tgindex

Jade Book

описание

ကျောက်စိမ်း ဗဟုသုတများ

762
подписчиков
Охват к подписчикам
82,2%
ERR
Реакции к просмотрам
0,95%
107 на 18 постов
Пересылки к просмотрам
0,06%
7
Постов в день
0,0
всего 20

Где отзываются чаще

доля реакций к просмотрам
  • 13 мая 2025 г.без подписи2,32%
  • 26 мая 2025 г.без подписи1,73%
  • 22 мая 2025 г.без подписи1,57%
  • 14 мая 2025 г.без подписи1,51%
  • 13 мая 2025 г.အကာခံတဲ့ကျောက်... . ကျောက်စိမ်းတလုံးရဲ့ဖြစ်စဥ်မှာ မြေလွှာကျောက်ကြောတွေရဲ့အတွင်းမှာကထဲက တိုက်စားမှုခံခဲ့ရတဲ့အတွက်ကြောင့် အခွံပါးလာမယ်၊ ယမ်းတွေကလဲပျောက်သွားသလောက်ဖြစ်နေမယ် ဒါပေမဲ့အတွင်းကျောက်သားကိုမြင်လာရတဲ့အကျွတ်သဘောမျိုးထိမဆောင်ပဲ အခွံရဲ့အစပ်နဲ့အတွင်းကျောက်သားရဲ့ကြားနေရာမှာတွေ့မြင်လာရတဲ့ ကြက်ဥတလုံးရဲ့အခွံအောက်မှာရှိတဲ့အမှေးပါးအလွှာလေးလိုမျိုး အလွှာပါးပါလေးကိုအကာလို့ခေါ်တာပါ... အကာဖြူခံတယ်လို့ပြောကြတာပေါ့ဗျာ... အကာဖြူခံနေတဲ့ကျောက်ကို ကျောက်ရဲ့အခွံပေါ်မှာသေချာစွာကြည့်ရင်လဲမြင်ရနိုင်ပါတယ်... ဥပမာအနေနဲ့ပြောရရင် တီးပါများတဲ့ဗုံတလုံးရဲ့သရေပြားမျက်နှာပြင်လိုပြောင်ချောချောပုံစံမျိုးနဲ့အခွံရဲ့မျက်နှာပြင်ပေါ်မှာမြင်နေရတာမျိုးပါ... ဒီလိုနေရာမှာရှိနေတဲ့ယမ်းတွေဆိုတာလဲ မြေကြောအတွင်းတိုက်စားခံရမှုဒဏ် ကျောက်တလုံးကိုတိုက်ပွတ် ဆေးချွတ်မှုတွေကြောင့် ပျောက်သလောက်ကိုမှုန်ညက်နေပါပြီ... အကာခံနေတဲ့ကျောက်တွေဟာ မီးထိုးမပေါက်ပဲ ကျောက်သားကိုလဲအထူးကောင်းမွန်စေတတ်ပါတယ်... တချို့အရည်မန်းပါတဲ့ကျောက်တွေဆိုရင် သေသေချာချာပွတ်တိုက်ပြီးဆေးချွတ်ကြည့်မှ အတွင်းမှာဥနေတဲ့အရည်ကိုမြင်ရတာမျိုးပါ... ပုံမှန်အားဖြင့် အကာခံနေတဲ့အတွက်အရည်မန်းပေါ်မှာမီးထောက်ကြည့်ရင်တောင် မီးပေါက်တာမျိုးသိပ်မတွေ့ရတတ်ပါဘူး... မည်သည့်မှော်ထွက်ကျောက်မျိုးမဆိုအကာခံတတ်ပါတယ်... အကာပါးပါးခံတတ်တာရှိသလို အကာထူထူခံတာမျိုးလဲရှိပါတယ်... အကာမျိုးမှန်ရင် အကာပါးဖြစ်စေ အကာထူဖြစ်စေ ကျောက်သားကောင်းဖြစ်စေတတ်ပါတယ်... အဖျက်လက္ခဏာတွေနဲ့တော့ယျဥ်တွဲပြီးကြည့်ဖို့လိုပါတယ်... အကာမျိုးဆိုရင်မီးမပေါက်ဘူးဆိုပေမဲ့ မီးမပေါက်တဲ့ ခွံထူ ခွံကျစ်တွေနဲ့လည်းအမြင်မမှားဖို့လိုပါတယ်... အကာခံနေတယ်ထင်ပြီးမှားတတ်တဲ့အခွံမျိုးကအခေါက်ခွံပါ... အခွံပုံစံများစွာထဲကမှအခေါက်ခွံဆိုတာမျိုးကမီးထိုးလို့မပေါက်ဘူး... ဒီလိုအခွံထူပြီး မီးထိုးမပေါက်တာမျိုးကျတော့ သက်ရင့်လား သက်နုလားဆိုတာပြန်ချိန်ရမယ်... အထိုင်၊ ဝိတ် စသည်တို့နဲ့ပြန်သုံးသတ်ရမယ်... အထိုင်ပုံသဏ္ဍန်လုံးဝန်းပြီး ဝိတ်မစီးပဲ မီးထိုးမပေါက်တဲ့အခွံမျိုးဆိုရင် အကာခံတယ်ဆိုပြီးမဖြတ်သင့်ဘူး... ဒီလိုကျောက်မျိုးက ကျောက်သက်နုပြီး အခွံကြပ်နေတာမျိုးဖြစ်တတ်တယ်... ဖြတ်မယ်ဆိုရင် ကျောက်သားပျက်ပါလိမ့်မယ်... နောက်တခုက အကာခွံ... အကာခံတဲ့ကျောက်က ကျောက်သားကောင်းတတ်တယ်ဆိုပေမဲ့လဲ အခွံပုံသဏ္ဍန်အနေအထားနဲ့တော့ယျဥ်တွဲကြည့်ပြီးသုံးသပ်ဖို့လိုပါတယ်... အကာခံတဲ့အခွံဖြစ်ရင်နေရင်တောင် ခွံတင်း ခွံကြပ်ဆိုရင်လဲ ကျောက်သားပိတ်ပြီးပျက်တတ်ပါတယ်... . . မိတ်ဆွေအားလုံးအကာမျိုးမှန်ကန်တဲ့ကျောက်ကောင်းတွေပိုင်ဆိုင်ကြပါစေ... 🙏🙏🙏 #Credit #Crd #waiphyokhantjade https://t.me/Jadeknowledge1,48%
  • 14 мая 2025 г.ကျီးကန်း၏ အလေးချိန်သည် ကျောက်စိမ်း၏ ဝိတ်အ လေးချိန်ကဲ့သို့ ပါရှိသော်လဲ ကျီးကန်း၏ ဝိတ်က ကျောက်ထက်အနည်းငယ် ပေါ့နေတတ်ပါသည်။ ကျီးကန်းကျောက်အား ဓါတ်မီးထိုးချက်ဖြင့် ကျွမ်းကျင်သူများက ခွဲရ လွယ်ပါသည်။ ကျီးကန်းသည် အလင်းဝင်ရောက်မူ မရှိသော အလင်းပိတ်နွယ်ဖြစ်ပါ သည်။ ကျီးကန်ကျောက်ကြည့်ဓါတ်မီးထိုးချက် ကျောက်တစ်လုံး၌ ယမ်းပေါက် အခွံရောင်ကိုကြည့်၍ အထက်၌ တင်ပြခဲ့သော ယမ်းအမျိုးအစားများ ပါ‌သောကျောက်၌ ဓါတ်မီးထိုးမပေါက်ခဲ့လျှင် ကျီးကန်းဟု ပုံသေသတ်မှတ်ယူနိုင်ပါသည်။ ကျီးကန်းသည် ဓါတ်မီးထိုးသောအခါ မီးရောင်ဝင်ရောက်မူ မရှိပါ (သို့သော်လဲ) အတော်ကို နည်းသော မီးရေးရေးလေးတော့ အခွံများ၌ မီးလိုက်တတ်ပါ သည်။ ကျီးကန်း မီးလိုက်ခြင်းမှာအများစု အခွံရောင်ပေါ်လိုက်၍ မီးအရိပ်ဖြစ် ပေါ်တတ်ပါသည်။ ခွံကြောခြောက်ခြင်း၊ ခွံကြောတင်းခြင်၊း ခြောက်သွေ့သော အခွံရောင်ပုံစံ ဖြစ်ပေါ်တတ်ပါသည်။ မီးမပေါက်သောကျောက်အား ကျီးကန်းဟု မဆိုလိုပါ။ အထက်ဖော်ပြသော ယမ်းအမျိုး အစားများပါ ရှိ၍ ယမ်းလုံ၊ ယမ်းချော၊ ယမ်းကွက်လေးများ ယမ်းအရောင် မဖွေးခြင်များ ပါရှိမှသာ ကျီးကန်းဟု ခွဲခြား သိမြင်နိုင်မှာဖြစ်ပါသည်။ ထိုအချက်များဖြင့် ကျီးကန်းနဲ့ ကျောက်စိမ်းမျိုးမှန်သော ကျောက်များကို ခွဲခြားယူနိုင်ပါသည်။ ကျီးကန်း၌ ကျောက်စိမ်းမျိုးမှန်ကဲ့သို့ ယမ်းမှုန့် ယမ်းဖတ် ယမ်းအချောင်းငယ် ယမ်းမျင်များ မပါရှိတတ်ပါ။ ကျီးကန်းအား ရိုက်ဖဲ့တဲ့အခါ ကွဲလွယ် ပဲ့လွယ်၍ ကျောက်သားဆတ်သော သဘောတရားရှိပါသည်။ ကျီးကန်းသည်ကျောက်နဲ့ကွဲပြားသောအချက်များမှာ ၁။ ယမ်းပေါက် ၂။ အ ခွံ ရောင် ၃။ အထိုင်တည်ဆောက်ပုံ ၄။ ယမ်း အ ရောင်(ယမ်းမဖွေး) ၅။ စိန်တူခေါက်သံ ၆။ ဝိတ်အ လေးချိန် ၇။ ကျောက်ကြည့်ဓါတ်မီး ထိုးချက်တို့ဖြင့် ခွဲယူနိုင်ပါကြောင်း တင်ပြပါသည်။ ကျီးကန်းအား မှားဝယ်လျှင် သင်၏ငွေသည် ပလုံ/ပလုံ ဖြစ်သွားပြီဟု မှတ်ယူပါ။ #Crd #waiphyokhantjade1,16%
