- Последний пост
- 3 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 8 731
- 1/48двое суток
- 10 005
- 1/72трое суток
- 10 791
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
မင်းအောင်လှိုင် စစ်တပ်ဟာ ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး တိုင်းပြည်ကို ဘာတစ်ခုမှ ပိုကောင်းလာအောင် မလုပ် နိုင်ခဲ့ ရုံသာမက အဘက်ဘက်မှာ အောက်ကျ နောက်ကျ ဖြစ်စေခဲ့တာ ကိုသာ ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဒါတောင် အမေစု အစိုးရ လက်ထက်မှာ အခြေခံကောင်းတွေ အများကြီး ရှိခဲ့ပြီး ပြည်သူတွေ ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးက အစ ကဏ္ဍ တော်တော်များများ လိုလေသေး မရှိအောင် လုပ်ထားပေးခဲ့ ပြီးသား။ ဒီလို အုတ်မြစ်ကောင်း အပေါ်မှာ အခြေခံပြီး လုပ်ရတာတောင် အသုံးကျအောင် မလုပ်နိုင်တဲ့ မင်းအောင်လှိုင်က နောက်ထပ် နှစ်တွေမှာရော ဘာတွေ လုပ်နိုင်ကြမယ်လို့ ထင်ကြသလဲ။ အခုဆို ပိုတောင် ဆိုးသွားပြီး။ ငါးနှစ် အတွင်း သူဖျက်ဆီးခဲ့လို့ တိုင်းပြည်မှာ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေ အနာဂတ် ပျောက်ဆုံးမှုတွေနဲ့ စစ်ဘေးဒဏ် အပြည့် ဖြစ်နေတဲ့အပေါ်မှာ အခြေခံပြီး ဘာများ လုပ်နိုင် ဦးမှာလဲ။ မင်းအောင်လှိုင် မလုပ်နိုင်လို့ ဆိုပြီး သူ့နေရာမှာ ခင်ရီပဲ လာလာ၊ ရဲဝင်းဦးပဲ တက်တက်၊ နောက်ဆုံး သိန်းစိန် ကြီးကိုပဲ ပြန်ခေါ် ပါစေဦး၊ ဘာတစ်ခုမှ ပိုကောင်းလာ စရာ မရှိပါ။ ဘာကြောင့်ဆို အခုအချိန်က ၂၀၁၀ တုန်းကလို သူတို့ လုပ်ချင်ရာ လုပ်ပြီး ဘောင်းဘီချွတ်လိုက်ရုံနဲ့ ပြီးသွားမှာမှ မဟုတ်တာ။ သူတို့ စစ်တပ်နဲ့ အင်အားချင်း မကွာတဲ့ PDF တပ်တွေ ရှိနေသလို EROs တွေကလည်း စစ်ဌာနချုပ်တွေပါ ဖြိုချပြ ထားတာ။ သူတို့ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ အတွက် တရားမျှတမှု မပေးနိုင်မချင်း တိုင်းပြည်က ပုံမှန် ပြန်မဖြစ်နိုင်ဘူး။ ပြည်တွင်းတောင် ပုံမှန် မဖြစ်တာ ပြည်ပ ဆိုရင်တော့ ပိုဝေးပေါ့။ အိမ်နီးချင်း အကျိုးစီးပွါး ရှိနေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်း၊ လက်နက် ဝယ်ဖို့ ဒေါ်လာတွေ သွားသွား ပေးနေလို့ မဖြစ်ညစ်ကျယ် ပေါင်းနေတဲ့ ရုရှား၊ ဘီလာရုစ်တို့လို တချို့က လွဲရင် တခြားနိုင်ငံတွေက လူသတ်သမား၊ ကလေး သတ်သမား၊ အကြမ်းဖက်သမား၊ မုဒိန်းတပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို အရောတဝင် ဆက်ဆံရမှာ ရွံစရာကောင်းတယ်လို့ တွေးနေကြတာမို့လို့ ဒီတသက် လူရာဝင်ဖို့ မလွယ်ပါဘူး။ မနက်က သတင်းတစ်ပုဒ်မှာ တရုတ်က BCIM ကနေ အိန္ဒိယကို ဖြုတ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက် ဆက်မယ်ဆိုတာ တွေ့တယ်။ ဒါကြောင့်ရခိုင်ဟာ တရုတ်အတွက် ပိုအရေးပါ လာပြီး ရခိုင် တပြည်လုံး သိမ်းထားတဲ့ AA နဲ့ ဆက်ဆံရေး တိုးမြှင့်လာတာ တွေ့ရတယ်။ ဒါဟာ ဘာကို ပြနေသလဲ ဆိိုတော့ အကျိုးစီးပွါးကိုပဲ အခြေခံတဲ့ တရုတ်ဟာ မင်းအောင်လှိုင်က သူ့အကျိုးစီးပွါးကို လုံလောက်အောင် ကာကွယ် မပေးနိုင်ရင် အချိန်မရွေး စွန့်ပစ်နိုင်တယ် ဆိုတာပါပဲ။ အချုပ် ပြောရရင်တော့ မင်းအောင်လှိုင်ဟာ တိုင်းပြည်ကို ပိုကောင်းအောင် မပြောနဲ့ ၂၀၂၀ ကိုဗစ် ကာလ မတိုင်ခင်က အခြေအနေ မျိုးတောင် ပြန်ရောက်အောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လုပ်နိုင်တာက သူ့မိသားစုနဲ့ လက်တဆုပ်စာ သူတို့ အသိုင်းအဝိုင်း ကြီးပွါးချမ်းသာဖို့ တိုင်းပြည်ကနေ ရသမျှ ဂုတ်သွေးစုပ် အမြတ်ထုတ်ပြီး ပြည်သူတွေကတော့ မွဲသည်ထက်မွဲ၊ စုတ်ပြတ်သည်ထက် ပိုပိုပြီး စုတ်ပြတ် သွားဖို့သာ ရှိပါတယ်။ ဒီအုပ်စု ပြုတ်ကျရေးသည်သာ ပြည်သူတွေ အတွက် တစ်ခုတည်းသော လွတ်မြောက်လမ်းပါ။
без подписи
တရုတ်လော်ဘီမ စောင်ဂျင်းက မြန်မာပြည်သူတွေရဲ့ မြစ်ဆုံ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုတွေကို အခုလို နှိမ့်ချ စော်ကားထားတာ တွေ့ရပါတယ်။ သူတစ်ပါး နိုင်ငံရဲ့ အသက်သွေးကြောကို ဖျက်ဆီးပြီး ကိုယ်ကျိုးရှာချင်တဲ့ သူတွေက ကိုယ့်အမိမြေနဲ့ နောင်လာ နောက်သားတွေအတွက် ကာကွယ် စောင့်ရှောက်ချင်တဲ့ သူတွေကို အခုလို စော်ကားခွင့် ရနေတာ ခံပြင်းစရာပါ။ သူပြောတဲ့ တရုတ်နိုင်ငံထဲမှာ တည်ဆောက်နေတဲ့ ရေအား လျှပ်စစ်စက်ရုံ ဆိုတာဟာ တရုတ်ပြည်သူတွေနဲ့ တရုတ်နိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က မြစ်ဆုံမှာ လာဆောက်မယ့် စီမံကိန်းကတော့ ထွက်ရှိလာမယ့် လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့ရမှာပါ။ မိမိတို့နိုင်ငံရဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ကို စတေးပြီး အကျိုးအမြတ် အားလုံးနီးပါးကို တရုတ်နိုင်ငံက ရယူသွားမယ့် အခြေအနေပါ။ ဒါတင်မက ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနဲ့ ဂေဟစနစ် တစ်ခုလုံးရဲ့ အဓိက အသက်သွေးကြောဖြစ်ပါတယ်။ မြစ်ဆုံလိုမျိုး ရေဝေရေလဲ သန္ဓေတည်ရာ ဒေသမှာ ရေကာတာကြီးတစ်ခု ပိတ်ဆောက်လိုက်ရင် အောက်ဘက် မြစ်ကြောင်းတစ်လျှောက်က မြစ်ရေစီးဆင်းမှု လျော့ကျတာ၊ နုံးမြေပို့ချမှု ပြောင်းလဲတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေဟာ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။ ဆည်ကျိုးမယ့် အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ မြစ်ဆုံစီမံကိန်းဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ အလွန်နီးကပ်စွာ တည်ရှိနေပါတယ်။ အကယ်၍ ငလျင်ကြောင့်ဖြစ်စေ၊ သဘာဝဘေးကြောင့်ဖြစ်စေ ဆည်ကျိုးကျခဲ့ရင် မြစ်ကြီးနားမြို့ အပါအဝင် မြို့ရွာများစွာနဲ့ ပြည်သူသိန်းသန်းချီရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ရေအောက် ရောက်သွားမယ့် အန္တရာယ်က အလွန်ကြီးမားပါတယ်။ ဘယ်တရုတ် ကုမ္ပဏီကမှ ဒီအသက်ပေါင်းများစွာအတွက် အာမခံချက် မပေးနိုင်ပါ။ တရုတ်မှာ စီမံကိန်းတွေကို အင်တိုက်အားတိုက် လုပ် နိုင်တယ်ဆိုတာ ပြည်သူလူထုက ကန့်ကွက်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် မရှိတာကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ မိမိတို့နိုင်ငံရဲ့ ကံကြမ္မာ၊ မိမိတို့ရဲ့ သယံဇာတတွေကို အာဏာရှင်အစိုးရ အဆက်ဆက် လက်သိပ်ထိုး ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ အဆုံးရှုံး မခံနိုင်ပါ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု မဟုတ်ဘဲ အချုပ်အခြာ အာဏာ ထိပါးခံရမှုနဲ့ ကိုယ့်နိုင်ငံကို သွေးစုပ် ခြယ်လှယ် ခံရမှု ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျရတဲ့ အဓိက အကြောင်းရင်းဟာ ဆည်မဆောက်လို့၊ လျှပ်စစ်မီး မရလို့ ဆိုတာထက် အများကြီး ပိုတယ်ဆိုတာ တရုတ်အစိုးရ ကိုယ်တိုင် ကောင်းကောင်း သိပါတယ်။ သူတစ်ပါးအိမ်ကို ဖျက်ပြီး ကိုယ့်အိမ် ကြီးပွါးရေးကိုပဲ ကြည့်တဲ့ တွေးခေါ်ပုံနဲ့ မိမိတို့ရဲ့ အမိမြေကို ကာကွယ်လိုတဲ့ တွေးခေါ်ပုံ ကတော့ တရုတ်လော်ဘီမ ပြောတဲ့အတိုင်း မိုးနှင့်မြေလို ကွာခြားနေမှာ ကတော့ အသေအချာပါပဲ။
без подписи
ခုရက်ပိုင်း သတင်းလေးတွေ ကောင်းလို့ စာရေးချင် စိတ်လေး ပြန်ဖြစ်လာရော။ အဓိက ကတော့ AA ရဲ့ စစ်တွေမြို့ကို ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ ပုံစံ၊ KIA ရဲ့ အင်းတော်ကြီးဒေသ ထိုးစစ်၊ KNLA ရဲ့ မြဝတီတောင်ဘက်က တိုက်ပွဲတွေနဲ့ အလယ်ပိုင်းက PDF တပ်တွေ ပျောက်ကျား စစ်ဆင်ရေးတွေကြောင့်ပါပဲ။ အကြမ်းဖက် စစ်တပ်ဟာ နေရာတစ်နေရာ တည်းကို အင်အားစုပြုံပြီး အခိုင်အမာ ခုခံနိုင်စွမ်း မရှိဘဲ စစ်မျက်နှာ ပေါင်းစုံအတွက် အင်အားကို ဖြန့်ခွဲသုံးစွဲနေရတာ တွေ့ရတယ်။ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်ရေး ဗျူဟာကျ ဒေသတွေမှာ ရှေ့တန်း ကာကင်းစခန်းတွေ၊ မြေပြင်တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု တော်တော် များနေတယ်။ မြဝတီနားက ရဲကုန်းမှာ စကခ (၁၃) လက်အောက်ခံ စစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းခံရခြင်းက Ground Offensive Capability သိသိသာသာ ကျဆင်းလာတာကို ပြသနေတယ်။ ဒါကြောင့် Y-12 နဲ့ ဂျက်ဖိုက်တာတွေရဲ့ လေကြောင်း ပစ်ကူကို အလွန်အကျွံ မှီခိုလာရတယ်။ လေကြောင်းဆိုတာက ဟန့်တားရေးနဲ့ ဖျက်ဆီးရေးအတွက်ပဲ အသုံးဝင်ပြီး Territorial Control အတွက် တော့ အလုပ်မဖြစ်ပါဘူး။ မြေပြင်လမ်းကြောင်းတွေ အကြိမ်ကြိမ် ဖြတ်တောက် တိုက်ခိုက် ခံရလို့ စစ်တပ်ဟာ ရေကြောင်းနဲ့ လေကြောင်း ထောက်ပို့ကိုပဲ အဓိက အားထားနေရတယ်။ အဲဒီထဲက ဟုမ္မလင်းအထိ ဆန်တက်တဲ့ စစ်သင်္ဘော အုပ်စုကို ကို ကြားဖြတ်တိုက်ခိုက်ခံရပြီး သင်္ဘောတစ်စီး နစ်မြုပ်ကာ ထောက်ပို့မော်တော် တစ်စီးကိုလည်း တော်လှန်ရေး ဘက်က အကောင်းအတိုင်း ရလိုက်တယ်။ ထောက်ပို့ယန္တရား ပြတ်တောက်ရင် ရှေ့တန်း စစ်မျက်နှာက တပ်ဖွဲ့တွေရဲ့ ရပ်တည်နိုင်စွမ်းကို တိုက်ရိုက် ထိခိုက်စေပါလိမ့်မယ်။ NUG ရဲ့ အတည်ပြု ထုတ်ပြန်ချက်အရ တစ်လအတွင်း PDF တပ်တွေနဲ့ တိုက်ခိုက်မှု တမျိုးတည်းမှာတင် အကြမ်းဖက် စစ်တပ်ဘက်က အရာရှိအပါအဝင် ၆၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ ကိန်းဂဏန်းက မနည်းလှတဲ့ ပမာဏပါ။ စစ်တပ်ဟာ Manpower Crisis ကြောင့် စစ်မှုထမ်း ဥပဒေနဲ့ ပေါ်တာ ဆွဲတာအပြင် SNA၊ BGF၊ DKBA ခွဲထွက်နဲ့ ပျူတွေလို Proxy တွေကို ရှေ့တန်းမှာ ပိုသုံးလာရတယ်။ ဒါပေမယ့် ဒီလိုအဖွဲ့တွေနဲ့က ပေါင်းစပ်ကွပ်ကဲမှု အားနည်းတာကြောင့် ကိုယ့်လူကိုယ် လေကြောင်းက မှားယွင်းဗုံးကြဲမိတာမျိုးလို ဖြစ်ရပ်မျိုး တွေပါ တွေ့ရတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လက်နက် တပ်ဆင်နိုင်မှုနဲ့ စစ်ဆင်ရေး ဖော်ဆောင်နိုင်မှု စွမ်းရည်ကလည်း သိသိသာသာ တိုးတက်လာနေတယ်။ FPV ဒရုန်းတွေကို တော်တော်လေး ထိထိရောက်ရောက် သုံးလာသလို ရေကြောင်း တိုက်ခိုက်ရေး အတွက် နည်းပညာ တွေလည်း တိုးတက် လာနေတယ်။ တချိန်တည်းမှာပဲ AA က စစ်တွေကို ဝန်းရံပိတ်ဆို့ထားတဲ့ Siege Warfare က တော်တော်လေး ကောင်းတာ တွေ့မြင်ရတယ်။ တော်လှန်ရေး တပ်တွေ အတုယူရမယ့် ဂန္ထဝင် စစ်ရေး နည်းဗျူဟာပါပဲ။ စစ်ပွဲတစ်ခုရဲ့ သဘောသဘာဝအရ မြေပြင်မှာ အတက်အကျ၊ အရှုံးအနိုင်တွေ အပြန်အလှန် ရှိနိုင်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးကိန်းဂဏန်းတွေနဲ့ မဟာဗျူဟာ အခင်းအကျင်းတွေကို တွက်ချက်ကြည့်ရင် ဒီစစ်ပွဲမှာ တော်လှန်ရေး အင်အားစုတွေကပဲ အနိုင်ရဖို့ အကြောင်းတရားတွေ အများကြီး ရှိနေပါတယ်။ အဓိက ကတော့ အကြမ်းဖက် စစ်တပ်ဟာ ကျယ်ပြန့်လွန်းတဲ့ စစ်မျက်နှာပေါင်းစုံကို ဖြန့်ခွဲခုခံနေရလို့ အင်အား ပြုန်းတီးမှုနှုန်းမှာ ပြန်ဖြည့်တင်းနိုင်စွမ်းထက် ကျော်လွန်နေတာပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထောက်ပို့စနစ်နဲ့ သယံဇာတ ထုတ်ယူနိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်တွေက ဖြတ်တောက် ထိန်းချုပ်လာနိုင်တာ ကလည်း အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ လေကြောင်းပစ်ကူက ယာယီအားဖြင့် နယ်မြေ မဆုံးရှုံးအောင် ထိန်းထားနိုင် ပေမယ့် ဝင်ငွေစီးဆင်းမှု ပြတ်တောက်ရင်၊ ထောက်ပို့ယန္တရား ပြိုကွဲရင်၊ လူအင်အားကို အတင်းအကျပ် စုဆောင်းရလို့ တိုက်ခိုက်ရေး စွမ်းရည် မရှိရင် အချိန်ကြာလာတာနဲ့အမျှ စစ်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေး အင်အားစုတွေဘက်ကိုပဲ သိသိသာသာ အလေးသာသွားပါလိမ့်မယ်။
