tgindex
CJ Platform

We are freedom and voices. Website Link: https://cjplatform.com/

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
55
Всего постов
85
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
4 832
−2 за 3 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
198
40 постов
Вовлечённость
4,1%
к подписчикам
Постов в день
7,9
всего 85
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
192
1/48двое суток
220
1/72трое суток
237

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • မနက်ဖြန် ဩဂုတ် (၁၅)ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက် မြို့နယ် (၆)ခုမှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်ရှိမယ် CJ Platform မနက်ဖြန် ဩဂုတ်လ ၁၅ ရက်၊ စနေနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဆိုမာလီဂျက် လေစီးကြောင်းဟာ ဒီကနေ့ကနေ ဩဂုတ်လ (၂၆) ရက်နေ့အထိ အားနည်းနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာမှာလည်း အယ်လ်နီညို (El Niño) အခြေအနေ ဆက်လက် အားကောင်းနိုင်တာကြောင့် ဩဂုတ်လနှောင်းပိုင်း ရောက်လာတဲ့အခါ မုတ်သုံလေဟာ တဖြည်းဖြည်း အားလျော့လာနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ IMD က ဆိုပါတယ်။ #CJPlatform #မိုးလေဝသ #လေဖိအားနည်းရပ်ဝန်း #ရေကြီးရေလျှံသတိပေးချက် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/jkPWDgw4dfU

  • без подписи

  • ပုသိမ်မှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကို မြောင်းမြမှာ ရေနစ် သေဆုံးနေတဲ့ပုံစံနဲ့ ပြန်တွေ့ CJ Platform ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်ဈေးမှာ ဈေးဝယ်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးကြီး တစ်ဦးကို ဩဂုတ် ၁၃ ရက်နေ့က မြောင်းမြမြို့နယ်၊ ငမြင်းချောင်းမှာ ရေနစ် သေဆုံးလျက် အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မြောင်းမြမြို့နယ်အပိုင် ငမြင်းချောင်းမှာ မနေ့က တွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "ဆရာမကြီး အလောင်းတော့ ပြန်တွေ့ပြီ။ ဒီနေ့ သင်္ဂြိုဟ်တယ်။ ဘယ်လိုကြောင့် သေတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး" လို့ ပြောပါတယ်။ ဒီကနေ့မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုသိမ် မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သမီးဖြစ်သူက လူမှုကွန်ရက်မှာ ရေးသား တင်ထားတာပါ။ "ကျွန်မ အမေ DB ကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ မနေ့က တွေ့ရှိခဲ့ပါတယ်။ မြောင်းမြ ဆေးရုံကြီးမှာပဲ ခွဲစိတ်စစ်ဆေးပြီး ပုသိမ် မီးသင်္ဂြိုဟ်စက်မှာ ဒီနေ့ပဲ သင်္ဂြိုဟ်လိုက်ပါတယ်ရှင်။ အမှန်တကယ်ပဲ ဘဝတစ်ပါး ကူးပြောင်းသွားပြီ ဖြစ်ကြောင်း အသိပေးချင်ပါတယ်" လို့ ဖော်ပြထားပါတယ်။ သေဆုံးသူ ဒေါ်အေးအေးမြင့်မှာ မအူပင်နဲ့ သန်လျင် GTI (EC) ဌာနမှာ နည်းပြအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရတာပါ။ အခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်း မြောင်းမြမြို့နယ်နဲ့ မြန်အောင်မြို့နယ်တို့မှာ နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ရေနစ် သေဆုံးလျက် ပြန်တွေ့ခဲ့ကြရပါသေးတယ်။ ဓာတ်ပုံ - Mon Mon #CJPlatform #ဧရာဝတီတိုင်း #ပုသိမ်မြို့ #ပျောက်ဆုံးမှု

