Hindu ဘာသာရေး အသိပညာ
Статистикаဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။
- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 4
- Всего постов
- 22
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 38
- 1/48двое суток
- 43
- 1/72трое суток
- 46
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
နားဂ်ပန်ကျမီး (ခေါ်) မြွေမင်းပူဇော်ပွဲ။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့ဟာ နားဂ်ပန်ကျမီးနေ့မြတ်ဖြစ်ပါသည်။ ဟိန္ဒူဘာသာတွင် မြွေသည် အလွန်အရေးပါသောဖြစ်တည်မှုတစ်ခုဖြစ်ပြီး ဘုရားရှင် အသီးသီးတို့ထံ ခစားရသော သတ္တဝါများဖြစ်သည်။ ထို့အတွက် မြွေတို့သည် ဟိန္ဒူဘာသာတွင် အလွန်အရေးပါပေသည်။ ဟိန္ဒူဘာသာတွင် "နားဂ်" နှင့် "ဆရ်ပ" ဟူသော အသုံးအနှုန်းတို့ဖြင့် မြွေကို ခေါ်ဝေါ်ကြပေသည်။ ထိုအသုံးအနှုန်း တစ်ခုကြားတွင် ကွာဟချက်များရှ်ိပေသည်။ "ဆရ်ပ" သည် ယေဘူယျအားဖြင့် မြွေအားလုံးကို ခေါ်ဝေါ်ပြီး သာမန် တိရစ္ဆာန်မြွေတို့ကိုလည်း ဆရ်ပဟုသာ ခေါ်ဝေါ်ကြသည်။ "နားဂ်" သည် နတ်တန်ခိုးအား ပိုင်ဆိုင်သော မြွေမင်း အကြီးအကဲများအား ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်ပေသည်။ သို့ပေငှား နားဂ်များသည်လည်း မြွေကဲ့သို့သာ အဆင်းသဏ္ဍာန်ရှိကြပြီး ပုံမှန်ထက် ကြီးမားသောမြွေမင်းများကို ခေါ်ဝေါ်ခြင်းဖြစ်ပေသည်။ ထိုမြွေမင်း ဒေ၀တာများအား အရိုအသေပြု ပူဇော်ကြသောပွဲကို နားဂ်ပန်ကျမီးဟုခေါ်ပြီး ဤပွဲတော်တွင် မြွေ ဒေ၀တာများအား ရည်စူး၍ ပန်း၊ နနွင်း၊ ထမင်း၊ မုန့်ချို၊ နွားနို့တို့ဖြင့် ကပ်လှူပူဇော်ကြသည်။ နားဂ် ဒေဝတာတို့ကို ရည်စူး၍ ယနေ့တွင် ကပ်လှူပူဇော်ကြသော်လည်း ဟိန္ဒူဘာသာ၀င်များဟာ ထိုမြွေတို့အား ကိုးကွယ်ဆည်းကပ်နေခြင်းမဟုတ်ဘဲ ရိုသေလေးစားမှုကိုသာပြသခြင်းဖြစ်ပါသည်။ ဟိန္ဒူဘာသာအရတွင် ကိုးကွယ်ထိုက်သူမှာ ဘုရားရှင်သာဖြစ်ပါသည်။ ဂရုဒ ပူရာဏ်ကျမ်းအရ ထိုနေ့တွင် မြွေမင်းတို့ကို ပူဇော်၍ ကုသိုလ်ပြုသူတို့၏ ဘ၀တွင် ကောင်းကျိုးမင်္ဂလာများသာရရှိမည်ဖြစ်သည်။ နားဂ်ဒေ၀တာများကို ပူဇော်ခြင်းဖြင့် ကောင်းကျိုးမင်္ဂလာ၊ အကာအကွယ်များရရှိပြီး မိသားစု၏ ကျန်းမာခြင်း၊ မကောင်းသော အမင်္ဂလာများ ပပျောက်ခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်။ မိမိ၏ ဘ၀တွင် မထင်မှတ်ဘဲ ကျရောက်တတ်သော အခက်အခဲများ၊ တုန်လှုပ်ခြောက်ခြားစေသော ဘေးရန်များကိုပါ ပပျောက်စေမည်ဖြစ်သည်။ နားဂ် ဒေ၀တာများသာမက ဘုရားရှင်ရှီဗားနှင့် မာနဆာဒေဝီတို့ကို