tgindex
Hlaing Info

We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information. www.hlaing.info

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
203
Всего постов
1 709
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
12 авг.
Подписчики
50 199
−92 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
1 141
40 постов
Вовлечённость
2,3%
к подписчикам
Постов в день
29,0
всего 1 709
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
2 168
1/48двое суток
2 484
1/72трое суток
2 679

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခဲ့သူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ဩဂုတ်လ ၁၅ ရက် တရုတ်ဇနီးမယားအဖြစ် အမျိုးသမီးငယ်များကို ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည်များချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ နောင်ဘိုရပ်ကွက်နေ အမျိုးသမီးငယ် ၃ ဦး နှင့် မယ်ဆွမ်(တောင်)ရပ်ကွက် နောင်ဟီးရပ်နေ အမျိုးသမီးငယ် ၁ ဦးတို့အား တစ်ရပ်ကွက်တည်းနေ ဒေါ်ရီရီမြင့်နှင့် မမျိုးသန္တာ ဆိုသူတို့က မိုင်းလားမြို့ ဂိမ်းခုံများတွင် အလုပ်အကိုင်ရမည်၊ တစ်လလျှင် ငွေ ၁၀ သိန်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ပို့ဆောင်၍ တရုတ်ဇနီးမယား အဖြစ် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မိုင်းဆတ်မြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ဩဂုတ် ၁၁ ရက်တွင် မိုင်းဆတ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်ရီရီမြင့်ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမျိုးသန္တာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက်(၁၀) နယ်မြေ(၈)၊ ချယ်ရီလမ်းနေ ရွှေမိနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေ မင်းခန့်တို့က မန္တလေးတိုင်းဒေသကြီး မဟာအောင် မြေမြို့နယ်၊ နေပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တရုတ်ယောကျ်ားယူရမည်၊ ၆ လ ပေါင်း သင်းရမည်၊ ၆ လ ပေါင်းသင်းပြီးလျှင် ပြန်လာလိုပါက ပြန်လာနိုင်သည်၊ ငွေကျပ်သိန်း ၆၀/၇၀ ရမည်၊ တရုတ် ယောက်ျားယူပြီးပါက မုန့်ဖိုးအဖြစ် တစ်လလျှင် ငွေကျပ် ၁၀/၂၀ သိန်းခန့် ထပ်မံရမည်ဟု ပြောဆို စည်းရုံးပြီး အထူးဒေသ၊ နမ့်တစ်မြို့နေ ဘရဏီ ဆိုသူနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသည့်အမှု ဖြစ်သည်။ ယင်းအမှုကျူးလွန်သူများကို ယမန်နေ့ဩဂုတ် ၁၃ ရက်တွင် လားရှိုး ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ရွှေမိကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မင်းခန့်နှင့် ဘရဏီတို့ ၂ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။ #MKN #HlaingInfo

  • ဒီပဲယင်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာတွေကို အုပ်ချုပ်ရေး နဲ့ ကာကွယ်ရေး အဖွဲ့တွေ ပေါင်းပြီး ထောက်ပံ့ကူညီနေ ဩဂုတ်လ ၁၅ ရက် ဒီပဲယင်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာတွေကို အုပ်ချုပ်ရေး နဲ့ ကာကွယ်ရေးအဖွဲ့တွေ အတူတူ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က အသိပေးထုတ်ပြန်ထားပါတယ်။ ရေဘေးသင့်ကျေးရွာတွေမှာရှိတဲ့ အိမ်ထောင်စုတွေ ၊ ရေဘေးသင့်ပြည်သူတွေထံကို စေတနာရှင် ပြည်သူတွေ ၊ ဒေသခံပြည်သူတွေ ၊ တော်လှန်ရေးအင်အားစုတွေ ၊ မြို့နယ် ပအဖ ၊ ပကဖ ၊ ပလဖ ရေးရာတာဝန်ခံတွေ က ထောက်ပံ့ပေးနေတာပါ။ အဲဒီလိုထောက်ပံ့ပေးရာမှာ မြို့နယ် ပအဖ တာဝန်ခံကိုယ်တိုင် ဦးဆောင်ပြီး ရေးရာတာဝန်ခံတွေနဲ့ အတူ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ ခေါက်ဆွဲခြောက် ၊ ငါးသေတ္တာ အစရှိတဲ့ စားနပ်ရိက္ခာတွေကို မြေပြင်ကွင်းဆင်းပြီး အလှည့်ကျထောက်ပံ့နေတာပါ။ အညာပြည်သူတွေက လေကြောင်းပစ်ခတ်မှုနဲ့ စစ်ဘေးဒဏ်၊ မီးဘေးဒဏ်၊ ရေဘေးဒဏ် အစရှိတဲ့ ဘေးဒဏ်အပေါင်းကို ကြံ့ကြံ့ခံပြီး အချင်းချင်းဖေးမကူညီကာ ရုန်းထနိုင်အောင် ကြိုးစားခဲ့ကြတာ အကြိမ်ကြိမ်ရှိခဲ့ပြီး တဦးကိုတဦး ဖေးမကူညီရင်း စည်းလုံးညီညွတ်စွာနဲ့ အခက်အခဲမျိုးစုံကို အန်တုနိုင်တဲ့ အညာမြေပြည်သူအပေါင်းကို ဒီပဲယင်း မြို့နယ် ပအဖ အနေနဲ့ အမြဲလေးစား ဦးညွတ် တယ်လို့လည်း အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ #PVTV #Aungpwel

  • Hlaing Info pinned a photo

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်အစိုးရနှင့် လွှတ်တော်က တောင်းဆိုမှုအပေါ် စိတ်မသက်မသာဖြစ်ရဟု မြန်မာစစ်တပ်သံရုံးက တုံ့ပြန် ဩဂုတ်လ ၁၅ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်အစိုးရနှင့် လွှတ်တော်က တောင်းဆိုမှုအပေါ် စိတ်မသက်မသာဖြစ်မိကြောင်း အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြန်မာစစ်တပ်သံရုံးက တုံ့ပြန်ပြောလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စား လှယ်တို့ တွေ့ဆုံခဲ့မှုကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ကြိုဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက် ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စိတ်မသက်မသာဖြစ်ရကြောင်း ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်သည့် မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဘက်မှ အပြုသဘောဆောင်သည့် ဖော်ပြချက်များကို အသိ အမှတ်ပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို “ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေသည်ဟု မြန်မာသံရုံးက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင် ရှားသဖြင့် ပြစ်မှုဆိုင်ရာဥပဒေနှင့်အညီ အရေးယူထားခြင်းဖြစ်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။ မြန်မာစစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှု ထောင့်မှ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းများကို အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားအရေအတွက်မှာ ၁၂၆,၉၆၄ ဦးရှိကြောင်း ဆိုသည်။ ထိုအထဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်ဘက်က တောင်းဆိုခြင်းနှင့် ပတ်သက်၍ “အပြုသဘောမဆောင်သည့် တောင်းဆိုချက်များအပေါ် စိတ်မသက်မသာ ဖြစ်ရသည်” ဟု မြန်မာသံရုံးက ဆက်လက်တုံ့ပြန်ထားသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာသံရုံးက ပြောဆိုသည်။ လက်ရှိစစ်ကောင်စီမှာ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း မြန်မာသံရုံးက ပြောဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ပြောဆိုထားသည်။ ဓာတ်ပုံ- AP ။ (ပုံအဟောင်းဖြစ်ပါသည်။) #KTM #HlaingInfo

  • မကွေးတိုင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တော်လှန်ရေးတပ်များက စုပေါင်း ခုခံတိုက်ခိုက်မှု တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားပြီး စစ်သား ၅၀ ထက်မနည်းသေဆုံး ဩဂုတ်လ ၁၅ ရက် မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းသို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများအကြား မေလမှ လက်ရှိအချိန်အထိ  တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း “အညာတမာ” စစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မကွေးဒေသအတွင်းသို့ စစ်တပ်က အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ပခုက္ကူခရိုင်အတွင်း မေလမှစတင်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းများကို တုံ့ပြန်ရန်အတွက် ပခုက္ကူခရိုင်အတွင်းရှိ တော် လှန်ရေးအင်အားစုများက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် စိုးမိုးနယ်မြေများ တိုးချဲ့နိုင်ရန် “အညာတမာ” စစ်ဆင်ရေးအဖြစ် စုဖွဲ့၍ ခုခံတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များသည် ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ်ရှိ တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ ဆက်လက်ရောက်ရှိခဲ့သည်။ ထို့နောက် ကိုင်းတောမ၊ ဝက်ပုတ်၊ ဗောဓုံ၊ ဘောင်ပင်၊ သင်းမ၊ ယာကြီးပြင်၊ တောင်စုံနှင့် မှန်ရင်း စသည့် ကျေးရွာများကို ဖြတ်သန်းသည့် လမ်းကြောင်းများအတိုင်း စစ်ကြောင်းထိုးလာရာ “အညာတမာ” အင်အားစုများနှင့် ကြီးငယ်သော ထိတွေ့တိုက်ပွဲများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် စစ်ကောင်စီတပ်တွင် ပါဝင်နေသည့် လူငယ်များအနက် လက် နက်မဲ့ အလင်းဝင်ရောက်လာသူ ၄ ဦး ရှိခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း “အညာတမာ” စစ်ဆင်ရေးအဖွဲ့က ပြောသည်။ စစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပခုက္ကူခရိုင်အတွင်းရှိ တပ်ရင်းများနှင့် ပကဖအဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တိုင်းပကဖ စစ်ကြောင်း (၄)၊ MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ ကမ္မလုံခြုံရေးအင်အားစု၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ယင်းမာပင်ခရိုင် တပ်ရင်းများ၊ ပုလဲပကဖနှင့် Myingyan Black Tiger တပ်ဖွဲ့တို့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ တစ်ဖက်တွင် စစ်ကောင်စီတပ်များသည် ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ၏ နေအိမ် ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၂၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းများ သွားလာနေသည့် လမ်းကြောင်းများအနီးရှိ ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင်ကြရန်နှင့် စစ်ကြောင်းများ၏ လှုပ်ရှားမှုကို ပေါ့ပေါ့ဆဆ မထားကြရန် သတိပေးထားသည်။ ထို့အပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်တွင် အတင်းအဓမ္မ စစ်မှုထမ်းနေရသည့် လူငယ်များနှင့်  မိဘများအနေဖြင့် “အညာတမာ” အင်အားစုများ သို့မဟုတ် နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ကာ စစ်ကောင်စီတပ်တွင် ဆက်လက်ပါဝင်ခြင်းမပြုဘဲ ရုန်းထွက်ကြရန် တိုက်တွန်းထားသည်။ “အညာတမာ” စစ်ဆင်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်များကို တတ်နိုင်သမျှ နည်းလမ်းများဖြင့် ခုခံတိုက်ခိုက်ပြီး ပြည်သူများကို ကာကွယ်လျက်ရှိကာ တော်လှန်ရေးအင်အားစုများအကြား ပိုမိုကျယ်ပြန့်သည့် စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးထုတ်ပြန်ထားသည်။ #KTM #HlaingInfo

  • 15 авг.1 011172

    16 August 2026 ထွက်မည့် ထိုင်းထီ 🍀 ထိုင်းထီ ၁ စောင် မြန်မာငွေ ၁၄၅၀၀ ကျပ် ၊ ထိုင်းငွေ ၁၀၀ ဘတ် 🍀                                                 🍀  ဘတ် ၆ သန်း ထီနံပါတ်များ  - ⤵️   815000 386002 733003 383005 342306 423008 810009 351009 060611 727011 550115 Sold Out 307117 658818 051020 027530 891331 722132 188232 908233 015035 680037 975039 301839 398340 082246 133150 622051 889751 566053 910154 297058 897660 006462 465064 386566 084166 980667 Sold Out 278769 064170 132370 459473 365875 988476 467877 605079 652680 104582 879583 996285 411886 549188 006090 960894 057796 915498 344899 077035 977936 018289 761790 672791 198092 743693 195694 522796 344597 🌿 နှစ်စောင်တွဲနံပါတ်များ 🌿 070100 076222                      📱  ဆက်သွယ်ဝယ်ယူရန်  📱                                                                                  - https://t.me/pyithuaungpwel                                                - https://t.me/infoAthlaing                                                Viber   ☎️  +66991894319 #ThaiLottery                                                #HlaingInfo

