- Последний пост
- 15 июл. 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
❗️ATTENTION PLEASE ❗️ Kamayut Information Scout Channel - KISC Channel မှာ ကမာရွတ်မြို့နယ်တွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှားနေကြသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားနေမှုများနှင့် စစ်ကောင်စီ တပ်ဖွဲ့များ၊ ဒလန်များနှင့် ပတ်သက်ပြီး မူမမှန်မှုများ၊ အချက်အလက်များ ရရှိပါက မိမိတို့အား သတင်းပေးပို့ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ "အရေးတော်ပုံ အောင်ရမည်" သတင်းပေးပို့ရန် - @KamayutShadow #KISC
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၁၀နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ရွှေမာလာရိပ်မွန် ဝန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲသားများမှ ဧည့်စစ်ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ – Kamayut Information Scout Channel - KISC 22 Aug 2024 #rangoonscoutnetwork
⚫️ ကမာရွတ်မြို့နယ် ယနေ့ည ၈:၃၀ ဝန်းကျင်ခန့်တွင် လှည်းတန်းစင်တာရှေ့၌ အကြမ်းဖက် စစ်သားများမှ လမ်းသွားလမ်းလာ လူငယ် တစ်ဦးအား ကားပေါ် ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ 11 Aug 2024 #rangoonscoutnetwork
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၉:၄၁ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်၊ ရတနာလမ်းအတွင်း၌ အကြမ်းဖက် တပ်သားများ စစ်ကားတစ်စီးဖြင့် ရောက်ရှိနေပြီး လမ်းအတွင်း အစစ်အဆေးဝင်နေကြောင်း သတင်းရရှိသည်။ 05 Aug 2024 #rangoonscoutnetwork
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ အာဇာနည် (၉)ဦး ကျဆုံးခဲ့ရတယ်။ ၂၀၂၁ ခုနှစ်က စတဲ့ ဒီနေ့ထိ နေ့ရက်များမှာတော့ ခေတ်သစ်အာဇာနည်ပေါင်းများစွာ မြန်မာနိုင်ငံနေရာအနှံ့မှာ ကျဆုံးနေခဲ့ရပြီ။ မျက်ရည်သွန်းဖြိုး ဇူလိုင် ၁၉ရက်နေ့မှ စတင်ပြီး နောက်ထပ်များစွာသော အာဇာနည်သူရဲကောင်းတွေ ကျဆုံးမှုကို ဝိုင်းဝန်း ရပ်တန့်ဖို့ ကြိုးစားရင်း၊ အာဇာနည်တွေရှင်သန်နေထိုင်ရအောင် နိုင်တဲ့ဘက်က အားဖြည့်ပါဝင်ရင်း ရှေ့ဆက်ကူသွားကြရအောင်။ ကမ္ဘာတည်သရွေ့_ အာဇာနည်တွေကို မမေ့အပ်ကြစို့။ #TownshipsInformationCommunity #KISC #KMY_INFO
ကမာရွတ် ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ အကြမ်းဖက်တပ်အင်အားသုံး၍ လိုက်လံပေးနေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူ 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 { ဇွန် ၃၀ ရက်၊ ၂၀၂၄ } ကမာရွတ် အမှတ် (၁) ရပ်ကွက်၊ နီလာလမ်းနှင့် အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စံပါပယ်မာဃလမ်းတို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို အကြမ်းဖက်တပ်မှ အင်အားသုံး၍ လိုက်လံပေးဆောင်နေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၂၈ရက်နေ့ ည ၇နာရီဝန်းကျင် အမှတ်(၁) ရပ်ကွက်၊ နီလာလမ်းအတွင်းသို့ စခ၊ ရခ Dc ၃စီး၊ လမ်း၏ ထိပ် ၂ဖက်တွင် ၂စီးတို့ဖြင့် လာရောက်၍ စစ်မှုထမ်းရန် အမည်စာရင်းပါသည့် တိုက်ခန်း (၃)ခု၊ ရွှေစင်ဆန်ဆိုင်တို့အတွင်းသို့ ဝင်ရောက်ကာ စစ်မှုထမ်းဆင့်ခေါ်စာ လာရောက်ပေးသွားကြကြောင်း၊ ဆင့်ခေါ်စာတွင် ပါဝင်သူများသည် ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်ကာ ၃ရက်အတွင်း အကြောင်းပြရမည်ဖြစ်ကြောင်း၊ ဇူလိုင်လတွင် သင်တန်းတက်ရန် ခေါ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ ဆင့်ခေါ်စာမှာပါတဲ့ အိမ်တိုင်းကို ဝင်တယ် စာရင်းထဲပါတဲ့ ကလေးတွေက တချို့ရှိကြတယ် တချို့က နေအိမ်မှာ မရှိကြဘူး ကိုဗစ်ကကာလအတွင်း ၁၀တန်းအောင်ပြီးသား အရွယ်လေးအချို့လည်း စာရင်းပါလာတယ် “ ဟု မြေပြင် သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဆက်လက်၍ စုံစမ်းကြည့်ရာ နီလာလမ်းအတွင်း စစ်မှုထမ်းရန် အမည်စာရင်းပါသူ (၄)ဦးရှိကြောင်း သိရပြီး မိသားစုဝင်များကို ဇွန် ၂၉ရက်၊ နေ့လည် ၁၂နာရီဝန်းကျင်တွင် အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါနေ့ညပိုင်းတွင် ကမာရွတ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းနှင့် စံပါပယ်မာဃလမ်းအတွင်း အိမ်ထောင်စု (၅)ခုကို စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့ခဲ့ပြီး မိသားစုဝင်များနှင့် အစည်းအဝေးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ စုံစမ်းသိရှိထားတဲ့ ကမာရွတ်မြို့နယ်တွင်း စစ််မှုထမ်းသတင်းများအရ မြို့နယ်လဝကဦးစီးမှူး အောင်မြင့်ဦးနှင့်အဖွဲ့မှ Smart Card ဒေတာများနှင့် ယခင်လူဦးရေစာရင်းများကို တိုက်စစ်၍ ကမာရွတ်မြို့နယ်တွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၅၂၇၄၄)ဦးထဲမှ ထုတ်နှုတ်စာရင်းပြုစုကာ မူရင်းတစ်စုံ လဝကတွင်ထား၍ မိတ္တူကို မြို့နယ်စီမံ(ထွေအုပ်ရုံး)တွင် ထားရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းအတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်အတူ အကြမ်းဖက်တပ်မှ ဝန်းရံ၍ လိုက်လံပေးပို့မည်ဖြစ်ကြောင်း၊ ပျက်ကွက်သူများကို အရေးယူ အပြစ်ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန် Telegram Channel - https://t.me/KMYINFO 🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel #ကမာရွတ် #KMY_INFO #KISC