ပူဇော်ကြပေသည်။ မာနဆာဒေဝီအား နာဂေးရွှရီ၊ နားဂ်မားဟူ၍လည်း ဒေသအပေါ်မူတည်၍ ခေါ်ဝေါ်ကြပေသည်။ မာနဆာဒေဝီသည် ဘုရားရှင်ရှီဗားနှင့် မယ်တော် ပါရ်ဗသီးတို့၏ သမီးတော်ဖြစ်ပြီး သူမ၏ စွန့်လွှတ်အနစ်နာခံမှုကြောင့် မြွေများအား အစိုးရသော မြွေတို့၏ မိခင် မယ်တော်အဖြစ်သတ်မှတ်ပါသည်။ ထို့အတွက် ဟိန္ဒူဘာသာတွင် မာနဆာဒေဝီအား မြွေမယ်တော်အဖြစ် သတ်မှတ်ကြသည်။ ဘုရားရှင် သျှိဗ (ရှီဗား) ၏ လည်ပင်းတွင် ဗာဆူကီ မြွေမင်းသည် ခွေပတ်လျက်ရှိပြီး ဘုရားရှင်၏ အဆိပ်ခပ်သိမ်းအား အောင်နိုင်သော ဂုဏ်တော်နှင့် ခက်ထန်သော သတ္တဝါကိုပင် ငြိမ်းချမ်းစေသောဂုဏ်တော်ကို ဖော်ညွှန်းလျက်ရှိသည်။ ဘုရားရှင် ဗိသျှဏု (ဗစ်ရှ်နူး) သည်လည်း ခေါင်းများစွာရှိသော အနံန်းသ သျှေးသျှ မြွေမင်း၏ သလွန်ထက်တွင် လဲလျောင်းလျက်ရှိနေခြင်းသည် ဂုဏ်တော်ခပ်သိမ်းအား ပိုင်ဆိုင်တော်မူခြင်း၊ အဆုံးအစမရှိသော အနန္တဂုဏ်တော်ကို ပိုင်စိုးတော်မူခြင်းနှင့် သဘာ၀တရားကို ပိုင်တော်မူခြင်းကို ဖော်ညွှန်းလျက်ရှိသည်။ မယ်တော်မြတ် မာရီအမ္မာန်းအားလည်း ရံဖန်ရံခါတွင် မြွေများအုပ်မိုးလျက်လည်း တွေ့ရှိတတ်ပေသည်။ ထိုမြွေများအနက် အနံန်းသ သျှေးသျှမြွေမင်းသည် အကြီးမြတ်ဆုံးဖြစ်ကြောင်း ဘဂ၀ဒ်ဂီသာကျမ်းတွင် ဖော်ပြထားပြီး ဗာဆူကီမြွေမင်းသည်လည်း မြွေတို့၏ အကြီးအကဲဖြစ်ပေသည်။ မြွေမင်းများဖြစ်ကြသော အနံန်းသသျှေးသျှနားဂ်၊ ဗာဆူကီနားဂ်တို့နှင့်တကွ အထက်လောက၊ အောက်လောကနှင့် ကမ္ဘာမြေပြင်ပေါ်ရှိ မြွေတို့သည် အစဉ်အမြဲ ငြိမ်းချမ်းသာယာစွာရှိကြပါစေ။ အကျွန်ုပ်တို့အပေါ် မေတ္တာတရားထားရှိ၍ ဘေးရန်အန္တရာယ်များကို ဖယ်ရှားပေးပါစေသား။ #HRK
အလှူကိစ္စများနှင့် စပ်လျဉ်း၍ အများသတိပြုရန်။ Hindu ဘာသာရေး အသိပညာအဖွဲ့သည် ဘုရားပွဲကာလများတွင် ဘုရားကျောင်းအချို့အတွက် လိုအပ်သည်များကို လှူဒါန်းနိုင်ရန်၊ အများကုသိုလ်ပြုနိုင်ရန်၊ စုပေါင်းဒါနပြုနိုင်ရန် တိုက်တွန်းနှိုးဆော် အလှူငွေကောက်ခံလေ့ရှိပါသည်။ ထိုကဲ့သို့အလှူငွေကောက်ခံရာတွင် HRK Page မှ တင်ထားသော ပို့စ်ပါအတိုင်းသာ ဒါနပြုရန် အများအား သတိပေးလိုပါသည်။ ယခုအခါ အချို့သောလူများဟာ Fake Profile များဖြင့် HRK Team ၏ အများကုသိုလ်ယူနိုင်ရန်ပို့စ်များကို အဖွဲ့၏ ခွင့်ပြုချက်မယူဘဲ ကူးယူတင်ပြီး မိမိတို့ကိုယ်တိုင် အလှူငွေကောက်ခံလျက်ရှိကြောင်း ကြားသိခဲ့ရပါသည်။ ထိုကဲ့သို့သော အလှူငွေကောက်ခံခြင်းပို့စ်များဟာ HRK Team ၏ ခွင့်ပြုချက်မရှိဘဲ တင်ထားခြင်းဖြစ်သည့်အတွက် သတိပြုရှောင်ရှားကြရန် အသိပေးအပ်ပါသည်။ အလှူအတွက် စုပေါင်းဒါနအဖြစ် ကူညီပေးလိုသူများသည် HRK Team နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရှင်းလင်းစွာပြောပြပြီး ခွင့်ပြုချက်ကို ဦးစွာရယူရန် မေတ္တာရပ်ခံအပ်ပါသည်။ အလှူငွေများလှူဒါန်းရာတွင်လည်း HRK Team Page မှသာ အများအတွက် အသိပေးမည်ဖြစ်ပြီး တင်ထားပေးသောပို့စ်ပါ ညွှန်ကြားချက်များအတိုင်းသာ လှူဒါန်းရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ #HRK
ဆာ၀န်း(န်)လ ပူဂျားနှင့် Kedarnath ဘုရားကျောင်း Akhanda Jyoti တစ်နှစ်စာအလှူ။ ယခု ဆာ၀န်း(န်)လမြတ်မှာ ရှေ့နှစ်က Kedarnath ဘုရားကျောင်းမှာ ဆွမ်း (၁၀) နှစ်စာလှူခဲ့သလို မငြိမ်းမီး တစ်နှစ်စာ စုပေါင်းလှူဒါန်းမှာဖြစ်ပါတယ်။ မငြိမ်းမီးလှူခြင်းဟာ မိမိဘ၀မှာရှိတဲ့ အမိုက်အမှောင်တွေကို ဖယ်ရှားပေးပြီး ထိန်လင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိအောင် အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ ၂၅ သိန်းခန့် ကျသင့်မှာဖြစ်ပြီး နည်းများမဆို ပါ၀င် ကုသိုလ်ပြုနိုင်ပါတယ်။ အလှူငွေပိုခဲ့ပါက အခြားဘုရားကျောင်းများအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ စုပေါင်းဒါနပြုရမှာဖြစ်ပြီး အောက်ဖော်ပြပါ နံပါတ်သို့ လှူဒါန်းနိုင်ပါတယ်။ 09977332895 Kaung Khant Naing
ဆာ၀န်း(န်) ရှီဗာရာသ်ရီး ခ) သျှိဗရာသ်ရီး။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့သည် ဆာ၀န်း(န်) လ၏ အရေးအကြီးဆုံး သျှိဗရာသ်ရီး ပူဂျားနေ့မြတ်ဖြစ်ပါတယ်။ ပူဇော်ရန် မင်္ဂလာအချိန်ကာလ (၄) ခုရှိပေသည်။ ပထမ ပူဂျားအချိန်မြတ်မှာ ည ၆ နာရီ ၃၃ မိနစ်မှ ည ၉ နာရီ ၂၂ မိနစ်ဖြစ်၍ ဒုတိယ ပူဂျားအချိန်မြတ်မှာ ည ၉ နာရီ ၂၂ မိနစ်မှ ညဉ့်ဦးယံ ၁၂ နာရီ ၁၁ မိနစ်အထိ ဖြစ်ပြီး တတိယ ပူဂျားအချိန်မြတ်မှာ ညဉ့်ဦးယံ ၁၂ နာရီ ၁၁ မိနစ်မှ သန်းခေါင် ၂ နာရီ ၅၉ မိနစ်အထိဖြစ်၍ စတုတ္ထ ပူဂျားအချိန်မြတ်မှာ သန်းခေါင် ၂ နာရီ ၅၉ မိနစ်မှ အရုဏ် ၅ နာရီ ၄၈ မိနစ်အထိဖြစ်သည်။ ထို့အနက် ပူဂျားလုပ်ရန် အသင့်တော်ဆုံး နိရှိသကာလ်ပူဂျား ကာလမှာ ညဘက် ၁၁ နာရီ ၄၈ မိနစ်မှ ညဉ့်ဦး ၁၂ နာရီ ၃၃ မိနစ်အထိ ကြာချိန် ၄၅ မိနစ်တိတိဖြစ်သည်။ * ဥပုသ်ဖြေရန်အချိန် * ဆာ၀န်း(န်) သျှိဗရာသ်ရီးအတွင်း ဥပုသ်ယူသူများအတွက် ဥပုသ်ဖြေရန်အချိန်ကာလမှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၅ နာရီ ၄၈ မိနစ်နောက်ပိုင်းဖြစ်သည်။ ရွတ်ဖတ်ရန်များမှာ - Panchakshara Mantra (နမဟ် သျှိဗယ) - Panchakshara Stotram - Lingashtakam - Rudrakshtakam - Shivashtakam #HRK
