The Irrawaddy - Burmese
СтатистикаThe Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers. burma.irrawaddy.com
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 148
- Всего постов
- 545
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 964
- 1/48двое суток
- 2 250
- 1/72трое суток
- 2 427
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
နေကြတ်တာနဲ့ အချိန်ကိုက်ပြီး စကိတ်ဘုတ် ခုန်ပျံကွက်ကိုပြုလုပ်ခဲ့တဲ့ အိုလံပစ် စကိတ်ဘုတ်သမား ဩဂုတ် ၁၅၊ ၂၀၂၆ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နေကြတ်မှုဟာ ကမ္ဘာတ၀န်းက သန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်၀င်စားမှုကို ရရှိစေခဲ့ပြီး လူအများစုက ရိုးရိုးပဲ ကြည့်ရှုမှတ်တမ်းတင်ခဲ့ကြပေမယ့် စပိန်နိုင်ငံက အိုလံပစ်စကိတ်ဘုတ်သမား ဒန်နီလီယွန်ကတော့ အားလုံးထက်ပိုပြီး ထူးခြားတဲ့အရာကို လုပ်ပြခဲ့ပါတယ်။ #မြန်မာ #ဧရာဝတီ #skateboard #stunts #SolarEclipse
မြန်မာ့အကျပ်အတည်း ဆွေးနွေးပွဲများမှ ဘုံသဘောတူညီချက် ရှာဖို့ ထိုင်းဒုဝန်ကြီးချုပ်ဟောင်း တိုက်တွန်း ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် ဘက်ပေါင်းစုံပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး ဆွေးနွေးပွဲများမှ ဖြစ်နိုင်ခြေရှိသော'ဘုံသဘောတူညီချက်တရပ် ရရှိအောင် ဦးစားပေး လုပ်ကြရန် ယမန်နေ့က ချင်းမိုင်တက္ကသိုလ်၌ ကျင်းပနေသော မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံ (International Conference on Burma/Myanmar Studies)တွင် ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရ်ကီယာ့တ် စထီရာထိုင်း (Dr. Surakiart Sathirathai)က ပြောသည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတာဝန်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ချူလာလောင်ကွန်း တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌအဖြစ် တက္ကသိုလ်၏ အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်နေသလို အာရှ ငြိမ်းချမ်းရေးနှင့် ရန်ပြေငြိမ်းရေး ကောင်စီ (APRC) ဥက္ကဋ္ဌအဖြစ် ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် သံတမန်ရေးရာ ရန်ပြေငြိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လမ်းညွှန် ဦးဆောင်နေသူဖြစ်သည်။ ဒေါက်တာ ဆူရာကီယက်က ထိုသို့ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံ ပါဝင်မှုကို အလေးပေးရမည်ဖြစ်ပြီး၊ အပြန်အလှန် ယုံကြည်မှုနှင့် စိတ်ချယုံကြည်နိုင်မှုများကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံရေး ပဋိပက္ခများကို ခေတ္တ ဘေးဖယ်ကြရန်လည်း တိုက်တွန်းသည်။ လက်ရှိမြန်မာ့အရေးသည် သယံဇာတ လုယက်မှု၊ အာဏာလုပွဲများ၊ ရွှေ့ပြောင်းနေထိုင်မှု၊ ပညာရေးဆိုင်ရာ အခက်အခဲများနှင့် တရားမျှတမှု၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် တနိုင်ငံလုံး၏ နယ်စပ်ဒေသများအပေါ် ရိုက်ခတ်နေသည့် စိန်ခေါ်မှုကြီးတခု ဖြစ်နေသောကြောင့် ယခုညီလာခံသည် အလွန်အရေးပါကြောင်း ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ သက်ဆိုင်သူ အစုအဖွဲ့အားလုံး၏ ပါဝင်မှုရှိရမည်ဖြစ်သလို ရေရှည်တည်တံ့သော ဖြေရှင်းနည်းများကို စုပေါင်းတွန်းအားပေးရန် 'Friends of Myanmar' အစီအစဉ်ကို ထောက်ခံအားပေးကြောင်း ၎င်းက ပြောသည်။ ၎င်းအနေဖြင့် ရခိုင်အရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် သံတမန်ရေး လုပ်ငန်းများနှင့် ပြည်သူ့ပါဝင်မှု တည်ဆောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ အုပ်စုပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အသံများကို နားထောင်ခဲ့ပြီး ပြဿနာများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူ အစုအဖွဲ့အားလုံး ပါဝင်သည့် ရိုးသားဖြောင့်မတ်သော ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသည်။ ပညာရှင်များအနေဖြင့် သိပ္ပံနည်းကျ အချက်အလက်များနှင့် အမှန်တရားများကို တင်ပြပါက ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ပြီး၊ ယင်းက သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် ရှေ့ဆက်လုပ်ဆောင်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း၊ အစိုးရအချင်းချင်း ဆက်ဆံသည့် သံတမန်ရေးလမ်းကြောင်း နှင့် ပြည်သူ သို့မဟုတ် ပညာရှင်များအကြား ဆက်ဆံသည့် သံတမန်ရေးလမ်းကြောင်း ၂ခုအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြင့် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။ မြန်မာ့အရေး နိုင်ငံတကာလေ့လာရေးညီလာခံကို ၅ကြိမ်မြောက်အဖြစ် ဩဂုတ်လ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ညီလာခံတွင် တင်ပြဆွေးနွေးမည့် သုတေသနအကြောင်းအရာများမှာ မြန်မာနိုင်ငံရင်ဆိုင်နေရသော အကြမ်းဖက်မှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် စီးပွားရေးအကျပ်အတည်းစသည်တို့ ဖြစ်သည်။ ဓာတ်ပုံ-The Reporters , ဧရာဝတီ #WhatsHappeningInMyanmar #RejectMilitaryCoup
ဆွေးနွေးပွဲတွေ မရှိဘဲ အဖြေမရှိနိုင်ဘူး မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်အဖြေကို ရှာဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးစကားပြောမှ ရမယ်လို့ သတင်းစာဆောင်းပါးရှင် ကိုနေသွင်ညိဏ်းရဲ့ပြောဆိုဆွေးနွေးချက် အစအဆုံးကို အောက်ပါလင့်များတွင် နားဆင်နိုင်ကြပါတယ်။ Buzzsprout : https://bit.ly/4bTqeyZ Apple Podcasts : https://apple.co/460o2Cn Spotify : https://bit.ly/4xLOJqw
မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များသည် အကျိုးရလဒ် ဘာမှမရှိသလို သူ့ကိုယ်သူ တရားဝင် သမ္မတဖြစ်ကြောင်း ထုတ်ဖော်ပြသသည့် (for show) သက်သက်မျှသာ ... Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/08/15/415530.html
ကျိန္တလီကို ညသန်းခေါင် ဗုံးကြဲ၊ ၈ ဦး သေဆုံး ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆ ရခိုင်ပြည်နယ် ဂွမြိုနယ်၊ ကိုင်းခုံကျေးရွာနှင့် ကျိန္တလီမြို့အား ညသန်းခေါင် ဗုံးကြဲမှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့သည်ဟု အာရက္ခတပ်တော်( AA )က သတင်းထုတ်ပြန်သည်။ ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခွဲခန့်တွင် ကျိန္တလီမြို့ အမှတ် (၁) ရပ်ကွက်ကို တိုက်လေယာဉ် တစီးက ဗုံး ၂ လုံး ကြဲချရာ အရပ်သား ၈ ဦး နေအိမ်၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၄၇ နှစ်အရွယ် ဦးမောင်မြင့်ခင်ဆိုသူမှာ ဒဏ်ရာရခဲ့ပြီး အိမ် ၅လုံးနှင့် သုံးဘီးဆိုင်ကယ် (၁) စီးမှာလည်းပျက်စီးသွားကြောင်း သိရသည်။ ထိုညမှာပင် ဂွမြိုနယ်၊ ကိုင်းခုံကျေးရွာကိုလည်း တဆက်တည်း ဗုံးကြဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှု တစုံတရာ မရှိခဲ့ဟု ဆိုသည်။ မြေပြင်တိုက်ပွဲရှုံးနိမ့်နေသော စစ်တပ်သည် လေကြောင်းဗုံးကြဲမှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေသဖြင့် အာရက္ခဒေသတခုလုံး လေကြောင်းရန်ကို "အချိန်ပြည့်" အထူး ဂရုစိုက်ကြရန် AA က ထပ်မံသတိပေးထားသည်။ ဓာတ်ပုံ-AA Info Desk #WhatsHappeningInMyanmar #RejectMilitaryCoup
