tgindex
M T A

Channel part of Myanmar Tawhlan Network, under Myanmar Telegram News

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
167
Всего постов
212
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
12 авг.
Подписчики
2 926
−10 за 4 дн.
Сутки
−4
−0,14%
Неделя
 
Месяц
 
Просмотров на пост
38
40 постов
Вовлечённость
1,3%
к подписчикам
Постов в день
23,9
всего 212
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
30
1/48двое суток
34
1/72трое суток
37

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • လူငယ်များ စစ်မှုထမ်း လာစေရန် နှင့်ပြည်သူများ စစ်မှုထမ်းခိုင်းခြင်းအပေါ် အကောင်းမြင်လာစေရေး “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဝါဒဖြန့်ဇာတ်လမ်းကို စစ်တပ်က သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးမည် ရန်ကုန်၊ ဩဂုတ် ၁၅ မြန်မာနိုင်ငံတွင် လူငယ်များ စစ်မှုထမ်းလာစေရန်နှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် ပြည်သူ၏ အမြင်အာရုံပြောင်းလဲလာစေရန် ရည်ရွယ်သည့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုကို သရုပ် ဆောင်များစွာဖြင့် စစ်တပ်က ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းမှာ စစ်တပ်အတွက် စစ်မှုထမ်းခြင်းမှာ ကောင်းမွန်သည်ဆိုသော ဝါဒဖြန့် အဆိပ်ခပ်ရန် ရည်ရွယ်ထားသော ဇာတ်လမ်းဖြစ်ပြီး လူငယ်များအကြား စစ်မှုထမ်းရန် လက်ခံလာစေရေးနှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် အမြင်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်သည့် ဝါဒဖြန့်ချိရေးဇာတ်လမ်းဖြစ်ကြောင်း ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ယင်းစစ်တပ်ဝါဒဖြန့် ဇာတ်လမ်းတွင် အောင်သုရိန်အဖြစ် ထက်လျှမ်းအောင် (ခ) ပိုက်၊ အောင်သုရိန်၏ သူငယ်ချင်းအဖြစ် ထက်လင်းအောင် နှင့် ကြူဝင်လင်းထူး၊ အောင်သုရိန်၏ တပ်ခွဲမှူးအဖြစ် ထက်အောင်ခန့်၊ အောင်သုရိန်၏ ချစ်သူအဖြစ် ရွှေမှူးဟန် (ခ) မေအေးမြသန်း တို့ ပါဝင်သရုပ် ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောင်သုရိန်၏ ဖခင်အဖြစ် မင်းသူ၊ မိခင်အဖြစ် မေသဉ္ဇာဦး တို့ ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီ CEO အဖြစ် နေအောင် ကလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ စစ်တပ်ဝါဒဖြန့် အဆိပ်ခတ် ဇာတ်လမ်းများ အမြဲရိုက်ကူးနေသော ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် တင်အောင်စိုး (ပန်းမြို့တော်) က တာဝန်ယူရိုက်ကူးမည်ဟု သိရှိရသည်။ ရရှိထားသည့် အချက်အလက်များအရ အဆိုပါ ဇာတ်လမ်းတိုတွင် ပါဝင်သည့် သရုပ်ဆောင်အချို့သည် ယခင်က စစ်တပ်နှင့် သက်ဆိုင်သည့် အခမ်းအနားများ၊ ရဲတပ်ဖွဲ့နေ့နှင့် တပ်မတော်နေ့ဆိုင်ရာ ဇာတ်ကားများအပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ထက်လင်းအောင် သည် “တပ်မတော်နေ့” နှင့် “ရဲတပ်ဖွဲ့နေ့” ဇာတ်ကားများတွင် ပါဝင်ဖူးသူဖြစ်ပြီး၊ ကြူဝင်လင်းထူး သည် “တောင်နီလေးတစ်ထည်”၊ “သက်ရှိစည်းရိုး” နှင့် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ထက်အောင်ခန့် သည် “သက်ရှိစည်းရိုး” နှင့် “သစ္စာမျိုးဆက်” ဇာတ်ကားများတွင် ပါဝင်ခဲ့ဖူးပြီး၊ ရွှေမှူးဟန် (ခ) မေအေးမြသန်း သည် တာဝန်ထမ်းဆောင်ဆဲ စ်အရာရှိတစ်ဦးအဖြစ် ဖော်ပြထားသည့်အပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ရိုက်ကူးလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က ငွေကျပ်သိန်းထောင်သောင်းချီ အသုံးပြုပြီး ဝါဒဖြန့် ဇတ်ကားများ ရိုက်ကူး ထုတ်လုပ် အခမဲ့ပြသကာ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားရန် အမြဲလိုလို ကြိုးပမ်းလေ့ရှိပြီး ပါဝင်သော သရုပ်ဆောင်များကိုလည်း ငွေကြေးအပြင် အခြားမြေကွက်၊ သွင်းကုန်ပါမစ် အစရှိသော စီးပွားရေးအခွင့်အလမ်းများ ပေးအပ်လေ့ရှိကြောင်း စစ်တပ်ဘက်တော်သား သရုပ်ဆောင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ Source-KhitThit

  • ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ အရေးတော်ပုံ မုချအောင်ရမည်။

  • без подписи

  • အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ လက်စတာအသင်းကို ပြန်လည်ရောင်းချဖို့ ထိုင်းပိုင်ရှင်များ ပြင်ဆင် AFP ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာစီးတီးကို ထိုင်းပိုင်ရှင်တွေက ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေကြောင်း ကြာသပတေးနေ့ သတင်းတွေအရ သိရပါတယ်။ ပရီးမီးယားလိဂ် ဖလားကို နတ်သမီးပုံပြင်ဆန်ဆန် ရယူနိုင်ခဲ့အပြီး ၁၀ နှစ်အကြာကို ရောက်ရှိချိန်မှာတော့ လက်စတာတို့ဟာ အသင်းသမိုင်းတလျှောက် ဒုတိယအကြိမ်အဖြစ် အင်္ဂလန်တတိယတန်းလိဂ် (League One) ကို ဒီရာသီမှာဆင်းကစားရတော့မှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ FA Cup ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ မြေခွေးပြာတွေဟာ ၂၀၂၅ ခုနှစ်မှာ ပရီးမီးယားလိဂ်နဲ့ ၂၀၂၆ ခုနှစ်မှာ ချန်ပီယံရှစ်တို့ ကနေ ဆက်တိုက် တန်းဆင်းရင်း ဆိုးရွားတဲ့ ကာလတခုကို ဖြတ်သန်းခဲ့ရတာပါ။ ဘောလုံးလိဂ် ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ရေး စည်းမျဉ်းများ (PSR) ဖောက်ဖျက်မှုကြောင့် ပြီးခဲ့တဲ့ ရာသီမှာ လက်စတာတို့ ခြောက်မှတ် ဖြတ်ချခံခဲ့ရပြီးနောက် လိဂ်ဝမ်း (League One) အထိ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ BBC ရဲ့ ဖော်ပြချက်အရ လက်စတာရဲ့ ထိုင်းပိုင်ရှင် စီဝတ်တနာ ပရာဖာ မိသားစု ဦးဆောင်တဲ့ ကင်းပါဝါ (King Power) အုပ်စုဟာ အဝယ်တော် ရှာဖွေနိုင်ဖို့အတွက် ထိပ်တန်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်တခုကို တာဝန်ပေးအပ်ထားပြီး အသင်း ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင် သန်း ၂၀၀ (ဒေါ်လာ ၂၆၉ သန်း) ကျော်နဲ့ တန်ဖိုးဖြတ်ထားကြောင်း သိရပါတယ်။ ကင်းပါဝါ အုပ်စုဟာ ၂၀၁၀ ပြည့်နှစ်မှာ လက်စတာအသင်းကို ပေါင် ၃၅ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ ၂၀၁၉ ခုနှစ်က ကင်းပါဝါ ကွင်းအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဖခင်ဖြစ်သူ ဗီချိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌအဖြစ် အေယာဝပ် စီဝတ်တနာ ပရာဖာက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ တန်းဆင်းခဲ့ရပြီးနောက်ပိုင်း အေယာဝပ်က အသင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် သူ့အနေနဲ့ “ပြစ်ဒဏ်” (တာဝန်ယူမှု) ကို ထမ်းရွက်သင့်တယ်လို့ ပြောပေမဲ့ အသင်း ရဲ့ “ဖွဲ့စည်းပုံ ပြောင်းလဲသွားမယ်” လို့လည်း အလေးအနက် ဆိုပါတယ်။ နည်းပြ ရပ်ဆဲလ် မာတင် ရဲ့ အသင်းဟာ တန်းတက်နိုင်ရေး ကြိုးပမ်းမှုကို စနေနေ့မှာ နော့တ်စ် ကောင်တီ နဲ့ စတင်ကစားရမှာဖြစ်ပါတယ်။ #လက်စတာအသင်း #ထိုင်းပိုင်ရှင်များ #ပရီးမီးယားလိဂ် #MizzimaNews

