tgindex
ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

ပြည်သူ့အတွက် ဟစ်တိုင်သတင်းစုံ ဂျာနယ်

Статистика

Information Channel

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
8
Всего постов
28
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 565
−8 за 3 дн.
Сутки
−5
−0,19%
Неделя
 
Месяц
 
Просмотров на пост
205
28 постов
Вовлечённость
8,0%
к подписчикам
Постов в день
1,1
всего 28
Упоминаний
3
каналов
Охват размещения
оценка
1/24сутки в ленте
106
1/48двое суток
121
1/72трое суток
131

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ တာဝန်ရှိသူများ ထံသို့ တင်ပြအကြံပြုစာ ​။ရေဥက္ကံကျေးရွာ၊ ဆိပ်ကမ်းသာလမ်းမျက်နှာစာ ကျောင်းဝင်းအတွင်း မလိုလားအပ်သော နေအိမ်များ ဆောက်လုပ်နေထိုင်နေခြင်းအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သလိုဗဆာင်ရွက်နိုင်ရန် တင်ပြခြင်း။ ။ ရေဥက္ကံကျေးရွာ၊ ဆိပ်ကမ်းသာလမ်းမျက်နှာစာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တာဝန်မဲ့ နေအိမ်များစွာ ဆောက်လုပ်နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအခြေအနေသည် သံဃာတော်များ သီတင်းသုံးရာ သာသနိကနယ်မြေ၏ အေးချမ်းသာယာမှုနှင့် လုံးဝမဆီလျော်သည့်အပြင် အောက်ပါ အနှောင့်အယှက်နှင့် ဒုစရိုက်ပြဿနာများကို ဖြစ်ပေါ်စေလျက်ရှိပါသည် - ​ ။ ကျောင်းဝင်းအတွင်း အမျိုးသမီးဝတ် ထမီများ လှမ်းထားခြင်း၊ ဆဲရေးတိုင်းထွာ ဆူပူသံများ မကြာခဏ ထွက်ပေါ်နေခြင်း။ ​ သူခိုး/သူဝှက်များ ပေါများလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် ဒုစရိုက်သမားများ ခိုအောင်းရာနေရာ ဖြစ်လာခြင်း။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ မကြာခဏ လာရောက်ထိန်းသိမ်း ပြုပြင်သော်လည်း ဒုစရိုက်သမားများ ကိန်းဝပ်နေသဖြင့် သံဃာတော်များ စိတ်အေးချမ်းစွာ သာသနာပြုရန် ခက်ခဲနေခြင်း။ ​ယခုအခါ သံဃာတော်များ ဝါဆိုဝါကပ်၍ တတ်မြောက်အပ်သော သာသနာ့တာဝန်များကို အေးချမ်းစွာ ပွားများအားထုတ်ရမည့် ဝါတွင်းကာလ ဖြစ်သည်နှင့်အမျှ - ​သံဃာတော်များ အေးချမ်းစွာ သာသနာပြုနိုင်ရေး၊ ​ကျောင်းဝင်းအတွင်း ဒုစရိုက်သမားများနှင့် သူခိုးသူဝှက်များ မခိုအောင်းနိုင်ရေး၊ ​သာသနိကနယ်မြေ သန့်ရှင်းသပ်ရပ်ရေးနှင့် လုံခြုံရေးအတွက်၊ ​သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးဇူးပြု၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သလို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် အကြံပြု တင်ပြအပ်ပါသည်။

  • ဝမ်းနည်းကြေကွဲပါကြောင်း SHသတင်းဌာနမှတွဲဖက်အမှုဆောင်အရာရှိချုပ်၊ Htet mobileနှင့်အိမ်ခြံမြေလုပ်ငန်းရှင် ဒေါ်ထက်ထက်လွင်၏အဖေဖြစ်သူဦးစိုးငြိမ်း(တွဲဘက်အယ်ဒီတာချုပ်၊SHသတင်းဌာန နှင့်ဖြူးမြို့နယ်စာရေးဆရာအသင်းဥက္ကဌ) သည်ယနေ့14-8-2026နေ့၊ ညနေငါးနာရီအချိန်တွင်၉၆ပါးသောရောဂါဖြင့် ကွယ်လွန်သွားကြောင်းကြားသိရပါသဖြင့် မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း ဦးသက်နိုင်ဦးနှင့် ဇနီးဒေါ်သူသူဇင် SHသတင်းဌာန

