tgindex
Info Committee Yesagyo

Info Committee Yesagyo

Статистика

Freedom, Justice & Peace

Последний пост
1 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
14 авг.
Подписчики
1 406
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
1 802
20 постов
Вовлечённость
128,2%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1 204
1/48двое суток
1 379
1/72трое суток
1 488

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • မအလ စခခန့် စည်ပင်ဦးစီးမှူး မြင့်နိုင် ဆိုသူနှင့် မအလ စခများပေါင်းပြီး ဈေးဆိုင်ခန်းပိုင်ရှင်များထံမှ အတင်းအဓမ္မ မတန်တဆ ငွေကြေးတောင်းခံနေသည့်အတွက်ကြောင့် ဈေးဆိုင်ခန်းပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရှိရပါသည်။ ဩဂုတ် ၁၊ ၂၀၂၆ #InfoCommitteeYesagyo

  • ယနေ့ နံနက်ပိုင်း 10:45 am အချိန် ရေစကြိုမြို့နယ် အနောက်ဘက်ပိုင်းတစ်နေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရှိရပါသည်။ အသေးစိတ်အချက်အလက်များ မသိရှိရသေးပါ။ ဩဂုတ် ၁၊ ၂၀၂၆ #InfoCommitteeYesagyo

  • ရေစကြိုမြို့ပေါ်သို့ မအလစခများက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းပေးထားသော တပ်သားသစ် (၅၀၀) ခန့်ကို ဇူလိုင်လ ၂၈ ရက်နေ့က သင်္ဘောဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့နယ်ရှိ ၂၅၆/၂၅၇/၂၅၈ တပ်ရင်းများဆီသို့ ကျွဲအုပ် နွားအုပ်များမောင်းသွားသည့်ပမာ ခေါ်ဆောင်သွားကြကြောင်း၊ အချို့မှာ အသက်ပင် မပြည့်သေးသည့် ကလေးငယ်များပင် ပါလာကြောင်း သိရှိရပါသည်။ (ပြည်သူများ ဘေးရန် ခွေးရန် ကင်းဝေးကြပါစေ) ဇူလိုင် ၂၉၊ ၂၀၂၆ #InfoCommitteeYesagyo

  • 24 июл.2 09571

    မအလ စခ Jet Fighter မသာလေယာဉ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ရေစကြိုနယ် အနောက်ပိုင်းကို 1:17 pm ဝန်းကျင်အချိန် ဗုံး ၄ လုံးကြဲချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီးနောက် ၂၅၆ မှ မအလ ခွေးများက ဟောင်ဝှစ်ဆာလက်နက်ကြီးဖြင့် 1:26 pm တွင် တစ်ကြိမ်၊ 1:29 pm တွင် နောက်တစ်ကြိမ် ပါတ်ဝန်းကျင်ရွာများကို ပစ်ခတ်ခဲ့ပါသည်။ (ပြည်သူများ ဘေးရန် ခွေးရန် အမြန်ဆုံး ကင်းဝေးကြပါစေ) ဇူလိုင် ၂၄၊ ၂၀၂၆ #InfoCommitteeYesagyo

  • 24 июл.1 79291

    Jet Fighter မသာလေယာဉ်တစ်စီး 1:14 pm ရေစကြိုဖြတ်ပြီး အနောက်ဘက်သို့ပြန်သန်းသွားပြီး 1:15 pm ဗုံးကြဲချ။ 1:18 pm အချိန်၊ 1:19 pm အချိန်၊ 1:21 pm အချိန် နောက်ထပ် ၃ လုံးကြဲချ။ 1:24 pm မသာလေယာဉ် ရေစကြိုဖြတ်ပြီး အရှေ့ဘက်သို့လှည့်ပြန်သွား။ 1:24 pm 24.7.2026 #InfoCommitteeYesagyo