ဂန္ထဝင် ရသ ကာတွန်းများ ဧရာဝတီ၊ သြဂုတ် ၁၅၊ ၂၀၂၆ ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။ Caption - ရုရှား ကယ်ပါ့ ဘုရား စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation
အဆိုပါ နားလည်မှုစာချွန်လွှာ ပျက်ပြားသွားခဲ့သည်။ ထို့နောက် ပဋိပက္ခ ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်က အီရန်ဆိပ်ကမ်းများအပေါ် ရေတပ်ပိတ်ဆို့မှုကို ပြန်လည်စတင်ခဲ့သလို အီရန်ကလည်း ရေလက်ကြားကို ဖြတ်သန်းသွားလာမှုကို နောက်တကြိမ် ထပ်မံကန့်သတ်ခဲ့သည်။ ထိုအချိန်မှစ၍ အီရန်သည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာနှင့် အခြားကုန်ပစ္စည်းများအတွက် အဓိကကျသော အဆိုပါ ရေလက်ကြားအတွင်း သွားလာရေး လမ်းကြောင်းများနှင့် ပတ်သက်၍ အိုမန်နိုင်ငံနှင့် သဘောတူညီချက်ရရှိရန် သံတမန်ရေးအရ အဓိက ကြိုးပမ်းလျက်ရှိသည်။ ကိုးကား။ ။ Al Jazeera သတင်း Trump dismisses mental health concerns on USS Lincoln aircraft carrier ပုံစာ - အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေရသည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘော/AFP
လေယာဉ်တင်သင်္ဘောပေါ်မှ စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ ထရမ့် ပယ်ချ ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲ၏ အစိတ်အပိုင်းအဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်နေရသည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှ အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်သည်။ သောကြာနေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က အဆိုပါ လေယာဉ်တင်သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များ၏ မိသားစုများမှာ မိသားစုဝင်များအတွက် စိုးရိမ်နေကြသည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး "မဟုတ်ပါဘူး၊ သူတို့ စိုးရိမ်မနေကြပါဘူး" ဟု ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘော၏ တာဝန်ထမ်းဆောင်ချိန်မှာ ရှည်လျားလွန်းနေပြီလားဟု မေးမြန်းရာတွင် ထရမ့်က "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံလောက်တဲ့အထိတောင် မကြာသေးပါဘူး" ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်များသည် USS Abraham Lincoln ပေါ်တွင် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် စိတ်ကျန်းမာရေး ဖိစီးမှုများ ကြုံတွေ့နေရကြောင်း၊ သင်္ဘောပေါ်မှ ခုန်ချရန် ကြိုးပမ်းသည့် ဖြစ်စဉ်များပင် ပါဝင်ကြောင်း သတင်းဖော်ပြချက်များ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည် နိုဝင်ဘာလက ကာလီဖိုးနီးယားပြည်နယ် စန်ဒီယာဂိုရှိ စခန်းတခုမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနှင့် ဖြစ်ပွားခဲ့သော စစ်ရေးလှုပ်ရှားမှုများအပြင် လတ်တလောတွင် အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် ပါဝင်နေသည်။ ၎င်း၏ တာဝန်ထမ်းဆောင်ချိန်ကို မေလတွင် အဆုံးသတ်ရန် မျှော်မှန်းထားသော်လည်း အချိန်ဇယားကို ထပ်မံတိုးမြှင့်ခဲ့သည်။ သင်္ဘောသည် ဆိပ်ကမ်းဆိုက်ကပ်ခြင်းမရှိဘဲ ပင်လယ်ပြင်တွင် နေ့ပေါင်း ၂၅၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ရာ အမေရိကန်ရေတပ်အတွက် စံချိန်သစ်တခု ဖြစ်လာခဲ့သည်။ သင်္ဘောပေါ်တွင် ရေတပ်သားများနှင့် ရေကြောင်းတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အမေရိကန် လွှတ်တော်အမတ် အတော်များများက သင်္ဘောပေါ်မှ အခြေအနေများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြသည်။ ဒီမိုကရက် ဆီးနိတ်အမတ် ရူဘင် ဂါလီဂို (Ruben Gallego) ကလည်း သင်္ဘောပေါ်မှ အခြေအနေများကို စစ်ဆေးနိုင်ရန်အတွက် ပါတီနှစ်ရပ်စလုံးမှ ကိုယ်စားလှယ်အဖွဲ့အား သွားရောက်ခွင့်ပြုရန် ရေတပ်ကို တောင်းဆိုထားသည်။ သို့သော်လည်း ထရမ့်အစိုးရအဖွဲ့ကမူ USS Abraham Lincoln ပေါ်ရှိ အခြေအနေများ ပိုမိုဆိုးရွားလာနေသည်ဆိုသည်ကို ဆက်လက်ငြင်းဆိုထားသည်။ သောကြာနေ့တွင် အမေရိကန် အရာရှိတဦးက Al Jazeera သတင်းဌာနသို့ ပြောကြားရာတွင် ရေတပ်အနေဖြင့် "သင်္ဘောပေါ်၌ သေကြောင်းကြံစည်လိုသည့် စိတ်ကူးများ သို့မဟုတ် ကြိုးပမ်းမှုများ တိုးပွားလာသည်ကို မတွေ့ရပါ" ဟု ပြောဆိုခဲ့သည်။ သင်္ဘောပေါ်တွင် ဘာသာရေးဆရာ ၅ ဦး၊ စိတ်ပညာရှင် ၁ ဦး၊ လူမှုဝန်ထမ်း ၁ ဦး၊ စိတ်ကျန်းမာရေး နည်းပညာရှင် ၃ ဦးနှင့် ကာကွယ်ရေး ဆိုင်ရာ အကြံပေး ၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အဆိုပါ အရာရှိက ထပ်လောင်းပြောကြားခဲ့သည်။ သင်္ဘောပေါ်တွင် စိတ်ဓာတ်မြှင့်တင်ပေးသည့် အကူအညီပေး ခွေး (Emotional support dog) တကောင်လည်း ပါဝင်သည်။ "ဘယ်လို စစ်ရေးရည်မှန်းချက်လဲ" ထရမ့်က တာဝန်ထမ်းဆောင်သည့် ကာလရှည်လျားမှုကို လျှော့ချပြောဆိုခဲ့သော်လည်း အဆိုပါ လေယာဉ်တင်သင်္ဘောအား မကြာမီအချိန်အတွင်း အစားထိုးသွားမည်ဆိုသည့် သတင်းများကိုမူ အတည်ပြုခဲ့သည်။ "ဒီသင်္ဘောဟာ အခုပဲဖြစ်ဖြစ်၊ မကြာမီမှာပဲဖြစ်ဖြစ် ထွက်ခွာတော့မှာဖြစ်ပြီး၊ ဒီသင်္ဘောနဲ့ ဆင်တူတဲ့ အခြားသင်္ဘောတစ်စီးနဲ့ အစားထိုးမှာ ဖြစ်ပါတယ်" ဟု ထရမ့်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဒီမိုကရက် ဆီးနိတ်အမတ် ရိချတ် ဘလူးမန်းသဲလ် (Richard Blumenthal) က ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ထံ ယခုသီတင်းပတ်စတင်စဉ်က ပေးပို့ခဲ့သော စာတွင် သင်္ဘောပေါ်ရှိ အခြေအနေများ၊ ရေတပ်သားများ၏ စိတ်ကျန်းမာရေးကို တိုင်းတာရန် ရေတပ်က အသုံးပြုသည့် စံနှုန်းများအပါအဝင် သတင်းအချက်အလက်များကို တောင်းဆိုခဲ့သည်။ "Lincoln သင်္ဘောကို အီရန်မှာ ဆက်လက်တပ်ဖြန့်ထားတာဟာ ဘယ်လို စစ်ရေးရည်မှန်းချက်ကို ရရှိဖို့ ရည်ရွယ်တာလဲ၊ ပြီးတော့ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လေယာဉ်တင်သင်္ဘောရဲ့ ဆက်လက်ရှိနေမှုဟာ လိုအပ်တယ်လို့ ဝန်ကြီးဌာနက ဘယ်လို အကဲဖြတ်ထားပါသလဲ" ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးအရ ကြိုးပမ်းမှုများ တိုးတက်မှုမရှိသေးသည့် အချိန်တွင် USS Abraham Lincoln ပေါ်မှ အခြေအနေများကို အာရုံစိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ စစ်ပွဲသည် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ ထိုးစစ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဇွန်လတွင် အမေရိကန်နှင့် အီရန်တို့သည် တိုက်ပွဲများကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုထားသည့် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ပြီးခဲ့သည့်လက ကုန်သွယ်ရေးအတွက် အဓိကကျသော ဟော်မုဇ် ရေလက်ကြား အငြင်းပွားမှုကြောင့်
အင်ဒိုနီးရှားအရှေ့ပိုင်း ပင်လယ်ပြင်တွင် ပြင်းအား ၇.၇ ရှိ ငလျင်ကြီး လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရ ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆ စနေနေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင်မှာ ပြင်းအား ၇.