без подписи
Rudraksh နှင့် အသုံးပြုနိုင်သော မန္တြများ။ ဒီပို့စ်မှာ အကြောင်းအရာ ၂ ခုကို အဓိကပြောထားပါတယ်။ Rudraksh ကို တခြားဘာသာ မန္တြတွေ ရွတ်ဖတ်ရာမှာ အသုံးမပြုသင့်ကြောင်းနှင့် ဘုရားပစ္စည်းများကို လူတိုင်း အလွယ်သိဒ္ဓိတင်မရကြောင်းဖြစ်ပါတယ်။ Rudraksh ဟာ ဘုရားရှင် သျှိဗ၏ မျက်ရည်မှာဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် ဘုရားရှင် သျှိဗနှင့် ပါရ်ဗသီးမယ်တော်နဲ့ ပတ်သက်တဲ့ မန္တြများအတွက်သာ အသုံးပြုသင့်ပါတယ်။ ဟိန္ဒူဘာသာမှာ ပုတီးအမျိုးမျိုး သက်ဆိုင်ရာနေရာတွင်သာ အသုံးပြုသင့်ကြောင်း မနေ့က ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။ Rudraksh ဟာ ဟိန္ဒူဘာသာမှာ အထူးအသုံးပြုတဲ့ပုတီးဖြစ်တဲ့အတွက် အခြားဘာသာရဲ့ မန္တြများအတွက် အသုံးမပြုသင့်ပါဘူး။ တချို့ Spiritual Field မှ ပုဂ္ဂိုလ်တွေပြောထားသလို ဂုဏ်တော်ပွားဖို့အတွက်လည်း Rudraksh ကို အထွေအထူး မသုံးသင့်ပါဘူး။ ဟိန္ဒူဘာသာမှာတောင် Rudraksh ကို ဗိသ်ျှဏု ဘုရားရှင်ရဲ့ မန္တြ၊ လက်ရှ်မီးမယ်တော်ရဲ့ မန္တြတွေအတွက် အသုံးမပြုသင့်ပါဘူး။ ယခုတလောမှာ Rudraksh ကို Spiritual Field ထဲက ပုဂ္ဂိုလ်တချို့ဟာ တိကျမှန်ကန်သော ဗဟုသုတမရှိဘဲ မှားယွင်းစွာ အသုံးပြုဖို့ တိုက်တွန်းကြတာကို တောက်လျှောက်တွေ့နေရပါတယ်။ အကယ်၍ မိမိမှာ ရွေးချယ်စရာမရှိခဲ့လို Rudraksh ကိုပဲ သုံးမယ်ဆိုရင်တော့ မိမိရဲ့ ရွတ်ဖတ်တဲ့ ကုသိုလ်ကိုရရှ်ိမှာဖြစ်ပေမဲ့ Rudraksh ရဲ့ အကျိုးကျေးဇူးကိုတော့ ရရှိမှာမဟုတ်ပါ။ ဒုတိယအခုအနေနဲ့ ဟိန္ဒူဘုရားပစ္စည်းများကို လူတိုင်း သိဒ္ဓိတင်လို့မရကြောင်းပါ။ သိဒ္ဓိတင်ခြင်းကို ဘုရားကျောင်းများ၌ တတ်ကျွမ်းသော ပူဂျာရီများပြုလုပ်ခြင်း၊ ဘုရားကျောင်းများမှ သိဒ္ဓိဓာတ်ယူခြင်းတို့ဖြင့် ပြုနိုင်ပါတယ်။ ဘုရားပစ္စည်းများကို မိမိကိုယ်တိုင် သိဒ္ဓိတင်ရာမှာ Purification Ritual နဲ့ Pran Pratishta လုပ်ကိုလုပ်ရပါတယ်။ ဒီအရာဟာ လွယ်ကူတဲ့ အရာမဟုတ်ဘဲ မန္တြများစွာနဲ့ အဆင့်များစွာလုပ်ရတဲ့အရာဖြစ်ပါတယ်။ ဘုရားပစ္စည်းများကို ဥုမ်ရွတ်ပေးရုံဖြင့် သိဒ္ဓိတင်လို့မရပါ။ ရေလောင်းရုံ နံ့သာလောင်းရုံဖြင့် သိဒ္ဓိတင်လို့မရပါ။ Abhishekam လုပ်တဲ့အခါမှာလည်း သူ့အဆင့်ဆင့်နဲ့ မန္တြများစွာနဲ့ ပြုလုပ်ပြီး သိဒ္ဓိတင် သန့်စင်ရပါတယ်။ ထို့အတွက် ဟိန္ဒူဘာသာ၀င်မဟုတ်ဘဲ ဟိန္ဒူဘာသာအကြောင်း ဂဃနဏမသိဘဲ သိဒ္ဓိတင်ဖို့ဆိုတာဟာ မဖြစ်နိုင်ပါ။ ယုံကြည်သက်၀င်သူတွေအနေနဲ့ အထက်ပါအချက်များကို သတိပြုဖို့ အထူးအရေးကြီးပါတယ်။ #HRK
