tgindex
Karen Information Center -KIC

Karen Information Center -KIC

Статистика

Media/news company

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
29
Всего постов
29
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
13 авг.
Подписчики
2 862
−13 за 4 дн.
Сутки
−9
−0,31%
Неделя
 
Месяц
 
Просмотров на пост
169
29 постов
Вовлечённость
5,9%
к подписчикам
Постов в день
4,1
всего 29
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
146
1/48двое суток
167
1/72трое суток
180

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ထိုင်းတွင် ဆင်းမ်ကတ်မှတ်ပုံတင်မှု သြဂုတ်လကုန်အပြီး ဆောင်ရွက်ရန် NBTC ညွှန်ကြား သြဂုတ် ၁၄ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံအတွင်း ငွေကြေးခဝါချမှုနှင့် နည်းပညာဆိုင်ရာ ဆိုက်ဘာမှုခင်းများကို ထိန်းချုပ်နိုင် ရေးလုပ်ဆောင်ချက်အဖြစ် လူတိုင်းအသုံးပြုနေသည့် ဖုန်းဆင်းမ်ကတ်များကို လာမည့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင်ကြရန် ထိုင်းအမျိုးသား တယ်လီကွန်ဆက်သွယ်ရေးကော်မရှင် (NBTC) က ယမန်နေ့ (သြဂုတ် ၁၃ ရက်) တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ အဆိုပါညွှန်ကြားချက်အရ NBTC သည် ထိုင်းနိုင်ငံရှိ တယ်လီကွန် အော်ပရေတာများအားလုံးထံမှ သံသယရှိဖွယ် ဖုန်းနံပါတ်အချို့နှင့် အထူးသဖြင့် ဖုန်းဆင်းမ်ကတ် သို့မဟုတ် နံပါတ် ၆ ခုနှင့်အထက် အသုံးပြုသူများကို ဦးတည်ကာ အချက်အလက်များ ပြန်လည်ထည့်သွင်း စစ်ဆေးမှတ်ပုံတင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုင်းဥပဒေအရ နိုင်ငံခြားသားတစ်ဦးလျှင် မိမိ၏ တရားဝင်အချက်အလက်၊ နိုင်ငံကူးလက်မှတ်များဖြင့် ဆင်းမ်ကတ် ၃ ခုအထိ ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ထိုင်းနိုင်ငံသားအများစုမှာ နံပါတ်အများအပြား ကိုင်ဆောင်လေ့ရှိကြသည်။ ယခုတစ်ကြိမ်တွင် ဖုန်းဆင်းမ်ကတ် သို့မဟုတ် ဖုန်းနံပါတ် ၆ ခုနှင့်အထက် အသုံးပြုသူများကို ထိုင်းတယ်လီကွန်ကော်မရှင်က အဓိကထား စစ်ဆေးမှတ်ပုံတင်စေမည်ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံသားအများအပြားနေထိုင်သည့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ကျားဖြန့်နှင့် ဆိုက်ဘာမှုခင်းများ ပေါ်ပေါက်ခဲ့ပြီးနောက် ဖုန်းဝန်ဆောင်မှုအရောင်းဆိုင်များ၌ ဖုန်းဆင်းမ်ကတ်များကို တရားဝင် အထောက်အထားပြသနိုင်မှသာ ရောင်းချပေးတော့သည်။ ထို့အပြင် လူတစ်ဦးတည်း၏ အချက်အလက်များဖြင့် ဆင်းမ်ကတ်အများအပြား မှတ်ပုံတင်ထားသည့် ဖြစ်စဉ်များကိုလည်း အာဏာပိုင်များက စစ်ဆေးဖော်ထုတ်လျက်ရှိသည်။ မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာများအနေဖြင့် မိမိ၏ တရားဝင် အထောက်အထားများပြသ၍ ဝယ်ယူနိုင်ပြီး ထိုအထဲတွင် ပန်းရောင်ကဒ်၊ နိုင်ငံကူး လက်မှတ် (Passport) နှင့် ဆယ်နှစ်ခံကတ် မှတ်ပုံတင်များ ပါဝင်သည်။ သို့သော် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ကိုင်ဆောင်သူများကိုမူ အနည်းငယ် တင်းကျပ်ထားပြီး ထိုလက်မှတ်အပြင် သီးခြားအထောက်အထားတစ်ခု ပြသနိုင်မှသာ ရောင်းချပေးခြင်းများရှိကြောင်း မဲဆောက်ဈေး ဖုန်းဆိုင်ရှိ အသက် ၂၃ နှစ်အရွယ် မြန်မာအရောင်းဝန်ထမ်းတစ်ဦးက ၎င်းက “အဓိကက ပန်းရောင်ကတ်ရှိရမယ်၊ အဲ့ဒါမှမဟုတ်ရင် PJ PV တို့ သုံးထားရင်လည်း ရတယ်။ ဆယ်နှစ်ခံလည်းရတယ်။ အဲ့ဒါတွေနဲ့ တင်ရတာပေ့ါ။ နောက်ပိုင်းကျတော့ CI တစ်မျိုးတည်းနဲ့ မရဘူးပေ့ါနော်၊ DTAC တို့ Truemove တို့ ကုမ္ပဏီတွေကတော့ ဆင်းမ်ကတ်ဝယ်ဆိုရင် CI စာအုပ်အပြင် အထောက်အထားတစ်ခုပေ့ါနော်။ ဥပမာ ဆိုပါစို့ ဝေါ့ပါမစ်ကတ်တစ်ခုမဟုတ်ရင် ဆေးရုံတက် ပိုက်ဆံရှင်းထားတဲ့ ပြေစာတစ်ခုခုပေ့ါ၊ လိုင်စင်ကတ်တို့ ဘာတို့နဲ့ တင်ရတာပေ့ါနော်” ဟု ကေအိုင်စီသို့ ပြောသည်။ ဆိုက်ဘာမှုခင်းများ တားဆီးနှိမ်နင်းရေး ထိုင်းနိုင်ငံတွင် ဆင်းမ်ကတ်များကို အွန်လိုင်းငွေလိမ်မှု၊ ကျားဖြန့်လုပ်ငန်းများနှင့် အခြားဆိုက်ဘာမှုခင်းများတွင် အလွဲသုံးစား ပြုလုပ်လာကြသည့်အတွက် အာဏာပိုင်များက ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် သုံးစွဲသူအချက်အလက် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်လာနေခြင်းဖြစ်သည်။ လက်ရှိတွင် အာဏာပိုင်များသည် အွန်လိုင်းငွေလိမ်မှုများ၌ အသုံးပြုထားသည့် ဖုန်းနံ ပါတ်များနှင့် ဘဏ်အကောင့်များကို ခြေရာခံစစ်ဆေးခြင်း၊ သံသယရှိသည့် နံပါတ်များကို ပိတ်ပင်ခြင်းအပြင် ဆက်သွယ်ရေး အော်ပရေတာများ၊ ဘဏ်များနှင့် ပူးပေါင်း၍ ငွေလိမ်မှုကွန်ရက်များကို ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