без подписи
◾️ SCEF က စစ်ကောင်စီကို သံတမန်ရေး အရ အသာစီး ရယူနိုင်ခဲ့သလား ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးမှု တွေမှာ ဖက်ဒရယ် ဦးဆောင် ကောင်စီ (SCEF) နဲ့ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီနဲ့ သံတမန်ရေးရာ စစ်မျက်နှာမှာ ဘယ်သူ အသာစီး ရယူနိုင်ခဲ့သလဲ ဆိုတာ လေ့လာကြည့်မိ ပါတယ်။ တကယ်တော့ ဒီပွဲဟာ စကစအနေနဲ့ ထိုင်းအစိုးရရဲ့ အကူအညီနဲ့ အာဆီယံကို တွေ့ဆုံ ဆွေးနွေးဖို့၊ နိုင်ငံတကာမှာ တရားဝင်မှု (Legitimacy) ပြန်ရဖို့နဲ့ စစ်ရေး အကျပ်အတည်းကနေ ထွက်ပေါက် ရှာဖို့ ကြိုးစားခဲ့တဲ့ ပွဲပါ။ ဒါပေမယ့် တကယ်တမ်း ရလဒ်ကောင်းတွေ ပိုရခဲ့တာက SCEF နဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေ ဖြစ်ခဲ့ပါတယ်။ စကစရဲ့ အကြီးဆုံး အမှားက ဒီပွဲ မတိုင်ခင် သူတို့ရဲ့ လွှတ်တော် အတုကြီးထဲမှာ မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူထားခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်(5PC) ကို "အာဆီယံ၏ ဝင်ရောက်စွက်ဖက်မှု" လို့ ခေါင်းစဉ်တပ်ပြီး ပယ်ချဖို့ ဆွေးနွေးခဲ့တာကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုရဲ့ ယုံကြည်မှုကို မရခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ SCEF က ရန်သူ့ရဲ့ ခြေလှမ်းအမှားကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး 5PC ကို မငြင်းပယ်ဘဲ ကြေညာချက် သက်သက်ထက် "လက်တွေ့ အကောင်အထည်ဖော်ဖို့" အာဆီယံကို ပြန်လည် တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ ဒါက SCEF ဟာ တာဝန်ယူမှုရှိတဲ့ နိုင်ငံရေး ဆွေးနွေးဖက် တစ်ရပ်လို့ အာဆီယံက မြင်လာအောင် ပုံဖော် နိုင်ခဲ့သလို စကစကိုတော့ ကတိဖျက်တဲ့သူ အဖြစ် ပိုပေါ်လွင် စေခဲ့ပါတယ်။ နောက်တစ်ချက်က ထိုင်းနိုင်ငံဟာ အကျိုးစီးပွါးတွေကို ရှေ့တန်း တင်ပြီး စကစဘက်ကို သိသိသာသာ ယိမ်းခဲ့တာ၊ အစောပိုင်းမှာ NUG ကို တမင် ဖယ်ချန်ထားခဲ့တာတွေ ပြုလုပ်ချိန်မှာ SCEF က မူဝါဒ ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။ "ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံ သားများသာ ပိုင်ဆိုင်ရမည်" ဆိုတဲ့ ကြေညာချက်က တော်လှန်ရေး အင်အားစုတွေကို Divide and Rule ပုံစံမျိုး လုပ်တာကို လက်မခံကြောင်း အသိပေး ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး အခုလို တွေ့ဆုံတာတွေဟာ "စစ်အုပ်စုနဲ့ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ခြင်းမဟုတ်" ဆိုပြီး SCEF က တိတိကျကျ ကြေညာခဲ့တယ်။ စကစဘက်က တကယ် နိုင်ငံရေး ဆန္ဒရှိတယ် ဆိုရင် အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှု ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတာတွေ ရှိရမယ်လို့ ထောက်ပြခဲ့ပြီး စကစရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေက ဟန်ပြသက်သက် ဆိုတာကို ရှင်းရှင်းလင်းလင်း ပေါ်လွင် စေခဲ့တယ်။ စကစက သူတို့သာလျှင် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အစိုးရလို့ ပုံဖော်နေချိန်မှာ SCEF က အုပ်ချုပ်ရေးယန္တရားဟာ နေပြည်တော် တစ်ခုတည်းမှာ မရှိတော့ဘဲ နယ်မြေအများအပြားကို တိုင်းရင်းသားအဖွဲ့အစည်းတွေက အုပ်ချုပ်နေပြီ ဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စကစ တစ်ခုတည်းကိုသာ ဆက်ဆံနေလို့ မရဘဲ တော်လှန်ရေး အင်အားစုတွေကိုပါ တရားဝင် အာဏာပိုင်တွေအဖြစ် မလွှဲမသွေ ထိတွေ့ဆက်ဆံရမှာ ဖြစ်ကြောင်း အသိပေး ခဲ့တယ်။ အရေးအကြီးဆုံး အချက်က မြန်မာ့တော်လှန်ရေးအင်အားစုတွေဟာ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ အမြင်ကို SCEF က ချေဖျက်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ အနေနဲ့ တော်လှန်ရေး အဖွဲ့တွေကို သီးခြားစီ မဆက်ဆံဘဲ တစ်စုတစ်စည်းတည်း Collectively တွေ့ဆုံဖို့ SCEF က တောင်းဆိုခဲ့ပြီး တော်လှန်ရေး အင်အားစုတွေအကြား နိုင်ငံရေးနဲ့ စစ်ရေး ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နေပါတယ် ဆိုတာကို နိုင်ငံတကာ သိအောင် ကြေညာ ခဲ့ပါတယ်။ အချုပ် ပြောရရင်တော့ ဒီပွဲဟာ မင်းအောင်လှိူင်က သူ့အတွက် လူရာဝင်ဖို့ အခွင့်အလမ်းလို့ အပိုင်တွက်ပြီး ထိုင်းရဲ့ အကူအညီနဲ့ ချည်ပြီး တုပ်ပြီး လုပ်ခဲ့တာ ဖြစ်ပေမယ့် မထင်မှတ်ဘဲ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှု ပိုကောင်းအောင်၊ အာဆီယံနဲ့ ပိုပြီး နီးကပ်သွားအောင် တွန်းပို့လိုက်သလို ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။
без подписи
ရခိုင်မှာ AA ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ကစလို့ မြို့နယ် ၇ ခုလောက်မှာ လူတစ်သိန်းလောက် ရေဘေးသင့်နေတယ်။ ရခိုင်ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကို ခံနေရချိန်မှာ ထုံးစံအတိုင်း သွေးခွဲဖို့ ချောင်းနေတဲ့ စစ်ခွေး လော်ဘီတွေရဲ့ ဝါဒဖြန့် ပို့စ်တွေ လိုင်းပေါ်မှာ တွေ့နေရတယ်။ သူတို့ရဲ့ ရေးတာတွေကို ဖတ်ကြည့်ရင် စဉ်းစားတတ်တဲ့ သူတိုင်း ခွက်ထိုးခွက်လန် ရယ်ရမယ့် စာတွေပါပဲ။ AA က သူတို့ စခတွေကို သတ်ထားလို့ ခုလို ကပ်ဘေးကြုံရတာ၊ အရင်လို ဗမာတွေ ဆီက အကူအညီတွေ မရနိုင်တော့ဘူး၊ ခုလိုဖြစ်တာ ဝမ်းသာတယ် စသဖြင့် ပေါက်ပန်းစျေးတွေ လျှောက်ရေးနေကြတာ။ ရခိုင်မှာ မပြောနဲ့ ဗမာ အများစုနေတဲ့ စစ်ကိုင်း ငလျင် တုန်းတောင် ဘာတစ်ခုမှ ထိထိရောက်ရောက် မကူညီတဲ့အပြင် ငလျင်အတွက် ပေးတဲ့ နိုင်ငံတကာ အကူအညီတွေကိုတောင် ပြည်သူတွေကို သတ်ဖို့ စစ်တိုက်တဲ့ နေရာမှာ သုံးခဲ့တဲ့ ကောင်တွေက အခုလိုတွေ ရေးနေ ကြတာ ရယ်စရာ မကောင်းဘူးလား။ တကယ်တော့ သူတို့ အခုလို အသည်းအသန်တွေ သွေးခွဲနေတာက အကြောင်း ရှိပါတယ်။ လတ်တလော သူတို့ အကြောက်ဆုံးက ပြည်မက ဗမာ တော်လှန်ရေး အင်အားစုတွေနဲ့ ရခိုင် တော်လှန်ရေးတပ် သွေးစည်း ညီညွတ်မှု ပိုကောင်းလာမှာကိုပါ။ လက်ရှိ မြေပြင်အခြေအနေကို သေချာကြည့်ရင် AA ဟာ ရခိုင်ပြည် ထဲမှာတင် တိုက်နေတာ မဟုတ်ပါဘူး။ ပြည်မက PDF တွေ၊ တခြား ဗမာ တော်လှန်ရေး အင်အားစုတွေနဲ့ပါ မဟာမိတ်ဖွဲ့ပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေအထိ ထိထိရောက်ရောက် ထိုးစစ်ဆင်ပြီး စခန်းတွေ သိမ်းနေတာကို စစ်တပ် ဘက်တော်သားတွေ တော်တော် နာကျင်နေတာပါ။ စစ်မြေပြင်မှာ စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ရပြီး အရှုံးကြီး ရှုံးနေတဲ့ စစ်တပ်အတွက် တစ်ခုတည်းသော ထွက်ပေါက်က အဆက်ဆက် သုံးလာခဲ့တဲ့ Divide & Rule သီအိုရီပါပဲ။ ရခိုင်တွေ ဒုက္ခရောက်ချိန်မှာ ပြည်မက ဗမာတွေ မကူညီဘူးလို့ ထင်ယောင် ထင်မှားဖြစ်အောင် ပုံဖော်မယ်။ ရခိုင်နဲ့ ဗမာကြား အမုန်းတရားတွေ ပွားလာအောင် မြှောက်ပေးမယ်။ ဒါဆို သူတို့ သက်သာရာ ရမယ်လို့ တွက်နေတာပါ။ စခလော်ဘီတွေက သူတို့မကူရင်ပဲ ရခိုင်တွေ ဒုက္ခ ရောက်တော့မယောင် ပြောနေပေမယ့် တကယ်တော့ ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်တပ်ဟာ မိုခါမုန်တိုင်းတုန်းကလည်း ဘာမှ ထိထိရောက်ရောက် လုပ်မပေးခဲ့ပါဘူး။ မြေပြင်မှာ တကယ်တမ်း ကူညီကယ်ဆယ်နေတာက ULA/AA နဲ့ ဒေသခံ ပရဟိတအဖွဲ့တွေသာ ဖြစ်ပါတယ်။ ရခိုင်ဆိုတာ ပင်လယ်ကမ်းမြောင်ဒေသဖြစ်လို့ ရေကြီးတာ၊ မုန်တိုင်းလာတာတွေဟာ သူတို့အတွက် အသစ်အဆန်း မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်စွာ ဖြတ်ကျော်နေကြတာပါ။ ကမ္ဘာမှာ လူမဆန်ဆုံးနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်ကို ထောက်ခံနေသူတွေဆီက အကူအညီကို ရခိုင်တွေက တောင်းလည်း မတောင်းသလို၊ ယူဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါကြောင့် စခလော်ဘီတွေရဲ့ သွေးခွဲတဲ့ narrative ဆတွေကို မေ့ထားပြီး လက်ရှိ တော်လှန်ရေးမှာ ဘယ်သူတွေက မဟာမိတ်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ပဲ လိုပါတယ်။ရခိုင်နဲ့ ဗမာဟာ ရန်သူတွေ မဟုတ်ပါဘူး။ တူညီတဲ့ ဘုံရန်သူကို အတူတကွ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး မဟာမိတ်တွေသာ ဖြစ်ပါတယ်။ စခ လော်ဘီတွေရဲ့ ဝါဒဖြန့်မှုတွေဟာ သူတို့ဘယ်လောက် အရှုံးပေါ်ပြီး အကြပ်ရိုက် နေသလဲဆိုတာကို ပြသနေတဲ့ သက်သေပါပဲ။ သဘာဝဘေးကြောင့် ဖြစ်လာတဲ့ ရေက အချိန်တန်ရင် ကျသွားမှာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အမုန်းတရား သွေးခွဲမှုတွေကိုတော့ ကျွန်တော်တို့ အားလုံး သတိကြီးကြီးထားပြီး အသိဉာဏ်နဲ့ ဆက်လက် တွန်းလှန် သွားကြရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ရေဘေး ကယ်ဆယ်ရေး လုပ်နေသော AA တပ်ဖွဲ့ဝင်များနှင့် ရခိုင် ပရဟိတ အဖွဲ့များ
без подписи
◾️ စစ်မှုထမ်း အရှိန်ကုန်ချိန်မှာ အကျဘက် ပြန်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့တဲ့ စစ်မှုထမ်း ဥပဒေနဲ့ တနိုင်ငံလုံးအနှံံ့ အတင်းအကျပ် ပေါ်တာဆွဲခဲ့တဲ့ လုပ်ရပ်တွေကြောင့် လိုအပ်တဲ့ လူအင်အား ပြန်ရလာပြီး တော်လှန်ရေး တပ်တွေ အသိမ်းခံထားရတဲ့ နယ်မြေ အနည်းငယ်ကို ပြန်ပြီး ဖဲ့ယူနိုင်ခဲ့တယ်။ ဒါ့အပြင် ဒရုန်း နည်းပညာနဲ့ စက်တပ် လေထီး၊ ဂျိုင်ရိုကော်ပတာတွေ တိုးချဲ့နိုင်ခဲ့လို့ စစ်မြေပြင်မှာ ဗျူဟာသစ်တွေ ပိုသုံးလာနိုင်တယ်။ ဒါပေမယ့် အဲဒီ အားသာချက် တွေဟာ အချိန် အတိုင်းအတာ တစ်ခုသာ အလုပ်ဖြစ်ခဲ့ပြီး အရှိန်ကုန် လာတဲ့ အချိန်မှာ အကျပိုင်းကို ရောက်လာတာ မြင်တွေ့ရတယ်။ အဓိက ကတော့ သိမ်းလိုက်တဲ့ နယ်မြေတွေမှာ အချိန်မရွေး ပြန်သိမ်းခံရနိုင်တဲ့ အန္တရာယ် ရှိနေလို့ အင်အားတွေ ထုတ်နုတ်ပြီး ထိန်းသိမ်း နေရတာပါ။ တချို့ နယ်တွေမှာ မြို့ပေါ် ကွက်ကွက်လေး ဝင်စီးပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်ထားတာ ဖြစ်လို့ ပတ်လည်က ရွာတွေမှာ တော်လှန်ရေး တပ်တွေက တိုက်ဖို့အသင့် အနေအထားနဲ့ ရှိနေကြတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ၂၀၂၄ ဧပြီက စခဲ့တဲ့ စစ်မှုထမ်း ဥပဒေဟာ အခုဆို ၂ နှစ် ကျော်လာပြီ ဖြစ်ပါတယ်။ စစ်မှုထမ်း ကာလ ၂ နှစ်လို့ သတ်မှတ်ထားတဲ့ အတွက် အခုဆို ပထမဆုံးနှစ်မှာ စုထားတဲ့ တပ်သားသစ်တွေ ပြန်လွှတ် ရပါမယ်။ နောက်လူတွေ ထပ်မရတော့မှာ စိုးလို့ တချို့ကို ထွက်ခွင့် ပြုပေမယ့် သူတို့ ဥပဒေအရ ၅ နှစ် အထိ ဆက်ခေါ်ထားခွင့် ရှိလို့ ဖိအားပေးပြီး ဆွဲထားတဲ့ သူတွေ၊ သေလို့ ပြန်မလာနိုင်တော့တဲ့ သူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် စစ်မှုထမ်း ပါသွားတဲ့သူ တစ်ဝက်တောင် အရပ်ထဲ ပြန်မရောက်လာပါဘူး။ ဒါကြောင့် စကစဟာ လက်ရှိမှာ အင်အားတိုးဖို့ထက် ရှိတဲ့အင်အား မလျော့အောင် အသည်းအသန် လုပ်နေရတဲ့ အခြေအနေပါ။ စစ်ကောင်စီဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းနဲ့ ရခိုင် ပြည်နယ်တွေ အပြင် ရန်ကုန်တိုင်းက လွဲလို့ တခြား တိုင်း ၆ တိုင်းစလုံးမှာ တိုက်ပွဲတွေ တိုက်နေရပါတယ်။ ဒါကြောင့် တနိုင်ငံလုံးအနှံ့ စစ်မျက်နှာတွေ ဖွင့်ထားရပြီး စစ်ရေးအတွေ့အကြုံ မရှိတဲ့ စစ်မှုထမ်းသစ်တွေ အတုန်းအရုန်း ကျဆုံးကုန်မှုကြောင့် အကြီးအကျယ် အင်အားပြုန်းတီးနေပါတယ်။ နေရာနဲ့ အတိအကျ ပြောရရင် ရခိုင်စစ်မျက်နှာမှာ သိမ်းခံထားရတဲ့ မြို့တွေ ပြန်ရဖို့ တစ်နှစ်ခွဲလောက် ထိုးစစ် ဆင်နေပေမယ့် မထူးခြားလာတဲ့ အပြင် လက်ကျန် စစ်တွေနဲ့ ကျောက်ဖြူ မြို့တွေကိုပါ AA ရဲ့ ခြိမ်းခြောက် မှုကို အကြီးအကျယ် ခံနေရပါတယ်။ AA နဲ့ ပူးပေါင်း တပ်တွေဟာ ရခိုင်ပြည်နယ် အပြင်ထိ ထွက်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲက စစ်ကောင်စီ စခန်းတွေ၊ ကပစ စက်ရုံတွေကိုပါ တနေ့ထက် တနေ့ ပိုပိုပြီး ခြိမ်းခြောက် လာနေပါတယ်။ ရခိုင်ကို တိုက်ဖို့ ချင်းဘက်ကနေ တိုးပြန်တော့လည်း ထန်တလန်ကနေ ရှေ့ဆက် မတိုးနိုင်တော့ဘဲ ကန်ပက်လက်နဲ့ မင်းတပ်မှာ အလှူလို အကျအဆုံး များနေပါတယ်။ ကချင်မှာလည်း ဖားကန့်ကနေ ရှေ့မဆက် နိုင်သလို ရွှေကူကို ထိုးစစ်ဆင်လာတဲ့ စကခ (၄) ကလည်း အကြိမ်ကြိမ် ဖြတ်တိုက်ခံရလို့ စကခမှူးကိုယ်တိုင် ဒဏ်ရာနဲ့ နောက်တန်း ပြန်ပို့ထားရပါတယ်။ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်ဘက် တွေမှာလည်း ကြားဖြတ် ပျောက်ကျား တိုက်ခိုက်မှုတွေကြောင့် အဓိက Logistics လမ်းကြောင်းတွေ ပြတ်တောက် ကုန်ပါတယ်။ ကရင်မှာ ဝေါလေကုန်းက အဝိုင်းခံထားရတဲ့ စကစ တပ်တွေကို စစ်ကူပို့ဖို့ လုပ်ရင်း မင်းလက်ပံ ဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်နေတယ်။ မြေပြင်က ရဲဘော်တွေ ပြောပုံ အရတော့ ပစ အသစ်တွေ တသုတ်ပြီး တသုတ် အတုန်းအရုန်း သေနေလို့ အလောင်း ကောက်ဖို့တောင် တိုက်ပွဲ ခဏ ခဏ ရပ်ပေးနေရတယ်လို့ ဆိုတယ်။ ကရင်နီ ဘက်မှာလည်း မြို့ပေါ် ကွက်ကွက်လေးပဲ ထိန်းထား နိုင်သလို တင်္နသာရီဘက်မှာလည်း စစ်ရေး အရှိန် မြင့်နေတယ်။ ဧရာဝတီရဲ့ ဆောင်းပါး တစ်ပုဒ်အရ လက်ရှိမှာ စစ် ကောင်စီရဲ့ ၁၁/၂၂/၃၃/၄၄/၅၅/၆၆/၇၇/၈၈/၉၉/၁၀၁ ဆိုတဲ့ တပ်မ (၁၀) ခုစလုံးဟာ စစ်မျက်နှာ အသီးသီးမှာ ပိတ်မိနေပြီး အနားရတဲ့ အခြေအနေ လုံးဝမရှိတော့ပါဘူး။ စကခ ၂၀ ရှိတဲ့အနက် ၁၅ ခုဟာ ရှေ့တန်းမှာ အသေအလဲ စစ်ဆင်ရေး ဝင်နေရပြီး ပြိုလဲသွားတဲ့ စကခ ၁၆ ကို လားရှိုးမှာ အခုမှ ပြန်ဖွဲ့ နေရတယ်။ စကခ ၅ (တောင်ကုတ်)၊ စကခ ၉ (ကျောက်တော်)နဲ့ စကခ ၁၅ (ဘူးသီးတောင်) တွေကိုတော့ လုံးဝ ပြန်မဖွဲ့ နိုင်တော့ပါဘူး။ ၂၀၂၄ ကစပြီး အတင်းအကျပ် စုဆောင်းထားတဲ့ စကစရဲ့ မြေပြင်အင်အားတွေကို အခုဆို အကုန်လုံး ထုတ်သုံးပြီးသွားပြီလို့ ဆိုရမယ်။ အနားပေး ထားတဲ့ အရန်အင်အား မရှိသလောက် ဖြစ်နေပြီး စစ်မှုထမ်း ဥပဒေနဲ့ ခေါ်ထားတဲ့ သူတွေကလည်း အချိန်တန်လို့ ထွက်ခွင့် မရရင် ပြဿနာ ရှိလာပါလိမ့်မယ်။ အခုတောင် တပ်သားသစ်တွေက တပ်ရင်းမှူးကို သတ်ပြီး ထွက်ပြေးတဲ့ သတင်းမျိုး ကြားခဲ့ရပြီ။ တိုက်ရည် ခိုက်ရည် တက်လာတဲ့ တော်လှန်ရေးတပ် တွေကလည်း စစ်ကြောင်းပါ ပြုတ်အောင် ချေမှုန်းတာတွေ ရှိလာလို့ စစ်ကောင်စီဟာ အကျဘက်ကို ပြန်ရောက်လာနေပြီလို့ ဆိုရပါမယ်။
без подписи
ဒီရက်ပိုင်း အလုပ်လေး နည်းနည်း ရှုပ်နေတာရော၊ တချို့ စိတ်ရှုပ်စရာတွေ သိပ်မဖတ်ချင်လို့ လိုင်းပေါ် မတက်ဖြစ် တာကြောင့်ရော ရေးနေကျ နိုင်ငံရေး စစ်ရေး သုံးသပ်ချက်လေးတွေ မရေးဖြစ်တာ ကြာပါပြီ။ ဒါပေမယ့် ဒီရက်ပိုင်း စစ်ရေး ထူးခြားမှုတွေနဲ့ သတင်းကောင်း လေးတွေလည်း ခပ်စိတ်စိတ် မြင်ရလို့ မိတ်ဆွေတွေ ဝမ်းသာရအောင် မျှဝေ ပေးလိုက်ပါတယ်။ ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ ရန်သူကို စိတ်ဓာတ်ရေးရာ အထိုးနှက်နိုင်ဆုံး သတင်းကို ပြောပါဆိုရင် အဓမ္မ စစ်သား စုဆောင်းခံရတဲ့ လူငယ်က ဖာပွန်၊ ကမမောင်းမှာ စခ တပ်ရင်းမှူးကို လုပ်ကြံ သတ်ဖြတ်ပြီး KNLA ထံ လက်နက် အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ သတင်းပါပဲ။ ကွပ်မျက် ခံရတော့မယ့် တပ်ပြေး ၂ ဦးကို ကယ်တင်ဖို့ ရုပ်ရှင်ဆန်ဆန် စွန့်စွန့်စားစား လုပ်ဆောင်ခဲ့တာက တခြား အဓမ္မ စစ်မှုထမ်း ပါလာတဲ့ သူတွေ အတွက်ပါ အချက်ပေး ခေါင်းလောင်းသံလိုပါပဲ။ KNLA ဟာ မြဝတီ တောင်ဘက်ခြမ်း မှာလည်း DKBA ဗိုလ်ဘိအဖွဲ့ နဲ့ BGF ဗိုလ်မုတ်သုန်အဖွဲ့ အပါအဝင် စခ အင်အား ၁၀၀၀ လောက်နဲ့ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးတို့ ဘက်မှာ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် KNLA က အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းထားလို့ စခတွေ ရှေ့မတိုးရဲဘဲ တပ်မ (၂၇၅) ကနေ လက်နက်ကြီးနဲ့ သွေးတိုး စမ်းနေပါတယ်။ ဒီထိုးစစ်သာ လန်ကျသွားရင် မြဝတီမြို့ပါ အာမခံချက် မရှိတော့ဘူးလို့ ဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်ကို ကျော်ပြီး ဧရာဝတီတိုင်း ဘက်ကိုပါ ခြေဆန့်လာတဲ့ AA နဲ့ မဟာမိတ် တပ်ပေါင်းစုဟာ ရေကြည် မြို့နယ်ထဲက စခန်းကုန်း ၃ ခုကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရေကြည် အခြေစိုက် အမြောက်တပ် ၃၄၄ နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေက ထုတ်နုတ်အင်အား ၄၀၀ ကျော်နဲ့ ဂွမြို့နယ်ကို ဝင်ဖို့ လူလှိုင်းစစ်ဆင်ရေး လုပ်နေပေမယ့် AA က ပိတ်ဆို့ထား နိုင်တဲ့အပြင် တန်ပြန်ထိုးစစ်ပါ ဆင်နေတာပါ။ တဖက်မှာလည်း AA ဟာ ရခိုင်ပြည်နယ်တွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်တို့ကို ၂၀၂၇ မှာ အပြီးသတ် သိမ်းမယ်လို့ ရာဇသံ ပေးထားပြီး စစ်တွေမြို့အနီးက ရှေ့တန်းကာကင်းစခန်းတွေကို စတင်သိမ်းပိုက်နေပါပြီ။ အကြပ် တွေ့နေတဲ့ စကစတပ်ဟာ ရန်ကုန်ကလာတဲ့ ကုန်သင်္ဘော တွေပေါ်က ဆန်နဲ့ ရိက္ခာတွေကို တပ်တွင်းအတွက် အတင်းအဓမ္မ သိမ်းယူနေတာကြောင့် ဒေသခံတွေဟာ အဆမတန် ကြီးမြင့်တဲ့ ကုန်ဈေးနှုန်းဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ ကရင်နီမှာလည်း တော်လှန်ရေးတပ်ပေါင်းစု JOC (၁) က စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်တပ်ဟာ မိုးဗြဲကနေတစ်ဆင့် နန်းမယ်ခုံကို ပြန်လည်ထိန်းချုပ်ဖို့ လေကြောင်းကနေ ၈ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့ပေမယ့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရပါတယ်။ မေလနဲ့ ဇွန်လ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးခဲ့ပါသေးတယ်။ အညာဘက်မှာ FPV ဒရုန်းတွေနဲ့ တန်ပြန် တိုက်စစ်ဆင်နေတဲ့ ရုပ်သံမှတ်တမ်းတွေဟာ ယူကရိန်း-ရုရှား စစ်ပွဲကိုတောင် ပြေးသတိရစေပါတယ်။ မြိုင်မြို့နယ် စက်မှု (၂) အနီးမှာ တော်လှန်ရေး တပ်တွေ ပူးပေါင်းပြီး စစ်တပ်ရဲ့ Mi-17 ထောက်ပို့ရဟတ်ယာဉ်ကြီးကို ဒရုန်း ၂ စီးနဲ့ ဝင်တိုက်ခဲ့ပါတယ်။ ပထမဒရုန်းက ရဟတ်ယာဉ် အမြီးပိုင်းကို ဝင်တိုက်ပြီး၊ ဒုတိယဒရုန်းက အင်ဂျင်ဦးပိုင်းကို ထိုးစိုက်တိုက်ခိုက်ခဲ့လို့ ဒေါ်လာသန်းချီတန်တဲ့ ရဟတ်ယာဉ်ကြီး ပျက်စီးသွားခဲ့သလို အရာရှိအချို့အပါအဝင် စကစတပ်သား ၂၀ ခန့် သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ အမျိုးသမီးရဲဘော်တွေချည်း ဖွဲ့စည်းထားတဲ့ WITCH ဒရုန်းတပ်ဖွဲ့ကလည်း ချင်းပြည်နယ် ဖလမ်းဘက်မှာ အသေခံဒရုန်းတွေနဲ့ စစ်တပ်ကို အထိနာစေခဲ့ပါတယ်။ တော်လှန်ရေး တပ်တွေရဲ့ ဒရုန်းနည်းပညာဟာ စစ်တပ်ရဲ့ ဂျန်မာတွေကို ကျော်လွှားနိုင်တဲ့အဆင့် ရောက်နေပြီဖြစ်လို့ နည်းပညာစစ်ပွဲမှာ တစထက် တစ အသာစီးရ လာနေတဲ့ သဘောပါပဲ။ အရည်အသွေးရှိတဲ့ လူငယ်တွေ စိတ်ပါ လက်ပါ ကြိုးစားခဲ့တဲ့ ရလဒ်ပေါ့။ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို စစ်တပ်က မြေပြင်အင်အား အလုံးအရင်း၊ လေကြောင်းပစ်ကူ (တိုက်လေယာဉ်၊ Y12 လေယာဉ်) တွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲပြီး ထိုးစစ်ဆင်နေတာ တစ်လနီးပါး ရှိနေပါပြီ။ ဒါပေမယ့် ချင်းတော်လှန်ရေး တပ်တွေနဲ့ မဟာမိတ်တွေက ကြံ့ကြံ့ခံ ကာကွယ်နေဆဲ ဖြစ်ပါတယ်။ ကိုယ့်မြေ၊ ကိုယ့်အနာဂတ်ကို ကာကွယ်နေတဲ့ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားကို ဘယ်လေယာဉ်နဲ့မှ ဖြိုဖျက်လို့ မရနိုင်ပါဘူး။ အာဏာလု စစ်တပ်ဟာ စစ်မျက်နှာတိုင်းမှာ အင်အားပြုန်းတီးမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ နဲ့ နည်းပညာပိုင်းဆိုင်ရာ အရေးနိမ့်မှုတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။ အဓမ္မ စစ်မှုထမ်းခိုင်း ခံရတဲ့ လူငယ်တွေရဲ့ ပုန်ကန်မှုတွေ၊ ရိက္ခာအတွက် ပြည်သူကို ဓားပြတိုက်နေရတဲ့ ကိစ္စတွေ၊ နည်းပညာပိုင်းမှာ ကျရှုံးလာတာတွေဟာ တဖြည်းဖြည်း ပိုများလာနေပါတယ်။ သေချာတာတစ်ခုကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုတွေဟာ ဒီထက်ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိနေပါတယ်။
без подписи
ဒီရက်ပိုင်း သတင်းတွေ လေ့လာကြည့်ရင် သမ္မတရူး ခွေးပု တစ်ကောင် နေရာတကာ အရှက်တကွဲ အကျိုးနည်း ဖြစ်နေတာကိုပဲ နေ့တိုင်း တွေ့နေရတယ်။ အခု လောလော လတ်လတ် ရုရှားမှာလုပ်ဖို့ အာဆီယံ အထူးထိပ်သီး အစည်းအဝေးကို တက်ချင်လွန်းလို့ ရုရှား သံအမတ်ကိုပါ ခြေသလုံးဖက် တောင်းပန်ခဲ့ပေမယ့် အာဆီယံက သူ့ကို လူရာမသွင်းချင်လို့ ငြင်းလွှတ် လိုက်တယ်။ ခုတော့ အရှက်ပြေ တရုတ် ခရီးစဉ်ဆိုပြီး သွားလေရဲ့။ အဲလို သွားလို့လည်း တူတူတန်တန် ဆက်ဆံ ခံရသလား ဆိုတော့ အိန္ဒိယမှာ ဖြစ်ခဲ့တာပဲ ကြည့်လိုက်။ ရှေ့မှာ ဦးထင်ကျော် လာလာ၊ ဦးဝင်းမြင့် လာလာ၊ အမေစု လာလာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနား ကြိုခဲ့တဲ့ အိန္ဒိယက ခွေးပုကျတော့ မယားပါသားလေး ခိုင်းဖို့ ခေါ်တွေ့သလို ဝတ်ကျေတန်းကျေပဲ ဆက်ဆံခဲ့တယ်။ သူ့ခမြာ သမ္မတ ဖြစ်ချင်လွန်းလို့ ဘောင်းဘီချွတ်ပြီး ချိတ်ထမီ ဝတ်ပြ ပေမယ့် ခုချိန်ထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းမှာ သမ္မတက ဦးဝင်းမြင့်ပဲ။ သံတမန်က ဦးကျော်မိုးထွန်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ပြောင်းလဲသွားတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ နာမည်ပျက်စာရင်းမှာ မြောက်ကိုရီးယား၊ အီရန်တို့လို Blacklist ဖြစ်သွားတာပဲ။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ လက်နက်ခဲယမ်း အတွက် ဘဏ္ဍာငွေ အသုံးပြုမှုတွေကြောင့် တိုးမြှင့်စိစစ်ဖို့နဲ့ တန်ပြန်အရေးယူဖို့ FATF က တိုက်တွန်းထားတယ်။ အိမ်နီးချင်း ဗီယက်နမ်နဲ့ လာအိုတောင် Grey List ဖြစ်သွားတဲ့ အချိန်မှာ မြန်မာကတော့ ခွေးပု ကောင်းမှုနဲ့ အမှောင်ထုထဲ ပိုပိုရောက်သွားပြီ။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဂျီနီဗာမှာ လုပ်တဲ့ အလုပ်သမားညီလာခံ (ILC) မှာ မြန်မာစစ်တပ်ရဲ့ ကလေးသူငယ် အဓမ္မ စစ်မှုထမ်းစုဆောင်းမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို ပြင်းပြင်း ထန်ထန် ရှုံ့ချထားတယ်။ ကွန်ဗင်းရှင်း ပုဒ်မ ၈၇ နှင့် ပုဒ်မ ၂၉ ချိုးဖောက်နေမှုတွေ အတွက် စုံစမ်းစစ်ဆေးဖို့နဲ့ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ILO ညွှန်ချုပ်ထံ တင်ပြဖို့၊ နောက်ဆက်တွဲ အရေးယူမှုတွေ ဆက်လုပ်ဖို့တွေ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ဒုက္ခိတ ပျားတုပ် ဆိုသလိုပဲ နဂိုကမှ မရှိတဲ့စောင်ရှက်ကို Meta က ထပ်ခွဲပြန်တယ်။ စစ်တပ်ပိုင် Mytel ရဲ့ တိုင်းပြည်ဘဏ္ဍာ ကနေ မတရား ရယူထားတဲ့ ဒေါ်လာသန်းပေါင်း များစွာ အသုံးပြုပြီး ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့် အတွက် မူပိုင်ခွင့် ဝယ်ထားတဲ့ TV360 app Facebook page ကြီးကို Meta က အပြီး ဘန်းချပစ် လိုက်တယ်။ ကမ္ဘာ့ဖလားကို အသုံးချပြီး လူထု စိတ်ဝင်စားမှု ရယူဖို့နဲ့ ဝါဒဖြန့် ယန္တရား အဖြစ် အသက်သွင်းဖို့ လုပ်ထားတာတွေ တစိတ်တပိုင်း ပလုံသွားတဲ့ သဘောပေါ့။ ဒီမှာတင် မပြီးသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းတွေ အတွင်းမှာပဲ အမေရိကန် လွှတ်တော်၊ ဗြိတိန် လွှတ်တော်တွေ အပါအဝင် သိက္ခာရှိတဲ့ ကမ္ဘာ့ နိုင်ငံရေး အသိုင်းအဝိုင်း မှာလည်း အကြမ်းဖက် လုပ်ရပ်တွေ တစိုက်မတ်မတ် လုပ်နေတဲ့ မင်းအောင်လှိုင် ဓားပြတပ်နဲ့ ဆက်စပ် အဖွဲ့အစည်းတွေကို ထပ်မံ အရေးယူမှုတွေ လုပ်ဖို့ အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ခဲ့ကြတယ်။ သူတို့ရဲ့ ပိတ်ဆို့မှုတွေကို ဂရုမစိုက်ရင်တောင် ခွေးပုရဲ့ တရားဝင် အစိုးရဖြစ်ရေး အိပ်မက်ကတော့ ဆပ်ပြာ ပူဖောင်းလို ဖောက်ကနဲ ဖြစ်သွားတာပဲ။ ဒီလို ကမ္ဘာကြီးက မင်းအောင်လှိုင်ကို အဖက်မလုပ်ဘဲ ဖယ်ကြဉ် ထားတာဟာ ဟပ်ချလောင်း ဆိုပြီး ဒီအတိုင်း အလိုလို သဘောပေါက် နားလည်သွားလို့ မဟုတ်ပါဘူး။ ရက်ရှည်လများ အသက်၊ သွေး၊ ချွေး၊ ဘဝတွေပေးဆပ်ပြီး မဆုတ်မနစ် အံတုတိုက်ပွဲဝင် နေကြတဲ့ နွေဦး တော်လှန်ရေး အင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေ ကြောင့်သာ ဖြစ်ပါတယ်။ သူတို့သာ လက်လျှော့လိုက် မယ်ဆိုရင် စကစရဲ့ မတရားမှုတွေကို ကမ္ဘာကြီးက လျစ်လှူရှုပြီး ပုံမှန်ဆက်ဆံရေး ထူထောင်သွားမှာ အသေအချာပါပဲ။ မင်းအောင်လှိုင်ကို အစည်းအဝေး ခန်းမထဲ အဝင်မခံတာက စလို့ နာမည်ပျက်စာရင်း သွင်းတာ၊ အရေးယူဖို့ တောင်းဆို နေတာတွေအဆုံး သမိုင်းဝင် ဖြစ်ရပ်တွေဟာ ခင်ဗျားတို့ ကျွန်တော်တို့ လက်မလျှော့ ခဲ့ကြလို့ ဖြစ်လာတာပါ။ ဒါကြောင့် တော်လှန်ရေးမှာ ဘယ်သူတွေ လက်လျှော့သွားတာ ဖြစ်ဖြစ်၊ ဘက်ပြောင်းသွားတာ ဖြစ်ဖြစ် ကျန်နေတဲ့ သူတွေက မတရားမှုကို ခေါင်းငုံ့မခံဘဲ ဇွဲရှိရှိနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြဖို့ အရမ်းပဲ အရေးကြီး ပါတယ်။
без подписи
စစ်သတင်းဆိုတာ ကိုယ်လိုရာဆွဲပြီး ကောက်ချက်ချလို့ရတဲ့ သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်အထိ ဘယ်ဘက်ကမှ အပြတ်အသတ် အသာစီးရနေတာမျိုး မဟုတ်ဘဲ နှစ်ဖက်စစ်ရေး အပြန်အလှန် ဖြစ်နေတာ မို့လို့ပါ။ တချို့ ဗျူဟာမြောက် ဒေသတွေမှာဆိုရင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လူအင်အား၊ နယ်မြေစိုးမိုးမှုက ရန်သူ့ထက်တောင် ပိုသာနေပါသေးတယ်။ ဒါကြောင့် စစ်မြေပြင်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် အနိုင်အရှုံးဆိုတာ တစ်ချက်ချင်း၊ တစ်ကွက်ချင်းစီပဲ သွားနေတာပါ။ ဥပမာ- မြို့တစ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ပြန်ဝင်နိုင်ရုံနဲ့ တစ်နယ်လုံးကို သူတို့ ပြန်စိုးမိုးသွားတာ မဟုတ်ပါဘူး။ မြို့ပတ်လည်က ကျေးရွာတိုင်းမှာ တော်လှန်ရေးတပ်တွေ ရှိနေဆဲဖြစ်ပြီး၊ မြေပြင်စိုးမိုးမှုနဲ့ လူအင်အားပိုင်းမှာ မြို့ပေါ်ထက် ကျေးရွာဘက်တွေက ပိုတောင် တောင့်တင်းပါသေးတယ်။ နယ်မြေတစ်ခုလုံးကို အပြတ်အသတ် သိမ်းပိုက်နိုင်တာမျိုးက ၁၀၂၇ စစ်ဆင်ရေးတုန်းက ရှမ်းမြောက်ဒေသ၊ ရခိုင်၊ ကချင်၊ ချင်းနဲ့ ကရင်နီ ဘက်က မြို့သိမ်းတိုက်ပွဲတွေမှာပဲ ရှိခဲ့တာပါ။ အဲဒီဒေသတွေမှာတော့ စကစရဲ့ စစ်ဗျူဟာ ယန္တရားတစ်ခုလုံး ပြိုလဲပြီး စခန်းတွေစွန့်လွှတ်လိုက်ရတာနဲ့ သူတို့အတွက် ခိုလှုံစရာ လုံးဝ မရှိတော့ဘဲ အကုန်ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာ။ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ ပြည်သူက ပေါက်ဖွားလာတာမို့ ပြည်သူရှိတဲ့နေရာတိုင်းဟာ သူတို့အိမ်ပါပဲ။ နယ်မြေထဲကနေ အမြစ်ပြတ် မောင်းထုတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူပါဘူး။ နောက်တစ်ချက်က စကစဟာ တစ်နိုင်ငံလုံးက ပြည်သူတွေကို သူတို့ရဲ့ စစ်သုံ့ပန်းလို သဘောထားနေတာပါ။ သူတို့ရဲ့ သန္ဓေတွေကလွဲရင် ပစတွေရော၊ ပျူတွေကော၊ သာမန်ပြည်သူတွေကောဟာ သူတို့လူတွေ မဟုတ်ပါဘူး။ ရန်သူ့နယ်မြေကနေ ဖမ်းခေါ်လာတဲ့ ဓားစာခံတွေလိုပဲ မြင်တာ။ ဒါကြောင့်လည်း တိုက်ပွဲတွေမှာ ဒီလူတွေ သေချင်သေပစေဆိုပြီး အကာအကွယ်လို ရှေ့ကနေ ဒိုင်းလုပ်ပြီး တက်ခိုင်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်မှာတော့ ကိုယ့်တပ်သား တစ် ယောက်ချင်းစီကော၊ ပြည်သူတွေကောဟာ ကိုယ့် မိသားစုဝင်တွေ ဖြစ်သလို၊ ရန်သူ့ဘက်က ပစတွေတောင် လက်နက်ချရင် ကိုယ့်လူအဖြစ်ပဲ သဘောထားပါတယ်။ အဲဒီတော့ အသေအပျောက် များမယ့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို မလွှဲမရှောင်သာမှပဲ ရွေးချယ် လေ့ရှိပါတယ်။ စကစက ဒါကို အခွင့်ကောင်းယူပြီး ဝါဒဖြန့်လို့ကောင်းမယ့် နေရာတွေကို အသေခံတိုး၊ ဓာတ်ပုံရိုက်ပြပြီး သူတို့နိုင်နေပါပြီဆိုပြီး ဆိုက်ဝါးလွှင့်နေတာပါ။ ကျွန်တော် ပုံမှန်တင်ပေးလေ့ရှိတဲ့ သတင်းသုံးသပ် ချက်တွေဟာ မြေပြင်က တကယ့် အရှိတရားတွေချည်းပါပဲ။ ဘယ်အချက်မှ လုပ်ကြံဖန်တီးထားတာ မရှိသလို၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြပြီးသား သတင်းတွေကိုပဲ အခြေခံထားတာပါ။ ရန်သူ့ရဲ့ Psywar ထဲမှာ မျောပါပြီး ကိုယ့်ဘက်က တော်တော်လေး နိမ့်နေပြီလို့ စိုးရိမ်စိတ်ပူနေကြမှာစိုးလို့ စစ်ဆိုတာ ဒီလိုပဲ အပြန်အလှန် ရှိတတ်တယ်ဆိုတဲ့ သဘောကို သိမြင်စေချင်လို့ တင်ပေးရခြင်း ဖြစ်ပါတယ်။ ထင်သာမြင်သာရှိတဲ့ ဥပမာတစ်ခု ပြရရင် ဟိုတလောက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ပေါက်က ပျူရွာတွေဆိုရင် အဲဒီနယ်တစ်ဝိုက်မှာ စစ်တပ် တပ်ထက်တောင် ပိုပြီး အန္တရာယ်ကြီးတဲ့ အဖွဲ့တွေပါ။ နယ်မြေလည်း ကျွမ်းကျင်သလို လက်နက်ခဲယမ်းလည်း လိုသလောက် ရထားတာ။ ကိုယ့်ဘက် ကတော့ အိမ်ပေါင်၊ နွားပေါင်ပြီး တစ်လက်ချင်း၊ တစ်တောင့်ချင်း ခက်ခက်ခဲခဲ ဝယ်စုခဲ့ရတာပါ။ အဲဒီလို ခိုင်မာပါတယ်ဆိုတဲ့ ပျူရွာတွေတောင် အခုဆိုရင် မျက်စိရှေ့တင် တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေခဲ့ပါပြီ။ လတ်တလောမှာ စစ်ကောင်စီဘက်က လက်နက်၊ နည်းပညာနဲ့ လူအင်အားတွေ ဖြည့်တင်းပြီး ပြန်စစ်ဆင်နေတာ မှန်သလို၊ ကိုယ့်ဘက်က တချို့နေရာတွေကို မဟာဗျူဟာအရ ပြန်ဆုတ် ပေးလိုက်ရတာလည်း ရှိပါတယ်။ ဒါဟာ တော်လှန်ရေး ဘက်က နိမ့်သွားတာ ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကိုယ့် ဘက်ကလည်း စဉ်ဆက်မပြတ် တိုးတက် ပြောင်းလဲနေတာမို့ အရင်လို ကိုယ်ကချည်း တစ်ဖက်သတ် အသာစီးရနေတဲ့အခြေအနေကနေ သူတင်ကိုယ်တင် အကြိတ်အနယ် ရင်ဆိုင်နေရတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။
без подписи
ဒီတစ်ပတ်ထဲမှာ မြစ်ခြေ ရဲစခန်းကို တော်လှန်ရေး တပ်တွေ တစ်နာရီအတွင်း ဝင်ရောက်စီးနင်း သိမ်းပိုက် ခဲ့တာ တွေ့ရတယ်။ စခ ၂ ကောင်သေပြီး ၁၄ ကောင်ကို လနခဲယမ်းတွေနဲ့ အရှင် ရလိုက်တယ်။ ပြီးခဲ့တဲ့လကမှ အိမ်ခြေ ၁၀၀၀ ကျော်ကို မီးရှို့ပြီး လူ ၂၀ ကျော်ကို သတ်သွားတာကို လက်တုံ့ပြန်တဲ့ သဘောပဲ။ ပြည်သူ့ အိုးအိမ်တွေ၊ ရွာတွေကို မီးရှို့ပြီး အကြောက်တရား သွင်းနေပေမယ့် တကယ်တမ်း သူတို့ စခန်းတောင် လုံခြုံမှု မရှိတော့ဘူးဆိုတာ ပြနေပါတယ်။ ရှမ်းမြောက်မှာ အပစ်ထားတဲ့ စစ်တပ်က အင်အားတွေစုပြီး ချင်းနဲ့ ရခိုင်ကို ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မကွေးတိုင်းက ကပစ တွေနဲ့ ထောက်ပို့လမ်းကြောင်းတွေကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်နေလို့ သူတို့ရဲ့ ရိက္ခာနဲ့ လက်နက်ပို့တဲ့ လမ်းကြောင်းတွေ တန့်ကုန်တယ်။ ပေါက်၊ မြိုင် နဲ့ ဆိပ်ဖြူ ဘက်က စစ်တပ်ရဲ့ အမာခံစခန်းတွေကိုပါ PDF တွေက လိုက်သိမ်းနေတဲ့အပြင် မင်းဘူးဘက်မှာ ထောက်ပို့ကားကိုပါ ဖျက်ဆီးပစ် ခဲ့ပါတယ်။ ရွှေကူမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး KIA ဘက်က ပြည်သူတွေကို ရှောင်ကြဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က မြို့ကို ပိတ်ဆို့ပြီး ပြည်သူတွေကို ထွက်ခွင့်မပေးဘဲ တားထားလို့ လက်နက်ကြီးတွေ ကျပြီး ပြည်သူတွေ ထိခိုက်မှု ရှိနေ ပါတယ်။ ပြည်သူကို ဓားစာခံလုပ်၊ လေကြောင်းနဲ့ လက်နက်ကြီး ရမ်းပစ်တာကလွဲပြီး တခြားဗျူဟာ မရှိတဲ့ စကစတပ်က ကချင် စစ်မျက်နှာစာမှာ အသက်ရှူ ကျပ်နေပါတယ်။ AA ရဲ့ ထိုးစစ်ကတော့ စစ်တွေမြို့အနီးက ဒကစနဲ့ အနီးဆုံး ရွာတွေအထိ ရောက်လာပါပြီ။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်တွေကနေ စစ်တွေကို ညှပ်တိုက်နေတာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းပစ်နေရသလို မြို့ထဲမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြီး ဘန်ကာတွေ ဆောက်နေ ပါတယ်။ AA က အလောတကြီး မသိမ်းသေးဘဲ စစ်ကောင်စီကို စိတ်ဓာတ်ရေးရာရော၊ စစ်ရေးအရပါ တဖြည်းဖြည်း ချောင်ပိတ်ရိုက်နေတာပါ။ ဧရာဝတီတိုင်း သာပေါင်းနဲ့ ရေကြည်မြို့နယ်အစပ်က ကြောင်လျှာတော စခန်းကိုလည်း AA နဲ့ မဟာမိတ်တွေက သိမ်းပိုက် လိုက်ပါတယ်။ တပ်ချုပ်သစ် ယဥရဲ့ တပ်ဟာ ဧရာဝတီ စစ်မြေပြင်မှာ အထိနာပြီး တဆုတ်တည်း ဆုတ်ပြေး နေရပါတယ်။ ရခိုင်စစ်မျက်နှာစာကနေ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်အထိ ကူးစက်လာတဲ့ စစ်မီးကို ခုခံကာကွယ်ဖို့ ရေကြည် မြို့နယ်ထဲမှာ လက်နက်ကြီး စခန်းတွေ ပြန်ချနေတာလည်း သတင်း ကြားရပါတယ်။ မကွေးတိုင်းမှာ ပစ အပတ်စဉ် (၁) နဲ့ (၂) က နှစ်ပြည့်လို့ ပြန်လာသူတွေကို ကြိုဆိုပွဲ လုပ်ခဲ့တာမှာ လူ ၈၀၀ ကျော် သွားတဲ့အနက် ၃၁၆ ယောက်ပဲ ပြန်လာနိုင်တာ တွေ့ရတယ်။ တစ်ဝက်ကျော်က ရှေ့တန်းမှာ သေနတ်စာ၊ ဗုံးစာ ဖြစ်သွားပါတယ်။ ဒါကို ကြည့်ရင် အတင်းအဓမ္မ ရှေ့တန်းကို ပို့ခံရတဲ့ လူငယ်တွေရဲ့ အသက်တွေဟာ စစ်ကောင်စီ အတွက်တော့ ကိန်းဂဏန်းတွေ သက်သက်သာ ဖြစ်နေတာ မြင်နိုင်ပါတယ်။ နောက်ထပ် စစ်မှုထမ်းဖို့ ခေါ်ယူခံရမယ့် လူငယ်တွေ အတွက်လည်း သတိပေး ခေါင်းလောင်းသံပါပဲ။ ပြောရရင် အခုအချိန်ဟာ စစ်ပွဲရဲ့ Late Game ကို ရောက်နေပြီလို့ ဆိုရမယ်။ စစ်ကောင်စီရဲ့ အဓိက ဗျူဟာက ပြည်သူတွေ တော်လှန်ရေးကို ငြီးငွေ့လာအောင်၊ သူတို့ရဲ့ သွေးထိုး လှုံ့ဆော် ဝါဒဖြန့်တာတွေ အလုပ်ဖြစ်တဲ့ ကာလ ရောက်လာအောင် အချိန်ကို ရနိုင်သလောက် ဆွဲဆန့်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင် အခြေအနေက သူတို့ ဝါဒဖြန့်သလို ဖြစ်မနေပါဘူး။ ထိုင်ခုံကို သေတဲ့အထိ ဖက်တွယ်ထားမယ့် မအိမ်လုံးက ပွဲသိမ်းခရာသံ မမြည်ခင် ဘယ်လောက် အထိ ညစ်တွန်း တွန်းဦးမလဲ ဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။