Comic & Cartoon 4 U
Статистика"When I’m gone, don’t cry. Just look up at the blue sky I loved so much, and say — ‘We overthrew the dictatorship, and now we have democracy.’"
- Последний пост
- 17 апр.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
သမိုင်းတကွေ့က အသက်၀ိဉာဥ်များစွာကို ဦးညွတ်ကာ ငါတို့အောင်လံမြဲဖို့ ဆုတောင်း.. - ညီစေ မြဲစေ - Lynn Lynn တော်လှန်ပြည်သူမိဘညီအကိုမောင်နှမများခင်ဗျာ နှစ်သစ်မှစ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကာ ဘေးရန်ကင်းကွာ နေကောင်းကျန်းမာ အဆင်ပြေ လုံခြုံစွာ ရှိနေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ။
-8- When words fail , ART speaks ...
ဒီရက်ထဲ ကိုယ့်ပတ်၀န်းကျင်မှာ ပုံမှန်လိုပြန်ဖြစ်နေတဲ့လူတွေကြားထဲ အရင်ကဆွဲခဲ့ဖူးတဲ့ကိုယ့်ပုံလေးကိုယ်ပြန်ကြည့်ရင်းအားပြန်ယူ #တွဲလက်မြဲစေကမ်ပိန်းတုန်းကကောမစ်လေးတခု
ဒါဟာ ၅ ခုမြောက်နွေ.. လက်ချိုးရေတွက်ရမယ့်ခုနှစ်တွေထဲ.. ရှင်ကွဲသေကွဲပေါင်းများစွာ နဲ့ပေါ့ ။ တချို့ မီးစိမ်းလေးတွေဟာ တသက်လုံးဘယ်တော့မှ ပြန်မလင်းလာနိုင်တော့ဘူး .. တချို့ဖုန်းတွေဟာ ဘယ်တော့မှ ပြန်ဖြေကြားမယ့်လူ မရှိတော့ ဘူး .. တချို့အသံတွေကို ဒီကမ္ဘာပေါ်မှာ ဘယ်တော့မှ ပြန်မကြားနိုင်တော့ဘူး ဥပမာ လူတစ်ယောက်ရဲ့ အသံ လ်ိုမျိုး .. ။ အစ်မ ပြေးတော့ .. အစ်မ .. အသေမခံနဲ့တစ်ယောက်ဖိရင် ၂ယောက်ကြွရမယ်လေ မသေအောင်နေ .. အားးးးးး ထပ်ပြီး ဒီအိပ်မက်ပဲ .. ထပ်ပြီး .. ထပ်ပြီး .. ပြန်ဆုံကြမယ်လို့ ကျွန်တော်တို့ သေချာပေါက်ကတိပေးခဲ့ကြတယ်မလား.. ဟုတ်တယ်မလား .. သတင်းအစအနဘယ်နေရာကမှ မကြားရတော့တဲ့ လူတချို့လဲ ရှိတယ် ကမ္ဘာမြေရဲ့တနေရာရာမှာတော့ ကျန်းမာဘေးကင်းလုံခြုံစွာနဲ့ရှိနေနိုင်ပါစေလို့မျှော်လင့်ရင်း .. ၅ခုမြောက်နွေ .. လူတချို့နဲ့ရှင်ကွဲ ကွဲခဲ့ရပြီး လူတချို့နဲ့သေကွဲ ကွဲခဲ့ရတယ် .. ရှေ့ဆက်ရုံပဲမလား ၀မ်းနည်းမှုတွေကိုခွန်အားအဖြစ်ပြောင်းလဲရမယ်မဟုတ်လား ကျွန်တော့်တို့ကိုစိတ်ချသွားခဲ့ကြတဲ့ လူတွေရဲ့ မျှော်လင့်ထားခဲ့ကြတဲ့ ရည်မှန်းချက်တွေကို ဆက်လတ်ပြီး အသက်ရှင်ကျန်ရစ်နေသေးတဲ့ ကျွန်တော်တို့ကဆက်လတ် ပုံဖော်ရမယ်မဟုတ်လား ? ရှေ့ ဆက်
လွန်ခဲ့တဲ့ ၅နှစ်က အေးချမ်းပြီး နေခဲ့ရတဲ့ ဒီလိုနေ့ဟာ နောက်ဆုံးသော ည ခင်းလေးတခု ဖြစ်ခဲ့တာ ပဲ နော်
-7- When words fail , ART speaks ...
-6- When words fail , ART speaks ...
-5- When words fail , ART speaks ...
-4- When words fail , ART speaks ...
-4- When words fail , ART speaks ...
без подписи
-2- When words fail , ART speaks ...
-1- When words fail , ART speaks ...