၇ ပမာဏရှိတဲ့ အလွန်အားပြင်း ငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် အချို့ဒေသတွေမှာ အမြင့် ၁ မီတာအောက် ဆူနာမီလှိုင်းတိုအချို့ ရောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ဇလဗေဒနှင့် ရူပဗေဒ အေဂျင်စီ (BMKG) က ပြောထားပါတယ်။ ငလျင်လှုပ်ပြီးချိန်မှာ ဒေသခံတွေဟာ နေအိမ်တွေကနေ ဘေးကင်းရာကို ထွက်ပြေးခဲ့ကြရပါတယ်။ အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဒိုဒီ ယူလီယိုဗာရဲ့ အဆိုအရ နာဂေးကီယို (Nagekeo) နဲ့ ဘီမာ (Bima) အပါအဝင် ဒေသအတော်များများမှာ ၁ မိနစ်နီးပါးအထိ ပြင်းထန်တဲ့ တုန်ခါမှုတွေကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ပဏာမ အစီရင်ခံစာတွေအရ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု ရလဒ်တော့ မရှိသေးပါဘူး။ BMKG ရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ် ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၄ နာရီ ၅၈ မိနစ်မှာ စတင်လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဟာ အနက် ၁၅ ကီလိုမီတာခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း နောက်ဆက်တွဲ ငလျင် တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။ ဆူနာမီဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ကြောင့် ငလျင်လှုပ်ပြီးပြီးချင်း သတိပေးချက် ထုတ်ပြန်ခဲ့ရတာပါ။ ဒေသအသီးသီးမှာ အမြင့် ၁ မီတာအောက် ဆူနာမီလှိုင်းတိုလေးတွေ ဖြစ်ပေါ်ခဲ့တယ်လို့ BMKG က အတည်ပြုထားပါတယ်။ တချိန်တည်းမှာပဲ သြစတြေးလျ ဆူနာမီသတိပေးရေး စင်တာကတော့ ဒီငလျင်ကြောင့် သြစတြေးလျ ကုန်းဘက်ပိုင်း၊ ကျွန်းစုတွေနဲ့ အခြားပိုင်နက် နယ်မြေတွေဆီ ဆူနာမီ အန္တရာယ်ကျရောက်စရာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်နဲ့ ဆူနာမီ အန္တရာယ် အလွန်မြင့်မားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာကို ဝိုင်းရံထားတဲ့ ငလျင်ကြော Ring of Fire ပေါ်မှာ တည်ရှိနေတာကြောင့် အခုလို အားပြင်းငလျင်တွေ ခဏခဏ လှုပ်ခတ်လေ့ ရှိပါတယ်။ ကိုးကား။ ။ Ratopati သတင်း Powerful 7.7 Magnitude Earthquake Strikes Eastern Indonesia, Triggers Minor Tsunami Waves
၂၀၁၇ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ ရုရှား-မြန်မာ စစ်ဘက် ဆက်ဆံရေး အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2017/06/22/137107.html #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း အခု စနေမှာ စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရဲ့ အာဏာရှင် စစ်ဗိုလ်များရဲ့ သိက္ခာမဲ့ လုပ်ရပ် ဖြစ်ရပ်များ အကြောင်း ဆောင်းပါးကို တင်ဆက်ထားပါတယ်။ Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/08/15/415512.html
မင်းအောင်လှိုင် ပြန်တော့ ထိုင်းမှာ ဘာကျန်ခဲ့လဲ (ရုပ်/သံ) ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၆ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အပြီး ပြောစရာတွေ ကျန်ခဲ့ပါတယ်။ သူရောက်လာပြီး ထိုင်းတွေကို နှုတ်ခွန်းဆက်တဲ့ ဆဝါဒီစကပ် ဆိုတဲ့ စကား၊ ထိုင်း ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်တာမို့ ဒါဟာ ခိုက်တာလား ဆိုတာတွေအပြင် တနင်္သာရီကမ်းရိုးတန်းမှာ သဘာဝဓာတ်ငွေ့တူးဖော်ရေးမှာ ဝင်လုပ်သင့် မသင့် မေးခွန်းတွေ ချန်ထားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းကို ထပ်ရောက်လာဦးမယ့် မြန်မာတပ်ချုပ်သစ် ရဲဝင်းဦး ရှန်ပိန်ခွက်ကို သူ့ဆရာ မင်းအောင်လှိုင်လို ကိုင်ဦးမလား ဆိုတဲ့အကြောင်းတွေ ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ ဆွေးနွေးပြောဆိုထားပါတယ်။ https://youtu.be/EwrPSjuEJxM #ဧရာဝတီ #အယ်ဒီတာ့စကားဝိုင်း #မင်းအောင်လှိုင် #ထိုင်းခရီးစဉ် ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://www.irrawaddy.com/donation