tgindex
Myanmar Now

Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
12
Всего постов
22
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
49 813
−48 за 4 дн.
Сутки
−19
−0,04%
Неделя
 
Месяц
 
Просмотров на пост
6 563
22 постов
Вовлечённость
13,2%
к подписчикам
Постов в день
1,7
всего 22
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
4 974
1/48двое суток
5 700
1/72трое суток
6 147

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.3 17983

    ရခိုင်တောင်ပိုင်း ဂွမြို့နယ်ဗုံးကြဲမှုတွင် မိသားစုဝင် ၈ ဦးသေဆုံး -------------------------- ဧရာဝတီ- ရခိုင် နယ်မြေအစပ်၌ မြေပြင်တိုက်ပွဲ ပြင်းထန်နေစဉ် စစ်တပ်က လေကြောင်းဗုံးကြဲမှုများပါ နေ့စဉ်ရက်ဆက်လုပ်နေသဖြင့် ဒေသခံ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ ယမန်နေ့ည ၁၁ နာရီတွင်  ဂွမြို့နယ် ကိုင်းခုံကျေးရွာ၊ ၁၁ နာရီခွဲတွင် ဂွမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော ကျိန္တလီမြို့ပေါ်တို့ကို စစ်လေယာဉ်များက ဗုံးများကြဲချခဲ့စဉ် နေအိမ်အတွင်းရှိမိသားစုဝင်ရှစ်ဦးလုံး သေဆုံးသွားကြသည်။  စစ်တပ်သည် ပြည်နယ်တောင်ပိုင်းမှတဆင့် AA  နယ်မြေအများစု ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်ကို ပြန်လည်ထိုးဖောက်ရန် ယခုနှစ်ဆန်းကတည်းက ကြိုးပမ်းနေပြီး ဂွ၊ သံတွဲတို့တွင် ယခင်လမှ စတင်၍ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေခြင်းဖြစ်သည်။  ULA/AA လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ အချက်အလက်များနှင့် Myanmar Now ၏ သတင်းဖော်ပြချက်များအရ တစ်လခွဲ အတွင်း ရခိုင်ဒေသ၌ သေဆုံးသူ ၄၀ ဦး ထက်မနည်းနှင့် ဒဏ်ရာရသူ ၁၀၂ ဦး ရှိနေသည်ကို တွေ့ရပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။ အာဏာသိမ်းစစ်တပ်က နေ့ညအချိန်မရွေး လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြာင့် အာရက္ခဒေသ(ရခိုင်ပြည်နယ်) တစ်ခုလုံး လေကြောင်းရန်ကို "အချိန်ပြည့်" အထူးဂရုစိုက်ကြရန် AA က တိုက်တွန်းထားသည်။  --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80394/

  • 13 авг.4 7778913

    ယင်းမာပင်ခရိုင်တွင် ပညာရေးကူညီပေးနေသည့် အရပ်ဘက်အဖွဲ့ဝင် ၁၉ ဦးကို စစ်တပ်ဖမ်းဆီး  -------------------------- တော်လှန်ရေးအဖွဲ့များ စိုးမိုးနယ်မြေများရှိ ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာကိစ္စရပ်များကို ကူညီခဲ့သော အရပ်ဘက်အဖွဲ့အစည်းမှ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်သည်။ မုံရွာမြို့မှ မန္တလေးသို့ သွားသည့် လမ်းခရီးတွင် အဖွဲ့ဝင် ၁၅ ဦး၊ ရန်ကုန်ရုံးချုပ်မှ လေးဦးတို့ကို ဖမ်းဆီး ထားခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အရုဏ်ဦးအဖွဲ့ဝင်များမှာ ဖမ်းဆီးခံထားရသည်ဟု ကြားသိရပြီး မည်သည့်ပုဒ်မဖြင့် အရေးယူထားသည် မသိရသေးပေ။ လက်ရှိတွင် ယင်းမာပင်ခရိုင်ရှိ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မင်းကင်း စသည့်မြို့နယ်များတွင် စစ်တပ်က မြို့ပေါ်တွင်သာ ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည့် အခြေအနေ ဖြစ်သည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80383/

  • 12 авг.5 4731003

    မိုးမိတ်မြို့အနီး စစ်တပ်နှင့် KIA တိုက်ပွဲပြင်းထန် -------------------------- တရုတ်၏ကြားဝင်မှုဖြင့် တအာင်းတပ် TNLA က စစ်တပ်ထံပြန်ပေးခဲ့သည့် မိုးမိတ်မြို့ပေါ်ကို စစ်တပ်ကစိုးမိုးထားသော်လည်း မြို့ပတ်ဝန်းကျင်ကို ကချင်တပ် KIA ကထိန်းချုပ်ထားသည်။   မိုးမိတ်အနီးတပ်စွဲထားသည့် ၎င်းတို့၏တပ်များကို စစ်တပ်ကထိုးစစ်ဆင်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး KIA နှင့် အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က ဝင်ရောက်တိုက်ခိုက် ပေးနေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ ပြောခွင့်ရ ကဆိုသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80379/

  • 12 авг.5 303836

    တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး မိုင်းလားအဖွဲ့ တောင်းဆို -------------------------- ရှမ်းပြည်နယ်အစိုးရ လက်အောက်မှမဟုတ်ဘဲ  ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်သည့် အဆင့်မြင့်အုပ်ချုပ်ရေးမျိုးကဲ့သို့ အခြေအနေမျိုးကို မိုင်းလားဘက်က တောင်းဆိုခဲ့သည်ဟု သိရသည်။  မိုင်းလားတပ်၏ နေပြည်တော် နှစ်ရက်တာခရီးစဉ်၌ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၊ စစ်တပ်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။   အထူးဒေသ (၄) မိုင်းလားအဖွဲ့သည် ၁၉၈၉ တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မိုင်းလားဒေသသည် တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ထိစပ်နေသည့် ရွှေတြိဂံဒေသနှင့် ဆက်စပ်သည့် နေရာ၌ တည်ရှိပြီး UWSA တပ်ဖွဲ့ထိန်းချုပ်ဒေသနှင့် နယ်မြေချင်း ထိစပ်နေသည်။ စစ်တပ်ဘက်ကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆိုသည့်အချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအောက်ကသာ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်မည်ဟု တုံ့ပြန်ထားသည်။ နေပြည်တော်ရောက်အဖွဲ့များထဲမှ USWA နှင့် မိုင်းလားအဖွဲ့ကိုသာ စစ်ခေါင်းဆောင်က တွေ့ဆုံခဲ့သည်။  --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80371/

  • 12 авг.5 042942

    ရေဘေးသင့်နေသော စစ်ကိုင်းတိုင်းတွင် ဗုံးကြဲနေသောကြောင့် သေဆုံး၊ ဒဏ်ရာရသူများ ရှိ -------------------------- ရေဘေးသင့်မှု ကြုံတွေ့နေရသော နိုင်ငံအလယ်ပိုင်း အညာဒေသတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ ရေကြီးနေသည့် ဝက်လက်နှင့် ခင်ဦးသာမက ချောင်းဦး၊ ဖောင်းပြင်တို့တွင် ယခုရက်ပိုင်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့စဉ် ထိုသို့သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယမန်နေ့ ထုတ်ပြန်ခဲ့သည့် ရေဘေးအစီရင်ခံစာအရ စစ်ကိုင်းတိုင်း ကောလင်း၊ ခင်ဦး၊ ဝက်လက်၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ မြင်းမူ၊ အရာတော်၊ တန့်ဆည်၊ ရေဦး၊ စစ်ကိုင်းနှင့် ဗန်းမောက်မြို့နယ်တို့တွင် လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်နေပြီး ကောလင်း၊ ခင်ဦးနှင့် ဝက်လက်တို့မှာ အပြင်းထန်ဆုံးဖြစ်သည်။  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ပွဲများ အပြင်းအထန်ဖြစ်နေသည့် စစ်ကိုင်းတိုင်းတွင် စစ်ရှောင်ဒုက္ခသည် ၁၃ သိန်းကျော် ရှိနေသည်။ စစ်တပ်ဘက်ကမူ ၎င်းတို့အုပ်ချုပ်ရေး စိုးမိုးရာ ဧရာဝတီတိုင်းအတွင်း ရေကြီးနေမှုများကို ကယ်ဆယ်ရေးများ ပြုလုပ်နေကြောင်း ဝါဒဖြန့်သတင်းထုတ်ပြန်နေသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80357/