  • 23 июл.2 00192

    ရေစကြိုမြို့နယ် အနောက်တောင်ဘက်ပိုင်းကို 9:20 pm ဝန်းကျင်အချိန် မအလ ခွေးများ Y12 ဖြင့် ဗုံးများ ဆက်တိုက် ကြဲချနေကြောင်း သိရှိရပါသည်။ (ပြည်သူများ ဘေးကင်းကြပါစေ) ဇူလိုင် ၂၃၊ ၂၀၂၆ #InfoCommitteeYesagyo

  • 23 июл.1 25741

    ရေစကြို ၂၅၆ တပ်ရင်းမှ မအလ ခွေးများ ဟောင်ဝှစ်ဆာလက်နက်ကြီးဖြင့် အနီးဝန်းကျင်ရွာများကို 9:03 pm, 9:07 pm, 9:10 pm နှင့် 9:14 pm အချိန်များတွင် (၄) ကြိမ် ယုတ်မာရမ်းကား ပစ်ခတ်ခဲ့ပါသည်။ (အနီးဝန်းကျင်ရွာများမှ ပြည်သူများ ဘေးကင်းကြပါစေ) 9:15 pm ဇူလိုင် ၂၃၊ ၂၀၂၆ #InfoCommitteeYesagyo

  • 18 июл.1 460121

    ရေစကြိုမြို့နယ် ၂၅၆ တပ်ရင်းမှ မအလ ခွေးများက ယုတ်မာရမ်းကားပြီး ဟောင်ဝှစ်ဆာလက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသောကြောင့် ပြည်သူများ စိုရိမ်ထိတ်လန့်နေကြရကြောင်း သိရှိရပါသည်။ ၂၅၆ မှ မအလ ခွေးများသည် မူးရူးရမ်းကား သောက်စားနေကြပြီး ပြည်သူများနေထိုင်ရာ ကျေးရွာများဘက်ကို ဟောင်ဝှစ်ဆာလက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေကြောင်း၊ 17.7.26 ရက်နေ့ 1:20 am ဝန်းကျင်အချိန်တွင် (3) လုံး၊ 18.7.26 ရက်နေ့ 4:00 am ဝန်းကျင်အချိန်တွင် (2) လုံး၊ ယနေ့ မွန်းလွဲပိုင်း 12:40 pm အချိန်တွင် (1) လုံး အကြောင်းမဲ့ ယုတ်မာရမ်းကား ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။ လက်နက်ကြီးကျည်အချို့မှာ ကျေးရွာများ၏ အနီးပါတ်ဝန်းကျင်များတွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရပါသည်။ (ပြည်သူများ ဘေးရန် ခွေးရန် အမြန် ကင်းဝေးကြပါစေ) ဇူလိုင် ၁၈၊ ၂၀၂၆ #InfoCommitteeYesagyo

