PSLF/TNLA News
СтатистикаOfficial Telegram channel of PSLF/TNLA News Agency. Latest news and updates from Ta'ang region. https://www.taangland.org/
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 15
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 719
- 1/48двое суток
- 971
- 1/72трое суток
- 1 047
Медиана по постам, которые мы застали свежими и померили через сутки.
Посты
နမ္မတူမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA မှ ဖမ်းဆီးရမိ နမ္မတူ၊ သြဂုတ်လ ၁၅ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့၊ ရပ်ကွက် (၃) တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို တအာင်းတပ်မတော် TNLA တပ်မဟာ (၂) မှ ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း သတင်းရရှိသဖြင့် နမ္မတူမြို့၊ ရပ်ကွက် (၃) အတွင်း သွားရောက်စစ်ဆေးရာ အသက် (၅၇) နှစ်အရွယ် ဦးမောင်မောင်လွင်ထံမှ ယာမထုတ်သေး (၃၀) ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာဗူး (၃၁) ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူသည် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်ဖြင့် (၆) လခန့် ထိန်းကျောင်းပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သူဖြစ်သည်။ လက်ရှိတွင် ၎င်းအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့တွင် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၊ ရပ်ကွက် (၃) အတွင်း တအာင်းပြည်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့တို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ယာမစိတ်ကြွဆေးပြား (၃၇၀) ပြား၊ လက်နက်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
без подписи
без подписи
без подписи
без подписи
မိုင်းငေါ့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်ပေး နမ့်ဆန်၊ သြဂုတ် ၁၂ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီးဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် လမ်းမကြီးပေါ် မြေပြိုမှုလည်း ဖြစ်ပွားခဲ့သည်။ ထို့မြေပြိုမှုကြောင့် ပြည်သူလူထုများ ခရီးသွားရန်တွင် အဆင်မပြေမှုများ ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုရေကြီးရေလျှံမှုကြောင့် မိုင်းငေါ့နှင့် ကျောက်မဲမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းတချို့သည် ပျက်စီးသွားခဲ့ပြီး ထိုလမ်းကို မိုင်းငေါ့မြို့ရှိ မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့မှ စတင်၍ လက်ရှိထိ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းပြည်အတွင်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများ စိုက်ပျိုးထားသည့် သီးနှံများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးသွားခဲ့သော လမ်းနှင့် တံတားများလည်း ပြည်သူများသွားလာအဆင်ပြေစေရန် အမြန်ဆုံး ပြန်လည်ပြုပြင်ရေးလုပ်ငန်းကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ဆောင်နေပါသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
без подписи
без подписи
без подписи
без подписи
နမ့်ဆန်မြို့တွင် မြို့နယ်စည်ပင်ကော်မတီမှ လုပ်ငန်းလိုင်စင်စစ်ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ နမ့်ဆန်၊ သြဂုတ် ၁၁ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့ရှိ ဈေးဆိုင်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်စည်ပင်ကော်မတီမှ လုပ်ငန်းလိုင်စင်စစ်ဆေးခြင်းနှင့် ပြုလုပ်ခြင်းလုပ်ငန်းများကို သြဂုတ်လ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါစစ်ဆေးမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးများက ပူးပေါင်း၍ မြို့တွင်းရှိ အခြေခံစားသောက်ကုန်စုံဆိုင်များ၊ ပရိဘောဂဆိုင်များနှင့် နေ့စဉ်သုံး ဝန်ဆောင်မှုဆိုင်များတွင် ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းလိုင်စင် ရှိ/မရှိ လိုက်လံစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးမှုအတွင်း လိုင်စင်မရှိသေးသော လုပ်ငန်းရှင်များကိုလည်း တစ်ခါတည်း လိုင်စင် ပြုလုပ်ပေးခဲ့ပါသည်။ ထို့အပြင် စစ်ဆေးမှု မပြုလုပ်မီ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ဆိုင်ရှင်များထံသို့ အကြောင်းကြား အသိပေးထားပါသည်။ နောက်နောင်တွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်များကို ပြုလုပ်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုပြုလုပ်ချိန်တွင် မရှိပါက ဥပဒေအရ အပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။ အလားတူ ပြီးခဲ့သည့် မေလ (၂၆)ရက်နေ့ ၌ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း၍ သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