  • 23 мая 2025 г.#ရေမဆေး_ကျောက်ဆေးနည်း ရေမဆေးကျောက်ဆေးခြင်း အဓိက ဆေးတဲ့ပစ္စည်းကရိယာတွေဖြစ်တဲ့ ဆူးခြစ် သံဘရက်ရှ် ဆားကျောက်တို့နဲ့ ဘယ်ဟာနဲ့ ဆေးရင် သင့်တော်မလဲ ဆိုလိုတာက ကိုယ့်ကျာက်ရဲ့ မျိုးပေါ်ဘဲ မူတည်တာကို ပြောတာပါ။ အဓိကက ကိုယ့်ကျောက်က ဘယ်မှော်က ထွက်တဲ့ကျောက်လဲ ချော်အမျိုးစားက ဘယ်လိုလဲ... စသဖြင့်ပေါ့.....နားလည်အောင်ပြောရမယ်ဆိုရင်..... (ဥပမာ) မှော်စီဆာ အမဲကြော နဲ့ မော်ဝမ်းကြီး အမဲကြော ဒီ (၂) လုံးကို ယှဉ်ပြောပြမယ်။ မော်စီစာရေမ ဆေးက ဆေးတဲ့အခါ သံဘရက်ရ်ှကိုဘဲ သုံးရတာပါ... ဆားကျောက်နဲ့ လုံးဝ မဆေးရပါဘူး။ ထိုနည်းအတိုင်းဘဲ မော်ဝမ်းကြီး ရေမဆေးကို ဆားကျောက်နဲ့ဘဲ ဆေးရတာပါ... သံဘရက်ရှ် ဆူးခြစ်နဲ့ လုံးဝ မ ဆေးရပါဘူး။ သုံးတဲ့ပစ္စည်း မှားယွင်းခဲ့ရင် စျေးသိပ်မရ တော့ပါဘူး။ သဘောက ရေမဆေး ဆေးတဲ့ အချိန်မှာ အဆန်းအတက်လေးတွေ အပွေးလေးတွေကို ဆားကျောက် နဲ့ ပွတ်တိုက်မိလိုက်ရင် ရုပ်ပျက် သွားတတ်လို့ပါ။ အဲ့လိုဘဲ အရည်လိုင်း မန်းလိုင်း ရေမဆေး ဆေးတဲ့ခါ အရည်မန်းပေါ်ကို သံဘရက်ရှ် ဆူးခြစ်နဲ့ သွားခြစ်မိလိုက်ရင် ရုပ်ပျက် သွားတတ်လို့ပါ။ ခုပြောနေတာက အလုံးသေး မှော်ကြီးကျောက်ကို ပြောနေတာပါ။ အလုံးကြီးတွေကတော့ လက်ကိုင်မော်တာ သံဘရက်ရှ် အဝိုင်းခွေနဲ့ ဆေးကြတာပါ။ တချို့ရှိတယ် အမဲကြောတွေ မောက်တအားကပ်တယ် ချော် မတရားစေးကပ်တယ် အဲ့လိုမျိုးကိုတော့ ဆူးခြစ်နဲ့ပဲ ဆေးပါတယ်။ ချော်အမျိုးစားထဲမှာ ချော်ထူ ချော်ပါး ချော်ပွ စေးကပ်လွန်းတဲ့ကတ္တရာစေးချော်ဆိုပြီး ရှိပါတယ်။ မောက်အောက်မှာ မန်းကျန်တတ်တာမျိုးလည်း ရှိပါတယ်။ အဲ့လိုမောက်ကိုတော့ ကြွေပြားဖြတ်တဲ့ လက်ကိုင်မော်တာနဲ့ ဖြတ်ထုတ်ဖယ်ပြီး ဆေးကြပါတယ်။ တချို့နားမလည်ဘဲ အသားဆန်းကျောက်တွေကို ဆားကျောက် မှတ်ကျောက်တို့နဲ့ ပွတ်တိုက် ဆေးပစ်ကြတာတွေ မြင်ခဲ့ဘူးတယ်.. ရုပ်ဆိုးသွားတယ်ဗျာ သိပ်ကို နှ မျောဖို့ ကောင်းပါတယ် ။ ဒါကြောင့် ခေါင်းကျောက် ဝယ်ရောင်းလုပ်တဲ့နေရာမှာ အမြတ်ငွေက ကျောက်ဆေးတဲ့ နေရာမှာလည်း အဓိကကျပါတယ်။ မြေမှန်ခေါက်ခွံကတော့ စိန်တူနဲ့ခေါက်ပြီး သံဘရက်ရ်ှနဲ့ ဆေးရတာပါ။ ဝှေခါနဲ့ ရေခွံ နှင့် ငုတ်ကျောက်မှ လွဲ၍ မှော်တွေထဲမှာ ဆေးရတာ အလွယ်ကူဆုံး ရေမဆေးကျောက်က မော်စီဆာ နဲ့ မော်ဝမ်းကြီး ဘဲဖြစ်ပါတယ်။ တချို့ကြက်သွေးလည်း လွယ်ပါတယ်။ ကျောက်ကောင်းတယ်ဆိုရင် ဆေးချက် အနည်းငယ် ချန်ထားရပါတယ်။ ဝက်မွေး ချွတ်သလို ပြောင်နေ အောင် မ ဆေးသင့်ပါဘူး… နောက်လူအတွက် ကွက်ကျန်ဖြစ်အောင်လို့ပါ။ #Credit #Crd https://t.me/Jadeknowledge1,10%
  • 22 мая 2025 г.#မောက်အကြောင်း ပေါင်းစုံ# ကျောက်စိမ်းလောကမှာ မောက်နဲ့ပတ်သတ်၍ ရှုပ်ထွေးနေတာတွေအများကြီးရှိပါတယ်ရှင့် မောက်ဆိုတာနှင့်အကုန်အတူတူပဲဟုထင်နေကြတယ် အမှန်တကယ်တော့ မောက်အခေါ်အဝေါ်အယူအဆများ များစွာရှိပါတယ်ရှင့် ထိုအရာများမှာ 1=မြေကြောမောက်ကပ်အလွှာများ(မောက်ကပ်ကြော ) က။မြေမောက်၊သဲမောက်၊ဘိလပ်မြေကဲ့သို့ကျစ်လစ်မာကြောစွာဖွဲ့စည်းတဲ့မောက်အမာအမျိုးအစားဖြစ်ပါတယ် ထိုပုံစံအတိုင်းပဲမြေမောက် မောက်ပျော့လာတတ်ပါတယ် ကျစ်လစ်မှုအားနည်း၍မြေကြောကဖွယ်မယ် ပျော့မယ်။ ခ။ခဲမောက်ဗြုန်းမောက်၊ ထိုမောက်အမျိုးအစားထဲတွင် ခဲသေးလေးများစွာပါဝင်စုဖွဲ့နေ၍ အပျော့ အမာ မြေဆီလွှာနှစ်မျိုးလာတတ်ပါတယ်ရှင့် မှော်ထဲအခေါ်အရ ခဲကြီးများမပါ ခဲသေးလေးများစွာပါဝင်စုဖွဲ့မှုကြောင့် ဗြုန်းဆန်သောမောက်ဗြုန်းမောက်လို့ခေါ်ကြပါတယ် ထိုဗြုန်းမောက်ထဲတွင် ကျောက်စိမ်းမတွေ့ရှိသလောက်ရှားပါးတယ် ဗြုန်းအလွှာထဲမှာကျောက်စိမ်းတွေ့ရှိနှုန်း အခြားအလွှာများထက်အလွန်သိသာပါတယ်ရှင့် ဗြုန်းအလွှာအားကျောက်ကျဲသောအလွှာအဖြစ်သတ်မှတ်ကြပါတယ်ရှင့် ဂ။ကျောက်မောက် ခဲမောက် ၊ ထိုအလွှာကိုကျောက်စိမ်းအထွက်နှုန်းကောင်းသော မောက်ကပ်ကြောအဖြစ် သတ်မှတ် ကြပါတယ် ထိုအလွှာထဲ၌ ခဲကြီးခဲသေးများနှင့်အတူ ကျောက်စိမ်းများအတူတွေ့ရှိနိုင်ပါတယ် ကျောက်စိပ်သောအကြောအဖြစ်သတ်မှတ်ပါတယ် မောက်ကပ်ကြောအပျော့ အမာနှစ်မျိုးလာတတ်ပါတယ် ပလွန်နဲ့ ကျီးကန်း မောက်ခြောက် တောင်ဆန် မှော်တိမ်းများ အတွေ့များတဲ့အကြောဖြစ်ပါတယ်ရှင့် ထိုအကြောမှထွက်ရှိလာသော ကျောက်စိမ်းရိုင်းများတွင်လည်း ကျောက်ချော်တွင်မက မောက်များကပ်ငြိခြင်း ဖုံးအုပ်ခြင်းများ ပါရှိတယ် အလွယ်ပြောရရင်မောက်ကပ်ကျောက် ချော်လုံမောက်လုံကျောက်တွေပါရှင့် ကျောက်စိမ်း ရေမဆေးကျောက်၌ မောက်ပျော့ကပ်ခြင်း မောက်မာကပ်ခြင်းနှစ်မျိုးတွင် မောက်မာကပ်ခြင်းကပိုပြီးမျိုးတန်းရင့်နိုင်ချေများတယ်လို့ဆိုရပြီး မောက်ပျော့ကပ်တဲ့ကျောက်တွေက အသားဖွယ်ခြင်း အသားနုခြင်း မျိုးတန်းမရသောကျောက်တွေဖြစ်တတ်ပါတယ်ရှင့် ဃ။မောက်ဖာ ၊ထိုမြေကြောကတော့ ခဲသေးခဲကြီးမတွေ့ရပဲ မြေကြောအထူအလွှာအဖြစ်လာတတ်ပြီး ငိုးပင်းကြီးမှော် ငိုးပင်းလေးမှော် (ဆန်ခါနှင့်လုံးခင်းကြား)တို့တွင်မြေမှန်ကြော ရေခွံချောင်းကြော ရေစပ်ကုန်းစပ်ကြော(မုံထုခွံကြော) တို့၏အကြောအောက်၌ မောက်ဖာအထူကြီးတွေ့ရပြီး ထိုမောက်ဖာအထူကြီးကုန်သွားတဲ့အခါ ကုန်းခွံကြောဖြစ်သော ကုဋေဝါကြော ခွံဖြူကြော အမဲကြောများ ထပ်တွေ့ရပြန်ပါတယ်ရှင့် အဲ့မှော်ကတော့ထူးထူးခြားခြားအခြားမှော်နှင့်မတူ မောက်ဖာနှစ်ထပ်လို့ပြောနိုင်တယ် ကျောက်စိမ်းထွက်ကြောအများစုသည် အောက်ဆုံးအလွှာ၌ တည်ရှိသောအကြောကိုမောက်ဖာဟုခေါ်ကြပါသည်။ ** ဒါတွေကတော့မောက်နဲ့ဆိုင်သောမြေကြောမောက်အကြောင်းပြောတာပါရှင့် မြေကြောနှင့်ဆက်စပ်ပြီးကျောက်စိမ်း၌ကပ်သောမောက်ပုံစံကိုပြန်ခွဲရလွယ်ပါတယ် ကျောက်စိမ်း၌ကပ်ငြိသောမောက်သည် ခဲမောက် မြေမောက် ပုံစံများနှင့် မောက်ကပ်ပုံအများအနည်းနှင့်တကွ မောက်ပျော့မောက်မာခွဲရပါတယ်ရှင့် မောက်ခြောက်။ ။ ကျောက်စိမ်းကဲ့သို့ အထိုင်ထောင့်အနားများတည်ရှိတတ်ပြီး ကျောက်စိမ်းကဲ့သို့ ချော်ကပ် မောက်ကပ်မယ် ကျောက်စိမ်းထက်မသိမသာလေးသာဝိတ်ပေါ့မယ် ကျောက်စိမ်းယမ်းနှင့်မတူ ယမ်းချောင်း ယမ်းပြား ယမ်းဖက်များမတှေ့ရပဲ ယမ်းလုံးယမ်းညက်ပုံစံ ဆင်တူပြီးယမ်းအရောင်ညစ်မယ် ခွံအရောင်ညစ်မယ်ကျောက်စိမ်းကဲ့သို့ယမ်းမဖွေး မီးမပေါက်ပါ မောက်ခြောက်ဆိုသည်ကကျောက်စိမ်းမဟုတ်ပါ အဝယ်မှားအရောင်းမှားဖြစ်တတ်ပါတယ် (မောက်ခြောက် သို့မဟုတ် မေါက်တုံး) ထိုကဲ့သို့မောက်စိမ်းတုံးလာတတ်ပါတယ် ယမ်းအရောင်မှာ အပြာညစ်ရောင်ဘက်ကိုသွားတယ် ယမ်းမဖွေးပါ မီးရေးရေးလေးသာပေါက်တယ် ထိုကျောက်လည်း ကျောက်စိမ်းမဟုတ်ပါ မောက်ခြောက်တုံးကအခွံကြောကပိုသိသာစွာခြောက်သွေ့နေပါတယ် ကျောက်စိမ်းအခွံခြောက်ပုံနှင့်မတူပါရှင့် ကျောက်စိမ်းဟုတ်သောမောက်သားများအကြောင်း### ** ကျောက်စိမ်း၏အသားများ၌မောက်သား(အသားမှိုင်း)ဆိုတာ လာပါတယ် ရှင့် မောက်သားအများစုကအညံ့သားတွေပါပဲ မောက်ကြည်သားတစ်ခုသာ နည်းနည်းကောင်းတယ်လို့ပြောရမယ် ကျောက်စိမ်းမောက်သားများနှင့်ပတ်သတ်သောအရာများမှာ 1=မောက်ဖြူသား(အသားမှိုင်း)ကျောက်သားပျော့မယ် ကျောက်သားကြည်လင်မှုမရှိ အမှိုင်းဓာတ်ပါမယ် အသားပုံစံကမကြည်လင်ပဲအဖြူနောက်ပုံစံ 2=မောက်စိမ်းသား(အသားမှိုင်း)အစိမ်းရိပ်ရောင်အနည်းငယ်သာပါ၍ အစိမ်းညစ်ရောင် အသားမကြည်လင်ပဲ အသားနုအသားမှိုင်း 3=မောက်ကြည်သား(အဖြူခံအစိမ်းခံများလာတတ်ပြီး ကျောက်သား၌အနောက်ရိပ်စွဲဝင်နေပြီး