  • без подписи

  • စစ်အုပ်စု ပြန်လည် ထိန်းချုပ်ထားတဲ့ ဖလမ်းမှာ ဗုံးပေါက်၊ EPC ဝန်ထမ်းနှစ်ဦး ဒဏ်ရာရ CJ Platform စစ်အုပ်စုက ပြန်လည် ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ်မှာ ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီက ဗုံးပေါက်ကွဲပြီး EPC ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ ညနေ ၄ နာရီက EPC ဝန်ထမ်းတွေဟာ ဘုရားကုန်းတောင်ခြေ အနီးရှိ ရေလှောင်ကန်နားမှာ လျှပ်စစ်မီးလိုင်း ပြုပြင်နေစဉ် ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "မနေ့ညနေက ဘုရားကုန်းတောင်ခြေမှာ ဗုံးပေါက်တာ EPC ဝန်ထမ်းနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က အခြေအနေ စိုးရိမ်ရတယ်" လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသူတွေကတော့ ဖလမ်းမြို့နယ် EPC ရုံးက နေ့စားဝန်ထမ်း ဗြောင်လျန်ကိမ်းနဲ့ မောင်ငွန်လျန်ထမ်းတို့ ဖြစ်ကြပြီး ဖလမ်းဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပြတာပါ။ "တစ်ယောက်က ၁၈ နှစ်၊ တစ်ယောက်က ၂၄ နှစ်။ EPC ဝန်ထမ်းတွေ မရှိလို့ ဒေသခံတွေကို နေ့စား ခန့်ထားတာ။ မြို့ထဲမှာ ကျန်နေတဲ့ မြေမြှုပ်မိုင်းနဲ့ လက်ကျန်ဗုံးတွေကို စစ်တပ်က မရှင်းရသေးတော့ ဗုံးက ပေါက်နေမှာပဲ။ မနေ့က ထိသွားတာ EPC ဝန်ထမ်းတွေ မလာလို့ ဒေသခံတွေကို စစ်တပ်က နေ့စား ခန့်ထားတာ သူတို့ ထိတာ" လို့ ပြောပါတယ်။ ချင်းပြည်၊ ဖလမ်းမြို့ကို စစ်အုပ်စုက အခုနှစ် ဧပြီလအတွင်းက ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရား ပြန်လည် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Pro-SAC #CJPlatform #ချင်းပြည် #ဖလမ်းမြို့ #ဗုံးပေါက်ကွဲမှု

  • без подписи

  • သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လာလို့ ဘားအံမှာ ကယ်ဆယ်ရေးစခန်း ၄ ခု ထပ်ဖွင့် CJ Platform ကရင်ပြည်၊ ဘားအံမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဩဂုတ် ၁၄ ရက်နေ့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၄၁ စင်တီမီတာအထိ ရောက်လာတာကြောင့် ကယ်ဆယ်ရေးစခန်း ၄ ခု ထပ်ဖွင့်ပြီး ရေဘေးသင့်သူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူ တစ်ထောင်ကျော်ကို ဒီကနေ့ နေ့လယ် ၁၂ နာရီကစပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပေးနေရတယ်လို့ ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "သံလွင်မြစ်ရေက တဖြည်းဖြည်း တက်လာလို့ မြစ်နဲ့ ကပ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာက လူတွေကို ပြောင်းရွှေ့ပေးနေတာ လူဦးရေ တစ်ထောင်ကျော်တယ်။ ရွှေယဉ်မျှော်ဘုရား၊ အထက (၃) ကျောင်းဝင်း၊ လေသာဘုန်းကြီးကျောင်းနဲ့ မြို့နယ် အားကစားရုံမှာ ယာယီ ကယ်ဆယ်ရေးစခန်း ၄ ခု ထပ်ဖွင့်ပြီး ရေဘေးသင့်သူတွေကို ထားရတယ်" လို့ ပြောပါတယ်။ လက်ရှိ အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်း ၄ ခုမှာ ရေဘေးသင့် ပြည်သူ အမျိုးသား ၇၅၃ ဦး၊ အမျိုးသမီး ၈၂၈ ဦး စုစုပေါင်း ၁,၅၈၁ ဦး နေထိုင်နေကြရတယ်လို့ သူက ပြောပြပါတယ်။ ဩဂုတ် ၁၁ ရက်နေ့က သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် ၈၃၀ စင်တီမီတာအထိ ရောက်ခဲ့လို့ ကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်လှစ်ကာ ရေဘေးသင့် ပြည်သူတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း သံလွင်မြစ်ရေ တက်လာတာကြောင့် ဘားအံ၊ ရွှေဂွန်း၊ ကမမောင်းမြို့နဲ့ သံလွင်မြစ်ကမ်း တစ်လျှောက်က ကျေးရွာတွေမှာ ရေကြီးရေလျှံ ဖြစ်ခဲ့တာပါ။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #ကရင်ပြည် #ဘားအံမြို့ #သံလွင်မြစ်ရေကြီးမှု