  • သတင်းအပြည့်အစုံဖတ်ရှုရန် >> https://bur.mizzima.com/2026/08/14/100481

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် သက်ဆိုင်သူအားလုံး ပါဝင်သည့် ရိုးသားသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ပြီး “Friends of Myanmar” ကွန်ရက်မှတဆင့် မြန်မာ့အရေးအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းနည်းများကို ပူးပေါင်းရှာဖွေသင့်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ (Asian Peace and Reconciliation Council – APRC) ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဆူရကီယတ် ပြောသည်။ ဩဂုတ် ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်ကြာကျင်းပမည့် ညီလာခံတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အခက်အခဲနှင့် စိန်ခေါ်မှုများအပြင် သယံဇာတတရားမျှတမှု၊ သယံဇာတစီမံခန့်ခွဲမှု၊ ရှားပါးမြေသတ္တု (Rare Earth) တူးဖော်မှု တိုးချဲ့လာခြင်းနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများအပါအဝင် မြန်မာနိုင်ငံ၏ အနာဂတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ ♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ #မြန်မာ့အရေး #RCSD #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #နယ်စပ်ဖြတ်ကျော် #MizzimaNews

  • без подписи

  • без подписи

  • без подписи

  • တော်လှန်ရေးတပ်တွေ ၂ နှစ်ကျော် ထိန်းချုပ်ထားတဲ့ မြိုင်နယ်၊ ကျောက်ခွက်ရေနံမြေကို စစ်အုပ်စုစစ်ကြောင်းတွေ စတင်ဝင်ရောက်လာ၊ တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက အဆက်မပြတ်ဗုံးကြဲနေဟုဆို ‌အီသာရမ်/MFP၊ဩဂုတ်-၁၄ မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းက ယာကြီးပြင်ကျေးရွာက ထွက်လာပြီးနောက် ရှေ့ပြေးစစ်အုပ်စုဝင်တချို့ဟာ တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားခဲ့တဲ့ ကျောက်ခွက်ရေနံမြေကို စတင်ဝင်ရောက်နေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျောက်ခွက်ရေနံမြေနဲ့ Well2 ရေနံမြေဧရိယာအတွင်းကို စစ်အုပ်စုရှေ့ပြေးစစ်ကြောင်းတွေ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး တချိန်တည်းမှာပဲ လေကြောင်းကနေလည်း အဆက်မပြတ်ဗုံးကြဲ ပစ်ကူတိုက်ခိုက်နေတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ “ကျောက်ခွက်ရေနံမြေထဲကို စဝင်နေပြီလို့ ကြားတယ်၊ရှေ့ပြေးစစ်ကြောင်းတွေ ဝင်တော့တာဖြစ်မှာ အခု Y12 ခုလောလောဆယ် ပစ်ကူပေးပြီး ဝင်တော့မယ်လို့ ယူဆတယ်၊မနေ့ကတည်းကလည်း တချို့တဝက် ရှေ့ပြေးတွေက ကျောက်ခွက်ဧရိယာထဲဝင်နေပြီလို့ ကြားနေတာပဲ” လို့ သူကဆိုပါတယ်။ ကျောက်ခွက်ရေနံမြေကို တော်လှန်ရေးတပ်တွေက ၂ နှစ်ကျော် ထိန်းချုပ်ထားပြီးနောက် အခုစစ်အုပ်စုစစ်ကြောင်းက ပထမဆုံးအကြိမ်အဖြစ် ရေနံမြေဧရိယာထဲကို စတင်ဝင်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ပခုက္ကူမြို့တပ်မ ၁၀၁ ခေါ် အမှတ်၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စု အင်အား ၇၀၀ခန့်ဟာ ဇွန်လပထမပတ်ကစပြီး မြိုင်နယ်ရေနံမှော်တွေဆီ ဦးတည်ကာ နှစ်လကျော် စစ်ကြောင်းထိုးနေခဲ့ပြီး တော်လှန်ရေးတပ်တွေ့နဲ့လည်း နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ရှေ့ဆက်မရဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စစ်အုပ်စုစစ်ကြောင်းက ယာကြီးပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ၁၂ ရက်ကြာအထိုင်ချတပ်စွဲပြီး ဩဂုတ်လ ၁၄ ရက်နေ့ မနေ့ကတော့ ယာဉ်တန်းနဲ့နောက်ချန်အင်အားတွေက တောင်စုံကျေးရွာကို ရောက်ရှိကာ ရှေ့ပြေးစစ်အုပ်စုတွေက ကျောက်ခွက်ရေနံမြေဧရိယာထဲကို စတင်ဝင်ရောက်တော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာကြီးပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ၁၂ ရက်ကြာ အခိုင်အမာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုဟာ အိမ်ခြေ ၃၀၀ကျော်ရှိတဲ့ ယာကြီးပြင်ကျေးရွာထဲက အိမ်ခြေ ၂၀၀ ကျော်ကို လေးကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးသွားသလို ကျေးရွာနေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ယာကြီးပြင်ရွာကတော့ ခွေးတွေက ရက်တော်တော်ကြာတပ်စွဲပြီး ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲပြီး လေးပုံပုံရင် သုံးပုံလောက်ရှို့သွားတာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာစဉ်ပတ်မွှေစီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ နှစ်လအတွင်း မြိုင်မြို့နယ်အတွင်းက ကျေးရွာ ၁၂ ရွာခန့်က ဒေသခံပြည်သူအယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားပြီး၊ ကျေးရွာနေအိမ်အလုံးပေါင်း ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ယာကြီးပြင်၊မှန်ရင်းနဲ့ ဆူးဝင်းကျေးရွာတွေအနီးက စစ်ရှောင်ပြည်သူတွေနေတဲ့ တောတိုက်တွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးကာ၊ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သလို ရေနံဆီခြံတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစစ်အုပ်စုစစ်ကြောင်းရန်ကြောင့် ယာကြီးပြင်၊တောင်စုံ၊မှန်ရင်း၊မြောင်းမြားနဲ့တဲကြီးကျေးရွာတို့က ဒေသခံတွေအပါအဝင် နဲ့ကျောက်ခွက်ရေနံမြေထဲက ရေနံလုပ်သားတွေနဲ့ ဈေးသည်တွေ အားလုံး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ မြိုင်နယ်အတွင်း ရေနံမှော်တွေက ရေနံလုပ်ငန်းခွင်တချို့ နဲ့ စစ်အုပ်စုမီးရှို့ဖျက်ဆီးသွားတဲ့ မြိုင်နယ်အတွင်းက ကျေးရွာတွေကို တွေ့ရစဉ် /ဓာတ်ပုံ-ထင်လင်း၊ဒေသခံ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ#ပခုက္ကူ #မြိုင်#စစ်ကြောင်းထိုး

