tgindex
TwanTay Royal Defence Force (TRDF)

TwanTay Royal Defence Force (TRDF)

Статистика

အ ဓမ္မ မှန်သမျှ မြေလှန် တော်လှန်ကြ

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
158
Всего постов
301
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
12 авг.
Подписчики
9 139
−28 за 5 дн.
Сутки
+2
+0,02%
Неделя
 
Месяц
 
Просмотров на пост
88
40 постов
Вовлечённость
1,0%
к подписчикам
Постов в день
22,6
всего 301
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
137
1/48двое суток
157
1/72трое суток
169

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ဝ ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းအားလုံးနီးပါးပိတ်သိမ်းခံရ သြဂုတ် ၁၄ ရက်။ မြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့"ဝ" ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်ထားတဲ့ နယ်မြေ ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသက ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးကို "ဝ" တပ်က ယာယီပိတ်သိမ်းလိုက်တယ်လို့ ဝ နယ်သတင်းတွေအဓိကဖော်ပြတဲ့Wa News Land မှာဖော်ပြထားပါတယ်။ လတ်တလော နာမည်ကြီးနေတဲ့ ခရစ်ယာန်အမည်ခံတရုတ်ဂိုဏ်း ဒေသအခေါ် "ယေရှု့တရုတ်မ" အဖွဲ့တွေ ဝင်ရောက်လာတဲ့သတင်းကြောင့် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းလိုက်တာဖြစ်ပြီး အဲ့ဒီဂိုဏ်းအဖွဲ့နဲ့ပတ်သက်ဆက်နွယ်နေသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Wa News Land မှာဖော်ပြထားပါတယ်။

  • မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် ဆက်နွယ်နေသော Bellarie Production ၏ “အချစ်ဈေး” ရုပ်ရှင်နှင့် "ကုန်းဘောင်မင်းဆက်" ရုပ်ရှင်တို့ကို  ပြည်သူများ သပိတ်မှောက်ရန် တိုက်တွန်း ရန်ကုန်၊ ဩဂုတ် ၁၅ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် ယခင်က စီးပွားရေးအရ ဆက်နွှယ်ခဲ့သည့် ဖျော်ဖြေရေးလုပ်ငန်းကွန်ရက်များနှင့် ဆက်စပ်နေသော Bellarie Production ထုတ်လုပ်သည့် “အချစ်ဈေး” ရုပ်ရှင် အပါအဝင် ကုန်းဘောင်မင်းဆက်ကို အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်များကို ပြည်သူများအနေဖြင့် အားမပေးဘဲ သပိတ်မှောက်ကြရန်  တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဩဂုတ် ၁၄ ရက်တွင် တစ်နိုင်ငံလုံးရုပ်ရှင်ရုံများ၌ စတင်ပြသနေသည့် “အချစ်ဈေး” ရုပ်ရှင်တွင်  မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဘက် နိုင်ဖြိုးကျော်၏ မိန်းမ ဝတ်မှုန်ရွှေရည်က ဦးဆောင် သရုပ် ဆောင်ထားပြီး နေတိုး၊သားညီ၊ နိုင်နိုင်း အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ထားခြင်းဖြစ်သည်။ Bellarie Production သည် ၂၀၂၃- ၂၀၂၄ ခုနှစ်ကာတွင် ပေါ်ပေါက်လာသော ထုတ်လုပ်ရေးကုမ္ပဏီသစ်တစ်ခုဖြစ်ပြီး  စစ်တပ်လက်အောက်ခံ ပြန် ကြားရေးဝန်ကြီး ဌာန၊ စစ်တပ်နှင့်အတူတွဲဖက်၍  နှစ်သစ်ကူး Count down ပွဲများ၊ သင်္ကြန်ပွဲများ၊ စတိတ်ရှိုးများ၊ ဇတ်လမ်းတွဲများ၊ ရုပ်ရှင်များ ရိုက်ကူးကာ ပြည်သူများအကြား တော်လှန်ရေးကို စိတ်မဝင်စားကြတော့ဘဲ ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိနေပြီဆိုသော အခြေအနေကို အဓိက ပြသရန် ကြိုးစားနေသည့် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ငွေကြေးအားဖြင့် သိန်းထောင်သောင်းချီ သုံးစွဲပြီး ငွေကြေးအမြတ်အစွန်းထက် လူထုစိတ်ဝင်စားသော ဖျော်ဖြေရေးပွဲများနှင့်ရုပ်ရှင်များကို ဆက်တိုက် ထုတ်လုပ်နေခြင်းလည်းဖြစ်သည်။ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်သည် ယခင်က 7th Sense Film Production ရုပ်ရှင်ထုတ် လုပ်ရေးအမည်ဖြင့် ဇာတ်ကားနှင့်ရုပ်ရှင်များစွာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ သပိတ်မှောက်ကန့်ကွက်မှုများကြောင့် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေးကို ဖျက်သိမ်းကာ နာမည်သစ်များစွာဖြင့် ရုပ်ရှင်နှင့်အနုပညာအသိုင်းအ၀ိုင်းတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်လာခြင်းဖြစ်သည်။ Bellarie Production သည် အချိန်တိုအတွင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူတွဲဖက်၍  ဖျော်ဖြေရေးပွဲပေါင်းများစွာ ၊ ဇာတ်လမ်းတွဲမြောက်မြားစွာနှင့် လှုပ်ရှားမှုများစွာ လုပ်ကိုင်လာနိုင်ခြင်းမှာ နောက် ကွယ်တွင်ရှိနေသော ငွေကြေးနှင့်အာဏာရှိ အသိုင်းအ၀ိုင်း၏ အဓိက ပံ့ပိုးမှုကြောင့်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ဆိုသည်။ Bellarie Production ၏ ဆက်နွယ်နေသော ကွန်ရက်များကို ကြည့်ပါကလည်း ဝေမင်းမောင်(ခ) ရွှေမန်း ၊ နိုင်ဖြိုးကျော်၊ ဝတ်မှုန်ရွှေရည် အစရှိသည့် ယခင် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် လက်တွဲခဲ့သူများသာဖြစ်သည်။ ထုတ်လုပ်ရေး နာမည်အမျိုးမျိုးသာပြောင်းလဲနေသော်လည်း ငွေကြေးစိုက်သူများကတော့ မပြောင်းလဲသည်ကို တွေ့ရသည်။  လက်ရှိ Bellarie Production က "အချစ်စျေး" ရုပ်ရှင်ကို ရုံတင်ထားပြီး ဝေမင်းမောင်(ခ) ရွှေမန်းနှင့် တွဲဖက်၍ ကုန်းဘောင်မင်းဆက် ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးရန် ပြင်ဆင်လျက်ရှိသည်။ ငွေကြေးအကျိုးအမြတ်ထက် ရုပ်ရှင်နှင့်ဇာတ်ကားများ၊ အဆိပ်ခတ် အနု ပညာလှုပ်ရှား မှုများစွာဖြင့် ပြည်သူလူထုအကြား တော်လှန်ရေးမတည်တံ့တော့ဘဲ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီဆိုသော ၎င်းတို့ ရည် ရွယ်ချက်အတွက် ငွေကြေးသိန်းထောင်သောင်းချီ အကုန်အကျခံနေခြင်းဖြစ်သည်ဟု တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဝတ်မှုန်ရွှေရည်သည် ၂၀၁၉ ခုနှစ်ဝန်းကျင်က ခင်သီရိသက်မွန်နှင့် ဆက်နွှယ်သည့် 7th Sense Film Production နှင့် လက်တွဲခဲ့ဖူးပြီး ယခုအချိန်အထိ ဝတ်မှုန်ရွှေရည်၏ လင်ဖြစ်သူ နိုင်ဖြိုးကျော်မှာလည်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့်စီးပွားရေး အတူလုပ်နေဆဲဖြစ်သည်။ တော်လှန်အနုပညာအသိုင်းအ၀ိုင်းက ပြည်သူများအနေဖြင့်  စစ်အာ ဏာရှင်စနစ်နှင့် စီးပွားရေးအရ ဆက်နွှယ်နေသော ဖျော်ဖြေရေးလုပ်ငန်းများကို မထောက်ပံ့ရန်၊ “အချစ်ဈေး” ရုပ်ရှင်အပါအဝင် ယင်း ကွန်ရက်များနှင့် ဆက် နွှယ်နေသော ရုပ်ရှင်များကို လက်မှတ်ဝယ်ယူအားပေးခြင်း၊ လူမှုကွန် ရက်များမှတစ်ဆင့် အခမဲ့ကြော်ငြာပေးခြင်းနှင့် လူကြိုက်များအောင် မြှင့်တင်ပေးခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းသည်။

