Yinmarbin Local People's Defence Force - ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့
Статистикаနွေဦးတော်လှန်ရေး
- Последний пост
- 3 мая 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ ~~~ ◼️ တရုတ် ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့တဲ့နောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေ ဆက်တိုက် ဗုံးကြဲခံရတယ်လို့ TNLA က မေလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့ ဒေသတွေကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တာကို TNLA ဘက်က ပယ်ချခဲ့တာကြောင့် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံ
без подписи
သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁၅ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။ "သောင်းတန်းရွာကို စစ်ခွေးတွေက လေယာဥ်နဲ့ ဗုံးကျဲတာ နေအိမ် ၁ လုံးပေါ်ကျပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲမဖြစ်ဘဲ လာကျဲသွားတာ ၃ နာရီဝန်းကျင်လောက်က အခုသိရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆုံးသွားပြီလို့ သိရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အပစ်ရပ်ရေး စစ်ခေါင်းဆောင်ကို တွန်းအားပေးမည်ဟု မလေးရှားဝန်ကြီးချုပ်ဆို ဧရာဝတီ၊ ဧပြီ ၁၅၊ ၂၀၂၅ အာဆီယံလက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင်သည် ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ လာမည်ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့နှင့် ဘန်ကောက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကွာလာလမ်ပူမြို့၌ တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် အန်နဝါက ထိုသို့ပြောဆိုခြင်းဖြစ်ပြီး မြန်မာ စစ်အစိုးရနှင့် တော်လှန်ရေးအဖွဲ့များကြား အပစ်အခတ်ရပ်စဲရေးတိုးမြှင့်ရန် တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။ အဆိုပါတွေ့ဆုံမှုသည် မြန်မာနိုင်ငံမှ ပြင်းထန်ငလျင်ဘေးကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများအပေါ် အခြေခံခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လာမည့် ကြာသပတေးနေ့တွင် ဘန်ကောက်၌ တွေ့ဆုံမည် ဖြစ်သည်။ ယခုလအစောပိုင်းက ဘန်ကောက်တွင် ကျင်းပသည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် စစ်ခေါင်းဆောင်နှင့် မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် တွေ့ဆုံခဲ့သေးသည်။ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့စလုံးသည် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် တဖက် သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း တဖက်နှင့်တဖက် သဘောတူညီချက်များ ချိုးဖောက်သည်ဟု အပြန်အလှန် ပြောဆိုထားကြောင်း Thai PBS World သတင်းတွင် ဖော်ပြသည်။ ပုံစာ - BIMSTEC အစည်းအဝေးတက်ရောက်ခဲ့သည့် မြန်မာစစ်ခေါင်းဆောင် / Reuters #WhatsHappeningInMyanmar #MyanmarEarthquake #Earthquake2025 #earthquake #Sagaing #Mandalay #Naypyitaw #RejectMilitaryCoup စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy
без подписи
ယာယီအပစ်အခတ်ရပ်စဲရေး ဟန်ပြ ကြေညာပြီး တိုက်ခိုက်မှုများ နေ့စဉ်လုပ်နေ၍ စစ်ကောင်စီကို စောင့်ကြည့်မည့် နိုင်ငံတကာယန္တရား တစ်ခု ထူထောင်ရန် လိုအပ်မည်ဟု NUG ပြော 🟥 အပစ်ရပ်ကြေညာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၄ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၁၅ အကြမ်းဖက် စစ်ကောင်စီက ဟန်ပြ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာပြီး တိုက်ခိုက်မှုများ နေ့စဉ်လုပ်နေ၍ စစ်တပ်ကို စောင့်ကြည့်မည့် နိုင်ငံတကာယန္တရား တစ်ခု ထူထောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ- NUG၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နေ့စဉ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများ ကျူးလွန်နေကြောင်း၊ စစ် တပ်၏ တိုက်ခိုက်မှုများကြောင့် ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ ပြည်သူ ၆၄ ဦးသေဆုံးခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ "အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှာ ယာယီအပစ်အခတ်ရပ်စဲကြောင်းကို ဟန်ပြကြေညာခဲ့ပြီး နောက်ပိုင်းမှာ ဂျက်ဖိုင်တာ၊ ပါရာမော်တာ နဲ့ Drone တွေကို အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးပစ်ခတ်မှု တွေကိုလည်း နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပါတယ်။ အချက် အလက်တွေအရ ဧပြီလ ၃ ရက်နေ့ကနေ ဧပြီလ ၁၃ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၆၈ ရှိခဲ့ပြီး အဲဒီ့ဖြစ်စဉ်တွေမှာ ပြည်သူ ၆၄ ဦးသေဆုံးခဲ့ရပြီး ၈၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေအထဲမှာ သံဃာတော်တွေ၊ ကိုရင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်ခြေ ၆၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း တို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်" ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။ ထို့ကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မည့် နိုင်ငံတကာ ယန္တရား တစ်ခု ထူထောင်ရေး အရေးကြီးကြောင်း ၎င်းက ဆိုသည်။ "ဒီလို လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့သလို မြေပြင်ကနေ စစ် ကြောင်း ထိုးတဲ့အတွက် ထိတွေ့တိုက်ပွဲတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုးစစ်ရပ်စဲထားတဲ့ကာလ တွေမှာ အကြမ်းဖက်စစ်အုပ်စုကအခုလို လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေး ယန္တရား တခု ထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်း သတင်းစကားပေး လိုပါတယ်" ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။ ယနေ့တွင်လည်း စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး သံဃာတော် ၄ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ ~~~ ◼️ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။ သတင်းအပြည့်အစုံကို
https://www.youtube.com/watch?v=yCmrbB2V6IU ကနီလေကြောင်းတိုက်ခိုက်ခံရမှု ကိုရင်၁ပါးပျံလွန်ပြီး ၃ပါးဒဏ်ရာရ၊အရပ်သား သေဆုံးမှုရှိ
ဖလမ်းနဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ~~~ ◼️ ချင်းပြည်နယ်မှာ အရေးပါတဲ့ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်မြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့က အပြီးသိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါ တယ်။ ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် အချိန်ငါးလကျော်အကြာ ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့မြို့စောင့်တပ်ဖြစ်တဲ့ ခလရ - ၂၆၈ တပ်စခန်းကုန်းကို အပြီးသိမ်းပိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။ လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေတာကြောင့် မကြာခင်မှာ အသေးစိတ်သတင်းထုတ်ပြန်မယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။ " ကျွန်တော်တို့ က မနက်ဖြန်၊ သဘက်ခါလောက်မှ အသေးစိတ် ထုတ်ပြန်ဖို့လုပ်ထားပါတယ်။ အခု က ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပါ " ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။ ဖလမ်းမြို့မှာ လူတစ်သောင်းကျော်နေထိုင်ပြီး မြို့ခံတွေအားလုံးဟာ တိုက်ပွဲ စတင်ချိန်ကတည်းက ဘေးလွတ်ရာ ဒေသတွေအပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ချင်းပြည်နယ်မှာ မြို့နယ် ကိုးခုရှိတဲ့အနက် တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ ဖလမ်း စတဲ့ မြို့နယ် ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်တဲ့ တီးတိန်၊ ဟားခါးနဲ့ ထန်တလန် မြို့နယ်တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။ အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ် တွေက ဧပြီလ ၇ ရက်နေ့ ညက အပြီးသိမ်းပိုက်လိုက်တယ်လို့ PDF စစ်ရေးသတင်းရင်းမြစ်တွေက RFA ကိုပြော ပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံ့ပန်း လေးဆယ်လောက်လည်း ဖမ်းမိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်မြေခံ PDF စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကိုပြောပါတယ်။ “မြို့သိမ်းတိုက်ပွဲဖြစ်နေတာကတော့ ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းကပေါ့နော်။ အခု ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပေါ့။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကတော့ ရှိတာပေါ့လေနော။ စစ်ကောင်စီရဲ့ သုံ့ပန်း ၄၀ လောက်လည်း ဖမ်းမိပါတယ်” တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီးနှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သူကပြောပါတယ်။ အင်းတော်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။ အင်းတော်မြို့ဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်မှာ ရှိပြီး ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်မြို့လည်းဖြစ်တာ ကြောင့် စစ်ရေးအရ အရေးပါတယ်လို့လည်းဆိုပါတယ်။ BNI - Myanmar Peace Monitor ရဲ့ ၂၀၂၅ ဖေဖော်ဝါရီလ ဒုတိယပတ်က နောက်ဆုံးထုတ်ပြန်ချက်တွေအရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။ ______________________ ဤသတင်းအား RFA Website တွင် ဖတ်ရှုရန် - #အင်းတော် #ဖလမ်း #rfaburmese #လွတ်လပ်တဲ့အာရှအသံ
ငလျင်ဒဏ်သင့်အရပ်တွေမှာ လူထုကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်းတွေကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အတွင်းကျကျ မေးမြန်းပြီး စာရင်းကောက်ယူနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငလျင်ဒဏ် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို သီးခြား ရပ်တည်ဆောင်ရွက်ခွင့် မရှိဘဲ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ကြိုတင်ခွင့်ပြုချက်တောင်းယူဖို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းနိုင်မှသာ ခွင့်ပြုပေးဖို့ကို ဧပြီ ၅ ရက်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဒုစစ်ခေါင်းဆောင် ပြောကြားပြီးနောက်ပိုင်း မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို မနေ့ကနဲ့ ဒီနေ့တွေမှာ စာရင်းတွေကောက်ယူတာလို့ သိရပါတယ်။ ဒီသတင်းအပါအဝင် ဧပြီလ ၆ ရက် နောက်ဆုံးရသတင်းတွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ စုစည်း တင်ဆက်ပေးနေပါတယ်။ ဒီလင့်ခ် https://www.bbc.com/burmese/articles/czjn3nr2py1o?at_campaign=ws_telegram ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ဓာတ်ပုံ - @PRT
ရှမ်းမြောက်၊ လားရှိုးမြို့ကနေ MNDAA- ကိုးကန့်တပ်တွေ ဆုတ်ခွာရပြီလို့ လားရှိုးက မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ ဧပြီလ ၂၀ ရက် နောက်ပိုင်းမှာ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာတွေ ပြန်ဝင်လာမှာဖြစ်တယ်လို့ သိရပြီး ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ပူးတွဲ အုပ်ချုပ်မယ့်အခြေအနေ ရှိတယ်လို့ နားလည်ရကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။ ဒီသတင်းအပြည့်အစုံအပါအဝင် ဒီကနေ့ ဧပြီ ၄ ရက် မှာ တစ်ပတ်ပြည့်တဲ့ မြန်မာငလျင်သတင်းတွေနဲ့ အတူ နိုင်ငံတဝန်းသတင်းတွေကို ဒီလင်ခ့် https://www.bbc.com/burmese/live/ckg19998pldt?at_campaign=ws_telegram ဘီဘီစီ တိုက်ရိုက်သတင်းထုတ်လွှင့်ချက်မှာ ဖတ်ရှုနိုင်ပါပြီ။
စစ်ခေါင်းဆောင် တည်းခိုတဲ့ဟိုတယ်ထဲအထိ သွားရောက်ဆန္ဒပြခဲ့တဲ့ထိုင်းကျောင်းသား ဖမ်းဆီးခံရ ဘန်ကောက်မှာရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်းခိုတဲ့ရှန်ဂရီလာဟိုတယ်အတွင်းမှာ ထိုင်းနိုင်ငံသား တက္ကသိုလ်ကျောင်းသားတစ်ဦးက မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နာမည်ကို ခေါ်ပြီး ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဒီကနေ့ ဧပြီ ၄ ရက် မနက်ကလုပ်တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း BIMSTEC ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ '' ဒီအစည်းအဝေးဟာ အပြစ်မဲ့ပြည်သူ ၆၀၀၀ ကျော်ရဲ့ သွေးတွေ စွန်းထင်းသွားခဲ့ပါပြီ။” လို့ ဆန္ဒပြကျောင်းသားက အော်ဟစ်ဆန္ဒ ထုတ်ဖော်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ စစ်ခေါင်းဆောင်ဘက်က ရပ်တည်နေတဲ့ အပေါ် ရှက်သင့်တယ်လို့လည်း သူက ပြောပါတယ်။ https://www.bbc.com/burmese/live/ckg19998pldt?at_campaign=ws_telegram ဘီဘီစီ တိုက်ရိုက်သတင်းထုတ်လွှင့်ချက်မှာ ဖတ်ရှုနိုင်ပါပြီ။
https://www.bbc.com/burmese/articles/c20x5z5559zo?at_campaign=ws_telegram