ဒီကြားထဲတော့ pj တော့မရှိသေးပါဖူးခင်ဗျာ ဆွဲထားတဲ့ပုံလေးတွေပဲတင်ပါအုံးမယ်နော်ဗျ
Hello .. မင်္ဂလာပါခင်ဗျာ ကျွန်တော်ပြန်လာပါပြီ ... ကျွန်တော်တို့ ပုံတွေပြန်ဆွဲပါမယ် pj တွေပြန်လုပ်ပြီးရန်ပုံငွေတွေပြန်ရှာပါမယ်ဗျ ဒါပေမယ့် payment အပြောင်းအလဲတွေရှိတာကြောင့် အလှုငွေကောက်ခံခြင်းတော့လုပ်အုံးမှမဟုတ်ပါဖူးခင်ဗျာ ..
နွေဦးတဖန် ပြန်လည်ရောက်လာခဲ့ရင် ... အရာအားလုံးက သေချာပေါက် ပြန်လည်လှပလာမှာ ။ ပန်းတွေ လည်းပြန်လည်ပွင့်လန်းလာမှာ ။ မင်းတို့ကို အမှတ်ရရင်း အောက်မေ့ရင်းနဲ့ မင်းတို့ငါတို့ လိုချင်ခဲ့တဲ့ အဲ့နွေဦးကို ပြန်လည်ရောက်လာခဲ့ရင်တောင် ငါ့နှလုံးသားထဲ ကမင်းတို့ပုံရိပ်တွေကို ဘယ်တော့မှမေ့မှာမဟုတ်လောက်ဘူး .. ။
အားလုံးပဲမင်္ဂလာပါ ။ ကျွန်တော်ပြန်လာပါပြီ ။ ဒါပေမယ့် ရှေ့မျက်နှာ နောက်ထား ပြီး အားလုံးကို အားနာစွာပဲ ကျွန်တော် ပြောပါရစေ ။ ကျွန်တော်ပြန်လာခဲ့ပေမယ့် အရင်ကလို အကောင်းဆုံးပုံစံနဲ့တော့ ပြန်လာခဲ့ခြင်း အလျင်း မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် ရန်ပုံငွေ ရှာခြင်းကို အကန့်အသတ်မရှိရပ်တန့်လိုက်တော့မည်ဖြစ်ကြောင်းကို မိဘပြည်သူညီအကိုမောင်နှမ များအားလုံးကို ညှိုးငယ်စွာ အသိပေး အပ်ပါတယ် ခင်ဗျာ ။ ကျွန်တော် ပုံတွေကိုလည်း အရင်လောက် ဆွဲပြီးတင်မှာမဟုတ်တော့ကြောင်း ၊ တင်ရင်လည်း ကျွန်တော် ဆွဲလို့အဆင်ပြေတဲ့အချိန်ကာလတခု အနေအထားရောက်မှသာ တင်ဖြစ်တော့မှာပါ ခင်ဗျာ ။ ကျွန်တော် personal case တွေကြောင့် ကျွန်တော် ပြန်လာနိုင်ဖို့ကိုလည်း ကြိုးပမ်းခဲ့ရပေမယ့် တကယ်တမ်းပြန်လာနိုင်ခဲ့ချိန်တော့ အရင်ကလို မဟုတ်တော့ဘဲ ၊ အကောင်းဆုံးပုံစံ နဲ့ ပြန်လာတာလည်းမဟုတ်ဘဲ ၊ ဒီတိုင်း ကျွန်တော် အသက်ရှင်ဘေးကင်းလုံခြံူ အဆင်ပြေနေစွာရှိနေကြောင်းကို တင်ပြဖို့သက်သပ်သာ ပြန်လာခြင်းဖြစ်ပါတယ် ။ တော်လှန်ရေး ကာလ အလှုငွေတွေမကောက်ဖြစ်တော့ပေမယ့်လည်း ကျွန်တော်အလုပ်ကနေရတဲ့ ငွေတွေနဲ့တော့ လိုက်ကူဖို့ တော့ဆုံးဖြတ်ထားပါတယ်ခင်ဗျာ ။ ထပ်ဆောင်းပြောကြားလိုချင်တဲ့အချက်တခုကလေးကတော့ ကျွန်တော် ရန်ပုံငွေ ရှာဖွေခြင်းကောက်ခံခြင်းကို အပြီးတိုင်ရပ်တန့် လိုက်ပြီဆိုပေမယ့် ကျွန်တော် အရင်က လုပ်ခဲ့တဲ့ စာရင်းရှင်းတမ်းတွေနဲ့ ပက်သက်ပြီးတော့ စိတ်ထဲ မရှင်းတာမျိုး တခုခု အမှားအယွင်းတွေ့သည့်အခါကျရင်တော့ @comic1715_bot ကိုအချိန်အခါ မရွေးလာရောက်ထောက်ပြ ပြောဆိုနိုင်ကြောင်းကိုအသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ ။
Hello
WHISP3RS 0F R3VOLUTION
Comic & Cartoon 4 U pinned a photo