- Последний пост
- 22 мая
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
မကွေးတိုင်းအတွင်း စစ်ရှောင်တွေတိုးလာလို့ အကူအညီတွေ လိုအပ်နေ မေ ၂၂ - ၂၀၂၆ SN (VOM) မကွေးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲတွေနဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့အတွက် ဒေသခံ အများအပြား စစ်ရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ စလင်းမြို့နယ်မှာ ဒေသအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ - ၂၅၃ ၊ ၂၅၄) ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့တပ်တွေဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကစပြီး စလင်း - ကံပြားလမ်းအတိုင်း ဝင်ရောက်လာခဲ့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီ တပ်တွေဟာ မြေနီကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲပြီးနောက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရှိရာ နေရာတွေကို လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြုကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတာကြောင့် စလင်း - ကံပြားလမ်းပိုင်း၊ စလင်းချောင်း တောင်ဘက်က ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတာဖြစ်ပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူက ပြောပါတယ်။ “ရွာတချို့ မီးရှို့ဖျက်ဆီးခံရတာတွေရှိတယ်။ ဖမ်းဆီးတာတွေလည်းရှိတော့ ရွာသားတွေ ကိုယ့်အိမ်ကိုယ် မကပ်ရဲဘူး။ တောတောင်တွေထဲမှာ ယာယီ တိမ်းရှောင်နေကြရတယ်။ စစ်ကြောင်းတွေက ဆက်ပြီး လှုပ်ရှားနေဆဲဆိုတော့ စစ်ရှောင်တွေ တနေရာတည်းမှာ အထိုင်မချရဲဘူး။ တနေရာပြီး တနေရာ ရွှေ့ပြောင်းနေထိုင်နေကြရတယ်။ စားနပ်ရိက္ခာ အခက်အခဲလည်း ရှိသလို မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတု ပူပြင်းတဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေကြရတာပါ” လို့ သူက ပြောပါတယ်။ လက်ရှိအချိန်အထိလည်း စစ်ကြောင်းတွေ ပြန်လည်ထွက်ခွာခြင်း မရှိသေးတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်တာကြောင့် ကျေးရွာတွေထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ မေ ၂၁ ရက်မှာ အသိပေး ကြေညာထားပါတယ်။ အဲဒီလိုပဲ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဧရာဝတီမြစ် တောင်ဘက်ကမ်းမှာတည်ရှိတဲ့ မြစ်ခြေမြို့မှာလည်း အစိုးရတပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀ ကျော်ဝန်းကျင်က ဒေသခံ နှစ်သောင်းနီးပါး၊ နီးစပ်ရာ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။ မြစ်ခြေဒေသကို ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့စကပြီး ရေလမ်းကြောင်းမှတဆင့် ညောင်ဦးအခြေစိုက် အမှတ် (၄၁၅) ခြေလျင်တပ်ရင်း ဝင်ရောက်လာသလို ကုန်းလမ်းကြောင်းကနေလည်း ပခုက္ကူတပ်မ (၁၀၁) နဲ့ အောင်လံမြို့က ပြည်သူ့စစ်တပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။ “မေ ၁၀ ရက်နေ့ကတည်းက ရွာပေါင်း ခြောက်ရွာလောက် မီးလောင်ပျက်စီးတာရှိခဲ့တယ်။ ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိတော့ ဘယ်သူမှ ရွာတွေထဲ မနေရဲကြတော့ဘူး။ မေ ၁၄ ရက်နေ့ကတည်းက စစ်ရှောင်လာကြတာ။ တဖြည်းဖြည်းနဲ့ စစ်ရှောင်ဦးရေ နှစ်သောင်းနား ကပ်လာပြီ။ စားရေးသောက်ရေးအတွက်က တရက်ကို ဆန် အိတ် ၄၀ လောက် ကုန်တယ်။ လောက်ငှမှု မရှိတော့ဘူး။ မိုးကလည်း ရွာလာပြီဆိုတော့ မိုးကာတွေလည်း လိုအပ်လာပြီ။ အားလုံး ဝိုင်းဝန်း ကူညီပေးကြဖို့ မျှော်လင့်ပါတယ်” လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူက ပြောပါတယ်။ ဒါအပြင် မကွေးတိုင်းအတွင်း ဆောမြို့နယ်မှာလည်း ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရဆဲဖြစ်ပြီး လက်ရှိအခြေအနေအရ အစိုးရတပ်က မြို့အတွင်း ဝင်ရောက်နေရာယူကာ လမ်းပိုင်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။ ပေါက်မြို့နယ်မှာလည်း အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ ပေါက်တောင်ပိုင်း သပြေအေး၊ ချက်ကန်ရွာတွေဘက်တွေကို အစိုးရတပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ရှောင်နေရပြီး စစ်တပ်က မြေပြင်စစ်ကြောင်းတွေ တိုးချဲ့လာတာကြောင့် ပေါက် - တပြင်းလမ်းပိုင်းမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ အချိန်နဲ့အမျှ ပြင်းထန်နေတယ်လို့ သိရပါတယ်။ အဲဒီလိုပဲ ပခုက္ကူမြို့နယ်မှာလည်း အစိုးရတပ်က ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) ကို အင်အားဖြည့်တင်းမှုတွေ ရှိလာပြီးနောက် လူထိခိုက် သေဆုံးမှုအပြင် ကျေးရွာ ပျက်စီးမှုတွေကြောင့် ပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒါအပြင် ရေစကြိုမြို့နယ်မှာလည်း အစိုးရတပ်က မြို့အဝင်အထွက်တွေမှာ ကင်းပုန်းတွေဝပ်ပြီး ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေ အထူးသတိထား နေထိုင်နေကြရကာ စစ်တပ်ရဲ့ အထိုင်ချ တပ်စွဲမှုတွေကြောင့် ကျေးရွာတချို့ စစ်ရှောင်နေရဆဲ ဖြစ်တယ်လို့သိရပြီး မိုးရာသီကာလ ရောက်ရှိလာတာကြောင့် အဲဒီဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ ခြင်ထောင်၊ စောင်နဲ့ အခြေခံဆေးဝါးတွေအပြင် အခြေခံ စားနပ်ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတွေက အသိပေးထားပါတယ်။ Photo - CJ
без подписи
TNLA ဖမ်းမိထားတဲ့ ရာနဲ့ချီတဲ့စစ်သုံ့ပန်းတွေကို နမ့်ဆန်မြို့ကနေ နမ့်ခမ်းကို ရွှေ့နေ မေ၊၂၂၊ ၂၀၂၆ NN(VOM) ၁၀၂၇ တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရပြီး နမ့်ဆန်မြို့မှာ ထိန်းသိမ်းထားတဲ့ အစိုးရတပ်ရဲ့ စစ်သုံ့ပန်းတွေထဲက အယောက်တရာကျော်ကို TNLA တပ်ဖွဲ့က အခုလဆန်းပိုင်းမှာ နေရာရွှေ့လိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါ တယ်။ နမ့်ဆန်မြို့ကနေ နမ့်ခမ်းမြို့ဘက်ကို ရွှေ့လိုက်တာဖြစ်ပြီး ဘယ်နေရာမှာ ထားတယ်ဆိုတာကိုတော့ အတိအကျ မသိရသလို အဆက်အသွယ်လည်း မရဘူးလို့ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “အရင်က နမ့်ဆန်မှာထားတာ။ ပြီးခဲ့တဲ့တခေါက်က သူတို့ လူတရာကျော် လွှတ်ပေးပြီး နောက်ပိုင်း ကျန်တဲ့သူတွေကို နေရာရွှေ့လိုက်တယ်လို့ ပြောပါတယ်။ နမ့်ခမ်းဘက်ရွှေ့တာလို့ ပြောတယ်။ အခုထိတော့ ဘယ်မှာထားတယ် ဆိုတာ အဆက်အသွယ်မရသေးဘူး” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ မိုးကုတ်၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံမြို့ သိမ်း တိုက်ပွဲတွေမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး TNLA တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။ အဲဒီထဲက ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို TNLA က မကြာခဏ လွှတ်ပေးပြီး ကျန်တဲ့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြန်လွတ်လာတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရ ပါတယ်။ အခုလ ၅ ရက်နေ့ကလည်း TNLA ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက် တရာကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ “ကျန်နေတဲ့သူတွေထဲမှာ နေမကောင်းတဲ့သူတွေ ရှိတယ်။ လေဖြတ်ထားတဲ့ သူတွေလည်း များတယ်။ သူတို့ကိုလည်း ပြန်လွှတ်ပေးစေချင်တယ်”လို့ ပြန်လွတ်လာသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိအချိန်အထိ အရာရှိအဆင့်အပါအဝင် ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ငါးရာကျော် အထိ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အခုလဆန်းပိုင်းက