  • без подписи

  • လူငယ်များ စစ်မှုထမ်း လာစေရန် နှင့်ပြည်သူများ စစ်မှုထမ်းခိုင်းခြင်းအပေါ် အကောင်းမြင်လာစေရေး “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဝါဒဖြန့်ဇာတ်လမ်းကို စစ်တပ်က သရုပ်ဆောင်များစွာဖြင့် ရိုက်ကူးမည် ရန်ကုန်၊ ဩဂုတ် ၁၅ မြန်မာနိုင်ငံတွင် လူငယ်များ စစ်မှုထမ်းလာစေရန်နှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် ပြည်သူ၏ အမြင်အာရုံပြောင်းလဲလာစေရန် ရည်ရွယ်သည့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုကို သရုပ် ဆောင်များစွာဖြင့် စစ်တပ်က ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းမှာ စစ်တပ်အတွက် စစ်မှုထမ်းခြင်းမှာ ကောင်းမွန်သည်ဆိုသော ဝါဒဖြန့် အဆိပ်ခပ်ရန် ရည်ရွယ်ထားသော  ဇာတ်လမ်းဖြစ်ပြီး  လူငယ်များအကြား စစ်မှုထမ်းရန် လက်ခံလာစေရေးနှင့် စစ်မှုထမ်းခေါ်ယူမှုအပေါ် အမြင်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်သည့် ဝါဒဖြန့်ချိရေးဇာတ်လမ်းဖြစ်ကြောင်း ရရှိထားသည့် အချက်အလက်များအရ သိရသည်။ ယင်းစစ်တပ်ဝါဒဖြန့် ဇာတ်လမ်းတွင် အောင်သုရိန်အဖြစ် ထက်လျှမ်းအောင် (ခ) ပိုက်၊ အောင်သုရိန်၏ သူငယ်ချင်းအဖြစ် ထက်လင်းအောင် နှင့် ကြူဝင်လင်းထူး၊ အောင်သုရိန်၏ တပ်ခွဲမှူးအဖြစ် ထက်အောင်ခန့်၊ အောင်သုရိန်၏ ချစ်သူအဖြစ် ရွှေမှူးဟန် (ခ) မေအေးမြသန်း တို့ ပါဝင်သရုပ် ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောင်သုရိန်၏ ဖခင်အဖြစ် မင်းသူ၊ မိခင်အဖြစ် မေသဉ္ဇာဦး တို့ ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီ CEO အဖြစ် နေအောင် ကလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ စစ်တပ်ဝါဒဖြန့် အဆိပ်ခတ် ဇာတ်လမ်းများ အမြဲရိုက်ကူးနေသော  ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် တင်အောင်စိုး (ပန်းမြို့တော်) က တာဝန်ယူရိုက်ကူးမည်ဟု သိရှိရသည်။ ရရှိထားသည့် အချက်အလက်များအရ အဆိုပါ ဇာတ်လမ်းတိုတွင် ပါဝင်သည့် သရုပ်ဆောင်အချို့သည် ယခင်က စစ်တပ်နှင့် သက်ဆိုင်သည့် အခမ်းအနားများ၊ ရဲတပ်ဖွဲ့နေ့နှင့် တပ်မတော်နေ့ဆိုင်ရာ ဇာတ်ကားများအပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ထက်လင်းအောင် သည် “တပ်မတော်နေ့” နှင့် “ရဲတပ်ဖွဲ့နေ့” ဇာတ်ကားများတွင် ပါဝင်ဖူးသူဖြစ်ပြီး၊ ကြူဝင်လင်းထူး သည် “တောင်နီလေးတစ်ထည်”၊ “သက်ရှိစည်းရိုး” နှင့် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်ကားများတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ထက်အောင်ခန့် သည် “သက်ရှိစည်းရိုး” နှင့် “သစ္စာမျိုးဆက်” ဇာတ်ကားများတွင် ပါဝင်ခဲ့ဖူးပြီး၊ ရွှေမှူးဟန် (ခ) မေအေးမြသန်း သည် တာဝန်ထမ်းဆောင်ဆဲ စ်အရာရှိတစ်ဦးအဖြစ် ဖော်ပြထားသည့်အပြင် ဝါဒဖြန့်ဇာတ်လမ်းများတွင် ပါဝင်ရိုက်ကူးလေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်တပ်က ငွေကျပ်သိန်းထောင်သောင်းချီ အသုံးပြုပြီး ဝါဒဖြန့် ဇတ်ကားများ ရိုက်ကူး ထုတ်လုပ် အခမဲ့ပြသကာ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားရန် အမြဲလိုလို ကြိုးပမ်းလေ့ရှိပြီး ပါဝင်သော သရုပ်ဆောင်များကိုလည်း ငွေကြေးအပြင် အခြားမြေကွက်၊ သွင်းကုန်ပါမစ် အစရှိသော စီးပွားရေးအခွင့်အလမ်းများ ပေးအပ်လေ့ရှိကြောင်း စစ်တပ်ဘက်တော်သား သရုပ်ဆောင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