  • Photo: Social Media

  • ——————————————————————

  • မြဝတီတောင်ဘက်တွင် ပျောက်ဆုံးသွားသည့် အရပ်သားလူငယ် (၇) ဦး တစ်လကျော်အထိ အဆက်အသွယ်မရသေး သြဂုတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် ကားအား ပြန် လည်ဆွဲထုတ်ရန် သွားရောက်စဉ် ပျောက်ဆုံးသွားသည့် အရပ်သား (၇) ဦးသည် တစ်လ ကျော်ကြာမြင့်သည်အထိ အဆက်အသွယ် ပြန်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။ ပျောက်ဆုံးသွားသူများသည် သေ့ဘောဘိုးကျေးရွာအုပ်စု၊ ဝါးမီထကျေးရွာတွင် နေထိုင်သည့် ဒေသခံများဖြစ်ကြပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် မြဝတီတောင်ဘက် ဖလူး-မဲကနယ် တိုက်ပွဲရှောင်တောလမ်းတစ်နေရာ၌ တိမ်းမှောက်၍ သောင်တင်နေသော ကားကို အခြားကားတစ်စီးဖြင့် ပြန်လည်ဆွဲထုတ်ရန် သွားရောက်စဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အရပ်သားလူငယ် (၇) ဦးကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းကြားသိရပြီး ယနေ့အချိန်ထိ အဆက်အသွယ် ပြန်မရသေးသည့်အတွက် မိသားစုဝင်များစိုးရိမ်မှု မြင့်တက်လျက်ရှိသည်။ ပျောက်ဆုံးသွားသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက “ကားက အဲမှာဗွက်တောထဲနစ်တော့ ထွန်စက်နဲ့ ပြန်ဆွဲထုတ်ဖို့ လူစုပြီးသွားတာ။ ဆင်းသွားတဲ့အချိန်မှာအဲဒီလမ်းပိတ်တာကို မသိရတော့ အေးဆေးသွားတာ။ တစ်ရက်ပြီးတစ်ရက်ပျောက်ပြီး ပြန်မလာတော့စိတ်ပူပြီး လိုက်မေးကြည့်တော့ စစ်တပ်က ဖမ်းလိုက်တယ်လို့ ပြောကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။ ပျောက်ဆုံးသွားသူများကို စစ်အုပ်စုတပ်က သတ်ဖြတ်လိုက်ပြီဟု ပြောဆိုမှုများရှိနေသလို အာဏာသိမ်းစစ်တပ်နှင့် ပူးတွဲစစ်ရေးဖော်ဆောင်နေသည့် နယ်ခြားစောာင့်တပ်(BGF) တပ်ဖွဲ့ဝင်အချို့ကမူ ထိုအရပ်သားများသည် မသေဆုံးသေးဘဲ ဖမ်းဆီးထားဆဲဖြစ်ကာ ငွေနှင့် ပြန်ရွေးရန် ပြောဆိုမှုများရှိကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောဆိုကြသည်။ “BGF တပ်ဖွဲ့ဝင်တချို့နဲ့ချိတ်တော့ ရှိသေးတယ်လို့ ပြောတယ်။ ငွေနည်းနည်းပါးပါး ပြန်ရွေးရမယ်ဆိုပြီး ပြောကြတယ်။ သူတို့လည်းတစ်ဆင့်ခံဘဲကြားတာ၊ ဒါပေမယ့် ရှိသေးရင် ပုံပြဆိုလည်း ဘယ်သူမှမပြနိုင်တော့ အဲဒီသတင်းကလည်း အတည်ပြုမရသေးဘူး” ဟု ဝါးမီထကျေးရွာ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။ ပျောက်ဆုံးသွားသည့် ဝါးမီထ ဒေသခံ (၇) ဦးမှာ အသက်(၁၄)နှစ်အရွယ် စောခါးခါး၊ အသက်(၂၀)အရွယ် စောကိန်ကုလားနှင့် စောသန်းဇော်လင်း၊ အသက်(၂၁)အရွယ် စောငြိမ်းချမ်း၊ အသက်(၂၇)အရွယ် ကားမောင်းသူ ထားဝယ်၊ အသက်(၃၄)အရွယ် စော်မော်ကား(ခေါ်)စောကျော်ဝင်းနိုင်နှင့် အသက်(၄၆)အရွယ် စောမောင်အေးသောင်းတို့ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အဆိုပါတောလမ်းပေါ်တွင် မြဝတီမြို့သို့ ကုန်ပစ္စည်းသွားဝယ်သည့် အရပ်သားကားတစ်စီး စက်ပျက်နေ၍ လမ်းကြုံသည့် DKBA (ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်) ကားတစ်စီးမှ ကူညီတွန်းပေးနေစဉ် စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