⚠️ ဒီနေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ကမာရွတ်၊ ၁ရပ်ကွက်၊ ရတနာမြိုင်အိမ်ရာရှေ့ အင်းစိန်လမ်းမပေါ်တွင် စခ DC ၅စီး၊ အချုပ်ကား ၁စီး (စခအင်အား ခန့်မှန်း ၁၀-၁၅ဝန်းကျင်) တို့ဖြင့် ရှောင်တခင် ရောက်ရှိကာ အိမ်ရာအနီး ဇလုံကြီးထမင်းဆိုင် ဘေးလမ်းကို ပိတ်ချ၍ ကြွပ်ကြွပ်အိတ်အမဲဖြင့် ထည့်ထားသည့်ပစ္စည်းနှင့် လူတစ်ဦးကို ဖမ်းသွားကြောင်း သတင်းရရှိသည်။ ထို့နောက် အဆိုပါနေရာဝန်းကျင်မှ နံနက် ၁၁နာရီ ၃၅မိနစ်တွင် အသီးသီးထွက်ခွာသွားခဲ့ကြသည်။ အဆိုပါရှောင်တခင် ဖမ်းဆီးမှုသည် အကြမ်းဖက်တပ်အပြင် ၁ ရပ်ကွက်နယ်ထိန်းနှင့်အဖွဲ့တို့မှ ပါဝင်လှုပ်ရှားခဲ့ပြီး ဆန္ဒပြသတင်းများ ရရှိထား၍ မနက်အစောပိုင်းကတည်းက ဈေးဆိုင်များကို ပိတ်သိမ်းခိုင်းကာ ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ 🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန် Telegram Channel - https://t.me/KMYINFO 🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel #KMY_INFO #KISC
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၉:၂၀ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ ရပ်ကွက် အောင်မြေသာစည်လမ်း၊ မိုးမေတ္တာဆေးရုံဝင်ပေါက် ညာဘက်ခြမ်းရှိ တိုက်တန်းလျားပေါ်သို့ စစ် DC ၂စီးဖြင့် အကြမ်းဖက် တပ်သားများမှ စာရွက်များကိုင်၍ တက်သွားကြောင်း သတင်းရရှိသည်။ 24 Jun 2024 #rangoonscoutnetwork
🔴 ကမာရွတ်မြို့နယ် ယနေ့ည ၉:၃၀ ခန့်တွင် ကမာရွတ်မြို့နယ်၊ ၁ရပ်ကွက်၊ ဇေယျာသီရိလမ်းထိပ် မျက်စောင်းထိုးတိုက်၌ အကြမ်းဖက် စစ်သား၊ ရဲ နှင့် လဝကဝန်ထမ်းများ ရှောင်တခင် ဧည့်စစ်ဝင်ခဲ့ကြောင်း သိရှိရသည်။ – Kamayut Information Scout Channel 23 Jun 2024 #rangoonscoutnetwork
စခDc ၁စီး၊ လှည်းတန်းလမ်း၊ တာလီရွေဆိုင်ရှေ့ရပ်ကာ စခ၊ ရခများ လမ်းသွားလမ်းလာအချို့ကို ဖုန်းစစ်နေ - 9pm ရခ မီးတန်း ၁စီး (203/ 9K-7322)၊ စခ SC ၁စီး (စခ ၆-၇၊ ထွေအုပ်တို့ပါ) ဗဟိုလမ်းနှင့် အောင်ချမ်းသာ ၄လမ်းထောင့် TT Diamond အနီး ကားရပ်ထား၊ အနားရှိ တိုက်ပေါ် ဧည့်စာရင်းတက်စစ်နေ - 9:25pm သတင်းပေးပို့ရန် - @KamayutShadow #KISC
без подписи
без подписи
без подписи
▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။ Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၁)ရက် မှ ဇွန်လ (၁၆)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့များ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများအနက် ထူးခြားဖြစ်စဉ်အချို့ကို အနှစ်ချုပ်စုစည်း တင်ဆက်ထားပါသည်။ Kamayut Information-KMYINFOနှင့်အတူ လက်တွဲ၍ ကမာရွတ်မြို့နယ်နေပြည်သူများမှ လုံခြုံစိတ်ချစွာ သတင်းပေးပို့ခြင်းဖြင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တတ်အားသရွေ့ ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်း အသိပေးအပ်ပါသည်။ #ကမာရွတ် #KMYINFO #KISC