  • မြန်မာနိုင်ငံမှ ကျားဖြန့်ငွေလိမ်စခန်းများတွင် အာဖရိကနှင့် အာရှနိုင်ငံသားများ လူကုန်ကူးခံရမှုနှင့် အွန်လိုင်းလိမ်လည်မှုများအကြောင်း ရေးသားထားသည့် “The Kafala System” စာအုပ်ကို စစ်ကောင်စီက ပိတ်ပင် ဩဂုတ်လ ၁၅ ရက် မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုစခန်းများသို့ အာဖရိကနှင့် အာရှနိုင်ငံသားများ လူကုန်ကူးခံရမှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရမှုများအပြင် အရှေ့အလယ်ပိုင်းဒေသရှိ အလုပ်သမားစနစ်များနှင့် ဆက်စပ်၍ ရေးသားထားသည့် “The Kafala System” စာအုပ်ကို မြန်မာစစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း Saad Kassis-Mohamed Center က သတင်းထုတ်ပြန်သည်။ တန်ဇန်းနီးယားနိုင်ငံအခြေစိုက် The Tanzania Times ၏ ဩဂုတ် ၁၄ ရက် သတင်းအရ Saad Kassis-Mohamed Center က မြန်မာနိုင်ငံတွင် “The Kafala System” စာအုပ် ပိတ်ပင်ခံထားရကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါစာအုပ်သည် ပင်လယ်ကွေ့နိုင်ငံများ၊ ဂျော်ဒန်နှင့် လက်ဘနွန်တို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကို အလုပ်ရှင်နှင့် ဆက်စပ်ထားသည့် Kafala အလုပ်သမားစနစ်ကို လေ့လာရေးသားထားသည့်အပြင် မြန်မာနိုင်ငံရှိ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနှင့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများ၏ အခြေအနေများကိုပါ ဆက်စပ်လေ့ လာထားခြင်းဖြစ်သည်။ စာအုပ်တွင် အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြဝတီဒေသနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ရှမ်းပြည်နယ်ဒေသများတွင် စုစည်းတည်ရှိနေသည့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများအတွင်း လူကုန်ကူးခံရသူများ အတင်းအဓမ္မ အလုပ်လုပ်ကိုင်နေရသည့် အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။ စာအုပ်၏ အဓိကအကြောင်းအရာမှာ ပထဝီဝင်နှင့် ဥပဒေရေးရာအခြေ အနေများ မတူညီသော်လည်း Kafala စနစ်နှင့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများအတွင်း လူကုန်ကူးခံရသူများ ကြုံတွေ့ရသည့် အခြေအနေများတွင် တူညီသည့်အချက်များ ရှိနေကြောင်း ဖော်ထုတ်ထားခြင်းဖြစ်သည်။ ယင်းစနစ်နှစ်ခုစလုံးတွင် အလုပ်သမားများ၏ အလုပ်ရှင်ထံမှ ထွက်ခွာခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် အကူအညီတောင်းခံခွင့်များကို ကန့်သတ်ထားခြင်းကြောင့် အမြတ်အစွန်းရရှိရေးအတွက် လူတစ်ဦး၏ လွတ် လပ်ခွင့်ကို ဖယ်ရှားခံရသည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း စာအုပ်က ဆွေးနွေးထားသည်။ မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းများတွင် လူကုန်ကူးခံရသူ ထောင်နှင့်ချီရှိနေပြီး အွန်လိုင်းငွေလိမ်လည်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်ခြိမ်းခြောက်မှုများအောက်တွင် အတင်းအဓမ္မ ခိုင်းစေခံနေရကြောင်း Center က ပြောသည်။ လူကုန်ကူးခံရပြီး ပြန်လည်ကယ်တင်နိုင်ခဲ့သူများအနက် အီသီယိုးပီးယား၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား အပါအဝင် အာဖရိကနိုင်ငံများမှ နိုင်ငံသားများနှင့် ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါသူများအနက် အများစုသည် တရားဝင်အလုပ်အကိုင်ရရှိမည်ဟု ယုံကြည်ကာ ပြည်ပသို့ ထွက်ခွာလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူကုန်ကူးခံရကာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခံရပြီး ၎င်းတို့၏ ဆန္ဒမပါဘဲ ကျားဖြန့်စခန်းများအတွင်း ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကျားဖြန့်စခန်းများမှ လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များအရ လိမ်လည်မှုသတ်မှတ်ချက်များနှင့် အလုပ်တာဝန်များ ပြည့်မီခြင်းမရှိပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြင့် နှိပ်စက်ခြင်းနှင့် လက်ကောက်ဝတ်များမှ ဆွဲချည်ထားခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရကြောင်း  သိရှိရသည်။ ယင်းစာအုပ်သည် အရှေ့အလယ်ပိုင်းဒေသရှိ Kafala စနစ်နှင့် မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းများအတွင်း အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းခံထားရမှုတို့ကို ဆက်စပ်လေ့လာထားပြီး နှစ်ခုစလုံးတွင် လူတစ်ဦး၏ လွတ်လပ်စွာ ထွက်ခွာနိုင်ခွင့်ကို ဖယ်ရှားထားသည့် အခြေခံသဘောတရားတစ်ခု ရှိနေကြောင်း ရေးသားထားသည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

  • 15 авг.1 240425

    မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် ဆက်နွယ်နေသော Bellarie Production ၏ “အချစ်ဈေး” ရုပ်ရှင်နှင့် "ကုန်းဘောင်မင်းဆက်" ရုပ်ရှင်တို့ကို ပြည်သူများ သပိတ်မှောက်ရန် တိုက်တွန်း ဩဂုတ်လ ၁၅ ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် ယခင်က စီးပွားရေးအရ ဆက်နွှယ်ခဲ့သည့် ဖျော်ဖြေရေးလုပ်ငန်းကွန်ရက်များနှင့် ဆက်စပ်နေသော Bellarie Production ထုတ်လုပ်သည့် “အချစ်ဈေး” ရုပ်ရှင် အပါအဝင် ကုန်းဘောင်မင်းဆက်ကို အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်များကို ပြည်သူများအနေဖြင့် အားမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ် ၁၄ ရက်တွင် တစ်နိုင်ငံလုံးရုပ်ရှင်ရုံများ၌ စတင်ပြသနေသည့် “အချစ်ဈေး” ရုပ်ရှင်တွင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဘက် နိုင်ဖြိုးကျော်၏ မိန်းမ ဝတ်မှုန်ရွှေရည်က ဦးဆောင် သရုပ် ဆောင်ထားပြီး နေတိုး၊သားညီ၊ နိုင်နိုင်း အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ထားခြင်းဖြစ်သည်။ Bellarie Production သည် ၂၀၂၃- ၂၀၂၄ ခုနှစ်ကာတွင် ပေါ်ပေါက်လာသော ထုတ်လုပ်ရေးကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပြန် ကြားရေးဝန်ကြီး ဌာန၊ စစ်တပ်နှင့်အတူတွဲဖက်၍ နှစ်သစ်ကူး Count down ပွဲများ၊ သင်္ကြန်ပွဲများ၊ စတိတ်ရှိုးများ၊ ဇတ်လမ်းတွဲများ၊ ရုပ်ရှင်များ ရိုက်ကူးကာ ပြည်သူများအကြား တော်လှန်ရေးကို စိတ်မဝင်စားကြတော့ဘဲ ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိနေပြီဆိုသော အခြေအနေကို အဓိက ပြသရန် ကြိုးစားနေသည့် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ငွေကြေးအားဖြင့် သိန်းထောင်သောင်းချီ သုံးစွဲပြီး ငွေကြေးအမြတ်အစွန်းထက် လူထုစိတ်ဝင်စားသော ဖျော်ဖြေရေးပွဲများနှင့်ရုပ်ရှင်များကို ဆက်တိုက် ထုတ်လုပ်နေခြင်းလည်းဖြစ်သည်။ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်သည် ယခင်က 7th Sense Film Production ရုပ်ရှင်ထုတ် လုပ်ရေးအမည်ဖြင့် ဇာတ်ကားနှင့်ရုပ်ရှင်များစွာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ သပိတ်မှောက်ကန့်ကွက်မှုများကြောင့် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေးကို ဖျက်သိမ်းကာ နာမည်သစ်များစွာဖြင့် ရုပ်ရှင်နှင့်အနုပညာအသိုင်းအ၀ိုင်းတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်လာခြင်းဖြစ်သည်။ Bellarie Production သည် အချိန်တိုအတွင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူတွဲဖက်၍ ဖျော်ဖြေရေးပွဲပေါင်းများစွာ ၊ ဇာတ်လမ်းတွဲမြောက်မြားစွာနှင့် လှုပ်ရှားမှုများစွာ လုပ်ကိုင်လာနိုင်ခြင်းမှာ နောက် ကွယ်တွင်ရှိနေသော ငွေကြေးနှင့်အာဏာရှိ အသိုင်းအ၀ိုင်း၏ အဓိက ပံ့ပိုးမှုကြောင့်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ဆိုသည်။ Bellarie Production ၏ ဆက်နွယ်နေသော ကွန်ရက်များကို ကြည့်ပါကလည်း ဝေမင်းမောင်(ခ) ရွှေမန်း ၊ နိုင်ဖြိုးကျော်၊ ဝတ်မှုန်ရွှေရည် အစရှိသည့် ယခင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် လက်တွဲခဲ့သူများသာဖြစ်သည်။ ထုတ်လုပ်ရေး နာမည်အမျိုးမျိုးသာပြောင်းလဲနေသော်လည်း ငွေကြေးစိုက်သူများကတော့ မပြောင်းလဲသည်ကို တွေ့ရသည်။ လက်ရှိ Bellarie Production က "အချစ်စျေး" ရုပ်ရှင်ကို ရုံတင်ထားပြီး ဝေမင်းမောင်(ခ) ရွှေမန်းနှင့် တွဲဖက်၍ ကုန်းဘောင်မင်းဆက် ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးရန် ပြင်ဆင်လျက်ရှိသည်။ ငွေကြေးအကျိုးအမြတ်ထက် ရုပ်ရှင်နှင့်ဇာတ်ကားများ၊ အဆိပ်ခတ် အနု ပညာလှုပ်ရှား မှုများစွာဖြင့် ပြည်သူလူထုအကြား တော်လှန်ရေးမတည်တံ့တော့ဘဲ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီဆိုသော ၎င်းတို့ ရည် ရွယ်ချက်အတွက် ငွေကြေးသိန်းထောင်သောင်းချီ အကုန်အကျခံနေခြင်းဖြစ်သည်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဝတ်မှုန်ရွှေရည်သည် ၂၀၁၉ ခုနှစ်ဝန်းကျင်က ခင်သီရိသက်မွန်နှင့် ဆက်နွှယ်သည့် 7th Sense Film Production နှင့် လက်တွဲခဲ့ဖူးပြီး ယခုအချိန်အထိ ဝတ်မှုန်ရွှေရည်၏ လင်ဖြစ်သူ နိုင်ဖြိုးကျော်မှာလည်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့်စီးပွားရေး အတူလုပ်နေဆဲဖြစ်သည်။ တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြည်သူများအနေဖြင့် စစ်အာ ဏာရှင်စနစ်နှင့် စီးပွားရေးအရ ဆက်နွှယ်နေသော ဖျော်ဖြေရေးလုပ်ငန်းများကို မထောက်ပံ့ရန်၊ “အချစ်ဈေး” ရုပ်ရှင်အပါအဝင် ယင်း ကွန်ရက်များနှင့် ဆက် နွှယ်နေသော ရုပ်ရှင်များကို လက်မှတ်ဝယ်ယူအားပေးခြင်း၊ လူမှုကွန် ရက်များမှတစ်ဆင့် အခမဲ့ကြော်ငြာပေးခြင်းနှင့် လူကြိုက်များအောင် မြှင့်တင်ပေးခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းသည်။ #KTM #HlaingInfo