  • Photo: CJ

  • ———————————————————————

  • ဖားအံတွင် စစ်မှုထမ်းကြေးကို 'သန့်ရှင်းရေးကြေး' ခေါင်းစဉ်ပြောင်း၍ ကောက်ခံနေ ဩဂုတ် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ် ရပ်ကွက်အချို့တွင် လစဉ်ကောက်ယူနေသည့် စစ်မှုထမ်းကြေးကို "စစ်မှုထမ်းကြေး" ဟု တိုက်ရိုက်မခေါ်ဆိုတော့ဘဲ "သန့်ရှင်းရေးကြေး" သို့မဟုတ် "လုံခြုံရေးကြေး" ဟု ခေါင်းစဉ် ပြောင်းလဲ ကောက်ခံရန် စစ်အုပ်စု၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ညွှန်ကြားလာကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့ နံနက်ပိုင်းက ဖားအံမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ပြုလုပ်သည့် ရပ်ကွက် အစည်းအဝေး၌ အသုံးပြုသည့် အသုံးအနှုန်း တင့်တယ်စေရန်အတွက် စစ်မှုထမ်းကြေးဟု မခေါ်တော့ဘဲ သန့်ရှင်းရေးကြေး၊ လုံခြုံရေးကြေး သို့မဟုတ် အားကစားကြေး စသည့် နာမည်များပြောင်းသုံးရန် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက "အစည်းအဝေးမှာ အသုံးအနှုန်း ပြောင်းခေါ်ခိုင်းတယ်။ ပြီးတော့ အခုဆိုရင် ကင်းလွတ်ခွင့်မရှိဘူး၊ အိမ်တိုင်း တစ်သောင်းခွဲနှုန်း တန်းတူ မဖြစ်မနေ ကောက်မယ်လို့ ပြောတယ်" ဟု ကေအိုင်စီသို့ ပြောသည်။ ယခင်လများက အိမ်ထောင်စုတစ်စုလျှင် စစ်မှုထမ်းကြေးအဖြစ် လစဉ်ကျပ်နှစ်သောင်းခွဲအထိ ကောက်ယူခဲ့ပြီး မုဆိုးမများ၊ သားသမီးမရှိသူများ၊ ကျန်းမာရေးမကောင်းသူများ၊ တစ်ဦးတည်းနေထိုင်သူများနှင့် စီးပွားရေး မပြေလည်သူများကို ချွင်းချက်အနေဖြင့် ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။ သို့သော် ယခုဩဂုတ်လ (၃၁) ရက်နေ့မှစ၍ စစ်မှုထမ်းကြေးကို ကျပ်တစ်သောင်းခွဲအထိ လျှော့ချပေးမည်ဟု ဆိုသော်လည်း ယခင်ကဲ့သို့ ချွင်းချက်ဖြင့် ကင်းလွတ်ခွင့် မပေးတော့ဘဲ အိမ်ထောင်စုအားလုံး တန်းတူ မဖြစ်မနေ ထည့်ဝင်ရမည်ဟု အုပ်ချုပ်ရေးမှူးက ဖိအားပေးပြောဆိုခဲ့ကြောင်း မြို့ခံများက ဆိုသည်။ ထို့အပြင် ခေါင်းစဉ်နှင့် အသုံးအနှုန်းများကို ပြောင်းလဲလိုက်သော်လည်း ကောက်ခံရရှိသည့် ပိုက်ဆံများကို စစ်မှုထမ်းရန်အတွက်သာ ဆက်လက်အသုံးပြုသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ စစ်အုပ်စုသည် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ရွာများတွင် လစဉ် စစ်မှုထမ်းကြေးများ ကောက်ခံလျက်ရှိရာ ဖားအံမြို့ပြင်ရှိ အချို့ကျေးရွာများတွင်မူ ယခင်က အိမ်ထောင်စုတစ်စုလျှင် လစဉ်ကျပ်တစ်သောင်း ကောက်ခံရာမှ လက်ရှိတွင် ကျပ်ငါးထောင်အထိ ပြန်လည်လျှော့ကောက်နေကြောင်းလည်း သိရသည်။ ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းရန်အတွက် လူငယ်များကို လစဉ် ဖမ်းဆီးမှုများရှိနေပြီး အများစုမှာ မြဝတီနယ်စပ်သို့ သွားရောက်မည့် အခြားဒေသမှ လူငယ်များ ဖြစ်ကြသည်။ မြို့ပေါ်ရှိ ဒေသခံလူငယ်များကို ပေါ်တင်ဖမ်းဆီးမှု နည်းပါးသော်လည်း ညဘက် အချိန်လွန် အပြင်ထွက်သူများကိုမူ မကြာခဏ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

