tgindex
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

Статистика

𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
171
Всего постов
499
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
12 авг.
Подписчики
14 573
−32 за 2 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
185
40 постов
Вовлечённость
1,3%
к подписчикам
Постов в день
24,4
всогО 499
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
198
1/48двое суток
226
1/72трое суток
244

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်အစိုးရနှင့် လွှတ်တော်က တောင်းဆိုမှုအပေါ် စိတ်မသက်မသာဖြစ်ရဟု မြန်မာစစ်တပ်သံရုံးက တုံ့ပြန် ဩဂုတ်လ ၁၅ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်အစိုးရနှင့် လွှတ်တော်က တောင်းဆိုမှုအပေါ် စိတ်မသက်မသာဖြစ်မိကြောင်း အမေရိကန်ပြည် ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြန်မာစစ်တပ်သံရုံးက တုံ့ပြန်ပြောလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စား လှယ်တို့ တွေ့ဆုံခဲ့မှုကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ကြိုဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက် ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စိတ်မသက်မသာဖြစ်ရကြောင်း ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်သည့် မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဘက်မှ အပြုသဘောဆောင်သည့် ဖော်ပြချက်များကို အသိ အမှတ်ပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို “ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေသည်ဟု မြန်မာသံရုံးက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်မှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင် ရှားသဖြင့် ပြစ်မှုဆိုင်ရာဥပဒေနှင့်အညီ အရေးယူထားခြင်းဖြစ်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။ မြန်မာစစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှု ထောင့်မှ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းများကို အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားအရေအတွက်မှာ ၁၂၆,၉၆၄ ဦးရှိကြောင်း ဆိုသည်။ ထိုအထဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်ဘက်က တောင်းဆိုခြင်းနှင့် ပတ်သက်၍ “အပြုသဘောမဆောင်သည့် တောင်းဆိုချက်များအပေါ် စိတ်မသက်မသာ ဖြစ်ရသည်” ဟု မြန်မာသံရုံးက ဆက်လက်တုံ့ပြန်ထားသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာသံရုံးက ပြောဆိုသည်။ လက်ရှိစစ်ကောင်စီမှာ  ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း မြန်မာသံရုံးက ပြောဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ပြောဆိုထားသည်။ ဓာတ်ပုံ- AP ။ (ပုံအဟောင်းဖြစ်ပါသည်။) #KTM

  • မကွေးတိုင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တော်လှန်ရေးတပ်များက စုပေါင်း ခုခံတိုက်ခိုက်မှု တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားပြီး စစ်သား ၅၀ ထက်မနည်းသေဆုံး ဩဂုတ်လ ၁၅ ရက် မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းသို့ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများအကြား မေလမှ လက်ရှိအချိန်အထိ  တိုက်ပွဲ ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း “အညာတမာ” စစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မကွေးဒေသအတွင်းသို့ စစ်တပ်က အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ပခုက္ကူခရိုင်အတွင်း မေလမှစတင်၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းများကို တုံ့ပြန်ရန်အတွက် ပခုက္ကူခရိုင်အတွင်းရှိ တော် လှန်ရေးအင်အားစုများက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် စိုးမိုးနယ်မြေများ တိုးချဲ့နိုင်ရန် “အညာတမာ” စစ်ဆင်ရေးအဖြစ် စုဖွဲ့၍ ခုခံတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များသည် ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ်ရှိ တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ ဆက်လက်ရောက်ရှိခဲ့သည်။ ထို့နောက် ကိုင်းတောမ၊ ဝက်ပုတ်၊ ဗောဓုံ၊ ဘောင်ပင်၊ သင်းမ၊ ယာကြီးပြင်၊ တောင်စုံနှင့် မှန်ရင်း စသည့် ကျေးရွာများကို ဖြတ်သန်းသည့် လမ်းကြောင်းများအတိုင်း စစ်ကြောင်းထိုးလာရာ “အညာတမာ” အင်အားစုများနှင့် ကြီးငယ်သော ထိတွေ့တိုက်ပွဲများ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် စစ်ကောင်စီတပ်တွင် ပါဝင်နေသည့် လူငယ်များအနက် လက် နက်မဲ့ အလင်းဝင်ရောက်လာသူ ၄ ဦး ရှိခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း “အညာတမာ” စစ်ဆင်ရေးအဖွဲ့က ပြောသည်။ စစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပခုက္ကူခရိုင်အတွင်းရှိ တပ်ရင်းများနှင့် ပကဖအဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တိုင်းပကဖ စစ်ကြောင်း (၄)၊ MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ ကမ္မလုံခြုံရေးအင်အားစု၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ယင်းမာပင်ခရိုင် တပ်ရင်းများ၊ ပုလဲပကဖနှင့် Myingyan Black Tiger တပ်ဖွဲ့တို့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ တစ်ဖက်တွင် စစ်ကောင်စီတပ်များသည် ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ၏ နေအိမ် ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၂၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းများ သွားလာနေသည့် လမ်းကြောင်းများအနီးရှိ ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင်ကြရန်နှင့် စစ်ကြောင်းများ၏ လှုပ်ရှားမှုကို ပေါ့ပေါ့ဆဆ မထားကြရန် သတိပေးထားသည်။ ထို့အပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်တွင် အတင်းအဓမ္မ စစ်မှုထမ်းနေရသည့် လူငယ်များနှင့်  မိဘများအနေဖြင့် “အညာတမာ” အင်အားစုများ သို့မဟုတ် နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ကာ စစ်ကောင်စီတပ်တွင် ဆက်လက်ပါဝင်ခြင်းမပြုဘဲ ရုန်းထွက်ကြရန် တိုက်တွန်းထားသည်။ “အညာတမာ” စစ်ဆင်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်များကို တတ်နိုင်သမျှ နည်းလမ်းများဖြင့် ခုခံတိုက်ခိုက်ပြီး ပြည်သူများကို ကာကွယ်လျက်ရှိကာ တော်လှန်ရေးအင်အားစုများအကြား ပိုမိုကျယ်ပြန့်သည့် စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးထုတ်ပြန်ထားသည်။ #KTM

  • မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် ဆက်နွယ်နေသော Bellarie Production ၏ “အချစ်ဈေး” ရုပ်ရှင်နှင့် "ကုန်းဘောင်မင်းဆက်" ရုပ်ရှင်တို့ကို  ပြည်သူများ သပိတ်မှောက်ရန် တိုက်တွန်း ဩဂုတ်လ ၁၅ ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် ယခင်က စီးပွားရေးအရ ဆက်နွှယ်ခဲ့သည့် ဖျော်ဖြေရေးလုပ်ငန်းကွန်ရက်များနှင့် ဆက်စပ်နေသော Bellarie Production ထုတ်လုပ်သည့် “အချစ်ဈေး” ရုပ်ရှင် အပါအဝင် ကုန်းဘောင်မင်းဆက်ကို အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်များကို ပြည်သူများအနေဖြင့် အားမပေးဘဲ သပိတ်မှောက်ကြရန်  တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ် ၁၄ ရက်တွင် တစ်နိုင်ငံလုံးရုပ်ရှင်ရုံများ၌ စတင်ပြသနေသည့် “အချစ်ဈေး” ရုပ်ရှင်တွင်  မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဘက် နိုင်ဖြိုးကျော်၏ မိန်းမ ဝတ်မှုန်ရွှေရည်က ဦးဆောင် သရုပ် ဆောင်ထားပြီး နေတိုး၊သားညီ၊ နိုင်နိုင်း အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ထားခြင်းဖြစ်သည်။ Bellarie Production သည် ၂၀၂၃- ၂၀၂၄ ခုနှစ်ကာတွင် ပေါ်ပေါက်လာသော ထုတ်လုပ်ရေးကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး  စစ်တပ်လက်အောက်ခံ ပြန် ကြားရေးဝန်ကြီး ဌာန၊ စစ်တပ်နှင့်အတူတွဲဖက်၍  နှစ်သစ်ကူး Count down ပွဲများ၊ သင်္ကြန်ပွဲများ၊ စတိတ်ရှိုးများ၊ ဇတ်လမ်းတွဲများ၊ ရုပ်ရှင်များ ရိုက်ကူးကာ ပြည်သူများအကြား တော်လှန်ရေးကို စိတ်မဝင်စားကြတော့ဘဲ ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိနေပြီဆိုသော အခြေအနေကို အဓိက ပြသရန် ကြိုးစားနေသည့် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ငွေကြေးအားဖြင့် သိန်းထောင်သောင်းချီ သုံးစွဲပြီး ငွေကြေးအမြတ်အစွန်းထက် လူထုစိတ်ဝင်စားသော ဖျော်ဖြေရေးပွဲများနှင့်ရုပ်ရှင်များကို ဆက်တိုက် ထုတ်လုပ်နေခြင်းလည်းဖြစ်သည်။ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်သည် ယခင်က 7th Sense Film Production ရုပ်ရှင်ထုတ် လုပ်ရေးအမည်ဖြင့် ဇာတ်ကားနှင့်ရုပ်ရှင်များစွာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ သပိတ်မှောက်ကန့်ကွက်မှုများကြောင့် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေးကို ဖျက်သိမ်းကာ နာမည်သစ်များစွာဖြင့် ရုပ်ရှင်နှင့်အနုပညာအသိုင်းအ၀ိုင်းတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်လာခြင်းဖြစ်သည်။ Bellarie Production သည် အချိန်တိုအတွင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူတွဲဖက်၍  ဖျော်ဖြေရေးပွဲပေါင်းများစွာ ၊ ဇာတ်လမ်းတွဲမြောက်မြားစွာနှင့် လှုပ်ရှားမှုများစွာ လုပ်ကိုင်လာနိုင်ခြင်းမှာ နောက် ကွယ်တွင်ရှိနေသော ငွေကြေးနှင့်အာဏာရှိ အသိုင်းအ၀ိုင်း၏ အဓိက ပံ့ပိုးမှုကြောင့်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ဆိုသည်။ Bellarie Production ၏ ဆက်နွယ်နေသော ကွန်ရက်များကို ကြည့်ပါကလည်း ဝေမင်းမောင်(ခ) ရွှေမန်း ၊ နိုင်ဖြိုးကျော်၊ ဝတ်မှုန်ရွှေရည် အစရှိသည့် ယခင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် လက်တွဲခဲ့သူများသာဖြစ်သည်။ ထုတ်လုပ်ရေး နာမည်အမျိုးမျိုးသာပြောင်းလဲနေသော်လည်း ငွေကြေးစိုက်သူများကတော့ မပြောင်းလဲသည်ကို တွေ့ရသည်။  လက်ရှိ Bellarie Production က "အချစ်စျေး" ရုပ်ရှင်ကို ရုံတင်ထားပြီး ဝေမင်းမောင်(ခ) ရွှေမန်းနှင့် တွဲဖက်၍ ကုန်းဘောင်မင်းဆက် ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးရန် ပြင်ဆင်လျက်ရှိသည်။ ငွေကြေးအကျိုးအမြတ်ထက် ရုပ်ရှင်နှင့်ဇာတ်ကားများ၊ အဆိပ်ခတ် အနု ပညာလှုပ်ရှား မှုများစွာဖြင့် ပြည်သူလူထုအကြား တော်လှန်ရေးမတည်တံ့တော့ဘဲ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီဆိုသော ၎င်းတို့ ရည် ရွယ်ချက်အတွက် ငွေကြေးသိန်းထောင်သောင်းချီ အကုန်အကျခံနေခြင်းဖြစ်သည်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဝတ်မှုန်ရွှေရည်သည် ၂၀၁၉ ခုနှစ်ဝန်းကျင်က ခင်သီရိသက်မွန်နှင့် ဆက်နွှယ်သည့် 7th Sense Film Production နှင့် လက်တွဲခဲ့ဖူးပြီး ယခုအချိန်အထိ ဝတ်မှုန်ရွှေရည်၏ လင်ဖြစ်သူ နိုင်ဖြိုးကျော်မှာလည်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့်စီးပွားရေး အတူလုပ်နေဆဲဖြစ်သည်။ တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြည်သူများအနေဖြင့်  စစ်အာ ဏာရှင်စနစ်နှင့် စီးပွားရေးအရ ဆက်နွှယ်နေသော ဖျော်ဖြေရေးလုပ်ငန်းများကို မထောက်ပံ့ရန်၊ “အချစ်ဈေး” ရုပ်ရှင်အပါအဝင် ယင်း ကွန်ရက်များနှင့် ဆက် နွှယ်နေသော ရုပ်ရှင်များကို လက်မှတ်ဝယ်ယူအားပေးခြင်း၊ လူမှုကွန် ရက်များမှတစ်ဆင့် အခမဲ့ကြော်ငြာပေးခြင်းနှင့် လူကြိုက်များအောင် မြှင့်တင်ပေးခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းသည်။ #KTM