  • 9 июл.1 8558

    မအလ ခွေးများ ယုတ်မာရမ်းကား ပစ်ခတ်သော လက်နက်ကြီးတစ်လုံး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ပြည်သူ (၂) ဦး နေရာတွင်သေဆုံးကာ ပြည်သူ (၄) ဦး ထိခိုက် ဒဏ်ရာရ ရေစကြို၊ ဇူလိုင် ၉ ယနေ့ ဇူလိုင် (၉) ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရေစကြိုမြို့နယ် ဖူလုံရွာ ခလရ ၂၅၆ တပ်မှ မအလ ခွေးများ ယုတ်မာရမ်းကားပြီး အနီးပါတ်ဝန်းကျင်ရွာများကို လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ပါသည်။ မအလ ခွေးများပစ်ခတ်သော လက်နက်ကြီးတစ်လုံးမှာ ရေစကြိုမြို့နယ် ခင်မွန်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး နောက်လက်နက်ကြီးတစ်လုံးမှာ ခင်မွန်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ အသက် (၃၄) နှစ်အရွယ် ကိုထွန်းနိုင်လင်း နှင့် အသက် (၇၅) နှစ်အရွယ် ဒေါ်သန်းချစ် တို့နှစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အသက် (၁၀) နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား (၃) ဦး၊ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ "လက်နက်ကြီးသံကြားရင်ကို လန့်နေကြရတာပဲဗျို့၊ ကိုယ့်ခေါင်းပေါ်လာကျပြီး ဘယ်ချိန်သေရမလဲလို့ပေါ့၊ ကလေး လူကြီး တစ်ရွာလုံးပြောပါတော့၊ လေယာဉ်သံကြားကြောက်ရ၊ လက်နက်ကြီးသံကြားကြောက်ရနဲ့၊ အတော်ဆိုးပါတယ်၊ ဘာလို့များ ဒီလောက်လူစိတ်ပျောက်ပြီး ယုတ်မာနေကြသလဲ မပြောတတ်တော့ပါဘူး၊ ကျုပ်က အဲဒီ သတ္တဝါတွေကို ပြောချင်တာတစ်ခုတော့ရှိတယ်၊ လေယာဉ်နဲ့ ဗုံးကြဲတဲ့သူပဲဖြစ်ဖြစ်၊ ရွာတွေဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတဲ့ကောင်တွေပဲဖြစ်ဖြစ် မကြဲခင် မပစ်ခင် ဒင်းတို့အိမ်က သားငယ်၊ သမီးငယ်လေးတွေ အဖေ အမေတွေရဲ့ မျက်နှာလေးတွေကို သေချာစေ့စေကြည့်ပြီးမှ ပစ်ကြလုပ်ကြပါလို့၊ တူသောအကျိုးဆိုတာ မုချလာပါလိမ့်မယ်၊ အဲဒါပါဘဲ၊ အခုရွာမှာတော့ ၂ ယောက်ဆုံးသွားတယ်၊ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရကြတာပေါ့၊ ကလေး တစ်ယောက်လဲပါတယ်" ဟု ရွာခံတစ်ဦးကပြောပြပါသည်။ (မှတ်တမ်းပုံများ မရရှိသေးပါ) ရေစကြိုမြို့နယ် ၂၅၆ တပ်ရင်းမှ မအလ ခွေးများသည် ပါတ်ဝန်းကျင်ရွာများကို မကြာခဏ ယုတ်မာရမ်းကားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဇွန်လ (၁၈) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်တွင် ပစ်သောလက်နက်ကြီးတစ်လုံးမှာ ရွာထောင်ရွာအနီး ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး ပေါင်နှင့်တင်ပါးတို့တွင် ပေါက်ထွက်ပြင်းထန် ဒဏ်ရာရရှိခဲ့ပါသည်။ ဇွန်လ (၂၂) ရက်နေ့ ‌မွန်းလွဲ (၁၂) နာရီးခွဲအချိန်ပစ်‌ခတ်သော လက်နက်ကြီးတစ်လုံးမှာ မုံညင်းရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲကာ သံဃာတစ်ပါးအပါအဝင် ပြည်သူ (၄) ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ #InfoCommitteeYesagyo

  • 6 июл.1 9692

    видео или голосовое, без подписи

  • 6 июл.2 0302

    видео или голосовое, без подписи

  • 6 июл.1 6272

    видео или голосовое, без подписи

  • 6 июл.1 97062

    ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်း NLD လက်ထက်က အများပြည်သူတို့၏ လှူဒါန်းငွေဖြင့် စိုက်ထူထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ဇူလိုင်လ ၅ ရက်နေ့ ညအချိန်က မအလ ၏ ခွေးများက ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ ရေစကြို၊ ဇူလိုင် ၆ #InfoCommitteeYesagyo

  • 24 июн.2 3804

    видео или голосовое, без подписи

  • 24 июн.2 2805

    အာဏာသိမ်းပြီးကတည်းက ရေစကြိုမြို့ပေါ်တွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မြို့နယ်ကြံ့ဖွတ်ပါတီအတွင်းရေးမှူး ဖြစ်သူ မကွေးတိုင်းလွှတ်တော်အတုတွင် အမတ်တုဖြစ်နေ ရေစကြို၊ ဇွန် ၂၄ အာဏာသိမ်းပြီးကတည်းက ရေစကြိုမြို့ပေါ်တွင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် မြို့နယ်ကြံ့ဖွတ်ပါတီအတွင်းရေးမှူး ဖြစ်သူ ရေစကြိုမြို့ထင်းတန်းရပ်ကွက်မှ ဦးသောင်းညွန့်၏သား ဦးသိန်းလွင် (ခ) ဖိုးသိန်း သည် မည်သည့်ရွေးကောက်ပွဲမျှ ကျင်းပခြင်းမရှိဘဲ မကွေးတိုင်းလွှတ်တော်အတုတွင် ရေစကြိုမြို့နယ် အမှတ်(၂) နယ်မြေ တိုင်းလွှတ်တော် အမတ်တုဖြစ်နေပြီး မကွေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ အဖြစ် ၎င်းကိစ္စများနှင့်ပါတ်သက်၍ ပြောဆိုနေကြောင်း၊ ၎င်းကိစ္စနှင့်ပါတ်သက်ပြီး မြို့ခံပြည်သူများအကြား ရယ်စရာ ဟာသတစ်ခုအဖြစ်ပြောဆိုနေကြကြောင်း သိရှိရပါသည်။ "ရယ်စရာကြီးပါဗျာ၊ မြို့မှာတောင် မနေရဲတဲ့သူ၊ ဘယ်ရွေးကောက်ပွဲမှ လုပ်တာလဲမရှိပါဘူး၊ သန်းခေါင်းစာရင်းတောင် ခိုးချောင်ခိုးဝှက်နဲ့ စာပါရင်ပြီးရော ရေးချင်ရာလျှောက်ရေးသွားကြတာ၊ အခု ရေစကြိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေက တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ပါးစပ်နဲ့မဆန့်တဲ့ စကားလုံးကြီးတောင်ပြော မြောက်ပြော ပေါက်တတ်ကရတွေလျှောက်ပြောသွားတာ၊ တကယ့်ကို ဟာသပါဘဲ၊ ထင်ရာလုပ် ထင်ရာပြော မအလ လုပ်ရပ်တွေကတော့ တကယ့်ကို အရူးချီးပန်းပါဘဲ" ဟု မြို့ခံတစ်ဦး ပြောပြပါသည်။ ဦးသိန်းလွင်ပြောနေသည့် ရုပ်သံဖိုင် - https://vt.tiktok.com/ZSC88YNhA/ #InfoCommitteeYesagyo