  • 11 авг.1432из Newschannel11115

    ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ #SittNaing

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ #SittNaing

  • သိန်းတစ်ရာကျော်ခန့် ရေဘေးအလှူဒါနပြု လေးမျက်နှာ၊ ဩဂုတ် ၉ ရေဘေးဒုက္ခကြုံတွေ့ခံစားနေရသူများအား ကူညီထောက်ပံ့နိုင်ရန် S.H အထူးဟစ်တိုင်သတင်းအေဂျင်စီ၏ သတင်းထောက်များနှင့် စေတနာရှင်အလှူရှင်များက ငွေကျပ်သိန်း ၁၀၀ ကျော်ခန့်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ဩဂုတ် ၉ ရက် နံနက် ၉ နာရီခန့်တွင် S.H သတင်းဌာန (အထူးဟစ်တိုင်သတင်းအေဂျင်စီ) အမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦး၏ စီမံအုပ်ချုပ်ကွပ်ကဲမှုဖြင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမိုးနှင့် ဒေါ်သင်းသင်းခိုင် မိသားစုက ငွေကျပ်သိန်း ၂၀ မတည်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ S.H သတင်းဌာနရုံးခွဲများနှင့် စေတနာရှင်များက လှူဒါန်းသည့် ငွေကြေးများဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၀၀ ကျော်ခန့် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေများဖြင့် ဆေးဝါးများ၊ အဝတ်အထည်များ၊ ငါးသေတ္တာဘူးများ၊ အချိုရည်များ၊ ခေါက်ဆွဲခြောက်များနှင့် သောက်ရေသန့်ဘူးများကို ဝယ်ယူစုစည်းထုပ်ပိုး၍ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ အိုင်သပြုမြို့၊ ဝဲဒေါင့်ကျေးရွာ၊ အိုင်သပြုဈေးတာလေးလမ်း၊ ကားဂိတ်ရပ်ကွက်၊ ကွင်းမဘုန်းကြီးကျောင်း၊ ပရိတ်ကျောင်းရပ်ကွက်၊ အညာတန်းပရဟိတအသင်းနှင့် အိုင်သပြုမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဘေးသင့်ပြည်သူများထံ အလှူပစ္စည်းများ အိမ်တိုင်ရာရောက် ပို့ဆောင်လှူဒါန်းနိုင်ရန် S.H သတင်းဌာနမှ သတင်းထောက်များက လှေကြီး၊ လှေငယ်များ ငှားရမ်းကာ သွားရောက်လှူဒါန်းခဲ့ကြပြီး ရေဘေးသင့်ပြည်သူများက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြသည်။ ထို့အပြင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် တတ်နိုင်သမျှ လှူဒါန်းကူညီပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆက်လက်ကူညီပေးလိုသည့် စေတနာရှင်များထံမှ လှူဒါန်းငွေများကို စုဆောင်းထားရှိကာ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြည်မျက်လုံး S.H အထူးဟစ်တိုင်သတင်းဌာန