  • 11 авг.5 7841234

    နယ်စပ် လက်နက်စီးဆင်းမှုပိတ်ပင်ရေး မြန်မာစစ်ခေါင်းဆောင် တောင်းဆိုချက်ကို ထိုင်းလက်ခံ -------------------------- နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက်နှင့်စစ်သုံးပစ္စည်းများ မရောက်ရှိရေး တားဆီးပေးရန် မြန်မာစစ်ခေါင်းဆောင်၏ တောင်းဆိုချက်ကြောင့် နယ်စပ်ဒေသကို ပိုမိုတင်းကျပ်ထိန်းချုပ်ရန် အမိန့်ပေးထားသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို သြဂုတ်လ ၇ ရက်တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80343/

  • 11 авг.5 475811

    သံတွဲနှင့်အမ်း ဗုံးကြဲခံရမှု ၁၆ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ  -------------------------- သံတွဲမြို့နယ်ကို စစ်တပ်က ယခုတစ်လတည်းမှာပင် နှစ်ကြိမ်ဗုံးကြဲခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် သံတွဲမြို့နယ် ငပလီမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်၊ အဆောက်အအုံနှင့် ဘန်ဂလို ၂၀ ခန့်ပျက်စီးခဲ့သည်။  ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို လက်လွှတ်ထားရသည့် စစ်တပ်သည် ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင် ရောက်နိုင်ရန်အတွက် ဧရာဝတီတိုင်းမှတဆင့် ချဥ်းကပ်နေရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်တစ်လတည်းမှာပင် ဒေသခံ ၂၁ ဦးသေဆုံး၊ ၇၆ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း Myanmar Now က မှတ်တမ်းတင်ထားသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇွန်လအထိ စစ်တပ် တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၃ ဦး‌သေဆုံး၊ ၁၈၇ ဦးဒဏ်ရာရရှိကြောင်း AA ထုတ်ပြန်သည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80333/

  • 11 авг.5 959832

    ပဋိပက္ခကြားမှ အမြတ်ထုတ်သော ထိုင်းအစိုးရ၏ သံတမန်ရေးခြေလှမ်း  -------------------------- မင်းအောင်လှိုင်ကို ဘန်ကောက်တွင် ကော်ဇောနီခင်းပြီး ကြိုဆိုသည့် ထိုင်းအစိုးရသည် အတိတ်ကကဲ့သို့ပင်  မြန်မာနိုင်ငံမှ အကျိုးအမြတ် ရယူနိုင်သည့် အခြေအနေများ သေချာပေါက် ရှိနေသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80323/

  • 10 авг.6 5671124

    KIA ကိုလက်တုံ့ပြန်သည့်အနေဖြင့် အရပ်သား ၄ ဦးကို ဝါရာဇွပ်ပြည်သူ့စစ် သတ်ဖြတ်ဟု ဒေသခံများဆို -------------------------- KIA နှင့် PDF များသည် ၎င်းတို့၏ရန်သူများဟု ကြေညာထားသည့် ဖားကန့်အခြေစိုက် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဩဂုတ်လ ၉ ရက်)တွင် ကချင်လူငယ် လေးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံများနှင့် KIA ထောက်လှမ်းရေးတို့ကဆိုသည်။ ထိုသတ်ဖြတ်မှုသည် စနေနေ့ (ဩဂုတ်လ ၈ ရက်)က ၎င်းတို့၏တပ်စခန်းတစ်ခုကို KIA က ဝင်စီးပြီးနောက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့ကဆိုသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဝါရာဇွပ်ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည်၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက် အင်အားပိုမိုကြီးထွားလာပြီး ထိုတပ်ဖွဲ့သည်  ဖားကန့်- တနိုင်း ဒေသတို့တွင် စစ်တပ်နှင့် ပူးပေါင်းကာ လှုပ်ရှားနေသည်။  --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80319/

