MPANews
Статистикаနွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
- Последний пост
- 16:34
- Последнее чтение
- 15 авг.
- Постов за неделю
- 64
- Всего постов
- 70
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 608
- 1/48двое суток
- 696
- 1/72трое суток
- 750
Медиана по постам, которые мы застали свежими и померили через сутки.
Посты
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
စစ်ကိုင်းတိုင်း ရေဘေးသင့်ပြည်သူများဆီ WFP ရောက်မလာသေး ၊ လူသားအားလုံး စာနာမှု အကူအညီ တန်းတူ ရပိုင်ခွင့်ရှိဟုဆို 15 Aug 2026 By Ko Myo/ MPA စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများဆီသို့ ကုလသမဂ္ဂလက်အောက်ခံ WFP အဖွဲ့ လာ ရောက်ကူညီမှု မရှိသေးကြောင်း သိရသည်။ ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က အာဟာရဖြည့် ဘီစကွတ် မက်ထရစ်တန်ချိန် ၂၀ ပေးပို့ကူညီခဲ့ကြောင်း ဩဂုတ် ၁၃ရက်၌ ထုတ်ပြန်ခဲ့သော်လည်း စစ်ကိုင်းတိုင်းရေဘေးသင့်များဆီသို့မူ အကူအညီများ ရောက်မလာ သေးကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများကို ကူညီနေသည့် အဖွဲ့များထံက သိရ သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12065/
MPA နေ့လယ် ၁၂ နာရီသတင်း (၁၅ ရက်၊ ဩဂုတ်၊ ၂၀၂၆) - PDF တွေကို ဒေါ်လာ သန်း ၃၀ ကျော် ထောက်ပံ့ထားမှုနဲ့အတူ စစ်ရေးနဲ့ ထိန်းကွပ်မှုကိုပါ ပိုမို တင်းကျပ်လာတဲ့ NUG - ဘဏ်တွေက လူထုအပ်နှံငွေတွေဘက် မျက်စိကျလာတဲ့ စစ်အုပ်စုကြောင့် ပြည်သူတွေ ထိတ်လန့် - ၆၀၀ အထိ YBS ယာဉ်စီးခတိုးကောက်မှုကြောင့် ရင်ဝကို စစ်ဖိနပ်နဲ့ စောင့်ကန်လိုက်သလိုဖြစ်သွားရတဲ့ ရန်ကုန်ပြည်သူတွေ - အစွန်းရောက် ဘာသာရေးသမားတွေစိမ့်ဝင်မှုနဲ့ တရုတ်ရဲ့ ဖိအား၊ 'ဝ' ဒေသ ဘုရားကျောင်းပိတ်ပွဲရဲ့ နောက်ကွယ် - မင်းအောင်လှိုင်ကြောင့် အကျပ်ရိုက်နေတဲ့ အနုတင်နဲ့ ထောင်ကလွတ်လာတဲ့ သက်ဆင်တို့ ပထမဆုံး ပြန်တွေ့ အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/uGZd4-IQA18
ဘဏ်များရှိ လူထုအပ်နှံငွေများအပေါ် စစ်ကော်မရှင် စွက်ဖက်လာသဖြင့် ဘဏ်စနစ် ပျက်စီးမည်ကို ပြည်သူများ စိုးရိမ် 15 Aug 2026 By Cherry May / MPA ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ စုဆောင်းငွေများကို စစ်ကော်မရှင်က ၎င်းတို့စိတ်ကြိုက် ဝင်ရောက်စွက်ဖက် ချုပ်ကိုင်ရန် ကြိုးပမ်းလာသည့်အတွက် အပ်နှံငွေများ ဆုံးရှုံးသွားမည်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်လျက် ရှိကြသည်။ စစ်စရိတ်နှင့် လက်နက်ဝယ်ယူရေးအတွက် နည်းမျိုးစုံဖြင့် အခွန်ကောက်ခံခြင်း၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ နိုင်ငံခြားငွေများကို ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည့် စစ်ကော်မရှင်သည် အခုအခါ ဘဏ်လုပ်ငန်းကဏ္ဍ အထွဋ်အထိပ်ဖြစ်သည့် ဗဟိုဘဏ်ကို အသုံးပြု၍ ပုဂ္ဂလိကဘဏ်များ၏ ငွေကြေးစနစ် တစ်ခုလုံးကို စိစစ်စွက်ဖက်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12062/
နိုင်ငံရေးအကျဉ်းသူ ၇ဦးထက်မနည်း ကင်ဆာရောဂါဖြစ်နေ၊လုံလောက်သည့် ဆေးကုသခွင့်မရဟုဆို 15 Aug 2026 By Ko Myo/ MPA အကျဉ်းထောင်များထဲတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသား ၇ဦးထက်မနည်းရှိ ပြီး လုံလောက်သည့် ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရ သည်။ မြင်းခြံထောင်၊ရွှေဘိုထောင်၊အိုးဘိုထောင်၊ ညောင်ရွှေထောင်၊ အင်းစိန်ထောင်နှင့် မြစ်ကြီးနားထောင် တို့တွင် ကင်ဆာရောဂါဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူများရှိသည်ဟု အခိုင်အမာသိရှိထားပြီး မြေပြင်၌ ၇ဦးထက်များစွာ ကျော်လွန်နိုင်ကြောင်း WOPP ၏ ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ဆို သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12059/