  • 15 авг.1 351329

    ရန်ကုန် YBSကားခ ၅၀ ရာခိုင်နှုန်းထပ်တက် ■စစ်တပ်အာဏာသိမ်းပြီး ဒုတိယအကြိမ်ဈေးတက်တာဖြစ်၊အာဏာမသိမ်းခင် YBS ကားခ ၂၀၀ ကျပ်မှ ၆၀၀ ကျပ်ဖြစ်လာ ■အခြေခံပြည်သူတွေ ဝန်ထုပ်ဝန်ပိုးပိုဖြစ်လာ သြဂုတ်လ ၁၅ ရက် ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက် တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာကြောင့်ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။ လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "ကားခတွေစျေးတတ်မယ်ဆိုတော့အဆင်မပြေဘူးလေ။ရတဲ့လစာက ၅ သိန်း။လမ်းစရိတ်ပဲရှိတယ်။ဘယ်လိုလုပ်မလဲ။အလုပ်လုပ်ချင်စိတ်တောင်မရှိတော့ဘူး" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။ YBSစီနင်းသူအချို့ဟာအလုပ်ကိုသွားဖို့အ တွက်အဆင်ဆင့်စီးရတာတွေရှိတာကြောင့် ကားခတင်များစွာပိုကုန်လာမှာဖြစ်တယ်လို့ ပြည်သူအချို့ကပြောပါတယ်။ ယာဉ်စီးခကို တိုးလိုက်တာက နေ့စဉ်ခရီးသွားလာနေရတဲ့ ပြည်သူတွေအတွက် ကုန်ကျ စရိတ်ပိုကုန်ကျလာသလို အကြွေပြဿနာလည်း ပိုကြုံလာရနိုင်တယ်လို့ ခရီးသွားတွေက ရင်ဖွင့်ထားကြပါတယ်။ "၄၀၀တောင် ၅၀၀ပေးစီးနေရတာ ၆၀၀ သာဆို ၁၀၀၀တန်ပေးရင်ပြန်မရလောက်တော့ဘူး" လို့ YBS စီးသူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၁ ရက်စတက်မယ့် ယာဉ်စီးခ ၄၀၀ ကနေ ၆၀၀ ၊ ၂၀၀ ကနေ ၃၀၀တိုးမြှင့်လိုက်တာက ဈေးမတက်ခင်ကထက်ငါးဆယ်ရာခိုင်နှုန်း ဈေးတတ်သွားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းဒုတိယအကြိမ်ဈေးတတ်တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကYBS ယာဉ်စီးခတွေက ၂၀၀ ကျပ် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပိုင်းမှာ ၄၀၀ ကျပ်အထိ ဈေးတတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းတိုးမြှင့်ကောက်ခံရတာက YBS ယာဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ယာဉ်တွေပြင် ဆင်ရာမှာ ကုန်ကျစရိတ်တိုးမြင့်တာကြောင့်လို့ စစ်အုပ်စုကဆိုပါတယ်။ "ယာဥ်အပိုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေကိုတော့မစီစစ်ဘဲလျစ်လျူရှု့ထားပီး ခဗျားတို့ဝင်ငွေထွက်ငွေမမျှတတာကိုကျတော့ပြည်သူတွေစီကပဲ အဖြေရှာတတ်ကြတာလား.. အမြတ်ကြီးစား လူလည်ကျ ဂုတ်သွေးစုပ် ခေါင်းပုံဖြတ်နေကြတဲ့ ဝိသ မလောဘသားတွေကလွဲပီးကျန်တဲ့ပြည်သူအားလုံးက ဘက်ပေါင်းစုံက လည်နင်းခံနေရတာဗျ...တော်တော်တရားကျတဲ့လောကကြီးပဲနော်." လို့ ခရီးသည်တစ်ဦးကလည်း ရင်ဖွင့်ထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်စီးပွားရေးကြပ်တည်းပြီး အလုပ်အကိုင်တွေရှားပါးကာ ငွေဖောင်းပွပြီးအထွေထွေစာရိတ်တွေကြီးမြှင့်တာကြောင့်ပြည်သူအများစုက အခြေခံစားဝတ်နေရေးအတွက်ကိုတောင်ရုန်းကန်နေကြရတာဖြစ်ပါတယ် ။ ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အ သုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။ YRTC ရဲ့လက်အောက်မှာ ယာဉ်စီးရေ ၅၃၉၉ စီးရှိတဲ့အနက် နေ့စဉ်ပြေးဆွဲတဲ့ ယာဉ်အစီးရေ ၃၃၀၀ ခန့် ရှိပြီး YPS ကတ်ကိုတော့ ယာဉ်စီးရေ (၁၉ဝ၄) မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ (ရန်ကုန်မြို့က အခြေခံပြည်သူတွေဟာ မြို့ တွင်းသွားလာရေးအတွက် YBS ကိုအဓိကအားထားအသုံးပြုနေရတာဖြစ်ပါတယ်။ ဓါတ်ပုံ-PS) #LNO #HlaingInfo

  • ခရိုနီဦးမိုးကျော်ကို အကြံပေးခန့်တဲ့ကိစ္စကြောင့် ပြည်သူတွေ မွန်လွှတ်တော်ကို အယုံအကြည်မဲ့လာ ဩဂုတ်လ ၁၅ ရက် မွန်ပြည်နယ် လွှတ်တော်မှာ မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစုရဲ့ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ခန့်အပ်လိုက်တဲ့ ကိစ္စကြောင့် လွှတ်‌တော်ကို အယုံအကြည် မဲ့လာတယ်လို့ ဒေသခံ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ခရိုနီ ဦးမိုးကျော်ကိုတော့ လွှတ်တော်ရေးရာ ကော်မတီများ အထောက်အကူပြု အကြံပေး ကော်မတီဝင်အဖြစ် ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တာပါ။ ခရိုနီ ဦးမိုးကျော်ဟာ လက်ရှိ အာဏာသိမ်း အစိုးရ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဒေသတွင်းက အစိုးရ တင်ဒါလုပ်ငန်း အများစုကို လုပ်ပိုင်ခွင့် ရရှိနေတာ ဖြစ်တဲ့ အပြင် အာဏာသိမ်း အစိုးရရဲ့ စီမံကိန်း အများစုကိုလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးကတော့ ခရိုနီ ဦးမိုးကျော်ဟာ လက်ရှိ မော်လမြိုင်မြို့မှာ ရှိသလောက် မြေတွေကို သိမ်းထားပြီး ဖြစ်တဲ့အတွက် အခုလို သူ့ကို အကြံပေး ခန့်တဲ့ အပေါ် ပြည်သူတွေ စိုးရိမ်မှု ပိုကဲလာသလို လွှတ်တော်ကို အယုံအကြည် မဲ့လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ “မော်လမြိုင်မှာ ရှိသလောက်လည်း သူသိမ်းပိုက်လိုက်ပြီ၊ သူကို ပြီးတော့ ရှိသမျှ လုပ်ပိုင်ခွင့် အားလုံးလည်း သူပဲ အကြံပေးပြီးတော့ ယူလိုက်ကုန်ပြီ၊ အခုလည်း သူကို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ ပြည်သူတွေ ဘယ်နေရာမှာ ထပ်ပြီး ဒုက္ခရောက်ဦးမလဲဆိုတာ စိုးရိမ်စိတ်က ပိုကဲလာတယ်၊ နဂိုကတည်းကလည်း သူက လုပ်ချင်ရာ လုပ်ခွင့်ရနေတဲ့အပေါ်မှာ အခုလို လွှတ်တော်မှာ အကြံပေး ခန့်တယ်ဆိုတော့ အခုက လွှတ်တော်ကို ဘယ်သူ ပိုပြီး အယုံအကြည် မဲ့သွားပြီး၊ လွှတ်တော်က ဘယ်လိုလုပ် ပြည်သူအတွက် အကျိုးရှိမလဲ” လို့ ဆိုပါတယ်။ ဒါ့အပြင် ခရိုနီ ဦးမိုးကျော်ဟာ ခေတ်အဆက်ဆက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စီးပွားရှာခဲ့ပေမယ့် အရင်က ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ ပြည်သူတွေ အနေနဲ့ ကန့်ကွက်လို့ ရခဲ့ပြီး လက်ရှိ စစ်အစိုးရ လက်ထက်မှာတော့ ကန့်ကွက်လို့ မရတဲ့အတွက် ငြိမ်ခံနေရအုံးမယ်လို့ သူက ဆက်ပြောပါတယ်။ ဒေသခံ နောက်တစ်ဦးကလည်း လွှတ်တော် ကော်မတီတွေရဲ့ အကြံပေး ရွေးချယ်ရာမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်သင့်ပြီး အခုလို နီးစပ်ရာကို ထည့်တာဟာ လွှတ်တော်ရဲ့ အနှစ်သာရကို ပျောက်ပျက်စေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ “အဓိကကတော့ဗျာ တကယ်လို့ ပြည်သူ့ ဆန္ဒနဲ့ ဖြစ်ဖြစ် သို့မဟုတ် မဲနဲ့ ရွေးချယ် ထားတဲ့ လူတွေကို ထည့်တာက ပိုကောင်းတာပေါ့၊ ဘယ်လိုဘဲ ပြောပြော သူ့အနောက်မှာ မဲပေးတဲ့သူ တချို့ ရှိနိုင်တာပေါ့နော်၊ အဲဒီလိုမဟုတ်ဘဲ မဲမပေးဘဲနဲ့ နီးစပ်ရာကို ခေါ်ပြီး ထည့်ထားလို့ ရှိရင် အဲဒီလူတွေက လွှတ်တော်ကို သွားလွှမ်းမိုးမယ်ဆိုရင်တော့ လွှတ်တော်ရဲ့ အနှစ်သာရ ပျောက်ပျက်သွားမယ် ထင်တာပေါ့၊ ဒီလိုပဲပေါ့ သူတို့ ကျွန်တော် ထင်တာတော့ နီးစပ်ရာကိုပဲ ထည့်ပြီးတော့ လုပ်လိုက်တဲ့ သဘောဘဲ ထင်တယ်” လို့ ဆိုပါတယ်။ လက်ရှိ ခရိုနီ လုပ်ငန်းရှင် တစ်ဦးကို လွှတ်တော်မှာ အကြံပေး ခန့်အပ်တာဟာ ဒေသတွင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာပါ သူ့ရဲ့ ချုပ်ကိုင်မှုတွေ ရှိလာနိုင်သလို ဒေသခံတွေရဲ့ စီးပွားရေးတွေကိုပါ လက်ဝါးကြီး အုပ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကျော်သူကတော့ အခုလို လွှတ်တော် ကော်မတီတွေအတွက် အကြံပေး ဖွဲ့တာဟာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေ အသုံးမကျတဲ့ အဓိပ္ပာယ် သက်ရောက်သလို လွှတ်တော်ကို အနုနည်းနဲ့ အာဏာသိမ်းတာ ဖြစ်တယ်လို့ ‌ဝေဖန်ပါတယ်။ “ဒါက လုံးဝ ဖြစ်ကို မဖြစ်သင့်တဲ့ ကိစ္စ၊ ဘာဖြစ်လို့လည်းဆို ဒီလို လွှတ်တော် ကိုယ်စားလှယ်တွေကို အကြံပေးကော်မတီ ဖွဲ့ခြင်းအားဖြင့် နံပါတ်တစ်က ဘာလဲဆို လွှတ်တော် ကိုယ်စားလှယ်တွေ အသုံးမကြဘူး၊ အသုံးမကျလို့ ဒါက အကြံပေး ကော်မတီ ထပ်ဖွဲ့ ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်၊ အဲဒီလိုမျိုးဆိုတော့ ဒီလွှတ်တော်ရဲ့အပေါ်မှာ လွှတ်တော် ကော်မတီတွေရဲ့ အကြံပေး ကော်မတီ ထပ်ဖွဲ့တယ်ဆိုတာတော့ ဒါလွှတ်တော်ကို အနုနည်းနဲ့ အာဏာသိမ်းတယ်လို့ အကိုက မြင်တယ်” လို့ ဆိုပါတယ်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️▪️