  • 10 авг.5 9971184

    ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးနိုင်၊ အာဆီယံ အထူးကိုယ်စားလှယ်ပင် မလိုတော့ဟု စစ်အုပ်စု ပြောင်ပြောင်တင်းတင်း အာခံ -------------------------- အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည့်အပြင် နောင်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ပင် မလိုအပ်တော့ဟု   စစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက် ညနှောင်းပိုင်းတွင် ထုတ်ပြန်ကာအာဆီယံကို ပြောင်ပြောင်တင်းတင်း အာခံလိုက်သည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80312/

  • 10 авг.5 741692

    စစ်တွေတွင် ရိုဟင်ဂျာများ ခရီးသွားလာခွင့် ကန့်သတ်ခံရပြီး စစ်မှုထမ်း စုဆောင်းခံနေရ  -------------------------- AA က ထိုးစစ်ဆင်မှုများရှိနေသည့် ပြည်နယ်မြို့တော်တွင် စစ်တပ်က ရိုဟင်ဂျာများကို ခရီးသွားခွင့် ကန့်သတ်ထားပြီး ယခင်လမှစတင်၍ တစ်အိမ်တစ်ဦး စစ်မှုမထမ်းမနေရ ညွှန်ကြားထားသည်။  Myanmar Now က ရရှိခဲ့သည့် အကြောင်းကြားစာတွင် “ အောင်မင်္ဂလာရပ်ကွက်နှင့် ဆက်စပ်နေသည့် မူဆလင်ရပ်ကွက် (၅) ရပ်ကွက်တွင် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးနှုန်းဖြင့် တစ်လတွင် ပြည်သူ့ စစ်မှုထမ်း ၂၀ ဦး ပေးသွင်းရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တာဝန်ပေးထားသည်”ဟု ပါရှိသည်။  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တွေမြို့အနီးရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ အဓမ္မ စစ်သား စုဆောင်းခံထားရသည့်  ရိုဟင်ဂျာ ၃၀၀၀ ကျော်ရှိပြီး ယခု တစ်ကြိမ်မှာမူ တရားဝင် စာထုတ်ပြီး စစ်မှုထမ်း စုဆောင်းခြင်းဖြစ်သည်ဟု သိရသည်။  ထိုစဉ်က စစ်တွေသာမက ကျောက်ဖြူနှင့် ဘူးသီးတောင်မှ ရိုဟင်ဂျာများကိုပါ စစ်မှုထမ်းအဖြစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။  စစ်တွေမြို့အနီးရှိသော ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုတွင် နေထိုင်နေကြသူများမှာ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာ အရေးအခင်း၌ ၎င်းတို့ နေထိုင်ရာနေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ထိုစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူများဖြစ်သည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80307/

  • 10 авг.6 036841

    စစ်ဘေးသင့် စစ်ကိုင်းတိုင်းတွင် ရေဘေးထပ်သင့်ပြီး ၆ ဦးသေ၊ သောင်းနှင့်ချီ တိမ်းရှောင်ရ -------------------------- တော်လှန်ရေး အားကောင်းသည့် စစ်ကိုင်းတိုင်း သုံးမြို့နယ်ထက်မနည်းတွင် စစ်ဘေး သာမက ရေဘေး အန္တရာယ်ပါ ကြုံတွေ့ရပြီး လူသေဆုံးမှုများပါ ဖြစ်ပေါ်လာ၍ ဒေသခံများမှာ တစ်ပူပေါ် တစ်ပူဆင့်ကာ အရေးပေါ် ရွှေ့ပြောင်းနေရသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80299/

  • 9 авг.7 297846

    အွန်လိုင်းရာဇဝတ်ဂိုဏ်းများ၊ အမည်းရောင်စီးပွားရေးနှင့် စစ်အာဏာရှင်များ ပျော်မွေ့ရာမြေ -------------------------- ငွေမည်းထုတ်လုပ်ရာ မူးယစ်ဆေးနှင့် ကျားဖြန့်လုပ်ငန်း ဆက်လက်ကြီးထွားနေချိန်တွင် နေ့စဉ် စစ်အသုံးစရိတ် မည်သည့်နေရာက ရနေသနည်းဟူသော မေးခွန်း ပေါ်ပေါက်လာသည်။    --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80286/