ယင်းမာပင်မြို့နယ် တိုက်နယ်၂ ပကဖ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ) ယင်းမာပင်၊ သြဂုတ် ၂၆၊ ၂၀၂၄။ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မွမ်းမံသင်တန်းဆင်းပွဲကို သြဂုတ် ၂၅ ရက်က ယင်းမာပင်မြို့နယ် တောတွင်းတနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ သင်တန်းမှာ အခြေခံစစ်ပညာကို အဓိကထားသင်ကြားပေးခဲ့ကာ သင်တန်းသား ၂၀ ဦးကို မွမ်းမံသင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းဆင်းချိန်မှာတော့ ရဲဘော် ၃ ဦးမှာ ကျန်းမာရေးမကောင်းတာကြောင့် ၁၇ ဦးသာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ တာဝန်ခံ ကိုအာမိုက ပြောပါတယ်။ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟာ တော်လှန်ရေးကာလအစောပိုင်းမှာ Yinmarbin Local PDF တပ်ဖွဲ့အနေနဲ့ ယင်းမာပင်မြို့နယ်ထဲမှာ လှုပ်ရှားနေပြီး အဲဒီတုန်းကလည်း အခြေခံစစ်ပညာ အပတ်စဥ် ၁ နဲ့ ၂ သင်တန်းကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ ၂ ကြိမ်ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်မှာတော့ အခြေခံစစ်ပညာသင်တန်း ၁ ကြိမ် ပေးခဲ့ပြီး ယခုမွမ်းမံသင်တန်းကိုတော့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ သြဂုတ် ၂၅အထိ သင်တန်းပေးခဲ့တာလို့ တာဝန်ခံ ကိုအာမိုက ပြောပါတယ်။ လက်ရှိမှာ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်မှာ တာ၀န်ထမ်းဆောင်နေပြီး ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နဲ့ ပုလဲမြို့နယ်တွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သတင်း - အောင်ကောင်းလင်း၊ တည်းဖြတ် -HP #မြေလတ်အသံ #ယင်းမာပင် #တိုယ်နယ်၂ #ပကဖ #မွမ်းမံသင်တန်း #သင်တန်းဆင်းပွဲ https://youtu.be/UokBKBr4FtU
без подписи
без подписи
နမခအနီး ဒီပဲယင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်ရရှိ ဒီပဲယင်း၊ သြဂုတ် ၁၈၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီမနက်အစောပိုင်းမှာ ကာကွယ်ရေးတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီလို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။ သြဂုတ် ၁၈ ရက် ဒီကနေ့မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ လက်ကျန်စခန်းတွေဖြစ်တဲ့ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် (၃ထပ်တိုက်) နေရာက စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းလင်းပြီး မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “တမြို့လုံးကို ရပြီ။ အရှင်ရော အသေရော ရတယ်။ ထွက်ပြေးတဲ့ဟာတွေက ဒီမနက်မှ လယ်ကွင်းတွေထဲ မိတာ။”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/နမခအနီးဒီပဲယင်းမြို့ကို_ကာကွယ်ရေးတပ်တွေ_အပြီးသတ်သိမ်းပိုက်ရရှိ
без подписи
без подписи
ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး MA 1 ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ) မြိုင်၊ ဇွန် ၁၅၊ ၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကနေ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ ဇွန် ၁၅ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကို ကိုင်းတောမရဲစခန်းရဲ့ မီတာ ၅၀ အကွာမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ "ပစ်ခတ်တိုက်ခိုက်ချိန်က ၁၅ မိနစ် လောက်ကြာတယ်၊ ၁၅ ယောက်ထဲက ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်"လို့ Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ ပစ်ခတ်မှုအတွင်း စစ်ကောက်စီဘက်က ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ MA 1 ၂ လက် သိမ်းဆည်းရမိခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရဲစခန်းထဲကို ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို Earthquake People Defence Force၊ Pakokku People's Defense Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပကဖ၊ Justice Revolution Force နဲ့ Thu Rain TR တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #မြိုင် #ကိုင်တောမရဲစခန်း #စစ်အုပ်စု #ပစ်ခတ် #တိုက်ပွဲ #PDF https://youtu.be/X55Q68FHj9w