  • без подписи

  • без подписи

  • без подписи

  • မိုဇိုရမ်မှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ ဘိန်းဖြူနဲ့ကွမ်းသီးတွေဖမ်းမိ ​Border News Agency မီဇိုရမ်၊သြဂုတ် ၁၄။ ​အိန္ဒိယ-မြန်မာနယ်စပ်၊ မိုဇိုရမ်ပြည်နယ်အတွင်း တရားမဝင်ကုန်ကူးတာတွေနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးကို အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မိုဇိုရမ်ရဲတပ်ဖွဲ့ပေါင်းလုပ်ခဲ့ပါတယ်။ ​အဲဒီစစ်ဆင်ရေးအတွင်း သြဂုတ်လ ၁၃ ရက်နေ့က စုစုပေါင်းအိန္ဒိယရူပီးခုနှစ်ကုဋေရှစ်ဆယ့်တသိန်း (မြန်မာကျပ်ငွေဘီလီယံချီ)တန်ဖိုးရှိ ဘိန်းဖြူနဲ့ကွမ်းသီးတွေကို ဖမ်းမိခဲ့တာပါ။ ​အဲဒီချမ်ဖိုင်းခရိုင် မူအယ်လ်ကဝီးလမ်းမပေါ်မှာ ရူပီးတကုဋေနှစ်ဆယ့်ကိုးသိန်းတန်ဖိုးရှိ ကွမ်းသီးအလေးချိန်တသောင်းနှစ်ထောင်လေးရာကီလိုဂရမ်ကို သိမ်းမိခဲ့ပါတယ်။ ​အဲဒီအပြင် ဆိုင်တွာလ်ခရိုင်၊ ကေဖန်းဒေသမှာလည်း ရူပီးခြောက်ကုဋေငါးဆယ့်တသိန်းတန်ဖိုးရှိ နံပါတ်လေးဘိန်းဖြူအလေးချိန် ရှစ်ရာ့ခြောက်ဆယ့်ရှစ်ဂရမ်ကိုရှာတွေ့ခဲ့ပြီး ဆက်စပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းခဲ့တာပါ။ ​အဲဒီဖမ်းမိမှုတွေဟာ နယ်စပ်ဒေသအတွင်းမူးယစ်ဆေးဝါးနဲ့ မှောင်ခိုကုန်စည်စီးဆင်းမှုကွန်ရက်တွေကိုဖြိုခွဲဖို့ အာသံရိုင်ဖယ်တပ်ဖွဲ့ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးရလဒ်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-အာသံရိုင်ဖယ်တပ် Website - https://burmese.bnanews.net/news/40858/ Twitter - https://x.com/BNABurmese/likes Telegram -https://t.me/bordernews YouTube -https://www.youtube.com/@BNABurmese #​အိန္ဒိယ #မြန်မာနယ်စပ် #မိုဇိုရမ်ပြည်နယ် #မူးယစ်ဆေးဝါး #BNA