tgindex
Последний пост
13 авг.
Последнее чтение
14 авг.
Постов за неделю
2
Всего постов
22
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 929
+8 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
3 650
22 постов
Вовлечённость
189,2%
к подписчикам
Постов в день
0,3
всего 22
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
383
1/48двое суток
438
1/72трое суток
473

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • “အလုပ်တွေ ကြိုးစားနေပါတယ်၊ ချပြလို့ မရသေးလို့ပါ” Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃) အနေဖြင့် လက်ရှိအချိန်မှာလည်း ကိုယ်စီတာဝန်တွေကို မရပ်မနား ဆက်လက်ကြိုးစား ဆောင်ရွက်နေပါတယ်။ တချို့အလုပ်တွေကို အများပြည်သူသိရှိအောင် ချက်ချင်းထုတ်ဖော်ပြသနိုင်ပေမယ့်၊ တချို့လုပ်ငန်းတွေကတော့ လုံခြုံရေးနဲ့ သက်ဆိုင်ရာအခြေအနေတွေကြောင့် အချိန်မတန်သေးခင် ချပြလို့မရတဲ့ အရာတွေရှိပါတယ်။ မမြင်ရသေးတာဟာ မလုပ်နေတာ မဟုတ်ပါဘူး။ မပြောသေးတာဟာ ရပ်တန့်နေတာလည်း မဟုတ်ပါဘူး။ နောက်ကွယ်မှာ ကိုယ်စီတာဝန်ယူရင်း လိုအပ်တာတွေ ပြင်ဆင်နေကြတယ်။ အဖွဲ့အစည်းပိုင်း ပိုမိုစနစ်ကျလာဖို့၊ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့၊ ပြည်သူတွေအပေါ်ထားရှိတဲ့ တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ အခက်အခဲတွေ မရှိတာတော့ မဟုတ်ပါဘူး။ အရင်းအမြစ်အကန့်အသတ်တွေ၊ လိုအပ်ချက်တွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲမျိုးစုံကြားကနေ ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင်၊ နိုင်တဲ့ဘက်က အားဖြည့်ပြီး ရှေ့ဆက်နေပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ပြည်သူတွေရဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ကိုယ်ယူထားတဲ့တာဝန်ကို အဆုံးအထိ တာဝန်ယူသွားနိုင်ဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ ယုံကြည်ပေးထားတဲ့ အားပေးမှုတိုင်းကို တန်ဖိုးထားသလို၊ အဲ့ဒီယုံကြည်မှုနဲ့ ထိုက်တန်အောင်လည်း ဆက်လက်ကြိုးစားသွားပါမယ်။ အရာအားလုံးကို Facebook ပေါ်မှာ ချက်ချင်းတင်ပြနိုင်မှာ မဟုတ်သလို၊ လုပ်ဆောင်နေသမျှကိုလည်း တစ်ခုချင်း အသေးစိတ်ပြောပြနိုင်မှာ မဟုတ်ပါဘူး။ သင့်တော်တဲ့အချိန်ရောက်တဲ့အခါ ပြည်သူသိသင့်သိထိုက်တဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူမှုရှိရှိ ပြန်လည်တင်ပြသွားမှာ ဖြစ်ပါတယ်။ Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃) ရှိနေပါတယ်။ အလုပ်လုပ်နေပါတယ်။ ကြိုးစားနေပါတယ်။ ခက်ခဲမှုတွေကြားမှာလည်း ရပ်တန့်မသွားပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်း၊ ကိုယ်ယူထားတဲ့တာဝန်နဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး ရှေ့ဆက်သွားပါမယ်။ “မမြင်ရသေးလို့ မရှိတာမဟုတ်ပါဘူး။ မချပြနိုင်သေးလို့ မလုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်။ သင့်တော်တဲ့အချိန်ရောက်ရင် ရလဒ်တွေနဲ့အတူ ပြန်လည်ချပြပါမယ်။” လေးစားစွာဖြင့် Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃)