  • 15 авг.1 352425

    လူငယ်များ စစ်မှုထမ်း လာစေရန် နှင့်ပြည်သူများ စစ်မှုထမ်းခိုင်းခြင်းအပေါ် အကောင်းမြင်လာစေရေး “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဝါဒဖြန့်ဇာတ်လမ်းကို စစ်တပ်က သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးမည် ဩဂုတ်လ ၁၅ ရက် မြန်မာနိုင်ငံတွင် လူငယ်များ စစ်မှုထမ်းလာစေရန်နှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် ပြည်သူ၏ အမြင်အာရုံပြောင်းလဲလာစေရန် ရည်ရွယ်သည့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုကို သရုပ် ဆောင်များစွာဖြင့် စစ်တပ်က ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းမှာ စစ်တပ်အတွက် စစ်မှုထမ်းခြင်းမှာ ကောင်းမွန်သည်ဆိုသော ဝါဒဖြန့် အဆိပ်ခပ်ရန် ရည်ရွယ်ထားသော ဇာတ်လမ်းဖြစ်ပြီး လူငယ်များအကြား စစ်မှုထမ်းရန် လက်ခံလာစေရေးနှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် အမြင်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်သည့် ဝါဒဖြန့်ချိရေးဇာတ်လမ်းဖြစ်ကြောင်း ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ယင်းစစ်တပ်ဝါဒဖြန့် ဇာတ်လမ်းတွင် အောင်သုရိန်အဖြစ် ထက်လျှမ်းအောင် (ခ) ပိုက်၊ အောင်သုရိန်၏ သူငယ်ချင်းအဖြစ် ထက်လင်းအောင် နှင့် ကြူဝင်လင်းထူး၊ အောင်သုရိန်၏ တပ်ခွဲမှူးအဖြစ် ထက်အောင်ခန့်၊ အောင်သုရိန်၏ ချစ်သူအဖြစ် ရွှေမှူးဟန် (ခ) မေအေးမြသန်း တို့ ပါဝင်သရုပ် ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောင်သုရိန်၏ ဖခင်အဖြစ် မင်းသူ၊ မိခင်အဖြစ် မေသဉ္ဇာဦး တို့ ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီ CEO အဖြစ် နေအောင် ကလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ စစ်တပ်ဝါဒဖြန့် အဆိပ်ခတ် ဇာတ်လမ်းများ အမြဲရိုက်ကူးနေသော ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် တင်အောင်စိုး (ပန်းမြို့တော်) က တာဝန်ယူရိုက်ကူးမည်ဟု သိရှိရသည်။ ရရှိထားသည့် အချက်အလက်များအရ အဆိုပါ ဇာတ်လမ်းတိုတွင် ပါဝင်သည့် သရုပ်ဆောင်အချို့သည် ယခင်က စစ်တပ်နှင့် သက်ဆိုင်သည့် အခမ်းအနားများ၊ ရဲတပ်ဖွဲ့နေ့နှင့် တပ်မတော်နေ့ဆိုင်ရာ ဇာတ်ကားများအပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ထက်လင်းအောင် သည် “တပ်မတော်နေ့” နှင့် “ရဲတပ်ဖွဲ့နေ့” ဇာတ်ကားများတွင် ပါဝင်ဖူးသူဖြစ်ပြီး၊ ကြူဝင်လင်းထူး သည် “တောင်နီလေးတစ်ထည်”၊ “သက်ရှိစည်းရိုး” နှင့် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ထက်အောင်ခန့် သည် “သက်ရှိစည်းရိုး” နှင့် “သစ္စာမျိုးဆက်” ဇာတ်ကားများတွင် ပါဝင်ခဲ့ဖူးပြီး၊ ရွှေမှူးဟန် (ခ) မေအေးမြသန်း သည် တာဝန်ထမ်းဆောင်ဆဲ စ်အရာရှိတစ်ဦးအဖြစ် ဖော်ပြထားသည့်အပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ရိုက်ကူးလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က ငွေကျပ်သိန်းထောင်သောင်းချီ အသုံးပြုပြီး ဝါဒဖြန့် ဇတ်ကားများ ရိုက်ကူး ထုတ်လုပ် အခမဲ့ပြသကာ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားရန် အမြဲလိုလို ကြိုးပမ်းလေ့ရှိပြီး ပါဝင်သော သရုပ်ဆောင်များကိုလည်း ငွေကြေးအပြင် အခြားမြေကွက်၊ သွင်းကုန်ပါမစ် အစရှိသော စီးပွားရေးအခွင့်အလမ်းများ ပေးအပ်လေ့ရှိကြောင်း စစ်တပ်ဘက်တော်သား သရုပ်ဆောင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ #KTM #HlaingInfo