  • без подписи

  • ထီလာနွယ်လို့ အမည်ကျော်တဲ့ ရွှေသိမ်တော်ကျောင်းတိုက် ဆရာတော်ကို စစ်အုပ်စုက ၂၁ရက်ကြာ အကြောင်းဖမ်းဆီး နှိပ်စက်ခဲ့လို့ ဆရာဒကာတွေက မင်းအောင်လှိုင်နဲ့ရဲချုပ်ဆီကို တိုင် CJ Platform မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ ဓမ္မာစရိယဘွဲ့ရ ဆရာတော်တစ်ပါးကို ၂၁ ရက်ကြာ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တဲ့ စခန်းမှူးနဲ့ အဖွဲ့ကို ဆရာဒကာတွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၂ ရက် ညနေပိုင်းက ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ၊ ရွှေသိမ်တော် ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဦးတေဇဝန္တကို သံရွာ နယ်မြေရဲစခန်းက စခန်းမှူး အပါအဝင် ရဲအင်အား ၁၀ ယောက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "သတင်းပေးတဲ့သူ ရှိလို့ ဖမ်းတာဆိုရင် ဘာကြောင့် ဖမ်းလဲဆိုတာ အကြောင်းပြချက် ပေးရမယ်။ အခုက ဘာအကြောင်းပြချက်မှ မရှိဘဲ ဆရာတော်ကို ရိုက်နှက် နှိပ်စက်တာ ရက်ပေါင်း ၂၀ ကျော်လောက် ရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ သွားပြောတာတောင် နောက် ၁၀ ရက် နှိပ်စက်ပြီးမှ ပြန်လွှတ်ပေးတာ" လို့ ပြောပါတယ်။ ဆရာတော် ဦးတေဇဝန္တ ဖမ်းဆီးခံရပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့မှာ ဟန်မြင့်မိုရ်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေဟာ ရဲစခန်းဆီ သွားရောက်ကာ ဆရာတော်မှာ အပြစ်မရှိကြောင်း အာမခံခဲ့ပေမဲ့ ဇူလိုင်လ ၂၂ ရက်ကျမှ အတွင်းဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဆရာတော် ဦးတေဇဝန္တမှာ သက်တော် ၃၉ နှစ်၊ ဝါတော် ၂၀ ရှိပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါး ဖြစ်သလို "ထီလာနွယ်" ကလောင်အမည်နဲ့ ဘာသာရေး စာပေတွေကို ရေးသား ပြုစုနေတဲ့ ရဟန်းတစ်ပါး ဖြစ်တယ်လို့ ဆရာဒကာတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "သံရွာ နယ်မြေရဲစခန်းက စခန်းမှူးကို ရိုက်နှက်ခံရတဲ့ ဆရာတော် ကိုယ်တိုင် တိုင်ထားသလို ရပ်မိရပ်ဖတွေနဲ့ ဆရာဒကာတွေကလည်း တိုင်ထားပါတယ်။ အခုထိ စစ်ဆေးတာ မရှိသေးပါဘူး" လို့ ပြောပါတယ်။ စစ်အုပ်စုရဲ့ ကျောက်ဆည် ရဲစခန်းက ပြန်လွှတ်လာပြီးနောက် ရဲတွေ ရိုက်နှက်မှုကြောင့် ဒဏ်ရာများစွာ ရရှိခဲ့တဲ့ ဆရာတော်မှာ ဆေးကုသမှု ခံယူပြီးနောက် ဩဂုတ်လ အစောပိုင်းမှာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့ဆီ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #မန္တလေးတိုင်း #ကျောက်ဆည်မြို့နယ် #တိုင်ကြားခံရမှု