စစ်သုံ့ပန်းတွေ ပြန်လွှတ်ပြီးနောက် အစိုးရတပ်တာဝန် ရှိသူတွေနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကနေ TNLA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးရမယ်လို့ အစိုး ရဘက်က တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ “ဒါကတော့ ဟိုအရင်ဆွေးနွေးပွဲတွေမှာလည်း ပြောနေကြစကားတွေပဲ။ တပ်ဘက်ကတော့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ တောင်းနေမှာပဲ။ ပြေပြေ လည်လည် မဖြစ်ရင်တော့ ဒေသခံတွေက စစ်ပြန်ရှောင်ရမယ့် သဘောလို့ မြင်တယ်” လို့ ရှမ်းမြောက်ဒေသခံ တယောက်က ပြောပါတယ်။ ၁၀၂၇ တိုက်ပွဲကာလအတွင်း TNLA သိမ်းထားတဲ့ မြို့တွေထဲက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အစိုးရတပ်ဘက်က ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ TNLA ကတော့ လက်ရှိမှာ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ခမ်း၊ နမ္မတူ မြို့တွေကို သိမ်းပိုက်ထားပါတယ်။ ပုံ TNLA ပုံစာ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် အစိုးရတပ်ဖွဲ့ဝင်တွေကို ၂၀၂၄ခုနှစ်ကတွေ့ရစဉ် #VOM #voiceofmyanmar #TNLA #စစ်သုံ့ပန်း #နမ့်ခမ်း #နန့်ဆန်
без подписи
အစိုးရထိမ်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးကို PDFတွေက ပြန်ရဖို့လုပ်လာလို့ တိုက်ပွဲပြင်းထန်နေ မေ ၂၂ ၊ ၂၀၂၆ GG (VOM) မကြာသေးခင်ကမှ အစိုးရတပ်ကပြန်လည် သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းထဲက အင်းတော် နဲ့ မော်လူးကို ပြန်သိမ်းနိုင်ဖို့အတွက် PDF တပ်ဖွဲ့တွေက လုပ်ဆောင်လာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။ လက်ရှိမှာ အင်းတော်မြို့နဲ့ မော်လူးမြို့အနီးအထိ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားမှုရှိလာနေပြီး အစိုးရတပ်ကတော့ မြေပြင်စစ်ကြောင်းအပြင် နီးစပ်ရာမြို့တွေကနေ လက်နက်ကြီး ပစ်ကူတာ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ မနေ့က မတ် ၂၁ ရက်မှာ မော်လူးမြို့ နဲ့နှစ်မိုင်လောက်သာဝေးတဲ့ လေးတန်ချောင်းတလျှောက်က ကျေးရွာဘက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မော်လူး ဒေသခံတယောက်က " သိရသလောက်တော့ မော်လူး မြို့မသိမ်းနိုင်သေးပါဘူး ။ တိုက်ပွဲကတော့ မြို့အနီးထိရောက်တာဟုတ်တယ်။ မနေ့က လေကြောင်းကကြဲလို လေးတန်ရိုးကရွာတွေအကုန်ရှောင်ရတယ်။ လေးတန်ရိုးစု ဆိုတာက လေးတန်ချောင်းတလျှောက်ကရွာတွေကိုပြောတာ ။ လေကြောင်းကြဲတာမှာ ပဲခူးရွာက နှစ်ယောက်သေတယ်။တခြားရွာက ဒဏ်ရာရသူတွေလည်းရှိတယ်။ " လို့ ပြောပါတယ်။ တိုက်ပွဲကြောင့် မော်လူးမြို့အနီးတဝိုက်က ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံထောင်ချီပြီး အရေးပေါ်စစ်ရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ အင်းတော်မြို့အနီးမှာလည်း တိုက်ပွဲဖြစ်ပွားနေသလို ကွင်းလမ်းတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း မြစ်ကြီးနား - မန္တလေး လမ်းမကြီးလည်းပိတ်နေပြီး ၊ လေကြောင်းတိုက်ခိုက်မှုတွေ လည်းရှိတယ်လို့ သိရပါတယ်။ " အင်းတော်မှာလည်း တိုက်ပွဲ ဖြစ်နေလို့ လမ်းတွေပိတ်ထားတယ်။ မြို့ထဲထိရောက်တယ်တော့ မကြားမိသေးဘူး ။ မြို့ကိုပြန်သိမ်းလိုက်ပြီဆိုတာ မဟုတ်သေးပါဘူး ။တပ်ဘက်ကလည်း ကသာ ၊မိုးညှင်းဘက်တွေကနေ လက်နက်ကြီးတွေ ထုပေးနေတယ်။ " လို့ စစ်ရေးသတင်း ရင်းမြစ်တယောက်က ပြောပါတယ် ။ အင်းတော်မှာ မေ ၂၀ ရက်က အင်းတော်မြို့နယ်၊ မန်ဖာကျေးရွာဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး NUG ရဲ့လက်အောက်က အကျဉ်းထောင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်သုံ့ပန်းငါးယောက်နဲ့ PDF တပ်ဖွဲ့ဝင် နှစ်ယောက်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ တိုက်ပွဲက အင်းတော်နဲ့ မော်လူးမြို့တွင်းအထိ ရောက်လာတာမျိုးမရှိသေးပေမယ့် မြို့အနီးကို နီးကပ်လာတာ ဖြစ်တဲ့အတွက် အစိုးရတပ်က မော်လူး နဲ့ အင်းတော်မြို့တွေကို အဝင်အထွက် ပိတ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။ အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ် ခဲ့တာဖြစ်ပြီး မော်လူးမြို့ကိုတော့ မေလ ၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #အင်းတော် #မော်လူး #မြို့ပြန်သိမ်းရေးတိုက်ပွဲပြင်းထန်
без подписи
без подписи
မူဆယ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဝင်ဖမ်းရာက အပြန်အလှန် ပစ်ခတ်မှုဖြစ် မေ ၂၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ မေလ ၂၁ ရက်နေ့ ညပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတခုကို ဝင်ဖမ်းရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "မူဆယ်မြို့က တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပြည့်တန်ဆာ၊ မူးယစ်ဆေးသုံးတဲ့ဘိ တခုကို ဝင်ရောက် စီးနင်းတာကို ၂ ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်" လို့ ဒေသခံ အမျိုသား တယောက်က ပြောပါတယ်။ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း လူ ထိခိုက်မှု ရှိခဲ့ပီး တရုတ်နိုင်ငံသား တချို့လည်း ထိခိုက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ မူဆယ်မှာတော့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်း လုပ်နေတဲ့နေရာ၊ လောင်းကစား လုပ်ငန်း လုပ်နေတဲ့ နေရာတွေကို ပြည့်သူ့စစ်တွေက လုံခြုံရေးယူပေးနေတာ ဖြစ်ပါတယ်။ "ဒီရက်ပိုင်း မူဆယ်မှာ ကျားဖြန့်တွေ ခဏခဏ ဖမ်းနေတာ။ ကျားဖြန့်မှာ အလုပ်လုပ်နေတဲ့ အိမ်နားက ကောင်မလေးတောင် ဒီရက်ပိုင်း အလုပ်သွားတာမတွေ့ဘူး" လို့ အမျိုးသမီး တယောက်က ပြောပါတယ်။ ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ အလုပ်လုပ်တဲ့ လူတွေက တခြားအလုပ် ဘာမှ မလုပ်ချင်တော့တာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။ အစိုးရ ဝန်ထမ်းနဲ့ နီးစပ်သူ တယောက်ကတော့ နေပြည်တော်မှာတောင် ငွေအခက်အခဲနဲ့ ကုန်ဈေး မြင့်မားမှုကြောင့် ငွေဘယ်လောက်ရရ ဆိုပြီး ဘဏ်အကောင့်တွေ တလ နှစ်သိန်း နှုန်းနဲ့ ငှားရမ်းနေတာ ခေတ်စားနေတယ်လို့ ပြောပါတယ်။ ဝင်ငွေအခက်အခဲကြောင့် စားဝတ်နေရေးအတွက် ဖြေရှင်းတဲ့ နည်းလမ်း တခု ဖြစ်တယ်ဆိုပေမယ့် ကျားဖြန့်လုပ်ငန်းမှာ သွယ်ဝိုက်ပြီး ပါဝင်နေသလို ဖြစ်တာကြောင့် ငွေလိမ်လုပ်ငန်း အမြစ်ပြတ်ဖို့ မလွယ်တော့ဘူးလို့ သူက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း အစိုးရသစ်က နယ်စပ် ဒေသတွေမှာရှိတဲ့ ငွေလိမ် လုပ်ငန်းတွေကို နေ့စဉ် နီးပါး ဆက်တိုက် ဖမ်းဆီး အရေးယူနေတာ တွေ့နေရသလို အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းကို ထိရောက်စွာ နှိမ်နင်းဖို့ သေဒဏ် အထိ ချမှတ်နိုင်တဲ့ "အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း" ကို ပြန်ကြားရေး ဝန်ကြီးဌာနက အခု မေလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန် ဖော်ပြထားပါတယ်။ Photo Crd# ဒေသခံ #voiceofmyanmar #VOM #မူဆယ် #အွန်လိုင်းငွေလိမ်လုပ်ငန်း
без подписи