ကမာရွတ် ၃ရပ်ကွက်တွင် အရပ်ဝတ်နှင့်ရဲများမှ သံတုတ်များဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီး 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 { မေလ ၂၆ ရက်၊ ၂၀၂၄ } ယမန်နေ့ ၂၅ရက်၊ ညနေ ၅နာရီဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၃)ရပ်ကွက်၊ ရတနာလမ်း အလယ်၊ တိုက်နံပါတ် (၃၈)သို့ အိမ်စီးကား ၁စီး၊ စခ Dc ၁စီးတို့ဖြင့် လာရောက်ကာ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦကို သံတုတ်(နံပါတ်တုတ်) ဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ညနေ ၅နာရီဝန်းကျင် ရတနာလမ်းအတွင်းသို့ အရပ်ဝတ်၊ ရခ(၃ ယာယီနယ်ထိန်း စိုးမင်းပိုင်အပါ)အဖွဲ့မှ အိမ်စီးကားဖြင့် တိုက်နံပါတ် (၃၈)သို့ လာရောက်၍ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦးကို သံတုတ်များဖြင့် ရိုက်နှက်ကြကြောင်း၊ ထို့နောက် တိုက်ပေါ်မှဆွဲချ၍ အကျီတွင်သွေးများပေလျက် ကားပေါ်တင်ဆောင်သွားကြောင်း၊ စစ် dc မှ ဖမ်းဆီးမှုအပြီး အယောင်ပြ ရောက်ရှိလာသေးကြောင်း၊ တိုက်ခန်းပိုင်ရှင်ကိုပါ ရဲစခန်သို့ လာရောက်ရန် ခေါ်ထားကြောင်းနှင့် ဖမ်းဆီးပြီးနောက် ဗဟိုလမ်းမှတစ်ဆင့် ကမာရွတ်ရဲစခန်းသို့ဖမ်းခေါ်သွားကြောင်း စုံစမ်းသိရှိရသည်။ ကမာရွတ်မြို့နယ်တွင် မေလအတွင်း ဖမ်းဆီးခံရသူ (၇)ဦးထက်မနည်းရှိလာပြီး အဆိုပါ ဖမ်းဆီးမှုများသည် ၈ ရပ်ကွက်၊ ၄ရပ်ကွက်နှင့် ၃ရပ်ကွက်တို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ 🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန် Telegram Channel - https://t.me/KMYINFO 🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel #KMY_INFO #KISC
без подписи
ပြီးခဲ့သည့် မေလရက်ပိုင်းအတွင်း ပြည်ပထွက်ခွါ အလုပ်လုပ်ခွင့်များကို စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၂၃-၃၂)နှစ်အတွင်းရှိသူများကို ပိတ်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေးသည်။ ဓါတ်ပုံ - လဝကမှ ထုတ်ပေးနေသည့် Smart Card နှင့် ထုတ်ပြန်ချက် 🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန် Telegram Channel - https://t.me/KMYINFO 🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel #KMY_INFO #KISC
အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်ပြီးနောက် ကမာရွတ်မြို့နယ် ထွေအုပ်ရုံးတွင် ဒစ်ဂျစ်တယ်မှတ်ပုံတင်ပြုလုပ်သူများပြား၊ လာဘ်စားမှုများဖြင့် လုပ်ကွက်များရရှိနေ 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 { မေလ ၂၅ ရက်၊ ၂၀၂၄ } အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းသည့် နောက်ဆက်တွဲ ပြည်ပထွက်ခွါမှုများ ပိုမိုများပြားလာသည်ကို တင်းကြပ်ရန် ဧပြီ ၂၂ရက်နေ့စတင်၍ နိုင်ငံကူးလက်မှတ်စာအုပ် (Passport) ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်လိုက်ပြီးနောက် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် Smart Card ပြုလုပ်သူ များပြားလျက်ရှိပြီး