  • без подписи

  • ရန်ကုန်က ကူးစက်လာတဲ့ ကာလဝမ်းရောဂါကြောင့် ကျိုက္ခမီမှာ အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ CJ Platform ရန်ကုန်ကနေ ကူးစက်လာတဲ့ ကာလဝမ်းရောဂါကြောင့် မွန်ပြည်၊ ကျိုက္ခမီမြို့မှာ ဩဂုတ် ၁၃ ရက် ည ၇ နာရီခွဲက အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ၇ နာရီခွဲက ရန်အောင်မြေရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းမှာ နေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်ဌေးမွန်မှာ မကြာခဏ ဝမ်းသွားနေတာကြောင့် ဆေးရုံသွားပြရာ ကာလဝမ်းရောဂါ ဖြစ်နေလို့ ဆေးရုံတင်ထားရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။ "လမ်းမတော်ကနေ ပြန်လာတဲ့ အမျိုးသမီးကြီး တစ်ယောက်မှာ ကာလဝမ်းရောဂါ တွေ့လို့ မနေ့ညက ကျိုက္ခမီဆေးရုံမှာ တင်ထားရတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ လူ ၉ ယောက်ကိုလည်း စောင့်ကြည့်လူနာအဖြစ် ဆေးရုံက ခေါ်ထားတယ်" လို့ ပြောပါတယ်။ ကာလဝမ်းရောဂါ ဖြစ်ပွားသူ ဒေါ်ဌေးမွန်ဟာ တူမဖြစ်သူနဲ့အတူ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောကျောင်းတိုက်မှာ ရှိနေခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့မှာ ကျိုက္ခမီမြို့ကို ပြန်လာတာဖြစ်တယ်လို့ သူက ရှင်းပြတာပါ။ လက်ရှိမှာ ကာလဝမ်းရောဂါ ဖြစ်နေတဲ့ ဒေါ်ဌေးမွန်နဲ့ ထိတွေ့ခဲ့သူ ကျိုက္ခမီမြို့နေ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦး စုစုပေါင်း ၉ ဦးကို ကျိုက္ခမီ တိုက်နယ်ဆေးရုံမှာ Quarantine ထားရှိ စောင့်ကြည့် ကုသပေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းမှာ ဩဂုတ်လ ၉ ရက်ကနေ ၁၃ ရက်အထိ မြို့နယ် ၉ ခုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၂၆၀ ရှိပြီး ရောဂါ ဖြစ်ပွားရာ မြို့နယ်တွေက လမ်းဘေး ဈေးဆိုင်တွေကို ပိတ်ခိုင်းထားရတာ ဖြစ်ပါတယ်။ ဆေးကုသမှု ခံယူနေသူတွေထဲက ဩဂုတ်လ ၁၂ ရက်နေ့မှာ အသက် ၉၂ နှစ်အရွယ် လူနာတစ်ဦး သေဆုံးခဲ့ပြီး အဲဒီနောက် ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်တွေ ဖွင့်လှစ်ထားရတယ်လို့ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - လူမှုကွန်ရက် #CJPlatform #မွန်ပြည် #ကျိုက္ခမီ #ကာလဝမ်းရောဂါ

  • без подписи

  • ဂွမြို့နယ်မှာ စစ်အုပ်စုက ညအချိန် လေကြောင်းကနေ ဗုံးကြဲ၊ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၈ ဦး သေဆုံး CJ Platform ရခိုင်ပြည်၊ ဂွမြို့နယ် အတွင်းရှိ ကျိန္တလီမြို့နဲ့ ကိုင်းခုံကျေးရွာတို့ကို စစ်အုပ်စုတပ်က ဩဂုတ် ၁၃ ရက် ညပိုင်းမှာ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ ၈ ဦး သေဆုံးသွားခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက ဒီကနေ့ ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခွဲခန့်မှာ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အရပ်သား ပြည်သူတွေ နေထိုင်ရာ ရပ်ကွက်အတွင်းကို စစ်အုပ်စု လေတပ်က ဂျက်တိုက်ယာဉ် တစ်စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးသူငယ် ၂ ဦး အပါအဝင် မိသားစုဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးမှာ နေအိမ်ပေါ်မှာတင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရပြီး နေအိမ် ၅ လုံးနဲ့ သုံးဘီးဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေကတော့ ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊ ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်)၊ ဦးထွန်းလင်း (၄၆ နှစ်)၊ မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ မောင်မင်းဝေခန့် (၃၅ နှစ်)၊ မဝင်းအိကျော် (၂၆ နှစ်)၊ မောင်ဉာဏ်လင်းသန့် (၁၂ နှစ်) နဲ့ မောင်နေလင်းသန့် (၇ နှစ်) တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အဆိုပါ ည ၁၀ နာရီ ၅၅ မိနစ်ခန့်ကလည်း ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုပါ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်းမှာတော့ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ နေအိမ် ပျက်စီးမှု မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ လက်ရှိမှာ မြေပြင် တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်အုပ်စုတပ်ဟာ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိတဲ့ မြို့ရွာတွေနဲ့ ပြည်သူတွေ နေထိုင်ရာ နေရာတွေကို နေ့ညမရွေး လေကြောင်းကနေ ရမ်းသန်း ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အာရက္ခဒေသ တစ်ခုလုံးရှိ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အချိန်ပြည့် သတိပြုကြဖို့ အာရက္ခတပ်တော်က တိုက်တွန်း နှိုးဆော်ထားပါတယ်။ ဓာတ်ပုံ - AA #CJPlatform #ရခိုင်ပြည် #ဂွမြို့နယ် #စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု

  • без подписи

  • ဧရာဝတီတိုင်း၊ ရေကြည်နဲ့ သာပေါင်းမှာ AA နဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၅ နေရာ ဖြစ်ပွား CJ Platform ဧရာဝတီတိုင်း ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ အာရက္ခတပ်တော် (AA) စစ်ကြောင်းများရှိရာ နေရာတွေကို စစ်အုပ်စုတပ်က ဩဂုတ် ၁၂ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တစ်နေ့တည်းမှာပဲ နေရာ ၅ နေရာမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ AA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းမှာ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အရှေ့ဘက်က စစ်အုပ်စု လက်အောက်ခံ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းနဲ့ AA တို့ ၃ နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်အုပ်စုဘက်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူများစွာ အသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပေမဲ့ AA စစ်သည်တွေရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် စစ်အုပ်စုတပ်သားတွေ အထိအခိုက် အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ကြရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ရေကြည်မြို့နယ်၊ ပွိင့် (၁၀၁) ဝန်းကျင်မှာလည်း တပ်မ (၆၆) လက်အောက်ခံ ခလရ (၁) နဲ့ ခလရ (၁၁) တပ်ရင်းတွေဟာ AA စစ်ကြောင်းတွေနဲ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အနီးရှိ အခြား နေရာ ၂ နေရာမှာလည်း တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ အာရက္ခဒေသဆီ ထိုးဖောက် ဝင်ရောက်ဖို့အတွက် နယ်မြေထိစပ်နေတဲ့ တိုင်း ၃ တိုင်းနဲ့ ပြည်နယ် ၁ ခုတို့ကနေတစ်ဆင့် ထိုးစစ်ဆင်ဖို့ အားထုတ်နေတာမှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်ပြီး ခုလို ရက္ခိုင် - ဧရာဝတီ အစပ်နေရာတွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တိုက်ပွဲတွေအတွင်း စစ်အုပ်စုရဲ့ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံတိုက်ထုတ်ကာ တပ်လန်သွားသည်အထိ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခ စစ်သည်တော်တွေကို AA စစ်ရုံးချုပ်က မှတ်တမ်းတင် ဂုဏ်ပြုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - AA #CJPlatform #ဧရာဝတီတိုင်း #AA #စစ်အုပ်စု #တိုက်ပွဲသတင်း

  • တီးတိန်မှာ စစ်အုပ်စုက ၆ နှစ်ကြာ မကောက်ခံခဲ့တဲ့ မီတာခတွေကို တစ်ပြိုင်ထဲ တောင်းခံနေတာကြောင့် စစ်ရှောင် ဒေသခံတွေ အခက်တွေ့နေ CJ Platform ချင်းပြည်၊ တီးတိန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့် မကောက်ခံခဲ့တဲ့ လျှပ်စစ် မီတာခတွေကို ပြီးခဲ့တဲ့ ဇွန်လကစပြီး ပြန်လည် ကောက်ခံနေပြီး အရင် ၆ နှစ်တာ ကာလအတွင်း မပေးဆောင်ခဲ့ရတဲ့ မီတာခတွေကိုပါ တစ်ပြိုင်နက်တည်း ပြန်လည် ပေးဆောင်နေကြရတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1482026-2/

  • ဒီကနေ့ ဩဂုတ် (၁၄)ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက် နိုင်ငံတစ်ဝန်း ရေကြီးနိုင်ခြေ အနီရောင်အဆင့် ရှိနေ CJ Platform ဒီကနေ့ ဩဂုတ်လ ၁၄ ရက်၊ သောကြာနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ အရေးပေါ် သတိပေးချက်တွေကို ပြောပြသွားပါတော့မယ်။ကမ္ဘာ့ရေဘေး ရေကြီးမှု သတိပေးစနစ် (GloFAS) ရဲ့ မြေပုံအချက်အလက်တွေအရ တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စတင်ခဲ့တဲ့ ရေဘေးအန္တရာယ်ဟာ ပင်မမြစ်ကြောင်းကြီးများအတိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသဆီကို စီးဆင်းလာနေပြီ ဖြစ်ပါတယ်။ဒေသအလိုက် ရေကြီးနိုင်ခြေ အန္တရာယ်ဇုန် (Red Alert) အခြေအနေတွေကို ပြောပြရရင် ရခိုင်ပြည် (မြောက်ပိုင်း) စစ်တွေ၊ မောင်တော၊ မြောက်ဦး မြို့နယ်များနဲ့ နီးစပ်ရာ ချင်းပြည်အတွင်းရှိ ရေဝေရေလဲ ဒေသတွေမှာ ရေကြီးနိုင်ခြေ ရာခိုင်နှုန်းပြည့် (၁၀၀%) ရှိနေပြီး အနီရောင် သတိပေးအဆင့် သတ်မှတ်ထားတာကို တွေ့ရပါတယ်။ #CJPlatform #မိုးလေဝသ #ရေကြီးရေလျှံသတိပေးချက် #တောင်ကျရေ #မြေပြိုအန္တရာယ် Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/nQ-n7VMBOt8