  • 23 июл.1 80027

    без подписи

  • 23 июл.1 762191

    🙏 မိဘပြည်သူများသို့ မေတ္တာရပ်ခံအပ်ပါသည် 🙏 လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ လေကြောင်းတိုက်ခိုက်မှု၏ အသံများ တိတ်ဆိတ်သွားချိန်တွင် ကျန်ရစ်ခဲ့သည်မှာ ပျက်စီးသွားသော အခြေစိုက်စခန်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ပြန်လည်တည်ဆောက်ရမည့် တာဝန်များဖြစ်ပါသည်။ Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃) သည် ဆုံးရှုံးမှုများကြားမှ စိတ်ဓာတ်မကျဘဲ ပြန်လည်ရပ်တည်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။ သို့သော် လက်ရှိအချိန်တွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် မိဘပြည်သူများအား နိုင်ရာမှ ဝိုင်းဝန်းကူညီပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ တစ်ထောင်ကျပ်ဖြစ်စေ၊ တစ်သောင်းကျပ်ဖြစ်စေ၊ တတ်နိုင်သမျှ မျှဝေပေးသော စေတနာတိုင်းသည် ကျွန်တော်တို့အတွက် အင်အားတစ်ခုဖြစ်ပါသည်။ အလှူငွေ၏ ပမာဏထက် ပါဝင်ကူညီလိုသည့် စိတ်စေတနာက ပို၍ အဖိုးတန်ပါသည်။ ယနေ့ သင်ပေးလိုက်သော ကူညီမှုတစ်ခုသည် ပျက်စီးသွားသော နေရာတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ရန် အုတ်တစ်ချပ် ဖြစ်လာနိုင်ပါသည်။ မျှဝေပေးသော အားပေးမှုတစ်ခုသည်လည်း ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် ခွန်အားတစ်ခု ဖြစ်လာနိုင်ပါသည်။ အမြဲတမ်း ယုံကြည်အားပေးပြီး လက်တွဲပေးခဲ့ကြသော အလှူရှင်မိဘပြည်သူတစ်ဦးချင်းစီအား Southern YSO PDF (မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း ၃) နှင့် ကိုအောင်မောင်းမှ အထူးလေးစားစွာ ကျေးဇူးတင်ရှိပါသည်။ အခက်အခဲများကို ကျော်ဖြတ်နိုင်ရန် ပြည်သူ၏ လက်တစ်ဖက်ကို ယနေ့လည်း မျှော်လင့်လျက်ရှိပါသည်။ 🙏 နိုင်ရာမှ ပါဝင်ကူညီပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ #SouthernYSOPDF #မကွေးဖတ်ဒရယ်ယူနစ်စစ်ကြောင်း၃ #ကိုအောင်မောင်း #နိုင်ရာကူညီပါ #ပြန်လည်တည်ဆောက်ရေး