  • без подписи

  • без подписи

  • မိထ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြေပြင်တွေ့ကြုံချက်များပေါ် အခြေခံကာ ထောက်ပြဆွေးနွေးအကြံပြုလိုပါသည် ​ပြည်သူများ၏ လိုလားချက်၊ ရပ်မိရပ်ဖများနှင့် ဆယ်အိမ်မှူးများ၏ အဆင့်ဆင့် စနစ်တကျ ရွေးချယ်မှုဖြင့် မြေပြင်တွင် ပြည်သူ့ယုံကြည်ကိုးစားမှုရရှိထားသည့် ပုဂ္ဂိုလ်များ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ရရှိရေးသည် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက သော့ချက် ဖြစ်ပါသည်။ ​သတ်မှတ်ထားသည့် အဆင့်ဆင့် ရွေးချယ်မှု စည်းမျဉ်းများနှင့်အညီ အများသဘောတူ ရွေးချယ်ထားပြီးဖြစ်သော အုပ်ချုပ်ရေးမှူးများကို မဟုတ်မမှန် စွတ်စွဲချက်များ၊ သွေးထိုးလှုံ့ဆော်မှုများနှင့် ငွေကြေး/အာဏာ အသုံးပြု၍ မသမာသောနည်းဖြင့် ပြန်လည်ဖြုတ်ချရန် ဆောင်ရွက်နေမှုများသည် အောက်ပါ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်- ​၁။ ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများနှင့် အားနည်းချက်များ ​ပြည်သူနှင့် အုပ်ချုပ်ရေးစနစ်ကြား ယုံကြည်မှု ကင်းမဲ့လာခြင်း: ပြည်သူအများက စနစ်တကျ မဲဆန္ဒ သို့မဟုတ် အများသဘောတူ ရွေးချယ်ထားသည့် ရလဒ်များအား အကြောင်းမဲ့ ပြောင်းလဲလိုက်ပါက အောက်ခြေ အုပ်ချုပ်ရေး စနစ်အပေါ် ပြည်သူများ၏ ယုံကြည်အားကိုးမှု လျော့နည်းသွားနိုင်ပါသည်။ ​ဒေသတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း: မသမာသော နည်းလမ်းများဖြင့် စည်းရုံးလှုံ့ဆော်ခြင်း၊ မဟုတ်မမှန် စွတ်စွဲခြင်းများကြောင့် ရွာသူရွာသားများကြား သဘောထားကွဲလွဲမှုများနှင့် အုပ်စုဖွဲ့ ပဋိပက္ခများ ကြီးထွားလာနိုင်ပါသည်။ ​တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်ခြင်း: ပြည်သူ့ထောက်ခံမှု မရှိဘဲ နည်းမျိုးစုံဖြင့် တာဝန်ရယူလာသူများအနေဖြင့် ရပ်ရွာအကျိုး၊ သာသနာအကျိုးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲသွားမည် ဖြစ်ပါသည်။ ​၂။ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ​အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေရန်အတွက် အောက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန် အကြံပြုလိုပါသည်- ​သက်ဆိုင်ရာ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးအဖွဲ့များထို့ စနစ်တကျ တင်ပြခြင်း: ၅ ဦးကော်မတီနှင့် ရပ်မိရပ်ဖများ၏ တရားဝင် သဘောတူညီချက်များ၊ ဆယ်အိမ်မှူးများ၏ ထောက်ခံချက်များနှင့် ပထမအကြိမ် စနစ်တကျ ရွေးချယ်ခဲ့သည့် စေတနာ့ဝန်ထမ်း ထောက်ခံစာများကို စုစည်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ တရားဝင် အယူခံ/တင်ပြလွှာ ပေးပို့ခြင်း။ ​ မဟုတ်မမှန် စွတ်စွဲချက်များနှင့် မသမာသော လာဘ်ပေးလာဘ်ယူမှုများ ရှိမရှိ သက်ဆိုင်ရာ အထက်ဌာနများက မြေပြင်သို့ကွင်းဆင်း စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း။ ​ ပြည်သူတို့၏ အသံနှင့် မြေပြင် အမှန်တရားကို အထောက်အထား ခိုင်လုံစွာဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ဖော်ပြတင်ပြခြင်းဖြင့် အောက်ခြေရှိ မသမာမှုများကို ထိန်းကျောင်းနိုင်ခြင်း။ ​ နိုင်ငံတော်၏ စနစ်တကျ တည်ဆောက်ထားသော ရွေးချယ်ရေးမူများကို လေးစားလိုက်နာရန်နှင့် အမှန်တကယ် ဒေသအကျိုး ဆောင်ရွက်လိုသည့် ပြည်သူ့ထောက်ခံသူများ တာဝန်ရရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပြင်အမှန်တရားကို စနစ်တကျ စိစစ်ပေးရန် လိုကြောင်းအကြံပြုပါရစေ အကြံပြုလိုသည့်ကျေးရွာများမှာ မိထ္ထီလာ ဝမ်းတွင်း သဲတော ဘုရားစု ၉ရွာ ဒိုင်ကောင်းကုန်း နဘဲကန် စမုံ လက်ပတ်ကုန်း အင်းကန်းအင်းကန်းကုန်း ထန်းပင်ကုန်း ရွာရှည် ရွေတောင် သခွပ်မြစ် တို့စသည့်ကျေးရွာများကိုစံနစ်တကျနှင့်လာဒ်ပေးလာဒ်ယူမှု့ကင်းစင်စွာဖြင့်ပြည်သူအားကိုးအားထားရသည်အုပ်ချုပ်ရေးမှူးများရွေးချယ်တင်မြှောက်စေလိုကြောင်းအကြံပြုအပ်ပါသည်

  • без подписи

  • без подписи

  • ကျွန်းဦးကျေးရွာမှ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် (၁၈) သိန်း လှူဒါန်း ဩဂုတ် ၆ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ကျွန်းဦးအုပ်စု၊ ကျွန်းဦးကျေးရွာမှ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ကျေးရွာအတွင်း အလှူခံရရှိသော အလှူငွေကျပ် (၁၈) သိန်းတိတိကို ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်သွားရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။ #KhinMaungLwin(ပျဉ်းမနားSH)

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи