်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည် – DVB ———— 💵 စီးပွားရေးထူးခြားသတင်းများ မင်းအောင်လှိုင်၏ အမိန့်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်နှင့်ညီမျှသော ငွေကျပ်စက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေ – KT အောင်သိင်္ခလုပ်ကွက်က သဘာဝဓာတ်ငွေ့ရောင်းဖို့ MOGE နဲ့ PTTEP စာချုပ်ချုပ်ဆို – BBC ———— 🔖 ကျားဖြန့် ကျားဖျန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး DKBA ကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ – THN ———— ➕ အခြားထူးခြားသတင်းများ စစ်တပ်အတွင်း တပ်ချုပ်ရာထူးနေရာတွင် မင်းအောင်လှိုင်ဓာတ်ပုံကိုသာ ချိတ်ဆွဲထားပြီး ရဲဝင်းဦးပုံကို ချိတ်ခွင့်မပြု – KT နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုများကို ထိန်းချုပ်ရန်၊ လွှဲပြောင်းငွေများ ရရှိရန် ကော်မတီဖွဲ့ – KT #RangoonScoutNetwork
без подписи
без подписи
без подписи
без подписи
без подписи
без подписи
🟥 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဇူလိုင်လထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၉၀ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ • ဖမ်းဆီးခံရသူ ၉၀ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၂ ဦးသာ ရှိပြီး ၁၅ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ • ကျန်သည့် ၇၃ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။ ———————— ▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ • သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၈ ဦး ရှိခဲ့သည်။ ထိုထဲ စစ်မှုထမ်းစာရင်းဖြင့် ဖမ်းဆီးခံရသူ ၂ ဦး၊ PDF/ ထောက်ပို့ ဟုစွပ်စွဲပြီး ဖမ်းဆီးခံရသူ ၂ ဦးပါသည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၃၈ ဦး ရှိသည်။ ထိုထဲ လမ်းမပေါ်သွားလာနေစဉ် ကားဖြင့်ဆွဲဖမ်းခံရသူ ၂၉ ဦး နှင့် ကားမှတ်တိုင်/လမ်းဘေး/လမ်းဘေးဆိုင်/ဘူတာ/အဝေးပြေးကားဝန်း၌ ရှိနေစဉ် ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်သည်။။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၂၄ ဦး ရှိသည်။ ထိုထဲ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၁၃ ဦးပါသည်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၉ ဦး ရှိသည်။ အချက်အလက်တောင်းစစ်/ PSMS ဖြင့် စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိသည်။ • လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၁၀ ဦး ရှိခဲ့သည်။ အိမ်ပြောင်း/လက်သမား စသည့်အလုပ်ဖြင့် မျှားကာ ဖမ်းဆီးခံရသူ ၈ ဦးရှိသည်။ ရပ်ကွက်ရုံးသို့ ရုတ်တရက်လာခိုင်းပြီး ဖမ်းခံလိုက်ရသူ ၁ ဦးနှင့် သားဖြစ်သူ ရှိ မရှိ စစ်တပ်ထဲ ဝင်စုံစမ်းရင်း ဖမ်းခံရသူ ၁ ဦးတို့ပါဝင်သည်။ ———————— ▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ • ဇူလိုင်လထဲ မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • တာမွေ၊ လှိုင်၊ ဒဂုံဆိပ်ကမ်း၊ ဗဟန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ ထန်းတပင်၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ သာကေတ၊ စမ်းချောင်း၊ လမ်းမတော်၊ အင်းစိန်၊ ဒေါပုံနှင့် ရွှေပြည်သာမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။ ———————— ▪️ စစ်မှုထမ်းသင်တန်း • ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်း သင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၁၅ ဦး ရှိသည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၁၃ ဦး ဖြစ်ပြီး ၁ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၁ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။ • ရန်ကုန်တိုင်းရှိ စစ်သင်တန်းကျောင်းများအပြင် ပဲခူးတိုင်း၊ အင်းတကော်နှင့် တောင်ငူဘက်ရှိ စစ်တပ်စခန်းများသို့ ပို့ဆောင်ခံလိုက်ရသူလည်း ရှိသည်။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်မှ ကြေညာထားသည်။ ယခင်လများထက် နောက်ကျပြီး သင်တန်းသားဦးရေးမပြည့်၍ ထပ်ဖြည့်နေခဲ့သောကြောင့် နောက်ကျခြင်းဖြစ်ကြောင်း သိရသည်။ ———————— ▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ • မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်း ရှိပြီး ၎င်းတို့ကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။ (ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 06 Aug 2026 #arrest #RangoonScoutNetwork
⚫️ စမ်းချောင်း၊ ကျွန်းလယ်ရပ်ကွက်ထဲ ဧည့်စစ်ပြီး လူဖမ်းခေါ်သွား ယမန်နေ့ ဩဂုတ်လ ၄ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ပုသိမ်လမ်း၊ တိုက်အမှတ် ၃၆၊ အပေါ်ဆုံးထပ်ထဲ ဝင်စစ်ပြီး လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသိရှိရသည်။ – Sanchaung Scout Channel 05 Aug 2026 #RangoonScoutNetwork
🔴 စမ်းချောင်း၊ သံတံတားရပ်ကွက်ထဲ ဝင်စစ်သွား ယမန်နေ့ ဩဂုတ်လ ၄ ရက် ည ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ သံတံတားလမ်း၊ အိမ်အမှတ် ၄၅ ထဲ အစစ်အဆေးဝင်သွားကြောင်း သတင်းရရှိသည်။ စစ်ကား ၂ စီးပါသည်ဟု သိရသည်။ 05 Aug 2026 #RangoonScoutNetwork