  • 27 мая4 458372

    без подписи

  • 27 мая4 285351

    SOUTHERN တပ်ပေါင်းစု အနေဖြင့် မကွေးဖတ်ဒရယ်ယူနစ် အစိုးရ၏ ဦးဆောင်မှု၊ ကွပ်ကဲမှုအောက်တွင် “မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း (၃)” အဖြစ် စတင်ဖွဲ့စည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအား အသိပေးအပ်ပါသည်။ ယနေ့ တော်လှန်ရေးသည် လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်းသာ မဟုတ်တော့ဘဲ နိုင်ငံရေးအရွေ့၊ အုပ်ချုပ်ရေးအရွေ့၊ စည်းရုံးရေးအရွေ့များနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် အရေးကြီးသည့် သမိုင်းအကူးအပြောင်းကာလတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ SOUTHERN တပ်ပေါင်းစုသည် တော်လှန်ရေး၏ နိုင်ငံရေးဦးတည်ချက်နှင့် ပြည်သူ့ဆန္ဒကို အလေးထားကာ မကွေးဖတ်ဒရယ်ယူနစ် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာ ရပ်တည်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရပ်တည်ချက်မှာ ကိုယ်ကျိုးစီးပွား၊ အဖွဲ့အစည်းအာဏာချဲ့ထွင်မှုများအတွက် မဟုတ်ဘဲ ပြည်သူ့အာဏာ ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့အတွက်သာ ဖြစ်ပါသည်။ ထို့အပြင် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု၊ Command and Coordination များကို အလေးထားကာ မကွေးဖတ်ဒရယ်ယူနစ် အစိုးရ၏ စစ်ရေး၊ နိုင်ငံရေး လမ်းညွှန်ချက်များအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ တော်လှန်ရေး၏ အောင်မြင်မှုသည် လက်နက်အားအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ နိုင်ငံရေးရင့်ကျက်မှု၊ အဖွဲ့အစည်းစည်းကမ်း၊ ပြည်သူနှင့် ယုံကြည်မှုတည်ဆောက်နိုင်မှုတို့အပေါ်တွင်လည်း မူတည်နေပါသည်။ ထို့ကြောင့် SOUTHERN တပ်ပေါင်းစု အနေဖြင့် ပြည်သူလူထုကို အခြေခံသည့် တော်လှန်ရေးအင်အားစုတစ်ရပ်အဖြစ် ရပ်တည်ကာ ပြည်သူကို အကာအကွယ်ပေးမည့် တပ်ဖွဲ့၊ ပြည်သူကို လေးစားသည့် တပ်ဖွဲ့၊ စည်းကမ်းနှင့် နိုင်ငံရေးခံယူချက်ရှိသည့် တပ်ဖွဲ့တစ်ရပ် ဖြစ်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် တော်လှန်ရေးကာလအတွင်း ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ၊ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို မပျက်စေရန် SOUTHERN တပ်ပေါင်းစုအနေဖြင့် မကွေးဖတ်ဒရယ်ယူနစ် အစိုးရအောက်တွင် တာဝန်ကျေပွန်စွာ၊ သစ္စာရှိစွာ၊ စည်းကမ်းရှိစွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။ “တော်လှန်ရေးသည် လူတစ်စု၏ အောင်မြင်မှုမဟုတ်၊ ပြည်သူတစ်ရပ်လုံး၏ အနာဂတ်ဖြစ်သည်” Southern Yesagyo တပ်ပေါင်းစု............... #Southern YSO PDF #ဒေါင်းညီနောင် #Yesagyo Revolution Group(YRG) #ပြည်သူ့အားမာန်PDF #King Cobra #ဒေါင်းစစ်သည် #Golden Eagle #Ayeyarwaddy Revolution Force အထွေထွေတာဝန်ခံ အောင်မောင်း

  • 2 мая5 8809262

    без подписи

  • 2 мая5 6664017

    သတင်းထုတ်ပြန်ချက် ရက်စွဲ — ၂ မေ ၂၀၂၆ နေရာ — ရေစကြိုမြို့နယ် ကဆုန်လပြည့်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက် ၃၀ ဧပြီ ၂၀၂၆ ရက်နေ့၊ နေ့လည် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ တောင်အိုစစ်ဆေးရေးဂိတ်မှ ပြည်သူကို ကိုယ်စားမပြု အကြမ်းဖက် မအလ ခိုင်းကျွန် လက်ပါးစေ လက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးအား ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါသည်။ တောင်အိုဂိတ်ခေါင်းပေါင်း အပါအဝင် ရခ ၆ကောင် ၂၅၈ စခ ၁ကောင် ပေါင်း ၇ ကောင် လျှော။ သိမ်းဆည်းရရှိမှုများ G3 သေနတ် — ၂ လတ် MA3 သေနတ် — ၁ လတ် MA13 ၁ လတ် ခြောက်လုံးပြူး — ၁ လတ် G3 ဘောက် — ၄ ဘောက် MA13 ဘောက် ၂ ဘောက် ဖုန်း — ၄ လုံး ဒါး — ၁ ချောင်း ခါးပတ် — ၂ ချောင်း အရေးကြီးအသိပေးချက် အဆိုပါဖြစ်စဉ်အတွင်း အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိခိုက်၍ အသက်ဆုံးရှုံးခဲ့ရပါသည်။ ယင်းဖြစ်ရပ်အတွက် ကျွန်ုပ်တို့အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပြီး မိသားစုဝင်များအား အနူးအညွတ် တောင်းပန်အပ်ပါသည်။ ဖြစ်စဉ်အကျဉ်းချုပ် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဘုန်းကြီးကျောင်းမှ ပြန်လာသော လက်နက်ကိုင်အဖွဲ့ဝင်များနောက်တွင် စက်ဘီးဖြင့် ပြည်သူတစ်ဦး လိုက်ပါလာခဲ့ပါသည်။ ပစ်ခတ်မှု စတင်ချိန်တွင် တဖက်မှ ပြန်လည်ခုခံပစ်ခတ်မှုများ ဖြစ်ပေါ်လာပြီး အချိန်အခါအရ ထိန်းချုပ်ရန်မဖြစ်နိုင်သည့် အခြေအနေကြောင့် အပြစ်မဲ့ ပြည်သူပါ ထိခိုက်မှုတွင် ပါဝင်သွားခြင်း ဖြစ်ပါသည်။ တာဝန်ယူမှုနှင့် တောင်းပန်ချက် ဤဖြစ်ရပ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကြောင့် မတော်တဆ ပြည်သူထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် ကိုအောင်မောင်းနှင့်အတူ Southern တပ်ပေါင်းစုတစ်ရပ်လုံးမှ တာဝန်ယူသဘောဖြင့် အလေးအနက် ဝမ်းနည်းတောင်းပန်အပ်ပါသည်။ #Southern Yesagyo တပ်ပေါင်းစု ........ #Southern YSO PDF #ဒေါင်းညီနောင် (PKU PDF) #Yesagyo Revolution Group(YRG) #ဒေါင်းစစ်သည် #King Cobra #ပြည်သူ့အာမာန်PDF #Golden Eagle PDF

