tgindex
Thanlyin Media

Thanlyin Media

Статистика

Thanlyin Media မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။

Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
6
Всего постов
22
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
1 158
−3 за 4 дн.
Сутки
−2
−0,17%
Неделя
 
Месяц
 
Просмотров на пост
322
21 постов
Вовлечённость
27,8%
к подписчикам
Постов в день
0,9
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
121
1/48двое суток
138
1/72трое суток
149

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်နှင့်ကျန်းမာရေးဌာနက ယာယီ ပိတ်ခိုင်း ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်း၊ လသာ၊ လမ်းမတော်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှော လူနာများ စတင်တွေ့ရှိရသဖြင့် လမ်းဘေးစားသောက်ဆိုင်များကို စည်ပင်က သန့်ရှင်းရေး ဂရုပြုကြရန်နှင့် လတ်တလော လမ်းဘေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသပြည်သူများနှင့်ပရဟိတလူနာတင်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်မြို့ လယ်ခေါင်ရှိ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ Down Town ပြင်ပရှိ အင်းစိန်နှင့်မရမ်းကုန်းမြို့နယ်တို့တွင်လည်းကောင်း ဝမ်းပျက်ဝမ်းလျော လူနာများ အများအပြားတွေ့ရှိလာရကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျောအတွက် အထူးကုသရေးဌာန ဖွင့်လှစ်ပြီး လက်ခံ ကုသပေးလျက်ရှိကြောင်း ရေချမ်းဖြူ ပရဟိတလူနာတင်ယာဉ်အဖွဲ့ထံမှ သိရှိရသည်။ "ဝမ်းပျက်ဝမ်းလျောလူနာတွေ ဆေးရုံပို့ရတာများလာတယ်။ ကပ်ရောဂါပုံစံမျိုးတော့မဟုတ်ဘူး။ ဒီရက်ပိုင်းမိုးများတာနဲ့ ယင်နားစာတွေ၊ လမ်းဘေးစာတွေကြောင့် ဖြစ်တယ်လို့ ယူဆရတယ်။ အထက်လှန်အောက်လျှောပေါ့။ ဝမ်းသွားတယ်။ အန်တယ်။ အဲဒီလူနာတွေ များလာတာ" ဟု အဆိုပါပရဟိတအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။ လတ်တလော စည်ပင်နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက ဝမ်းပျက်ဝမ်းလျှောနှင့် ပတ် သက်၍ ရန်ကုန်တိုင်းအတွင်း ပိုစတာနှင့် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ လမ်းဘေးစားသောက်ဆိုင်များကို သန့်ရှင်းရေး အထူးဂရုပြုကြရန်နှင့် တချို့သော အလွန်ညစ်ပတ်သည့် လမ်းဘေးဆိုင်များကို ယာယီပိတ်သိမ်းခိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ "လမ်းဘေး ခေါက်ဆွဲသုတ် ၊ အစုံသုတ်၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုး ဆိုင်တွေ ရက်ပိုင်း ခဏ ပိတ်ဖို့တော့ လာပြောတယ်။ ကျန်းမာရေးဘက်က လိုက်စစ်ပြီးမှ ပြန်ဖွင့်ခိုင်းမယ်ပြောတယ်။ ဝမ်းပျက်ဝမ်းလျှော လူနာတွေတွေ့ရလို့ ပြောတယ်" ဟု အင်းစိန်မြို့နယ်၊ ကုန်းကျော်တံတားအနီး လက်သုတ်စုံရောင်းချသော ပျံကျစျေးသည်တစ်ဦးက ရှင်းပြသည်။ လတ်တလော လသာမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၀ ဦးထက်မနည်းတွေ့ရှိထားရပြီး ရောဂါဇစ်မြစ်များကို လသာမြို့နယ် စည်ပင်နှင့် မြို့နယ် ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း သတိပေးထားသည်။ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်း မာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါမှာ ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ရန်ကုန်တွင် ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားခဲ့၍ ကျန်းမာရေးဌာနက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်။

  • без подписи

  • без подписи

  • без подписи

  • ရန်ကုန်တွင် YMBA သန်လျင်ခရိုင်ဥက္ကဋ္ဌ ဇော်နိုင်ထွန်းနှင့်အဖွဲ့က စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို လွတ်မြောက်အောင် လုပ်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးအတွက် အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ သိန်းရာချီအထိ လိမ်လည်ရယူ #Credit_Khitthit #MaShweMore_Korea_Telegram

  • 💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ) ​၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့တွင် "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "8888" ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ​တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး စသည့် နိုင်ငံရေးကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုများကြားမှ တစ်ပါတီအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ နိုင်ငံရေးအောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခရီးကြမ်းပေါ်တွင် လျှောက်လှမ်းခဲ့ကြသည့် အရေးတော်ပုံခြေလှမ်းများသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ​မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံတပ်သားများ၏ အတွေ့အကြုံကောင်းများနှင့် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးရဲဘော်များ၏ အတွေးအမြင်သစ်များကို ပေါင်းစပ်ကာ၊ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနေကြသော အလွှာအသီးသီး၊ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များနှင့်အတူ မပြီးဆုံးသေးသည့် အရေးတော်ပုံတာဝန်များကို ကျရာကဏ္ဍမှ သမိုင်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ​အရေးတော်ပုံ အောင်ရမည်။ ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR #ရှစ်လေးလုံး #၈၈၈၈ #8888 #OCTOPUS #ရေဘဝဲ

  • без подписи

  • без подписи

  • без подписи

  • စည်းမရှိတဲ့ အင်အား ၊ အမှန်တရားနဲ့ မကိုက်ညီတဲ့ အင်အားဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးနိုင်ပါဘူး။ ဒါကြောင့် စည်းကမ်းရှိကြပါ စည်းလုံးကြပါ။ #CreditOriginalUploader #freedomfromfear #DawAungSanSuKyi

  • ၂၆.၇.၂၀၂၆ ရက်နေ့၊ ၁၁ ၁၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ တောရကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊…

  • ၂၆.၇.၂၀၂၆ ရက်နေ့၊ ၁၁ ၁၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ တောရကျောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

  • ⚫️ ဝင်ငွေကောင်းသည့်အလုပ်ရှိသည်ဟုဆိုကာ မန္တလေးသို့လိမ်ခေါ်ပြီး စစ်သားစုဆောင်းနေ ရန်ကုန်အပါအဝင် နေရာအနှံ့မှ လူငယ်များကို ဝင်ငွေကောင်းသည့် အလုပ်ရှိသည့်ဟု မန္တလေးမြို့သို့ လိမ်လည်မျှားခေါ်ပြီး အကြမ်းဖက်စစ်တပ်က စစ်သားစုဆောင်းနေကြောင်း Khit Thit မှ သိရှိရသည်။ ဆောက်လုပ်ရေး၊ ပန်းရံ၊ ဆေးသုတ် စသည့်အလုပ်များ ရှိသည်ဟု ဗန်းပြပြီး တလ ၁၀ သိန်းကျော် ရမည်ဟု မက်လုံးပေးခေါ်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကိုအောင်ကျော်သက်ကို ပန်းရံအလုပ်ရှိသည်ဟု လိမ်ခေါ်ပြီး မန္တလေးနန်းတွင်းထဲ သံခြေကျင်းခတ်ပြီး ဖမ်းထားသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း လှိုင်သာယာမြို့နယ်မှ ကိုအောင်မြင့်မြတ်၊ ကိုရဲရင့်အပါအဝင် လူငယ် ၆ ဦးတို့ကို စက်ရုံပြုပြင်ရေး ဆေးသုတ်အလုပ်ရှိမည်ဟု လိမ်ခေါ်ပြီး ဖမ်းဆီးသွားကြသည်။ Source: Khit Thit 25 Jul 2026 #RangoonScoutNetwork

  • 🟡 ယနေ့ သံလျင်ဘက်သို့ ခွေးလမ်းကြောင်းများ ‌‌ေခြ ရှုပ်နိုင်ပါကြောင်း၊ အသိပေးအပ်ပါသည်။ #RSG 🕰 9:40 am ThanlyinMedia

  • 🐙 မနီလာသိန်းများ နဲ့ ရက်ပေါင်း ၁,၄၆၁ ရက် သူရဲကောင်း (၄) ဦးကို ကြိုးမိန့်ပေးခဲ့တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက် နှစ်ပတ်လည်နေ့မှာ (၈၈)ကျောင်းသားခေါင်းဆောင် “မနီလာသိန်း” ဘာတွေသတင်းစကားပါးထားပါသလဲ၊ အဆုံးထိကြည့်​ပါ။ ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR #OCTOPUS #ရေဘဝဲ

  • ဒီနေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားသတ်ဖြတ်ခံခဲ့ရတဲ့ (၄) နှစ်ပြည့်နေ့ video Crd #ကိုဂျင်မီ #ကိုဖြိုးဇေယျာသော် #ကိုလှမျိုးအောင် #ကိုအောင်သူရဇော် #yangon4brothers #KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO #owlcommunity #MayangoneDemocraticFront_MDF

  • ⬜️ သန်လျင် သန်လျင်တံတားအဆင်း သန်လျင်မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်နား ခွေးဘဲဥ အထီး ၁၊ အမ ၁ အစာကောက် – RSG 10:30 AM 📬 @Inform_RSN

  • ▪️သန်လျင်ရေတပ်တွင် စစ်လက်နက်ပစ္စည်းများ အလုံးအရင်းလိုက် ဖြည့်နေ ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စခန်းတွင် စစ်သင်္ဘောများပေါ် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များနှင့် ရိက္ခာများ အလုံးအရင်းဖြည့်တင်းနေကြောင်း Khit Thit မှ သိရှိရသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်ဘက် စစ်မြေပြင်သို့ ပို့ဖို့ဖြစ်နိုင်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ စထွက်နိုင်သည်ဟု ဖော်ပြထားသည်။ အရပ်ဘက်ရေယာဉ်များကိုလည်း အဓမ္မသိမ်းဆည်းပြီး ၎င်းတို့နှင့်အတူလိုက်ခိုင်းထားသည်ဟု ဆိုသည်။ အပြန်တွင် တပ်မိသားစုများကို အရပ်ဘက်ရေယာဉ်များဖြင့် ပြန်ထည့်ပေးမည်ဟု သိရသည်။ Source: Khit Thit 19 Jul 2026 #RangoonScoutNetwork

  • без подписи