လာဘ်စားမှုများဖြင့် လုပ်ကွက်များရှိနေကြောင်း စုံစမ်းသိရှိရသည်။ ကမာရွတ်၊ အမှတ်(၆)ရပ်ကွက်၊ နာနတ်တောတံတားအဆင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြေညီထပ်ခန်းတွင် မြို့နယ်လဝကဦးစီးမှုး အောင်မြင့်ဦး ကြီးကြပ်သည့် လဝကဝန်ထမ်း ၃ဦးမှ Smart Card များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် Biometric Enrollment Application Form စာရွက်အား ထွေအုပ်ရုံးအနီး မိတ္တူဆိုင်တွင် ဝယ်ယူ၍ ဖောင်ဖြည့်သွင်းကာ စာရွက်တင်ရကြောင်း၊ ထို့နောက် အမှတ်စဉ်အလိုက် စာရင်းတိုက်စစ်၍ ဓါတ်ပုံ၊ မျက်လုံးနှင့် လက်ဗွေတို့ကို scanဖတ်ယူကာ Unique Identification Number စာရွက်အား ထုတ်ပေးကြောင်း၊ ထိုသို့ Enrollment form တင်၍ အမှတ်စဉ်အလိုက် စောင့်ရသည်ဖြစ်ရာ တပ်နှင့် ရုံးအချိတ်အဆက်ရှိသူများမှ ဦးစားပေးဝင်ရောက်ရကြောင်း၊ စာရွက်ထပ်ပေးသူကို ၂သောင်းမှ ၃သောင်းအထိ လာဘ်ပေးမှသာ လျင်လျင်မြန်မြန်ရကြောင်း၊ အလားတူ လဝကတွင် မှတ်ပုံတင်အမြန် နေ့ချင်းပြုလုပ်လိုလျှင် ပေါက်စျေး ၇သောင်းမှ တစ်သိန်းအထိ အသီးသီးပေးရကြောင်း သိရသည်။ “ အများစုကတော့ လူငယ်တွေများတယ် ကမာရွတ်တင်မဟုတ်ပဲ နေရာအသီးသီးကလူတွေပါ လာလုပ်ကြတယ်။ Smart Card မလုပ်ထားရင် တရားစွဲမယ် အရေးယူပါမယ်ပေါ့ Form စာရွက်တင်တာမှာတင် အမှတ်စဉ်ရှေ့ဆုံးရောက်ချင် ထွေအုပ်ရုံးက ပွဲစားမတချို့ကို လာဘ်ပေးနေကြတာတွေရှိတယ်။ စစ်တပ်ချိတ်နဲ့ရုံးချိတ်တွေ လာရင်တော့ သူတို့က ဦးစားပေးအရင်ဝင်ရတယ်။ အဲ့တော့ ပုံမှန်အတိုင်း စီတဲ့စာရွက်တွေက အောက်တွေရောက် ရက်တွေကြာကုန်တယ်။”ဟု မြို့နယ်နေပြည်သူအချို့ထံမှ သိရသည်။ ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် တစ်နေ့လျှင် ဦးရေ (၈၀)နှုန်းဖြင့် Smart Card များကို မြို့နယ်လဝကမှ ထုတ်ပေးနေပြီး ပြည်ပထွက်ခွါရန် တင်းကြပ်လိုက်သည့် မူဝါဒကြောင့် လာရောက် လုပ်ကြသူ များပြားကြောင်း သိရသည်။ အဆိုပါအခြေအနေသည် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်ပထွက်ခွါမှုများကို တင်းကြပ်ရုံတင်မကပဲ တစ်ဖက်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒေတာအချက်အလက်များကို ရှာဖွေဖမ်းဆီးမှုများတွင် အသုံးပြုနေကြသည်။ “ သူတို့က (စကစ) အစကတည်းက စစ်မှုထမ်းကိစ္စကို အသက်သွင်းပြီး ဖြစ်လာမယ့်အခြေအနေတွေမှာ ပထမဆုံးက ပြည်ပထွက်ခွါမှုဖြစ်မယ်ဆိုတာ ကြိုသိတယ် အဲ့တော့ အဲ့ထွက်ခွါမှုတွေကနေ သူတို့အတွက် ငွေစီးဆင်းမှုတစ်ခုရတယ်။ နောက် ပြည်ပထွက်ခွါမှုကို Smart Card နဲ့ပြန်ထိန်းချုပ်တယ် အဲ့တော့ သူတို့လုပ်တဲ့ Smart Card ကို promotion ဆင်းပြီးသားနဲ့ ဒေတာတွေကို အလွယ်တကူစုထားလိုက်နိုင်တယ်။ ဒါဟာ သူတို့(စကစ)ရဲ့လူတွေအပေါ် လိုသလို အသုံးချနေတဲ့အတွက် အထူးသတိထားသင့်တယ်။ နောက်ပိုင်း Smart Card မလုပ်ရသေးသူတွေက ဘာလဲဆိုတာ ကွဲကွဲပြားပြား ခွဲထုတ်လို့ရတော့ ဘယ်လိုတင်းကြပ်လာမယ်ဆိုတာ ကြိုမသိနိုင်ဘူး “ ဟု စစ်ဘက်သတင်းအရင်းအမြစ် အချို့မှ အသိပေးသည်။ #KMY_INFO #KISC
