tgindex
မြေလတ်အသံ - Myaelatt Athan

မြေလတ်အသံ - Myaelatt Athan

Статистика

Sharing Information to the local

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
27
Всего постов
30
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
36 720
−124 за 4 дн.
Сутки
−35
−0,10%
Неделя
 
Месяц
 
Просмотров на пост
3 115
30 постов
Вовлечённость
8,5%
к подписчикам
Постов в день
3,9
всего 30
Упоминаний
1
каналов
Охват размещения
по 5 постам
1/24сутки в ленте
2 690
1/48двое суток
3 270
1/72трое суток
3 526

Медиана по постам, которые мы застали свежими и померили через сутки.

Посты

  • 14 авг.2 192514

    ⁨⁩ ⁨CDF-KKG ဥက္ကဌပါ ၃ ဦးကို ပစ်သတ်တဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဟာ သေနတ် ၇ လက်နဲ့ စစ်တပ်ထံ ဘက်ပြောင်း ဂန့်ဂေါ၊ ဩဂုတ် ၁၄၊ ၂၀၂၆။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာမှာ CDF-KKG ဥက္ကဌပါ ၃ ဦးကို ပစ်သတ်သူ Black Dragon Force အဖွဲ့ခေါင်းဆောင်ပါ ၃ ဦး သေနတ် ၇ လက်နဲ့ စစ်တပ်ဘက်ကို ထွက်ပြေးကာ ဘက်ပြောင်းသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ CDF-KKG ဥက္ကဌပါ ၃ ဦးကိုပစ်သတ်ပြီး ညတွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ငြိမ်းသော်(ခ)ချမ်းမင်းအောင်ဟာ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းကို ဘက်ပြောင်း သွားတယ်လို့ ဆိုပါတယ်။ "ဒီကောင်တွေက အရင်ကတည်းက ရှောက်ပင်ကာကင်စခန်း၊ ခလရ ၅၀ တို့နဲ့သတင်းပေး သတင်းယူရှိတယ်လို့ သိရတယ်။ ကိုဘဖြိုးဆီကနေ ဖုန်းတလုံးနဲ့ ပစ္စတိုကိုလည်း ယူသွားတယ်။ အဲဒီကရတဲ့သေနတ်နဲ့ သူတို့မှာရှိတဲ့သေနတ်တွေပါ မြစ်သာမြစ်အနောက်ဘက်ကမ်း ရှောင်ပင်ကာကင်းစခန်းကို ဝင်တယ်။ မနေ့မနက်မှာ ရှောက်ပင်ကာကင်းကနေ ဂန့်ဂေါမြို့နားက လောင်ထောင်ဂိတ်ကို ပို့တယ်။ မနက် ၉ နာရီမှာ ခလရ ၅၀ ထဲကိုရောက်သွားတယ်"လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25889/

  • 14 авг.2 398281

    ⁨လူကိုပေါ်တာဆွဲဖမ်းဆီးစဉ် လွတ်သွားလို့ ဆိုင်ကယ်နဲ့ ကျပ် ၁၅ သိန်းကို စစ်ကောင်စီအဖွဲ့ မတရားသိမ်းယူသွား မြို့သစ်၊ ဩဂုတ် ၁၄၊ ၂၀၂၆။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာမှာ လူကိုပေါ်တာဆွဲ ဖမ်းဆီးစဉ် လွတ်သွားလို့ အိမ်အထိလိုက်ဖမ်းပြီး ကျန်ခဲ့တဲ့ဆိုင်ကယ်နဲ့ ငွေကျပ် ၁၅ သိန်းကို စစ်ကောင်စီအဖွဲ့က ယူသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကျေးရွာထိပ်ဘုရားကုန်းမှာ အသက် ၃၀ ကျော်အရွယ်ရှိ ရွာခံကိုအောင်ကျော်ခိုင်ဆိုသူရှိနေစဥ် မြို့သစ်မြို့အထွက်ဂိတ် တာဝန်ကျ စစ်ကောင်စီတပ်နဲ့ ရဲတပ်သား ၅ ဦးတို့ ဆိုင်ကယ်နဲ့ရောက်လာပြီး ကိုအောင်ကျော်ခိုင်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ "ဖမ်းချိန်သူက အင်္ကျီချွတ်ကြီးနဲ့ဆိုတော့ လှမ်းဖမ်းတာမမိလိုက်ဘူး။ အောင်ကျော်ခိုင်က ဆိုင်ကယ်မောင်းပြီး ထွက်ပြေးလာတယ်။ ရွာပြန်ရောက်လာပြီး သူယောက္ခမအိမ်မှာ ဆိုင်ကယ်ထိုးပြီး ပုန်းနေတာ။ စကစအဖွဲ့တွေက အိမ်ထိလိုက်လာပြီး ထပ်ဖမ်းတော့ လူက ချောင်းထဲရေကူးပြီး ထွက်ပြေးလွတ်မြောက် သွားတယ်။ ဆိုင်ကယ်ကို ယူချသွားတယ်"လို့ ရွာခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25886/