  • без подписи

  • Saad Kassis-Mohamed Center ၏ အမှုဆောင်ဒါရိုက်တာ Marcine Graham ကလည်း မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ငွေလိမ်လည်မှုစခန်းများကို လွတ်လပ်သည့် အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးခွင့်ပြုရန်နှင့် နိုင်ငံသားမည်သည့်နိုင်ငံသားဖြစ်သည်ဖြစ်စေ လူကုန်ကူးခံရသူများကို ဖော်ထုတ်ခြင်း၊ ကယ်ဆယ်ခြင်းနှင့် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းတို့အတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားသည်။ ထို့အပြင် မြန်မာနိုင်ငံမှ ကျားဖြန့်စခန်းများအတွင်း ၎င်းတို့၏ နိုင်ငံသားများ ထိန်းသိမ်းခံနေရကြောင်း သိရှိထားသည့် အာဖရိကနိုင်ငံများနှင့် ဖိလစ်ပိုင်အစိုးရများအနေဖြင့် ကောင်စစ်ဝန်ရုံးဆိုင်ရာ အကူအညီများနှင့် လုံခြုံစွာ ပြန်လည်ပို့ဆောင်နိုင်မည့် လမ်းကြောင်းများကို တိုးချဲ့ပေးရန်လည်း တောင်းဆိုထားသည်။ တစ်ဖက်တွင် ပင်လယ်ကွေ့နိုင်ငံများ၊ ဂျော်ဒန်နှင့် လက်ဘနွန်တို့အနေဖြင့်လည်း Kafala အလုပ်သမားစနစ်ကို ပြုပြင်ပြောင်းလဲပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်သည် အလုပ်ရှင်တစ်ဦးတည်း၏ ဆန္ဒအပေါ် မူတည်နေခြင်းမရှိစေရန် ဆောင်ရွက်သင့်ကြောင်း Center က တိုက်တွန်းထားသည်။ “The Kafala System” စာအုပ်ကို Hugendubel အပါအဝင် စာအုပ်ရောင်း ချသည့် ဆိုင်များမှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ Saad Kassis-Mohamed Center သည် တောင်အာဖရိကနိုင်ငံ Cape Town အခြေစိုက် လွတ်လပ်ပြီး ပါတီနိုင်ငံရေးကင်းရှင်းသည့် သုတေသနနှင့် အကျိုးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး WeCare Foundation ၏ ပံ့ပိုးမှုဖြင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