ကမာရွတ်တွင် ၂ရက်အတွင်း လူငယ် ၃ဦး အကြောင်းမဲ့ ကမာရွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၊ ၃ရပ်ကွက်ယာယီနယ်ထိန်း ဦးဆောင် ကျင်လည်နေ 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 { မေလ ၂၃ ရက်၊ ၂၀၂၄ } မေလ ၂၀ရက်နေ့မှ ၂၂ရက်အတွင်း ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် (၄)ရပ်ကွက် ထိစပ်ရာနေရာများတွင် လူငယ် (၃)ဦးကို ဆိုင်ကယ် ၂စီး၊ ရခ ၂မှ အကြောင်းမဲ့ ဖမ်းဆီးမှု (၂)ကြိမ်ဖြစ်ပွါးခဲ့ပြီး ၃ရပ်ကွက် ယာယီနယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ ဦးဆောင်ကျင်လည်နေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ မေလ ၂၀ရက်နေ့တွင် နေ့လည် ၂နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ကွမ်းခြံ ၄လမ်းအတွင်း လမ်းလျှောက်နေသည့် လူငယ် (၁)ဦးကို ဆိုင်ကယ်ဖြင့် ဖမ်းဆီးခဲ့ကြသည်။ အလားတူ အဆိုပါနေ့တွင်ပင် ညနေ ၆နာရီဝန်းကျင် ၁၆ပေတံတားပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် ရခ ၂၊ ဆိုင်ကယ် ၂စီးဖြင့် စက်ဘီးစီးနင်ရလာသည့် လူငယ် (၂)ဦးကို ဆိုင်ကယ်များဖြင့် ရှေ့ပိတ်နောက်ပိတ်ပုံစံ ဖမ်းဆီးခဲ့ကြသည်။ အဆိုဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူများကို ကမာရွတ်မြို့မရဲစခန်းဝန်း (ယခု ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး)သို့ ခေါ်ဆောင်သွားကြသည်။ ပြီးခဲ့သည့် မေလ ၈ရက်နေ့ကတည်းက နံနက် ၇နာရီဝန်းကျင်နှင့် ညနေ ၅နာရီခွဲဝန်းကျင်တို့တွင် စိုးမင်းပိုင်အပါ ရခ (၂-၄)ဝန်းကျင်ဖြင့် ပတ္တမြားလမ်း၊ လှည်းတန်းဘူတာအနီးတွင် လှုပ်ရှားနေကြဆဲဖြစ်ကာ ဘူတာပလက်ဖောင်းပေါ်တွင် သောက်စားမှုများတွေ့ရှိပါက ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် ၄ရပ်ကွက်၊ ကွမ်းခြံ ၁-၂လမ်းအထိ ဆိုင်ကယ်ဖြင့် ကင်းပတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ လှည်းတန်းဘူတာ၊ သင်္ဘောကျင်းအိမ်ရာအနီးနှင့် ကွမ်းခြံလမ်းများတွင် ၃ရပ်ကွက်ယာယီ နယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ အရပ်ဝတ် သတင်းပေးအချို့နှင့် ဦးဆောင်ကာ အစစ်အဆေးပြုလုပ်ခြင်း၊ ကြက်ဝိုင်းများကို ပြုလုပ်ခွင့်ပေးခြင်း၊ ခိုးဆိုးလုယှက်သူများနှင့် လက်ဝါးချင်းရိုက်ထားခြင်း စသည့် လုပ်ကွက်များကို ရရှိထားကာ အဆိုပါနေရာများမှ ရရှိသည့် ငွေများကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်နိုင်နှင့် စခန်မှုး ဒုရဲမှုး ခင်မောင်အေးတို့အား လည်းကောင်း၊ ထိုမှတစ်ဆင့် အကြမ်းဖက်စစ်တပ်နှင့် မြို့နယ်ကိုင်သည့် စစ်ကြောင်းမှုး G1တို့ကိုလည်းကောင်း အသီးသီးခွဲပေးရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ အတည်ပြုသည်။ #KMY_INFO #KISC
без подписи