  • 21 июн.2 4702

    видео или голосовое, без подписи

  • 21 июн.2 533102

    ရေစကြိုမြို့တာဝန်ကျ မအလ စခများနှင့် ပျူခွေးများက လှည့်ကင်းပါတ်ရင်း မူးရူးသောက်စားကာ ယုတ်မာရမ်းကားပြီး နွားကျောင်းသား ကလေးငယ်များကို ရိုက်နှက်နှိပ်စက် ဇွန် ၂၁၊ ၂၀၂၆ ရေစကြိုမြို့တာဝန်ကျ မအလ စခများနှင့် ပျူခွေးများက အရက်သေစာများ မူးရူးသောက်စားခဲ့ပြီး ဇွန်လ (၁၉) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်အချိန် လှည့်ကင်းပါတ်ရင်း ကျောမကြားကျေးရွာအနီး ရောက်ရှိလာပြီး လယ်တောထဲတွင် နွားကျောင်းနေကြသော (၁၃) နှစ်ဝန်းကျင်အရွယ် ကလေးငယ် (၅) ယောက်ကို အကြောင်းမဲ့ ပါးတွေ နားတွေ ရိုက်နှက်ကာ ထိုးကြိတ်နှိပ်စက်ခဲ့သောကြောင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါရိုက်နှက်နှိပ်စက်ခံရသော ကလေးငယ်များမှာ ရေစကြို အ.ထ.က ကျောင်းတွင် G7, G8 အတန်းများတက်နေကြသော ကျောင်းသားငယ်များဖြစ်ပြီး ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ဆော့ကစားရင်း နွားကျောင်းထွက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကလေးငယ်များကို မအလ စခများက ဝမ်းလျားမှောက်ခိုင်းထားပြီး ဦးခေါင်းကို ခြေနင်းဖိနှိပ်ကာ ကြမ်းတမ်းစွာ နှိပ်စက်ခဲ့ကြောင်း၊ ကလေးငယ်များ၏ ဦးလေးဖြစ်သူ ရောက်လာပြီး ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေပါ၊ မနှိပ်စက်ပါနဲ့ဟု ရှိခိုးတောင်းပန်ခဲ့သော်လည်း မအလ ခွေးများက "ဘာကျောင်းသားလည်း သတင်းထောက်နေတဲ့ကလေးတွေ၊ ဘာလဲချကွာ"ဟု ဆဲဆိုငေါက်ငန်းကာ ဆက်လက်နှိပ်စက်နေခဲ့ကြောင်း သိရှိရပါသည်။ အတန်ကြာ နှိပ်စက်ပြီးမှ ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့ပြီး ကလေးငယ်များ ပြင်းထန်သောနှိပ်စက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရေစကြိုမြို့တာဝန်ကျနေသော မအလ ခွေးအချို့သည် အမြဲလိုလို မူးရူးသောက်စားနေပြီး တွေ့သမျှလမ်းသွား လမ်းလာများကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ ပိုက်ဆံများတောင်းယူခြင်း၊ ဈေးဝယ်လာသော ပစ္စည်းများကို ယူဆောင်ခြင်း စသည့် သူခိုး ဓါးပြထက်ဆိုးသွမ်းသော ယုတ်မာအောက်တန်းကျသော လုပ်ဆောင်မှုများ မကြာခဏလုပ်ဆောင်နေကြောင်း သိရှိရပါသည်။ ၎င်းတို့နှင့် နီးစပ်သော ပျူစောထီးတစ်ကောင်၏ ပြောပြချက်အရ ၎င်းတို့ မအလ စခများသည် ဘယ်နေ့ P လက်ချက်နဲ့သေရမလဲ မသာပေါ်မည့်ရက်စောင့်နေကြရသူများဖြစ်ကြောင်း၊ မြင်မြင်သမျှကို ၎င်းတို့ရန်သူထင်မှတ်နေကြပြီး ရန်လိုသူများဖြစ်ကာ အမြဲလိုလို မူးရူးသောက်စားနေကြကြောင်း၊ မြို့ခံ ပြည်သူများကလည်း ရွံရှာစက်ဆုပ်မုန်းတီးခြင်းကိုခံနေကြရပြီး သေမထူးနေမထူး ခွေးနဲ့မခြား ဘဝများဖြစ်ကြောင်း ထိုကြောင့် ထင်ရာစိုင်းပြီ မိုက်ရိုင်းရမ်းကားနေကြခြင်ဖြစ်ကြောင်း သိရှိရပါသည်။ ရေစကြို၊ ဇွန် ၂၁ #InfoCommitteeYesaguo