  • မြန်မာနိုင်ငံမှ ကျားဖြန့်ငွေလိမ်စခန်းများတွင် အာဖရိကနှင့် အာရှနိုင်ငံသားများ လူကုန်ကူးခံရမှုနှင့် အွန်လိုင်းလိမ်လည်မှုများအကြောင်း ရေးသားထားသည့် “The Kafala System” စာအုပ်ကို စစ်ကောင်စီက ပိတ်ပင် ရန်ကုန်၊ ဩဂုတ် ၁၅ မြန်မာနိုင်ငံရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုစခန်းများသို့ အာဖရိကနှင့် အာရှနိုင်ငံသားများ လူကုန်ကူးခံရမှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရမှုများအပြင် အရှေ့အလယ်ပိုင်းဒေသရှိ အလုပ်သမားစနစ်များနှင့် ဆက်စပ်၍ ရေးသားထားသည့် “The Kafala System” စာအုပ်ကို မြန်မာစစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း Saad Kassis-Mohamed Center က သတင်းထုတ်ပြန်သည်။ တန်ဇန်းနီးယားနိုင်ငံအခြေစိုက် The Tanzania Times ၏ ဩဂုတ် ၁၄ ရက် သတင်းအရ Saad Kassis-Mohamed Center က မြန်မာနိုင်ငံတွင် “The Kafala System” စာအုပ် ပိတ်ပင်ခံထားရကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါစာအုပ်သည် ပင်လယ်ကွေ့နိုင်ငံများ၊ ဂျော်ဒန်နှင့် လက်ဘနွန်တို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကို အလုပ်ရှင်နှင့် ဆက်စပ်ထားသည့် Kafala အလုပ်သမားစနစ်ကို လေ့လာရေးသားထားသည့်အပြင် မြန်မာနိုင်ငံရှိ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနှင့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများ၏ အခြေအနေများကိုပါ ဆက်စပ်လေ့ လာထားခြင်းဖြစ်သည်။ စာအုပ်တွင် အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြဝတီဒေသနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ ရှမ်းပြည်နယ်ဒေသများတွင် စုစည်းတည်ရှိနေသည့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများအတွင်း လူကုန်ကူးခံရသူများ အတင်းအဓမ္မ အလုပ်လုပ်ကိုင်နေရသည့် အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။ စာအုပ်၏ အဓိကအကြောင်းအရာမှာ ပထဝီဝင်နှင့် ဥပဒေရေးရာအခြေ အနေများ မတူညီသော်လည်း Kafala စနစ်နှင့် ကျားဖြန့်ငွေလိမ်လည်မှုစခန်းများအတွင်း လူကုန်ကူးခံရသူများ ကြုံတွေ့ရသည့် အခြေအနေများတွင် တူညီသည့်အချက်များ ရှိနေကြောင်း ဖော်ထုတ်ထားခြင်းဖြစ်သည်။ ယင်းစနစ်နှစ်ခုစလုံးတွင် အလုပ်သမားများ၏ အလုပ်ရှင်ထံမှ ထွက်ခွာခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် အကူအညီတောင်းခံခွင့်များကို ကန့်သတ်ထားခြင်းကြောင့် အမြတ်အစွန်းရရှိရေးအတွက် လူတစ်ဦး၏ လွတ် လပ်ခွင့်ကို ဖယ်ရှားခံရသည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း စာအုပ်က ဆွေးနွေးထားသည်။ မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းများတွင် လူကုန်ကူးခံရသူ ထောင်နှင့်ချီရှိနေပြီး အွန်လိုင်းငွေလိမ်လည်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်ခြိမ်းခြောက်မှုများအောက်တွင် အတင်းအဓမ္မ ခိုင်းစေခံနေရကြောင်း Center က ပြောသည်။ လူကုန်ကူးခံရပြီး ပြန်လည်ကယ်တင်နိုင်ခဲ့သူများအနက် အီသီယိုးပီးယား၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား အပါအဝင် အာဖရိကနိုင်ငံများမှ နိုင်ငံသားများနှင့် ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါသူများအနက် အများစုသည် တရားဝင်အလုပ်အကိုင်ရရှိမည်ဟု ယုံကြည်ကာ ပြည်ပသို့ ထွက်ခွာလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူကုန်ကူးခံရကာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခံရပြီး ၎င်းတို့၏ ဆန္ဒမပါဘဲ ကျားဖြန့်စခန်းများအတွင်း ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကျားဖြန့်စခန်းများမှ လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များအရ လိမ်လည်မှုသတ်မှတ်ချက်များနှင့် အလုပ်တာဝန်များ ပြည့်မီခြင်းမရှိပါက ရိုက်နှက်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြင့် နှိပ်စက်ခြင်းနှင့် လက်ကောက်ဝတ်များမှ ဆွဲချည်ထားခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ရကြောင်း  သိရှိရသည်။ ယင်းစာအုပ်သည် အရှေ့အလယ်ပိုင်းဒေသရှိ Kafala စနစ်နှင့် မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းများအတွင်း အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းခံထားရမှုတို့ကို ဆက်စပ်လေ့လာထားပြီး နှစ်ခုစလုံးတွင် လူတစ်ဦး၏ လွတ်လပ်စွာ ထွက်ခွာနိုင်ခွင့်ကို ဖယ်ရှားထားသည့် အခြေခံသဘောတရားတစ်ခု ရှိနေကြောင်း ရေးသားထားသည်။ Saad Kassis-Mohamed Center ၏ ဥက္ကဋ္ဌ Saad Kassis-Mohamed က စာအုပ်ပိတ်ပင်ခံရခြင်းသည် မြန်မာနိုင်ငံရှိ အာဖရိကနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ ဆက်ဆံခံရမှုနှင့် ပတ်သက်သည့် ၎င်းတို့၏ ရေးသားဖော်ပြမှုများကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။ ၎င်းက လူကုန်ကူးခံရပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းများသို့ ရောက်ရှိသွားသူများနှင့် Kafala စနစ်အောက်တွင် အလုပ်ရှင်တစ်ဦးတည်းအပေါ် မှီခိုနေရသည့် အလုပ်သမားများသည် အခြေအနေမတူညီသော်လည်း အခြားသူများ၏ အမြတ်အစွန်းအတွက် လူတစ်ဦး၏ ထွက်ခွာခွင့်ကို ဖယ်ရှားခံရခြင်း ဆိုသည့် တူညီသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း ပြောသည်။ ထို့အပြင် စာအုပ်ကို ပိတ်ပင်ထားသော်လည်း ကျားဖြန့်စခန်းများအတွင်း လူကုန်ကူးခံရသူများ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပိတ်ပင်၍ ဖျောက်ဖျက်နိုင်မည်မဟုတ်ကြောင်း၊ ထိုအခြေအနေများကို တားဆီးနိုင်သည့် အာဏာရှိသူများက အရေးယူဆောင်ရွက်လာသည်အထိ အဆိုပါဖြစ်ရပ်များကို ဆက်လက်ဖော်ထုတ်သွားမည်ဟု ၎င်းက ပြောဆိုထားသည်။