ဆီဆိုင်မြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ နွား ၄၉ ကောင်သေဆုံး မေ ၂၂ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ် ၊ လွယ်ပွတ်ကျေးရွာအုပ်စု ၊ ကောင်ဝါးတောင်ရွာ အနီးမွာ မိုးကြိုးပစ်ခံရပြီး နွားကောင်ရေ ၄၉ ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မေ ၂၁ ရက်နေ့ ၊ နေ့လယ် ၂ နာရီ မိနစ် ၂၀ လောက်မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ်ခဲ့တာကြောင့် နွားအုပ်မှာ မိုးကြိုးစက်ကွင်းမိပြီး ပါးစပ်ကနေအမြုပ်ထွက်ခြင်း ၊ ဗိုက်ဖောင်းခြင်း ဖြစ်ပွားကာ သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ် ။ "ဖြစ်တာက ကောင်ဝါးတောင်ရွာရဲ့ အနောက်တောင်ဘက်ကျမှာပေါ့ အဲဒီဘက်မှာ ။ နွားကျောင်းသားက နွားတွေ သွင်းဖို့စုချိန် မိုးရွာတာနဲ့ မိုးခိုချိန် မိုးကြိုးပစ်တာ။အဲဒီမှာ နွားအုပ်လိုက်နေရာမှာ သေကုန်တာ ။.နွားကျောင်းသားက ကံကောင်းတယ်ပြောရမယ် ။သူက တခြားနေရာမှာမိုးခိုနေလို့ပေါ့။ မိုးကြိုးပစ်ချိန် မိုးက တအားရွာတာမျိုးမဟုတ်ဘဲ မိုးကြိုးပစ်ခံရတာလို့ သိရတယ်။ပိုင်ရှင်တွေတော့ ဆုံးရှုံးမှုများတာပေါ့။အခုကနွားဈေးမြောက်နေတာ ။ " လို့ ဆီဆိုင်မြို့နယ် ဒေသခံက ပြောပါတယ် ။ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ရတဲ့ နွားတွေကို သက်ဆိုင်ရာပိုင်ရှင်တွေက မြေမြုပ်တာရှိသလို ငွေကြေးတချို့နဲ့ ရောင်းချတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။ အရင်လ ဧပြီ ၂၈ ရက်နဲ့ ၃၀ ရက်ကလည်း မြောက်ဦးမြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသားတယောက်ဒဏ်ရာရရှိကာ ကျွဲနှစ်ကောင်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ်မိုးရာသီကာလရောက်တိုင်း မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးမှု ရာနဲ့ချီရှိပြီး တိရိစ္ဆာန် တွေလည်း သေဆုံးမှုရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ အချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ၊ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့ဖြစ်ပြီး တနေ့တာအတွင်း မွန်းတည့်ချိန်မှစလို့ ညနေ ၆ နာရီခန့်အထိ မိုးကြိုးအပစ်များလေ့ရှိ တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူသေဆုံးမှု ရာနဲ့ချီရှိနေပြီး အများစုဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကျေးလက်နေ ပြည်သူတွေဖြစ်တာကြောင့် အခုလို မိုးကြိုကာလနဲ့ လာမယ့် မိုးနှောင်းကာလတို့မှာ မိုးကြိုးအန္တရာယ်ကို အထူးသတိဖို့ လိုအပ်ပါတယ်။ မိုးကြိုးပစ်မှုဖြစ်စဉ်တွေဟာ မိုးထစ်ချုန်းရွာသွန်းခြင်းနဲ့ လျှပ်စီးလက်ခြင်း ဖြစ်ပေါ်နေချိန်တွေမှာ လယ်ကွင်းထဲ အလုပ်လုပ်နေစဉ်၊ နေအိမ်တံစက်မြိတ်မှာ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲမှာ ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲမှာ ဖုန်းနဲ့ အင်တာနက် အသုံးပြုနေစဉ်၊ ဖုန်းပြောနေစဉ်နဲ့ သစ်ပင်အောက်မှာ မိုးခိုနေစဉ် စတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ မိုးကြိုးဖြစ်စဉ်ကနေ သန်းနဲ့ချီတဲ့ ဗို့အားနဲ့ ထိတွေ့လိုက်တဲ့အခါ အရာအားလုံး အစိတ်စိတ်အမွှာမွှာ မီးလောင်တိုက် သွင်းခံလိုက်ရသလိုဖြစ်ပြီး လျှပ်စစ်စက်ကွင်းထဲ ရောက်မိတဲ့ သစ်ပင်အပါအဝင် အရာဝတ္ထု ၊ လူ ၊ တိရိစ္ဆာန် အားလုံးဟာ မီးသင့်ခြင်းကိုဖြစ်ပေါ်စေတဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိုးကြိုးဘေးအန္တရာယ် ကျရောက်လာနိုင်တဲ့ အခြေအနေရှိပါက လယ်ယာ၊ ချောင်း၊ မြောင်း၊ အင်း စတဲ့ နေရာတွေမှာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်နေကြသူတွေ အနေနဲ့ ကွင်းပြင်၊ ရေပြင်တို့မှာ ထီးထီးကြီးမနေဘဲ အဆောက်အအုံတွေထဲကို အမြန်ဆုံးခိုဝင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ အဆောက်အဦ မရှိတဲ့နေရာကိုရောက်နေပါက မြောင်းတွေ၊ ချိုင့်ဝှမ်းတွေနဲ့ နိမ့်တဲ့နေရာတွေမှာ ဝပ်နေခြင်း၊ ကွင်းပြင်မှာ လူစုလူဝေးနဲ့ဖြစ်နေရင် သီးခြားစီဖြန့်ခွဲပြီးနေခြင်း၊ ကွင်းပြင်မှာ ရောက်ရှိနေရင် ဆောင့်ကြောင့်ထိုင်ပြီး ဒူးနှစ်ဖက်ပေါ်မှာ လက်တင်ခေါင်းငုံ့ထားခြင်း၊ ဆံပင်များထောင်နေတယ်လို့ စတင်ခံစားလာရတဲ့အခါ မိုးကြိုးပစ်တော့မယ့် လက္ခဏာဖြစ်တဲ့အတွက် ဒူးထောက်ချလိုက်ပြီး ဒူးပေါ်ကို လက်နှစ်ဖက် ယှက်တင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားခြင်းဖြင့် မိုးကြိုးအန္တရာယ်ကနေ ရှောင်ရှားနိုင်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - CJ #Voiceofmyanmar #VOM #ရှမ်းတောင် #ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #ဆီဆိုင်မြို့ #ကောင်ဝါးတောင်ရွာ #မိုးကြိုးပစ်ခံရလို့နွား၄၉ကောင်သေဆုံး
без подписи
без подписи
အယ်လ်နီညိုဖြစ်စဉ်ဟာ ယေဘုယျအားဖြင့် ငါးနှစ်မှ ခုနစ်နှစ်အတွင်း တကြိမ်ခန့် ဖြစ်ပေါ်တတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ နှစ်နှစ်၊ သုံးနှစ် အတွင်းလည်း ဖြစ်ပေါ်လာတတ်တာကို တွေ့ရပြီး အယ်လ်နီညို အားကောင်းပါက တောင်အမေရိကနိုင်ငံတွေမှတဆင့် တကမ္ဘာလုံး ပျံ့နှံ့ဖြစ်တည်တတ်ကာ ရာသီဥတုဖောက်ပြန်မှုတွေ ပြင်းထန်လာတတ်တယ်လို့ သိရပါတယ်။ များသောအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေ ရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပြီး တချို့သော နိုင်ငံတွေမှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ Photo - CJ #voiceofmyanmar #VOM #အယ်လ်နီညို #အစွန်းရောက် #မိုးလေဝသ
အားကောင်းတဲ့ အယ်လ်နီညို ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လို မေ ၂၂ - ၂၀၂၆ SS (VOM) လာမယ့် ဇွန်လမှစတင်ကာ အယ်လ်နီညို ဖြစ်ပေါ်ပြီး အားကောင်းလာနိုင်တာကြောင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ မနေ့ မေ ၂၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို တွေ့ရှိရတယ်လို့ သိရပြီး နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေ ခန့်မှန်းချက်အရ လာမယ့် ဇွန်လမှစတင်ကာ အားအနည်းငယ်ရှိတဲ့ အယ်လ်နီညို အခြေအနေကို ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ အားကောင်းတဲ့ အယ်လ်နီညိုအဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ “အယ်လ်နီညို ဖြစ်ပြီဆိုရင်တော့ များသောအားဖြင့် ကမ္ဘာတဝန်း အပူချိန်မြင့်တက်တာမျိုးတွေ ဖြစ်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာလည်း လာမယ့် နွေကာလတွေမှာ အပူချိန် မြင့်တက်တာတွေ ဖြစ်လာနိုင်တယ်။ ဆောင်းတွင်းဆိုရင်လည်း ညဘက်မှာ ပုံမှန် အေးသင့်သလောက် မအေးတာမျိုးတွေ ဖြစ်နိုင်တယ်။ သက်ရောက်မှုက တနိုင်ငံလုံးမှာ ဖြစ်လာနိုင်ပါတယ်။ အနည်းနဲ့ အများပဲ ကွာသွားပါလိမ့်မယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ ဒါအပြင် အယ်လ်နီညိုကြောင့် ဆောင်းရာသီကာလမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ဖြစ်လာနိုင်သလို နွေရာသီကာလမှာတော့ ပူပြင်းခြောက်သွေ့တဲ့အတွက် အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ မိုးခေါင်ရေရှားမှု ပြဿနာမျိုးတွေကို ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။ “ဆောင်းရာသီမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ဖြစ်နိုင်တော့ တောင်သူတွေအနေနဲ့ ရာသီဥတုပေါ်မှာ မူတည်ပြီး အသီးအနှံအမျိုးအစား ရွေးချယ် စိုက်ပျိုးသင့်တယ်။ နွေကာလမှာလည်း ရေရှားပါးတာတွေ ဖြစ်လာနိုင်တဲ့အတွက် ရေအရင်းအမြစ် ထိန်းသိမ်းတာမျိုးတွေ၊ ရေကို ကြိုတင် စုဆောင်းတာမျိုးတွေလည်း ဆောင်ရွက်ထားသင့်တယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက်ရောပေါ့။ ဘက်ပေါင်းစုံက ကြိုတင် ပြင်ဆင်ထားမယ်ဆို ထိခိုက်ပျက်စီး ဆုံးရှုံးမှု နည်းသွားပါလိမ့်မယ်။ သဘာဝဘေးနဲ့ ပတ်သက်ရင် ကြိုတင် ပြင်ဆင်ထားမှုက အကောင်းဆုံး တုံ့ပြန် ဆောင်ရွက်မှုပါပဲ” လို့ သူက ပြောပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တတ်တာဖြစ်ပေမယ့် ဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုကတော့ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်တွေ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “အယ်လ်နီညိုဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာထဲလို့ ဆိုထားတဲ့အတွက် ကြားထဲမှာတော့ နိုင်ငံတွေအများကြီး ခြားထားသေးတယ်။ ဒီနှစ် မိုးရာသီအတွက်တော့ သက်ရောက်မှု သိပ်မရှိဘူးလို့ ယေဘုယျအားဖြင့် ပြောလို့ရပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝကိုက မြစ်တွေ၊ ချောင်းတွေ ပေါများတာကိုး။ မိုးရာသီရောက်ရင် ရေကြီး၊ ရေလျှံမှုက အနည်းနဲ့အများဆိုသလို ဖြစ်တတ်တဲ့အနေအထားမျိုး ရှိတယ်။ နောက်တခုက အနောက်တောင် မုတ်သုန်လေက ဘင်္ဂလားပင်လယ်အော်ကနေ လာတဲ့အတွက်ကြောင့်မို့လို့ ရေခိုးရေငွေ့တွေကြောင့် မိုးရွာသွန်းမှုများနိုင်တယ်။ ဒါကြောင့် ပုံမှန်နှစ်ပဲဖြစ်ဖြစ်၊ အယ်လ်နီညို၊ လာနီညာနှစ်ပဲဖြစ်ဖြစ် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကတော့ ဆောင်ရွက်ထားဖို့လိုတယ်” လို့ မိုး/ဇလ ညွှန်ချုပ်က ပြောပါတယ်။ အယ်လ်နီညိုနှစ်တိုင်းမှာ အစွန်းရောက်တဲ့ ဖြစ်စဉ်တွေ ပိုများလာတဲ့အတွက် ကြိုတင်သတိပြုရမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အယ်လ်နီညိုနှစ်မှာ တောင်တရုတ်ပင်လယ်ပြင်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ဖြစ်ပေါ်ခဲ့တဲ့ သာဓက ရှိခဲ့တဲ့အတွက် သဘာဝဘေးနဲ့ ပတ်သက်လာပါက မပေါ့ဆကြဖို့လိုတယ်လို့ သူက ပြောပါတယ်။ ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း အယ်လ်နီညိုရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ “အမြင့်ဆုံးပြင်းအား ‘အားကောင်းသော’ (ဒါမှမဟုတ်) ‘အလွန်အားကောင်းသော’ အဆင့်ကို ရောက်ရှိဖို့ ၃ ပုံ ၂ ပုံ (၆၇ ရာခိုင်နှုန်း) ခန့် အခွင့်အလမ်း ရှိနေပါတယ်။ ဒါအပြင် အဆင့်မြင့်ဆုံးဖြစ်တဲ့ ‘စူပါအယ်လ်နီညို’ အဆင့်အထိ ဖြစ်ပေါ်လာနိုင်ခြေမှာလည်း အရင်က ၄ ပုံ ၁ ပုံ (၂၅ ရာခိုင်နှုန်း) ခန့်သာ ရှိခဲ့ရာမှ အခုအခါမှာတော့ ၃ ပုံ ၁ ပုံ (၃၃ ရာခိုင်နှုန်း) ခန့်အထိ မြင့်တက်လာပြီ ဖြစ်တယ်” လို့ အသိပေးထားပါတယ်။ အယ်လ်နီညို (El Niño) ဆိုတာဟာ အစွန်းရောက် သဘာဝဘေးတခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့တဲ့ ဖြစ်စဉ်တခုလို့ အကြမ်းဖျင်းမှတ်သားနိုင်ကာ တိတိကျကျဆိုရရင်တော့ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေဆီ ခရစ်စမတ်ကာလမှာ တိုးဝင်လာတတ်ကြတဲ့ ပင်လယ်ရေပူစီးကြောင်းတွေကို ဒေသခံတံငါသည်တွေက ခေါ်ဝေါ်ထားတဲ့ အမည်ဖြစ်တယ်လို့ သိရပါတယ်။
без подписи
без подписи
တပ်မတော်စစ်ကြောင်းများကချင်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးကိုအလုံးစုံထိန်း ချုပ်နိုင်ခဲ့ပြီဖြစ် CDF ၊ CNA နှင့် PDF အဖွဲ့များယာယီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် တပ်မတော်စစ်ကြောင်းများက ထိုးစစ်ဆင်တို-က်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ(၆)ကြိမ်ဖြစ်ပွားပြီးနောက် ယနေ့ မေ ၂၀ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှု လျှော့ချပေးစေလို မေ ၂၁ - ၂၀၂၆ SS (VOM) ရွှေစင်၊ ရွှေတုံးနဲ့ ရွှေထည်တွေ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) အဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို လျှော့ချပေးစေလိုတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။ အရင်က ရွှေအတုံးအခဲတွေအတွက် အခွန်ကောက်ခံမှု မရှိခဲ့ဘဲ ရွှေထည်တွေအတွက်သာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေနဲ့ ရွှေထည်လက်ဝတ်ရတနာ အားလုံးအတွက် ၃ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ “ရွှေအတွက် ကောက်နေတဲ့အခွန်တွေက အရမ်းများတယ်။ နိုင်ငံတကာမှာလည်း မရှိဘူးလေ။ ရွှေကို ၃ နာရခိုင်နှုန်း၊ ကျောက်မျက်ရတနာကို ၅ ရာခိုင်းနှုန်း သတ်မှတ်ထားတာ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီလို အခွန်ကောက်တာ မရှိဘူး။ ဒီ ဆင်းရဲသားတိုင်းပြည်မှာမှ ပြည်သူတွေဆီကနေ အခုလိုတွေ အခွန်ကောက်ခိုင်းနေတာ လုံးဝ မဖြစ်သင့်ဘူး” လို့ ရွှေဝယ်ယူ စုဆောင်းသူတယောက်က ပြောပါတယ်။ ဒါအပြင် ပြည်သူတယောက်ကလည်း လက်ရှိ ရွှေထည်တွေ ဝယ်ယူရာမှာ ကျသင့်ငွေရဲ့ ၃ ရာခိုင်နှုန်းအခွန်အပြင် အလျော့တွက်/လက်ခကိုပါ ပူးတွဲ ပေးချေရတာကြောင့် ဝယ်သူတွေအနေနဲ့ ရွှေရဲ့မူရင်းတန်ဖိုးထက် အများအပြား ပိုမိုပေးဝယ်နေရတယ်လို့ ပြောပါတယ်။ “အခုက ဘယ်လိုဖြစ်နေလဲဆို ပြန်ရောင်းတဲ့နေရာမှာ ဆုံးရှုံးမှုတွေ ပိုများလာတာပဲ။ ဝယ်တုန်းက အခွန်ရော၊ အလျော့တွက်၊ လက်ခတွေရော အကုန်မတန်တဆ ပေးခဲ့ရတာဆိုတော့ ပြန်ရောင်းတဲ့အချိန်ကျ ဘာအမြတ်အစွန်းမှ မရတော့ဘူး။ ရွှေဆိုင်တွေက ပြန်ဝယ်တဲ့အခါကျရင် အလျော့တွက်/လက်ခကို နုတ်ယူပြီးမှ ဝယ်လေ့ရှိတာ။ အတိုးအလျှော့ များရင်များသလို ဝယ်သူတွေ နစ်နာတယ်” လို့ သူက ပြောပါတယ်။ အခုလို အခွန်နှုန်းထား တိုးမြှင့် ကောက်ခံနေခြင်းက ဝယ်သူတွေအတွက် ကုန်ကျမှုတွေ ပိုလာသလို၊ တရားဝင်အခွန် ပေးဆောင်ရမှု ရှောင်ရှားနိုင်ဖို့အတွက် မှောင်ခိုဈေးကွက် ပိုမိုအားကောင်းလာစေဖို့ တွန်းအားဖြစ်စေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ “ရွှေတပိုင်းဝယ်ရင် သိန်း ၃၀ အခွန်ဆောင်ဆို ဘယ်သူက ဆောင်ချင်မှာတုန်း။ ရွှေဆိုင်တဆိုင်တောင် ရွှေတပိုင်းရောင်းလို့ သုံးသိန်း မမြတ်တဲ့ဟာကို သူက သိန်း ၃၀ ကြားကဖြတ်ယူနေရင် ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အများအားဖြင့် ရွှေစု၊ ငွေစုတယ် ဆိုတာကလည်း ဆင်းရဲသား၊ သာမန်ပြည်သူတွေများတယ်။ အဲဒီအပေါ်မှာ အခွန်မတန်တဆကြီး ကောက်နေတာ မကောင်းဘူး။ ဒါကြောင့် ပြည်သူတွေ နစ်နာမှုမရှိအောင်၊ ပွင့်လင်းမြင်သာမှု ဖြစ်လာအောင် ဖြေလျော့ပေးဖို့လိုတယ်။ အခုက ဆိုင်တွေ နစ်နာနေတာမဟုတ်ဘူး။ ပြည်သူတွေပဲ နစ်နာနေတာ။ သူတို့က မှောင်ခိုဈေးလို လုပ်ပေးထားတော့ မသမာတဲ့ဆိုင်တွေက ကလိမ်ကကျစ် လုပ်လို့ရနေတာ။ ခုနောက်ပိုင်း လမ်းဘေးရွှေဆိုင်လေးတွေ ပေါလာတာပဲကြည့်။ အဲဒါ သူတို့ရဲ့ မမှန်ကန်တဲ့ မူဝါဒကြောင့် လုပ်စားခွင့်ရနေကြတာ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ၂၀၂၄ ခုနှစ် “ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ” ကို ပြင်ဆင်တဲ့ဥပဒေအရ ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်လည်းကောင်း ၃ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမယ်လို့ ထည့်သွင်းထားပါတယ်။ ဒါအပြင် ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေကို ပြည်တွင်းမှာ ဝယ်ယူစဉ် (ဒါမှမဟုတ်) ပြည်ပမှ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်းမှာ ရောင်းချစဉ် (ဒါမှမဟုတ်) ပြည်ပကို တင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရလို့လည်း ဥပဒေအသစ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ Photo - CJ #voiceofmyanmar #VOM #ရွှေဝယ်ယူမှု #ကုန်သွယ်လုပ်ငန်းခွန် #၃ရာခိုင်နှုန်း
без подписи
မကြာခင်က အစိုးရတပ်က ပြန်လည်ထိမ်းချုပ်ခဲ့တဲ့ ချင်းပြည်နယ် ၊ ဖလမ်းမြို့မှာ အစိုးရ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ဖို့ ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ မေလ ၂၀ရက်နေ့ ညနေပိုင်းက ဖလမ်းမြို့ကို ရောက်ရှိလာကြောင်း သိရပါတယ်။ Crd- Kyaw Gyi #voiceofmyanmar #VOM #ဖလမ်း