  • တော်လှန်ရေး အမြန် အဆုံးသတ်ရန် SCEF ကို လူထုကအပြည့်အဝ ထောက်ခံကြဖို့ ကေအိုင်အို ဥက္ကဌ ပြောပြီ ***** ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) က ဦးဆောင်နေသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အပြည့်အဝ ထောက်ခံပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။ ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး ပြည်သူများ၏ ဆန္ဒအပေါ် အခြေခံသည့် ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေရန်အတွက် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များအကြား စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော SCEF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) လေးဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် ချိတ်ဆက်ပေးထားသည့် အဆင့်မြင့် မဟာမိတ်ပူးပေါင်းအဖွဲ့ တရပ်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ “ကျွန်ုပ်တို့၏ ဒေသတခုချင်းစီကို ပြည်သူများ၏ ဆန္ဒနှင့်အညီ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရေးသည် နိုင်ငံတဝန်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး၏ ဘုံရည်မှန်းချက်အဖြစ် ဆက်လက်တည်ရှိရမည်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့၏ တော်လှန်ရေးကို အဆင့်ဆင့် ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများ၊ အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရေရှည်တည်တံ့သော ထောက်ခံပံ့ပိုးမှု လိုအပ်ပါသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ KIO ခေါင်းဆောင်က SCEF မူဘောင်အတွင်း KIO အနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသအလိုက် လှုပ်ရှားနေကြသည့် တော်လှန်ရေးအဖွဲ့များနှင့် အရပ်သားဦးဆောင် NUG အကြား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကွာဟချက်များကို ပေါင်းကူးပေးရန် ကြိုးပမ်းနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အင်အားစုအတွက် အဆင့်မြင့် နိုင်ငံတကာ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်ရန်လည်း ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်အာဏာရှင်အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သူများအပေါ်လည်း ပြင်းထန်စွာ သတိပေးပြောကြားခဲ့ပြီး စစ်အာဏာရှင်အုပ်ချုပ်မှုကို အထောက်အကူပြုသူများအတွက် “တရားစီရင်ခံရမည့်နေ့” ရောက်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ စစ်အုပ်စု ကို တိုက်ရိုက် ရည်ရွယ် ပြောကြားရာတွင် ၎င်းက လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခများအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို တိတိကျကျ လိုက်နာရန် တောင်းဆိုခဲ့သည်။ “အရပ်သားတွေကို ပစ်မှတ်မထားပါနဲ့။ သူတို့ကို ပဋိပက္ခထဲ ဆွဲမသွင်းပါနဲ့။ လူသားဒိုင်းအဖြစ်လည်း အသုံးမပြုပါနဲ့” ဟု ၎င်းက ပြောကြားခဲ့သည်။ “လူတိုင်းရဲ့ အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားပြီး ကာကွယ်ပေးရမယ်။ တိုက်ပွဲအတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေကိုလည်း တိတိကျကျ လိုက်နာရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။ ဩဂုတ် ၁၀ ရက် ထွက်ပေါ်လာသော သတင်းများအရ KIO နဲ့ KNU စစ်ဦးစီးချုပ်များသည် SCEF ရဲ့ စစ်ရေးမဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ တွင် ပူးတွဲဥက္ကဋ္ဌတာဝန်ယူပြီး NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ပါဝင်မည့် ပုံစံကို ဖော်ပြထားသည်။ KIO/  KNU ရဲ့ ပါဝင်မှုသည် နိုင်ငံရေးအဆင့်မှာသာ မဟုတ်တော့ဘဲ စစ်ရေးညှိနှိုင်းမှုအဆင့်ထိ တက်လှမ်းလာပြီ ဖြစ်သည်။ ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

  • 15 авг.1 37447

    မင်္ဂလာနံနက်ခင်းပါ.... ကျန်းမာရွှင်လန်းကြပါစေ.... ပူပင်သောကတွေ ကင်းဝေးပီး ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်လေး ဖြစ်ပါစေ.... စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးပီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာ့ဝန်ကို လွယ်ကူစွာ ရွက်ဆောင်နိုင်ကြပါစေ.... ဘေးရန် ရောဂါ ကင်းစင်ကွာ၍ လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ.... Hlaing Info အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏 #HlaingInfo

  • 14 авг.1 69041

    ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Hlaing Info ဝိုင်းတော်သားများမှ ကတိပြုပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတို့တွင် အသက်သွေးချွေးများ စွန့်လွှတ်အနစ်နာခံ၍ ဘဝများ ရင်းနှီးပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်းများ၏ ဝိညာဉ်များကို အောက်မေ့သတိရတိုင်တည်လျက်  လေးနက်စွားကတိသစ္စာပြုအပ်ပါသည်။ မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ Good night ပါခင်ဗျာ။ #HlaingInfo

  • 14 авг.1 873511

    မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး ဩဂုတ်လ ၁၄ ရက် မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KTM #HlaingInfo