  • без подписи

  • အင်ဒိုနီးရှား ငလျင် ၇.၇ ရစ်ချ်တာစကေး

  • တရုတ်ပြည်အနှံ့ တိုင်းရင်းသား အုပ်စုကြီး ၅၆ အုပ်စု ရှိရာမှာ ယူနန်ပြည်နယ်ထဲမျာတင် အုပ်စုကြီး ၂၅ စု က မျိုးနွယ်စုတွေ ရှိနေတာ တဲ့။ ဆက်သွယ်ပြောဆိုကြတဲ့ ဘာသာစကားကလည်း ယူနန်ပြည်ထဲမှာ အမျိုး ၆၀ ကျော်လောက်ရှိတာ တဲ့။ ယူနန်ပြည်နယ် လူဦးရေ သန်းငါးဆယ်ရဲ့ တဝက်လောက်ကလည်း တိုင်းရင်းသားတွေချည်းပဲ တဲ့။ ပြောရမယ်ဆို ယူနန်ပြည်သူတွေ အလည်အပတ်ထွက်တဲ့အခါ အပူပိုင်းဒေသ က နေဝင်တာကို ထိုင်ငေးလို့ရတဲ့ အနီးဆုံး အနောက်ဖက်လှည့် ကမ်းရိုးတန်းက ရခိုင် မွန် နဲ့ တနင်္သာရီပဲ ရှိတာမလား။ ပို့စ်တခုဖတ်မိရင် ဆက်တွေးဖြစ်သွားလို့ပါ။ အဲဒီပို့စ်ထဲမှာ ရွှေလီမူဆယ်ကရော ပန်ဆန်းဒေသကပါ နှစ်ပေါက်ခွဲပြီး ရထားလမ်းဖောက်မှာတဲ့။ ဟုတ်လို့လား ဆိုပြီး လိုက်ရှာကြည့်တော့ ဒီလင့်မှာ သွားတွေ့တာပဲ။ (လင့်ကို မန့်မှာ ကြည့်ပေးပါ။) ဆက်ကြည့်လိုက်တာ ကူမင်း ဘန်ကောက် ဟိုင်းဝေး ကားလမ်းမှာလည်း မိုင်းလား ကျိုင်းတုံ တာချီလိတ် မယ်ဆိုင်လမ်း ဆိုတာပါနေတာကိုတွေ့ရတယ်ဗျ။ ဒါကြောင့် ဟိုရက်ပိုင်းက မိုင်းလားအဖွဲ့ဆီကလည်း အသံထွက်လာတာကိုး။ ဒီလင့်မှာတွေ့တာ။ (လင့်ကို မန့်မှာ ကြည့်ပေးပါ။) ကိုယ်တွေက အခုမှ တအံ့တဩဖြစ်နေတာ ဒါမျိုး အစီအမံတွေက တရုတ်သမ္မတ ဟူဂျင်တောင် လက်ထက်ကတည်းက စခဲ့တာတွေတဲ့။ ဟူဂျင်တောင်က သူ့နေရာ ဆက်ခံဖို့ ရွေးတဲ့အခါ လီခါ့ချန် နဲ့ ရှီကျင့်ဖင် နှစ်ယောက်ထဲက ပိုစိတ်ချရတဲ့ ရှီကျင့်ဖင်ကို ရွေးခဲ့တာ တဲ့။ လီခါ့ချန် နဲ့ ရှီကျင့်ဖင် အကြား ဆက်ဆံရေး အေးစက်တဲ့ အချိန်တွေလည်း ရှိခဲ့သတဲ့။ ရှီကျင့်ဖင်ကလည်း ခိုင်းကောင်းတဲ့ တပည့်လို လုပ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့သလို ဟူဂျင်တောင်ကို အစည်းအဝေးခန်းမထဲက ဆွဲထုတ်တဲ့အထိ ပြန်လှန်ခဲ့တာလည်း တွေ့ရတာပေါ့။ ဟူဂျင်တောင်က ရှီကျင်းဖင်အပေါ် ကောင်တာထိုင်ဖို့ ကွန်မြူနစ် သဘာရင့် ကျူယုံခန်း (Zhu Yongkang) ကို အသေအချာ ရွေးခဲ့တာလည်းတွေ့ရတယ်။ ၂၀၂၄ မှာတော့ ရှီကျင်းဖင် ရင်ဆိုင်ရမယ့် ပြည်တွင်း စိန်ခေါ်မှု ငါးခုရှိပါသတဲ့။ ပြည်ပရင်းနှီးမြုတ်နှံထားတာတွေ ပြန်ဆုတ်သွားမှု၊ ပို့ကုန်ကျုံ့ဝင်မှု၊ အလုပ်လက်မဲ့များလာမှု၊ ပြည်သူတွေ အသုံးအစွဲ နည်းလာမှု၊ ခရက်ဒစ်ကတ် အကြွေးနဲ့ အိမ်ခြံမြေဈေးကွက်ပြိုလဲမှု ဆိုတဲ့ ခေါင်းစဉ်တွေပါပဲ။ တလောက လီခါ့ချန် ရုတ်တရက် သေဆုံးတဲ့ သတင်းထွက်လာပြီးနောက် တရုတ်ပြည်သူတွေအကြား ဝန်ကြီးချုပ်ဟောင်း ဝမ်ကြားပေါင် ဘယ်ရောက်နေသလဲဆိုတာ အမေးအများဆုံး ဖြစ်နေပါသတဲ့။ ဒါတွေက ဖတ်ရင်းနဲ့ ဆက်တွေ့ လာတာတွေ။ (၂၀၂၄ မတ်လကုန် ပို့စ်ထဲက အပိုင်းအစ) #ပြည်သူသည်သာအဓိက #အမေစုကစက္ကန့်မလပ်တော်လှန်နေဆဲပါ #freedomfromfear #WhatsHappeningInMyanmar ...

  • တရုတ်ပြည်သူ သန်းထောင့်လေးရာထဲက သန်း ၁၃၂၀ လောက်က တရုတ်ပြည်ရဲ့ တခြမ်းမှာပဲနေတာ။ ကျန်တဲ့ သန်း ၈၀ က နောက်တခြမ်းမှာနေတာ။ ဘာဖြစ်လို့လဲ မေးရင် တရုတ်အစိုးရရဲ့ စက်မှုစီမံကိန်းအရ စက်ရုံတွေကလည်း အဲဒီ တခြမ်းတည်းမှာပဲ တည်ထားတာ တွေ့ရတယ်။ လျပ်စစ်သုံးစွဲမှုကို ကြည့်လိုက်တော့လည်း အရှေ့ပိုင်း နဲ့ အရှေ့တောင် ကမ်းရိုးတမ်း နားတဝိုက်က အများဆုံးသုံးနေတာ တွေ့ရတယ်။ မြေပုံကြည့်လိုက်တော့ ပင်လယ်ထွက်ပေါက်က တကယ့် ကျဉ်းကျဉ်းလေးပဲကိုး။ အမေရိက ဥရောပ ဂျပန် တောင်ကိုရီးယား ဩဇီ ထိုင်ဝမ် နဲ့ ဟောင်ကောင် ကလည်း ပင်လယ်ဆိပ်ကမ်း နားမှာပဲ ရင်းနှီးမြုတ်နှံကြမှာပေါ့။ ဘယ်သူကမှ အရူးထပြီး အလယ်ဂေါင် မြစ်ခြားထားတဲ့ ထုံးဘို ဆင်တဲလိုနေရာမှာ အကြီးစား စက်မှုလုပ်ငန်းတွေ သွားတည်မှာ မို့လို့လဲ။ ယူနန်ပြည်နယ်ကတော့ ဗီယက်နမ် လာအို နဲ့ မြန်မာ သုံးနိုင်ငံ နဲ့ ထိစပ်နေတဲ့ ထူးခြားတဲ့ ပြည်နယ် ဖြစ်နေတာ တွေ့ရတယ်။ ကမ္ဘောဒီးယား ထိုင်း မလေးရှား စင်္ကာပူကို ရထားလမ်းဖောက်မယ်ဆိုရင်လည်း ယူနန်ပြည်နယ်ကနေ ဖြတ်သွားရမှာပဲ။