  • လူငယ်များ စစ်မှုထမ်း လာစေရန် နှင့်ပြည်သူများ စစ်မှုထမ်းခိုင်းခြင်းအပေါ် အကောင်းမြင်လာစေရေး “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဝါဒဖြန့်ဇာတ်လမ်းကို စစ်တပ်က သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးမည် ဩဂုတ်လ ၁၅ ရက် မြန်မာနိုင်ငံတွင် လူငယ်များ စစ်မှုထမ်းလာစေရန်နှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် ပြည်သူ၏ အမြင်အာရုံပြောင်းလဲလာစေရန် ရည်ရွယ်သည့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုကို သရုပ် ဆောင်များစွာဖြင့် စစ်တပ်က ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းမှာ စစ်တပ်အတွက် စစ်မှုထမ်းခြင်းမှာ ကောင်းမွန်သည်ဆိုသော ဝါဒဖြန့် အဆိပ်ခပ်ရန် ရည်ရွယ်ထားသော  ဇာတ်လမ်းဖြစ်ပြီး  လူငယ်များအကြား စစ်မှုထမ်းရန် လက်ခံလာစေရေးနှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် အမြင်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်သည့် ဝါဒဖြန့်ချိရေးဇာတ်လမ်းဖြစ်ကြောင်း ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ယင်းစစ်တပ်ဝါဒဖြန့် ဇာတ်လမ်းတွင် အောင်သုရိန်အဖြစ် ထက်လျှမ်းအောင် (ခ) ပိုက်၊ အောင်သုရိန်၏ သူငယ်ချင်းအဖြစ် ထက်လင်းအောင် နှင့် ကြူဝင်လင်းထူး၊ အောင်သုရိန်၏ တပ်ခွဲမှူးအဖြစ် ထက်အောင်ခန့်၊ အောင်သုရိန်၏ ချစ်သူအဖြစ် ရွှေမှူးဟန် (ခ) မေအေးမြသန်း တို့ ပါဝင်သရုပ် ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောင်သုရိန်၏ ဖခင်အဖြစ် မင်းသူ၊ မိခင်အဖြစ် မေသဉ္ဇာဦး တို့ ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီ CEO အဖြစ် နေအောင် ကလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ စစ်တပ်ဝါဒဖြန့် အဆိပ်ခတ် ဇာတ်လမ်းများ အမြဲရိုက်ကူးနေသော  ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် တင်အောင်စိုး (ပန်းမြို့တော်) က တာဝန်ယူရိုက်ကူးမည်ဟု သိရှိရသည်။ ရရှိထားသည့် အချက်အလက်များအရ အဆိုပါ ဇာတ်လမ်းတိုတွင် ပါဝင်သည့် သရုပ်ဆောင်အချို့သည် ယခင်က စစ်တပ်နှင့် သက်ဆိုင်သည့် အခမ်းအနားများ၊ ရဲတပ်ဖွဲ့နေ့နှင့် တပ်မတော်နေ့ဆိုင်ရာ ဇာတ်ကားများအပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ထက်လင်းအောင် သည် “တပ်မတော်နေ့” နှင့် “ရဲတပ်ဖွဲ့နေ့” ဇာတ်ကားများတွင် ပါဝင်ဖူးသူဖြစ်ပြီး၊ ကြူဝင်လင်းထူး သည် “တောင်နီလေးတစ်ထည်”၊ “သက်ရှိစည်းရိုး” နှင့် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ထက်အောင်ခန့် သည် “သက်ရှိစည်းရိုး” နှင့် “သစ္စာမျိုးဆက်” ဇာတ်ကားများတွင် ပါဝင်ခဲ့ဖူးပြီး၊ ရွှေမှူးဟန် (ခ) မေအေးမြသန်း သည် တာဝန်ထမ်းဆောင်ဆဲ စ်အရာရှိတစ်ဦးအဖြစ် ဖော်ပြထားသည့်အပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ရိုက်ကူးလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က ငွေကျပ်သိန်းထောင်သောင်းချီ အသုံးပြုပြီး ဝါဒဖြန့် ဇတ်ကားများ ရိုက်ကူး ထုတ်လုပ် အခမဲ့ပြသကာ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားရန် အမြဲလိုလို ကြိုးပမ်းလေ့ရှိပြီး ပါဝင်သော သရုပ်ဆောင်များကိုလည်း ငွေကြေးအပြင် အခြားမြေကွက်၊ သွင်းကုန်ပါမစ် အစရှိသော စီးပွားရေးအခွင့်အလမ်းများ ပေးအပ်လေ့ရှိကြောင်း စစ်တပ်ဘက်တော်သား သရုပ်ဆောင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ #KTM

  • မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး ဩဂုတ် ၁၄၊ ၂၀၂၆ မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ Khit Thit Media 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊

  • ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ၊ နမ့်ဖက်ကာကိုလည်း လေယာဉ်ပျံဝဲ ခြိမ်းခြောက် ဩဂုတ် ၁၄၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ “KIA တပ်ရင်း(၉)နယ်မြေမှာတော့ ဗုံးကြဲသွားပြီလို့ ကနဦးသိရှိရပါတယ်။ ဒီ တပ်ရင်း(၉)ဟာဆိုရင် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေလည်းဟုတ်ပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံခြုံရေးယူထားတဲ့ တပ်ရင်းလို့လည်းပြောလို့ရပါတယ်။ အဓိကတော့ ရှမ်းမြောက်မှာရှိနေတဲ့ KIA တပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင် လေကြောင်းကနေ ဖိအားစတင်ပေးလိုက်ပြီလို့ ရှုမြင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဆက်လက်ဖတ်ရှုရန် 👇👇

  • ပုသိမ်မှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကို မြောင်းမြမှာ ရေနစ် သေဆုံးနေတဲ့ပုံစံနဲ့ ပြန်တွေ့ ဩဂုတ် ၁၄၊ ၂၀၂၆ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်ဈေးမှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကြီး တစ်ဦးကို ဩဂုတ် ၁၃ ရက်နေ့က မြောင်းမြမြို့နယ်၊ ငမြင်းချောင်းမှာ ရေနစ် သေဆုံးလျက် အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မြောင်းမြမြို့နယ်အပိုင် ငမြင်းချောင်းမှာ မနေ့က တွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "ဆရာမကြီး အလောင်းတော့ ပြန်တွေ့ပြီ။ ဒီနေ့ သင်္ဂြိုဟ်တယ်။ ဘယ်လိုကြောင့် သေတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး" လို့ ပြောပါတယ်။ ဒီကနေ့မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုသိမ် မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သမီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးသား တင်ထားတာပါ။ ဆက်လက်ဖတ်ရှုရန် 👇👇

  • လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ် သဖြင့် တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြရန် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တိုက်တွန်း ဩဂုတ် ၁၄၊ ၂၀၂၆ လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ် သဖြင့် တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြပါရန် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တိုက်တွန်းလိုက်သည်။ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်ကို ထောက်ပံ့မှုပေးနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်အသိပေးရာတွင် တိုက်တွန်းထား ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှ စတင်၍ ၃၈ ကြိမ်အထိ ပေးအပ်ခဲ့ပြီး တစ် ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၀.၉၆ သန်း ခန့် သုံးစွဲခဲ့ကြောင်း၊ ထိုသို့ထောက် ပံ့ရာတွင် နိုင်ငံနှင့်တဝှမ်း ဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊တပ် ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန် 👇👇

  • သြဂုတ် ၁၄ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS) -အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဩဂုတ်လကုန်မှာ ရာထူးမှနှုတ်ထွက်မယ် -ထိုင်ဝမ်က တရုတ်တပ်တွေကို ဟန့်တားမယ့် ပုံစံတူ စစ်ရေးလေ့ကျင့်မှု ပြုလုပ် -‎ဂွမြို့နယ်နှင့် ကျိန္တလီမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၈ ဦး သေဆုံး -‎ရေကြည်နှင့် သာပေါင်းမြို့နယ်အတွင်း AA နှင့်တိုက်ပွဲ ၅ နေရာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ကစဉ့်ကလျားထွက်ပြေး -ဆမီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခူမီးအမျိုးသမီးငယ်တစ်ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရ -ဟင်္သာတနှင့် ဇလွန်အပါအဝင် မြို့ ၆ မြို့နယ်၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ၊ ဒုဋ္ဌဝတီ၊ သံလွင်၊ စစ်တောင်းနှင့် ငဝန်မြစ်ရေများ ဆက်လက်မြင့်တက်နေ၍ အရေးပေါ် သတိပြုရန်လိုအပ် -ကရင် စစ်ဘေးရှောင်များအတွက် မော်ဒယ် လုလုအောင်က သိန်း ၄၀ လှူဒါန်း -စစ်တွေရှိ စစ်တပ်၏ ကျားမသောက် အခြေစိုက် တပ်ရင်းကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ

  • йоС пОдписи

  • йоС пОдписи

  • အထောက်အထားမရှိဘဲ ကင်ဆာ၊ HIV နှင့် မေ့ဆေးအပါအဝင် ဆေး ၆ မျိုး တီထွင်ဟု ရွေးတုအစိုးရ ကြေညာ၊ စံချိန်စံညွှန်း မရှိပါက သုံးစွဲသူ ပြည်သူများ အသက်အန္တရာယ် ရှိနိုင်ဟု CDM ဆရာဝန်များ သတိပေး ဩဂုတ် ၁၄၊ ၂၀၂၆ ပြည်ပမှ ဆေးဝါးတင်သွင်းမှု လျှော့ချရေးအတွက် ရွေးတုအစိုးရက ကြိုးပမ်းနေပြီး ကင်ဆာ၊ HIV၊ ဆီးချိုနှင့် မေ့ဆေးအပါအဝင် ဆေးဝါးအသစ် ၆ မျိုး တီထွင်နိုင်ခဲ့သည်ဟု ဆိုကာ ဆုငွေများ ဂုဏ်ပြု ပေးအပ်ခဲ့သော်လည်း ဆေးဝါးအမည်၊ ဒြပ်ပေါင်းနှင့် စမ်းသပ်မှု အထောက်အထားများ ထုတ်ပြန်ခြင်း မရှိသဖြင့် ပြည်သူများ သုံးစွဲပါက အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း CDM ဆရာဝန်များနှင့် ဆေးဝါးဗေဒ ပညာရှင်များက သတိပေး ထောက်ပြ ထားသည်။ အဆိုပါ ဆေးဝါးများတွင် ကင်ဆာရောဂါကုသဆေး ၁ မျိုး၊ HIV ကုသဆေး ၁ မျိုး၊ ဆီးချို ရောဂါကုသဆေး ၂ မျိုး၊ အရိုးအကြောအဆစ်ရောဂါကုဆေး ၁ မျိုးနှင့် မေ့ဆေး ၁ မျိုးတို့ ပါဝင်သည်ဟု ရွေးတုအစိုးရ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ဖတ်ရှုရန် 👇👇

  • йоС пОдписи

  • йоС пОдписи

  • စစ်တွေရှိ စစ်တပ်၏ ကျားမသောက် အခြေစိုက် တပ်ရင်းကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ ‎ ‎ဩဂုတ် ၁၄၊ ၂၀၂၆ ‎ ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အခြေစိုက်ထားသည့် ရွေးတုအစိုးရစစ်တပ်၏ ကျားမသောက် အခြေ စိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၈) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎ ‎AA သည် ကျားမသောက်တပ်ရင်းကို ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်အနီး လက်နက်ကြီးတစ်ကမ်းအထိ ခြေကုပ် ယူထားနိုင်ခဲ့ကြောင်း သိရသည်။ "AA က ပတ်ပြီး ပိတ်ဆို့ထားတဲ့အခြေအနေရှိနေပြီ။ နာရီကန်ဘက်ဆိုလည်း စိမ့်ဝင်ပြီးတော့ကို ပစ်ခတ် ထားတာတွေရှိတယ်။ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကို ခြိမ်းခြောက်နေတာပေါ့" ဟုသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ ‎ဆက်လက်ဖတ်ရှုရန် 👇👇

  • သံဃာတွေ လူမှုကွန်ရက်မှာ မသင့်လျော်တာတွေ မတင်ဖို့ မဟနအဖွဲ့ တားမြစ် ဩဂုတ် ၁၄၊ ၂၀၂၆ သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မတရားတဲ့ လုပ်ရပ်တွေအပေါ် နှုတ်ဆိတ်နေလို့ ဝေဖန်ခံနေရတဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၅ ချက်ကို ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ခဲ့ရာမှာ နံပါတ် ၂ အချက်အနေနဲ့ အထက်ပါအချက်ကိုပါ ထည့်သွင်းခဲ့တာပါ။ ရဟန်း၊ သာမဏေ၊ သီလရှင်တွေ လူမှုကွန်ရက် စာမျက်နှာမှာ သာသနာတော်နဲ့ မသင့်လျော်တာတွေ ပြုမူလွှင့်တင်မှုတွေ မပြုစေရေးဆိုပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တားမြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရဟန်းသံဃာတွေ မာတုဂါမ(အမျိုးသမီး)နဲ့ ငြိစွန်းတဲ့ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့လည်း ထုတ်ပြန်ချက်မှာ တားမြစ်ထားတာ တွေ့ရပါတယ်။ ဆက်လက်ဖတ်ရှုရန် 👇👇