  • 7 авг.9 3631176

    စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်ကို ပံ့ပိုးကျားကန်ပေးသည့် ခရိုနီများနှင့် ကုမ္ပဏီများ --------------------- စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘန်ကောက်၌ ကျင်းပသည့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီအချို့က ကမကထပြုကူညီပေးခဲ့ပြီး ထိပ်တန်းစီးပွားရေးသမားများဖြစ်သည့် ဦးအောင်ကိုဝင်းနှင့် ဦးဇော်ဇော်တို့ကိုလည်း ၎င်းနှင့်အတူ တွေ့မြင်ခဲ့ရသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/79874/

  • 7 авг.8 7661131

    အဓမ္မပြုကျင့်ပြီး နှိပ်စက်သတ်ဖြတ်မှု ကျူးလွန်သူများကို သေဒဏ်နှင့်ထောင်ဒဏ်ချကြောင်း AA ထုတ်ပြန် -------------------------------------- ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးကို မုဒိမ်းကျင့်နှိပ်စက်သတ်ဖြတ်မှုတွင် ကျူးလွန်သည့် အမျိုးသား သုံးဦးကို ပြစ်ဒဏ်အသီးသီးချလိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။ AA ၏ စစ်တွေခရိုင်တရားရုံးက ကိုမောင်တင်ဝင်း (၃၇ နှစ်) ကို တရားခံအဖြစ် “မသေမချင်း လည်ပင်း ကြိုးကွင်းသတ်စေ” သေဒဏ်၊ ကြံရာပါများအဖြစ် မောင်အေးကျော် (၂၉ နှစ်) နှင့် မောင်သန်းစိုး (၂၁ နှစ်) ဆိုသူတို့ကို ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်များကို သြဂုတ်လ ၅ ရက်တွင် အမိန့် ချလိုက်ခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် ထပ်မံသိရှိလိုသည်များ ရှိသော်လည်း AA တရားရေး၊ AA ပြောရေးဆိုခွင့်ရှိသူတို့၏ မှတ်ချက်များ မရနိုင်သေးပေ။ ရခိုင် မြို့နယ် ၁၄ ခုနှင့် ချင်းတစ်မြို့နယ်ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသလို စစ်မျက်နှာအများအပြား ဖွင့်ထားရသော AA အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှုများ ရှိနေသည်။ ယခုနှစ်များအတွင်း ရခိုင်ဒေသ၌ အသက်မပြည့်သေးသော ကလေးငယ်များ အပါအဝင် အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ဒေသတွင်းလူထုကလည်း ထိုဖြစ်စဉ်များအပေါ်ကို ဝေဖန်မှုများ ရှိနေသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80249/

  • 6 авг.8 5401141

    စစ်အုပ်စု နိုင်ငံတကာနှင့် ပိုမိုဆက်ဆံနိုင်ရေး ထိုင်း ထောက်ခံ၊ မြန်မာခရိုနီများ ပံ့ပိုးသည့်စီးပွားရေးဖိုရမ် စစ်ခေါင်းဆောင်တက်ရောက် -------------------------- ဦးမင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းအစိုးရက သံတမန်ရေးရာ ထောက်ခံအားပေးမှု ပိုမိုပြသခဲ့သော်လည်း  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80227/