  • без подписи

  • ရွှေဘိုအကျဉ်းထောင်တွင် လုံလောက်သော ဆေးဝါးကုသမှု မရသဖြင့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး ရန်ကုန်၊ ဩဂုတ် ၁၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် လုံလောက်သော ဆေးဝါးကုသမှု မရရှိခဲ့သဖြင့် အစာအိမ်ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်လိုက်သည်။ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူသည် ၂၀၂၃ ခုနှစ်တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး မဖမ်းဆီးခံရမီကတည်းက ဗိုက်အောင့်သည့် ဝေဒနာ ခံစားနေခဲ့ရသူဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း၌ လုံလောက်သည့် ဆေးဝါးကုသခွင့် ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ရောဂါအခြေအနေ လွန်စွာဆိုးရွားလာပြီး မသေဆုံးမီ ၃ လခန့် (၂၀၂၆ ခုနှစ်၊ မေလ) မှသာ ပြင်ပဆေးရုံ၌ ဆေးကုသခွင့် ရရှိခဲ့သော်လည်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိခဲ့သည့်အတွက် ရောဂါကျွမ်းလွန်ကာ ယမန်နေ့ (ဩဂုတ် ၁၃ ရက်) တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် အာဟာရ ပြည့်ဝစွာ မရရှိခြင်း၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် မရှိခြင်း၊ လုံလောက်သည့် ဆေးဝါးကုသခွင့် ပိတ်ပင်ခံရခြင်းတို့ကြောင့် ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အမျိုးသမီးဆိုင်ရာ ရောဂါများကို ပြင်းထန်စွာ ခံစားနေကြရသည်။ လက်ရှိတွင် ထောင်တွင်း၌ ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့် ရှိလာပြီဖြစ်သော်လည်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိခြင်းနှင့် ပြင်ပဆေးရုံတွင် ကုသခွင့်ရရန် ရက်အကန့်အသတ်မရှိ စောင့်ဆိုင်းနေရခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း WOPP က ထောက်ပြထားသည်။ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) အနေဖြင့် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုများနှင့် ဆေးကုသခွင့် ရရှိရေးတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိပြီး ၎င်းတို့ ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာသည်အထိ ဆက်လက်ရပ်တည် ပံ့ပိုးသွားမည်ဟု ထုတ်ပြန်ထားသည်။

  • без подписи

  • လူထုက ရွေးချယ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရိုက်နှက် လုယက်ခဲ့သော  မိုးကောင်းပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကို မိုးညှင်းခရိုင်တရားရုံးတွင် ရုံးထုတ်မည် ရန်ကုန်၊ ဩဂုတ် ၁၄ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဖိုးချစ်ကုန်းရပ်ကွက်မှ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကို စစ်တပ်၏ စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် မိုးကောင်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကာ မကြာမီ မိုးညှင်းခရိုင်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ကြောင်း မိုးကောင်းမြို့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈ ရက်နေ့ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဦးစိန်ကျော်လှိုင်နှင့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုး၏ဇနီး ဒေါ်ထွေးထွေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးစိန်ကျော်လှိုင်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုသို့ ဇနီးဖြစ်သူ ဒေါ်ထွေးထွေး ရှုံးနိမ့်ခဲ့ခြင်းအပေါ် ပြည်သူ့စစ်အဖွဲ့ဘက်က မကျေနပ်သဖြင့် အနိုင်ရရှိသူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ခဲ့သည့်အပြင် ၎င်း၏နေအိမ်မှ ရွှေ ၇ ကျပ်သားကိုလည်း ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ထို့နောက် ဦးစိန်ကျော်လှိုင်၏ နေအိမ်အတွင်း ပစ္စတိုနှင့် လက်ပစ်ဗုံးများ တွေ့ရှိကြောင်း ပြသကာ တောဘက်ရှိ အဖွဲ့များနှင့် ဆက်သွယ်နေသည်ဟုဆိုကာ မိုးကောင်းပြည်သူ့စစ်ခေါင်းဆောင် တင်မိုး အမှုဆင်ခဲ့ကြောင်း သိရှိရသည်။ ဦးစိန်ကျော်လှိုင် ဖမ်းဆီးရိုက်နှက်ခံရသည့် ဖြစ်စဉ်မှာ ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြခံရပြီးနောက် စစ်တပ်က သိရှိသွားခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးနှင့် ၎င်း၏ဇနီး ဒေါ်ထွေးထွေးတို့ကို နမ္မတီးဘက်ရှိ အမှတ် (၃) ခြေလျင်တပ်မဟာ က ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ဒေါ်ထွေးထွေးကို ပြန်လွှတ်ပေးခဲ့သော်လည်း ပျူစောထီးခေါင်းဆောင် တင်မိုးကိုမူ ရဲတပ်ဖွဲ့က  မိုးညှင်းခရိုင်အောက်ရှိ မိုးကောင်းမြို့မရဲစခန်းတွင် ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ လက်ရှိတွင် တင်မိုးသည် မိုးကောင်းမြို့မရဲစခန်းအချုပ်၌ ထိန်းသိမ်းခံထားရပြီး လာမည့်ရက်ပိုင်းအတွင်း မိုးညှင်းအချုပ်ထောင်သို့ ပြောင်းရွှေ့ကာ မိုးညှင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု သိရှိရသည်။ အဆိုပါဖြစ်စဉ်နောက်ပိုင်း တင်မိုးဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အဖွဲ့ပိုင် လက်နက်ခဲယမ်းများကိုလည်း ပြန်လည်သိမ်းဆည်းထားကြောင်း သိရသည်။ ဖိုးချစ်ကုန်းရပ်ကွက်အခြေစိုက် တင်မိုး၏ ပြည်သူ့စစ်အဖွဲ့သည်  လမ်းဂိတ်ကြေးများ ကောက်ခံခြင်းနှင့် ဒေသခံပြည်သူများအပေါ် အာဏာအလွဲသုံးစားပြု အနိုင်ကျင့်ခြင်းများကြောင့် ဒေသအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ တစ်ချိန်တည်းတွင် ဝါရာဇွပ် မင်းဇေသန့်အဖွဲ့အပါအဝင် ဒေသတွင်း ပြည်သူ့စစ်အဖွဲ့များကိုလည်း စစ်ဆေးကြပ်မတ်ပြီး ပြည်သူများအပေါ် အနိုင်ကျင့်မှုများ မဖြစ်ပွားစေရန် ထိထိရောက်ရောက် အရေးယူပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