  • 14 авг.1 833452

    နမ့်ဖတ်ကာ တီမားနဲ့ရွှေမော်ဘက် စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ဩဂုတ်လ ၁၄ ရက် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု တီမားနဲ့ ရွှေမော်‌ရွာဘက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။ ဒီနေ့ ဩဂုတ် ၁၄ ရက် ညနေ ၈ နာရီဝန်းကျင်မှာ တီမားနဲ့နောင်အင်ရွာဘက် ဂျက်လေယာဉ်တစ်စီးနဲ့ ‌ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်သိရှိသူတစ်ဦးက "ဂျက်နဲ့ ဗုံး ၂ လုံး လာပစ်သွားတယ်။ ၇ နာရီ ၄၀ မှာတစ်ခါ ၇ နာရီ ၄၇ မှာတစ်ခါ လာချသွားတယ်။ ကျပြီး ပေါက်ကွဲတဲ့ နေရာအတိအကျတော့ မသိ‌ရသေးဘူး" လို့ ပြောပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု ရှိမရှိကို ရွှေဖီမြေအနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အလားတူ ဒီနေ့ ဩဂုတ် ၁၄ ရက် နေ့လယ် ၁၂ ရီဝန်းကျင်မှာလည်း မိုးမိတ်မြို့ ရွှေတောရွာနဲ့ မြစ်ဆုံဘက် ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံး ‌၄ လုံး ပစ်ချခဲ့တဲ့အပြင် ဟက်စကီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဓာတ်ပုံ- Google (ပုံဟောင်း) #SPM #HlaingInfo

  • 14 авг.2 126686

    အမြန်လမ်း ၁၁၅ မိုင် DENKO ဆီဆိုင်မှာ ရွှေထုပ်တစ်ထုပ် ကောက်ရထားလို့ အသိပေး ထုတ်ပြန် ဩဂုတ်လ ၁၄ ရက် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်မှာ ရွှေထည်ပစ္စည်းတွေ ပါဝင်တဲ့ ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ကောက်ရထားတဲ့ ရွှေထုပ်နဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူအနေနဲ့ သက်ဆိုင်ရာ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆိုင်ခွဲဆီ လာရောက် ဆက်သွယ်နိုင်ကြောင်း အသိပေးထားတာပါ။ DENKO ဆီဆိုင်ဘက်ကတော့ ကောက်ရထားတဲ့ ရွှေထုပ်ထဲမှာ ပါဝင်တဲ့ ရွှေထည် အမျိုးအစား၊ အရေအတွက်နဲ့ တန်ဖိုးတို့ကို အသေးစိတ် ဖော်ပြထားတာမျိုးတော့ မရှိပါဘူး။ "အခုခေတ်ကြီး ပျောက်သွားတဲ့ ပစ္စည်းကို ပြန်ပေးဖို့ဆိုတာ တော်ရုံ စိတ်ထားနဲ့ မရပါဘူး။ ရွှေထုပ် ပိုင်ရှင်လည်း အခု တင်ထားတဲ့ ပို့စ်ကို တွေ့ရင် အတော်လေး ဝမ်းသာမှာပါ" လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ ဇွန်လ ၁၂ ရက် နေ့လယ် ၁၂ နာရီက ပဲခူးတိုင်း၊ ပဲခူးမြို့၊ စစ်မှုထမ်းဟောင်း အဖွဲ့ရုံး လမ်းဘေးမှာ ဆရာတော်တစ်ပါး ကျပျောက်သွားတဲ့ ငွေကျပ် သိန်းလေးဆယ်နဲ့ သိန်းရာချီပါတဲ့ ဘဏ်စာအုပ်ကို ပင်စင်စား အမျိုးသမီးတစ်ဦးက ကောက်ရခဲ့ပြီး ဆရာတော်ဆီ သွားပြီး ပြန်ပေးခဲ့ပါသေးတယ်။ အလားတူပဲ မေလ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဘဲကျောင်းရင်း ငွေကျပ် သိန်းတစ်ရာ ကောက်ရခဲ့တဲ့ ဘဲကျောင်းသားလေးဟာ ငွေကျပ် သိန်းတစ်ရာလုံးကို ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးခဲ့ပါသေးတယ်။ ဓာတ်ပုံ - DENKO #CJP #HlaingInfo

  • 14 авг.1 939551

    ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ၊ နမ့်ဖက်ကာကိုလည်း လေယာဉ်ပျံဝဲ ခြိမ်းခြောက် ဩဂုတ်လ ၁၄ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ “KIA တပ်ရင်း(၉)နယ်မြေမှာတော့ ဗုံးကြဲသွားပြီလို့ ကနဦးသိရှိရပါတယ်။ ဒီ တပ်ရင်း(၉)ဟာဆိုရင် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေလည်းဟုတ်ပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံခြုံရေးယူထားတဲ့ တပ်ရင်းလို့လည်းပြောလို့ရပါတယ်။ အဓိကတော့ ရှမ်းမြောက်မှာရှိနေတဲ့ KIA တပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင် လေကြောင်းကနေ ဖိအားစတင်ပေးလိုက်ပြီလို့ ရှုမြင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ရှမ်းမြောက်ရှိ KIA တပ်စခန်းတွေနဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူလူထုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး လေကြောင်းဖိအားပေးတာတွေ ဆက်လက်လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်ဟာ ရှမ်းမြောက်မှာ တရုတ်အကူအညီနဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ကို အပစ်ရပ်ထားရာ KIA တပ်ဖွဲ့သာ ကျန်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်လျက်ရှိပါတယ်။ “စစ်ရေးနိုင်ငံရေး ရှုံးနိမ့်နေတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့စစ်တပ်ကတော့ သူ့ဘက်ကတော့ စစ်ရေးအရ ရှုံးနိမ့်လာပြီဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်လာနိုင်ခြေရှိတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းသတင်းတွေကို ဒေသခံ ပြည်သူလူထုတွေရော တော်လှန်ရေးတပ်ဖွဲ့တွေရော အချိန်နဲ့ တပြေးညီသတိပြုနေထိုင်ဖို့လိုပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတွေကိုလည်း လေကြောင်း တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ ရက္ခိုင်နဲ့ မကွေး၊ ရက္ခိုင်နဲ့ ဧရာ၀တီ၊ ရက္ခိုင်နဲ့ ပဲခူးအစပ်ဒေသတွေမှာ တိုက်ပွဲပြင်းထန်နေပြီး လတ်တလော ဧရာ၀တီ-ရက္ခိုင်အစပ်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာလျက်ရှိပါတယ်။ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ AA ထိန်းချုပ်ထားတဲ့ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။ စစ်တပ်ဟာ ကိုးကန့်၊ တအာင်းတပ်တွေနဲ့ အပစ်ရပ်စဲခြင်းမပြုမီကလည်း တအာင်းတပ်ထိန်းချုပ်ရာ မြို့ရွာတွေ၊ ကိုးကန့်တပ်ထိန်းချုပ်ရာမြို့ရွာတွေကို လေကြောင်းစစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ပြီး အရပ်သား ပြည်သူအများအပြားသေဆုံးထိခိုက်စေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ (ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP) #LNO #HlaingInfo