  • 12 апр.4 762322

    без подписи

  • 12 апр.4 55821

    “သွေးနဲ့ရေးတဲ့ အမှန်တရား” မင်းတို့ ပြောတဲ့ တော်လှန်ရေးက စကားလုံးတွေထဲမှာပဲ အလှတင်ထားတာ။ ငါတို့ရဲ့ တော်လှန်ရေးကတော့ မြေပြင်ပေါ်မှာ သွေးစီးနေတယ်။ ပင်ပန်းတယ်ဆိုတာ post တစ်ခုမဟုတ်ဘူး like နဲ့ share မတိုးနိုင်တဲ့ အသက်ရှင်မှုတစ်ခု။ local pdf လို့ခေါ်တဲ့ ငါတို့ဘဝက မနက်မိုးလင်းတိုင်း ဘယ်သူအသက်ရှင်နေလဲဆိုတာ ရေတွက်ရတဲ့ဘဝ။ အတုတွေက အမှန်လို ပြုံးပြနိုင်တယ်။ ဒါပေမဲ့ သေတဲ့အခါ မင်းတို့မရှိဘူး။ လူယောင်ဆောင်သူတွေ လူထုရဲ့နာမည်နဲ့ အသက်ရှင်တယ်။ ဒါပေမဲ့ လူထုရဲ့နာကျင်မှုကို တစ်ခါမှ မခံဖူးဘူး။ မိသားစုတွေ မီးလောင်တဲ့အိမ်လို ပြိုကျသွားတယ်။ အုတ်ဂူတွေထက် သွေးရောင်တွေ ပိုတောက်လာတယ်။ အဲဒီသွေးတွေထဲမှာ ငါတို့အိမ်တွေရှိတယ်။ ငါတို့မိဘတွေရှိတယ်။ ငါတို့အနာဂတ်တွေရှိတယ်။ အော်ငိုချင်တယ်။ ဒါပေမဲ့ ငိုရင်တောင် ဘယ်သူမှ မကြားရတဲ့ခေတ်။ ငါတို့မျက်ရည်တွေကို ဘယ်သူမှ မသုတ်ဘူး။ ဒါကြောင့် ငါတို့က မျက်ရည်နဲ့တောင် လမ်းကိုဆက်ရေးနေကြတယ်။ ရှေ့ဆက်မယ်။ သေသွားရင်တောင် ဆက်မယ်။ ပြည်သူ့အသံက ငါတို့ရဲ့ နှလုံးခုန်သံဖြစ်နေသရွေ့။ ဒါပေမဲ့… အတွင်းက ရန်သူတွေ မျက်နှာတူ၊ စကားတူ၊ အလံတူနဲ့ နောက်ကနေ ဓားထိုးနေကြတယ်။ အဲဒီနေ့ရောက်ရင် ငါတို့ ပြုတ်ကျမယ်။ ရှေ့တန်းမှာမဟုတ်ဘူး ယုံကြည်မှုအောက်မှာ။ မင်းတို့ ပြောတဲ့ အမှန်တရားဆိုတာ ငါတို့ကို နင်းချပြီးမှ တည်နိုင်တဲ့အရာဆိုရင် နင်းလိုက်ပါ။ ဒါပေမဲ့ သတိထား သွေးနဲ့စိုနေတဲ့မြေမှာ အမှန်တရားမပေါက်ဘူး အာဏာပဲ ပေါက်တယ်။ အောင်မောင်း(Southern YSO PDF)

  • 11 апр.3 2052

    без подписи

  • 11 апр.3 7532

    без подписи

  • 11 апр.3 7002

    без подписи

  • 11 апр.3 180202

    без подписи

  • 11 апр.3 1019

    📢 သတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ပခုက္ကူ - ရေစကြို ဆက်သွယ်ရေးလမ်းမပေါ်၌ စစ်ကောင်စီနှင့် ဆက်နွယ်သည့် အရက်ဘီယာများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိခဲ့ပါသည်။ ယာဉ်ပေါ်တွင် စုစုပေါင်း (၂၇၂) ဖာ ပါရှိပြီး၊ အဆိုပါ ယစ်မျိုးပစ္စည်းများမှာ အရာခံဗိုလ် (အငြိမ်းစား) ဦးကျော်လွင်၏ မျှောစာနှင့်အတူ “ဧဒင်နန်း” အရက်ဆိုင်သို့ ပေးပို့ရန် ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ အထက်ပါ ဖြစ်စဉ်တွင် ဖမ်းဆီးရရှိသော ယမကာများသည် စစ်ကောင်စီထုတ် အရက်သေစာအများစုပါဝင်ပါသည်။ ဦးကျော်လွင်သည် ရေစကြိုမြို့နယ် ဖူလုံအနီးရှိ တပ်ရင်း (၂၅၆၊ ၂၅၇၊ ၂၅၈) များအနက် တပ်ရင်း (၂၅၇) မှ အရာခံဗိုလ် (အငြိမ်းစား) ဖြစ်ပြီး၊ စစ်တပ်နှင့် နီးစပ်သော ဆက်ဆံရေးများရှိကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ ထို့ပြင် "ဧဒင်နန်း” အရက်ဆိုင်မှာလည်း တပ်ဂိတ်နှင့် မီတာ ၁၅၀ အကွာတွင် နီးကပ်စွာ တည်ရှိနေကြောင်း တွေ့ရှိရပါသည်။(အရပ်အခေါ် စစ်တပ်ဆိုင်ဟုလဲ ခေါ်ဆိုသည်) သယ်ယူခွင့်မျှောစာအချက်အလက်အရ စစ်ကောင်စီနှင့် ဆက်နွယ်မှု ထင်ရှားနေသဖြင့် အရက်ဘီယာ (၂၇၂) ဖာအား သိမ်းဆည်းခဲ့ပြီးတော်လှန်ရေးရံပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေး ထုတ်ပြန်အပ်ပါသည်။ မှတ်ချက် လက်ရှိ စစ်ကောင်စီရဲ့ ရေစကြိုသင်္ကြန် အခမ်းအနားတွင် အရက်လိုင်စင်ရ လုပ်ငန်းရှင်များကို ငွေကြေးအမြောက်အများ(သင်္ကြန်ဖြစ်မြှောက်ရေးအတွက်) ကောက်ယူထားပြီး သင်္ကြန်မဏ္ဍပ်များစွာ ပြုလုပ်ထားပြီး အရက်ပါမစ်ရောင်းချခွင့်ဆိုင်ခန်းများ ပြုလုပ်ပေးထားပြီး သေရည်အရက်များစွာ ရောင်းချခွင့်၊မူးယစ်ခွင့် ပေးထားပါသည်။ သင်္ကြန်အခမ်းအနား အပြင်အဆင်သည် ရေစကြိုမြို့မှာ တစ်ခါမှ မလုပ်ခဲ့ဘူးတဲ့ အပြင်အဆင်မျိုး ပြုလုပ်ထားပါသည်။ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၄.၅ခု အတွင်း လက်ရှိအပြင်အဆင်မျိုး မမြင်ဘူးခဲ့။) အထူးသတိပေးချင်တာကတော့ ပေါ်တာ သတိပြုဖို့ ပြည်သူများသိစေချင်ပါသည်။ သင်္ကြန်ကာလအတွင်း အရက်သေစာရောင်းချရန် ရေစကြိုမြို့ပေါ်ရှိ ယမကာလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးနှင့် စစ်ကောင်စီမှ အကျိုးတူစီးပွားပြုလုပ်ထားပါသည်။ ဤဖြစ်စဉ်တွင် ပြည်သူစစ်စစ်ပစ္စည်းအပ်တိုတစ်ချောင်းမျှ ယူဆောင်ခဲ့ခြင်း အလျဉ်းမရှိပါ။ ထိုနေ့က အရက်သေစာတင်ဆောင်လာသော ကားများစွာ ဖမ်းမိသော်လည်း စစ်ကောင်စီနှင့် မပတ်သတ်သော သာမာန်လုပ်ငန်းရှင်များ၏ အရက်ယမကာများကို ဖမ်းဆီးခြင်း အလျဉ်းမရှိပါ။ ပြည်သူစစ်စစ်ပစ္စည်း သိမ်းယူသည့်အထဲမှာ ပါရှိခဲ့လျှင် ကျွန်တော်တို့ Southern YSO PDF ၏ facebook page ထံ လာရောက်ဆက်သွယ်ပေးပါဗျ။ အောင်မောင်း(Southern YSO PDF)