  • без подписи

  • မင်းအောင်လှိုင်၏ မျက်နှာသာပေးမှုဖြင့် အောင်သောင်းသားများ ရှယ်ယာပါဝင်နေသော New Day ဆီဆိုင်များတွင် QR ကုတ်မဖတ်ဘဲ ဆီရောင်းချခြင်း၊ ပီပါလိုက် ဆီမှောင်ခိုထုတ်ခြင်းများအပြင် ဆီခွဲတမ်းလည်း ပိုမိုရရှိ ရန်ကုန်၊ ဩဂုတ် ၁၄ အောင်သောင်းသားများဖြစ်သည့် နေအောင်နှင့် ပြည်အောင်တို့ ရှယ်ယာပိုင်ဆိုင်မှု ပါဝင်နေသော New Day Energy-နေ့သစ်စွမ်းအင်ကုမ္ပဏီလက်အောက်ရှိ New Day ဆီဆိုင်များတွင် QR ကုတ်မဖတ်ဘဲ ဆီရောင်းချခြင်း၊ ဆီပီပါလိုက် မှောင်ခိုထုတ်ရောင်းခြင်းများရှိနေသော်လည်း စစ်တပ်က တစ်စုံတစ်ရာ အရေးယူမှု မရှိကြောင်း စက်သုံးဆီလောကအသိုင်းအဝိုင်းက ပြောဆိုသည်။ အရှေ့အလယ်ပိုင်း အီရန်-အမေရိကန်စစ်ပွဲကြောင့် ယခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်၍ မြန်မာနိုင်ငံအတွင်း ဆီပြတ်လပ်မှုများဖြစ်ပေါ်လာကြောင်း၊ ယင်းသို့ ဆီပြတ်လပ်မှုဖြစ်ပေါ်လာချိန် အောင်သောင်းသားများ၏ ရှယ်ယာများ ပါဝင်နေသော New Day Energy-နေ့သစ်စွမ်းအင်ကုမ္ပဏီမှ မျိုးမြင့်ဆွေသည် မြန်မာနိုင်ငံစက်သုံးဆီအသင်းဥက္ကဋ္ဌ ဖြစ်လာပြီး စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေးစီမံချက်ကို အကောင် အထည်ဖော်ခဲ့ကြောင်း၊ အထူးသဖြင့် QR ကုတ်စနစ်ဖြင့် ဆီရောင်းချခြင်းစနစ် အကောင် အထည်ဖော်ရန် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပါဝင်ဆောင်ရွက်မှုကြောင့် မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေး စီမံချက် အောင် မြင်ကာ စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ အောင်သောင်းသားများ၏ စီးပွားဖက် စက်သုံးဆီအသင်းဥက္ကဋ္ဌ မျိုးမြင့်ဆွေမှာလည်း ချီးကျူးခံရကြောင်း၊ ထို့ကြောင့် မင်းအောင် လှိုင်၏ မျက်နှာသာပေးမှုကို New Day Energy က ပိုမိုရရှိလာကြောင်း သိရှိရသည်။ "လက်ရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ဆွေဆိုတာက ဦးအောင်သောင်းသားအုပ်စုပေါ့။  ဦးမျိုးမြင့်ဆွေက  MPTA ဥက္ကဋ္ဌ ဖြစ် လာပြီးချိန်မှာ စွမ်းအင်ဝန်ကြီးဌာနနဲ့ပေါင်းပြီး ဆီချွေတာရေး စီမံချက်ကို တက်တက်ကြွကြွ ဝင်လုပ်တာ။ စီမံချက်အလုပ်ဖြစ်တော့ မျက်နှာသာပေးခံရတာ" ဟု စက်သုံးဆီသတင်းရင်းမြစ်က ရှင်းပြသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုများ ပိုမိုဖြစ်ပေါ်လာချိန်တွင် MPTA ယာယီဥက္ကဋ္ဌ မျိုးမြင့်ဆွေက စွမ်းအင်ဒုဝန်ကြီးအသစ် ကျော်နိုင်ဝင်းနှင့် ပူးပေါင်း၍ Wheel Tax QR Scan Software စနစ်ဖြင့် ဆီဝယ်ယူသည့်စနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း QR Scan စနစ်နှင့်အတူ မော်တော်ယာဉ်အမျိုးအစားအလိုက် ဆီဝယ်ယူခွင့် Quota သတ်မှတ်ခြင်း၊ ကီလိုမီတာအလိုက် ဆီခွဲတမ်းသတ်မှတ်ခြင်းနှင့် ဆီကို လီတာအရေ အတွက်အလိုက် ကန့်သတ်ရောင်းချခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ စက်သုံးဆီလောက သတင်းရင်းမြစ်က အဆိုပါ QR စနစ်ကြောင့် ပြည်သူများအနေဖြင့် ဆီဝယ်ယူခွင့် ပိုမိုကန့်သတ်ခံပြီး ဆီပြတ်လပ်မှု၏ အခြေခံပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ အရောင်းဆိုင်များတွင် ဆီမလုံလောက်မှုနှင့် မှောင်ခိုဈေးကွက်များ ပေါ်ပေါက်လာကြောင်း၊ သို့ရာတွင် စစ်တပ်၏ အမေရိကန်ဒေါ်လာ ချွေတာရေး စီမံချက်ကို အောင်မြင်အောင် ပံ့ပိုးနိုင်ခဲ့ကြောင်း ပြောဆိုသည်။ ထို့အပြင် အဆိုပါ QR စနစ်နှင့် Software ကုန်ကျစရိတ်များကို အစိုးရဘတ်ဂျက်ဖြင့် ကျခံခြင်းမဟုတ်ဘဲ MPTA က ကျခံပေးခဲ့ကြောင်း၊ MPTA သည် စက်သုံးဆီတင်သွင်း၊ ရောင်း ချ၊ ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် အသင်းဖြစ်သဖြင့် အဆိုပါစနစ်အတွက် ကုန်ကျစရိတ်များကို အသင်းရန်ပုံငွေဖြင့် ကျခံပေးခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် QR ကုတ်ဖြင့် စိစစ်ပြီးမှ ဆီရောင်းချရန် သတ်မှတ်ထားသည့် စနစ်အတွင်း လက်ရှိ MPTA ဥက္ကဋ္ဌနှင့် နီးစပ်သည့် New Day ဆီဆိုင်များတွင် QR ကုတ်မဖတ်ဘဲ ဆီရောင်းချခြင်းများ ရှိနေကြောင်း၊ ထိုသို့ QR စနစ်ကို ကျော်လွှား၍ ဆီရောင်းချခြင်းများအပြင် အချို့သော ဌာနဆိုင်ရာများသို့ QR မဖတ်ဘဲ ဆီဖြည့်ပေးခြင်း၊ ဆီပီပါလိုက် ထုတ် ယူရောင်းချခြင်းများလည်း ရှိနေကြောင်း၊ New Day ဆီဆိုင်က စက်သုံးဆီများကို ပြင်ပဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ကာ ပြန်လည်ရောင်းချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် အရေးယူမှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။ "လက်ရှိ MPTAဆီအသင်းဥက္ကဋ္ဌလည်းဖြစ်တယ်။ ဦးမင်းအောင်လှိုင်ရဲ့ မျက်နှာသာပေးမှုလည်း ရထားတော့ ဘာလုပ်လုပ် သူတို့လုပ်ချင်တာ လုပ်ခွင့်ရတယ်။ အရေးယူမှုမရှိဘူး။ အခြားဆီဆိုင်တွေနဲ့ ကုမ္ပဏီတွေဆိုရင် အပိတ်ပါခံရမှာ။ သူတို့ကတော့ အေးအေး ဆေးဆေးပဲ" ဟု စက်သုံးဆီသတင်းရင်းမြစ်က ဆိုသည်။ စက်သုံးဆီအသင်း-MPTA နှင့် ဆက်နွှယ်သူများပိုင်ဆိုင်သည့် ဆီဆိုင်များကို ယင်း QR Software စနစ်ဖြင့် တင်းကျပ်စွာ စစ်ဆေးကြီးကြပ်ခြင်း မရှိဘဲ အခြားဆီဆိုင်များကိုသာ စနစ်တကျ စစ်ဆေးကြီးကြပ်နေခြင်းသည် စက်သုံးဆီခွဲတမ်းနှင့် ရောင်းချမှုစနစ်အတွင်း မညီမျှမှုများ ဖြစ်ပေါ်စေပြီး အဂတိလိုက်စားမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်စေကြောင်း စက်သုံးဆီလောကအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။