без подписи
ပုတီးများနှင့် အသုံးပြုပုံများ။ ဟိန္ဒူဘာသာတွင် ဘုရားရှင်ကို ပူဇော်ဆည်းကပ်ကိုးကွယ်ရာ၌ ဂျပဟုခေါ်သော ပုတီးစိပ် ဂုဏ်တော်ပွားများခြင်းက အလွန် အရေးကြီးပါတယ်။ ထို့အတွက် မာလားဟုခေါ်သော ပုတီးများကို အသုံးပြုကာ ဘုရားရှင်၏ နာမတော်၊ ဂုဏ်တော်၊ မန္တြရွတ်ဖတ်ခြင်းတို့ကို ပြုကြပါတယ်။ တစ်နည်းအားဖြင့် မိမိစိတ်ကို မပြန့်လွင့်အောင်၊ စိတ်တည်ငြိမ်၍ သမာဓိအားကောင်းအောင်၊ အခေါက်ရေ တိကျမှန်ကန်မှုရှိအောင်၊ ရွတ်ဖတ်သော အသံ၊ ပုတီးအားထိတွေ့ထားသော အာရုံတို့ဖြင့် စူးစိုက်မှုရှိအောင် ပုတီးကို အသုံးပြုကြရပါတယ်။ အလားတူပင် မိမိအား မကောင်းသောစွမ်းအားများမှ အကာအကွယ်ပြုနိုင်ရန်အတွက်လည်း ပုတီးများကို ၀တ်ဆင်ကြပါတယ်။ ပုတီးများဟာ အမျိုးအစားများစွာရှိပြီး ဟိန္ဒူဘာသာမှာ မိမိစိတ်တိုင်းကျ သုံးလို့မရဘဲ မိမိအသုံးပြုမဲ့ရည်ရွယ်ချက်၊ အာရုံပြုမဲ့ ဘုရားရှင် သို့မဟုတ် နတ်ဒေ၀တာအပေါ်မူတည်၍ အသုံးပြုရပါတယ်။ မိမိ၏ ဂျပ ရွတ်ဖတ်ပူဇော်ခြင်းမှ မှန်ကန်မြန်ဆန် အကျိုးသော အကျိုးရလဒ်များရရှိအောင် သတ်မှတ်ထားသော ပုတီးများကိုသာ ရည်ရွယ်ချက်အလိုက် အသုံးပြုသင့်ပါတယ်။ ၁) ရုဒြာသ်ျှ မာလား။ သက်ဆိုင်ရာ ဘုရားရှင်များ -> သျှိဗဘုရားရှင်၊ ဒုရ်ဂါမယ်တော်နှင့် အခြားဆက်စပ်သော ရူပတော်များ။ ရုဒြာသ်ျှပုတီးဟာ ဘုရားရှင်သျှိဗရဲ့ မျက်ရည်မှ ဖြစ်ပေါ်လာပြီး သဘာ၀အတိုင်းပင် အလိုအလျှောက် သိဒ္ဓိ၀င် အစွမ်းထက်သော ပုတီးစေ့အမျိုးအစားဖြစ်ပါတယ်။ မျက်နှာ ၁ ခုမှ ၂၁ ခုအထိ အမျိုးမျိုးရှိပြီး ဘုရား၊ ဒေ၀တာအလိုက် အသုံးပြုရသော မျက်နှာ မတူညီပါ။ ထို့အတွက် မျက်နှာ ၅ ခုပါ ရုဒြာသ်ျှကိုသာ ယေဘူယျအားဖြင့် ဂျပအများစုအတွက် အသုံးများကြပါတယ်။ ရုဒြာသ်ျှဟာ အကာအကွယ်၊ ငြိမ်းချမ်းခြင်း၊ စွမ်းအားအတွက် အထောက်အပံ့ပေးပါတယ်။ ၂) သူလ်ဆီး မာလား(ပင်စိမ်းပုတီး)။ သက်ဆိုင်ရာ ဘုရားရှင်များ -> ဗိသ်ျှဏုဘုရားရှင်နှင့် အခြားသော အ၀သာရများ။ သူလ်ဆီးပုတီးဟာ ပင်စိမ်းပုတီးဖြစ်ပြီး ပင်စိမ်းပင် မယ်တော်လက်ရှ်မီး၏ ရူပတော်တစ်ခုဖြစ်တယ်ဟုယူဆကြပါတယ်။ သူလ်ဆီးပုတီးဟာ သန့်စင်မွန်မြတ်ခြင်း၊ ဘ(က်)သီးတို့အတွက် အထောက်အပံ့ပြုပါတယ်။ ၃) ကမလ် ဂဌား မာလား (ကြာစေ့ပုတီး)။ သက်ဆိုင်ရာ ဘုရားရှင်များ -> လက်ရှ်မီးမယ်တော်။ ကမလ် ဂဌား မာလားဟာ ကြာစေ့ပုတီးဖြစ်ပါတယ်။ ကြာစေ့ပုတီးဟာ သန့်စင်ခြင်း၊ ပြည့်စုံကြွယ်၀ခြင်း၊ ဥစ္စာဓနပေါများခြင်း၊ နွံကြားမှ ပေါ်ထွက်သောကြာပန်းကဲ့သို့ အသိဉာဏ်တိုးပွားစေခြင်းတို့အတွက် အထောက်အပံ့ပေးပါတယ်။ ၄) ကျံဒန်း မာလား (စန္ဒကူးပုတီး) သက်ဆိုင်ရာ ဘုရားရှင်များ -> အဖြူရောင် - ဘုရားရှင်၊ နတ်ဒေ၀တာအားလုံး။ အနီရောင် - ကာလီမယ်တော်၊ ဒူရ်ဂါမယ်တော်အစရှိသော ရှက်သီးအား အထူးကိုယ်စားပြုတဲ့ရူပတော်များ။ ကျံဒန်း မာလားဟာ စန္ဒကူးပုတီးဖြစ်ပြီး အဖြူ၊ အဝါ၊ အနီအမျိုးမျိုးရှိပါတယ်။ စန္ဒကူးပုတီးဟာ အေးချမ်းစေပြီး မိမိရဲ့ စိတ်ကို ငြိမ်းစေတဲ့အတွက် အစီအရင်ပြုရာမှာ အသုံးပြုကြပါတယ်။ ၅) စဖသိ(က်) မာလား (စလင်းကျောက်ပုတီး) သက်ဆိုင်ရာ ဘုရားရှင်များ -> ဆရဆွသီးမယ်တော်။ ဤပုတီးဟာ စိတ်ငြိမ်းချမ်းခြင်း၊ အေးမြခြင်း၊ အာရုံစူးစိုက်နိုင်ခြင်းတို့အတွက် အထောက်အပံ့ပေးပါတယ်။ ပုတီးများအားလုံးဟာ အသုံးမပြုခင်မှာ မှန်ကန်တိကျစွာ သိဒ္ဓိတင် သန့်စင် အသက်သွင်းခြင်းကို စနစ်တကျပြုလုပ်ထားဖို့အရေးကြီးပါတယ်။ #HRK
ဆာ၀န်း(န်) သျှိဗရာသ်ရီးနေ့မြတ် ပူဂျားအလှူအတွက် နှိုးဆော်ခြင်း။ ယခု ဆာ၀န်း(န်)လမြတ်ဟာ ဘုရားရှင် သျှိဗ၏ မေတ္တာတော်ကို ခံယူရန် အထူးလမြတ်ဖြစ်ပါတယ်။ ထို့အတွက် Kedarnath ဘုရားကျောင်းတွင် ရှေ့နှစ်က ၁၀ နှစ်စာ ဘုရားဆွမ်းကို စုပေါင်း လှူဒါန်းခဲ့သလို ယခုနှစ်မှာလည်း အားလုံး စုပေါင်း၍ ၁ နှစ်စာ မငြိမ်းမီး Akhanda Jyoti ကို လှူဒါန်းမှာဖြစ်ပါတယ်။ ခန့်မှန်း ၂၅ သိန်းခန့်ကျသင့်မှာဖြစ်ပါတယ်။ ထို့အပြင် လိုအပ်ချက်များရှိနေသော အချို့သော ဘုရားကျောင်းများ၌လည်း ဆာ၀န်း(န်) သျှိဗရာသ်ရီးဘုရားပူဂျားအတွက် လှူဒါန်းနိုင်ရန်ဖြစ်ပါတယ်။ နည်းများမဆို ပါ၀င် ကုသိုလ်ယူလှူဒါန်းနိုင်ရန် နှိုးဆော်အပ်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing
ယနေ့ဟာ ဆာဝန်း(န်)လမြတ်၏ ပထမဆုံး တနင်္လာဥပုသ်နေ့မြတ်ဖြစ်ပါတယ်။ သာ၀ကတိုင်း ဘုရားရှင်၏ အနန္တမေတ္တာတော်သာမက ကျန်းမာခြင်း၊ သုခ၊ ချမ်းသာများကိုပါ ရရှိကြပါစေ။ #HRK
без подписи
ဆာ၀န်း(န်)လ ဥပုသ်စောင့်တည်နည်းနှင့် ပူဂျားပြုလုပ်နည်း။ ၁) ဥပုသ်ဟာ နေ့ထွက်စ အာရုံအချိန်မှစ၍ နောက်တစ်နေ့နံနက်ပိုင်း နေထွက်ချိန်အထိ သိထိအရ ယေဘူယျအားဖြင့်အကျုံး၀င်ပါတယ်။ ၂) တနင်္လာ၊ အင်္ဂါ (၂) ရက်၌ ဥပုသ်ယူ၍ တနင်္လာနေ့၌ သျှိဗ၊ အင်္ဂါနေ့၌ ဂေါရီးမာသား (ဒူရ်ဂါမား) အား ပူဇော် အာရုံပြုရပါမယ်။ ယခုလတွင် တနင်္လာနေ့ဟာ အဓိကဖြစ်ပါတယ်။ ၃) မနက်အစောပိုင်း အိပ်ရာထ၍ ရေချိုးသန့်စင်ပြီးနောက် ဘုရားရှင်ထံ ဆီမီးထွန်း၍ ဆံကလ်ပ်ယူခြင်း ခေါ် သစ္စာပြု အဓိဋ္ဌာန်ရပါမယ်။ "မိမိ ဘယ်သူဘယ်ဝါ၊ ဘယ်နေ့နံမွေးဖွားသူ၊ ဂိုသ်ရ၊ မွေးဖွားသည့် ဂြိုဟ်ခွင်တွင် မွေးဖွားသူဟာ ဤဆာ၀န်း(န်)လမြတ်မှာ တနင်္လာ၊ အင်္ဂါ (မိမိအဆင်ပြေသလိုအဓိဋ္ဌာန်ရန်) ဥပုသ်စောင့်တည်၍ ဘုရားရှင်တို့အား ပူဇော်ပါမည်။ ထိုသို့ ဥပုသ်စောင့်တည်ခြင်းကြောင့် အမြဲအစဉ်ဘုရားရှင်တို့ရဲ့ မေတ္တာတော်ကိုရရှိ၍ မိမိတို့ဘ၀တွင်ရှိသော မကောင်းသော အ၀ိဇ္ဇာအပေါင်းအားဖယ်ရှားပေးတော်မူပါ။ (မိမိလိုရာဆုကိုတောင်းပါ)" ၄) ဥပုသ်စောင့်တည်သည့်ကာလတွင် မကောင်းသော ဒုစရိုက်မှန်သမျှကို ရှောင်ရှား၍ တစ်နေ့တာလုံး တတ်နိုင်သ၍ ဘုရားရှင်ကိုသာ အာရုံပြုရပါမယ်။ မကောင်းသော အတွေး၊ မကောင်းသော အမူအကျင့်စတဲ့ မကောင်းမှု ဒုစရိုက် အပေါင်းကို ရှောင်ရပါမယ်။ ရုဒြာသ်ျှပုတီးကို အထူး၀တ်ဆင်သင့်ပါတယ်။ ဥပုသ်စောင့်တည်သူတို့ဟာ တစ်နေ့လုံးတွင် ၁) ရေပင်မသောက်ဘဲ နိရ်ဂျလားဥပုသ်ယူခြင်း။ ၂) သစ်သီး၊ နွားနို့တို့ကိုသာ သင့်တင့်မျှတစွာ သုံးဆောင်၍ ဥပုသ်ယူခြင်း။ ၃) တစ်နေ့တာတွင် သက်သတ်လွတ် ထမင်းဟင်း တစ်နှပ်သာစား၍ ဥပုသ်ယူခြင်း။ တို့ကို ပြုနိုင်ပါတယ်။ အဆင်ပြေပါက အရွက်စိမ်းတို့ကို ယခုလတွင် ရှောင်ကြဉ်ရပါမယ်။ ဥပုသ်ကာလ အကယ်၍ ထမင်းတစ်နှပ် စာသုံးမည်ဆိုပါက စားသုံးရာတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ရှောင်ရှားသင့်ပါတယ်။ အသား၊ ငါး၊ အရက်သေစာ၊ မူးယစ်ဆေးဝါးများကို အထူးရှောင်ကြဉ်ရပါမယ်။ ၅) တနင်္လာနေ့ မနက်အစောပိုင်းတွင် ဘုရားကျောင်းသို့ သွား၍ ဘုရားပူဇော်ခြင်း သို့မဟုတ် မိမိနေအိမ်၌ပင် သျှိဗဘုရားရှင်အား ပူဇော်ခြင်းကို ပြုလုပ်ရပါမယ်။ မိမိကိုးကွယ်ထားသော သျှိဗဘုရားရုပ်ပွားတော် သို့မဟုတ် သျှိဗ်လင်းဂ်ကို အဘိသျှေးက်ပြုလုပ်ရပါမယ်။ အဘိသျှေးက်ဆိုသည်မှာ ရေစင်သွန်းလောင်းခြင်း၊ နွားနို့သွန်းလောင်းခြင်း၊ ပန်ကျမရိသ် (ခေါ်) နို့၊ ထောပတ်၊ ပျားရည်၊ ဒိန်၊ သကြား (၅) မျိုးစပ်၍ သွန်းလောင်းခြင်းတို့ကို ပြုလုပ်ရပါမယ်။ ထိုသို့ပြုလုပ်စဉ်ကာလတွင် "ဥုမ် နမဟ့် သျှိဗယ" ဟု စဉ်ဆက်မပြတ်ရွတ်ဖတ်ကာ ဘုရားရှင် သျှိဗကို အာရုံပြု ပူဇော်ရပါမယ်။ ၆) ထို့နောက် ဘုရားရှင်အား ပန်း၊ သစ်သီး၊ မုန့်ချို၊ နို့ အစရှိသော အရာများကို ဆက်ကပ်ရပါမယ်။ ဥသျှစ်သီး၊ ဥသျှစ်ရွက်၊ ပဒိုင်းသီး၊ မုရိုးပန်း၊ ပြာတို့ကို အဓိက ဆက်ကပ်သင့်ပါတယ်။ ထိုသို့ဆက်ကပ်ပြီးနောက် ဘုရားရှင်အား အာရ်သီးပူဇော်ရပါမယ်။ ၇) ထို့နောက် တစ်နေ့တာကာလတွင် တရားရှုမှတ်ခြင်း၊ "ဥုမ် နမဟ့် သျှိဗာယ" ရွတ်ဖတ်ခြင်း၊ ဓမ္မတေး ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ မိမိရသော ဘုရားစာများ၊ စတိုသ်ရများ၊ အသ်ျှတကံမ်များဖြင့် ပူဇော်နိုင်ပါတယ်။ မိမိခန္ဓာကိုယ်ရှိ ဓာတ်ငါးပါးအား ထိန်းညှိပေးနိုင်တဲ့ ပန်ကျာက်သျှရီမန္တြဖြစ်တဲ့ "နမဟ့် သျှိဗာယ" ကို အထူးရွတ်ဖတ်သင့်ပါတယ်။ ဥပုသ်စောင့်သူတွေဟာ ရှီဗားပူဂျားကို ဘုရားကျောင်း သို့မဟုတ် အိမ်မှာ လုပ်နိုင်ပါတယ်။ #HRK
