- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 77
- Всего постов
- 97
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 232
- 1/48двое суток
- 265
- 1/72трое суток
- 286
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Press Statement on Myanmar's ongoing efforts on repatriation of displaced persons from Rakhine State
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော် ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး +++++ နိုင်ငံတော်အနေဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် - မိုးရာသီ နိုင်ငံတော်အဆင့် တတိယ အကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်း များပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီ အစရှိ သည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင် (၃)မျိူး ပျိုးပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးနိုင်ခဲ့ပါသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်
без подписи
PDF တစ်ဦးကိုယ်တိုင် တင်ထားတဲ့ post ... -
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား အသိပေးကြေညာခြင်း
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲမည် +++++ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီ၌ ထွက်ခွာကာ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ နံနက် ၉ နာရီ၌ ထွက်ခွာပြီး သူရဲဈေးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် သစ်တောသယံဇာတပေါကြွယ်ဝမှု၏ တန်ဖိုးကိုသိရှိပြီး ကိုယ်စီကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား +++++ မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် သစ်တောသယံဇာတပေါကြွယ်ဝမှု၏ တန်ဖိုးကိုသိရှိပြီး ကိုယ်စီကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တိုင်းပြည်၏ ပထဝီအရအရေးပါမှုကိုပါ ပေါင်းစပ်သိရှိနားလည်ပြီး မြေပေါ်သယံဇာတဖြစ်သည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကိုယ်စီဆောင်ရွက်နိုင်သည့် ပြည့်ဖြိုးစွမ်းအင်တစ်ရပ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ဇူလိုင်လ ၃၀ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ကာလဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးနှိုးဆော်ချက် +++++ (၁) မိဘပြည်သူများအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကင်းဝေးစေရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။ ရေ - သောက်သုံးရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်ပါ။ အစာ - အစားအစာများကို ကျက်ကျက်မှန်မှန်ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးပါ။ ယင်မနားအောင် သေချာဖုံးအုပ်ပါ။ လက်ကို အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ (၂) ကာကွယ်နည်းနှင့် အိမ်တွင်း ရှေးဦးပြုစုကုသနည်းများ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားပါက အဓိက အသက်အန္တရာယ်ရှိသည်မှာ ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် ဆားဓာတ်ခမ်းခြောက်ခြင်း (Dehydration) ဖြစ်သည်။ ကုသနည်း (ရှေးဦးပြုစုခြင်း) #ဓာတ်ဆားရေချက်ချင်းတိုက်ပါ- ဝမ်းပျက်ဝမ်းလျှောစဖြစ်သည်နှင့် ရေဓာတ်မခမ်းခြောက်စေရန် ဓာတ်ဆား (ORS) ကို သန့်ရှင်းသော ရေအေးဖြင့် စနစ်တကျ ဖျော်စပ်၍ မကြာခဏ သောက်ပေးပါ။ #အရည်များများတိုက်ပါ - ဓာတ်ဆားရေအပြင် စွပ်ပြုတ်ရည်၊ ဆန်ပြုတ်ရည်စသည့် သန့်ရှင်းသော အရည်များကို တိုက်ပေးပါ။ #မိခင်နို့ဆက်တိုက်ပါ - နို့စို့အရွယ် ကလေးများဖြစ်ပါက မိခင်နို့ကို ပုံမှန်ထက် ပိုမိုတိုက်ကျွေးပါ။ #အစာဆက်ကျွေးပါ- ဝမ်းပျက်နေစဉ် အစာဖြတ်မထားပါနှင့်။ အစာကျေလွယ်သော ဆန်ပြုတ်၊ ကြက်ပြုတ်ရည် အစာများကို အနည်းအပါး ဆက်လက်ကျွေးမွေးပါ။ (၃) ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ပြသရမည် အခြေအနေများ အောက်ပါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရပါမည်- မဲနက်သော ဝမ်းရေလို အမြှုပ်များဖြင့် မကြာခဏသွားခြင်း၊ အန်ခြင်း၊ မရပ်မနား ဝမ်းသွားခြင်း၊ အလွန်အမင်း ရေငတ်ခြင်း၊ နှုတ်ခမ်းနှင့် လျှာခြောက်သွေ့ခြင်း၊ မျက်ကွင်း ဟောင်းလောင်း ပိန်ဝင်သွားခြင်း၊ ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမသွားတော့ခြင်း၊ကလေးများတွင် မှေးမှိန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်းများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံးရောက်အောင်သွား၍ စနစ်တကျကုသမူခံယူပါက ပြန်လည်ကောင်းမွန်လာပါမည်။ ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်နိုင်သည့် ကာလအထိ လမ်းဘေးအစားအစာများ မသန့်ရှင်းသော အစားအသောက်များစားသုံးခြင်းကို ခေတ္တခဏရပ်နား(ရှောင်ကြဉ်)ပေးကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။
без подписи
မင်္ဂလာနံနက်ခင်းလေးပါ🙏🙏🙏
တိုင်းပြည်ဘဏ္ဍာကို ကိုယ့်ဥစ္စာအဖြစ် မောင်ပိုင်စီးခဲ့တဲ့ ဝရမ်းပြေး သူခိုး ကျော်မိုးထွန်း
ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်း +++++ ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါကုသဆေးများအပါအဝင် ဆေးဝါးအမယ်သစ် ခြောက်မျိုးကို သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ဩဂုတ် ၁၃ ရက်က ရန်ကုန်မြို၌ ကျင်းပခဲ့ကြောင်း သိရသည်။ သုတေသနစမ်းသပ်အောင်မြင်ခဲ့သည့် ဆေးဝါးအမယ်သစ်များမှာ ဆီးချိုရောဂါကုသဆေး နှစ်မျိုး၊ HIV ရောဂါကုသဆေး တစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး တစ်မျိုး၊ ကင်ဆာရောဂါကုသဆေး တစ်မျိုးနှင့် မေ့ဆေးတစ်မျိုး စုစုပေါင်း ခြောက်မျိုးဖြစ်သည်။ အဆိုပါ ဆေးဝါးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိထားပြီး ပြည်တွင်းဆေးဝါးစက်ရုံများသို နည်းပညာလွှပြောင်းပေးနိုင်ခဲ့သဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု အားကောင်းလာစေရေးနှင့် ပြည်ပဆေးဝါးတင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးနှိုးဆော် +++++ ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အနေနဲ့ ရောဂါကာကွယ်ရေးနှင့် ရှေးဦးပြုစုကုသရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာက အသိပေးနှိးဆော်ထားပါတယ်။ ကျန်းမာရေးအတွက် သောက်သုံးရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးရန်၊ အစားအစာများကို ကျက်ကျက်မှန်မှန်ချက်ပြုတ်၍ ပူပူနွေးနွေး စားသုံးရန်နဲ့ ယင်မနားစေရန် သေချာဖုံးအုပ်ထားရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် အစားမစားမီ အိမ်သာ အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့် စနစ်တကျဆေးကြောရန်လည်း တိုက်တွန်းထားပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်များ ခမ်းခြောက်ခြင်းဖြစ်တာကြောင့် ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး ဓာတ်ဆားရည် (ORS) ကို သန့်ရှင်းတဲ့ရေနဲ့ စနစ်တကျဖျော်စပ်ကာ မကြာခဏ တိုက်ပေးရန် လိုအပ်ကြောင်း သိရပါတယ်။
без подписи
без подписи
без подписи
без подписи
без подписи