  • Photo: CJ

  • ————————————————————-

  • ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရ သြဂုတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်/တပ်မဟာ (၃) နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင် တစ်လအတွင်း စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးကာ ၆ ဦး မတရား ဖမ်းဆီးခံခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၁၁)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၁၈)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၁)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသေဆုံးသူများတွင် အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြောင်းမဲ့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးကို စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ ခရိုင်လချုပ်စာရင်း၏ ဖော်ပြချက်အရ သိရသည်။ ၎င်းအပြင် ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် ပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့သေးသည်။ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။ စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

  • Photo: KNU

  • ——————————————————————-

  • မြဝတီတွင် လောင်းကစားရုံများ ဖမ်းဆီးနေဟုဆိုသော်လည်း လိုင်းကြေးပေး၍ ဆက်ဖွင့်ဆဲဟု မြို့ခံများပြော ဩဂုတ် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးဂိမ်းနှင့် လောင်းကစားရုံများကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူနေကြောင်း အာဏာပိုင်များက ပြောဆိုထားသော်လည်း မြေပြင်တွင် လောင်းကစားရုံအချို့ ဆက်လက်ဖွင့်လှစ်နေပြီး လိုင်းကြေးပေးဆောင်၍ လုပ်ကိုင်နေကြကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ကရင်ပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မြဝတီမြို့ပေါ် ရပ်ကွက်များ၌ ငါးဂိမ်းရုံများ ပပျောက်အောင် စီမံချက်ဖြင့် ဖမ်းဆီးအရေးယူပေးနိုင်ခြင်း ရှိ/မရှိ မဲဆန္ဒရှင် ပြည်သူများကိုယ်စား မေးမြန်းခဲ့သည်။ အဆိုပါ ငါးဂိမ်းရုံများကြောင့် လူငယ်များ၏ အကျင့်စာရိတ္တ ပျက်စီးသည့်အပြင် WY ကဲ့သို့သော မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲရာနေရာ ဖြစ်လာခြင်း၊ ဒုစရိုက်သမားများနှင့် ခိုးဆိုးလုနှိုက်သူများ ခိုအောင်းရာနေရာ ဖြစ်နေခြင်းတို့ကြောင့် စီမံချက်ဖြင့် အရေးယူပေးရန် ဦးအေးမင်းထွေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ယင်းမေးမြန်းမှုအပေါ် စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက မြဝတီခရိုင်အတွင်း ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်အထိ ငါးဂိမ်းလောင်းကစားမှု ၁၃ မှုကို အမှုဖွင့်အရေးယူထားပြီး အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၆၅ ဦး၊ စုစုပေါင်း ၁၆၄ ဦးကို ဖမ်းဆီးခဲ့ သည်ဟု ပြောသည်။ ထို့အပြင် ငွေကျပ် ၂၅ သိန်းကျော်နှင့် ဂိမ်းခုံ (၇၉) ခုံကို သိမ်းဆည်းရမိခဲ့ပြီး လောင်းကစားလုပ်ငန်းများ ထပ်မံလုပ်ကိုင်ခြင်းမရှိစေရေး ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ သို့သော် အာဏာပိုင်များဘက်က ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း ပြောဆိုထားသော်လည်း မြဝတီမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကိုးသုံးလုံးဂိတ်ဝန်းကျင်တွင် ငါးဂိမ်းရုံနှင့် ကာစီနိုရုံများ ဆက်လက်ဖွင့်လှစ်နေကြောင်း မြို့ခံများက ပြောသည်။ “ဂိမ်းရုံတွေက ရှိနေတုန်းပဲ မပိတ်ဘူး။ ဖမ်းတာတွေက အရောင်ပြတာပါ။ ဖမ်းချင်ရင်လည်း နေရာရော အချိန်ရော ကြိုကြေညာပြီး ပစ္စည်းတွေ အကုန်သိမ်းခိုင်းထားတာကြီးကို။ လက်နက်ကိုင်နဲ့ ပတ်သက်သူတွေပဲ လုပ်လို့ရတာလေ။ လိုင်းကြေး တစ်လမှာ ဘယ်လောက်ဆိုပြီး ပေးရတာ” ဟု မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် လောင်းကစားရုံများသည် စစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ လစဉ်လိုင်းကြေးပေးဆောင်၍ ဖွင့်လှစ်နေကြခြင်းဖြစ်သဖြင့် အပြီးတိုင် ပပျောက်ရန် ခက်ခဲနေကြောင်း ၎င်းမြို့ခံက ဖြည့်စွက်ပြောသည်။ အဆိုပါ လောင်းကစားရုံများကြောင့် လက်လုပ်လက်စားများနှင့် လူငယ်များ လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုဘက်သို့ ရောက်ရှိလာပြီး ဒုစရိုက်မှုများလည်း ဆက်လက်များပြားလာလျက် ရှိနေကြောင်း မြို့ခံများက ထောက်ပြပြောဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ ငါးဂိမ်းရုံ၊ အွန်လိုင်းလောင်းကစားရုံ၊ ကာစီနိုရုံနှင့် ကျားဖြန့်လုပ်ငန်းများသည် အာဏာပိုင်များနှင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့ အစည်းအချို့၏ အကာအကွယ်ပေးမှုများဖြင့် နှစ်လကြာရှည်စွာ လုပ်ကိုင်နေကြသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ယခုလို လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနှင့် ဒုစရိုက်မှုများ ဖြစ်ပွားလျက်ရှိသော်လည်း ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိဘဲ အရောင်ပြဖမ်းဆီးအရေးယူမှု မှုများသာ ပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။