без подписи
без подписи
နမ့်ခမ်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုမရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့ နမ့်ခမ်း၊ သြဂုတ် ၁၁ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုများမရှိစေရန် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့၌ ကင်းလှည့်စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပူးပေါင်းကင်းလှည့်စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့လုံခြုံရေးမြှင့်တင်ရန်နှင့် မှုခင်းဖြစ်ပွားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် မြို့တွင်း၊ မြို့ပြင်ရှိ လမ်းဆုံလမ်းခွများ၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ မိဘပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်စေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့များက မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့တွင်း၊ မြို့ပြင် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးစစ်ဆေးမှုများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ နမ္မတူမြို့အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအသုံးပြုသူများ စနစ်တကျ သွားလာနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့မှ သြဂုတ်လ (၁) ရက်နေ့မှ စတင်ကာ မီးပွိုင့်များ တပ်ဆင်ဆောင်ရွက်လျက်ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခဲ့သည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
без подписи
без подписи
ချောင်းရေတိုက်စားမှုကြောင့် မန်တုံမြို့နယ်ကို ဓာတ်အားလိုင်းပေးနေသည့် လျှပ်စစ်ဓာတ်တိုင်တစ်တိုင် လှဲကျသဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ခဲ့ နမ့်ဆန်၊ သြဂုတ် ၁၀ ရက် တအာင်းပြည်သတင်း တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်တုံမြို့နယ်ကို ဓာတ်အားလိုင်းပေးနေသည့် လျှပ်စစ်ဓာတ်တိုင်တစ်တိုင်သည် ချောင်းရေတိုက်စား၍ လှဲကျသဖြင့် PSLF/TNLA၏ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သြဂုတ်လ (၈) ရက်နေ့ ညနေ (၄း၃၀) နာရီအချိန်၌ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့သည်။ အဆိုပါဓာတ်အားလိုင်းသည် နမ္မတူမြို့မှ မန်တုံမြို့နယ်ကို ဆက်သွယ်ပေးထားသော (၃၃) ကေဗီရှိ လျှပ်စစ်ဓာတ်အားလိုင်းဖြစ်ပြီး ယခုရက်တစ်ပတ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဓာတ်တိုင်လှဲကျသွားခြင်းဖြစ်ပါသည်။ ၎င်းဓာတ်တိုင်လှဲကျမှုကြောင့် မြို့နယ်အတွင်း လျှပ်စစ်မီးပျက်တောက်သွားခဲ့ပြီး မီးပြန်လည်ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်သူလူထုများအနေဖြင့် ရေတိုက်စားမှုသော်လည်းကောင်း၊ သစ်ပင်လှဲကျသော်လည်းကောင်း ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဓာတ်တိုင်များသည် ပုံမှန်အခြေအနေမဟုတ်လျှင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အမြန်ဆုံးအကြောင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ်လ (၅)ရက်နေ့ ညနေ (၅း၀၀) နာရီဝန်းကျင်၌ မန်တုံမြို့နယ်၊ နမ့်ခုံကျေးရွာကို ဖြန့်ဖြူးပေးနေသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များပေါ်တွင် သစ်ပင်လှဲကျသဖြင့် တာဝန်ရှိသူများက အမြန်းဆုံးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။ Website Official www.taangland.org Telegram Official Channel https://t.me/pslftnlanews Telegram Link – Ta’ang TV https://t.me/pslftnlaTaangTV YouTube Official https://www.youtube.com/@pslftnlanews #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
без подписи
без подписи