ဆာ၀န်း(န်)လအကြောင်း အပြည့်အစုံကို ယခုပို့စ်တွင် ဖတ်ရှုပါ။ https://www.facebook.com/share/p/1auNnYHjsd/ ဥပုသ်ဆောင့်တည်နည်း။ https://www.facebook.com/share/p/19Kmx3XZfY/
ယနေ့တွင် ဘုရားရှင်သျှိဗ၏ လထူးလမြတ်ဖြစ်သော ဆာ၀န်း(န်)လမြတ် စတင်ပြီဖြစ်ပါတယ်။ ဘုရားရှင် သျှိဗ ခ) ရှီဗားဂျီးနှင့် မယ်တော်မြတ်ပါရ်ဗသီးတို့ကို ဦးထိပ်ထား၍ မင်္ဂလာအပေါင်းနှင့် ပြည့်၀သော ဥပုသ်ယူသင့်သော လမြတ်သည့် ဆာ၀န်း(န်)တွင် သျှိဗဘုရားမြတ်အား ဘက်သီးစိတ်ဖြင့် ပူဇော်ရှိခိုးသူတိုင်းဟာ လိုအင်ဆန္ဒအကုန် ပြည့်၀ပြီး ဘုရားရှင်ရဲ့ အနန္တ အသနားမေတ္တာကို ရရှိမှာ ဧကန်ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၏ ဆာ၀န်း(န်) လမြတ်ဟာ ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့ မှစတင်ပြီး ဩဂုတ်လ ၂၈ ရက် သောကြာနေ့မှာ အဆုံးသတ်မှာဖြစ်ပါသည်။ ဤလ၏ တနင်္လာနေ့တိုင်းဟာ ဘုရားရှင် သျှိဗ (ရှီဗားဂျီး)အား ရည်စူးစောင့်တည်ရသော ဥပုသ်နေ့ဖြစ်ပြီး အင်္ဂါနေ့တိုင်းဟာ ဘုရားရှင် သျှိဗ (ရှီဗားဂျီး)၏ ကြင်ရာတော် ဂေါ်ရီမယ်တော်အား ရည်းစူးစောင့်တည်ရသော မန်ဂလာဂေါ်ရီဥပုသ်ဖြစ်ပါတယ်။ အားလုံး ဘုရားရှင် သျှိဗ၏ အနန္တ မေတ္တာတော်ကြောင့် ငြိမ်းအေးချမ်းသာခြင်းကို ရရှိကြပါစေ။ #HRK
без подписи
без подписи
ယနေ့ဟာ အလွန်ထူးကဲမွန်မြတ်သော ဂုရုပူရ်ဏိမားနေ့မြတ်ဖြစ်ပါတယ်။ ဤနေ့မြတ်မှာ မိမိတို့ဘ၀ရဲ့ အမှောင်ထုကို အစဉ်ဖယ်ရှားပေးသော ဂုရုဆရာသခင်များကို ဂါရ၀ပြု ပူဇော်ရန် အလွန်အရေးကြီးပါတယ်။ ယခု ဗီဒီယိုမှာ ရွတ်ဖတ်ပေးထားတဲ့ မန္တြများကို အာရုံပြုကာ အားလုံးအနေနဲ့ ဂုရုဆရာသခင်များကို ပူဇော်နိုင်ပါတယ်။ စစ်မှန်သော ဂုရုအပေါင်း၏ လမ်းပြမှုဖြင့် လောကီနွံက လွတ်မြောက်ကာ စစ်မှန်သော လောကုတ္တရာ ချမ်းသာနှင့် ဉာဏ်အလင်းကို အားလုံး အမြန်ဆုံး ဆွတ်ခူးရရှိကြပါစေဟု ဆုတောင်းမွန်ပြုပါတယ်။ Om Shri Gurubhyo Namaha 🙏🏻 #HRK
без подписи
အာဒိရှံန်ကရာကျာရ်ယ၊ ဗျာဆ်ဒေ့ဗ်တို့ဟာလည်း အခြားသူများမဟုတ်ဘဲ ဘုရားရှင်၏ အစိတ်အပိုင်း ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်ပါတယ်။ Krishna Vande Jagat Guru #HRK