  • без подписи

  • စစ်ကိုင်း အပါအဝင် ရေဘေးသင့် မြို့နယ်တွေဆီ NUG ဒုဝန်ကြီးတွေ ကိုယ်တိုင် ကွင်းဆင်းပြီး အရေးပေါ် ရန်ပုံငွေတွေ ထောက်ပံ့ CJ Platform မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မိုးကြီးတာနဲ့ ဆည်ရေလွှတ်ချမှုတွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ် ၂၁ ခုမှာ ရေဘေးသင့် ပြည်သူ ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၂၅ ဦးအထိ ရှိလာရာ အဆိုးရွားဆုံး ထိခိုက်နေတဲ့ စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒုတိယဝန်ကြီးတွေ ကိုယ်တိုင် သွားရောက်ကာ အရေးပေါ် ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကွင်းဆင်း ထောက်ပံ့မှုကို NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းစောဖူးတို့ ဦးဆောင်ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာ မြို့နယ် ပအဖ၊ ကျန်းမာရေးနဲ့ လူသားစာနာ တာဝန်ခံတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ထိခိုက်မှု အများဆုံး မြို့နယ်တွေအတွက် တစ်မြို့နယ်ကို အရေးပေါ် ထောက်ပံ့ကူညီငွေ ကျပ်သိန်း ၁၀၀ နှုန်းနဲ့ ဒေသခံ ကိုယ်စားလှယ်တွေဆီ တိုက်ရိုက် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရေဘေးသင့် ပြည်သူတွေကို တွေ့ဆုံကာ အားပေးစကားတွေ ပြောပြခဲ့သလို စစ်ကိုင်းယူနစ် အတွင်းရှိ ဒေသခံတွေသာမက မန္တလေးဘက်ကနေ စစ်ကိုင်းဆီ ပြောင်းရွှေ့ စစ်ရှောင်နေရသူတွေ အတွက်ပါ ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးဖက်ဒရယ်ယူနစ် အတွင်းရှိ ရေဘေးသင့် ပြည်သူတွေအတွက် မန္တလေးယူနစ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်နေသလို ဧရာဝတီတိုင်း အတွင်းရှိ ပြည်သူတွေ အတွက်လည်း မိတ်ဖက် အဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေကျဆင်းချိန်မှာ နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ အပါအဝင် အခြား ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး အထူး သတိပြု နေထိုင်ကြဖို့လည်း NUG သတင်းထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။ #CJPlatform #စစ်ကိုင်းတိုင်း #NUG #ရေဘေးထောက်ပံ့ရေး

  • မနက်ဖြန် ဩဂုတ် (၁၄)ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက် မိုးဆက်များမယ် CJ Platform မနက်ဖြန် ဩဂုတ်လ ၁၄ ရက်၊ သောကြာနေ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ အရေးပေါ် သတိပေးချက်တွေကို ပြောပြသွားပါမယ်။အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျား‌နေပြီး ကုန်းတွင်းပိုင်းကို ဖြတ်ကျော်နေပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ဗဟိုချက်လေဖိအား (၁၀၀၀) ဟက်တိုပါစကယ် ရှိပြီး နောက် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်း ဒေသတွေကို ဆက်လက် ဖြတ်ကျော်နိုင်ကာ ဂျက်ခမ်းပြည်နယ် (Jharkhand) ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ #CJPlatform #မိုးလေဝသ #မုန်တိုင်းငယ် #ရေကြီးရေလျှံသတိပေးချက် #ဧရာဝတီမြစ်ရေ Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/D0tcB6sqEeQ