ကျောက်သားကြည်မယ် အသားရောင် ကျောက်သားရောင်လာတတ်ပါတယ်ရှင့် ကျောက်တစ်လုံးမှာ မောက်သားဖြစ်မယ် မောက်ကွက်မယ်ဆိုရင် (အသားခံရိပ်၍ အသားခံမှိုင်းတာများပါတယ်) မောက်ကြည်သားဆိုလျှင်လဲ ကျောက်သားအရအသုံးပြုလို့ရပေမဲ့ အသားခံရိပ်တတ်ပါတယ်ရှင့်။ မောက်ကွက်တယ်ဆိုတာ အရည်အသားကို ဒုက္ခပေးတဲ့အရာတစ်ခုပါ တချို့အရည်ပါရင်တောင် မောက်ကွက်တဲ့ကျောက်မှာ အရည်ပါနေရင်လဲ အရည်မှာပါ အသားခံရိပ်ခြင်းဒုက္ခပေးတတ်တယ် (အပွင့်ဆရာတွေကိုပိုသိပါမယ်) ငချိတ်ထဲကအရည် မောက်ထဲကအရည် အသားခံရိပ်ခြင်းမကင်းတတ်ကြပါ အများစုပါတတ်တယ်1,09%
  • 26 мая 2025 г.တကယ်တော့ ကျောက်ပညာရပ်မှာအခွံကိုကြည့်ပြီး အတွင်းကျောက်သားရမရကိုခေါင်းတတ်ဖို့လဲအရမ်းကိုအရေးပါတဲ့ပညာရပ်ပါ... အခွံကိုကြည့်တတ်ပြီဆိုရင် ကျောက်ကောင်းတလုံးရဖို့ အနေအထားတခုထိအောင်မြင်နေပါပြီ... ကျောက်စိမ်းတုံးတလုံးရဲ့အခွံမှာ ရေခွံ၊ ကုန်းခွံ (မြေမှန်/ကုဋေ) ဆိုပြီးသတ်မှတ်ကြပါတယ်... ကုန်းခွံတွေရဲ့သဘာက လက်နဲ့ပွတ်သပ်ကြည့်မယ်ဆိုရင်ကြမ်းရှတဲ့အထိအတွေ့ကိုခံစားရနိုင်ပြီး ရေခွံတွေရဲ့သဘောသဘာဝကတော့ ချောမွေ့မှုရှိပါတယ် (ဥပမာ တာမခံရေခွံ)... ယမ်းတွေရဲ့အနေအထားကလဲ ရေအောက်ထဲမှာကထဲက တိုက်စားခံခဲ့ရမှုကြောင့် ယမ်းပါးပြီး အခွံနဲ့တပြေးထဲလိုကပ်နေတတ်လို့ လက်နဲ့ပွတ်သပ်ကြည့်မယ်ဆိုရင် ချောမွေ့တဲ့အထိအတွေ့မျိုးကိုခံစားရတာဖြစ်ပါတယ်... ယမ်းစုဖွဲ့ပုံအနေအထားကိုသေချာစစ်ရာမှာ ကုန်းခွံကျောက်တွေထက်ပိုပြီးကြည့်တတ်ဖို့လိုအပ်ပါတယ်... အခွံပါးမျိုးမို့လို့ မီးပေါက်ချက်ကောင်းတယ် အတွင်းကျောက်ဆီပြည့်ဝမှုကိုလဲအလွယ်တကူအကဲခတ်နိုင်ပါတယ်... (တာမခံကျောက်တွေဟာ သူ့ရဲသန္ဓေကိုကကျောက်ဆီကျောက်သားကောင်းပါတယ်)... ရေခွံအပြင် ကုန်းခွံ၊ ရေတပိုင်း ကုန်းတပိုင်းအခွံ အစရှိတဲ့အခွံမျိုးတွေကိုလဲတွေ့ရတတ်တယ်... မည့်သည့်ကျောက်အခွံမျိုးမဆို အခွံတွေရဲ့ဖြစ်တည်မှုပုံစံတွေမှာ အခေါက်ခွံနဲ့ အကာခွံ ဆိုပြီး၂မျိုးရှိပါတယ်... ဒီအခွံ၂မျိုးစလုံးဟာ မီးပေါက်ချက်သိပ်ပြီးမတွေ့ရတတ်ဘူး... မီးပေါက်ချက်ကောင်းတဲ့အခွံပါးမျိုးတွေကတော့ လူကြိုက်များတဲ့အခွံမျိုးပေါ့... ဒီလိုကျောက်တွေကိုပဲ လူတွေကအဝယ်များကြပါတယ်... ပြောချင်တာက မီးမပေါက်တဲ့ (မီးပေါက်အားနည်းလွန်း) အခေါက်ခွံတွေ အကာခွံတွေကိုတွေ့ပြီဆိုရင် အလွယ်တကူလက်မရှောင်လိုက်သင့်ပဲ အတွင်းကျောက်သားကောင်းမကောင်းကိုဆက်ပြီးခေါင်းရမှာပါ... သူ့ရဲ့အထိုင်နဲ့ဝိတ်ကိုကြည့်ပြီး ကျောက်သက်အနု