မြိုင်တွင် လူသတ် မီးရှို့နေသော စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၅၀ထက်မနည်း သေဆုံးဟုဆို 15 Aug 2026 By MPA မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုး လူသတ် မီးရှို့နေသော စစ်တပ်ကို အညာတမာ စစ်ဆင်ရေးအင်အားစုက တိုက်ခိုက်ခဲ့ရာ စစ်သား၅၀ထက်မနည်း သေဆုံးကာ အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။ ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ်၊ တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာ ၊ ထို့ နောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ရောက်ရှိလာပြီး ကိုင်းတောမ - ဝက်ပုတ် - ဘောတုံ- ဘောင့်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း စရှသည့် ကျေးရွာလမ်းပိုင်းများကို အသုံး ပြုကာ စစ်ကြောင်းထိုးလူသတ်နေသည့် အင်အား၅၀၀ခန့်ရှိ စစ်တပ်နှင့် အညာတမာ အင်အားစုတို့ ထိတွေ့မှု ကြီး၊ငယ် အကြိမ်ပေါင်း ( ၃၀)ထက် မနည်း ဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်း အချို့ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊အညာတမာစစ်ဆင်ရေးက ယနေ့(ဩဂုတ်၁၅ရက်)နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12056/
စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အထွေထွေ စားဝတ်နေရေးစရိတ် ကျပ်တည်းမှုများ ရင်ဆိုင်နေရချိန်တွင် ရန်ကုန်မြို့၌ နေ့စဉ် အဓိက အားထားစီးနင်းနေရသည့် YBS လိုင်းကားများ၏ တရားဝင် ယာဉ်စီးခကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ လက်ရှိ ၂၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၃၀၀ ကျပ်သို့ လည်းကောင်း၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံနေသည့် နှုန်းထားကို ၆၀၀ ကျပ်သို့ လည်းကောင်း အသီးသီး တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12053/
MPA နံနက် ၇ နာရီသတင်း (၁၅ ရက်၊ ဩဂုတ်၊ ၂၀၂၆) - စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ကစားခံနေရတဲ့ လူထုခေါင်းဆောင် - CDF-KKG ခေါင်းဆောင်ပိုင်းနဲ့ ရဲဘော်ကို သတ်ဖြတ်ခဲ့သူတွေ စစ်ကော်မရှင်ထံ လက်နက်ယူပြီး ထွက်ပြေးသွား - FPV ဒရုန်း ပန်ကာသံ ကြားတာနဲ့ သွေးပျက်နေရတယ်လို့ စစ်တပ်လော်ဘီတွေ ဝန်ခံလာ - လှပမှုအပြင် မေတ္တာဓာတ်ပါ ပြည့်၀လွန်းတဲ့ မော်ဒယ်လုလုအောင်ရဲ့ အလှူဒါန - အထက်မြစ်ရေတွေဆင်းလာလို့ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေ ပြန်ကျဖို့မလွယ်သေး - ကိုဗစ်-၁၉ ကာကွယ်ဆေးက ကိုယ်ဝန်ပျက်ကျနိုင်တယ်လို့ သတင်းမှားတွေ ဖြန့်ဝေခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်နှစ်ယောက် အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/-BFRUetxlkQ
MPA ည ၇ နာရီသတင်း (၁၄ ရက်၊ ဩဂုတ်၊ ၂၀၂၆) - စစ်ရေးနဲ့ နိုင်ငံရေး စနစ်တကျ ပေါင်းစည်းထားတဲ့ တပ်ဦးသစ်ကြောင့် ဖက်ဒရယ်နိုင်ငံသစ်ပေါ်ပေါက်မယ်လို့ ဒေါက်တာဇော်ဝေစိုးပြော - ရန်ကုန်ကနေ မွန်ပြည်နယ်အထိ ကူးစက်လာတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ - ပုသိမ်မှာ ပျောက်ဆုံးသွားတဲ့ GTI ဆရာမဟောင်း မြောင်းမြမှာ အလောင်းအဖြစ်ပြန်တွေ့ - EU က ထပ်မံထောက်ပံ့မယ့် ယူရို ၁၀သန်းခွဲ တကယ့်ဘေးသင့်ပြည်သူတွေဆီ ရောက်လာပါ့မလား - ရေတပ်သား ၅,၀၀၀ နီးပါး စိတ်ဖိစီးမှု ပြင်းထန်နေတဲ့ USS Abraham Lincoln စစ်သင်္ဘောအကြောင်း အဲဒီလို ညပိုင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/GJUn2q_IQKU
မော်ဒယ်လုလုအောင် လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင်များအတွက် အစားအစာများဝယ်ယူရန် သိန်း ၄၀ လှူဒါန်း 14 Aug 2026 By MPA ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် မော်ဒယ် လုလုအောင်မှ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ စစ်ဘေးရှောင်စခန်းများ၌ လိုအပ်လျက်ရှိသော စားသောက်ကုန်များနှင့် ရိက္ခာခြောက်များ ဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၄၀ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/12050/