  • 13 июн.1 541142

    ယနေ့ နံနက်ပိုင်း 9:00 နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့ပေါ်နှင့် ကူတုတ်ကျေးရွာကို သွားလာလှုပ်ရှားနေသော မအလ စခ၊ ပခများက ရေစကြိုမြို့အဝင် ဘက်စုံခြံအနီး ကားလမ်းပေါ်တွင် ကျေးရွာများမှ ဈေးဝယ်လာကြသော ကားများကို စစ်ဆေးနေကြောင်း၊ နယ်မှ ဈေးကားတစ်စီးကို အရပ်ခိုင်းပြီး ကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူများကို တစ်ယောက်လျှင် ငွေကျပ် ၂၀၀၀၀ စီတောင်းယူခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့၏ အောက်တန်းကျပြီး ယုတ်မာသောလူပ်ရပ်ကို အပြင်ပေါက်ကြားခြင်း၊ တိုင်တန်းခြင်းများ ပြုလုပ်လျှင် ကားပေါ် ပါသူအားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်‌ပြောဆိုခဲ့‌ကြောင်း သိရှိရပါသည်။ ရေစကြို၊ ဇွန် ၁၃ #InfoCommitteeYesagyo

  • 10 июн.2 540133

    ရေစကြိုမြို့ မအလ စခများနှင့် ပျူစောထီး ပွဲစားများ မှတ်ပုံတင်လုပ်သူများထံမှ ငွေသိန်းချီတောင်းယူပြီး ဗြောင်လိမ် ဗြောင်စားလုပ်ကာ အလုပ်ဖြစ်နေ ရေစကြို၊ ဇွန် ၁၀ ရေစကြိုမြို့နယ်တွင် မှတ်ပုံတင်လုပ်လိုသူများ အလွန်ခက်ခဲနေပြီး မှတ်ပုံတင်ရရန် ပျူစောထီးပွဲစားများကတဆင့် ငွေ ၆ သိန်း/ ၇ သိန်း ပေးကာ လုပ်နေကြရကြောင်း၊ ငွေတောင်း၍ ပေးလိုက်ကြရသော်လည်း အချို့မှာ မှတ်ပုံတင်မရဘဲ အလိမ်ခံကြရကြောင်း သိရှိရပါသည်။ ရေစကြိုမြို့၊ မြို့နယ်မှူး ရုံးရှေ့ရှိ မျိုးကြီး ကွမ်းယာဆိုင်မှ နှင်းမာလာဆိုသည့်အမျိုးသမီးသည် ရုံးပေါင်းစုံအတွင်းက ပျူစောထီးများနှင့် ပေါင်းပြီး မှတ်ပုံတင်ပွဲစားလုပ် အမြတ်ထုတ်နေကြောင်း၊ ရေစကြိုမြို့နယ် တောင်ဘက်လက်တွင်‌ေနထိုင်သော မနှင်းဝေ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးထံမှ မှတ်ပုံတင်တစ်ပတ်အတွင်း အမြန်ရအောင် လုပ်ပေးမည်ဟုဆိုကာ ငွေကျပ် ၆ သိန်း တောင်းယူခဲ့‌ကြောင်း၊ ရက်ကြာလာပြီး မှတ်ပုံတင်မရသဖြင့် ငွေပြန်တောင်းသည့်အခါ ပြန်မပေးသည့်အပြင် အမှတ် (၂) ရပ်ကွက် မအလ စခအုပ်ချုပ်ရေးမှူး အားကိုးဖြင့် ဘယ်သူမှ ဂရုမစိုက်ဘူး၊ တိုင်ချင်ရာတိုင်ဟု ရန်ထောင်လွှတ်လိုက်ကြောင်း ကြားသိရပါသည်။ #InfoCommitteeYesagyo

  • 10 июн.1 99371

    ဇွန်လ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် ရေစကြိုမြို့ ရုံးပေါင်းစုံနှင့် စစ်မှုထမ်းဟောင်းရုံးရှိ မအလ စခ၊ ပခများက ပါတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ၄ ကြိမ် ရမ်းကားပစ်ခတ်ခဲ့ပါသည်။ ရေစကြိုမြို့ တောင်ဘက်ပိုင်း ကျေးရွာတစ်ရွာတွင် ပြည်သူ (၂) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ကနဦး သိရှိရပြီး အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ပါသည်။ ရေစကြို၊ ဇွန်လ ၁၀ ရက် #InfoCommitteeYesagyo