  • 10 мар.4 463165

    без подписи

  • 10 мар.4 528264

    တော်လှန်ရေး ၅နှစ်မှာ LPDFကအမိူက်ပဲ။ တောထွတ်တဲ့ ဘုန်းကြီး ယီး လိုဘယ်နေရာမှသုံးမရ။ အခွန်ကောက်တယ်။နေရာယူတယ်။  LPDFက အမိူက် အနာဂတ်တွေ ဘေးချပြီး ဒီလမ်းလျှောက်ခဲ့ကြတာ ငါ့တို့ အသက်တွေက အဲ့လောက် ဈေးပေါသလား။ မျိုးရန်နောင်သိန်း ချီးထုတ်ကောင် စကားအများကြီးမပြောချင်ဘူး။ တံတွေးအများကြီးကုန်လို့။ video ကြည့်။ Local PDF က တော်လှန်ရေးမှာ နှမ်းတစ်စေ့အနေနဲ့ပဲဖြစ်ဖြစ် ပါဝင်နေရရင် သေပျော်နေပြီကွ။ ခများတို့ နိူင်ငံရေးစကားလုံးတွေအောက်မှာ Local PDFကို ခြေသုတ်ပုဆိုးလို မဆက်ဆံပါနဲ့ဗျာ။ ဘာလဲ ကျုပ်တို့အသက်တွေက ဈေးပေါလို့လား။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ဝိညာဉ်တွေကို အားနာပေးပါဗျာ။ အောင်မောင်း(Southern YSO PDF)

  • 10 мар.3 769171

    без подписи

  • 10 мар.4 01921

    အသိပေးကြေငြာချက် ရက်စွဲ ——————— တောလိုက်မုဆိုး ပြည်သူများအား အသိပေးကြေငြာအပ်ပါသည်။ Southern Yesagyo PDF မှ လုံခြုံရေးတာဝန်ယူထားသော နယ်မြေများအတွင်း ညအချိန် တောလိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တင်းကြပ်စွာ ပိတ်ပင်ထားကြောင်း အသိပေးအပ်ပါသည်။ ယခင်က ညအချိန် တောလိုက်လုပ်ငန်းများ မဆင်မခြင် ဆောင်ရွက်ခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူလုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးကို ဦးစားပေး၍ ယခုကဲ့သို့ တင်းကြပ်စွာ တားမြစ်ရခြင်း ဖြစ်ပါသည်။ ထို့အပြင် ရွှေသမင် မျိုးစိတ်များ မပျက်စီးစေရန်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ Southern Yesagyo PDF ၏ ခွင့်ပြုချက် မရှိဘဲ တောလိုက်လုပ်ငန်းများ ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ခံယူရမည် ဖြစ်ပါသည်။ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များအရ လိုအပ်ပါက ပစ်မိန့်ပေးအပ်ထားပြီး ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စည်းကမ်းများကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပုံ အောင်မောင်း(Southern Yesagyo PDF)

  • 27 янв.5 243444

    без подписи