  • 13 авг.3 2453

    без подписи

  • 13 авг.3 2473

    без подписи

  • 13 авг.3 231543

    ⁨⁩ ⁨တရုတ် Gas ပိုက်လိုင်းစောင့် ဒုဗိုလ်ကို ပစ်သတ်ပြီး လက်ပစ်ဗုံးနဲ့ ပစ္စည်းအချို့ကို သိမ်းဆည်း တောင်သာ၊ သြဂုတ် ၁၃၊ ၂၀၂၆။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဂက်စ်ပိုင်းလိုင်းစောင့် ဒုဗိုလ်တဦးကို ဒီနေ့သြဂုတ် ၁၃ ရက် မနက် ၇ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ပြီး လက်ပစ်ဗုံးတလုံးနဲ့ အခြားပစ္စည်းတချို့ကို သိမ်းယူခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ အမှတ် ၇၈ တပ်(ကြည်း)မှ အသက် ၄၅ နှစ်ဝန်းကျင် ဒုဗိုလ်မောင်သိန်း ဆိုသူဖြစ်ပြီး၊ တဦးတည်း ဆိုင်ကယ်မောင်းလာချိန် တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းနဲ့ အေးရွာ Gas ပိုက်လိုင်းကြားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ "သူက ဝဲလောင်ရဲစခန်းဘက် သွားတာကို ရပ်ခိုင်းပြီး၊ အရှင်ဖမ်းတဲ့အချိန် သူက ဆိုင်ကယ်ကိုထားပြီး လက်ပစ်ဗုံးနဲ့ အရင်ပစ်ပြီး ထွက်ပြေးတာ၊ နောက်တလုံး စနက်တံဖြုတ်နေချိန်မှာ ပစ်လိုက်တာ ခေါင်းပွင့်သွားပြီး ပွဲချင်းပြီး သေသွားတာ။ ဒုဗိုလ်ဆိုတာက သူ့ဖုန်းထဲပါတဲ့ အချက်လက်တွေအရ သိတာပါ" လို့ TTA-PDF တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25881/

  • 13 авг.3 2205

    без подписи

  • 13 авг.3 024345

    ⁩ ⁨Black Dragon Force အဖွဲ့က ပစ်ခတ်လို့ CDF/KKG ဥက္ကဌ အပါအဝင် ၃ ဦးကို သေဆုံး ဂန့်ဂေါ၊ ဩဂုတ် ၁၃၊ ၂၀၂၆။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ အစွန်ရှိ ရာဇမုနိဘုန်းကြီးကျောင်းကုန်း အနီးမှာ CDF/KKG ဥက္ကဌ အပါအဝင် ၃ ဦးကို Black Dragon Force အဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို သိထားတဲ့ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူတွေဟာ CDF/KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းကျေးရွာက စစ်ရှောင်အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ည ၁၁ နာရီခန့်က ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ "ဘဖြိုး ဇာတိကျေးရွာမှာ Black Dragon Force အဖွဲ့က စည်းရုံးရေးဟောပြောပွဲသွားလုပ်တယ်။ ဘဖြိုးကသိတော့ ဖုန်းနဲ့ဆက်ပြောတယ်။ သူတို့ထိန်းချုပ်နယ်မြေလာရင် အကြောင်းကြားဖို့၊ လက်နက်မယူလာဖို့ ဝတ်စုံတွေမဝတ်လာဖို့ အခြေအတင်ဖြစ်တယ်။ အဲတော့ မင်းတို့ပြောချင်လာခဲ့ ဒဲ့ရှင်းမယ်ဆိုလို့ ဘဖြိုးတို့က သွားတဲ့အချိန် အသင့်စောင့်ပြီးပစ်တာ"လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25875/

  • 13 авг.3 0001

    без подписи

  • 13 авг.3 0471

    без подписи

  • 13 авг.2 9181

    без подписи

  • 13 авг.2 931281

    ပန်းတောင်းမှာ ဧရာဝတီမြစ်ရေတက်လာလို့ ပြည်သူအချို့ စတင်ပြောင်းရွှေ့နေရ ပန်းတောင်း၊ ဩဂုတ် ၁၃၊ ၂၀၂၆။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက ထုံးဘိုမြို့မှာ ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဒေသခံအချို့ စတင်ပြောင်းရွှေ့နေရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ ဩဂုတ် ၁၂ ရက် မနေ့ညနေကစတင်ပြီး ထုံးဘိုမြို့ ခတ္တိယရပ်ကွက်က အိမ်ထောင်စု ၈ စု လူဦးရေ ၄ဝ လောက်ဟာ မဟာအတုလအန္နတမုနိ ဘုရားကြီးဝန်းထဲကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။ "လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက မြစ်ရေက တက်လာတာ ရေတက်ကြမ်းတာ တခါမှ မကြုံဖူးဘူး။ အရင်က တနေ့တထွာလောက် တက်တယ်ဆိုရင် ခုက တနေ့တတောင်လောက် တက်တာမျိုး” လို့ ထုံးဘိုမြို့ခံတဦးကပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25869/

  • без подписи

  • без подписи

  • 13 авг.2 65333

    ⁨⁩ ⁨ကောလင်းမှာ ရေကြီးလို့ ၅ ဦးသေဆုံးပြီး စစ်ရှောင်တဲတွေ အပါအဝင် အိမ်​ခြေ ၁၀၀၀ ကျော်ပျက်စီး ကောလင်း၊ ဩဂုတ် ၁၃၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှာ ရေကြီးပြီးနောက် လူ ၅ ဦး သေဆုံးထားပြီး စစ်ရှောင်တဲတွေအပါအဝင် အိမ်​ခြေ ၁၀၀၀ ကျော်ပျက်စီးထားတယ်လို့ ကောလင်းခရိုင် ပအဖ တာဝန်ခံထံက သိရပါတယ်။ ဩဂုတ်လ ၆ ရက်နေ့ကစတင်ပြီး မူးမြစ်ရေကြီးလို့ ကျေးရွာပေါင်း ၁၀၀ ခန့်ရေကြီးမှုဖြစ်ခဲ့ပြီးနောက် နေအိမ်နဲ့ စစ်ရှောင်တဲတွေ ပျက်စီးခဲ့သလို ရေစီးနဲ့မျောပါလို့ လူသေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း အသက် ၃၀ ကနေ ၅၀ ကြားရှိ တောင်မော်ကျေးရွာက CDM ကျောင်းဆရာတဦး၊ နတ်တောင်ကျေးရွာက အမျိုးသားတဦး၊ လှည်းပွဲကျေးရွာက ဦးထွန်းနိုင်၊ အင်ပင်သာကျေးရွာက အမျိုးသားတဦး၊ ဝါးရုံခုံကျေးရွာက ကိုဂျပန်တို့ဖြစ်ပြီး သူတို့အလောင်းတွေကို ပြန်လည်ဆယ်ယူခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ၅၉ ဦးရှိတယ်လို့ သိရပါတယ်။ "စစ်ဘေးရှောင်တဲတွေနဲ့ ရေအရမ်းကြီးထိုးတဲ့နေရာ၊ အရှေ့ခြမ်း တောင်မော်၊ လှည်းပွဲတလျောက်နဲ့ အနောက်ခြမ်း အောက်ကလုန်း၊ မိုးနှံ၊ နတ်တောင်တကြော အပျက်အစီးများတယ်။ လူသေဆုံးတာလဲ စာရင်းရထားတာ ၅ ယောက်ရှိပြီး"လို့ ကောလ

  • 13 авг.3 177362

    ⁩ ⁨စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၉ ဦးသေကြောင်း PDF ထုတ်ပြန် သရက်၊ ဩဂုတ် ၁၃၊ ၂၀၂၆။ မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဇဉ်းဒါးကျေးရွာအနီး သရက်-မင်းတုန်း လမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၉ ဦးသေတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ မင်းတုန်းဘက်ကနေ သရက်ဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅ ဦးပါ စစ်ကော်မရှင်စစ်ကြောင်းကို ကနဦးမိုင်းဆွဲပြီးမှ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ "သူတို့က နယ်မြေလမ်းကြောင်းရှင်းဖို့လာတာ။ အရင်မိုင်းဆွဲတယ်။ ပြီးမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်။ မိနစ် ၃၀ လောက်ပေါ့။ မိုင်းဆွဲတာနဲ့ တိုက်ပွဲအချိန်အတွင်း ကျဆုံးတာကို မျက်မြင်အရ ပြောတာပါ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြော​ပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25857/

  • 12 авг.3 6623

    без подписи

  • 12 авг.3 7093

    без подписи

  • 12 авг.3 347363

    ⁩ ⁨စလင်းမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသား ၃ ဦးဒဏ်ရာရ စလင်း၊ ဩဂုတ် ၁၂၊ ၂၀၂၆။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာနဲ့ နတ်တပ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသား ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က ဩဂုတ်လ ၁၁ ရက်နေ့မနက် ၁၁ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးက နတ်တပ်ကျေးရွာကို ရောကတ်နဲ့ပစ်ခတ်ပြီးနောက် ကန်တော်ကျေးရွာကို ဗုံး ၅ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။ "နတ်တပ်မှာက ပြည်သူနေအိမ် ရောကတ်ထိပြီး၊ လူထိခိုက်တာတော့ မရှိဘူး။ ကန်တော်မှာကျ ရွာထိပ်မှာ ရွာခံတွေ အလုပ်ကိစ္စ စကားပြောနေကြချိန် ဗုံးကျလားပြီး ပေါက်ကွဲစတွေ ထိမှန်တာ"လို့ ​ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.com/news/25852/

  • 12 авг.3 544401

    “ငါတို့အယ်ဘရဲ့ ရက် ၁၀၀ အောင်မြင်မှု” မြေလတ်အသံ၊ ဩဂုတ် ၁၂၊ ၂၀၂၆။

  • 12 авг.3 7335

    без подписи