အရင့်ကိုသုံးသပ်ရမယ် (မီးထိုးလဲမပေါက် အထိုင်လုံးဝန်းပြီး ဝိတ်မစီးတဲ့ကျောက်ဆိုရင်တော့ အစောကြီးလက်ရှောင်တာကောင်းပါတယ် ဖြတ်ရင်လဲအသားပိတ်တဲ့ကျောက်ဖြစ်ဖို့များလို့ပါ)... ကျောက်သက်ရင့်တဲ့အထိုင်ပုံစံကိုမြင်ရပြီဆိုရင် အခွံအနေအထားကောင်းမကောင်းကိုဆက်ပြီးကြည့်ရမယ်၊ အခွံပုံစံလဲကောင်းမွန်နေပြီးဆိုမှ အခွံပေါ်ကကျောက်ယမ်းကိုဆက်ပြီးလေ့လာပါ... မီးပေါက်ချက်မတွေ့ရတဲ့အတွက် ကျောက်မျိုးရမရကိုသိဖို့ရန်အတွက်က ယမ်းဖွဲ့စည်းပုံဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာပါပြီ... ကျောက်သက်ရင့်တဲ့ကျောက်တလုံးဖြစ်နေပြီဆိုပေမဲ့လဲ ယမ်းအစုအဖွဲ့မကောင်းဘူးဆို မဖြတ်သင့်တဲ့ကျောက်တလုံအနေအထားဖြစ်သွားမှာပါ... အထိုင်၊ ဝိတ်၊ အခွံအနေအထားအပြင် ယမ်းစုဖွဲ့မှုပါကောင်းမွန်တယ်ဆိုရင်တော့ အတွင်းကျောက်သားကောင်းရဖို့ စျေးတခုချိန်ညှိ့ပြီးခေါင်းလို့ရပါတယ်... ဖြတ်မယ်ဆိုရင်တောင် သင့်တင့်တဲ့စျေးတန်းတခုနဲ့ဝယ်ယူပြီးဖြတ်လို့ရပါတယ်... အကာခွံကတော့ အခေါက်ခွံထက်ခေါင်းရတာ ပိုပြီးမျှော်လင့်ချက်ရှိပါတယ်... လူအများစုက ရှာဖွေနေတဲ့ကျောက်အခွံကလဲ အခေါက်ခွံမှာ အကာခံနေတဲ့ အကာခွံမျိုးမို့ပါ... . . မိတ်ဆွေအားလုံး အဖျက်လက္ခဏာကင်းပြီး (အထိုင်၊ အလေးချိန်၊ အခွံ၊ ယမ်း) အလုံးစုံကောင်းမွန်လို့ အကာခံတဲ့ကျောက်မယ်ကျောက်ကောင်းတွေပိုင်ဆိုကြပါစေ. #Credit #Crd1,05%
  • 12 мая 2025 г.без подписи0,95%
  • 24 мая 2025 г.Ai ဖြင့် ရေးထားပါသဖြင့် အမှားများပါနိုင်ပါသည် ကျောက်စိမ်း တည်ရှိရာ နေရာများ ကမ္ဘာ့ကျောက်စိမ်းတွေကို တူးဖော်ရရှိတာ ၃ နေရာပဲရှိတယ်။ ၁. အမေရိကန် (တက္ကဆက်စ် ပြည်နယ်) ၂. တရုတ် (ကွမ်ကျိုး ပြည်နယ်) ၃. မြန်မာ (ကချင်ပြည်နယ်) မြန်မာနိုင်ငံမှ ကျောက်စိမ်းတွေဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ပြီး နာမည်ကြီးကြောင်း ပြောကြားထားပါတယ်။ ကျောက်စိမ်း အသုံးပြုမှု ပုတီး၊ လက်ကောက်၊ ဆွဲပြား၊ ဘုရားဆင်းတု၊ ပန်းပုထုခြင်း၊ ကျောက်စိမ်းပန်းချီ၊ ပါကေးပြား၊ မီးဆိုင်း၊ ဖင်ထိုင်ခုံအောက် အခင်း၊ စတဲ့ နေရာတွေမှာ အသုံးပြုကြတယ်။ ကျောက်စိမ်းရဲ့ သဘာဝ သက်သက်ဟာ အအေးဓါတ် (cooling effect) ရှိတဲ့ အကြောင်းပါ။ ယမ်း (Crystal inclusions) အကြောင်း ကျောက်စိမ်းတုံးအတွင်းမှာ မျက်နှာပြင်ပေါ်က လက်လက်လက်လက် (tiny inclusions) တွေကို "ယမ်း" လို့ခေါ်တယ်။ ယမ်းတစ်ခုချင်းစီအရည်အသွေးကို ထောက်ပြပေးပြီး ကျောက်ရဲ့ အသားရေ၊ အရည်၊ သန့်ရှင်းမှုကို ခွဲခြားနိုင်ပါတယ်။ ယမ်း ၃ မျိုးရှိတယ် - ၁။ ယမ်းလုံး (tiny dots, sugar/salt like) ၂။ ယမ်းရှည် (elongated needle-like) ၃။ ယမ်းပြား (large flakes) ယမ်းပြားကို ပိုကြီးရင် အရည် အသား မကောင်းနိုင်ပါ။ ယမ်းပြား မျိုးခွဲ ယင်ထောင်ယမ်း (tiny flakes, ယင်ကောင်အရွယ်) - အရည်အသွေး မကောင်းပါ မာယားယမ်း (bigger flakes) - ပိုဆိုး ခွေးရိုးထိုး (even bigger flakes) - ဆိုးဆုံး၊ ရှောင်ကြဉ်သင့် ကျောက်စိမ်း အခွံ (Shell/Outer Layer) အမျိုးအစား ရေခွံ (river sourced) - အသားကောင်း၊ ကြည်လင်တောက်ပ ကုန်းခွံ (mountain sourced) - မြေမှန်၊ ကုဋေကျောက် မြေမှန် - အရည်အသား ကောင်း ကုဋေကျောက် - အခွံမှာ မဲ (ချော်ကပ်) ကြီးလေး တွေရှိတတ်၊ အရည်အသွေးအနည်းငယ် ပြတ်တောက်နိုင် အခွံ အမျိုးအစားအခြားများ သံချေးခွံ (rusted iron color) - မျိုးရင့်တတ် ဝါးဖတ်ခွံ (light brown) - မျိုးကောင်း သစ်တော်ခွံ (light red/yellow) - မျိုးကောင်း အင်္ဂတေခွံ (dark color) - မကောင်း ဖွဲနုခွံ (soft chalky) - အသားကောင်း, လက်နက်နူး ဖွဲလတ်ခွံ (hard chalky) - အသားကောင်း ဖွဲကြမ်းခွံ (rough) - အသားကောင်း ဖယောင်းခွံ (glassy smooth) မုံထုခွံ (brownish) - မျိုးကောင်း ခွံကြမ်း (hard) ခွံထူ (thick layer) ခွံကျစ် (thin, fragile) ခွံပျက် (mixed layers) - အသားပျက် ကျောက်စိမ်း အပြစ် (Flaws/Inclusions) ၁။ ရှင်းမည်း၊ ရှင်းနက် - အမည်းစက်များ (ဖျက်သိပ်) ၂။ ရှင်းစိမ်း - မီးရောင်ကာဖျင်ဖြင့်ကြည့်ရန် ၃။ စိုက်ရှင်း - အခွံမှ သို့ ဝင်ရောက် ၄။ ကပ်ရှင်း - အခွံပေါ်တွင်သာရှိ ၅။ အက်ကြောင်း - အခွံနှင့်အတွင်းတွင်ရှိ ၆။ မြင်းမြှီးရိုက် - အနာများများ ၇။ ရှိုနာ - သဘာဝ အက်ရာ ၈။ ရို့နာ - အပ်ချည်ပုံမျိုးအက်ရာ ၉။ ယင်ထောင် - ယမ်းပြားငယ်များ ၁၀။ မာယား - ပိုဆိုး ၁၁။ ခွေးရိုးထိုး - ဆိုးဆုံး ၁၂။ ဆန်ပြုတ်၊ ဆန်နှစ် - အဖြူပွင့်များ ၁၃။ ဖြုတ်ချေး - အမဲစက်များ ၁၄။ ဝက်မြှင် - အမွှေးများကဲ့သို့ ၁၅။ မှည့် - အမဲစက်များ ၁၆။ ဖားမျက်စံ - အမဲစက် အလယ်တွင် အကြံပေးချက် ကျောက်စိမ်း ဝယ်ယူဖို့ ရှိရင် ယမ်း၊ အခွံ၊ အပြစ်တွေကို စနစ်တကျ စစ်ဆေးပြီးဝယ်ယူပါ။ မကောင်းသော ယမ်းပြား၊ အခွံပျက်၊ မကောင်းတဲ့ flaw တွေ ရှိသော ကျောက်များကိုရှောင်ကြဉ်ပါ။ ChatGPT က အမှားများ ပြုလုပ်နိုင်ပါသည်။ အရေးကြီးသော အချက်အလက်များကို စစ်ဆေးသင့်ပါသည်။ https://t.me/Jadeknowledge0,94%
  • 23 мая 2025 г.без подписи0,64%