  • 6 авг.8 0271353

    ထိုင်းရောက် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် စီးပွားရေးဆွေးနွေးပွဲတက်နေချိန် ဆန္ဒပြခံရ  -------------------------- စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏  ထိုင်းနိုင်ငံတရားဝင်ခရီးစဉ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း ၎င်းကို ဆန္ဒပြမှုတရပ် ပေါ်ပေါက်လာသည်။  ထိုင်းနှင့် မြန်မာနိုင်ငံသား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် ဆန္ဒပြသူများက “မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ”၊ “ စစ်ခေါင်းဆောင်တွေ ကျဆုံးရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး” စသည့် ကြွေးကြော်သံများဖြင့် တစ်နာရီနီးပါးခန့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။  ဆန္ဒပြပွဲပြုလုပ်နေစဉ် တချိန်တည်းမှာပင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ - ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးကြမည့် “၂၀၂၆ ခုနှစ် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ”သို့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်း၌ တက်ရောက်နေသည်။ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးများပြန်လည်စတင်ရေးနှင့် မြစ်ရေညစ်နွမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ထိုင်း- မြန်မာ စုပေါင်းအလုပ်ဖွဲ့တစ်ခုဖွဲ့စည်းရေး ဆွေးနွေးသွားမည်ဖြစ်သည်။  စစ်ခေါင်းဆောင်သည် သမ္မတရာထူး ရယူပြီးနောက် ယခုနှစ်အတွင်း တရားဝင်ခရီးစဉ်အဖြစ် အိန္ဒိယ၊ တရုတ်၊ လာအို နိုင်ငံများကို သွားရောက်ခဲ့ပြီး ယခု ထိုင်းနိုင်ငံခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း  ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေး  တက်ရောက်ခဲ့စဉ်ကလည်း စစ်ခေါင်းဆောင်ကို ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။  --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80218/

  • 6 авг.7 097912

    ဖရူဆိုတွင် ဒရုန်းဗုံးကြောင့် လသားကလေး အပါအဝင် အရပ်သား ၅ ဦးသေဆုံး -------------------------- စစ်တပ်အခြေစိုက် ဖရူဆိုမြို့အနီး ကျေးရွာတစ်ရွာ ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကလေးအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။  စစ်တပ် ဒရုန်းတစ်စီးက ဩဂုတ်လ ၄ ရက်၊ ညနေ ၆ နာရီခန့်တွင် ဗုံးနှစ်လုံးကြဲချခဲ့ရာ နေအိမ်တစ်လုံးပေါ် ဗုံးကျပြီး ထိုအိမ်မှ မိသားစုဝင်လေးဦး ၊ အခြားတစ်ဦးတို့ နေရာမှာပင်သေဆုံးခဲ့သည်။  အခြား သုံးဦးလည်း ဒဏ်ရာရကြသည်။  လတ်တလောတွင် ဖရူဆို- ဒီးမော့ဆို- လွိုင်ကော်လမ်းမကြီးကို စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေပြီး အဆိုပါ လမ်းပိုင်းတလျှောက် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု ဒေသတွင်းအခြေစိုက် ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။ ကယား(ကရင်နီ) ပြည်နယ်တွင် စစ်တပ်က အဓိက ကျသော မြို့ကြီးများ ဖြစ်သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဘော်လခဲ၊ ဖရူဆို၊ ဖားဆောင်း စသော နေရာများကို ပြန်လည် ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ် များဘက်မှ မယ်စဲ့၊ ရှားတော ၊ရွာသစ်၊ မော်ချီး ၊ နန်းမယ်ခုံ စသည့်မြို့များနှင့် ကျေးရွာများကို ဆက်လက် ထိန်းချုပ်ထားသည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80202/

  • 6 авг.8 0161072

    ဧရာဝတီတိုင်းဘက်မှ ထိုးဖောက်လာသည့် စစ်တပ်ကို ဟန့်တားတိုက်ခိုက်နေဟု AA ပြော -------------------------- ပြည်နယ်တောင်ပိုင်းနှင့်ထိစပ်နေသော ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် စစ်တပ်ကို နယ်မြေအစပ်တွင် ဟန့်တားတိုက်ခိုက်နေမှုများ ပြုလုပ်နေပြီး စစ်တပ်ဘက်က အလောင်းနှင့်လက်နက် ခဲယမ်းများရသည်ဟု AA က ဆိုသည်။  --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80194/

  • 5 авг.8 823793

    စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ် ဘာထူးခြားမည်နည်း၊ ဆွေးနွေးမှုများတွင် စွမ်းအင်ကဏ္ဍပါဝင်မည်  -------------------------- စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နယ်စပ်လုံခြုံရေးသာမက စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလည်း အဓိကဆွေးနွေးမည် ဖြစ်သည်။ --------------------------- အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80179/

Myanmar Now — tgindex