  • без подписи

  • Photo: CJ

  • —————————————————————-

  • လက်နက်ကြီးကြောင့် တောင်ငူခရိုင်မှာ ဒေသခံ(၁၀၀)ကျော် စစ်ဘေးရှောင်နေရ ဩဂုတ် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေးကျေးရွာမှ ဒေသခံ(၁၂၀)ဝန်းကျင်သည် စစ်အုပ်စု၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ ဘေးလွတ်ရာ ဆွေမျိုးမိတ်ဆွေနေအိမ်နှင့် စစ်ဘေးရှောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့က တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုမော်တော်ယာဥ်တန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရင့်နောင်စစ်တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “ပြေးလာတာက (၁၂၀) လောက်ရှိပြီ။ ကျောက်တိုင်နဲ့ ငွေတောင်လေးဘက်မှာ ပစ်တာတွေကြောင့် ရွာထဲမှာ မနေရဲကြတော့ဘူးလေ။ လောလောဆယ် ကလေးနဲ့ လူကြီးတွေပဲ” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ပေါ်၌ စစ်အုပ်စု၏ အစစ်အဆေးများကြောင့် စစ်ဘေးရှောင်စခန်းနေရာ သီးသန့်မရှိတော့ဘဲ စစ်ဘေးရှောင်အများစုမှာ နီးစပ်ရာဆွေမျိုးအိမ်များတွင်သာ ခိုလှုံနေရသဖြင့် စားဝတ်နေရေး အခက်အခဲရှိကြောင်း သိရသည်။ စစ်ရှောင်အမျိုးသမီးတစ်ဦးက “တောင်ငူမြို့ထဲမှာ အရင်က စစ်ရှောင်နေရာရှိပေမယ့် သက်ဆိုင်ရာက ရံဖန်ရံခါ လာစစ်တာရှိလို့ အခုနောက်ပိုင်း မရှိသလောက်ဘဲ။ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာပဲလိုက်တည်းနေရတယ်။ စားဝတ်နေရေးအတွက်ကတော့ ခက်တယ်လေ။ ကိုယ့်မြို့ ကိုယ့်ရွာ မဟုတ်တော့ အခက်အခဲ အများကြီးပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။ ယင်းကြောင့် ပဋိပက္ခအခြေအနေ ရက်ရှည်နေပါက ဆွေမျိုးနီးစပ်ရာမရှိသည့် စစ်ဘေးရှောင်များအတွက် နေစရာအခက်အခဲရှိသလို မိုးတွင်းကာလ ကျန်းမာရေးအပြင် စားရေးသောက်ရေး အခြေအနေ စိန်ခေါ်မှုရှိနိုင်ကြောင်းလည်း စစ်ရှောင်ကူညီနေသူများက ဆိုသည်။ ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုအတွင်း ကျောက်တိုင်ရွာရှိဒေသခံနေအိမ်အချို့ ကျည်စထိမှန်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

  • без подписи

  • Photo: CJ

  • ——————————————————————-