  • без подписи

  • "တစ်ဖွဲ့လုံးကို တစ်ယောက်တည်း ပြန်ပစ်ပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ 'ပစ'တစ်ဦး၏ ရင်တွင်းစကားသံများ" စစ်ရေးအရှုံးတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို ပေါ်တာဆွဲ၊ ပြန်ပေးဆွဲကာ စစ်ထဲအတင်းအကျပ် သွင်းခဲ့ပါတယ်။ အဲဒီလို အဓမ္မဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်မြို့က စားဖိုမှူး လူငယ် ယဉ်ကိုထွန်းလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၃) ကို တက်ခဲ့ရတဲ့ သူဟာ အခွင့်အရေးရခဲ့ချိန်မှာတောင် “သေနတ်ပါမှ ပြေးမယ်”ဆိုပြီး တင်းခံခဲ့ပါတယ်။ နောက်ဆုံး သေနတ်ရတဲ့ တနေ့မှာတော့ ခြံစည်းရိုးကျော်ပြီး ထွက်ပြေးချိန်မှာ ပစ်ခတ်ခံခဲ့ရပေမယ့် ပြန်ပစ်ပြီး အသက်လု ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ အာဏာမသိမ်းမီ သူ့ဘဝက ဘယ်လိုလဲ၊ အာဏာသိမ်းချိန်မှာ ဘယ်လိုတွေ့ကြုံ ခံစားခဲ့ရလဲ၊ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နှင်းခံရချိန်မှာ သူဘာတွေ လုပ်ခဲ့သလဲ၊ ဖမ်းဆီးခံရပြီး 'ပစ'ဖြစ်လာချိန်မှာရော သူဘာတွေ ဆုံးဖြတ်ထားခဲ့သလဲ၊ လွတ်မြောက်ဖို့ရာ သူဘယ်လို အသက်လု ထွက်ပြေးခဲ့ရသလဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီရောက်တော့ သူဘယ်လို တွေ့ကြုံခဲ့ရလဲ၊ လက်ရှိမှာရော သူဘယ်လိုဖြတ်သန်းနေလဲ စတဲ့ သူ့ရဲ့ အတွေးအမြင်တွေ၊ ကိုယ်တွေ့ စွန့်စားမှု‌တွေ အကြောင်းကို ပြည်သူပန်းတိုင်ရဲ့ ရေဆန်လမ်းအစီအစဉ်(Episode-32)မှာ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ©ပြည်သူ့ပန်းတိုင် #ရေဆန်လမ်းအစီအစဉ် #KyimyindaingNetworks #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar

  • ဂျာမန်ထုတ် ခရုစ်ဒုံးကျည်အစွမ်း